Wednesday, February 23, 2011

ဓါးတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည်။(မြသန်းတင့်)။

ဓါးတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည်။(မြသန်းတင့်)။                                                                   

မနောမြေမှသင့်ကိုအလိုရှိသည်။


To protect our Land (Kachin Revolution Song)
Uploaded by thadarmay. - Watch the latest news videos.

နရသိမ်အကျဉ်းထောင်ထဲက-သူပုန်အကျဉ်းသားဗမော်တင်အောင်(ဒဂုန်တာရာ)။

နရသိမ်အကျဉ်းထောင်ထဲက-သူပုန်အကျဉ်းသားဗမော်တင်အောင်။(ဒဂုန်တာရာ)။                                                            

၁၉၉၀-ခုနှစ်။ရွေးကောက်ပွဲမှတ်တမ်း။

၁၉၉၀-ခုနှစ်။ရွေးကောက်ပွဲမှတ်တမ်း။                                                                   

Thursday, February 17, 2011

karen fighting Mae Ta Wan

Mae Ta wan fighting

Border Guard Force Rejections

DKBA Battle

စုပေါင်းကာကွယ်ရန် လက်နက်ကိုင် ၁၂ ဖွဲ့ ကောင်စီဖွဲ့။

စုပေါင်းကာကွယ်ရန် လက်နက်ကိုင် ၁၂ ဖွဲ့ ကောင်စီဖွဲ့။
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၇ ရက် ၂၀၁၁ ခုနှစ် ။

စစ်အစိုးရ ဖိအားများကို စုပေါင်းကာကွယ်ရန်အတွက် အပစ်ရပ်နှင့် အပစ်မရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ပါဝင်သည့် “ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ” ကို ဗုဒ္ဓဟူးနေ့တွင် ဖွဲ့စည်းလိုက်သည်။

ယခုလ ၁၂ ရက်မှ ၁၆ ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ် တောတွင်းတနေရာ၌ ကျင်းပခဲ့ပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ် ၅၁ ဦး တက်ရောက်ခဲ့သော ညီလာခံကြီးတွင် စစ်အစိုးရက စစ်ရေး၊ နိုင်ငံရေးအရ ဖိအားပေးလာလျှင် စုပေါင်း၍ ခုခံကာကွယ်နိုင်ရန်အတွက် အင်္ဂလိပ်ဘာသာဖြင့် United Nationalities Federal Council (Union of Burma) အမည်ရ ကောင်စီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

“စစ်အုပ်စုကနေ လွှတ်တော်တွေဖွဲ့၊ နိုင်ငံရေးအရ တိုင်းရင်းသားတွေကို ချေမှုန်းဖို့၊ အင်အားဆုတ်ယုတ်အောင် လုပ်တာ၊ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်တပ်လုပ်ဖို့ ဖိအားပေးရင် တဖွဲ့ထဲ ခုခံနိုင်ဖို့ မလွယ်ဘူး။ ဒါကြောင့် စစ်ရေးအရ လက်နက်ကိုင် အဖွဲ့အစည်းတွေ ပေါင်းပြီးတော့ ညီညီညွတ်ညွတ်နဲ့ ခုခံပြောဆို ကာကွယ်မှ ရပ်တည်နိုင်မယ်ဆိုပြီးတော့ မဖြစ်မနေ ဖွဲ့စည်းလိုက်တဲ့ အခြေအနေမျိုးပါ” ဟု ထိုကောင်စီ၏ တွဲဘက်အတွင်းရေးမှူး ဖြစ်သူ PNLO မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာကပြောသည်။

ကောင်စီကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF ၊ လားဟူ ဒီမိုကရက်တစ်သမဂ္ဂ္ဂ LDU၊ ညီညွတ်သော ရခိုင်အမျိုးသားပါတီ NUPA၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ မွန်ပြည်သစ်ပါတီ NMSP၊ ကချင်အမျိုးသား အစည်းအရုံး KNO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ဝ' အမျိုးသားအဖွဲ့ချုပ် WNO၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD စသည့် အပစ်ရပ်နှင့် အပစ်မရပ်သေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပြင် ပြည်ပအခြေစိုက် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးစုများ ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) UNLD (L/A) ဖြင့် ဖွဲ့စည်းခြင်း ဖြစ်သည်။

၎င်း ၁၂ ဖွဲ့မှ ကိုယ်စားလှယ် ၂၇ ဦး စေလွှတ်ကာ ကောင်စီဝင်များအဖြစ် တာဝန်ယူမည်ဖြစ်ကာ၊ ကျန်ရှိသေးသော အဖွဲ့အစည်းများလည်း ပါဝင်လာနိုင်ရန် ညှိနှိုင်းနေဆဲဖြစ်သည်။

ဥက္ကဋ္ဌအဖြစ် KNU ၏ လက်နက်ကိုင်တပ် KNLA ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပဒိုဆဲဖူး၊ KIO မှ ဒုဗိုလ်ချုပ်ကြီး ဂေါင်ရီဇော်ဆိုင်းက ဒု-ဥက္ကဋ္ဌ ၁ ၊ KNPP ဝါရင့်နိုင်ငံရေးခေါင်းဆောင် ခူးအေဘေတွိ့သ်က ဒုဥက္ကဋ္ဌ ၂ ၊ NMSP မှ နိုင်ဟန်သာက အထွေထွေအတွင်းရေးမှူး၊ PNLO ဗိုလ်မှူးကြီး ခွန်ဥက္ကာက တွဲဘက် အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ပေးခံရသည်။

အနည်းဆုံး ၃ လမှ ၆ လအထိ အချိန်ယူပြီး တိုင်းရင်းသားများ ကိုယ်စားပြုကောင်စီကြီး ပိုမိုကျစ်လစ်ခိုင်မာအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံခြားရေး၊ ပြည်ထဲရေး(ဌာနချုပ်ရုံး)၊ ကာကွယ်ရေး စသည့် ဌာနကြီး ၃ ခုကို စတင်ဖွဲ့စည်းပြီး စစ်ရေးအရ ကာကွယ်ရေးဌာန တခုတည်းထားရှိကာ ခုခံကာကွယ်ရေး ပူးပေါင်းဆောင်ရွက်သွားရန် ရှိကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားများသာမက ဗမာလူမျိုး အခြေခံ လူတန်းစားများ ပါဝင်လာနိုင်ရန် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်တရပ် လုပ်ဆောင်မည်ဟုလည်း ဆိုသည်။

သူက “ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသားသက်သက်ပဲ တည်ဆောက်လို့ မရနိုင်ပါဘူး။ လက်ရှိ တိုင်းပြည်က ဗမာလူမျိုးတွေလည်း ပါဝင်နေတဲ့ တိုင်းပြည်ဆိုတော့ ဖက်ဒရယ် ပြည်ထောင်စု လက်တွေ့အောင်မြင်အောင် တည်ဆောက်ချင်ရင် အခြေခံ လူထုလူတန်းစားတွေကို လက်တွဲရမှာပဲ။ ကျနော်တို့က အခြေခံ ဗမာလူမျိုး လူထုလူတန်းစားကိုလည်းပဲ လက်တွဲပြီးတော့ တည်ဆောက်ရေးမှာ ဆက်လုပ်သွားဖို့ လုပ်ငန်းစဉ် တခုဖြစ်ပါတယ်” ဟု သူကပြောသည်။

တိုင်းရင်းသားများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော လက်နက်ကိုင် ၆ ဖွဲ့ပါ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီ CEFU ကို ညီလာခံ နောက်ဆုံးနေ့တွင်တရားဝင်ရုပ်သိမ်းလိုက်သည်။

စစ်အင်အားကြီး ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နှင့် ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSA-N အဖွဲ့များ လက်ရှိ ညီလာခံသို့ တက်ရောက်နိုင်ခြင်း မရှိပေ။

သို့သော် ပြည်သူ့စစ် အသွင်ပြောင်းရေး လက်မခံသော ရှမ်းပြည်မြောက်ပိုင်း တပ်မတော်၏ တပ်မဟာ ၁ ဦးစီးချုပ် ဗိုလ်ချုပ်ပန်ဖ ဦးဆောင်သော ရှမ်းပြည်တိုးတက်ရေးပါတီ Shan State Progress Party-SSPP အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

၁၉၇၁ ခုနှစ်ကတည်းက ရှမ်းပြည်မြောက်ပိုင်းတပ်မတော်က ရှမ်းပြည်တိုးတက်ရေးပါတီကို ဖွဲ့စည်းခဲ့ကာ ၁၉၈၉ စက်တင်ဘာတွင် ဗိုလ်ချုပ်ဆေထင် ဦးဆောင်သည့် SSA-N က စစ်အစိုးရနှင့် အပစ်ရပ်ခဲ့ပြီးနောက် ယခု ပြန်လည်ဖွဲ့စည်းခြင်း ဖြစ်သည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တော်လှန်နေသော တိုင်းရင်းသားငြိမ်းအဖွဲ့များ၏ လက်နက်ကိုင်တပ်များကို တပ်မတော်အောက် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းရေးကို စစ်အစိုးရက ဖိအားပေးနေသော်လည်း UWSA၊ KIO၊ NMSP၊ SSA-N၊ မိုင်းလား ခေါ် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ NDAA တို့က ငြင်းဆန်နေဆဲ ဖြစ်သည်။

ထို့ကြောင့် ပြီးခဲ့သည့်နှစ် မေလတွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေးနေချိန် စစ်အစိုးရက တိုင်းရင်းသားအဖွဲ့တခုခုကို တိုက်ခိုက်လာပါက ပြန်လည်ပူးပေါင်းတိုက်ခိုက်ရန် ထိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ စစ်ရေး၊ နိုင်ငံရေးအတွက် မဟာမိတ်ဖွဲ့ရန် သဘောတူခဲ့ကြသေးသည်။

မြန်မာစစ်အုပ်စုအာဏာပိုင်သတင်းစာက၀မ်းနည်းစွာနဲ့အဆုံးသတ်သွား မယ်လို့ပြောဆိုလိုက်တာဟာဒေါ်အောင်ဆန်းစုကြည်ကိုသတ်ပစ်မယ်လို့ ကြုံဝါးလိုက်တာပဲ။

မြန်မာစစ်အုပ်စုအာဏာပိုင်သတင်းစာက၀မ်းနည်းစွာနဲ့အဆုံးသတ်သွား မယ်လို့ပြောဆိုလိုက်တာဟာဒေါ်အောင်ဆန်းစုကြည်ကိုသတ်ပ...                                                                   

Monday, February 14, 2011

Myanmar8888(Bat--e of ssa&spdc -2)

Myanmar8888(Bat--e of ssa&spdc -4)

Myanmar8888(Bat--e of ssa&spdc -3)

ရဲဘော်မဲလေး(ခ) ညွန့်ဝင်း၏ နောက်ဆုံး ခရီးစဉ် ။

ဲဘော်မဲလေး(ခ) ညွန့်ဝင်း၏ နောက်ဆုံး ခရီးစဉ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး
ကျောင်းသားတပ်မတော်
အမှတ်(၂ဝ၇)တပ်ရင်း
မှကိုယ်ပိုင်အမှတ် (၃၈၆၉) တပ်ကြပ်နှင့်-ယာယီတပ်စုတပ်ကြပ်ကြီးဟောင်း ရဲဘော်ညွှန့်ဝင်း၏ တော်လှန်ရေးရာဇဝင်အကျဉ်း။
ရဲဘော်ညွှန့်ဝင်းသည်-
          ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးတောင်းဆိုတိုက်ပွဲတွင် ဆန္ဒပြသူတစ်ဦးအဖြစ် ပါဝင် ဆင်နွှဲခဲ့သည်။ စစ်တပ်မှ အာဏ...ာသိမ်းပြီးနောက် မပြီးဆုံးသေးသော ဒီမိုကရေစီရရှိရေးတိုက်ပွဲအား ဆက်လက်ဆင်နွှဲရန်အတွက်  ၁၉၈၉ ခုနှစ်တွင် နယ်စပ်သို့ထွက်ခွာခဲ့ပြီး ကျောင်းသားတပ်မတော် အမှတ်(၂၀၇) တပ်ရင်းသို့ တပ်သားအဖြစ် ဝင်ရောက်ကာ တာဝန်ထမ်းဆောင်ခဲ့သည်။
          သူသည် အသက်ငယ်ရွယ်သေးသူဖြစ်သော်လည်း ခိုင်မာသောစိတ်ဓါတ် ယုံကြည်ချက်တို့ဖြင့် တိုက်ပွဲဝင်ရင်း တပ်ကြပ်နှင့် ယာယီတပ်စုတပ်ကြပ်ကြီးအဖြစ် စစ်မြေပြင်၌ပင် ခန့်အပ်ခြင်းခံခဲ့ရသည်။
          သူသည်        - ထိုးစစ်တိုက်ပွဲ
                             - စခန်းသိမ်းတိုက်ပွဲ
                             - ခံစစ်တိုက်ပွဲ
                             - ခွာစစ်တိုက်ပွဲ
- ပျောက်ကျားစစ်တိုက်ပွဲတို့ကိုဆင်နွှဲခဲ့ပြီးအထူးသဖြင့်ကမ္ဘာကျော်တိုက်ပွဲစာရင်းဝင်သည့်ဝမ်ခတိုက်ပွဲ(ဝမ်ခဟောင်း - ဝမ်ခသစ်) ထွီးပါးဝီကြိုးတိုက်ပွဲ (ခွေးအိပ်တောင်) တို့ကိုပါ(နှစ်ပတ်လည်တိုက်ပွဲများ)ဆင်နွှဲခဲ့သည်။
ထိုတိုက်ပွဲများတွင် မျက်စေ့ကို ယမ်းငွေ့ရိုက်မိခြင်းနှင့်၊ ရန်သူ့လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ရင်ဘတ်ကို ရိုက်ခတ်မိသော ဒဏ်ရာဖြင့် ၁၉၉၅/၉၆ ခုနှစ်တွင် တပ်မှ အနားယူခဲ့ရသည်။
 ယ္ခုအခါ သူသည် ဦးနှောက်သွေးကြောပြတ်ရောဂါဖြင့် အုန်းဖျံဆေးရုံ၌ပင်( 12 ၊ 2 ၊ 2011) ရက်နေ့၌ ကျဆုံးခဲ့သည်။
ကျဆုံးချိန်၌-
                   ဇနီး           - မငယ်(ခ)ခိုင်ခိုင်ဝင်း
                   သားကြီး      - မောင်အောင်ဖြိုးဇင် သားငယ်များ(အမွှာ)  - မောင်ဇင်မင်းနိုင် နှင့် မောင်ဇင်မင်းထက် တို့ကျန်ရစ်ခဲ့ရှာသည်။
ထို့အပြင်-သူချစ်သော ဒီမိုကရေစီရရှိရေးအတွက် လက်တွဲတိုက်ပွဲဝင်ခဲ့ကြသည့် တိုက်ဖော်တိုက်ဖက် သေဖော်သေဘက် ရဲဘော်များအားလည်း ချန်ရစ်ခဲ့ရှာသည်။
သို့သော်- သူကိုယ်ပိုင်အမှတ် ၃၈၆၉ -တပ်ကြပ်နှင့်ယာယီတပ်စုတပ်ကြပ်ကြီးဟောင်း ညွှန့်ဝင်း(ခ)မဲလေးသည် လူသေသော်လည်း ဘယ်သောအခါမှ နာမည်နှင့် သမိုင်းမသေသော ဒီမိုကရေစီရဲဘော်ကြီးတစ်ဦးအဖြစ် သမိုင်းတွင် တွင်ကျန်ရစ်ခဲ့သည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။
ရဲဘော်ညွှန့်ဝင်း(ခ)မဲလေး
`ကောင်းရာသုဂတိလားပါစေ’
 ကျန်ရစ်သော မိသားစုနှင့် ရဲဘော်ရဲဘက်များ           
ရက်စွဲ 2011 ခုနှစ် ၊ဖေဖော်ဝါရီလ၊(  ၁၄ )ရက်။

Friday, February 11, 2011

(၆၅)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်။


12 February (1947), Union Day celebrates the signing of the Panglong Agreement and the creation of the Union of Burma. General Aung San was able to convince some of the Shan Saophas, Kachin Duwars and the Chin leaders and finally succeeded in concluding an agreement with ethnic minorities for a unified Burma at the Panglong Conference on February 12, celebrated since as ‘Union Day’. The Karen sent only 4 observers. The Arakanese and the Mons were considered as part of the Burmese tribe having being subdued since the Burmese kings and were not consulted; the Karenni was an independent state and not invited. A new democratic and federal constitution was drafted that safeguarded basic civil liberties and the rights of the citizen.
Panglong Spirit: Liberty, Equality, Autonomy, and Federal Union (LEAF).
There were 23 signatories in all expressing their willingness to work with the ‘interim Burmese government’ in order to achieve independence speedily, and agreeing in principle the formation of a ‘Union of Burma’. Burman representative: Aung San; Chin representatives: Hlur Hmung, Thawng Za Khup, Kio Mang; Kachin representatives: Sinwa Nawng, Zau Rip, Dinra Tang, Zau La, Zau Lawn, Labang Grong; Shan representatives: Tawnpeng, Yawnghwei, North Hsenwi, Laika, Mong Pawn, Hsamonghkam and representatives of Pawnglawng: Hkun Pung, Tin E, Kya Bu, Sao Yapa Hpa, Htun Myint, Hkun Saw, Hkun Htee.

သူရမြင့်အောင်နေအိမ်အကျယ်ချုပ်ချထားခြင်းသတင်း။

သူရမြင့်အောင်နေအိမ်အကျယ်ချုပ်ချထားခြင်းသတင်း။                                                                   

Thursday, February 10, 2011

စစ်နှင့်နိုင်ငံရေး။

စစ်နှင့်နိုင်ငံရေး။
စစ်ဆိုသည်မှာနိုင်ငံရေး၏အဆက်ဖြစ်သည်။၎င်းအဓိပါယ်အရဆိုလျှင်စစ်ဆိုတာနိုင်ငံရေးပဲဖြစ်ပါတယ်။စစ်ကိုယ်၌ကနိုင်င့ရေးသဘောပါသည့်အပြုအမူဖြစ်သည်။ေ၇ှးခေတ်ကစပြီးနိုင်ငံရေးသဘောမပါသည့်စစ်ရယ်လို့မ၇ှိခဲ့ပါ။ဂျပန်ခုခံရေးစစ်ဟာတမျိုးသားလုံးပါဝင်ဆင်နွှဲသည့်တော်လှန်ရေးစစ်ပွဲဖြစ်သည်။တော်လှန်ရေး၏အောင်ပွဲသည်အုပ်စိုးသူအာဏာ၇ှင်စနစ်ကိုအပြုတ်တိုက်ရေး။လူ့အခွင့်အရေးရရှိရေးဆိုသည့်စစ်၏နိုင်ငံရေးရည်ရွယ်ချက်နှင့်ကင်းလွတ်နိုင်တာမဟုတ်ပါ။တော်လှန်စစ်ကိုဇွဲရှိရှိနှင့်ဆင်နွှဲသွားနိုင်ရေး၊ညီညွတ်ရေးမဟာမိတ်တပ်ပေါင်းစုများကိုစွဲစွဲမြဲမြဲထိမ်းသိမ်းထားနိုင်ရေးဆိုသည့်လမ်းညွှန်ချက်တွေနှင့်(လုံးဝ)ကင်းလွတ်၍မရပါ။တိုင်းသူပြည်သားအားလုံးကိုစိုင်းပြင်းလှုံ့ဆော်မှုနှင့်ဖြိုခွဲမှုအစ၇ှိသည့်နိုင်ငံရေးမူများနှင့်ကင်းလွတ်နိုင်တာမဟုတ်ပါ။ညီညွတ်ရေးတပ်ပေါင်းစုပေါ်လစီကိုကောင်းကောင်းကျင့်သုံးရေးနှင့်ကင်းလွတ်နိုင်တာမဟုတ်ပါ။ထို့ကြောင့်စစ်ပွဲသည်တစက္ကန့်မှနိုင်ငံရေးနှင့်ကင်းလွတ်၍မရပါ။ယဉ်ကျေးမှုရေးရာစိုင်းပြင်းလှုံ့ဆော်မှုနှင့်ကင်းလွတ်၍မရပါ။အာဏာရှင်ကိုခုခံတော်လှန်နေကြသည့်တော်လှန်ရေးသမားများဟာနိုင်ငံရေးကိုအထင်သေးပြီးစစ်ကိုသီးခြားအရာအဖြစ်ထားလျှင်စစ်ဖက်ကအရာကိစ္စတိုင်းမိမိကိုယ်ပိုင်ဆုံးဖြတ် နိုင်သည်လို့ယူဆလျှင်မှားပါလိမ့်မည်။ထို့ကြောင့်ပြုပြင်ပြောင်းလဲပစ်ရမည်။စစ်ဆိုသည်နိုင်ငံရေးကိုထူးခြားသည့်နည်းလမ်းနှင့်ဆက်လက်လှုပ်ရှားတာသာဖြစ်သည်။နိုင်ငံရေးသည်အဆင့်တခုခုအထိတိုးတက်လာပြီးမူလနည်းဖြင့်ရှေ့တိုး၍မသွားနိုင်သည့်အခါနိုင်ငံရေးလမ်းကြောင်းပေါ်ကအတားအဆီးတွေကိုဖယ်ရှားပစ်ဘို့အတွက်စစ်ဖြစ်ရတော့သည်။မြန်မာပြည်၏အခြေအနေသည်စစ်အာဏာရှင်တွေပြည်သူလူထုကိုမတရားဖိနှိပ်နေသည့်အတွက်နိုင်ငံရေးဖွံ့ဖြိုးမှု၊တိုးတက်မှု၊လူ့အခွင့်အရေးအတွက်(လုံးဝ)အတားအဆီးဖြစ်နေသည်။၎င်းအတားအဆီးတွေကိုဖယ်၇ှားပစ်ချင်လို့ တော်လှန်ရေးစစ်ကိုဆင်နွှဲနေခြင်းဖြစ်သည်။ထို့ကြောင့်အထက်ပါအတားအဆီးတွေကိုဖယ်ရှားပစ်ဘို့အတွက်တမျိုးသားလုံးလွတ်မြောက်ဘို့စစ်ပွဲကိုဆင်နွှဲကြရသည်။အာဏာရှင်တွေသည်ယခုအချိန်မှာပြည်သူလူထုကိုလက်နက်နှင့်ခြိမ်းခြောက်ဖိနှိပ်နေသည်။ဒီမိုကရေစီတက်လမ်းမှန်သမျှကိုလုံးလုံးဖြတ်တောက်ကြဘို့လုပ်ဆောင်နေကြသည်။ထို့ကြောင့်မိမိတို့အားလုံးသည်ထိုအတားအဆီးများကိုဖယ်ရှားပစ်ဘို့သံဓိဌာန်ချပြီးနိုင်ငံရေးရည်ရွယ်ချက်အထမြောက်သည်နှင့်စစ်ပွဲတွေလည်းအဆုံးသတ်သွားလိမ့်မည်။သို့ပေမယ့်အတားအဆီးတွေကိုကုန်စင်အောင်ဖယ်ရှင်းမပစ်ရသေးလျှင်တော့ရည်ရွယ်ချက်အထမြောက်သည်အထိတော်လှန်စစ်ကိုဆင်နွှဲနေရဦးမည်ဖြစ်သည်။အဘယ့်ကြောင့်ဆိုသော်အကြောင်းအရာတခုခုကြောင့်အချော့ပေးလိုက်သည့်တိုင်အောင်စစ်၏နိုင်ငံရေးရည်ရွယ်ချက်အထမမြောက်မခြင်းတော်လှန်စစ်ဆင်နွှဲသွားရမည်ဖြစ်သည်။ထို့ကြောင့်နိုင်ငံရေးသည်သွေးမထွက်သည့်စစ်ဖြစ်ပြီးစစ်သည်သွေးထွက်သည့်နိုင်ငံရေးဖြစ်သည်ဟုအတိအကျဆိုရပေလိမ့်မည်။
နိုင်ငံရေးလှုံ့ဆော်မှုဆိုတာဘာလဲ?။
ပထမအချက်အနေဖြင့်စစ်၏နိုင်ငံရေးရည်ရွယ်ချက်နှင့်ပတ်သက်ပြီးတော်လှန်ရေးသမားတိုင်း၊ပြည်သူပြည်သားတိုင်းကိုဘာ့ကြောင့်တော်လှန်သည်၊တော်လှန်စစ်နှင့်သူတို့ဘယ်လိုသက်ဆိုင်သည်ဆိုသည်ကိုနားလည်စေရမည်။တော်လှန်ရေးစစ်၏နိုင်ငံရေးရည်ရွယ်ချက်သည်စစ်အာဏာရှင်ကိုတိုက်ထုတ်ရေး၊လွတ်လပ်သည့်တန်းတူရည်တူအခွင့်အရေးနှင့်ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်တည်ဆောက်ရေးဖြစ်သည်။ထိုရည်ရွယ်ချက်ကိုတော်လှန်ရေးသမားများနှင့်ပြည်သူပြည်သားအပေါင်းတို့ကိုစည်း၇ုံးဆွေးနွေးမှသာအာဏာ၇ှင်ကိုတော်လှန်အုံကြွမှုကြီးပေါ်ပေါက်လာပြီးများစွာသောလူထုကြီးသည်လည်းတစိတ်တ၀မ်းတည်းတော်လှန်ရေးအတွက်ရှိသမျှကိုပေးလှူကြလိမ့်မည်။ဒုတိယအနေဖြင့်ပြောရလျှင်ရည်ရွယ်ချက်ကိုရှင်းပြရုံနှင့်မလုံလောက်သေးဘူး။ထိုရည်ရွယ်ချက်အောင်မြင်ရေးအတွက်ခြေလှမ်းတွေနှင့်ပေါ်လစီများကိုလည်းရှင်းပြရဦးမည်။ဆိုလိုတာကနိုင်ငံရေးလုပ်ငန်းစဉ်တရပ်ရှိဘို့လိုသည်။
တန်ပြန်ထိုးစစ်ကိုအဆင့်သို့မိမိတို့ကူးပြောင်းနိုင်သောအချက်များမှာ-
(၁)။တော်လှန်ရေးကိုစိတ်အားထက်သန်စွာကူညီသောပြည်သူလူထု။
(၂)။စစ်တိုက်ရန်အတွက်အကျိုး၇ှိသောနေရာ။
(၃)။မိမိ၏အဓိကတပ်များအားလုံးစုရုံးနေခြင်း။
(၄)။ရန်သူ၏ပျော့ကွက်ကိုတွေ့၇ှိခြင်း။
(၅)။ရန်သူကိုခြေကုန်လက်ပန်းကျပြီးစိတ်ဓါတ်ပျက်ပြားအောင်လုပ်ခြင်း။
(၆)။ရန်သူကိုအမှားမှားအယွင်းယွင်းဖြစ်အောင်လုပ်ခြင်းတို့ဖြစ်သည်။

ထူးအံ့။

Monday, February 7, 2011

နအဖ စစ်သား သေဆုံး/ဒဏ်ရာနှင့် အခြားအချက်အလက်များ ။

နအဖ စစ်သား သေဆုံး/ဒဏ်ရာနှင့် အခြားအချက်အလက်များ 

(၇၊ ၁၁၊ ၂၀၁၀ မှ ၃၁၊ ၁၊ ၂၀၁၁)

၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့ (နအဖ ရွေးကောက်ပွဲလုပ်တဲ့နေ့) ကနေ ၂၀၁၁ ခုနှစ် ဇန်နဝါရီလကုန်အထိ နအဖ စစ်တပ်နဲ့ ဒီမိုကရေစီ အင်အားစုများရဲ့ တိုက်ပွဲစစ်တမ်းပါ။နအဖ စစ်သား ထိခိုက် သေဆုံး၊ ဒဏ်ရာ၊ တိုက်ပွဲအရေအတွက်- တိုက်ပွဲအကြိမ်ရေ ၈၅ ကြိမ်ကျော်
- နအဖ စစ်သား သေဆုံး ၂၄၄
- နအဖ စစ်သား ဒဏ်ရာရ ၃၈၉
- ဗိုလ်မှူးအဆင့်အရာရှိများ သေဆုံး/ဒဏ်ရာရထဲပါဝင်

ပါဝင်တိုက်ခိုက်နေသည့် နအဖ တပ်ရင်း၊ တပ်မများ- တပ်မ ၂၂၊ စကခ (၈)၊ တပ်မ ၆၆၊ စကခ (၁၈)၊ စကခ (၅)၊ စကခ (၉)၊ စကခ (၁၂)၊ စကခ (၁၉)
နအဖ တပ်များ၏ တိုက်ပွဲပုံစံနှင့်အခြေအနေ- လက်နက်ကြီးအဓိကထား
- တက်-ကျ-ဆုတ် ဗျူဟာ ကျင့်သုံး (လူသူအလုံးအရင်းနဲ့ တက်တိုက်လိုက် အကျအဆုံးများလို့ ပြန်ဆုတ်ပြေးလိုက်)
- ထိုင်းအစိုးရဆီက အကူအညီတွေ တောင်းခံနေ (ဒီမိုအင်အားစုတွေကို ထိုင်းကတဆင့် တင်းကြပ်မှုတွေလုပ်ဖို့၊ ပိတ်ဆို့မှုတွေလုပ်ဖို့၊ ထိုင်းနယ်မြေထဲက ပတ်ဝင်ပြီး နောက်ကျောကနေ လှည့်တိုက်ဖို့)
- အင်းစိန်၊ မော်လမြိုင်၊ ဘားအံတောင်ကလေး ထောင်အသီးသီးက အကျဉ်းသားပေါ်တာတွေကို စစ်ပွဲမှာ အသုံးပြုနေ (လူသားမိုင်းရှင်းကိရိယာ၊ အထမ်းသမားပေါ်တာ)
- ခလေးစစ်သားတွေ အမြောက်အများ အသုံးပြု
- စစ်သားများ ရိက္ခာလစာ မလုံလောက်
- တပ်ပြေး စစ်သားအရည်အတွက် များသထက်များ
- ရိက္ခာပို့လည်း အတိုက်ခံရ၊ စစ်ကြောင်းချီလည်း အတိုက်ခံရ၊ စစ်ကြောင်းနားလည်း အတိုက်ခံရ၊ ရှေ့ကလည်း အတိုက်ခံရ၊ နောက်ပိုင်းကလည်း အတိုက်ခံရ၊ ဘေးနှစ်ဘက်က ၀ိုင်းတိုက်ခိုက်မှုခံရ ဖြစ်နေ
- စစ်သားများ စိတ်ဓာတ်ကျဆင်း
- မိမိလူ ထိခိုက်/ကျဆုံးအလေးအနက်မထား
- လူထုထောက်ခံမှုမရ (ရွာသားတွေကို နှိပ်စက်သတ်ဖြတ်၊ ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ပစ်ခတ်၊ ဆေးခန်း အပါအ၀င် ဈေးဆိုင်အစ တဲအိမ် အဆုံး အကုန်လုံးကို မီးရှို့ဖျက်ဆီးနေ)
- ဝေါလေဒေသတွင် မုဒိမ်းမှုကျူးလွန်ခဲ့ကရင်ပြည်နယ်တွင်း တိုက်ပွဲဝင်နေတဲ့ ဒီမိုကရေစီအင်အားစုများ

- DKBA
- KNU
- ABSDF (ကျောင်းသားတပ်မတော်)စစ်ပြေးဒုက္ခသည် အခြေအနေနှင့် ကူညီစောင့်ရှောက်မှု

- နအဖ ထိုးစစ်ကြောင့် ၃၀၀၀ ကျော် နယ်စစ်ဒေသတွင် ထွက်ပြေး တိန်းရှောင်နေရ
- နအဖ ထိုးစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ပြေးဒုက္ခသည် ရွာသူရွာသားများအတွက် လိုအပ်သည့် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ဆေး ၀ါးကုသမှုများကို နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေး လုပ်သားများအဖွဲ့(BPHWT)နှင့် ကရင် လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ ကူ ညီပေးလျှက်ရှိသည်။

ဒီမိုကရေစီ အင်အားစုများ၏ တိုက်ပွဲပုံစံနှင့် အခြေအနေ

လှုပ်ရှားစစ်အခြေပြုထားသည့်
- ရင်ဆိုင်တိုက်ပွဲ
- ပြောက်ကျားတိုက်ပွဲ
- မိုင်း တိုက်ပွဲတွေ
- နယ်စပ်စစ်ပွဲကို မြို့ပြစစ်ပွဲဖြစ်လာအောင် ကျိုးပမ်းလျက်ရှိ
- စိတ်ဓာတ်ရေးရာ အမြင့်မားဆုံးမှာရှိ
- ကမ္ဘာတ၀ှမ်းက မျိုးချစ်မြန်မာများ၏ စိတ်ပိုင်း/ရုပ်ပိုင်းထောက်ခံမှု အပြည့်အ၀ရရှိထား

ကိုးကား။ ။ သားဆွေအီးမေးလ်၊ အင်တာနက်သတင်းများ၊ ထပ်မံဖြည့်စွက်ချက်များ ရှိပါက ဆုံဆည်းရာ အီးမေးလ်ကို ပို့ပေးနိုင်ပါတယ်။

ကချင်တပ်နှင့် စစ်အစိုးရတပ် တိုက်ပွဲဖြစ်။

ကချင်တပ်နှင့် စစ်အစိုးရတပ် တိုက်ပွဲဖြစ်



ချင်းမိုင် (မဇ္စျိမ) ။      ။ အပစ်ရပ် ပျက်ပြားပြီးနောက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် စစ်အစိုးရတပ်အကြား ပထမဆုံးတိုက်ပွဲ ယနေ့မနက် ဖြစ်ပွားခဲ့ရာ ဗဟိုအစိုးရတပ် တပ်ရင်းမှူး အပါအဝင် ၈ ဦး ဒဏ်ရာရခဲ့သည်ဟု KIO က ပြောသည်။

ကချင်ပြည်နယ် ဗန်းမော်မြို့ အနောက်မြောက်ဘက် မန်စီမြို့နယ်အတွင်း ခလရ ခြေလျင်တပ်ရင်း ၁၅ နှင့် KIO တပ်ရင်း ၂၇ အကြား မိနစ် ၂ဝ ခန့်ကြာ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“တိုက်ပွဲတော့ ဖြစ်နေပြီ။... ဒီမနက် ဖြစ်တာ။ ၁ဝ
kio1
စစ်ဖြစ်လာနိုင်သော စိုးရိမ်ချက်ဖြင့် စစ်ရေးပြင်ဆင်မှုများ ကေအိုင်အေက ပြုလုပ်နေခဲ့သည်
နာရီလောက်က ဖြစ်တာ။ ဗန်းမော်အနားမှာ ဟုတ်တယ်” ဟု KIO သတင်းရပ်ကွက်က ပြောသည်။

KIO ထိန်းချုပ်ထားသော နယ်မြေအတွင်း တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ယဉ်ထွေး ဦးဆောင်သော  စစ်သည် ၁၅ ဦးပါ စစ်ကားတစီးက  ဝင်ရောက်လာခဲ့ရာ မိုင်းနင်းမိခဲ့သည်။ ထို့နောက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

KIO က ၎င်းတို့နယ်မြေအတွင်း မဝင်ရောက်လာရန် နှုတ်အားဖြင့် အကြိမ်ကြိမ် ပြောဆိုထားခဲ့သည်ဟု KIO အရာရှိတဦးက ပြောဆိုသည်။

ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း အရာရှိတဦးကလည်း KIO နှင့် အစိုးရတပ်များအကြား တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ခလ၇ ၁၅ တပ်များမှာ ပြီးခဲ့သည့်လ ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့သော မိုးမောက်မြို့နယ် တာပိန် ၁ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအတွက် လုံခြုံရေး ယူထားသည့် တပ်များဖြစ်ကြောင်း နယ်စပ် စစ်ဘက်သတင်းရပ်ကွက်တခု အဆိုအရ သိရသည်။

kio2
စစ်ဖြစ်လာနိုင်သော စိုးရိမ်ချက်ဖြင့် စစ်ရေးပြင်ဆင်မှုများ ကေအိုင်အေက ပြုလုပ်နေခဲ့သည်
တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင် KIO သည် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုခဲ့သော်လည်း ၁၉၉၇ ခုနှစ် ဧပြီလထဲတွင်လည်း နှစ်ဖက်အကြား တိုက်ပွဲဖြစ်ခဲ့သေးသည်။

ကေအိုင်အိုကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ၂ဝဝ၉ ခုနှစ်ထဲတွင် စစ်အစိုးရက ကြိုးပမ်းလာရာမှ အပစ်ရပ် သဘောတူညီချက် ပျက်ပြယ်ခဲ့သည်။

ယခုအခါ ဒေသတွင်း စစ်ရေးတင်းမာမှု ပိုမြင့်လာပြီး ဗန်းမော်မြို့တွင် အစိုးရဖွဲ့စည်းထားသော ပြည်သူ့စစ်အင်အား ၁ဝဝ ကျော်မှာ ယမန်နေ့စ၍ လက်နက်အပြည့်အစုံဖြင့် စစ်ပြင်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံတဦးက ပြောသည်။

Thursday, February 3, 2011

"Zulu" ရဲ့ နောက်ဆုံးနေ

"Zulu" ရဲ့ နောက်ဆုံးနေ့ 

by In Memory of the Fallen on Thursday, February 3, 2011 at 3:44am

Zulu ဆိုတာ တခြားလူမဟုတ်ပါ။ ABSDF တနည်း မကဒတ ဟုအမည်တွင်သော၊ ကျောင်းသားတပ်မတော်ရဲ့ စစ်ရေးကျွမ်းကျင်နှံ့ စပ်သူ၊ စစ်ဦးစီး အရာရှိချုပ် တာဝန်ထမ်းရွက်နေသော ရဲဘော်ထွန်းဦး (ခ) ဗိုလ်ထွန်းဦး ပင်ဖြစ်ပါသည်။

အသားအလွန်မဲပြီး၊ ပိန်ပိန်ပါးပါး၊ ဖြတ်ဖြတ်လပ်လပ်၊ တက်တက်ကြွကြွ၊ ရဲရဲရင့်ရင့်၊ တွေးခေါ်၊ပြောဆိုလှုပ်ရှားတတ်သူဖြစ်ပြီး ၊ တိုက်စိတ်ခိုက်စိတ် ပြင်းပြလွန်းသူမို့  တင်စားပြီး ခေါ်ဝေါ်ကြတာ ဖြစ်ပါသည်။  ဆက်သွယ်ရေးစက်ရဲ့ အမည်ဝှက်၊ သညာဝှက်လည်းဖြစ်သည်။

သူရဲ့ဇာတိက ခေသူမဟုတ်၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ် ကျော်ဇော၊ သူရဲကောင်း ဗိုလ်မှူးကြီး စိန်မှန် တို့ နဲ့  တနယ်တည်း တမြို့ တည်း၊ သာယာဝတီ သုံးဆယ်သားလေးဖြစ်သည်။ ကျောင်းသားတပ်မတော်ထဲတွင် စစ်ရေးကို စိတ်အ၀င်စားဆုံး၊ RIT တက္ကသိုလ် ကျောင်းသားလေး ဖြစ်ပါသည်။

၁၉၉၅ ခုနှစ်၊ ဇန်န၀ါရီလ ၁၀ ရက်နေ့ က ဒေါင်းဂွင်အနီး မကဒတ ယာယီအခြေပြုရာ ကျောင်းသားတပ်မတော် သံလွင်စခန်းမှ KNU ဗဟို မာနယ်ပလောသို့  စက်လှေနဲ့ အသွား မနက်ပိုင်း ၁၀၀၀ နာရီဝန်းကျင်ခန့် တွင် မာနယ်ပလော KNU ဆေးရုံ အလွန် သောင်ရင်းမြစ်ထဲမှာ လှေမှောက်ပြီး ရေအောက်သို့ နစ်မြုတ်ကျဆုံးသွားရှာသူဟာ Zulu ခေါ် ဗိုလ်ထွန်းဦး လေးပင်ဖြစ်ပါသည်။

ထွန်းဦးက ရေမကူးတတ်ရှာဘူး၊ ရေလမ်းခရီးသွားတိုင်း သက်ကယ်အင်္ကျီကို အမြဲဝတ် တတ်သူဖြစ်ပါသည်။  သေနေ့ စေ့လို့ ထင်ပါရဲ့၊ အဲဒီနေ့ က သက်ကယ်အင်္ကျီ မ၀တ်ခဲ့ပါ။  သူစီးလာသော တောစီးဖိနပ်ကိုတော့ လှေပေါ်ကို ရောက်လျင်ရောက်ချင်း ချွတ်လိုက်တာ ကျွန်တော် သတိပြုမိခဲ့ပါတယ်။

တကယ်တော့လည်း သူသေနေ့စေ့လို့သာ အတန်တန် လိုက်မလာဘို့တားနေတဲ့ကြားက ဇွတ်အတင်း လှေပေါ်ကို တက်လိုက်ခဲ့တာ ဖြစ်ပါတယ်။  ထိုနေ့က ကျွန်တော်တို့က မာနယ်ပလော ကိုသွားတဲ့ကိစ္စ ဟာ ဒေါင်းဂွင်အနီး လယ်တိုး တောင်ကျောပေါ်တွင် ခြေကုတ်ယူ တပ်စွဲထားတဲ့ ခလရ-၁၉ စစ်ကြောင်းအား တောင်ကြောပေါ်မှ မှောင်းချရန် လိုအပ်သော လက်နက်ကြီး ၊ ၈၂ မမ (၂) လက်ခန့် ကိုခေတ္တယူ၍ ပစ်ခတ်သုံးစွဲလိုသောကြောင့် သွားရောက်တက်ပြတောင်းခံရန် ဖြစ်ပါတယ်။

ထိုကိစ္စအတွက် မကဒတ ဥက္ကဌ ဒေါက်တာ နိုင်အောင်၊ အတွင်းရေးမှူး (၁) ရဲဘော်အောင်ထူး၊ (EC) ရဲဘော်မောင်ဒီ၊ ရုံးအုပ် ရဲဘော် ၀င်းမြင့်သိန်း ၊ ရဲဘော် ထွန်းဦး နဲ့ ကျွန်တော် တို့လိုက်ပါခဲ့ကြပါတယ်။  တော်လဲထ လှေဆိပ်မှ မာနာပလော သို့လှေကြုံစီးလိုက်ခဲ့သူ ကရင်အဘိုးကြီးတယောက်နဲ့ အသက်(၂၀)ကျော်အရွယ် သမီး (၂) ယောက်တို့လည်း ပါလာပါသည်။

စက်လှေကိုတော့ အမြဲတမ်းမောင်းတတ်သူ တရုတ်ကလေးက မောင်းပါတယ်။  စက်လှေဟာ သောင်ရင်းချောင်း KNU ဆေးရုံအလွန် ရေပေါ်ကျွန်းကလေးအနီးတွင် သစ်ပင်တပင်လဲပြီး ချောင်းတွင်းမှာ ကန့်လန့်ခံနေသောကြောင့် ရေစီးလမ်းကြောင်းကြမ်းကာ ဖြတ်ကျော်မောင်းနှင်ရန် အတော်ကလေး ခက်ခဲသည်ကို တွေ့ရပါတယ်။

ကျိုးစားဖြတ်မောင်းစဉ် ရေစီးကြောင့် စက်လှေမှာ သောင်ကျဉ်းကလေးဘက်သို့ပါသွားပြီး ကျွန်းအနီးတွင် သောင်တင်သွားပါတယ်။  အမြဲသတိရှိသူ ကျွန်တော်က စက်လှေပေါ်မှ သောင်ပေါ်သို့ ခုန်ဆင်းလိုက်မိပါတယ်။

အခြေအနေကိုသုံးသပ်ပြီး လူအားလုံး စက်လှေပေါ်မှ သောင်ပေါ်သို့ဆင်းကြရန်နဲ့ သောင်အတိုင်း လူတွေကလမ်းလျှောက်ကာ စက်လှေချည်း ၀န်ပေါ့ပေါ့ဖြင့် ရေ၀ဲကို ဖြတ်မောင်းစေရန် ကျနော်ကပြောပါတယ်။  ရေ၀ဲကိုကျော်ပြီးမှ လူတွေက စက်လှေပေါ်ကိုပြန်တက်ရန် ကျနော်က ပြောခဲ့သည်ကို မောင်ကျောင်းသားများက နားမထောင်ခဲ့ကြပါ။

စက်လှေမောင်းသူတရုတ်ကလေး က "အဘ လှေပေါ်ပြန်တက်ပါ၊ ကျနော် ရေ၀ဲကို ကျော်ဖြတ်မောင်းလို့ ရပါတယ်" ဟုပြောသောကြောင့် စိတ်လေးစွာနဲ့ပဲ လှေပေါ်ကို ကျနော် ပြန်တက်ခဲ့ရပါတယ်။ စက်လှေဖြတ်မှောင်းရာမှ ရေစီး ၀ဲကြောင့် စက်လှေဟာ သစ်ကိုင်းနဲ့ ညှိပြီး တခါတည်း မှောက်သွားခဲ့ရပါတော့တယ်။

စက်လှေမှောက်သွားတယ် ဆိုရင်ပဲ ထွန်းဦးရော လှေကြုံစီး ကရင်အဘိုးကြီးပါ ရေအောက်ရောက် ပျောက်သွားကြပါတော့တယ်။  ထွန်းဦး အလောင်းပင် ပြန်မရခဲ့ပါ။  ကျနော်နဲ့ ကျန်လူများအားလုံး ရေစီးကို မျောလိုက်ကူးခပ်ကာ ချောင်းကမ်းပါးပေါ် သေကံမရောက်သက်မပျောက် ပြန်ရောက်ခဲ့ကြပါတော့တယ်။

ကျနော်က မြစ်ဝကျွန်းပေါ် ဖျာပုံ သားပဲ၊ ရေကူးကျွမ်းခဲ့သူပါ၊ စီးလာတဲ့ဘိနပ်တရံပဲ ဆုံးတယ်။  လက်ထဲကရေဒီယိုရော၊ လက်စွဲအိပ်ပါ မဆုံးရှုံးဘဲ ကမ်းပေါ်ရောက်ခဲ့ပါတယ်။  တချို့တော့သေနတ်တို့ ငွေတို့ဆုံးကြသလို အလွန်နှမြောဘွယ်ကောင်းတဲ့ Zulu မှ ရေနစ်ကျဆုံး ခဲ့ရရှာပါတယ်။

Zulu ကို ABSDF သို့ ကျနော် ရောက်စကတည်းကကျွမ်းဝင်ခဲ့ရပါတယ်။  စစ်ရေးကိုအလွန် စိတ်ဝင်စားပြီး လေ့လာမှတ်သားအားကောင်းတဲ့ သူရဲကောင်း ကျောင်းသားလေး တဦးဖြစ်ပါတယ်။  ကျနော့အား ဖခင်တဦးကဲ့သို့ ခင်တွယ်လေးစားပြီး ကျနော့ရဲ့ သွန်သင်ညွန်ပြ၊ ဆုံးမမှုဟူသမျှကို လိုက်နာ ကျင့်ကြံအားထုတ် ကျိုးပမ်းသူလေးဖြစ်ပါတယ်။

ကျောင်းသားများထဲမှာတော့ စစ်ရေးကို အထူးစိတ်ပါဝင်စား၊ လေ့လာမှတ်သား၊ ကျွမ်းကျင်ထက်မြက်သူ တဦးဖြစ်ပါတယ်။  စစ်ရေးနဲ့ပါတ်သက်လို့ တွေးခေါ်မျှော်မြင်ပုံ၊ တွေးဆသုံးသပ်၊ ပြောဆိုလှုပ်ရှား ပုံများဟာ စစ်ဗိုလ်တဦးကဲ့သို့ ထက်မြက်တက်ကြွ ရဲရင့်ပြတ်သားလှပါတယ်။

ဘာလိုလိုနဲ့ Zulu လေး ရေနစ်ကျဆုံးခဲ့ရရှာတဲ့ နောက်ဆုံးနေ့လေးဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ (၁၀) ရက်နေ့က ဆိုရင် (၁၆) နှစ် ကြီးများတောင်ရှိခဲ့ပြီပဲနော်။

Zulu လေး ကောင်းရာသုဂတိသို့လားပါစေ။

ကြည်း ၈၅၆၃ ဒုတိယဗိုလ်မှူးကြီး အေးမြင့် (ငြိမ်း)