Friday, June 25, 2010

လူသားဟာမျောက်ကဆင်းသက်လာတယ်ဆိုတဲ့မစ္စတာဒါဝင်

                                       လူသားဟာမျောက်ကဆင်းသက်လာတယ်ဆိုတဲ့မစ္စတာဒါဝင်




                                    

Friday, June 18, 2010

အရှုံးမပေးသူမျိုးဆက်သစ်တို့တွေ့ ဆုံပွဲ။



အရှုံးမပေးသူမျိုးဆက်သစ်တို့တွေ့ ဆုံပွဲ။

ဒီကလေးမက ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည် အဖြစ် မိသားစုနှင့်အတူ
အမေရိကန်ကို ၂ဝဝ၄ ခုနှစ်မှာ ရောက်လာသူ။
အဲဒီတုန်းက ခွပ်ဒေါင်းးမလေးက တတိယတန်းကျောင်းသူ။
အခု နဝမတန်းကျောင်းသူအဖြစ်တက်ရန်စောင့်နေသူ။

နေတာက အိုဟိုင်းအိုပြည်နယ်၊အခရွန့်မြို့ ၊အစိုးရအိမ်ယာတွင်နေထိုင်သူ။
မိဘတွေက အိမ်ထောင်ရေး အဆင်မပြေကြ၊
အဖေက ပြည်ချစ်ရဲဘော်ဟောင်း၊
အမေက ရန်ငါစည်းပြတ်တဲ့သူ။

ရဲဘော်အေသင်တို၏့  မြန်မာပြည်လွတ်မြောက်ရေး မိုင် ၃ဝဝဝ ငြိမ်းချမ်းစွာဆန္ဒပြ လမ်းလျှောက် ခရီးစဉ်တွင်
လိုက်ပါပူးပေါင်းဆောင်ရွက်သူ၊
ရဲဘော်မောင်မောင်တိတ်တို့ ၏ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်လွတ်မြောက်ရေး မိုင် ၉ဝဝ ငြိမ်းချမ်းစွာဆန္ဒပြ လမ်းလျှောက် ခရီးစဉ်တွင် တက်ကြွစွာ ပါဝင်ခဲ့သူ၊
ကျောင်းဘောလုံးအသင်းတွင် ရှေ့တန်းတိုက်စစ်မှူး၊

သမတ ပညာရေချွန်ထောက်ပံ့ရေးဆုကို ဆွတ်ခူးနိုင်၍ မေလ ၂ဝ၁ဝခုနှစ်၊
ဝါရှင်တန်ဒီစီ၊သမတအိမ်ဖြူတော်တွင်
သမတ အိုဘားမား ကိုယ်တိုင် လက်ဆွဲနှုတ်ဆက်ပြီး
ဂုဏ်ပြုလက်မှတ်ပေးအပ်ခံရသူ၊

ကလေးမ စိတ်ဝင်စားတဲ့ ဘာသာရပ်က
သမိုင်းရုပ်ကြွင်းတူးဖော်လေ့လာရေုးဖြစ်သည်၊
မွေးချင်း (၄)ယောက်တွင် သူမက ဒုတိယမြောက်၊
သူမ အမည်က ချောငြိမ်းကျော် ၊

မြန်မာသွေးသစ်ဖြစ်သည်၊
အမှန်တရားကို မြတ်နိုး၏၊
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်ကို ချစ်သည်၊
မိတ်ဆွေကောင်းကို တန်ဖိုးထား၏ ။   ။
အကျဉ်းကျခံနေရသောကမ္ဘာ့ ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့  ၆၅ နှစ်မြောက် အမှတ်တရ ။

ရဲဘော်ဒေါင်းနီ




Sunday, June 13, 2010

လူထုခေါင်းဆောင်၊ဒေါ်အောင်ဆန်းစုကြည်အသက်(၆၅)နှစ်ပြည့်၊မွေးနေ့ ပို့ စ်ကဒ်နှင့်ဓါတ်ပုံသမိုင်းများ။


နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာအပိုင်း(၁၄)


ကယန်းပြည်သစ်ရောက်မကဒတတပ်ဖွဲ့ဝင်အချို့ သည်လွိုင်ကော်ထောက်လှမ်းရေး(၂၇)၏ဖိအားပေးမှုကြောင့် (၂၅)ရက်၊အောက်တိုဘာ၁၉၉၈တွင်ကားဖြင့်လွိုင်ကော်နှင့်လိပ်သိုလ်အကြားကားလမ်းသို့လိုက်ပို့ပေးသည်။ ထိုကားလမ်းမှကျနော်တို့ ဖြတ်ဆင်းပြီးဒေါလီရွာသို့ရောက်သည်။၎င်းရွာတွင်တညအိပ်ပြီးနံနက်မိုးမလင်းမှီခရီး ထွက်ဘို့ ပြင်ဆင်ကြသည်။ကျနော်တို့ခရီးထွက်ရမည့်လမ်းကြောင်းမှာကလလတအုပ်ချုပ်ရေးနယ်မြေသို့  ဖြစ်သည်။ မူရ်ငးလမ်းအတိုင်းသွားလျင်နေ့ဝက်နှင့်ရည်မှန်းချက်သို့ရောက်နိုင်သည်။သို့သော်သတင်းပေါက်မည် စိုး၍လမ်းကြောင်းအတိုင်းမသွားပဲတောတိုး၍ခရီးတွက်ရသည်။ကယန်းပြည်သစ်ဒေသအစပ်နှင့်ကလလတဒေ သအစပ်အကြား တောင်များမှာ မြင့်မားမို့ မောက်လှသည်။ တခါတရံမတ်စောက်လှ၍ အတက်ဆိုးလှသော တောင်များမှတဆင့်ခက်ခက်ခဲခဲပြန်ဆင်းပြီးချောင်းကြို၊ချောင်ကြားတွေကို ဖြတ်ကျော်ရပြန်သည်။ကျနောတို့ခ ရီးထွက်တွင်ဒီနေ့အဖို့ အရောက်ချီတက်ရမည့်နေရာမှာကလလတအတွင်းရေးမှုး ဗိုလ်မှုးရွှေဝါသစ်တောရုံးသို့ ဖြစ်သည်။ ကျနော်တို့အဖွဲ့ အားလမ်းပြအဖြစ်ကယန်းပြည်သစ်ဥက္ကဌရုံးမှရဲဘော်အောင်ကျော်မှဦးဆောင်သည်။ တောင်ကြောရေစပ်များတွင်ကျွန်းသစ်တုံးကြီးများ အစီအရီတွေ့ ရသည်။ ခရီးထွက်နေစဉ်အတွင်း ခပ်ဝေးဝေး တောင်ကြောများအပေါ်မှကားသံအချို့ ကြားရသည်။ထိုကားသံသည်ရာဒိုသို့ သွားသောကားဖြစ်ကြောင်း လမ်းပြ ရဲဘော်မှရှင်းပြသည်။ ကျနော် တို့ အဖွဲ့ တွင် အိမ်ထောင်သည်(၂)ဦးပါသဖြင့်ခရီးထွက်ရာတွင်အတော်အခက် အခဲဖြစ်ရသည်။ရဲဘော်တစ်ဦး၏ဇနီးမှာကိုယ်လေးလက်ဝန်ကြီးဖြင့်။ကလလတသစ်တောရုံးသို့ည(၁၉းဝဝ)နာရီ လောက်မှရောက်ကြသည်။သစ်တောရုံးသို့ မရောက်မှီ ရေစီးကြမ်းသည့်ထူးချောင်းကြီးကိုဖြတ်ကူးရသည်မှာအ သဲတအေးအေးဖြစ်မိသည်။ ချောင်းအကျယ်မှာကျဉ်းသော်လည်း ချောင်းတဘက်ကမ်းသို့ ကူးရန် သစ်တုံး တစ် တုံးတည်းဖြင့်ကန့်လန့်ဖြတ်ခင်းထားသည်။ဘေးတဘက်တချက်တွင် လက်ကိုင်စရာတစုံတခုမှမရှိ။ ကူးရသည်မှာ မလွယ်ကူလှ။ ပြုတ်ကျသွားလျင်ထိုရေစီး၏သယ်ဆောင်ရာသို့ တဟုန်ထိုးပါသွားနိုင်သည်။ကျနော်တို့ အဖြေင့် ကူးနိုင်သော်လည်း အိမ်ထောင်သည်ရဲမေ(၂)ဦးကူးမှကူးနိုင်ပါ့မလားလို့ရင်တမမဖြင့် တဘက်ကမ်းမှစောင့်ရင်း ကြည့်နေမိသည်။ရဲဘော်များမှရဲမေ(၂)ဦး အထုတ်အပိုးများကိုခွဲဝေယူဆောင်ကြပြီး၎င်းတို့ (၂)ဦး အလွယ်အပိုး မပါ ဒီအတိုင်းကူးစေသည်။ရဲမေ(၂)ဦးမှာစိတ်ဓါတ်ခိုင်မာစွာဖြင့် ထူးချောင်း၏ရေစီးကြမ်းလှသောအခက်အခဲကို ကျော်လွှားနိုင်ခဲ့ကြသည်။ထိုတစ်ညပင်ပန်းနွမ်းနယ်စွာအိပ်စက်အနားယူလိုက်ကြသည်။

ကျနော်တို့ အဖွဲ့မှာကလလတသစ်တောရုံးတွင်(၅)ရက်မျှနေထိုင်အနားယူကြပြီးအောက်တိုဘာလ(၂၉)ရက်နေ့၊ နံနက်(၉းဝဝ)နာရီတွင်ရှေ့ ခရီးဆက်ကြသည်။လမ်းခရီးလုံခြုံရေးအတွက်သေနတ်(၅)လက်ကိုယူဆောင်ခဲ့သော် လည်းထိုသစ်တောရုံးမှထားခဲ့ရမည်ဆိုပြန်သောကြောင့်ထားခဲ့ရပြန်သည်။မြတ်နိုးယုယစွာထွေးပိုက်ခဲ့ရသော သေနတ်နှင့်ကျည်ဘောက်အချို့ ကို နောက်ဆုံးအလေးပြု၍ပေးလိုက်ရပြန်သည်။ စိတ်ထဲနစ်နစ်သည်းသည်း ခံစားလိုက်ရသည်။လမ်းပြမှာယခင်လမ်းပြမဟုတ်ပဲရဲဘော်တစ်ယောက်မှ ပို့ ပေးမည် ဖြစ်ကြောင်းသိရသည်။ အုပ်ချုပ်ရေးဒေသအတွင်းရှိရွာများ၏အမည်များကိုမေးရင်းစကားတပြောပြောနှင့်တောတွေကို တတောပြီး တတောတတောင်ပြီးတတောင်ကျော်ဖြတ်နေရသည်။ဟာအို(ပလဲ့)၊ဝယ်ဒိုးသာ(ရွာသစ်၊ရွာဟောင်း)၊ယူလီးခို (ဂေကော)ဂိတ်စခန်းစသည့်ရွာများဖြတ်ပြီးယူလီးခိုတွင်ကျနော်တို့အဖွဲ့ နားကြသည်။ယူလီးခိုရွာအရှေ့ဘက်တွင် နွားကုန်သည်များစခန်းချအနားယူသည့်ဝါးတဲတစ်ခုတွင် စခန်းချစေသည်။ညဘက်အိပ်လို့တိတ်ဆိတ်၍ အိပ်မော ကျချိန်လောက်တွင်ဝါးတဲတဘက်တချက်မှချုံနွယ်များကိုတိုးပြီးအုပ်လိုက်တောတိုးသံ ကြားရ၍ ရဲဘော်များ အားလုံးအလန့် တကြားဝါးတဲပေါ်မှထ၍လွတ်ရာလွတ်ကြောင်းထွက်ပြေးကြကုန်သည်။အမှန်ကချုံတိုးလာသော အသံမှာရန်သူမဟုတ်ပဲနွားများဖြစ်နေ၍ငိုအားထက်ရယ်အားသန်နေမိသည်။သို့သော်ထိုသို့ အဖြစ်မျိုး နွားမ ဟုတ်ပဲရန်သူသာအမှန်တကယ်ဖြစ်ခဲ့မည်ဆိုလျင်ကျနော်တို့၏ဘဝမှာရန်သူ၏သေနတ်သံအောက်မှာအသက် အားလုံးပျောက်သွားကြမည်ကိုတွေးရင်းဖြင့်ဝမ်းနည်းအားငယ်မှုများဖြစ်ခဲ့ရသည်။
ကျနော်တို့အဖွဲ့သည်ယူလီးခို(ဂေကော)ဂိတ်စခန်းမှ နိုဝင်ဘာလ(၃)ရက် ၁၉၉၈၊နံနက်(၇းဝဝ)နာရီတွင်ခရီး ဆက်ကြရာလို့ဒေး၊ဘေခီး၊လပါခီးရွာများသို့ ဖြတ်ကျော်ရသည်။ကလလတဒေသသည်လည်း ကယန်းပြည်သစ် ဒေသလိုပဲတောင်များမှာတောင်ယာများအထပ်ထပ်ခုတ်ထား၍သစ်ကြီးဝါးကြီးပင်များမတွေ့ ရသလောက်ရှားပါး သည်။ဘရယ်စော်ရွာဝသို့ကျနော်စတင်ဝင်ရောက်ရာတွင်စစ်ယူနီဖောင်းနှင့်အဖွဲ့တဖွဲ့ကိုအိမ်တစ်အိမ်၌တွေ့နေ ၏။ပထမရင်ထဲထိတ်သွားသည်။ရန်သူ့တပ်များဖြစ်နေမလား၊လေးဆယ်မမကျည်တွဲ အီကွန့်မင့်ကို တဲ၏ဝါးအစွန်း တွင်ချိတ်ထားသည်ကိုတွေ့ရသည်။အီကွန့်မင့်တွင်ပုဝါအနီကိုလည်းတွေ့ရသည်။ကျနော့်မှာရှေ့သို့ဆက်မတိုးရဲပဲ လမ်းပြဖြစ်သူအား နောက်လှည့်သတင်းပို့ သည်။လမ်းပြမှစက်ဖွင့်၍ ထိုအဖွဲ့ အား ဆက်သွယ်ရာထိုအဖွဲ့မှာရန် သူ့အဖွဲ့မဟုတ်ပဲကေအန်ပီပီမှလှုပ်ရှားတပ်ဖွဲ့ ဖြစ်နေမှန်းသိရသည်။တပ်ကြပ်ကြီးဖြစ်သူရဲဘော်မှာယခင်က မကဒတတပ်ရင်း(၃ဝ၃)တွင် တာဝန်ထမ်းဆောင်ခဲ့ဘူးသောရဲဘော်ဖြစ်မှန်းနောက်မှသိရသည်။ ထိုရဲဘော်များမှကျနော်တို့၏ဖြစ်စဉ်များကိုနားလည်ပြီးအစစကူညီပေးရှာသည်။ကျနော်တို့အားယခုလာသည့် လမ်းကြောင်းအတိုင်းရှေ့ဆက်မတိုးဖို့အကြံပေးသည်။ဖားဆောင်းဂွင်တွင်ကျနော်တို့သတင်းကိုအတိအကျရထား သောရန်သူမှတပ်များအခိုင်အမာချထားကြောင်းသိရ၍ထိုခရီးကိုရှေ့ဆက်ဖို့ မစဉ်းစားတော့ရန်ကျနော်တို့ဆွေး နွေးတိုင်ပင်ကြသည်။ထို့ကြောင့်ထိုခရီးမဆက်ပဲလမ်းဘေးတောင်ယာတဲ၌တညနားလိုက်ကြသည်။ ထိုတစ်ညရေမရှိ၍တမင်းတရက်ငတ်ခဲ့ကြသေးသည်။
ထိုဒေသတွင်ကေအန်ပီပီမှနယ်မြေခံများနှင့်ကလလတနယ်မြေတာဝန်ခံများမှာနားလည်မှုရယူထားကြသည်။ ကေအန်ပီပီကလည်းကလလတရဲဘော်များကိုမလွဲမရှောင်သာမှတွေ့ခဲ့ရင်တောင်တိုက်ပွဲမဖြစ်ရန်။ ကလလတ ကလည်းကေအန်ပီပီတပ်များလှုပ်ရှားသွားလာကြတာကိုတွေ့လျင်တိုက်ပွဲမဖော်ဆောင်ရန် ညွှန်ကြားထားသည် ဟုသိရသည်။ထိုနယ်မြေမှာကေအန်ပီပီနှင့်ကလလတ(၂)ဖွဲ့ ၏ဆုံချက်အကောက်အခွန်ဒေသများဖြစ်ကြသည်။ ထို့ ကြောင့်အကျိုးစီးပွားအရရေရှည်အကျိုးကိုမျှော်ကိုးပြီးတိုက်ပွဲမဖြစ်ကြခြင်းဖြစ်သည်။
ကျနော်တို့ကရိန်နီလမ်းကြောင်းအတိုင်းခရီးထွက်ဖို့သဘောတူဆုံးဖြတ်ချက်ချလိုက်သည်။နောက်ထပ်လမ်း ကြောင်းစဉ်းစားရာတွင်ယခုကရိန်နီနယ်စပ်တောင်ကြောများကိုဖြတ်ပြီးအနောက်တောင်ထောင့်ကေအန်ယူ ဒေသသို့ ဖြတ်ချိုးဝင်ရန်စဉ်းစားဆုံးဖြတ်ခဲ့ကြသည်။ယခုကျနော်တို့စခန်းချသည့်နေရာမှာကလလတအုပ်ချုပ် ရေးဒေသအတွင်းမှတောသီးဖိုရွာတွင်ဖြစ်သည်။တောသီးဖိုရွာ၏အောက်တွင်ဖဲလော်ချောင်းရှိသည်။ဖဲလော် ချောင်းကိုကျော်ပြီးမှကေအန်ယူနယ်စပ်ကိုရောက်မည်။လမ်းခရီးမှာရက်ပိုင်း၊လပိုင်းလောက်အထိကြာနိုင်မည် ဟုခန့် မှန်းကြသည်။ အဘယ်ကြောငါ့ဆိုသော် ရန်သူ့ အခြေအနေနှင့်ကျနော်တို့၏ခရီးစဉ်ကိုသတင်းမပေါက် ကြားအောင်လျို့ ဝှက်စွာထွက်ခွာရန်အတွက်ကြောင့်ဖြစ်သည်။(၂၇)ရက်၊နိုဝင်ဘာ၁၉၉၈နေ့တောသီးဖိုရွာမှ စထွက်ရာ(၂၉)ရက် နိုဝင်ဘာ၁၉၉၈နေ့ တွင်ကရိန်နီထိန်းချုပ်ရာမီးခါးတဲရွာသို့ ရောက်ရှိသည်။လမ်းခရီးတွင် ရွာအချို့ မှာရန်သူမှမီးရှို့ထား၍အိမ်တိုင်များမှာမီးကျွမ်းထား၍မီးသွေးချောင်ကြီးတွေအလားတွေ့ရ၏။ခရစ် ယာန်ဘုရားကျောင်းများမှာယိုယွင်းပျက်စီး၍ချုံနွယ်များအကြားတည်ရှိနေတာတွေ့ရပြန်သည်။ဘုရားကျောင်း ထဲတွင်အိမ်မွေးဆိတ်များ၏ချေတုံးများ၊သခင်ယေရှု့ ရုပ်ပုံကားချပ်မှာယိုယွင်းပျက်စီးနေတာတွေ့ရ၍ စိတ်မ ကောင်းဖြစ်မိရုံကလွဲပြီးဘာများတတ်နိုင်ဦးမှာလဲ။နာမည်ကြီးလှသည့်ဘွီးကော်ဘွားခီးတောင်ကြောကိုအဝေးမှ လှမ်းတွေ့နေရသည်။ကျနော်တို့အဖွဲ့ဘွီးကော်ဘွားခီးသို့(၂းဝဝ)နာရီကျော်မျှသွားရသည်။ထိုတောင်သို့မရောက် မှီမီခါးဒေး(ရွာပုန်း)ရွာမှာပဲစခန်းချဖြစ်သည်။
မီးခါးဒေးရွာတွင်စခန်းချစဉ်။ရွာထဲလှည့်ပတ်အကဲခတ်လေ့လာရာတွင်ကရင်တိုင်းရင်းသားများမှာဆင်းရဲကြတ် တည်းစွာဖြင့်လုပ်ကိုင်စားသောက်နေထိုင်ရသည်ကိုတွေ့ ရသည်။ရွာတွေကိုစစ်တပ်မှမီးရှို့ ပြီးနောက်ရွာသားများ မှာယခင်ရွာထဲ၌မနေလိုကြတော့ပဲရွာပုန်းများအဖြစ်စုဖွဲ့နေထိုင်ကြရသည်။ရွာပုန်းများတွင်အခြေခံပညာရှိသော ကျောင်းဆရာ၊တစ်ယောက်စ၊နှစ်ယောက်စ၊နှစ်ယောက်စမှရွာထဲမှကလေးများကိုပညာသင်ပေးကြရသည်။ ထိုကလေးများမှာကျနော်တို့ကိုတွေ့လျင်ကျနော်တို့မှဗမာစကားပြော၍အတော်ကြောက်ရွံ နေပုံရသည်။ ခေတ်၏ဆိုးကြိုးများကိုဤကလေးတွေခါးသည်းနာကျည်းစွာခံစားနေရသည်ကိုကြည့်ရင်းကျနော်၏ရင်ထဲ နင့်သည်းစွာခံစားရသည်။ရွာသားများမှာ၎င်းတို့တောင်ယာထွက်သီးနှံများကိုနောက်လွယ်ပုလိုင်းထဲသို့ကိုယ်စီ ထည့်၍မနက်ခရီးထွက်ဘို့ ပြင်ဆင်နေကြသည်ကိုကြည့်ရင်းမေးမြန်းကြည့်မိရာမနက်တွင်ရာဒိုသို့ခရီးထွက်ပြီး ယခုသီးနှံများကိုမြို့ပေါ်တွင်ဆားဖြင့်လည်းကောင်း၊လဲလှယ်ရန်အတွက်ဖြစ်သည်ဟုသိရ၍ ဆက်သွယ်ရေး လမ်းကြောင်း၏အခက်အခဲကိုဤဒေသတွင်တွေ့ရပြန်သည်။မူခါဒေးရွာ၏အရှေ့တည့်တည့်ဘွေမိုခီးဆိုသည့် တောင်ကြောပေါ်တွင်ကားလမ်းဖောက်လုပ်ထားသည်ဟုသိရသည်။ထိုကားလမ်းမှာတောင်ငူ၊မော်ချီး၊ ဖားဆောင်း၊လွိုင်ကော်စသည်မြို့ များသို့စစ်သုံးကားလမ်းအဖြစ်ဖောက်လုပ်ထားသည်။
မီးခါးဒေးရွာတွင်နေစဉ်။ကေအန်ယူဒေသ၊ခရီးလမ်းကြောင်းစကားစမြည်မေးမြန်းတီးခေါက်ကြည့်သည်။ လက်ရှိရွာနှင့်ကေအန်ယူတပ်မဟာ(၂)သံတောင်မြို့နယ်အတွင်းရှိရှိုခိုရွာမှာခြေကျင်လျှောက်သော်(၆)နာရီခန့်  သွားရမည်ဟုဒေသခံတစ်ဦးမှပြောပြသည်။ရှိုခိုနှင့်အနီးတဝိုက်မောသူးတဲရွာဘက်တွင်သံတောင်မြို့ နယ် ကေအန်ယူလှုပ်ရှားတပ်ဖွဲ့များလှုပ်ရှားနေသည်ဟုသတင်းရသည်။ထိုဒေသများမှာကျနော်ကျင်လည်ခဲ့ဘူးသော ဒေသများဖြစ်၍စိတ်ထဲဝမ်းသာမိသည်။
ကျနော်တို့အဖွဲ့ သည်(၂၁)ရက်၊ ဒီဇင်ဘာ၁၉၉၈နေ့တွင်တပ်မဟာ(၂)တောင်ငူခရိုင်သို့ရောက်ရှိသည်။ ထိုအချိန် တောင်ငူခရိုင်အတွင်းရေးမှုးမှာဗိုလ်လှငွေဖြစ်ပါသည်။ကျနော်တို့အဖွဲ့ထဲမှအချို့သည်နောက်တန်းသို့ ပြန်ရန်ပြင် ဆင်ကြသည်။၎င်းတို့သည်ကေအန်ယူအုပ်ချုပ်ရေးနယ်မြေများမှဖြတ်သန်းရင်းကေအန်ယူနယ်မြေတာဝန်ရှိ တပ်မှုးများနှင့်တိုင်ပင်ပြီးနောက်တန်းဗဟိုဌာနချုပ်သို့ဒီဇင်ဘာလအတွင်းမှာပဲခရီးဆက်ထွက်သည်။ကျနော့်မှာ အလုပ်အဖွဲ့တာဝန်ရှိသူများ၏တာဝန်ပေးချက်အရလက်ရှိတပ်တပ်မဟာ(၂)ကေအန်ယူ ခရိုင်ရုံးတွင်နေခဲ့ရန် ဖြစ်သည်။ရန်သူမှကေအန်ယူတပ်မဟာ(၂) အုပ်ချုပ်ရေးဒေသများကိုစစ်ကြောင်းများဖြင့် ရွာတွေထဲဝင်ပြီးအမျိုး သမီးများတွေ့လျင်အဓမ္မပြုကျင့်၊ရွာတွေကိုမီးရှို့ ၊ရွာသားများကိုကေအန်ယူအမာခံများဟုစွပ်စွဲပြီး ရက်ရက်စက် စက်သတ်ဖြတ်ကြသည်။ရွာသားများမှာကြောက်ရွံ့ ကြ၍ ရွာတွေထဲ၌မနေလိုကြပဲရွာပုန်းများဖြင့် နေထိုင်ကြရ သည်။ထိုသို့အုပ်ချုပ်ရေးအခြေအနေဆိုးရွားနေချိန်အတွင်းကေအန်ယူမှနိုင်ငံရေး၊ စည်းရုံးရေးဗဟိုတာဝန်ရှိသူ များမှကစဥ့်ကလျားရှိနေသောရွာသူ၊ရွာသားများကိုပြန်လည်စုစည်းပြီးရွာသားများလုံခြုံမှုရှိစွာ နေထိုင်နိုင်ရန် အတွက်ဒေသအတွင်းစည်းရုံးရေးကော်မီတီများဖွဲ့ ကြသည်။ကေအန်ယူဗဟိုမှပဒိုကနဲလေမှာ စည်းရုံးရေးတာဝန် ဖြင့်ကြောင်းသိရသည်။၎င်းမှကျနော့်အားအေဘီအက်စ်ဒီအက်ဖ်အဖွဲ့ အစည်းကိုယ်စား ယခုစည်းရုံးရေးခရီးစဉ် တွင်၎င်းတို့နှင့်လိုက်ပါပေးရန်ဆို၍ကျနော်လည်း၎င်းတို့နှင့်အတူရွာများသို့စည်းရုံးရေးခရီးဆင်းဖြစ်ကြသည်။ ရွာသားများမှာကေအန်ယူ၊အေဘီအက်စ်ဒီအက်ဖ်ပူးတွဲစည်းရုံးရေးခရီးဆင်းလာ၍ အားတက်ဝမ်းသာကြတာတွေ့ ရသည်။လက်ရှိနိုင်ငံရေးအခြေအနေ၊ကေအန်ယူ၏တော်လှန်ရေးအခြေအနေ၊အေဘီအက်စ်ဒီအက်ဖ်၏လက် နက်ကိုင်တော်လှန်ရေးနှင့်ရှစ်လေးလုံးအတွေ့ အကြုံရှင်းလင်းချက်များကိုရွာလူထုနှင့်အတူပြောကြဆိုကြ၊ ဆွေးနွေးကြ၍ပျော်စရာကောင်းလှပါသည်။
၁၉၉၉ခုနှစ်၊ ဖေဖော်ဝါရီ(၁၆)ရက်နေ့။ကျနော်သည်ကေအန်ယူတပ်မဟာ(၂)ခရိုင်ရုံးမှနောက်တန်းအေဘီ အက်စ်ဒီအက်ဗဟိုသို့ ပြန်ခဲ့ပါသည်။ ပြန်ခဲ့ရခြင်းရည်ရွယ်ချက်မှာ-တော်လှန်ရေးတွင်ဖြတ်သန်းမှုအတွေ့အကြုံ များ၊ရှေ့ဆက်လုပ်ငန်းစဉ်များ၊ဆက်လုပ်နိုင်ရန်အတွက်ပြင်ဆင်မှုတွေနှင့်အတူလုပ်ငန်းစဉ်အသေးစိတ်များ စီစဉ်ရေးဆွဲပြီးအထက်တာဝန်ရှိသူများထံတင်ပြအစီရင်ခံမည်ဟုရည်ရွယ်ချက်များနှင့်ပြန်လာခဲ့ခြင်းဖြစ်သည်။ မတ်လ(၁၆)ရက်နေ့တွင်ဌာနချုပ်သို့ရောက်သည်။ထိုအချိန်။အေဘီအက်စ်ဒီအက်ဖ်၏ပဉ္စမအကြိမ်ညီလာခံ ကျင်းပနေသောအချိန်ဖြစ်ပါသည်။ထိုညီလာခံတွင်နိုင်ငံရေးသဘောမတိုက်ဆိုင်မှုများကြားရ၍အတော်အား ပျော့သွားခဲ့ရသည်။

ကျည်ဝေဖြိုး
ဆက်လက်ကြိုးစားပါဦးမည်။

Wednesday, June 9, 2010

ဆူးမစူးတဲ့ စု

ဆူးမစူးတဲ့ စု

သက္ကရာဇ်တွေ တစတစကြွေ
ဆူးထောင်တွေ တဖြေးဖြေးရစ်
မျှော်လင့်ချက်တွေ တငွေ့ ငွေ့ ဆင်း
သင်းကွဲလေရိုင်းကြမ်းတွေ
အကြိမ်ကြိမ်ဖြိုလှဲချမရတဲ့ ကောင်းကင်သစ်ပင်။

ဒုက္ခမီးလှိုင်းဆိုးကြီးတွေ
ခဏခဏဝါးမြိုချေမရတဲ့ ဂန္တဝင်ပန်းပွင့်၊
စူးရှပြင်းထန် စစ်အာဏာသံတွေ
အခါခါဖုံးလွှမ်းမရတဲ့ အပြုံးကြယ်စင်။

သောကပင့်သက် နင့်နင့်ကြိတ်ရှိုက်
ဝေးလွင့်ရဲဘော်တွေကို နှုတ်မဆက်လိုက်ရတဲ့ အလင်းရှင်။

ပိတ်လှောင်နှောင်တည်း တားစီးမှုတွေ
အလီလီဖဲ့စားချိုးမရတဲ့ သစ္စာဓါးတစ်လက်။

မနက်ဖြန်များစွာ---
တိုက်ပွဲဖော် အားမြှင့် ထပ်ဆင့်တိုး
ကမ်းလင့်ကြိုဆိုသူတွေနဲ့ 
ကျွမ်းရင့်ညှိုးငယ်သူတွေနဲ့ 
လမ်းသစ်တိုးဖွင့်သူတွေနဲ့ 
တမ်းတအာခံ ပုန်ကန်သူတွေနဲ့ 
ရတြာယာ မန္တာန် မမန်းမှုတ်
ကမ္ဘာ့သမိုင်းစာမျက်နှာ လှုပ်နိုး
ဒဏ်ရာဝေဒနာ ဆုပ်ကိုင်ထားကာ
ဂတိမေတ္တာ ရင်တွင်းလမ်းခင်း
အကျဉ်းစံ ရူးသွပ်ကြေ အမှောင်တိုက်မှာ
ခေါင်းအစ ခြေအဆုံး သွေးချင်းဖုံးပစေ
ဘယ်တော့မှ
ဒူးမထောက် အလံမလှဲခဲ့သူ (အမေ ) ။ ။

ဒေါင်းနီ
ကမ္ဘာ့နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ( ၆၅ ) နှစ်မြောက် မွေးနေ့ အမှတ်တရ။

Saturday, June 5, 2010

နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာအပိုင်း(၁၃)

                                           ၁၉၉၇ခုနှစ်၊ ဒီဇင်ဘာ။
အခြေခံဒေသထိုးဖောက်ရေးကာလအတောအတွင်းအချို့ ရဲဘော်များမှာဒေသခံတိုင်းရင်းသူများနှင့်အိမ်ထောင် ရက်သားကျကြသည်။အိမ်ထောင်သည်များကိုစစ်ကြောင်းဖြင့်မလိုက်စေလိုပဲမြောက်ဘက်နယ်စပ်မျဉ်း(အထူး ဒေသနှင့်ကယန်းဒေသအစပ်)ကိုးဒစ်ရွာနှင့်ချဉ်ပတောင်ရွာကြားရှိလယ်ကျင်းဘေးပတ်ဝန်းကျင်ရှိုမြောင်းများ၌ ပုန်းတဲများထား၍ နေစေသည်။ထိုအချိန်ကယန်းပြည်သစ်တပ်ဖွဲ့ မှာသစ်တောကြိုးဝိုင်းအတွင်း၎င်းတို့ ခေါင်း ဆောင်အတွင်းရေးမှုးဗိုလ်အိုက်ဒေါင်းမှာမိုင်းထိ၍ခြေထောက်ဖြတ်ပစ်လိုက်ရသည့်အပေါ်ကေအန်ယူအားအခဲ မကြေဖြစ်ချိန်။ နားလည်မှုလွဲမှား နေချိန်၌ကယန်းပြည်သစ်လှုပ်ရှားတပ်ဖွဲ့ မှကျနော်တို့ကျနော်တို့မကဒတအ လုပ်အဖွဲ့ အား၎င်းတို့နှင့်လာရောက်ပူးပေါင်းရန်စာဖြင့်ကမ်းလှမ်းလာသည်။ကျနော်တို့မှာဗဟိုမှ ညွှန်ကြားချက် မရသေးပဲ၎င်းတို့ကမ်းလှမ်းလာသည့်အပေါ်အချိန်ကာလတစ်ခုအထိစောင့်ရန်ပြန်ကြားထားသည်။မကြာမီက ယန်းဒေသခံတပ်ဖွဲ့မှအိမ်ထောင်သည်များစခန်းချသည့်နေရာသို့လာရောက်နေရာယူပြီးသေနတ်များဖြင့်လာ ရောက်ပစ်ခတ်ကြ၍ အိမ်ထောင်သည် ရဲဘော်များမှ မဟာမိတ်ဖြစ်နေမှန်းသိ၍ မဟာမိတ်စည်းကိုစောင့်ထိမ်း သောအားဖြင့် ပြန်လည်ပစ်ခတ်မှုများမပြုလုပ်ခဲ့ပါ။
-မကဒတ တာဝန်ရှိသူများ ဤစာရရခြင်း ကယန်းပြည်သစ်တပ်မတော်နှင့်လာရောက်တွေ့ဆုံရန်တမောခိုကျေး ရွာသို့ယခုလာသည့်ဆတ်သားနှင့်တပါတည်းလိုက်ခဲ့ပါရန်-ဆိုသည့်ကယန်းတပ်ဖွဲ့မှုး၏လက်မှတ်ဖြင့်ဆင့်ခေါ် သည်။ ထိုစာကြောင့်ကျနော်တို့အလုပ်အဖွဲ့ မှခေါင်းဆောင်နှင့်ရဲဘော်တစ်ဦးသွားရောက်တွေ့ ဆုံပါသည်။ နောက်တစ်နေ့ထိုနှစ်ဦးပြန်မရောက်လာပါ။ကြားရသည့်သတင်းအရကယန်းပြည်သစ်မှကျနော်တို့ ရဲဘော်နှစ်ဦး ကိုလက်ပြန်ကြိုးတုတ်၍ဖမ်းဆီးထားကြောင်းသိရသည်။ထိုနှစ်ဦးကိုဖမ်းဆီးသည့်နေရာမှာအလယ်ချောင်းရွာ၊ ကင်းလိုက်ကြော၌ဖြစ်သည်။၎င်းတို့ မှ အချက်(၇)ချက်ပါသည့်အတိုင်း-
(၁)ကယန်းပြည်သစ်သို့ ဝင်ပါ။
(၂)ကယန်းပြည်သစ်ရဲဘော်တစ်ယောက်၏နိုင်ငံရေးခံစားပိုင်ခွင့်အတိုင်းခံစားပိုင်ခွင့်၇ှိစေရမည်။
(၃)ကယန်းပြည်သစ်ပါတီနှင့်အတူဒေသဆိုင်ရာဖွံ့ ဖြိုးရေးအတွက်ဝိုင်းဝန်းလုပ်ဆောင်ရန်။
(၄)တာဝန်နှင့်ရာထူးအလိုက်ကယန်းပြည်သစ်တပ်မတော်တွင်ရယူခံစားပိုင်ခွင့်ရှိစေရမည်။
(၅)သင့်တော်သည့်အချိန်ကာလ(သို့ မဟုတ်)နိုင်ငံရေးအခြေအနေပေးသည့်ကာလတွင်သက်ဆိုင်ရာအဖွဲ့ အ စည်းများသို့ ပြန်ခွင့်ပြုမည်။
(၆)ကယန်းပြည်သစ်၏အုပ်ချုပ်မှုအောက်တွင်တာဝန်ထမ်းဆောင်ရမည်။
(၇)ကယန်းပြည်သစ်တာဝန်ရှိသူများ၏ခွင့်ပြုချက်မရပဲမည်သည့်အဖွဲ့ အစည်းပုဂ္ဂိုလ်များနှင့်ဆက်သွယ်ခွင့်မပြု လုပ်ရ-ဟုပါရှိပါသည်။
ထိုအချက်များကိုရဲဘော်တိုင်းဖတ်ကြားသိစေပြီးအလုပ်အဖွဲ့ဆွေးနွေးပွဲထိုင်ဖြစ်သည်။
ကေအန်ယူတပ်မဟာ(၂)သို့နဂိုကဆုတ်ခွာရန်ရွေးချယ်ထားသော်လည်း ရန်သူနှင့်ဖောက်ပြန်ရေးအဖွဲ့ များမှ ဆုတ်ခွာမည့်လမ်းကြောင်း များကိုတပ်အင်အားအခိုင်အမာဖြင့် ချထားကြောင်းသိရသည်။
ထို့ကြောင့်ပထမဆုတ်ခွာမည့်လမ်းကြောင်းအစီအစဉ်မအောင်မြင်ခဲ့။
ဒုတိယအချက်မှာ-ကယန်းပြည်သစ်သို့ ဆုတ်ခွာရန်။
တတိယအချက်မှာထိုနှစ်ခုကိုမရွေးချယ်ပဲလက်ရှိဒေသ၌အင်အား၊လက်နက်၊ဆက်ရပ်တည်မည်ဆိုပါကရန်သူ၏ ခြေမှုန်းခြင်းကိုခံရမည်မှာမလွဲမသေဖြစ်သည်။
ထို့ ကြောင့် အဖက်ဖက်မှ သုံးသပ်ပြီး အကောင်းဆုံးနှင့် အသင့်တော်ဆုံးရွေးချယ်မှု နည်းလမ်းတစ်ခုကို ကျနော်တို့ ရွေးချယ်လိုက်ရပါပြီ။ ထိုရွေးချယ်မှုကတော့-ကယန်းပြည်သစ်နယ်မြေသို့ ဆုတ်ခွာရန်ဖြစ်ပါသည်။
ကယန်းပြည်သစ်ဒေသ။
မကဒတအလယ်ပိုင်းအလုပ်အဖွဲ့သည်ကယန်းပြည်သစ်ပါတီ၏ ထုတ်ပြန်ချက်သဘောထားအတိုင်းကယန်း ပြည်သစ်အပစ်အခတ်ရပ်စဲရေးနယ်မြေ၌အချိန်ကာလတစ်ခုအထိရပ်တည်လှုပ်ရှားရန်အတွက်ယခုကယန်းပြည် သစ်နယ်မြေထဲသို ကျနော်တို့ ရောက်၇ှိလာခဲ့ကြသည်။
အလယ်ချောင်းရွာတွင်ကယန်းပြည်သစ်အတွင်းရေးမှုးဗိုလ်အိုက်ဒေါင်းမှ ဝမ်းပန်းတသာဖြင့်ကျနော်တို့အားကြို ဆို၏။ ၄င်းတို့ ၏ဒေသတွက်ခေါင်ရည်များဖြင့်တည်ခင်းဧည့်ခံကြသည်။
-ကျနော်တို့ အပစ်အခတ်ရပ်စဲရတဲ့သဘောကလည်းကျားနဲ့ နွားနဲ့ပေါင်းထားရတဲ့သဘောပေါ့ဗျာ။
-အခုလို အပစ်အခတ်ရပ်စဲလိုက်ရတော့ကျနော်တို့လူမျိုးတွေလည်းပေါ်တာအဆွဲမခံရတော့ဘူး။
-ကိုယ့်တောင်ယာကိုယ်အေးအေးချမ်းချမ်းလုပ်ကိုင်စားသောက်နိုင်တာပေါ့။
-နယ်မြေဒေသဖွံ့ ဖြိုးရေးအတွက်နအဖကကျနော်တို့ကိုစာသင်ကျောင်း၊ကားလမ်း၊ဆေးခန်းတွေဖောက်လုပ်၊ ဆောက်လုပ်ပေးဖို့အစီအစဉ်ရှိပါတယ်။
-နိုင်ငံရေးစကားကိုတော့ယခုအချိန်မှာသူတို့ ကကျနော်တို့ ကိုပြောခွင့်မပြုသေးဘူးလို့သိရတယ်။
-ခုချိန်ဟာဒေသဖွံ့ ဖြိုးရေးနဲ့ စီးပွားရေးလုပ်ငန်းအချို့ကိုသာလုပ်ခွင့်ပြုထားပါတယ်။
-နိုင်ငံရေးစကားကိုတော့အခွင့်အခါသင့်တဲ့အချိန်မှာလုပ်ပေးပါ့မယ်လို့ တော့သဘောထားရှိပါတယ်။
အထက်ပါစကားများသည်ကယန်းပြည်သစ်အတွင်းရေးမှုးဗိုလ်အိုက်ဒေါင်းမှကျနော်တို့ကိုမိတ်ဆက်ပေးသော စကားချပ်များဖြစ်သည်။
ကယန်းပြည်သစ်ဒေသမှာအများအားဖြင့်ကယန်းလူမျိုးများဖြစ်ကြသည်။ကရင်နှင့်ကယန်းနယ်မြေအစပ်တွင် ကယန်းလူမျိုးအနည်းစုနှင့်ကယန်းဒေသနေထိုင်သူကရင်လူမျိုးအများစုလည်းနန်းချိုချောင်းနဘေးတွင်တောင် ယာ၊ဥယျာဉ်လုပ်ငန်းဖြင့် လုပ်ကိုင်စားသောက်နေထိုင်ကြသည်။ အများစုမှာ ရိုမန်ကက်သရစ်ဘာသာဝင်များဖြစ် ကြသည်။သဲပျော်ရွာတွင်နအဖဖောက်လုပ်ထားသောမြေညီခြောက်ပေကားလမ်းတစ်ခုတွေ့ ရသည်။ ထိုကားလမ်းသည်ခြောက်သွေ့ရာသီတွင်သာကားအသွားအလာရှိပြီး၊မိုးတွင်ကျလျင် ကားသွားလာ၍မရပါ။ ရွာအချို့ တွင်စာသင်ကျောင်းသာရှိပြီးကျောင်းဆရာ၊ဆရာမများလုံလောက်မှုမရှိတာကိုတွေ့ ရသည်။ ကျောင်းတွေမှာလည်းအခြေခံပညာမူလတန်းအဆင့်မျှသာဖွင့်လှစ်ပေးထားတာကိုတွေ့ ရသည်။
ဒေသခံလူထုမှာလမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိသည်။ရွာများမှဒေသခံတိုင်းရင်းသားကယန်းလူထုမှာ ဈေးဝယ်ရာတွင်ရွာမှတစ်ညအိပ်ခြေကျင်သွားရသည်။သောက်ရေခပ်၊လိပ်သိုလ်၊တောင်ငူမြို့ များသို့ခြေကျင် သွားရသည်။ အထူးသဖြင့်သူတို့နေထိုင်လုပ်ကိုင်စားသောက်ရသည့်လုပ်ငန်း မှာ တောင်ယာခုတ်ခြင်းအဓိက ဖြစ်သည်။တောင်ယာများကိုခုတ်ဖန်များသောအခါတောင်ယာများမှာနာလန်မထူဖြစ်ကြရသည်။သစ်ကြီး၊ဝါးကြီး ပင်များမှာရှားပါးသလောက်ဖြစ်နေသည်။အချို့ ရွာများတွင်စိမ်းလန်းစိုပြည်သည့်သစ်တောများမရှိမှုကြောင့်ရေ ရှားပါးမှုများဖြစ်ကြရသည်။အချို့တောင်တန်း များမှာတောင်ယာခုတ်ဖန်များသောကြောင့် သစ်ပင်များမပေါက် နိုင်တော့ပဲ တောင်ကတုံးကြီးများဖြစ်နေတာကိုတွေ့ ရသည်။လူနေမှုအဆင့်အတန်းမှာလည်းအလွန်မှနိမ့်ကျပါ သည်။ကျမ္မာရေးပညာပေးလုပ်ငန်းများအားနည်းမှုကြောင့်ဝမ်းကိုက်ရောဂါ၊ငှက်ဖျားရောဂါကြောင့်သေဆုံးမှုအ များအပြားရှိကြပါသည်။အချို့ ရွာသားများမှာဒေသအတွင်းစီးပွားရေးမယ်မယ်ရရမရှိသည့်အတွက်မိုးကုတ်သို့  ထွက်၍ကျောက်တွင်းတူးသည့်အလုပ်များသွားရောက်လုပ်ကိုင်ကြသည်။
မကဒတအလုပ်အဖွဲ့သည်ကယန်းပြည်သစ်ဗဟိုကော်မီတီများ၏ စီမံခန့် ခွဲမှုအောက်တွင် တာဝန်ထမ်းဆောင်ရ သည်။ကယန်းပြည်သစ်ပါတီဥက္ကဌမှာငိန်းကယန်းထန်(ဝါ)ဦးရွှေအေးဖြစ်သည်။၁၉၆၂ခုနှစ်မှစ၍တောခိုသော တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်သည်။ ကယန်းလူမျိုးလွတ် မြောက်ရေးအတွက် တော်လှန်ရေးတာဝန် ကိုတက်ကြွစွာထမ်းဆောင်ခဲ့သောလူမျိုးစုခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ ဥက္ကဌဦးရွှေအေးမှာအပစ်အ ခတ်ရပ်ပြီးနောက်ပိုင်းသိကျိတ်ရွာ၌ဒေသခံကယန်းတိုင်းရင်းသားများနှင့်အတူ လယ်ယာများလုပ်ကိုင်ထွန်ယက် နေတာကိုတွေ့ ရသည်။ဒကစ(ဒေသကွပ်ကဲရေးစစ်ဦးစီး)နှင့် ကယန်းပြည်သစ်တပ်မတော်စစ်ဦးစီးတို့ မှာလွိုင် ကော်၌မကြာခ၅တွေ့ ဆုံစကားပြောကြသည်။ လွိုင်ကော်တွင်ထောက်လှမ်းရေ(၂၇)ရှိ၍ထောက်လှမ်းရေးအ ရာရှိများမှယခုတဖန်ကယန်းပြည်သစ်တွင်ရောက်ရှိနေသောကျောင်းသားများကို၎င်းတို့ ထံအ်ပနှံရမည်ဟု ဖိအားပေးအကြပ်ကိုင်လာသည်။ထိုအခါကယန်းပြည်သစ်ဗဟိုကော်မီတီမှပထမအကြိမ်၌ယခုရောက်ရှိ နေသည့် ကျောင်းသားများမှာကယန်းပြည်သစ်ပါတီ၏ အုပ်ချုပ်မှုအောက်၌ရှိ၍နအဖထံအပ်နှံဖို့မဖြစ်နိုင်ကြောင်းတုံ့ ပြန်ခဲ့ သည်။ထိုကိစ္စကြောင့်ကယန်းပြည်သစ်ဗဟိုကော်မီတီအတွင်းသဘောထားအချို့ ကွဲ ကြပြန်သည်။ ဒုတိယအကြိမ် ရေကန်ပုလောရွာတွင်အရေးပေါ်အစည်းအဝေးပြုလုပ်ရာ၌ ထိုကိစ္စပါလာ၍ထိုအ စည်းအဝေးမှတညီတညွတ် တည်းဆုံးဖြတ်လိုက်သည်ကတော့-ကယန်းပြည်သစ်ဒေတွင်ရောက်ရှိနေသော-အေဘီအက်စ်ဒီအက်ဖ်-တပ်ဖွဲ့  ဝင်များကို ကယန်းပြည်သစ်ဒေသအတွင်းမှ ရက်ပိုင်းအတွင်းမရှိရေးတို့ ဖြစ်သည်။ ထောက်လှမ်းရေး(၂၇)မှ ပြောရာတွင်လက်ရှိဒေသအတွင်းမှာရှိသည့် ကျောင်းသား များကို ၄င်းတို့ လက်တွင်းသို့ အပ်လျင်အပ်၊ မအပ်လျင်၎င်တို့ ကိုယ်တိုင်ဒေသအတွင်းသို့ ဝင်ပြီးတပ်အင်အားဖြင့်ဝင်ရောက်ရှင်းလင်းရလိမ့်မည်ဟု ဖိအားပေး ခဲ့သည်။
ထို့ ကြောင့်-မကဒတအလယ်ပိုင်းအလုပ်အဖွဲ့  ရဲဘော်များသည် သိကျိတ်ရွာတွင် အရေးပေါ်ဆွေးနွေးပွဲပြုလုပ်ပြီး ခရီးထွက်ရန်အလျင်အမြန်ပြင်ဆင်ကြရတော့သည်အချို့ရဲဘော်များမှာဒေသအတွင်း၌တောင်ယာများခုတ်ပြီးစပါး
ရိတ်ရန်အသင့်ဖြစ်နေချေပြီ။ ထိုစပါးများရိတ်သိမ်းခွင့်မရပဲ ခရီးထွက်ရတော့မည်။ အလယ်ပိုင်းဒေသတွင်တိုက်ပွဲ ဝင်ခဲ့သည့်သေနတ်များကိုယခုလိုကယန်းဒေသမှပြန်ထွက်ခွာရာတွင်ကယန်းပြည်သစ်ပါတီကလက်နက်များ၊ ကျည်ဆံများ၊ယူဆောင်သွားခွင့်မရှိဟုသဘောထားထုတ်ပြန်လိုက်ပါသည်။ရဲဘော်များသည်မိမိတို့တိုက်ပွဲဝင် သေနတ်များကိုယူဆောင်သွားချင်သော်လည်းယူဆောင်ခွင့်မရသည့်အပေါ်ဝမ်းနည်းမှုများဖြင့် တိတ်ဆိတ်ငြိမ် သက်စွာဖြင့် ဥက္ကဌငိန်းကယန်းထန်(ဝါ)ဦးရွှေအေးရုံး၌ သေနတ်များအပ်နှံလိုက်ရသည်။ ရဲဘော်အချို့ လူမမြင် သည့်နေရာများတွင် ဝမ်းနည်းဆို့ တဲ့စွာငိုကြွေးနေကြသည်။မကြာမီ-ဖိုးဝိကားအဖြူကြီးကဖင်ထိုး၍ခရီးထွက်ရန် စောင့်နေ၏။ ကျနော်တို့ အားလုံး ကားပေါ်သို့ ကိုယ်စီတက်လိုက်ကြသည်။ကယန်းပြည်သစ်ရဲဘော်အချို့ မှာ ကျနော်တို့ကိုကြည့်၍ဝမ်းနည်းစွာဖြင့်နှုတ်ဆက်ကြသည်။သိကျိတ်ရွာမှဤအကြောင်းသိပြီးသားရွာသားအချို့  ဒေသထွက်ခေါင်ကျရည်ပုလင်းများလက်ဆောင်ပေးလာကြသည်။ ညနေနေဝင်စအချိန်။သိကျိတ်ရွာမှကား ထွက်စပြုပြီ။ ဖိနပ်မပါပဲမျက်ရည်သုတ်ပြီးပြေးလိုက်လာသောရဲဘော်ကြီးတင်ဝင်းအသံက-ညီလေးရေ-သွားနှင့်ဦးကွာ၊တို့ ရှစ်လေးလုံးညီအစ်ကိုတတွေ၊တစ်နေ့ ပြန်ဆုံကြဘို့ ဆုတောင်းကွာ-ဟုငိုသံကြီး နှင့်နှုတ်ဆက် ဝမ်းနည်းသံ-ကြားနေမိ။လမ်းတလျှောက်၌တောစံပယ်ပန်းအရိုင်းနံ့ များ၊ညမွှေးပန်းရနံ့ များ၊နှင်းခိုးမြူမှုံတွေပတ် လည်ဝိုင်ထားသည့်တောင်တန်းတွေကိုနဂါးကြီးတစ်ကောင်ကပါတ်ခွေထားသည့်အလား--ယနေ့ အထိ ထိုမြင်ကွင်းတွေကကျနော့်မျက်ဝန်းအိမ်ထဲကထွက်မသွားသေးပါ။
ကျည်ဝေဖြိုး
ဆက်လက်ရေးသားပါဦးမည်။

Tuesday, June 1, 2010

နှင်းဆီရောင်တော်လှန်ရေး ရုပ်ပုံးလွှာ အပိုင်း(၁၂)

                                                ကျွန်းတောကုန်းရွာ။
ထိုရွာလေးမှာ အထူးဒေသတောင်ခြေအစပ်တွင်တည်ရှိသည်။အောက်ကွင်းမှ ဈေးရောင်း၊ ဈေးဝယ်များရောက်တတ်သည်။သတင်းထူးကြားရ၍ထိုရွာလေးတွင်ခေတ္တနားကြမည်။ရွာသားအချို့ ကျနော်
တို့ကိုတွေ့သောအခါ-မြို့ ပေါ်ရောက်သွားရင် ကျနော်တို့ ကို မမေ့နဲ့ နော်။-ဆရာတို့အခုလာတာ လိပ်သိုကိုသွားမလို့ လား-ဟိုမှာဗိုလ်အားဒီတို့ ရောက်နေပြီ။ကျနော်တို့ကိုမှာလိုက်တယ်-
--ဗိုလ်ဒိုးဒိုတို့အဖွဲ့ နိုဝင်ဘာ(၂)ရက်နေ့နောက်ဆုံးထားပြီးသူတို့နဲ့လာရောက်ပူးပေါင်းပါတဲ့-။
သွားကုန်ပြီ။ကြားဒေသမှကေအန်ယူတပ်ခွဲမှုးဗိုလ်အားဒီ၊ဗိုလ်ကွယ်မှုး၊သန်းမြင့်၊ကျော်ဝေတို့တပ်ခွဲတခွဲလုံး ရန်သူတပ်ဆွဲထားသည့်လိပ်သိုလ်စခန်းတွင် လက်နက်ချအညံ့ ခံကြပြီတဲ့။ရေဒီယိုမှကြားလိုက်တော့ ဒီသတင်းပိုမှန်သွားသည်။ရန်သူနိုင်အောင်ထွန်းနှင့်စစ်တိုင်းမှုးတို့ကလိပ်သိုလ်တွင်ကြိုဆိုရေးစခန်းများဖွင့်ပြီး ခမ်းနားကြီးကျယ်စွာကျင်းပကြတယ်လို့သတင်းကြားရသည်။ရန်သူ၏မာယာပရိရာယ်ထဲဗိုလ်အားဒီတို့ရောက် သွားကြပြီ။လက်ရှိကျန်ရှိနေသည့်မကဒတအလုပ်အဖွဲ့ နှင့်ကေအန်ယူအဖွဲ့တွေကို ခရစ်ယာန်ဘာသာရေး လူကြီးများ၊ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဖွဲ့ပေးပြီး ကျနော်တို့ထံလူများနှင့်တဖုံ၊စာများနှင့်တကမ်း၊ လာရောက်စည်းရုံးကြသည်။ မကြာခင်မှာပဲအညံ့ခံသွားသည့်အဖွဲ့ကို ရန်သူမှ-လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်သည့်အဖွဲ့-လို့အမည်တပ်ပြီးလူထုကိုလိမ်ညာဝါဒဖြန့် ကြသည်။ လူထုမှာနှစ်ဘက်ပေါ်လစီအပေါ် ယုံမှားသံဿယများဖြစ်လာခဲ့သည်။
၁၉၉၇ခုနှစ်၊နိုဝင်ဘာ(၁)ရက်နေ့ တွင်န၀တမှ-နအဖ-ဆိုပြီး ပြင်ဆင်နာမည်တပ်လိုက်ကြသည်။ကျနော်တို့ မှာ လက်ရှိဒေသတွင်လက်ရှိအင်အားဖြင့်အခြေခံဒေသတွင်ဆက်လက်ရပ်တည်ရန်အခက်အခဲရှိလာသည်။ ကျနော်တို့ နောက်ကျောမှကယန်းလက်နက်ကိုင်အဖွဲ့ မှာလည်း ရန်သူနှင့်တွဲပြီးယခုအထူးဒေသမြောက်ဘက် ကိုဒစ်ရွာမှစ၍ နယ်မြေရှင်းလင်ရန်အစီအစဉ်ရှိသည်ဟုသတင်းအခိုင်အမာရထားသည်။ကျနော်တို့ရပ်တည်နေ သည့်ဒေသကိုအညံ့ခံသွားသည့်အဖွဲ့ မှသူတို့လူမျိုးဒေသဖြစ်သည့်အတွက်အုပ်ချုပ်ရေးကိုသူတို့ပဲကိုင်တွယ်မည်။ ထို့ကြောင့်အုပ်ချုပ်ရေးမကိုင်မှီအချိန်အတောအတွင်းကျန်ရှိနေသည့်ကျနော်တို့နှင့်ကေအန်ယူအဖွဲ့တို့အား အထူး ဒေသမှထွက်ခွာသွားဖို့စာထုတ်လာသည်။ကျနော်တို့ မှတပ်ဖွဲ့ အတွင်း မဟာမိတ်အတွင်းသဘောတူညီမှုကို ဆွေးနွေးပွဲတွင် ညှိနှိုင်းပြီး လက်ရှိဒေသ၌ ရပ်တည်လို့ ရသ၍ ရပ်တည်မည်ဟု သဘောတူဆုံးဖြတ်ချက် ချခဲ့ကြ သည်။ထို့ကြောင့်(၂)ဖွဲ့ မှရဲဘော်များကိုတစ်ဖွဲ့တည်းပေါင်းပြီးတောင်ဘက်၊မြောက်ဘက်အဖွဲ့နှစ်ဖွဲ့ခွဲ၍ ဆက်လက် လှုပ်ရှားကြမည်။မြောက်ဘက် သစ်တောကြိုးဝိုင်း၌ ကယန်းလက်နက်ကိုင်အဖွဲ့တဖွဲ့သစ်တွေခိုးထုတ်နေသည်ဟု ကေအန်ယူမိုင်းဆရာကိုကြီးမှပြော၏။ထိုသစ်တောမှာကေအန်ယူနယ်မြေထဲမှသစ်များဖြစ်သည့်အတွက်ကြောင့် သစ်များဆက်လက်ထုတ်ယူဘို့ မလုပ်ရန် ဦးကိုကြီးမှကယန်းလက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူများထံစာပို့သည်။ စာပို့ ပြီးနောက်ရက်အနည်းငယ်အတွင်းထိုသစ်တောအတွင်းမှမိုင်းကွဲသံကြားရသည်။သတင်းကိုအသေအချာ လိုက်ကြည့်တော့ ကယန်းပြည်သစ်အတွင်းရေးမှုး ဗိုလ်အိုက်ဒေါင်းမှာ မိုင်းထိ၍ ခြေတဘက်ဖြတ်ပစ် လိုက်ရ ကြောင်းသိရ၍စိတ်မကောင်းများစွာဖြစ်မိသည်။နောက်ပိုင်းကေအန်ယူနှင့်ကယန်းပြည်သစ်မှာစေ့စပ်၍ မရပဲ နှစ်ဘက်တင်းမာမှုများဆက်ရှိလာခဲ့သည်။
အုပ်ချုပ်ရေးရွာအများစုမှာစည်းရုံးရေးနှစ်ခုဖြစ်နေ၍မည်သည့်အဖွဲ့ ဘက်လိုက်ရမှန်းမသိဖြစ်နေချိန်။ ယခင်လို ပုံမှန်အတိုင်းရွာများတွင်ဆတ်သားရှိမှုမလုပ်တော့။လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်သည့်အဖွဲ့များမှလည်းရန် သူနှင့်ပူးပေါင်းပြီးလက်ရှိဒေသကိုနိုဝင်ဘာ၊ဒီဇင်ဘာ၊နှစ်ကုန်ပိုင်းအပြီးထိုးစစ်ပြုလုပ်မည်ဟုလည်းကောင်း၊ ထိုးစစ် မပြုလုပ်မှီအချေိန်အတောအတွင်းဥပဒေဘောင်းအတွင်းသို့ကျန်ရှိနေသည့်ကေအန်ယူနှင့်မကဒတအဖွဲ့များအ ချိန်မှီလာရောက်လက်နက်ချရန်အမျိုးမျိုးဝါဒဖြန့်လာသည်။သို့သော်ကျန်ရှိနေသောနှစ်ဖွဲ့၏သဘောထားမှာ လက်နက်မချရေး၊လက်ရှိဒေသမှာအင်အားရှိသလောက်ဖြင့်ဒေသပြန်လည်တည်ဆောက်ရေးကို အခိုင်အမာ လုပ်ဆောင်မည်ဟုဆုံးဖြတ်ထားကြသည်။အချို့ ရဲဘော်များမှာစိတ်ဓါတ်ပိုင်းဆိုင်ရာခံနိုင်ရည်မရှိပဲ ရန်သူ၏ဝါဒ ဖြန့်မှုအပေါ်ယိမ်းယိုင်သလိုဖြစ်နေ၏။ ဖြစ်လည်းဖြစ်ချင်စရာ။စစ်ရေးအရထောက်ပံ့ရေးအရ၊ ဆက်သွယ်ရေး လမ်းကြောင်းများပိတ်ဆို့ထားမှုရှိနေသည်မှာငြင်းဖွယ်ရာမရှိပေ။သို့သော်ပုံမှန်လှုပ်ရှားမှုအတိုင်းကျေးရွာများကို အုပ်ချုပ်ရေးပြန်လည်ချမှတ်လုပ်ဆောင်နေချိန်၌ရန်သူနှင့်ဖောက်ပြန်ရေးအဖွဲ့ များပူးပေါင်းပြီးတော်လှန်အဖွဲ့ အစည်းများစခန်းချရာနေရာများသို့စစ်ကြောင်းများဖြင့်လာရောက်ပစ်ခတ်တတ်သည်။
မြောက်ဘက်သာမိတိုက်အုပ်စု၊သစ်အယ်တောင်နှင့်ဗုံတောင်အကြား၌မကဒတအလုပ်အဖွဲ့တစ်ဖွဲ့စခန်းချသည့် နေရာအားရန်သူမှသတင်းရ၍ -၁၂၊ ၃၊ ၉၇နေ့ညနေကတည်းမှစစ်ကြောင်း(၂)ကြောင်းဖြင့်ခလရ(၂၃၂)၊ စစ် ကြောင်းမှုးနိုင်အောင်ထွန်းဦးစီးပြီး-၁၃၊ ၃၊ ၉၇နေ့ နံနက်စောစောပိုင်းတွင်တိုက်ပွဲဖြစ်ကြ၍မကဒတမှ ရဲဘော်ဒွန်း နှင့်ရဲဘော်တုတ်ကြီးတို့ကျဆုံးခဲ့သည်။မဟာမိတ်ကေအန်ယူကာကွယ်ရေးရဲဘော်ဖက်ရွက်ကိုလည်း(၂၃၁)စစ် ကြောင်းမှရက်ရက်စက်စက်သတ်သွားခဲ့ကြသည်။ရဲဘော်တုတ်ကြီးကိုဖောက်ပြန်ရေးအဖွဲ့နှင့်ရန်သူပေါင်းပြီး လက်ရဖမ်းမိသွားကြသည်။ရန်သူမှရဲဘော်တုတ်ကြီးအား-မင်းတို့ စခန်းဘယ်မှာလဲ၊လက်နက်တွေထားတဲ့ပုန်းတဲ ဘယ်မှာလဲ-စသဖြင့်မေးမြန်းရာ ရဲဘော်တုတ်ကြီးမှဘာတစ်ခွန်း မျှပြန်လည်ဖြေကြားမှုမလုပ်ပဲသူက-မင်းတို့ ငါ့ကိုဖမ်းမိပြီပဲဘာမှဖြေစရာမရှိဘူး-ငါ့ကိုသတ်လိုက်-ဟုတုံ့ပြန်ခဲ့သည်။ရန်သူ့ ခလရ(၂၃၂)မှတပ်ကြပ်ကြီး တစ်ဦးမှကွမ်းသီးလှီးသည့်ဓါးဖြင့် ရဲဘော်တုတ်ကြီးအားလက်ပြန်ကြိုးတုတ်၍အရှင်လတ်လတ်လည်ပင်းကို လှီး၍မသေမချင်းသတ်ဖြတ်သွားခဲ့ကြသည်။ ရဲဘော်တုတ်ကြီးအလောင်းကို ကျွန်းတောကုန်းနှင့်မဏပ်တောင် အကြားလမ်းမကြီးဘေးညောင်ဝါပင်ခြေရင်း၌မြုတ်ခဲ့ကြောင်းသိရသည်။
ထိုအချိန်ရဲဘော်တုတ်ကြီးအားအရှင်ဖမ်းမိသွား၍ကျနော်တို့အလုပ်အဖွဲ့မှရဲဘော်များမှာရဲဘော်တုတ်ကြီးကိုရန် သူ့လက်တွင်းမှကယ်ထုတ်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်းအချည်းအနှီးသာဖြစ်ခဲ့ရသည်။မိုင်းကွင်းတွေဖြတ်၊ ရန်သူလာနိုင်သည့်လမ်းတွေကိုဖြတ်စောင့်သော်လည်းရန်သူကမလာ။နောက်ဆုံး၌ရဲဘော်တုတ်ကြီးရန်သူကို ခေါင်းမာစွာတုန့်ပြန်ပြီးနောက်ဆုံးအကြိမ်အထိအသက်အသေခံသွားသည်ဟုသတင်းကြားရတော့မှလက်လျှော့ လိုက်ရတော့သည်။ရဲဘော်တိုင်း၏စိတ်ထဲတွင်ရဲဘော်တုတ်ကြီး၏စိတ်ဓါတ်နှင့်သတ္တိကို တသသလေးစားလွမ်း ဆွတ်ရင်းဂုဏ်ပြုချီးကျူးမှုဖြင့်သာကျန်ရစ်နေခဲ့သည်။(၁၉၉၇ခုနှစ်၊ မတ်လ(၁၃)ရက်၊ဖုန်းမော်နေ့တွင်ကျ ဆုံးသည်။)
ကျည်ဝေဖြိုး
ဆက်လက်ရေးသာပါဦးမည်။