(၃)ဘယ်အချိန်အခါမှာ ဘယ်စာတွေဖတ်ကြမလဲ။
ဒါကတော့တရုပ်ပညာရှိကျန်းကျောက်ကဒီလိုပြောပါတယ်။ရှေးဟောင်းဂန္တ၀င်ကိုဖတ်ချင်ရင်
ဆောင်းတွင်းမှာဖတ်ရမယ်။ဘာဖြစ်လို့လဲဆိုတော့ဆောင်းတွင်းမှာစိတ်ဟာပျံ့လွှင့်ခြင်းကင်းပြီး
တည်ငြိမ်တဲ့အတွက်ဖြစ်တယ်။သမိုင်းကိုနေါရာသီမှာဖတ်ရမယ်။ဘာဖြစ်လို့လဲဆိုရင် နွေရာသီမှာနေ့ဟာရှည်လျားပြီးအချိန်များများရလို့ဖြစ်တယ်။ဒသာနကိုဆောင်းဦးပေါက်မှာဖတ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ဆောင်းဦးပေါက်ဟာနှစ်သက်စဖွယ်စိတ်ကူးတွေကိုပေါ်ပေါက်စေတယ်
။ခေတ်ပေါ်စာပေကိုနွေဦးပေါက်မှာဖတ်ရမယ်။ဘာဖြစ်လို့လဲဆိုတော့ နွေဦးမှာသဘာဝလောက
ကြီးဟာအသက်ပြန်ဝင်လာလို့ဖြစ်တယ်လို့သူကပြောတယ်။သေသေချာချာစဉ်းစားကြည့်ရင်ီးအဆိုအမိန့်ဟာတော်တော်မှတ်သားဖို့ကောင်းပါတယ်။
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment
အလေးအနက်ထားသိမ်းဆည်းထားပါတယ်။ကျေးဇူးတင်ပါတယ်။