Monday, April 26, 2010

စစ်အာဏာရှင်စနစ်ကိုတော်လှန်နေသည့်၊စစ်အာဏာရှင်စနစ်ကိုတော်လှန်နေမည့်တော်လှန်ရေးရဲဘော်များခင်ဗျား-

စစ်အာဏာရှင်စနစ်ကိုတော်လှန်နေသည့်၊စစ်အာဏာရှင်စနစ်ကိုတော်လှန်နေမည့်တော်လှန်ရေးရဲဘော်များခင်ဗျား-
ဒီနေ့ ကာလ ကျုပ်တို့ ရဲ့ မြန်မာနိုင်ငံရဲ့ ရာသီဥတုအခြေအနေဟာ စစ်အာဏာရှင်စနစ်ကို တော်လှန်မှရမည်လို့ အားလုံးကိုယ်စီအသိစိတ်ဓါတ်တွေကိုယ်ဆီရှိကြရလိမ့်မည်ဟု ကျုပ်ထင်သည်။ ခင်ဗျားတို့ ၊ကျုပ်တို့ အားလုံးတော်လှန်တိုက်ပွဲအလံတော်အောက်မှာရဲရင့်တဲ့သစ္စာတွေ လူထုကိုတိုင်တည်ပြီးပြုခဲ့ကြတဲ့သစ္စာတွေလေ။ ငြိမ်းချမ်းရေးအတွက်တိုက်ပွဲရှိရမည်လို့  ခင်ဗျားတို့ ပါးစပ်ကဆိုခဲ့တဲ့ သံလွင်ကမ်းဘေးက ကိုမွန်းအောင်ရဲ့ -ငြိမ်းချမ်းတိုက်ပွဲတေးသံတွေ ကျုပ်တို့ ရင်ခုန်သံတွေ ၊ယုံကြည်မှုတွေ သံလွင်ကြီးအသိပါပဲလို့ ကျုပ်တိုင်တည်ပါရစေ။ ခင်ဗျားတို့ ၊ ကျုပ်တို့ ရဲ့ တိုက်ပွဲဟာ-လက်နက်ကိုင်တော်လှန်ရေးနဲ့ လူထုတိုက်ပွဲပေါင်းစပ်အောင်ပွဲခံရမည့် ကျုပ်တို့ ၊ခ င်ဗျားတို့ ကြွေကြော်ခဲ့ကြတဲ့ပရမ္မတတရားတွေ လူထုနဲ့ တိုင်းရင်းသားတွေအားလုံး စုရုံးရောက်ရှိလာမည့် လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တော်လှန်ရေးပေါင်းစပ်အောင်ပွဲခံရမည့် နေ့တွေဟာ ခင်ဗျားတို့ ၊ ကျုပ်တို့ ဘေးနားမှာရောက်လို့ လာပြီ ကျုပ်တို့ ဒီတိုက်ပွဲကို အဆုံးသတ်တိုက်ပွဲအောင်သံလို့ ပဲ ကျုပ်တို့ သတ်မှတ်ချင်တယ်ဗျာ။ ဒီတိုက်ပွဲံက လူထုကြီးက ကျုပ်တို့ ရဲ့ ရပ်တည်ဆွဲမြဲမှတ်ယူလာတဲ့အသိက တောင်းယူလို့ မရတော့ဘူး၊တိုက်ယူမှရမည်လို့ သိလာတဲ့အသိနဲ့အတူး လက်နက်ဆွဲကိုင်တော်လှန်မှုတွေကျုပ်တို့ ရဲ့ နိုင်ငံတော်ကြီးမှာမကြာခင်တွေ့ ရစေ့မယ်။ စစ်အာဏာ၇ှင်စနစ် သင်ရဲ့ ကျဆုံးခန်းရောက်လာနေပြီးဆိုတာကျုပ်ခင်ဗျားကိုပြောလိုက်ပါရစေ။ ဆင်သေကိုဆိတ်သားရေနဲ့ ဖုံးချင်တဲ့ စစ်တပ်လူလမ်တွေကို ကျုပ်တို့ ပြတ်ပြတ်သားသားတိုက်ပွဲဝင်ဘို့ လက်နှေးနေကြသလဲ၊ တော်လှန်ကြပါလော့၊ တိုက်ထုတ်လိုက်ကြပါလော့။ဘာသာ၊ သာသနာ၊ ယဉ်းကျေးမှုကိုစော်ကားတဲ့အပြင်လူ့ အဖွဲ့ အစည်းမှာရှက်စရာကောင်းတဲ့စကားလုံးတွေနဲ့ ပြည့်နှက်နေတဲ့စစ်အုပ်စုကို ဘာများသံယောဇဉ်တွယ်နေကြသလဲကွယ်။ ကျုပ်တို့ မြန်မာ့ထုံးစံဆိုအမိန်တခု၇ှိတယ်ဗျ။ မင်းမှာသစ္စာ၊ လူမှာကတွတဲ့။အဲဒီတရားတွေနဲ့ နည်းနည်းလေးမှ သနားစရာမရှိတဲ့စစ်အာဏာရှင်စနစ်ကြီးကိုတော်လှန်ကြပါတော့လား။သမိုင်းဝင်တဲ့ဒီတိုက်ပွဲကို ကျုပ်တို့  ခင်ဗျားတို့ အားလုံးညီညာသောလက်တွေနဲ့ ။ ယုံကြည်သော၊ညီညာသောခြေလှမ်းတွေနဲ့ ဟို့ ရှေ့မှာတွေ့ နေရတဲ့ စစ်အာဏာရှင်တွေကို ရရာလက်နက်နဲ့တိုက်ပွဲဝင်သြွးကြပါစို့ ။
ရဲဘော်ဂျာကြီး

Friday, April 23, 2010

စာညွှန်း/ ကဗျာညွှန်း


They knew the truth.
They even gave their life for it.
There fore ,They were martyrs to our cause.
Unknow.
အာဇာနည်
အကြင်သူသည် အမှန်တရားကို သိ၏။
ထို့  အတွက်ကြောင့်ပင် အသက်ကိုပင် စွန့် ဝံ့၏။
ထို့  ကြောင့် အာဇာနည်မည်၏။
(အမည်မသိ။)




သူရဲကောင်း
သူရဲဘာသာ အသက်ကို စွန့်  မြဲ ။
သူရဲဟူလျှက် အသက်ကို ချစ်ဖွယ်မရှိ ။
အသက်ကို ချစ်သောသူလည်း သူရဲမူဖွယ်မရှိ ။ ၊
(ရှင်မဟာသီလဝံသ ။)



စစ်နိုင်ရမည် သုံးကျိပ်တဲ့နော်
ရွှေထား(ဓါး)ကို ဆင်
စစ်မြေပြင်ကို ဆင်းတဲ့ ။
နေမင်းရင်သွေး ၊ ၊
သုံးကျိပ်တဲ့နော်
လွတ်ရိပ်ကို သူမျှော်လို့ 
မသူတော်ကို ဆော်ကာမောင်းတယ်။
(ကွယ်) ဟောင်း ခေတ်ပြင်ရေး ။
မြဒေါင်းညို
(ရဲဘော်သုံးကျိပ်စာအုပ် ကြော်ငြာမှ)



ဒေါင်းသံ
လွတ်ပြီတဲ့ ကျွတ်ပြီ
ကျွတ်ပြီတဲ့ လွတ်ပြီ
နေမင်းမောင် လင်းရောင်လွှတ်
ဒေါင်းလွတ်ခဲ့ပြီ။
တဖက်ကြွ ကခြေချီ
လည်တိုင်ငဲ့ တွန်ကြွေး၊
လက်ရုံးရည် ရာအထောင်နှင့်
နှလုံးရည် ရာအထောင်နှင့်
တို့ ခေါင်းဆောင်ညွှန်တဲ့ လမ်းက
လှမ်းကြမယ် အဆွေကောင်းရယ်
ဒေါင်းသံနှင့်လေး ။


ဇော်ဂျီ
(စစ်တွင်းကာလ လွတ်လပ်ရေးအထူးထုတ်
ဗမာသစ်စာစောင်မှာ ဦးဘကြည် ပန်းချီဖြင့် အလေးပေးဖော်ပြသည်။)

Tuesday, April 13, 2010

နှစ်သစ်သင်္ကြန်မှာ-ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေလို့ 
ဆုတောင်း လိုက်ပါသည်။

Monday, April 12, 2010

အမှတ်တရ အညတြရဲဘော် ပုံရိပ်အပိုင်းအစများ။



အမှတ်တရ အညတြရဲဘော် ပုံရိပ်အပိုင်းအစများ။

နောင်ရိုးရဲဘော်တစ်ယောက် အခါမလင့် ကြွေရှာလေပြီကော။
ရိုးသားတဲ့ အညတြရဲဘော်တစ်ယောက်ပါ။
ကညွတ်ကွင်း သပိတ်စခန်းမှာ လှံတစ်ချောင်းထမ်းပြီး တစ်နိုင်တာဝန်ယူခဲ့သူ။
ရိုးမကျော တိုက်ပွဲတိုင်းမှာ သေနတ်တစ်လက်နမ်းပြီး ဦးလှည်မသုန် ရန်သူကို တန်ပြန်ခဲ့သူ။
ရဲဘော်သူငယ်ချင်းတွေ မောပန်းနွမ်းနှယ်ချိန် ပျော်တော်ဆက်နိုင်တဲ့ ရဲဘော်။
လူသားပီသစွာ စိတ်တိုမယ်။ဒေါသဖြစ်မယ်။စကားများမယ်။
ဒါပေမဲ့ ရန်ငြိုးမဖွဲ့ ။မကောက်ကျစ်။မယုတ်မာခဲ့။
အနီးပတ်ဝန်းကျင်မှာ ပွဲလမ်း အခမ်းအနားကြုံလို့  အစားကောင်း စားရရင်
ကျန်ရဲဘော်တွေအတွက် ပြန်သယ်လာတတ်တယ်။
ဖျားနာနေတဲ့ ရဲဘော်။ဒဏ်ရာရ ရဲဘော်တွေကို မငြိုမငြင်ပြုစုခဲ့တယ်။
တောင်ယာထဲမှာ အမိုး။ဖထီးတို့ နဲ့  လက်တွဲကူညီပေးခဲ့တယ်။
ဝါးခုတ်။မျှစ်ချိုး။သစ်ဆယ်။တဲဆောက်။ခံတုတ်တူး မင်း လက်မရှောင်ခဲ့ဘူး။
တစ်ခါတစ်လေ မအူမလည်နဲ့  သူငယ်ချင်းရဲဘော်တွေရဲ့ 
အတည်ပေါက် ပြောင်နောက်ဒဏ်ကို ပြုံးဖြီးဖြီးနဲ့  အောင့်သက်သက်ခံပေးခဲ့တယ်။
အခြေအနေအရ ရေမြေခြားကို ထွက်ခွာဖို့  တင်ပြစဉ်က
တာဝန်ရှိသူက မင်းဘာတတ်လဲ့လို့ မေးတော့
လက်မောင်းကကြွက်သားတွေ ညစ်ထုတ်ပြလိုက်တယ်။
မင်း မတတ်တာကို လိမ်မပြောဘူး။
တစ်ပါးသူမြေမှာ မင်းကျိုးစားရုန်းကန်ရင်း
မသန်မစွမ်းဖြစ်ခဲ့သတဲ့။
အဲဒီအခြေအနေကြားထဲမှာ
မင်းလူများစွာ ကူညီပေးခဲ့တာ မှတ်တမ်းရှိတယ်။
ခုတော့ မင်းအိပ်မက်မဆုံးခင် ရုတ်တစ်ရက်
လူလွန်မသားတွေက ရိုက်ထိုးလှုပ်နှိုး ဖျက်ဆီးသတ်ဖြတ်တာ မင်းခံလိုက်ရရှာတယ်။
သွားတော့ ညီလေးရဲဘော်တိုင်းကျော်။
ရဲဘော်ကောင်းတစ်ယောက်။
ရန်သူကို အာခံတဲ့ မဲတစ်ချပ် ဆုံးပါးသွားပြီဆိုတဲ့ အသိ
ငါတို့ ရင်မှာ ငြိကျန်ခဲ့တယ်။
ငါ ယုံကြည်တယ်
မင်း တိုင်းပြည်အတွက် ဝိညာဉ်တပ်စခန်းမှာ
တာဝန်ထမ်းနေဦးမှာပါ၊။

ရဲဘော်ကြီး။

Tuesday, April 6, 2010

ရဲဘော်တိုင်းကျော်အတွက်ဝမ်းနည်းခြင်း ထုတ်ပြန်ချက်။











ရဲဘော် တိုင်းကျော် -----
မင်း အားလုံးကို စွန့် ခွာသွားပြီလား။ မင်း အတွက် ငါတို့  ကျန်ရစ်သူ မင်းမိသားစု။ မင်း ရွာနှင့် ထပ်တူ အထူးဝမ်းနည်း ကြေကွဲရပါတယ်။မင်း ယုံကြည်ထားတဲ့ အနာဂတ်ပန်းတိုင် ရောက်လုနီး လမ်းခုလပ်မှာ လူစိတ်မဲ့သူတွေကြောင့် မင်းရုတ်တရက်ကြွေလွင့် သွားပေမယ့် မင်းရဲ့ ရိုးသားစွာ အနစ်နာခံစွန့်လွှတ် တိုက်ပွဲဝင်ခဲ့မှု သမိုင်းဟာ ဘယ်တော့မှ ပျောက်ဆုံးမသွားပဲ တည်ရှိနေတယ်။
ရဲဘော်တိုင်းကျော်-----------
မင်းရဲ့ တိုင်းပြည်အပေါ်ထားတဲ့ စေတနာနှင့် ပေးဆပ်မှုဟာ ကျောင်းသားတပ်မတော်ရဲ့ သမိုင်း။



စောထာစခန်း ရဲ့ မော်ကွန်း။ တပ်ရင်း ၂၁ဝ-၂၁၄ ရဲ့  မှတ်တမ်း။ ဒေါနကျောတိုက်ပွဲ။ သံလွင် ရင်ခုန်သံမှာ တည်တံ့ခိုင်မြဲထင်ကျန်နေတယ်။
ရဲဘော် တိုင်းကျော် ---------
မင်း ဟာ ၈၈ ဒီမိုကရေစီအရေးတော်ပုံက မွေးထုတ်လိုက်တဲ့ သူရဲကောင်း အညတြရ ရဲဘော်။ရိုးသားအပြစ်ကင်းတဲ့ ကြယ်စင်တစ်ပွင်ပါ။ကျေးလက်ရနံ့ သင်းပျံ့ တဲ့ မြင့်မြတ်ပန်းတစ်ပွင့်ပါပဲ။မင်းကိုယ်စား ရေဝေးမြေခြား မင်းမိဘတွေစီ သားကောင်းသမိုင်း ဆောင်းကျဉ်းပေးပါမယ်။
ရဲဘော် မင်း ရန်သူကို ဒူးမထောက်ခဲ့။
ဦးတည်ချက် (၄) ရပ်ကို သစ္စာမဖောက်ခဲ့။
ရဲဘော်ရဲဘက် အပေါ် အနစ်နာခံခဲ့။
တိုင်းပြည်နဲ့  ပြည်သူအပေါ် ရိုးသားခဲ့။
မင်းအတွက် ငါတို့ ဂုဏ်ယူပါတယ်။
မင်းကို ငါတို့  အလေးပြုပါတယ်။
မင်းအတွက် ကမ္ဘာမကြေတေးတွေ ဆိုနေဦးမယ်။
ခွပ်ဒေါင်းစစ်သည်တော်တို့ ရဲ့  ကျင့်ဝတ်အတိုင်း
ရဲဘော် အမိန့် အရ တပ်ရင်းနဲ့  မဆိုင်တော့ဘူး။ဒါပေမဲ့
ရဲဘော် တိုင်းကျော် မင်းသမိုင်း မသေဘူး။
ရဲဘော် တိုင်းကျော် သင်သွားလိုရာသို့  သွားနိုင်သည်။
ရဲဘော်တိုင်းကျော် ကောင်းရာဘုံဘဝ သို့ ရောက်စေသော် ဝ်။








မှတ်ချက်။ ။၂၀၁၀ခုနှစ်။ဧပြီလ(၄)ရက်နေ့ တွင် ကနေဒါနိုင်ငံ၌နေထိုင်သော-ရဲဘော်တိုင်းကျော် (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး။ တပ်ရင်း-၂၁၀၊စေထစခန်း၊ တပ်ဖွဲ့ 



ဝင်ဟောင်း)သည်မသမာသူတို့ ၏လုပ်ကြံမှုကြောင့်ကျဆုံးခဲ့ရခြင်းအပေါ်ထုတ်ပြန်ချက်။

အဝေးရောက် စောထ ရဲဘော်ရဲဘက်များ။



အမေရိကန်ပြည်ထောင်စု။






မှုန်တိုင်းပျော်ငှက်ရဲ့  ပုံရိပ်

မိုးသက်လေဆင်း လူထုရင်ပြင် ဖွင့်အန်စဉ်
ကျေးလက်ကြယ်စင်တွေပါ အုံကြွပုန်ကန်
အာခံသူတွေနဲ့ တိုက်ပွဲအလံစွဲကိုင် ချီတက်ပေါင်း
လမ်းဟောင်းစွန့် ခွာ နောင်ရေးအတွက် ရုန်းထွက်ကြ ။

ညောင်လေးပင်။မုန်း။နတ်သံကွင်း။ ကညွှတ်ကွင်း
ရွှေကျင်။ကျောက်ကြီး။တောင်ငူ။ဖြူး။
ဇေယျဝတီ။ပျဉ်းမနား။ရန်ကုန်။
မြန်အောင်။သရက်။ပခုက္ခူ။
အကြေးသား။အညာသားများနဲ့ 
ရိုးမကျော။ဒေါနတောင်။သံလွင်ရေ။ကျွန်းညိုမြေမှာ
စုဖွဲ့ အားယူ စောထကို ထုဆစ်မွေးဖွားခဲ့တယ်။

အဲ့ဒီမှာ ဒီဘဝ ဘယ်တော့မှ ပြန်မတွေ့ ရမဲ့
ရဲဘော်ညီငယ်များစွာ တွဲပါလာခဲ့
နှလုံးသားကို ပြန်ဖတ်မိတဲ့အခါ
တာကြီး။ဆွေဦး။ကိုယ်ရင်မျိုးသန့် ။
ကျော်စိုး။ဒသ။အဘ။
ဂျော်နီ။လဗန်။သန်းဌေး မှအစ
တစ်ဦးပြီး တစ်ဦးမြင်လာ
ပြုံးပျော် ရိုးသား အနာခံ ခိုင်းသမျှ လုပ်ပေးတဲ့
ညီငယ် တိုင်းကျော်အထိ စို့ နင့်သတိရနေရဲ့ ။

တိုင်းကျော်ပါရင် အမောပြေခဲ့
ဒီရဲဘော်က ရွာမှာ ပွဲတိုင်းပါ
ဓါးသိုင်းကလည်း တော်သတဲ့
လယ်စာရင်းငှားလည်း လိုက်သတဲ့
အစအနောက်လည်း ခံသတဲ့
မပူတတ်တဲ့ လူပျော်လို့ လည်းခေါ်သတဲ့
စစ်ပွဲတိုင်းလည်း ကျော်သတဲ့
လက်ဝှေ့ ပွဲတိုင်း ပါချင်သတဲ့
ခံတုတ်တူး ကင်းစောင့် လည်း မငြီးခဲ့
ရှေ့ ထွက်ပွဲတိုင်း မငြင်းခဲ့
ငါးပိရည်။ငှက်ပျောအူ။အဖျားထူလည်း မဖြုန်ခဲ့
အောက်သက်ကြေ အညတြရဲဘော်ဘဝ ကျေနပ်ခဲ့သူပါ။

တစ်ပါသူရဲ့  အရိပ်။ရိက္ခာ။လက်နက် အားကိုးရစဉ်
ပထမဆုံး ဒီအေဘီစစ်ကြောင်း လိုက်ခိုင်းတဲ့အခါ
ခံစားနားလည်မှု အပြည့်နဲ့  မင်းလှည်ပြန့် ကြည့်တာ
ငါ့ရင်ကို ခုထိကြေကွဲထိခိုက်နေမြဲပါ
ရှေ့တန်းပြန်လာတဲ့အခါ
မင်းအပြုံး အရင်လို မပြည့်ဝခဲ့
ရဲဘော်ဒေါက်တာမင်းသိမ်း ပြန်မပါခဲ့
မင်း ရဲဘော်ရဲဘက်စိတ် ပေါက်ကွဲခဲ့
ရန်သူ့ ကို စီန်ခေါ်သံ ပြင်းထန်ခဲ့တာ မြင်နေရဲ့ ။

အခြေအနေအရ တော်လှန်မြေကို လမ်းခွဲတဲ့အခါ
ကျည်ပေါက်သံတွေ မင်းရင်ထဲပါသွားတာ သိနေတယ်။
မုတ်သုန်မိုးနဲ့  လယ်မြေတော မင်းအသွေးထဲမှာ ရှိနေတယ်။
အေးစက်စက် နှင်းရိုင်းမြေမှာ ခြေချရတဲ့အခါ
မင်းရဲ့ တိုင်းပြည်ချစ်စိတ် အေးခဲမလျော့တာ သိနေတယ်။

မွေးရပ်မြေမှာ အောင်လံလွှင့် ပြန်ဆုံဖို့  ရည်ရွယ်ထားစဉ်
မင်း ယုတ်မာရက်စက်သူရဲ့  လက်ချက်နဲ့ လွင့်ပါး
ငါတို့ ရင်ထဲမှာ ဟာလာဟင်းလင်းဖြစ်ခဲ့ရ
ညီလေး ရဲဘော်တိုင်းကျော်
ကောင်းရာ သုဂတိလားပါစေသော် (ဝ်)။

ဒေါင်းနီ

( ဝ၄-ဝ၁-၂ဝ၁ဝ။ကနေဒါနိုင်ငံတွင် ရုတ်တရက် ကွယ်လွန်သွားခဲ့သော စောထစခန်းမှ မကဒတ-ရဲဘော်ဟောင်း ရဲဘော်တိုင်းကျော်အတွက် အမှတ်တရ)










Thursday, April 1, 2010

နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာ အပိုင်း(၈)

နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာ အပိုင်း(၈)
ရန်သူ့ လှုပ်ရှားမှုအခြေအနေ။
အထူးဒေသတွင်း(၉ဝ)ဒီဂရီမျဉ်းတည့်တည့်၌ရှမ်းလယ်ပြင်ရွာကြီးတည်ရှိသည်။ထိုရွာ၏စိုးမိုးတောင်ကုန်းတွင် ရန်သူ့ဗျူဟာရုံးတည်ရှိသည်။ထိုဗျူဟာရုံးမှတဆင့်စစ်ကြောင်းများကိုဖြန့် ခွဲပြီးလှုပ်ရှားကြသည်။အထူးဒေသ၏အ နောက်ဘက်စစ်တောင်းမြစ်၏အရှေ့ဘက်ပိတောက်ကုန်းရွာတွင်ထောက်ပို့စစ်ကြောင်းမှတာဝန်ယူသည်။ရန်သူသည်(၄)လပတ်စစ်ဆင်ရေးပုံမှန်လှုပ်ရှားလျှက်ရှိသည်။အထူးသဖြင့်လွတ်လပ်ရေးလိုနေ့မျိုး၊ပြည်ထောင်စုလိုနေ့မျိုး များတွင်နယ်မြေလုံခြုံရေးအတွက်ဆိုပြီးတပ်အင်အားထူထပ်စွာချတတ်သည်။တောင်ငူတွင်ထောက်လှမ်းရေး(၃)မှသက်ဆိုင်ရာကျေးရွာများတွင်ရွာသူ၊ရွာသားအချို့ကိုငွေကြေးအရင်းအနှီးမတည်ပေးပြီးတော်လှန် ရေးအဖွဲ့ အစည်းတွေ၏လှုပ်ရှားမှုများကိုစုံစမ်းထောက်လှမ်းစေသည်။သတင်းပေး၊သတင်းယူများလည်းမွေး သည်။ရန်သူ့အချို့တပ်များမှာရခိုင်ဘက်မှတပ်များဖြစ်ကြသည်။စစ်ကြောင်းမှုးများမှာရွာသူရွာသားများကို အခွန်များကောက်ခံကြပြီး၎င်းတို့ပုဂ္ဂိုလ်ရေးအတွက်လဒ်စားကြသည်။ ရန်သူ့တပ်မှုးများမှာတော်လှန်ရေးအဖွဲ့ အစည်းများနှင့်ရင်ဆိုင်တိုက်ပွဲဖြစ်ဖန်များ၍၄င်းတို့ခံရသည့်အကြိမ်ပေါင်းများလာသည့်အခါစစ်ရေးလှုပ်ရှား မှုကိုမပြုလုပ်လိုကြ၊ ထိုကြောင့်ရွာထဲသို့ ဝင်လျင် ရွာသားများကိုမိမိတို့မှာအထက်အမိန့်ကြောင့်လာခဲ့ရသည် ကိုတော်လှန်ရေးတိုက်ခိုက်ရေး ပြောက်ကျားများအနေဖြင့်သဘောပေါက်စေချင်ကြောင်း၊မိမိတို့အားစစ်ရေး လှုပ်ရှားများမပြုရန်တောင်းပန်စာများကိုဆတ်သားများဖြင့်ပို့စေသည်။ရန်သူ့တပ်များသည်တော်လှန်ရေး ပြောက်ကျားတပ်များ၏မကြာခဏပြောက်ကျားစစ်ဆင်မှုများပြုလုပ်တာခံရ၍ရွာလူထုကိုမာန်မဲမှုများပြုလုပ်ကြ သည်။ရွာများကိုမီးရှို့ကြသည်။ရွာသားများကိုတောထဲတောင်ထဲလူမမြင်သည့်နေရာများတွင်ရက်ရက် စက်စက်သတ်ပစ်လိုက်ကြသည်။ ထိုအခါရွာလူထုမှာရန်သူ့တပ်အားမုန်းတီးစက်ဆုတ်လာကြသည်၊ထိုကဲ့သို့လူ့ အခွင့်အရေးချိုးဖောက်မှုများကိုအချိန်မဆိုင်းပဲသတင်းဌာနများသို့ပို့ပေး၍ရေဒီယိုမှတဆင့်ပြန်ကြားရသည့် အပေါ်ရန်သူ့တပ်အကြီးအကဲများမှလူ့အခွင့်အရေးချိုးဖောက်သည့်တပ်မှုး၊ရဲဘော်များကိုအပြစ်ပေးခြင်း၊ရာထူး မှထုတ်ပယ်ခြင်းများပြုလုပ်ကြသည်။ထို့ကြောင့်နောင်ဆိုလျင်ရန်သူ့တပ်များသည်ရွာလူထုကိုမစော်ကားရဲ တော့ပဲတာဝန်ကြေရုံထမ်းဆောင်ကြသည်။ထိုအချိန်ကာလများတွင် မိုင်းတိုက်ပွဲ၏ထိရောက်မှုများကိုမည်သို့ မျှ မတုံ့ပြန်နိုင်ပဲရန်သူ့တပ်မှာအခက်အခဲကြုံတွေ့ရပါသည်။ရံဖန်ရံခါသတင်းအရအတိအကျသိရှိထားသည်ဆို လျှင်ပိတောက်ကုန်းမှရှမ်းလယ်ပြင်သို့ရိက္ခာပို့သည့်စစ်ကြောင်းများကိုကြားဖြတ်တိုက်၍ဆက်သွယ်ရေး လမ်းကြောင်းများကိုအခက်အခဲဖြစ်စေအောင်ကျနော်တို့တိုက်ခိုက်ရေးပြောက်ကျားများမှတိုက်ပွဲဖော်ဆောင် ကြသည်။

အခြေခံဒေသတည်ဆောက်ရေးအလုပ်အဖွဲ့ ။
ကျနော်တို့ အဖွဲ့ သည်သစ်ခေါင်းရွာသို့ ရောက်သည်နှင့် သတင်းတစ်ခုကြားရသည်။ရဲဘော်အာလူး မိမိမိုင်းကို ထောင်ရင်းကက်(ပ)်ထိ၍ပေါင့် ဒါဏ်ရာရကြောင်း သိရသည်။ကျနော်တို့ အလုပ်အဖွဲ့ ခေါင်းဆောင်မှာထိုအချိန် ကရဲဘော်လူဇော်ဖြစ်ပါသည်။အလုပ်အဖွဲ့ ကိုနှစ်ဖွဲ့ ခွှဲုလှုပ်ရှားကြ သည်။တစ်ဖွဲ့ ကအခြေခံဒေသထိုးဖောက်ရေး အတွက် အလုပ်အဖွဲ့ ဖြစ်ပြီး ကျန်တစ်ဖွဲ့ မှာလက်ရှိဒေသ၏စစ်ရေးလှုပ်ရှားမှုအဖွဲ့ ဖြစ်ပါသည်။မဟာမိတ်ကေ အန်ယူစစ်ရေးခေါင်းဆောင်များနှင့်အတူလူထုအုပ်ချုပ်ရေးလုပ်ငန်းစဉ်များချမှတ်ပြီး ပူးတွဲစစ်ရေးကော်မီတီအဖွဲ့ ဖွဲ့ ၍တာဝန်ကိုယ်စီယူကြရသည်။ရန်သူ့ သတင်း၊နယ်မြေသတင်း၊နိုင်ငံရေးအခြေအနေ၊တော်လှန်ရေး၏ ဦးတည်ချက်စသည်များကိုလက်ရှိဒေသလူထုမှနားလည်သဘောပေါက်စေရန်လူထုများနှင့်အတူဆွေးနွေး ပွဲများပြုလုပ်ကြ၍လူထုမှာကျနော်တို့ ၏မူဝါဒ သဘောတရားများကိုနားလည်လာကြသည့်အပေါ်ကိုယ်ရော စိတ် ပါပူးပေါင်းပါဝင်လာကြတာကိုတွေ့ မြင်ရ၍အထူးဝမ်းမြောက်မိပါသည်။ကျနော်တို့ အလုပ်အဖွဲ့ တာဝန်ယူသည့် ဒေသနှင့်ဗဟိုဌာနချုပ်မှာဆက်သွယ်ရေးလမ်းကြောင်းအရအတော်အလှမ်းဝေးပါသည်၊တခါတရံဗဟိုမှထောက် ပို့ အားနည်းမှုများရှိပါသည်။ထိုအခါကျနော်တို့ မှာကိုယ့်ဒူးကိုယ်ချွန်ကိုယ့်အားကိုယ်ကိုးရေးမူကို လက်ကိုင်ထား ပြီး ဆက်လက်ရပ်တည်နိုင်ရေးအတွက်ကြိုးစားကြရသည်။မဒညတ(မြန်မာပြည်ဒီမိုကရက်တစ်ညီညွတ်ရေ တပ်ဦး)နယ်မြေများသို့ ကွင်းဆင်း၍စီးပွားရေးသမားများ(ဥပမာ-သစ်၊အင်း၊ဆန်စက်)စသည့်လုပ်ငန်းရှင်များ ထံတွင်တော်လှန်ရေးအတွက်ရံပုံငွေကောက်ခံကြရသည်။ရံပုံငွေကောက်ခံရခြင်း၏ရည်ရွယ်ချက်များကိုအသေး စိတ်ချပြဆွေးနွေး၍စီးပွားရေးသမားများမှလှိုက်လှိုက်လှဲလှဲထည့်ဝင်လှူဒါန်းကြသည်။ထိုအချိန်ကလူထုမှာ တော်လှန်ရေးအဖွဲ့ အစည်းများရှိနေ၍အစစအရာရာလာရောက်တိုင်ပင်ညှိနှိုင်းကြသည်။
ကျည်ဝေဖြိုး
ဆက်လက်ရေးသားပါဦးမည်။