Tuesday, December 28, 2010

နွေဦးခေါ်သံ

နွေဦးခေါ်သံ

ဟောဒီ ကမ္ဘာပေါ်မှာ
နာနာကျင်ကျင်ဘ၀ ရှိသူတိုင်း
သမိုင်းကို ပြောင်းလဲပစ်ခဲ့ကြတယ်၊

လူဟာ
ချွေးတစက် ရင်းနှီးရင်
အပွင့်အသီး ညီညီမျှမျှပြန်ရနေဖို့၊

လူတဦးတယောက်ရဲ့ အသက်ရှူသံ
သူ့ကြမ္မာနဲ့ ယုံကြည်ချက်တွေအပေါ်
ဘယ်သူမှ မကျူးကျော်နိုင်ဖို့၊

အသိ အသက် ရှိတာခြင်း တူရင်
ဘယ်လူမျိုးကမှ
အခွင့်အရေး ပိုမယူကြဖို့၊

စစ်ဖိနပ်ထဲ ထိုးသွင်းထားတဲ့
အဟောင်းအမြင်း မှန်သမျှကို
ခေါင်းရင်းကနေ ကန်ချပစ်ကြရမယ်၊

ကျနော်တို့ဟာ
သမိုင်းရဲ့ ထုတ်ကုန်ပါပဲ
လူထုကို ယုံတယ်၊
ဒီမိုကရေစီကို ချစ်တယ်၊
အမျိုးသားသွေးစည်းညီညွတ်ရေးကို မြတ်နိုးတယ်။

ပြည်တွင်းစစ်
အနှစ် (၅၀)ကြီးထဲက
ကြေကွဲ သွေး ဘ၀ အသက်တွေ
ဒီမိုကရေစီ အရေးတော်ပုံကြီးထဲက
သူရဲကောင်းတို့ရဲ့ ၀ိဥာဉ်တွေကို ဦးညွတ်
အမျိုးသားထု လွတ်မြောက်ရေးအတွက်
စစ်အာဏာရှင် အဆက်ဆက်
ညက်ညက်ကြေနေတဲ့ နှလုံးသားပေါ်မှာ
တော်လှန်ရေးကို စိုက်ပျိုးပစ်ခဲ့ကြတယ်။

စစ်အာဏာရှင်တို့
ခင်ဗျားတို့ ဒိုင်ယာရီ စာအုပ်ထဲက
အဆီတရွှဲရွှဲ စာရင်းဇယားတွေဟာ
တိုင်းပြည် သယံဇာတများပဲ ဖြစ်တယ်၊

ခင်ဗျားတို့ နှုတ်ခမ်းက အပြုံးစဟာ
လူထု သက်ပြင်းချသံတွေ ဖြစ်တယ်၊

ခင်ဗျားတို့ မျက်လုံးထဲက အလင်းစဟာ
ကလေးတွေ ချွေချွေချခဲ့ရတဲ့
သွေးစ သွေးနများပဲ ဖြစ်တယ်၊

မီးလောင်ငုတ်တိုနဲ့ ပြာပုံထဲက
ကျည်ဆံခွံတွေကို မေးကြည့်ကြစမ်းပါ၊

လူ့အခွင့်အရေးဆိုတာ
စစ်ဖိနပ်နဲ့ နင်း နင်း ပေးဖို့လားလို့၊

စစ်အာဏာရှင်တို့
လူချင်း အတူတူ
ခင်ဗျားတို့ အသက်ပိုမရှူကြနဲ့၊

အဲဒီ ပိုရှူလိုက်တဲ့လေထဲမှာ
တံတားအနီ
ကတ္တရာအနီ
လွယ်အိတ်အနီတွေနဲ့
တနိုင်ငံလုံး
သွေးနဲ့မျက်ရည် ကျဆုံးခဲ့ရသော
ရှစ်လေးလုံး နေ့ရက်များ ပါတယ်၊

ကျောက်သင်ပုံးအကွဲနဲ့
‘၀’လုံး ရွဲ့စောင်းစောင်းတွေ ပါတယ်၊

နို့ရည်မဲ့
ကွဲအက် နှုတ်ခမ်းတွေ ပါတယ်၊

မြေမြုပ်မိုင်း အရိုင်းအစိုင်းကြောင့်
ခြေတပိုင်းပြတ်သွားတဲ့ ကလေးမလေး ပါတယ်၊

ခွေးလို ထဟောင်တဲ့ သေနတ်ကြောင့်
မျက်စေ့ တဖက်လပ်နဲ့ ကောင်လေး ပါတယ်၊

ယမ်းနံ့နဲ့ သဲ့သဲ့ ရှိုက်သံကြား
ပန်းဦး ကြွေသွားတဲ့ ကောင်မလေး ပါတယ်၊

မြေကြီးနဲ့ တောတောင်ကို ချစ်တဲ့
မျှစ်စို့တွေ ချိုးဖဲ့ ခံရသလိုမျိုး
ကျိုးပျက်သွားတဲ့ မိသားစုတွေ ပါတယ်၊

ငွေစက္ကူထဲ
ကိုယ့်ဘ၀ကိုယ်ပြန်ရှာရင်း
အဖျားအနာ ထူပြောနေတဲ့ လူထုတွေ ပါတယ်၊

အဲဒီ
ခင်ဗျားတို့ ပိုရှူလိုက်တဲ့လေထဲမှာ
စစ်အကျဉ်းထောင်တွေထဲက
သေကွဲ ရှင်ကွဲ ရဟန်းရှင်လူ
ကျောင်းသူကျောင်းသားတွေ ပါတယ်၊

နောက်ဆုံး
ခင်ဗျားတို့ ပိုရှူလိုက်တဲ့ လေထဲမှာ
သာသနာ့အလံတော် သွေးစွန်းလို့
စက်တင်ဘာ တလလုံး ပွန်းပဲ့ပေးလိုက်ရတယ်၊

ဟောဒီခေတ်ဟာ
လူထုကို အချစ်နဲ့ တိုင်းတာတဲ့ခေတ်၊

အသွေး အသား အသက် အသိ ရှိတဲ့ လူက
အသိ အသက် အသား အသွေး ရှိတဲ့ လူတွေအပေါ်
အမြော်အမြင်နဲ့ စောင့်ရှောက်တဲ့ခေတ်၊

မျိုးဆက်သစ်နဲ့ မြေကမ္ဘာ ကျန်းမာရေးအတွက်
လူ့အမြင် လူ့အတွေး
လူ့ရပ်တည်ရေးနဲ့ ကြမ္မာဟာ
လွတ်လပ်စွာ ပျံသန်းနိုင်တဲ့ ခေတ်၊

တူညီမျှတတဲ့
ဘ၀ ဘ၀ချင်း အသက်ရှူသံတွေကြား
အမျိုးသား သွေးစည်ညီညွတ်မှုတို့
မြင့်မြင့်မြတ်မြတ် ဖူးပွင့်နိုင်တဲ့ ခေတ်လေ၊

ဟိုး တောင်တန်းမှာ ငြိမ်းချမ်း မွှေးရီ
ချယ်ရီပွင့်တွေကလည်း
ကျနော်တို့ဘ၀ပဲ မဟုတ်လား၊

ဘုရားကျောင်းက ခေါင်းလောင်းသံတွေ
တောင်ဇလပ်မြေမှာ လှုပ်ခတ်
ကျနော်တို့အားလုံး ချစ်မြတ်နေကြတယ်၊

သလိုပဲ
သဇင်ခက်တွေရဲ့ ဓလေ့ရိုးရာ
ကျနော်တို့ အသက်ရှူသံထဲမှာ ပါတယ်၊

မနောမြေက
နိုးထလာတဲ့ ဧရာဝတီဟာ
ဘ၀များစွာရဲ့ ပင်မရေစီး
အပွင့်အသီးတွေ ဖြစ်ထွန်းစေခဲ့တယ်လေ၊

ရာဇ၀င်ရေးရုပ်ပုံ
သုဝဏ္ဏဘူမိ ရင်ခုန်သံ စည်းချက်တို့
ဟောဒီ အသွေးအသားထဲ ခရီးဆက်နေကြ
ဖားစည်သံတွေကလည်း
ဇွဲကပင်မြေမှာ နိုးထ
ဟောဟိုက ကန္နိရီ ကိန္နရာ မောင်နှံဟာ
ကျနော်တို့ကို ရင်ခုန်မြန်စေခဲ့ပေါ့၊

(တိုင်းရင်းသား ညီအကိုတို့)
အချစ်နဲ့ တိုးဝင်တဲ့စိတ်ဟာ
အလှဆုံး အရိပ်တွေ ကြဲဖြန့်ထားတဲ့အတိုင်း
သမိုင်းသစ်ကို ဖြစ်ထွန်းစေခဲ့တာပဲ မဟုတ်လား၊

ကျနော်တို့ အတူ သွားကြမယ်၊
ကျနော်တို့ အတူ စားကြမယ်၊
ကျနော်တို့ အတူနေ
တနိုင်ငံလုံးက လေကို မျှဝေရှူကြမယ်၊

ဟောဒီ
အမျိုးသားရေး နယ်နိမိတ်ပေါ်မှာ
အာဏာရှင် မှန်သမျှ
ဘယ်တော့မှ ခြေချခွင့် မရရေးအတွက်
ကျနော်တို့ လက်တွေ
မြဲမြဲ ချိတ်ထားကြရမယ်၊

ကျနော်တို့ ရင်ခုန်သံတွေ
မှန်မှန်ကန်ကန် ကူးစက်နေရမယ်၊

ကျနော်တို့ အင်အားတွေ
များများစားစား ညီညွတ်ထားရမယ်၊

ကျနော်တို့ စိတ်ဓာတ်တွေ
မြင့်မြင့်မြတ်မြတ် ပျံသန်းနေရမယ်၊

ပြည်တွင်းစစ်
အနှစ် (၅၀) ကြီးထဲက
ကြေကွဲ သွေး အသက် ဘ၀တွေ
ဒီမိုကရေစီ အရေးတော်ပုံကြီးထဲက
သူရဲကောင်းတို့ရဲ့ ၀ိဥာဉ်တွေကို ဦးညွတ်
အမျိုးသားထု လွတ်မြောက်ရေးအတွက်
စစ်အာဏာရှင်တွေ နှိပ်စက်လို့
ညက်ညက်ကြေနေတဲ့ နှလုံးသားပေါ်မှာ
တော်လှန်ရေးကို စိုက်ပျိုးခဲ့ကြပြီပဲ။

ဘ၀ ရှိရင်
အသိအမြင် မွေးထုတ်
ကြမ္မာဆိုးကို ပုတ်ချပစ်နိုင်တာ
လူသားပဲ ရှိတယ်။

လူတယောက်ဟာ
ဘ၀နဲ့ အသက် ရှင်သန်ဖို့
လွတ်လပ် မှန်ကန်တဲ့ အသိအမြင် ရှိတယ်။

ကိုယ့် အတွေးအမြင် အတောင်အလက်ဟာ
ကိုယ့် အသက်ရှူသံ
ဘယ်သူ့ထံမှ အစီရင်ခံစရာ မလိုဘူး၊

ဥပဒေရဲ့ အထက်မှာ
ဘယ်သူမှ မရှိစေရသလို
လူ့အတွေးအမြင်ပေါ်မှာ
ဘယ်လို အမိုးအကာမှ မလိုပါဘူး။

လူဟာ
အဲဒီ အတွေးအမြင်နဲ့ပဲ
ကိုယ့် မိသားစု ကိုယ့် နိုင်ငံ
ကိုယ့် ကမ္ဘာမြေ ဒုက္ခ သုက္ခတွေကို
လှလှပပ ခုတ်ထွင် ရှင်းလင်းနိုင်ခွင့် ရှိတယ်။

သစ်စေ့ဟာ
မြေကြီးထဲ ငိုကြွေးနေကြတာ မဟုတ်ဘူး၊

အကိုင်းအခတ်တွေနဲ့ ရွက်လွှင့်ဖို့
ကောင်းကင်ကို ဆွဲဖွင့်နေကြတာ။

သစ်တပင်ရဲ့
အမြစ်နဲ့ အကိုင်းအခတ်တွေဟာ
(အဲဒီသစ်ပင်အတွက်တော့)
သမိုင်းဆိုင်ရာ စွမ်းဆောင်ချက်တွေပဲဖြစ်တယ်၊

အမြစ်တွေက နက်နက်တူး
အကိုင်းအခက်တွေက မြင့်မြင့်ပျံ
ဒါ သူ့ တော်လှန်ရေး မဟုတ်ဘူးလား၊

သမိုင်းတခေတ်ဟာ
အပွင့်အဖူးတွေနဲ့ ဖြစ်ထွန်းလာဖို့
နိုင်ငံတိုင်း
နောက်ခံကားချပ်တွေနဲ့
အနာဂတ်ကို တွန်းဖွင့်ခဲ့ကြရပေါ့၊

ဟေ့
စစ်အာဏာရှင်တွေ အဆက်ဆက်
ညက်ညက်ကြေနေတဲ့ နှလုံးသားပေါ်မှာ
တော်လှန်ရေးကို စိုက်ပျိုးထားကြ၊

ကျနော်တို့ အသိအမြင်တွေကို
အသွေးအသားတွေထဲ နက်နက်တူးဆွ
ယုံကြည်ချက်တွေနဲ့ မြင့်မြင့် ပျံကြ၊

ဘ၀ အမှောင်မှာ
လ ရောင် မသာတာကို မြင်တွေး
တော်လှန်ရေး အသိနဲ့ ပေါင်းစပ်ကြည့်ရမယ်၊

မြေကြီးမှန်ရင်
အသီးအနှံကောင်း ထွက်တာပဲလေ၊

တော်လှန်ရေးဟာ
ကျနော်တို့ မြေကြီး အစစ်
နိုင်ငံတော်သစ်ဆီ အရောက်သွားဖို့
သစ္စာတရားနဲ့  မြင်းတကောင်ဖြစ်တယ်၊

ဟိုးက ကောင်းကင်ပေါ်မှာ
နွေဦးဟာ ကျနော်တို့ကို စောင့်နေပါ့၊
လာခဲ့ကြတော့
လာခဲ့ကြတော့ ဟေ့ တဲ့

အာရုဏ်ဦးမှာ
နှင်းဆီ တထောင် ခူးဆွတ်
နိုင်ငံတော်သစ်ကို ဦးညွတ်ဖို့အတွက်
နွေဦးခေါ်သံဟာ
ထိုး ထွက် လာခဲ့ပြီ။ ။

နေဇော်နိုင်

nykomme.blogspot.com မှကူးယူဖော်ပြပါသည်။

Monday, December 27, 2010

နှင်းဆီရောင် တော်လှန်ရေး ရုပ်ပုံလွှာ အပိုင်း(၁၉)။

နှင်းဆီရောင် တော်လှန်ရေး ရုပ်ပုံလွှာ အပိုင်း(၁၉)။

၂၃၁။  ရဲဘော်မင်းသိန်း- ဒုတပ်စိပ်မှုး-၂၁၀-တပ်ရင်း
၂၃၂။. ရဲဘော်နိုင်ဝင်း-တပ်သား၊ ၂၁၀-တပ်ရင်း။
၂၃၃။ ရဲဘော်မင်းသိန်း(အာလူး)တပ်ကြပ်ကြီး၊၂၁၀-တပ်ရင်း၊ ၁၉၉၂ခုနှစ်၊ ခြေထောက်ဒဏ်ရာ။(လက်နက်ကြီးထိ)။
၂၃၄။ ရဲဘော်ထင်ကျော်တပ်ခွဲမှုး၂၁၀တပ်ရင်း။၁၉၉၁ခုနှစ်။ဦးခေါင်းတွင်ဒဏ်ရာ(လက်နက်ကြီးထိ)ခြေမသန်။
၂၃၅။ ရဲဘော်တိုင်းကျော်-တပ်၇င်း၂၁၀-တပ်ရင်း။တပ်စိပ်မှုး။ခြေထောက်ဒဏ်ရာရ(လက်နက်ကြီးထိ)။
၂၃၆။ရဲဘော်နွေအောင်-တပ်ရင်း၂၁၀။က/ပ၄၆၉၈။ဥိးခေါင်းဒဏ်ရာ။၁၉၉၁ခုနှစ်။(ကနဲခေါကျိုး)
လက်နက်ကြီးထိ

၂၃၇။ ရဲဘော်ကျော်ထူး-တပ်သား။၂၁၀-တပ်ရင်း။၁၉၉၁ခုနှစ်။ဦးခေါင်းဒါဏ်ရာ။လက်နက်ကြီးထိ။
၂၃၈။ ရဲဘော်တင်ထွန်း(ဒသာ)-တပ်သား။တပ်ရင်း၂၁၀။၁၉၉၂ခုနှစ်။စောထတိုက်ပွဲ။ဦးခေါင်းဒါဏ်ရာရ။
၂၃၉။ ရဲဘော်ရဲနိုင်-တပ်ရင်း-၂၁၀။၁၉၉၂ခုနှစ်။စောထတိုက်ပွဲ။(၀ဲ)လက်မောင်းဒါဏ်ရာရ။
 ၂၄၀။ ရဲဘော်လှမြင့်ဦး-တပ်သား-၂၁၀တပ်၇င်း။၁၉၉၂ခုနှစ်။စောထတိုက်ပွဲ။ပုခုံးတွင်ဒဏ်ရာရ။လက်နက်ကြီး
၂၄၁။ ရဲဘော်မျိုးသန့်-တပ်သား။၂၁၀တပ်ရင်း။၁၉၉၂ခုနှစ်။စောထတိုက်ပွဲ။ဖြေထောက်တွင်ဒါဏ်ရာရ။
၂၄၂။ ရဲဘော်စိုးချိုငြိမ်း-တပ်သား။၂၁၀တပ်ရင်း။၁၉၉၂ခုနှစ်။လက်တွင်ဒါဏ်ရာရ။ကျည်ထိ။
 ၂၄၃။ ရဲဘော်မြင့်လွင်-တပ်သား။၂၁၀၁၉၉၄ခုနှစ်။ပေါင်တွင်ဒါဏ်ရာရ။
၂၄၄။ ရဲဘော်ကျော်ဇော-တပ်သား။၂၁၀တပ်ရင်း။၁၉၉၁ခုနှစ်။ဦးခေါင်းဒါဏ်ရာရ။(လက်နက်ကြီးထိ)။
 ၂၄၅။ ရဲဘော်ဆန်းလင်း-တပ်ရင်းမှုး၊၂၁၀တပ်ရင်း။၁၉၉၂ခုနှစ်။စောထတိုက်ပွဲ။ခြေထောက်လက်နက်ကြီးထိ။
၂၄၆။ ရဲဘော်ရီဇော်-၂၁၀-တပ်ရင်း။
 ၂၄၇။ ရဲဘော်မောင်လှ-တပ်ကြပ်ကြီး။၂၁၀တပ်ရင်း။၁၉၉၂ခုနှစ်။စောထတိုက်ပွဲတွင်ပေါင်တွင်ကျည်ထိ။
၂၄၈။ ရဲဘော်ဖိုးဇော်-တပ်သား။၂၁၀တပ်ရင်း။၁၉၉၂ခုနှစ်။တကိုယ်လုံးဒါဏ်ရာရ။လက်ပစ်ဗုံး(၂)လုံးထိ။
 ၂၄၉။ ရဲဘော်ထွန်းလှိုင်-တက်ကြပ်ကြီး(ဆသရ)။တပ်ရင်း၂၁၀တပ်ရင်း။မကဒတ(၉)နှစ်မြောက်နေ့။မကဒတ
ကိုယ်ပိုင်အုပ်ချုပ်ရေးအထူးဒေသထိုးဖောက်စဉ်။၁/၁၁/၁၉၉၆ခုနှစ်။(၀ါးရုံလှဲတိုက်ပွဲ)တွင်ဦးခေါင်း၊ကျောပြင်၊
လက်မောင်း(၀ဲနှင့်ယာ)ဒါဏ်ရာရ(ခွင်းဗုံးထိ)။က/ပ၅၂၁၂။
၂၅၀။ ရဲဘော်ဖိုးငယ်-တပ်သား။၂၁၀တပ်ရင်း။
၂၅၁။ ရဲဘော်မြင့်မောင်မောင်-၂၁၀တပ်ရင်း။
 ၂၅၂။ ရဲဘော်ဝင်းနိုင်ဦး(ကိုရင်)-၂၁၀တပ်ရင်း။
၂၅၃။ ရဲဘော်အောင်နိုင်-၂၁၀တပ်ရင်း။
 ၂၅၄။ ရဲဘော်သောင်းတင်-၂၁၀တပ်ရင်း။
၂၅၅။ ရဲဘော်စိုးလွင်-၂၁၀တပ်ရင်း။
 ၂၅၆။ ရဲဘော်ချက်ကြီး(မြင့်အောင်)-တပ်သား။၂၁၁တပ်ရင်း။ပါစောင်ပျက်။
၂၅၇။ ရဲဘော်တင်မောင်ထွန်း-တပ်သား၂၁၁တပ်ရင်း။လက်မသန်။
၂၅၈။ ရဲဘော်အောင်သက်ဦး(ကျီးကန်း)-က/ပ-၄၇၉၁။တပ်သား။၂၁၁တပ်ရင်း။၁၉၉၁ခုနှစ်။ဝမ်းဗိုက်၊ကျော။
 ၂၅၉။ ရဲဘော်စန်းလွင်-တပ်သား။၂၁၁တပ်ရင်း။
၂၆၀။ ရဲဘော်ကျော်ဝင်းတင်-၂၁၁တပ်ရင်း။
 ၂၆၁။ ရဲဘော်စိုးမိုးလွင်-၂၁၁တပ်ရင်း။
၂၆၂။ ရဲဘော်အောင်ကို-၂၁၁တပ်ရင်း။
 ၂၆၃။ ရဲဘော်စိန်ချယ်-၂၁၁တပ်ရင်း။
၂၆၄။ ရဲဘော်ခင်ထွန်းကြည်-ဒုရင်းမှုး။၂၁၂တပ်ရင်း။(ခိုကြာခိုဂိတ်)သံလွင်မြစ်အတွင်းရန်သူအငိုက်မိ။
၂၆၅။ရဲဘော်သိန်းဝင်း၂၁၂တပ်ရင်း။ကျော်ဌေးမျိုးတပ်သား။၂၁၂တပ်ရင်း။၁၉၉၄ခုနှစ်။ဝမ်းအောင်တိုက်ပွဲ။
ယာပုခုံဒါဏ်ရာရ။
၂၆၆။ ရဲဘော်သိန်းထွန်းအောင်-က/ပ၃၆၇၄။တပ်စိပ်မှုး။၂၁၂တပ်ရင်း၁၉၉၄ခုနှစ်။ဝမ်းအောင်တိုက်ပွဲ။ ယာပုခုံးညှပ်ရိုးကျိုး။
၂၆၇။ရဲဘော်ယဉ်ထွေး-၂၁၂တပ်ရင်း။က/ပ၃၆၉၀။ေ၇ွှနန်းကလေး။ကယန်း။ယာပုခုံဒါဏ်ရာရ။
၂၆၈။ရဲဘော်တင်မောင်လတ်-တပ်စုမှုး။၂၁၄တပ်ရင်း။၁၆/၁/၁၉၉၂ခုနှစ်။နို့တရာပလောတိုက်ပွဲ။ယာပေါင်
ဒါဏ်ရာရ။(RPG)ပေါက်။
 ၂၆၉။ရဲဘော်တင်ဝင်းကို-တပ်သား။၂၁၄တပ်ရင်း။၁၆/၁/၁၉၉၃ခုနှစ်။နို့တရာပလော။ယာရင်အုံဒါဏ်ရာရ။
၂၇၀။ရဲဘော်မင်းခန့်-က/ပ၃၄၄၁။တပ်ကြပ်။၂၁၄တပ်ရင်း။၁၄/၁/၁၉၉၃။မဲညောခီး။ဝဲရင်အုံဒါဏ်ရာရ။မိမိမိုင်း။
၂၇၁။ရဲဘော်ထွေးကိုကို-တပ်သား။၂၁၄တပ်ရင်း။၁၄/၁/၁၉၉၃ခုနှစ်။မဲညောခီး။ယာလက်ကောက်ဝတ်ဒါဏ်
ရာ။မိမိမိုင်းထိ။
၂၇၂။ရဲဘော်မောင်မောင်မြင့်-တပ်သား။၂၁၄တပ်ရင်း။၁၄/၁/၁၉၉၃ခုနှစ်။မျေညာခီး။ဝမ်းဗိုက်။မိမိမိုင်းထိ။
၂၇၃။ရဲဘော်အောင်ဌေးဝင်း-တပ်သား။၂၁၄တပ်ရင်း။၁၉၉၃ခုနှစ်။မဲညောခီး။ယာမျက်လုံးအောက်ထိ။မိမိမိုင်း
၂၇၄။ရဲဘော်ရီဇော်-ဆေးမှုး။၂၁၄တပ်ရင်း။မဲညောခီး။ကျောပြင်ဒါဏ်ရာ။ဝဲလက်မောင်ကျိုး။တင်ပါးဒါဏ်ရာရ
မိမိမိုင်းထိ။
၂၇၅။ရဲဘော်အောင်ဆန်းညွှန့်-၂၁၄တပ်ရင်း။(တပ်မဟာ(၁)။
၂၇၆။ရဲဘော်တင်ဝင်းနောင်-၂၁၄တပ်ရင်း။
၂၇၇။ရဲဘော်ဝင်းနိုင်ဦး-၂၁၄တပ်ရင်း။
၂၇၈။ရဲဘော်အောင်မိုး-၂၁၄တပ်ရင်း။
၂၇၉။ရဲဘော်မြင့်မောင်မောင်-၂၁၄တပ်ရင်း။
၂၈၀။ရဲဘော်နိုင်ဝင်း(၂)-က/ပ၃၅၈၄။တပ်ရင်း၂၁၆။
၂၈၁။ရဲဘော်ညီညီဝင်း-က/ပ၃၅၈၈။တပ်စုမှုး။၂၁၆တပ်ရင်း။၁၉၉၅။လက်ကောက်။မဲကလယ်ချောင်းတိုက်ပွဲ။
ယာတတောင်ဆစ်ဒါဏ်၇ာရ။
၂၈၂။ရဲဘော်ထွန်းလှ-က/ပ၃၈၇၄။တပ်သား၂၁၆တပ်ရင်း။
၂၈၃။ရဲဘော်တင်စိုး-တပ်ရင်းမှုး၂၁၆တပ်ရင်း။
၂၈၄။ရဲဘော်ကြူလှိုင်-က/ပ၃၅၆၅။စရခ။၂၁၆တပ်ရင်း။
၂၈၅။ရဲဘော်အောင်ဝင်း(ကြီး)-က/ပ၃၅၉၆။တပ်စိတ်မှုး။၂၁၆တပ်ရင်း။ပါးစောင်ပျက်။
၂၈၆။ရဲဘော်အနိုင်-က/ပ၄၀၁၅။တပ်သား။၂၁၆တပ်ရင်း။
၂၈၇။ရဲဘော်ခင်မောင်ဝင်း-က/ပ၃၅၉၉။တပ်စိတ်မှုး။၂၁၆တပ်ရင်း။လက်မပြတ်။
၂၈၈။ရဲဘော်ရွှေထွန်း-က/ပ၃၅၉၁။တပ်စုမှုး။
၂၈၉။ရဲဘော်မိုးကျော်-က/ပ၃၆၉၆။တပ်သား။၂၁၆တပ်ရင်း။၁၉၈၉။ကြတ်ခတ်ချောင်း။တပ်မဟာ-၆)ယာလက်
မောင်းဒါဏ်ရာရ။လက်ကောက်သွား။
၂၉၀။ရဲဘော်သက်ဦး-တပ်သား။၂၁၆တပ်ရင်း။ခြေပြတ်။
၂၉၁။ရဲဘော်သိန်းဦး-တပ်သား။၂၁၆တပ်ရင်း။
၂၉၂။ရဲဘော်အောင်သန်းလေး-က/ပ၅၅၃၉။တပ်သား။၃၀၃တပ်ရင်း။
၂၉၃။ ရဲဘော်ဂျိမ်းဖောလူ-က/ပ၅၅၃၉။တပ်သား။တပ်ရင်း(၃၀၃)။
၂၉၄။ရဲဘော်လှကျော်-က/ပ၅၅၅၇။တပ်သား။တပ်ရင်း(၃၀၃)။
၂၉၅။ရဲဘော်မောင်မောင်-က/ပ၅၅၄၉။တပ်သား။တပ်ရင်း(၃၀၃)။
၂၉၆။ရဲဘော်မောင်ရွှေ-က/ပ၅၅၆၂။တပ်သား။တပ်ရင်း(၃၀၃)။
၂၉၇။ရဲဘော်အောင်ဒင်-တပ်သား။တပ်ရင်း(၃၀၃)။
၂၉၈။ရဲဘော်ဖရန်စစ္စကို-က/ပ၅၅၉၅။တပ်သား။တပ်ရင်း(၃၀၃)။
၂၉၉။ရဲဘော်မောင်ဇွဲ-က/ပ၄၃၂၁။တပ်သား။မ.က.ဒ.တအခြေခံဒေသတည်ဆောက်ရေးအလုပ်အဖွဲ့ဝင်။ အထူးဒေသ။ညောင်ပင်တောင်တိုက်ပွဲတွင်-၇၉-မမထိ။၁၉၉၅ခုနှစ်။သြဂုတ်လ။
၃၀၀။ရဲဘော်ကီကီး-က/ပ၅၅၇၆။တပ်စိတ်မှုး။တပ်ရင်း(၃၀၃)။၁၉၉၀။တင်ပါးလက်နက်ကြီးထိ။
၃၀၁။ရဲဘော်ကြူးကြူ-က/ပ၅၅၇၄။ဆေးမှုး။တပ်ရင်း(၃၀၃)။နဖူးဒါဏ်ရာ။လက်နက်ကြီးထိ။
၃၀၂။ရဲဘော်သန်းအောင်(အုံးရွှေ)-က/ပ၅၅၅၄။တပ်ကြပ်ကြီး။တပ်ရင်း(၃၀၃)။၁၉၈၉။ယာလက်ဒါဏ်ရာ။
၃၀၃။ရဲဘော်မောင်ဖြတ်-က/ပ၅၅၉၃။တပ်သား။တပ်ရင်း(၃၀၃)။၁၉၉၀။ခြေထောက်ဒါဏ်ရာတိုက်မိုင်းထိ။
၃၀၄။ရဲဘော်စမ်း.ယု-က/ပ၅၅၀၈။ဒုတပ်စိတ်မှုး။တပ်ရင်း(၃၀၃)၂၈/၇/၁၉၉၁။တင်ပါးကျည်ထိ။
၃၀၅။ရဲဘော်မောင်မိုး-က/ပ၅၅၆၃။တပ်သား။တပ်ရင်း(၃၀၃)။ခြေသလုံးတွင်၇၉-မမထိ။
၃၀၆။ရဲဘော်ကောင်းမြတ်-က/ပ၅၅၇၉။ဆေးမှုး။တပ်ရင်း(၃၀၃)။၂၈/၇/၁၉၉၁။ယာဂျိုင်းကျည်ထိ။
၃၀၇။ရဲဘော်ရာမြေးလယ်(ကေဘရယ်)-က/ပ၅၅၄၀။ဒုတပ်စိတ်မှုး။တပ်ရင်း(၃၀၃)။၁၉၉၁။လက်/ခြေ/ခေါင်း တိုက်မိုင်းထိ။
၃၀၈။ရဲဘော်ခွန်ဒေ၀ါ-က/ပ၅၄၉၈။တပ်စိတ်မှုး။တပ်ရင်း(၃၀၃)။လက်မောင်းကျည်ထိ။
၃၀၉။ရဲဘော်သန်းလှိုင်-က/ပ၅၅၅၅။တပ်စိတ်မှုး။တပ်ရင်း(၃၀၃)။၁၉၉၁။လက်တွင်လက်နက်ကြီးထိ။
၃၁၀။ရဲဘော်ကာဗရေး(၂)-တပ်စိတ်မှုး။တပ်ရင်း(၃၀၃)။
၃၁၁။ရဲဘော်မောင်ကို-က/ပ၅၆၄၀။တပ်၇င်း(၃၀၃)။၁၉၉၂။လက်ပြင်တွင်လက်နက်ကြီးထိ။
၃၁၂။ရဲဘော်ထိန်လင်း-က/ပ၅၅၇၂။တပ်သား။၁၉၉၂။လက်တွင်လက်နက်ကြီးထိ။
၃၁၃။ရဲဘော်အောင်စိုးလွင်-က/ပ၅၅၇၈။တပ်သား။၁၉၉၂။လက်တွင်လက်နက်ကြီးထိ။
၃၁၄။ရဲဘော်အဲဖရက်နိုးနို-က/ပ၅၆၂၇။ဆ.သ.ရ။၁၉၉၂။ဘယ်ဘက်လက်ပြင်တွင်လက်နက်ကြီးထိ။
၃၁၅။ရဲဘော်ဇင်ယောက်လေး-က/ပ၅၆၁၄။တပ်သား။တပ်ရင်း(၃၀၃)။၁၉၉၄။လက်တွင်ကျည်ထိ။
၃၁၆။ရဲဘော်ဖြူဖွေး-က/ပ၅၆၁၈။တပ်သား။တပ်ရင်း(၃၀၃)။လက်တွင်လက်နက်ကြီးထိ။
၃၁၇။ရဲဘော်ကာဗရေး(၂)-က/ပ၅၆၁၀။တပ်သား။၁၉၉၂။ကျောကုန်းတွင်လက်နက်ကြီးထိ။
၃၁၈။ရဲဘော်မိုးဇက်(ငယ်)-က/ပ၅၆၀၇။တပ်သား။တပ်ရင်း(၃၀၃)၁၉၉၂။လက်တွင်လက်နက်ကြီးထိ။
၃၁၉။ရဲဘော်ဂျိုဝါးနီ-က/ပ၅၅၀၇။တပ်သား။တပ်ရင်း(၃၀၃)။၁၉၉၂။ကျောကုန်းတွင်လက်နက်ကြီးထိ။
၃၂၀။ရဲဘော်ကျော်မင်း။-က/ပ၅၅၀၂။ဒုတပ်စိတ်မှုး။တပ်ရင်း(၃၀၃)။လက်တွင်လက်နက်ကြီးထိ။
၃၂၁။ရဲဘော်စောဟိုင်ဇင်။က/ပ၅၅၃၇။တပ်စုမှုး။တပ်ရင်း(၃၀၃)။၁၉၉၂။ခေါင်းတွင်လက်နက်ကြီးထိ။
၃၂၂။ရဲဘော်တင်မောင်ထွန်း-က/ပ၄၂၄၄။တပ်သား။တပ်၇င်း(၃၀၃)။၁၉၈၉။ပါးတွင်လက်နက်ကြီးထိ။
၃၂၃။ရဲဘော်ဇော်အောင်-က/ပ၃၀၁၂။တပ်စိတ်မှုး။တပ်ရင်း(၆၀၁)ခြေထောက်ဂုံညင်းရိုးပြုတ်။မျက်နှာ ကျည်ထိ။
၃၂၄။ရဲဘော်မိုးကျော်-က/ပ၄၀၃၁။တပ်သား။တပ်ရင်း(၆၀၁)။၁၉၉၄ခုနှစ်။လက်နှစ်ဘက်ပြတ်။မျက်လုံး(၂)လုံး ပျက်။မိမိမိုင်းကိုဆင်ရင်းထိ။
၃၂၅။ရဲဘော်စိုးမိုးကြိုင်-က/ပ၃၀၁၅။တပ်စုမှုး။တပ်ရင်း(၆၀၁)။၁၉၉၂။လည်ပင်း၊မေးစေ့၊မျက်နှာဒါဏ်ရာ။ လက်ပစ်ဗုံးထိ။
၃၂၆။ရဲဘော်ခင်မောင်တိုး-တပ်သား။တပ်ရင်း(၆၀၁)။၁၉၉၂-၀ဲရင်အုံကျည်ထိ။
၃၂၇။ရဲဘော်ခွန်မြတ်-တပ်ရင်းမှုး။တပ်ရင်း(၆၀၁)၁၉၈၉။ဝဲလက်ချောင်ဒါဏ်ရာ။လက်နက်ကြီးထိ။
၃၂၈။ရဲဘော်ခွန်အောင်နိုင်-တပ်စိတ်မှုး။တပ်၇င်း(၆၀၁)၁၉၉၃။ဝဲခြေသလုံးကျည်ထိ။
၃၂၉။ရဲဘော်ကျော်ကြီး-ဆေးတပ်သား။တပ်၇င်း(၆၀၁)။၁၉၉၀။ခြေထောက်ဒါဏ်ရာကျည်ထိ။
၃၃၀။ရဲဘော်ဇော်ဇော်-တပ်သား။တပ်ရင်း(၆၀၁)။ခြေသလုံးဒါဏ်ရာ။
၃၃၁။ရဲဘော်စံလှ-တပ်ကြပ်ကြီး။တပ်ရင်း(၆၀၁)။၁၉၉၂။ဒူးခေါင်းဒါဏ်ရာလက်နက်ကြီးထိ။
၃၃၂။ရဲဘော်ရန်အောင်-တပ်သား။တပ်ရင်း(၆၀၁)။၁၉၉၂။ဝဲတံတောင်ဆစ်ကျည်ထိ။
၃၃၃။ရဲဘော်နိုင်နိုင်-ဆေးမှုး။တပ်ရင်း(၆၀၁)။ပေါင်တွင်ကျည်ထိ။
၃၃၄။ရဲဘော်တောင်ကြီး-တပ်သား။တပ်ရင်း(၆၀၁)။၁၉၉၃။လက်ပြင်တွင်လက်နက်ကြီးထိ။
၃၃၅။ရဲဘော်ဇော်ကိုနိုင်-က/ပ၄၀၄၄။တပ်သား။တပ်၇င်း(၆၀၁)။ခြေသလုံးဒါဏ်ရာ။
၃၃၆။ရဲဘော်ခွန်းတသန့်-တပ်သား။တပ်ရင်း(၆၀၁)။၁၉၉၂။ခြေသလုံးဒါဏ်ရာ။
၃၃၇။ရဲဘော်ညီညီအောင်-က/ပ၅၆၁၃။တပ်သား။တပ်၇င်း(၆၀၁)။ကျောကုန်းဒါဏ်ရာမိမိမိုင်းထိ။
၃၃၈။ရဲဘော်အယ်ဒိုး-တပ်ရင်း(၆၀၁)။
၃၃၉။ရဲဘော်ရဲနီကို-တပ်ရင်း-၆၀၁။ကရိန်နီ။
၃၄၀။ရဲဘော်တင်အောင်-က/ပ၅၁၅၇။တပ်ရင်း(၈၀၁)။တပ်စုမှုး။၁၉၉၄။မျက်လုံး၊လည်ပင်းဒါဏ်ရာ။
၃၄၁။ရဲဘော်ငေးလယ်-က/ပ၅၁၈၆။တပ်သား။တပ်ရင်း(၈၀၁)။၃/၃/၁၉၉၇။မကဒတအလုပ်အဖွဲ့ဝင်။အခြေခံ ဒေသထိုးဖောက်ရေးနယ်မြေ။အထူးဒေသဂွင်။အင်ားကီးပေါက်တိုက်ပွဲတွင်ယာဘက်ခြေသလုံးကျည်ထိ။
၃၄၂။ရဲဘော်ထွန်းသူ-တပ်သား။တပ်ရင်း(၁)။
၃၄၃။ရဲဘော်စိုးမင်းအောင်-ဒုတပ်စိတ်မှုး။တပ်၇င်(၁)။
၃၄၅။ရဲဘော်ရဲကြီး-ဆေးမှုး။တပ်ရင်း(၁)။
၃၄၆။ရဲဘော်မင်းဦး-တပ်သား။တပ်ရင်း(၁)။
၃၄၇။ရဲဘော်မောင်ဇော်-ဒုစိတ်မှုး။တပ်ရင်း(၁)။
၃၄၈။ရဲဘော်တင်ထွန်း-တပ်သား။တပ်ရင်း(၁)။
၃၄၉။ရဲဘော်စုစု-တပ်သား။တပ်ရင်း(၁)။၁၂/၃/၁၉၉၇။မျက်လုံးတဘက်ဆုံး။တဘက်ဒါဏ်ရာ။
၃၅၀။ရဲဘော်ပန်းလှိုင်-တပ်သား။တပ်ရင်း(၁)။၁၉၉၇။မြိတ်။-ဘုတောပုလောတိုက်ပွဲ။
၃၅၆။ရဲဘော်သန်းမြင့်(ကိုဖြူ)က/ပ၄၅၇၉။တပ်ကြပ်ကြီး။တပ်ရင်း(၃)၁၉၉၆။၉ချလယ်တယ်တိုက်ပွဲ။ဝဲဘက်ပါး ဒါဏ်ရာ။
၃၅၇။ရဲဘော်ဆန်းထိုက်-က/ပ၅၅၂၂။တပ်သား။တပ်ရင်း(၃)။(၀င်းမောင်း-ကျွန်းပင်ဝင်ားကားတိုက်ပွဲ)။
၃၅၈။ရဲဘော်မောင်ဌေး-က/ပ၅၁၄၃။တပ်သား။တပ်ရင်း(၃)။
၃၅၉။ရဲဘော်လှသိန်း-တပ်ရင်း(၃)။
၃၆၀။ရဲဘော်တိုးဝင်း-တပ်စိတ်မှုး။တပ်ရင်း(၇)။၂၉/၈/၁၉၉၈။ခြေတဘက်မိုင်းထိ။
၃၆၁။ရဲဘော်ထွန်းဦး-တပ်သား။တပ်ရင်း(၇)။၁၉၉၇။ဝဲဘက်ခြေထောက်မိုင်းထိ။
၃၆၂။ရဲဘော်ခိုင်စိုး-တပ်သား။တပ်ရင်း(၇)။၁၉၉၉။ခြေတဘက်မိုင်းထိ။
၃၆၃။ရဲဘော်ကျော်ကိုကို-က/ပ၃၃၁၄။ဗဟိုကော်မီတီ။တပ်ရင်း(၇)။၂၄/၄/၁၉၉၇။(ရှစ်လေးလုံးစခန်းတိုက်ပွဲ) ၀ဲဘက်ပါးကျည်ဖြတ်မှန်။သါားကျွတ်ထွက်။
၃၆၄။ရဲဘော်မြင့်ဇော်-ဆေးမှုး။တပ်ရင်း(၇)။၁၉၉၇။တနသာၤရီ၊သိမ္ခုန္ရြာအနီး-ေလးအိမ္စုတိုက္ပြဲ။လက် ဒါဏ်ရာ။
၃၆၅။ရဲဘော်နွေမိုး-တပ်စိတ်မှုး။တပ်ရင်း(၇)။၁၉၉၇။တနသာၤရီ။ကျောက်မိချောင်းတိုက်ပွဲ။ဝဲလက်မောင်ကျိုး။
၃၆၆။ရဲဘော်မောင်ဝင်း-က/ပ၄၀၂၃။တပ်စုမှုး။တပ်ရင်း(၈)။၁၂/၁၁/၂၀၀၁။အပေါင်ချောင်းဖျားတိုက်ပွဲ။ အဆုတ်ဒါဏ်ရာရ။
၃၆၇။ရဲဘော်ဇင်မိုး-တပ်သား။တပ်ရင်း(၈)။၎/၆/၂၀၀၀။နော်ဒဲရွာတိုက်ပွဲ။ကျောက်ကပ်(၁)လုံးထုတ်လိုက်ရ။
၃၆၈။ရဲဘော်သန့်ဇင်ထွေး-တပ်စိတ်မှုး။တပ်ရင်း(၈)။၅/၅/၂၀၀၃။မော်ကလာတပ်မဟာ(၇)မြေပြတ်မိုင်းထိ။
၃၆၉။ရဲဘော်အာလီ-တပ်သား။တပ်ရင်း(၉)။၁၅/၁၀/၁၉၉၈။လှိုင်းဘွဲ့မြို့နယ်။မြေတဘက်ပြတ်မိုင်းထိ။
၃၇၀။ရဲဘော်အောင်သူရ-တပ်သား။တပ်ရင်း(၈)၃/၁/၂၀၀၄။ဖလူးစခန်း။တပ်မဟာ(၆)မိုင်းထိ။
၃၇၁။ရဲဘော်သောင်းတင်ဦး-က/ပ၅၄၉၀။တပ်ကြပ်ကြီး။ဗလတ။၁၉၉၇။သို့သေဒဲ။ယာမျက်လုံးဒါဏ်ရာရ။
၃၇၂။ရဲဘော်ပန်းအေး-က/ပ၅၄၈၅။တပ်သား။လက်မောင်းကျိုး။
၃၇၃။သိန်းဝေ-က/ပ၅၄၆၃။တပ်သား။ဗလတ။၁၉၉၆။ကျောက်ကျိုးတိုက်ပွဲ။လက်ဒါဏ်ရာ။
၃၇၄။ရဲဘော်ဖိုးချို-က/ပ၅၄၉၇။တပ်စိတ်မှုး။ဗလတ။၁၉၉၆။လေးဝါး-ခလှဲ့ခီးကြားတိုက်ပွဲ။မျက်စိဒါဏ်ရာရ။
၃၇၅။ရဲဘော်ဇော်ဦး-က/ပ၅၄၉၂။တပ်သား။ဗလတ။၁၉၉၄။ဒေါင်းဂွင်တိုက်ပွဲ။မျက်လုံး၊လည်ပင်းဒါဏ်ရာ။
၃၇၆။ရဲဘော်လှခင်-တပ်ကြပ်ကြီး။ဗလတ။၉/၁၂/၂၀၀၁။ကေအန်ယူ။တပ်မဟာ(၅)ဒေသ။ဝဲခြေထောက်ဒူး အထက်တွင်ဖြတ်လိုက်ရ။(မိုင်းထိ)။
၃၇၇။ရဲဘော်မြင့်သိန်း-က/ပ၅၄၉၈။တပ်သား။ဗလတ။၁၉၉၈။ခလှဲဝီဒဲတိုက်ပွဲ။ခြေခုံမှခြေဖနှောက်နှင့်ထုတ် ချင်းပေါက်။
၃၇၈။ရဲဘော်မိုးမင်းမင်း-တပ်ဖွဲ့မှုး။ရထလ။၂၂/၆/၂၀၀၂။ဝဲကြီး။ယာခြေပြတ်မိုင်းထိ။
၃၇၉။ရဲဘော်ရန်နိုင်စိုး-ဆေးအရာခံဗိုလ်။ဆတဖ။၃/၈/၂၀၀၂၀ဲကြီး။ဝဲခြေပြတ်။မိုင်းထိ။
၃၈၀။ရဲဘော်နေဒွန်း-က/ပ၀၁၇၄။(မပ)၁၉၉၆။(မိုးညှင်း၊အေ၇ှာင်တိုက်ပွဲဒူးဆစ်ဒါဏ်ရာ။
၃၈၁။ရဲဘော်ကျော်စိုးမိုး(ခ)လင်းမြွေ။က/ပ၃၀၂၅။တပ်ရင်း(၆၀၁)။တပ်သား။ရလလဖ။ဗန်းမတ်တိုက်ပွဲ။
ယာဘက်ပါးဒါဏ်ရာခွင်းဗုံးအစထိ။



ကျည်ဝေဖြိုး။
ဆက်လက်ရေးသားပါဦးမည်။

Friday, December 24, 2010

နှင်းဆီရောင် တော်လှန်ရေး ရုပ်ပုံလွှာ အပိုင်း(၁ဂ)။

နှင်းဆီရောင် တော်လှန်ရေး ရုပ်ပုံလွှာ အပိုင်း(၁ဂ)

၁၉၈၈ခုနှစ်၊နောက်ပိုင်း။ စစ်ရေးမှတ်တမ်း။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
ကျောင်းသားတပ်မတော်
စစ်ရုံးချုပ်



၂ဝဝ၄ခုနှစ် စက်တင်ဘာ ၅ ရက်နေ့  အထိ ထိခိုက်ဒဏ်ရာရ။ ကျဆုံး။ သေဆုံး ရဲဘော်များ စာရင်း၊ ထိခိုက် ဒဏ်ရာ စာရင်း ၁ ၊ ရဲဘော် သန်းအောင် --- ကပ-၄၄၅၂ --တပ်သား -- ၁ဝ၁ တပ်ရင်း-- ၁၉၈၉---ခုနှစ်
၂ ၊ ရဲဘော် ကျော်ဝင်းစိန် --- ၄၄၉၅ -- တပ်သား -- ၁ဝ၁ တပ်ရင်း --- ၁၉၈၉---ခုနှစ်
၃ ၊ ရဲဘော် ကျော်လွင် ---- ဆသရ -- ၁ဝ၁ တပ်ရင်း --- ၁၉၉၅ ---ခုနှစ် ---- ကျည်ပေါက်
၎ ၊ ရဲဘော် သန်းအောင် --- တပ်စိတ်မှူး -- ၁ဝ၁ တပ်ရင်း --- ၁၉၉၄---ခုနှစ်
၅ ၊ ရဲဘော် ကျော်ကျော် (၁) --ကပ ၄၄၂၉ --တပ်စိတ်မှူး -- ၁ဝ၁ တပ်ရင်း --- နတ်အိမ်တောင်
၆ ၊ ရဲဘော် ဘခက် ---- တပ်သား -- ၁ဝ၁ တပ်ရင်း -- ၁၉၉ဝ
၇ ၊ ရဲဘော် နေမျိုး ---ကပ ၃၈၉၁ -- ၁ဝ၁ (ခွဲ ၂) --- ၁၉၈၉ --ဗလိုင်နော့တိုက်ပွဲ။ -- လက်နတ်ကြီးစကျောကုန်းထိ
၈ ၊ ရဲဘော် ဇော်ဝင်းလွင် --- ကပ ၃၉ဝဝ -- ၁ဝ၁ (ခွဲ ၂) -- ၁၉၈၉ ဗလိုင်နော့တိုက်ပွဲ။ လက်နတ်ကြီးစ နားရွက်ထိ
၉ ၊ ရဲဘော် ရဲထွတ်အောင် --- ၃၈၉၃ --- ၁ဝ၁ (ခွဲ ၂) --- ၁၉၉၂ ရင်း-၂ဝ။ --- ဝဲလက်ဖျံရိုးဒဏ်ရာရ
၁ဝ ၊ ရဲဘော် ဆန်နီ --- ၁ဝ၁ (ခွဲ ၂) --- ၂၆။၈။၁၉၉ဝ --- အရိုးတောင်တိုက်ပွဲ။ --- ခြေထောက်ဒဏ်ရာရ
၁၁ ၊ ရဲဘော် တင်မိုး --- ၁ဝ၁ တပ်ရင်း --- ၁၉၈၉ --- (ဗလိုင်နော့။ဘုရားသုံးဆူ)
၁၂ ၊ ရဲဘော် သက်နောင် --- ၁ဝ၁ တပ်ရင်း --- ၁၉၈၉ --- (ဗလိုင်နော့။ဘုရားသုံးဆူ)
၁၃ ၊ ရဲဘော် ရာဏ်ဝင်း --- ၁ဝ၁ တပ်ရင်း --- ၁၉၈၉ --- (ဗလိုင်နော့။ဘုရားသုံးဆူ)
၁၄ ၊ ရဲဘော် ဇော်မြင့်ဦး --- ၁ဝ၁ တပ်ရင်း --- ၂၆။၈။၁၉၉ဝ --- (အရုတောင်။ဘုရားသုံးဆူ)
၁၅ ၊ ရဲဘော် မောင်မောင်လတ် --- ၁ဝ၁ --- ၂၆။၈။၁၉၉ဝ --- (အရုတောင်။ဘုရားသုံးဆူ)
၁၆ ၊ ရဲဘော် အောင်မြင့်ဟန် --- ၁ဝ၁ --- ၂၆။၈။၁၉၉ဝ --- (အရုတောင်။ဘုရားသုံးဆူ)
၁၇ ၊ ရဲဘော် တင်မောင် --- ၁ဝ၁ (ခွဲ ၂) --- ၂၆။၈။၁၉၉ဝ --- အရုတောင်တိုက်ပွဲ။ --- ခြေထောက်ဒဏ်ရာရ
၁၈ ၊ ရဲဘော် နေမျိုးထိုက် --- ကပ - ၃၆၉၁ --- ၁ဝ၁ (ခွဲ ၂) --- ၂၆။၈။၁၉၉ဝ --- အရုတောင်တိုက်ပွဲ။ --- ခြေထောက်ဒဏ်ရာရ
၁၉ ၊ ရဲဘော် အနှစ် (ခ) စံမြင့် --- ၁ဝ၁ တပ်ရင်း
၂ဝ ၊ ရဲဘော် ဇော်နိုင် --- ၁ဝ၁ တပ်ရင်း
၂၁ ၊ ရဲဘော် မောင်မောင်လတ် --- ၁ဝ၁ တပ်ရင်း
၂၂ ၊ ရဲဘော် စိုးဌေး --- ၁ဝ၁ တပ်ရင်း
၂၃ ၊ ရဲဘော် မြတ်စိုး --- ၁ဝ၂ --- ၂၆။၉။၁၉၉ဝ --- အရုတောင် (ရေးမြောက်) --- ဝဲပုခုံးဒဏ်ရာရ
၂၄ ၊ ရဲဘော် ဇော်ထူး --- ၁ဝ၂ --- ၂၃။၁။၁၉၉၁ --- ရင်းမြောက် (ရေးတောင်) --- ပေါင်ဒဏ်ရာရ
၂၅ ၊ ရဲဘော် စိုးနိုင် --- ၁ဝ၂ ၂၃။၁။၁၉၉၁ (ရေးတောင်) တင်ပါး ဒဏ်ရာရ
၂၆ ၊ ရဲဘော် အေးမင်း ၁ဝ၂ --- ၂၃။၁။၁၉၉၁ --- (ယင်းရဲ။ ရေးမြို့ နယ်တောင်ပိုင်း) ဒူးခေါင်း
၂၇ ၊ ရဲဘော် ဝေမိုး --- ၁ဝ၂ --- ၂၃။၁။၁၉၉၁ --- (ယင်းရဲ။ ရေးမြို့ နယ်တောင်ပိုင်း) --- ပခုံးဒဏ်ရာရ
၂၈ ၊ ရဲဘော် ဝင်းဌေးဦး --- ၁ဝ၂ --- ၂၅။၎။၁၉၉၂ --- (နော်တ ) --- လက်ဒဏ်ရာရ
၂၉ ၊ ရဲဘော် ခိုင်စိုး --- ၁ဝ၂ --- ၂၅။၅။၁၉၉၂ --- (နော်တ) --- လက်ဒဏ်ရာရ
၃ဝ ၊ ရဲဘော် ဘစောထွန်း -ဗဟိုကော်မတီဝင် --- ၁ဝ၂ --- ၂၆။၅။၁၉၉၂ --- (နော်တ) --- ယာခြေမိုင်းထိ
၃၁ ၊ ရဲဘော် လှအောင် --- ၁ဝ၂ --- (တောင်ပေါက်) --- ယာလက်မောင်းဒဏ်ရာရ
၃၂ ၊ ရဲဘော် ကျော်သက် --- တပ်သား --- ၁ဝ၂ --- ၁၉၉၄ --- မျက်စိဒဏ်ရာရ
၃၃ ၊ ရဲဘော် မျိုးသန်းထွန်း --- တပ်စုမှူး --- ၁ဝ၂ --- ၂၆။၈။၁၉၉၅ --- (ကိုးအင်း-ကော့မပြင်) ခါးရိုးဒဏ်ရာရ
၃၄ ၊ ရဲဘော် ဇော်မျိုး(ချက်ကြီး) --- ရဲဘော် ၁ဝ၂ --- ၂၆။၈။၁၉၉၅ --- (ကိုးအင်း-ကော့မပြင်) --- ခါးရိုးဒဏ်ရာရ
၃၅ ၊ ရဲဘော် စိုးနိုင် --- ၂ဝ၁ --- ခြေတဖက်ပြတ်။ (နင်းမိုင်း)
၃၆ ၊ ရဲဘော် သန်းတင် --- ၂ဝ၁ --- လက်နက်ငယ်ထိ
၃၇ ၊ ရဲဘော် ကျော်ဇင် --- ၂ဝ၁ --- လက်နက်ငယ်ထိ
၃၈ ၊ ရဲဘော် ဘသန်း --- ၂ဝ၁ --- ခြေတဖက်ပြတ်။ (နင်းမိုင်း)
၃၉ ၊ ရဲဘော် လှဌေး --- ၂ဝ၁ --- ခြေတဖက်ပြတ်။ (နင်းမိုင်း)
၎ဝ ၊ ရဲဘော် လှဦး တပ်ခွဲမှူး --- ၂ဝ၁ --- လက်နက်ငယ်ထိ
၄၁ ၊ ရဲဘော် ဝင်းငယ် (နိုင်ဝင်း) --- တပ်ကြပ်ကြီး --- ၂ဝ၁ --- လက်နက်ငယ်ထိ
၄၂ ၊ ရဲဘော် သာဆန်း --- --- တပ်စိတ်မှူး --- ၂ဝ၁ --- လက်နက်ငယ်ထိ
၄၃ ၊ ရဲဘော် သောင်းဟန် ၅ဝ၉ဝ -တပ်စိတ်မှူး --- ၂ဝ၁ --- ၁၉၉၂ --- (ပုလောမြို့ နယ်တပိုတိုက်ပွဲ) ပေါင် နှင့်လက်တွင်ထိ (ပ)။ (အရှေ့ ကုန်းတိုက်ပွဲ) ပါးစပ်ထိ
၄၄ ၊ ရဲဘော် နိုင်နိုင် --- ဆေးမှူး --- ၂ဝ၁ --- လက်နက်ငယ်ထိ
၄၅ ၊ ရဲဘော် အောင်စွမ် --- တပ်သား --- ၂ဝ၁ --- ပါးစောင်ပြုတ် (ပ)။ ခြေကျိုး (‘ု)
၄၆ ၊ ရဲဘော် အောင်ကျော်ထူး --- တပ်သား --- ၂ဝ၁ --- လက်နက်ငယ်ထိ
၄၇ ၊ ရဲဘော် ထွန်းသိန်း --- တပ်သား --- ၂ဝ၁ --- လက်နက်ငယ်ထိ
၄၈ ၊ ရဲဘော် တင်စိုး --- တပ်သား --- ၂ဝ၁ --- ကိုယ်တခြမ်းသေ
၄၉ ၊ ရဲဘော် မဲဒူး (ခ) အေးဇော် --- တပ်သား --- ၂ဝ၁ --- လက်နက်ငယ်ထိ
၅ဝ ၊ ရဲဘော် စိုးမင်းအောင် --- ခွဲအရာခံဗိုလ် --- ၂ဝ၁ --- လက်နက်ငယ်ထိ


၅၁ ၊ ရဲဘော် ဘုန်းကျော် --- တပ်ခွဲမှူး --- ၂ဝ၁ --- လက်နက်ငယ်ထိ
၅၂ ၊ ရဲဘော် မိုးနိုင် --- တပ်သား --- ၂ဝ၁ --- လက်နက်ငယ်ထိ
၅၃ ၊ ရဲဘော် ဝင်းမောင် --- တပ်သား --- ၂ဝ၁ --- လက်နက်ငယ်ထိ
၅၄ ၊ ရဲဘော် ကျော်သူ --- ၂ဝ၁
၅၅ ၊ ရဲဘော် ဇော်ထူး --- ၂ဝ၁
၅၆ ၊ ရဲဘော် ဇော်ဝမ်း --- ၂ဝ၁
၅၇ ၊ ရဲဘော် အာသာ --- ၂ဝ၁
၅၈ ၊ ရဲဘော် ဇော်ဝင်းအောင် --- ၂ဝ၁
၅၉ ၊ ရဲဘော် မောင်မောင်သန်း --- ၂ဝ၁
၆ဝ ၊ ရဲဘော် သန်းထိုက် ၂ဝ၁ --- ၆၁ ၊ ရဲဘော် အေးချို --- တပ်ခွဲမှူး --- ၂ဝ၁ --- ၂၆။၈။၁၉၉၅ --- ကျောက်စရစ်ရွာ။ ကော့မပြင်း
၆၂ ၊ ရဲဘော် စိုးအောင် --- ၂ဝ၁ --- ၁၈။၅။၁၉၉၂ --- (နော်တ) --- ခြေထောက်ဒဏ်ရာရ။ (မိုင်းထိ)
၆၃ ၊ ရဲဘော် စိုးလွင်ဦး --- ၂ဝ၁ --- ၁၈။၅။၁၉၉၂ --- (နော်တ)
၆၄ ၊ ရဲဘော် အောင်ထွန်း --- ၂ဝ၂
၆၅ ၊ ရဲဘော် မောင်စိုး --- တပ်သား --- ၂ဝ၃ --- ၁။၁၉၉၁ --- ယာရင်ဘတ်ဒဏ်ရာရ
၆၆ ၊ ရဲဘော် တင်ထွေး --- တပ်သား --- ၂ဝ၃ --- ၁၉၉၁ --- ယာရင်ဘတ်ဒဏ်ရာရ
၆၇ ၊ ရဲဘော် စိုးသိန်း --- ၄၈၉၄ --- တပ်သား --- ၂ဝ၃ --- ၁၉၉၁ ဝဲခြေထောက်ဒဏ်ရာရ
၆၈ ၊ ရဲဘော် မြတ်မိုး --- ယှဝ၅၁ --- တပ်သား --- ၂ဝ၃ --- ၁၉၉၁ --- ယာလက်မောင်းဒဏ်ရာရ
၆၉ ၊ ရဲဘော် မင်းမင်းကို --- ယှ၁၈၃ --- တပ်သား --- ၂ဝ၃ --- ၁၉၉၁ --- ယာလက်မောင်းဒဏ်ရာရ
၇ဝ ၊ ရဲဘော် နိုင်ဝင်း --- ယှ၁၈၄ --- တပ်စိတ်မှူး --- ၂ဝ၃ --- ၁၉၉၁ --- ဝဲပုခုံးဒဏ်ရာရ
၇၁ ၊ ရဲဘော် ဝင်းမြင့် --- ယှ၁၉၅ --- တပ်စိတ်မှူး --- ၂ဝ၃ --- ၁၉၉၁ --- တင်ပါးဒဏ်ရာရ
၇၂ ၊ ရဲဘော် ထွန်းအောင်(မင်းမင်း) --- ၄၈၆၆ --- တပ်စိတ်မှူး --- ၂ဝ၃ --- ၁၉၉၁ --- ယာပေါင်ဒဏ်ရာရ
၇၃ ၊ ရဲဘော် ဝင်းအောင် --- ၄၈၅၇ တပ်စိတ်မှူး --- ၂ဝ၃ --- ၁၉၉၂
၇၄ ၊ ရဲဘော် နိုင်ငယ် --- ၄၈၉၆ တပ်ကြပ်ကြီး --- ၂ဝ၃ --- ၁၉၉၂ --- ယာပခုံး
၇၅ ၊ ရဲဘော် စောသာအေး (ကိုကျော်) --- ယှဝ၃၁ --- တပ်စုမှူး --- ၂ဝ၃ --- ၁၉၉၂
၇၆ ၊ ရဲဘော် တင့်ဇော်တင့် --- ၄၈၈ဝ --- တပ်စုမှူး --- ၂ဝ၃ ၁၉၉၂
၇၇ ၊ ရဲဘော် မောင်ကျော် ယှဝ၆၄ --- တပ်သား --- ၂ဝ၃ --- ၁၉၉၁
၇၈ ၊ ရဲဘော် အောင်သန်းတင် --- ၄၈၁၄ --- တပ်သား --- ၂ဝ၃ --- ၁၉၉၂
၇၉ ၊ ရဲဘော် ထွန်းနိုင် (မိုးထက်) --- ၄၈၂၄ တပ်သား --- ၂ဝ၃
၈ဝ ၊ ရဲဘော် အောင်ထွန်း --- ယှဝ၅၃ --- တပ်ကြပ်ကြီး --- ၂ဝ၃
၈၁ ၊ ရဲဘော် မြင့်လွင် (ဝက်ရူး) --- ယှ၂၃၃ --- တပ်သား --- ၂ဝ၃
၈၂ ၊ ရဲဘော် စောသာအင်း(ကိုချောင်း) တပ်စုမှူး --- ၂ဝ၃
၈၃ ၊ ရဲမေ ဝင်းဝင်းချို --- ၂ဝ၃ --- ခြေသိမ်
၈၄ ၊ ရဲဘော် ယုရှိန် --- တပ်သား --- ၂ဝ၃ --- ၁၉၉၆ --- ယာဖက်ပေါင်ကျိုး
၈၅ ၊ ရဲဘော် ကျော်ဇောဦး --- ၄ဝ၂၄ --- တပ်စုမှူး --- ၂ဝ၃ --- ၂။၃။၁၉၉၃ --- (သင်ပုန်းကျွန်း)လယ်သစ်သံပျာရွာ --- ယာလက်မောင်းဒဏ်ရာရ
၈၆ ၊ ရဲဘော် ရန်ကျော်အောင် --- ၂ဝ၃
၈၇ ၊ ရဲဘော် မင်းနိုင် --- ၄၁၈၇ --- တပ်သား --- ၂ဝ၄ှ၂ဝ၅
၈၈ ၊ ရဲဘော် တင့်ရှိန် --- ၂ဝ၄-၂ဝ၅
၈၉ ၊ ရဲဘော် ညိုမင်းထွန်း --- တပ်စုမှူး --- ၂ဝ၄ှ၂ဝ၅
၉ဝ ၊ ရဲဘော် ဇာဇာ (ရဲဇာနည်) --- တပ်သား --- ၂ဝ၄ှ၂ဝ၅ --- ၁၉၈၉ --- ဖလူးခံစစ်စခန်း
၉၁ ၊ ရဲဘော် မောင်ထူး --- တပ်သား --- ၂ဝ၄-၂ဝ၅
၉၂ ၊ ရဲဘော် လှတင် --- ၃ဝ၅ဝ --- တပ်သား --- ၂ဝ၄-၂ဝ၅
၉၃ ၊ ရဲဘော် ကျော်စွာ --- ၃၃၅၁ --- တပ်စိတ်မှူး --- ၂ဝ၄-၂ဝ၅
၉၄ ၊ ရဲဘော် ကြည်ဝင်း --- ၃၇၇၇ --- တပ်ရင်းမှူး --- ၂ဝ၄-၂ဝ၅ --- ၁၉၉၂ --- စောထတိုက်ပွဲ
၉၅ ၊ ရဲဘော် စောလွင် --- ၃၇၆၈ --- တပ်စိတ်မှူး --- ၂ဝ၄-၂ဝ၅
၉၆ ၊ ရဲဘော် စိုးဝင်း --- ၃၃၆ဝ --- ဆေးမှူး --- ၂ဝ၄-၂ဝ၅ --- (မုကနော်လေးကုန်း) တပ်မဟာ(၆)။ --- ယာမျက်စေ့တလုံးကန်း
၉၇ ၊ ရဲဘော် ဇော်နိုင် --- ၅၂၇ဝ --- တပ်သား --- ၂ဝ၄-၂ဝ၅ --- ခြေတဖက်ပြတ်
၉၈ ၊ ရဲဘော် ညွန့် ဝင်း ၃၃၇ဝ --- တပ်သား --- ၂ဝ၄-၂ ဝ၅ (နွားလေးခို) တပ်မဟာ (၃)။ --- ညာလက်ပြတ်
၉၉ ၊ ရဲဘော် စိုးရွှေ --- ၃၇၆၃ --- တပ်သား --- ၂ဝ၄ ---ှ၂ဝ၅ ၁၉၈၉ --- ကေအင်ယူတပ်မဟာ (၅)။ --- တံတောင်ဆစ် ဒဏ်ရာရ။ လက်ကောက်၊
၁ဝဝ ၊ ရဲဘော် သောင်းမြင့် ---၃၃၄ဝ တပ်သား ---၂ဝ၄-၂ဝ၅


၁ဝ၁ ၊ ရဲဘော် မောင်မောင်သန်း --- ၃၃၃၃ --- တပ်သား ၂ဝ၄-၂ဝ၅ --- ၁၂။၎။၁၉၉၂ --- (မဲညောခီး) ယာခြေပြတ် (မိုင်း)
၁ဝ၂ ၊ ရဲဘော် စိုးအောင် --- ၃၃၆ဝ --- တပ်ကြပ်ကြီး --- ၂ဝ၄-၂ဝ၅
၁ဝ၃ ၊ ရဲဘော် နိုင်ဦး --- ၂၉၈၈ --- တပ်ကြပ် --- ၂ဝ၄-၂ဝ၅ --- ၂။၎။၁၉၉၂ --- (နော်တခံစစ်) ပေါငှ်မျက်လုံးဒဏ်ရာရ (မိမိမိုင်း မိုင်းထောင်စဉ် ပေါက်ကွဲ)
၁ဝ၄ ၊ ရဲဘော် အောင်ထူး ၃၃၄၅ တပ်သား ၂ဝ၄ှ၂ဝ၅ ၅။၂။၁၉၉၂ (မယ်ညောတိုက်ပွဲ) ခြေဖနောင့်ဒဏ်ရာရ
၁ဝ၅ ၊ ရဲဘော် ကြည်အေး --- ၃၃၁၆ --- ရေှးထောက် --- ၂ဝ၄-၂ဝ၅ --- ၁၉၉၃ --- (ဒီမော့ဆို။ သေ့ဆိုလဲရွာတိုက်ပွဲ) ဝဲရင်းဒဏ်ရာရုဏြဏ နှင့်ုဏြူင်္ ရင်ဆိုင်တိုက်ပွဲ
၁ဝ၆ ၊ ရဲဘော်ဥာဏ်ဝင်း --- တပ်ခွဲမှူး --- ၂ဝ၄-၂ဝ၅ --- ၁၈။၎။၁၉၉၂ --- (နော်တခံစစ်) ဝမ်းဗိုက်ဒဏ်ရာရ (ဗွှ ၄ ထိ)
၁ဝ၇ ၊ ရဲဘော် စိုးမိုးအောင် --- ဆေးမှူး --- ၂ဝ၄-၂ဝ၅ --- ၁၂။၎။၁၉၉၂ --- (နော်တခံစစ်) ဝမ်းဗိုက်ဒဏ်ရာရ (ဗွှ ၄ ထိ)
၁ဝ၈ ၊ ရဲဘော် ဘရန် --- ဆေးမှူး --- ၂ဝ၄ှ-၂ဝ၅ --- ၁၉၉၁ --- (ကျိုက်ဒိုဘုရားတောင်) ပေါင်လက်နက်ငယ်ထိ
၁ဝ၉ ၊ ရဲဘော် သန်းဖေ --- တပ်သား --- ၂ဝ၄ှ ၂ဝ၅ --- ၂၂။၎။၁၉၉၂ --- (နော်တ) --- ယာချိုစောင်းဒဏ်ရာရ
၁၁ဝ ၊ ရဲဘော် ဘိုဘို --- တပ်သား --- ၂ဝ၄ှ-၂ဝ၅ --- ၁၉၈၉ --- ဖလူး ခံစစ်စခန်း --- (လက်နက်ကြီးထိမှန် ဝမ်းပိုက်ဒဏ်ရာ) ၁၁၁ ၊ ရဲဘော် စံကောက် --- ၃၃၂၇ --- တပ်သား --- ၂ဝ၄ --- ၂ဝ၅ --- ၁၉၈၉ (သေ့ဘောဘိုး) --- လက်ညှိးပြတ် ၁၁၂ ၊ ရဲဘော် ရဲလင်း --- ၃၃၆၄ --- တပ်ရေး --- ၂ဝ၄ -ှ၂ဝ၅ ၄။၁၉၉၃ --- (နော်တ) နားရွက်နောက်ဒဏ်ရာရ
၁၁၃ ၊ ရဲဘော် မင်းနိုင် --- ၂ဝ၆
၁၁၄ ၊ ရဲဘော် အောင်မျိုး - တပ်ကြပ်ကြီး --- ၂ဝ၆ --- ၁၉၉၂ --- (ကျိုက်္လုံ။ ဘုရားတောင်။တပ်မဟာ ၆) --- ခြေတဖက်ပြတ်(မိုင်းထိ)
၁၁၅ ၊ ရဲဘော် နွေအောင် --- တပ်သား --- ၂ဝ၆ --- ၂။၁၉၉၂ --- (ကျိုက်ဒုံ။ မိနအတ်။ တပ်မဟာ ၆) --- ကျောနှင့်ခေါင်းတွင်လက်နတ်ကြီးစထိ
၁၁၆ ၊ ရဲဘော် ဖိုးတာ --- တပ်သား --- ၂ဝ၆ --- ၁၉၉၂ (ကျိုက်ဒုံ။ တပ်မဟာ ၆) ကျောတွင်လက်နတ်ကြီးအစထိ
၁၁၇ ၊ ရဲဘော် ဝင်းလှိုင် ဆေးမှူး --- ၂ဝ၆ --- ၁၉၉၂ --- (ကျိုဒုံ။ တပ်မဟာ ၆) လက်ဒဏ်ရာရ
၁၁၈ ၊ ရဲဘော် ရဲလင်းထွန်း --- ၃၅၆၄ --- တပ်စုမှူး --- ၂ဝ၇
၁၁၉ ၊ ရဲဘော် တင်မောင်အေး --- ၃၅၂၅ --- တပ်သား --- ၂ဝ၇ --- လက်ကျိုး
၁၂ဝ ၊ ရဲဘော် တင်ဝင်း --- ၃၄၉၃ --- တပ်သား --- ၂ဝ၇
၁၂၁ ၊ ရဲဘော် ရာဇင်း --- ၃၄၄၉ --- တပ်စိတ်မှူး --- ၂ဝ၇
၁၂၂ ၊ ရဲဘော် လှတင် --- ၃၅၁၈ --- တပ်သား --- ၂ဝ၇
၁၂၃ ၊ ရဲဘော် မောင်ဝင်း --- ၃၄၅၂ --- တပ်သား --- ၂ဝ၇
၁၂၄ ၊ ရဲဘော် မင်းမင်းဦး --- တပ်သား --- ၂ဝ၇
၁၂၅ ၊ ရဲဘော် ရန်နိုင်စိုး --- ၃၄၆၁ --- တပ်သား --- ၂ဝ၇
၁၂၆ ၊ ရဲဘော် တင်ထွေး --- ၃၈ဝ၆ --- တပ်သား --- ၂ဝ၇ --- ခြေကျိုး
၁၂၇ ၊ ရဲဘော် သက်နိုင်ဦး --- ဆေးမှူး
၁၂၈ ၊ ရဲဘော် မြင့်အောင် --- ၃၈၂၁ --- တပ်သား --- ၂ဝ၇
၁၂၉ ၊ ရဲဘော် ခင်အေး (ဖိုးထောင်) --- ၃၈၄၉ --- တပ်သား --- ၂ဝ၇ --- လက်ကျိုး။ သိမ်
၁၃ဝ ၊ ရဲဘော် လှငြိမ်း --- တပ်သား
၁၃၁ ၊ ရဲဘော် မြင့်ဦး --- ၃၄၆၆ --- ဒု-တပ်ခွဲမှူး --- ၂ဝ၇ --- ဗိုက်။ ကျော ဒဏ်ရာရ
၁၃၂ ၊ ရဲဘော် မိုက်ကယ်(တင်မောင်ဝင်း)
၁၃၃ ၊ ရဲဘော် ခင်မောင်စီ --- ၃၉၉၄ --- တပ်သား --- ၂ဝ၇
၁၃၄ ၊ ရဲဘော် ထွေးအောင် --- ၄၂၁၁ --- တပ်သား --- ၂ဝ၇ --- လက်မ။ သေ
၁၃၅ ၊ ရဲဘော် ဆန်းမြင့် --- ၃၉၉၂ --- တပ်သား --- ၂ဝ၇
၁၃၆ ၊ ရဲဘော် မောင်ထူး --- ၃၄၉ဝ --- တပ်ကြပ်ကြီး ၂ဝ၇
၁၃၇ ၊ ရဲဘော် ဇော်လင်းဦး --- ၃၅၅၅ --- ဒု-တပ်ခွဲမှူး --- ၂ဝ၇ --- ခြေ။ လက် အကြောသေ
၁၃၈ ၊ ရဲဘော် ခင်မောင်သိန်း --- ၃၅၂ဝ --- တပ်သား --- ၂ဝ၇
၁၃၉ ၊ ရဲဘော် တင်ထွန်း --- ၃၄၅၇ --- တပ်သား --- ၂ဝ၇
၁၄ဝ ၊ ရဲဘော် တင်ထွေး (၂) --- ၃၄၄၆ --- တပ်သား --- ၂ဝ၇
၁၄၁ ၊ ရဲဘော် မောင်တူး (အတူး) --- ၃၄၇ဝ --- တပ်သား --- ၂ဝ၇
၁၄၂ ၊ ရဲဘော် လှထွန်း (အရူး) --- ၃၅၄၄ --- တပ်စိတ်မှူး --- ၂ဝ၇
၁၄၃ ၊ ရဲဘော် တင့်ရှိန်ဦး --- ၃၅ဝ၇ --- တပ်သား --- ၂ဝ၇ --- ၁၉၉၂ --- ထွီပါးဝီးကျိုးတိုက်ပွဲ။ မေးရိုးဒဏ်ရာရ
၁၄၄ ၊ ရဲဘော် တင်ငွေ (အီဆာ) --- တပ်သား --- ၂ဝ၇
၁၄၅ ၊ ရဲဘော် မျိုးဝင်း (၂) --- ၄၅၅၇ --- တပ်သား --- ၂ဝ၇
၁၄၆ ၊ ရဲဘော် အောင်ကိုလတ် --- တပ်သား --- ၂ဝ၇
၁၄၇ ၊ ရဲဘော် ချစ်ဝင်း --- ၃၄၈၆ --- တပ်သား --- ၂ဝ၇
၁၄၈ ၊ ရဲဘော် သိန်းမြင့် --- ၃၉၈၁ --- တပ်သား --- ၂ဝ၇ ၁၄၉ ၊ ရဲဘော် မင်းလှိုင် --- ၃၈၆၈ --- တပ်စိတ်မှူး --- ၂ဝ၇
၁၅ဝ ၊ ရဲဘော် မောင်အေး (၁) --- တပ်သား --- ၂ဝ၇


၁၅၁ ၊ ရဲဘော် သိန်းစိုး --- ၃၉၉၈ --- တပ်သား --- ၂ဝ၇
၁၅၂ ၊ ရဲဘော် ခင်မောင်ကျော် --- ဒု-တပ်စိတ်မှူး --- ၂ဝ၇
၁၅၃ ၊ ရဲဘော် လှမိုး --- တပ်သား --- ၂ဝ၇
၁၅၄ ၊ ရဲဘော် သိန်းဟန် (ဘုန်းကြီး) --- ၃၈၅ဝ --- တပ်စိတ်မှူး --- ၂ဝ၇ --- ခြေပြတ်
၁၅၅ ၊ ရဲဘော် မြင့်လှိုင် --- ၃၄ဝ၁ --- တပ်သား --- ၂ဝ၇
၁၅၆ ၊ ရဲဘော် သန်းစိုး --- ၃၄၉၆ --- တပ်စိတ်မှူး --- ၂ဝ၇ --- ဗိုက်ကွဲ။ အူပြတ်
၁၅၇ ၊ ရဲဘော် တင်ဦး --- တပ်သား --- ၂ဝ၇
၁၅၈ ၊ ရဲဘော် ဝင်းမြင့် (၂) --- တပ်သား --- ၂ဝ၇
၁၅၉ ၊ ရဲဘော် မောင်စိုး --- ၄၈၆၁ --- တပ်စုမှူး --- ၂ဝ၇
၁၆ဝ ၊ ရဲဘော် သန်းထွေး (ဗညားဝီစီ) --- ၃၄၄၆ --- တပ်သား --- ၂ဝ၇
၁၆၁ ၊ ရဲဘော် မောင်အေး --- ၃၅ဝဝ --- တပ်ခွဲမှူး --- ၂ဝ၇
၁၆၂ ၊ ရဲဘော် ဗေဒါ (ဘုန်းကြီး) --- တပ်သား --- ၂ဝ၇ --- ၉။၂။၁၉၉၅ --- (သံလွင်) လှေပစ်ခံရ။ ဆီးစပ်တွင်ဒဏ်ရာရ
၁၆၃ ၊ ရဲဘော် လှထွန်း (အဘိုင်) --- တပ်သား --- ၂ဝ၇ --- ၉။၂။၁၉၉၅ --- (သံလွင်) လှေပစ်ခံရ
၁၆၄ ၊ ရဲဘော် အောင်သန်းဦး --- ၂ဝ၇
၁၆၅ ၊ ရဲဘော် တင်လှ --- ၄ဝ၂၈ --- ဆေးမှူး ၂ဝ၈ --- ၁၄။၃။၁၉၈၉ --- ကွီးလေး။ တပ်မဟာ -၇
၁၉၈ ၊ ရဲဘော် ခင်မောင်ဝင်း --- တပ်သား --- ၂ဝ၈ --- ၃ဝ။၁၁။၁၉၉၁ --- (ကြိုးဝိုင်း။တပ်မဟာ ၁) --- ယာပေါင်၌ ခြေသလုံးဒဏ်ရာရ
၁၉၉ ၊ ရဲဘော် သံချောင်း -- တပ်သား-- တပ်ရင်း-၂ဝ၈-- နေ့ စွဲ ၃ဝ။၁၁။၁၉၉၁ (ကြိုးဝိုင်း။တပ်မဟာ ၁) ဝဲခြေသလုံးဒဏ်ရာရ
၂ဝဝ ၊ ရဲဘော် ကိုကိုလေး -- တပ်ကြပ်-- ၂ဝ၈ တပ်ရင်း --နေ့ စွဲ ၈။၁၂။၁၉၉၁ (ကျုံကော်-ကွီးလေးကြား) ယာလက်ပြင်ဒဏ်ရာရ
၂ဝ၁ ၊ ရဲဘော် ကျော်ဦး -- တပ်သား --၂ဝ၈ တပ်ရင်း --နေ့ စွဲ --၁၃။၂။၁၉၉၂ (မဲညောခီး။ ရင်း ၂ဝ) ဒူးခေါင်းဒဏ်ရာရ
၂ဝ၂ ၊ ရဲဘော် ရဲအောင် -- ၂ဝ၈ တပ်ရင်း ။။ နေ့ စွဲ -၁၃။၂။၁၉၉၂ (မဲညောခီး။ ရင်း ၂ဝ) လက်ဖျံဒဏ်ရာရ
၂ဝ၃ ၊ ရဲဘော် မျိုးသန့် -- တွဲ တွင်း မှူး-၂ --၂ဝ၈ တပ်ရင်း -- နေ့ စွဲ -- ၂၆။၁။၁၉၉၂ (မဲညောခီး။ ရင်း ၂ဝ) ဂုတ်ပိုးဒဏ်ရာရ
၂ဝ၄ ၊ ရဲဘော် ချစ်စမ်းမောင် --- တပ်စုမှူး-- ၂ဝ၈ တပ်ရင်း -- နေ့ စွဲ ၁၆။၃။၁၉၉၂ (မဲညောခီး။ ရင်း ၂ဝ) ပေါင်ဒဏ်ရာရ
၂ဝ၅ ၊ ရဲဘော် ကျော်နိုင် --- တပ်ခွဲမှူး --၂ဝ၈ တပ်ရင်း-- နေ့ စွဲ -၇။၎။၁၉၉၂ (မဲညောခီး။ ရင်း ၂ဝ) ဝဲခြေထောက် (မိုင်း)
၂ဝ၆ ၊ ရဲဘော် ဝင်းခိုင် --- တပ်သား --၂ဝ၈ တပ်ရင်း


၂ဝ၇ ၊ ရဲဘော် တင်ဦး --ကပ- ၄၅၅၂ --တပ်သား --၂ဝ၉ တပ်ရင်း--၁၉၉ဝ ခုနှစ် (ထွီးပါးဝီးကြိုးတိုက်ပွဲ) နဖူးဒဏ်ရာရ
၂ဝ၈ ၊ ရဲဘော် ခင်ကျော် -- ကပ- ၄၅ဝ၃ --တပ်ခွဲမှူး-- ၂ဝ၉ တပ်ရင်း--နေ့ စွဲ -၁ဝ။၁။၁၉၉၂-- မျက်စေ့တလုံးကန်း (၁၂း၁ဝ နာရီ)
၂ဝ၉ ၊ ရဲဘော် အောင်မြ --- ဒု-တပ်စိတ်မှူး --၂ဝ၉ တပ်၇င်း
၂၁ဝ ၊ ရဲဘော် ခင်ဦး --ကပ- ၄၆ဝ၁ ---ဒု-တပ်စိတ်မှူး --၂ဝ၉ တပ်ရင်း
၂၁၁ ၊ ရဲဘော် ဟံသာ --ကပ- ၄၅၇၂ --တပ်သား --၂ဝ၉ တပ်ရင်း
၂၁၂ ၊ ရဲဘော် မိုးချစ်ဦး (မနှဲ)--ကပ- ၄၅၉ဝ --တပ်စိတ်မှူး --၂ဝ၉ တပ်ရင်း--ဘယ်ခြေမသန်
၂၁၃ ၊ ရဲဘော် သွင်ထူး (ကုလားလေး)--ကပ- ၄၅၆၃ --ဆသရ --၂ဝ၉ တပ်ရင်း--လက်ချောင်းများ အကြောသေ ၂၁၄ ၊ ရဲဘော် အောင်ကျော် --ကပ- ၄၅ဝ၇ --တပ်ခွဲမှူး-- ၂ဝ၉ တပ်ရင်း--၁၉၉၂ ခုနှစ်-- (ထွီးပါးဝီးကျိုးတိုက်ပွဲ) ချက်စပ်နှင့်ဝဲလက်ဒဏ်ရာရ
၂၁၅ ၊ ရဲဘော် စန်းအောင် --ကပ-၄၈၂၅ --တပ်ကြပ်ကြီး --၂ဝ၉ တပ်ရင်း ၂၁၆ ၊ ရဲဘော် အောင်ဘော် --ကပ- ၄၆၁၆ --တပ်စိတ်မှူး-- ၂ဝ၉ တပ်ရင်း-- ၁၉၉၂ ခုနှစ် (ထွီးပါးဝီးကျိုးတိုက်ပွဲ) ယာရင်ဘတ်ဒဏ်ရာရ
၂၁၇ ၊ ရဲဘော် စိုးဝင်း -- တပ်စိတ်မှူး --၂ဝ၉ တပ်ရင်း
၂၁၈ ၊ ရဲဘော် မင်းသိန်း -- ကပ- ၄၆၃၄-- တပ်သား-- ၂ဝ၉ တပ်ရင်း--၁၉၉၂ ခုနှစ် --(ထွီးပါးဝီးကျိုးတိုက်ပွဲ) ခြေသလုံးဒဏ်ရာရ
၂၁၉ ၊ ရဲဘော် ထွန်းအေး --- တပ်သား --၂ဝ၉ တပ်ရင်း
၂၂ဝ ၊ ရဲဘော် စိုးနိုင် -- တပ်သား --၂ဝ၉ တပ်ရင်း


၂၂၁ ၊ ရဲဘော် နိုင်နိုင် (ဂေါက်) -- ဒု-တပ်စိတ်မှူး --၂ဝ၉ တပ်ရင်း
၂၂၂ ၊ ရဲဘော် ကျော်မင်းဦး -- တပ်သား --၂ဝ၉ တပ်ရင်း
၂၂၃ ၊ ရဲဘော် သိမ်းဆန်း -- တပ်ရင်းမှူး-- ၂ဝ၉ တပ်ရင်း
၂၂၄ ၊ ရဲဘော် ခွန်ကျော်ကျော် --- တပ်စုမှူး --၂ဝ၉ တပ်ရင်း
၂၂၅ ၊ ရဲဘော် ထွေးလေး -- တပ်သား-- ၂ဝ၉ တပ်ရင်း
၂၂၆ ၊ ရဲဘော် ရွှေဘ --တပ်သား ၂ဝ၉ တပ်ရင်း --နေ့ စွဲ - ၉။၂။၁၉၉၅ (သံလွင်မြစ်အတွင်းလှေပစ်ခံရ)
၂၂၇ ၊ ရဲဘော် မောင်ရွှေ -- ၂ဝ၉ တပ်ရင်း
၂၂၈ ၊ ရဲဘော် ရာဏ်ထွန်း(ဘုန်းကြီး) -- ကပ ၄၅၈ဝ-- ၂ဝ၉ တပ်ရင်း
၂၂၉ ၊ ရဲဘော် လှခင် --ကပ ၄၆၁ဝ တပ်သား --၂ဝ၉ တပ်ရင်း--၁၉၉၁ခုနှစ် (ထွီးဖားဝီးကျိုးကားလ
၂၃ဝ ၊ ရဲဘော် ပေါ်ဦး --တပ်စိတ်မှူး --၂၁ဝ --လက်နက်ကြီးထိ


ကျည်ဝေဖြိုး။

Tuesday, December 21, 2010

ကာလကတ္တားအကျဉ်းထောင်မှ ပေးစာ

ကာလကတ္တားအကျဉ်းထောင်မှ ပေးစာ

11/5/2010

သို့
ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် အမှန်တရားကို မြတ်နိုးသော အားလုံးသောပြည်သူများ
အိန္ဒိယနိုင်ငံ West Bengal မြို့တော် Kolkata ရှိ Presidency Correctional Home ခေါ် ဗဟိုအကျဉ်းထောင် ကြီးထဲတွင် ထိန်းသိမ်းချုပ်နှောင်ခြင်းခံထားရသော ဗမာပြည် တိုင်းရင်းသားလူမျိုးများ ကိုယ့်ကံကြမ္မာကိုယ် ဖန် တီးနိုင်ရေး၊ အမျိုးသားများ တန်းတူရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့အတွက် ပြည်သူလူထု အာဏာကို မတရားရယူထားသော ဘုံရန်သူ �နအဖ� စစ်အစိုးရကို လက်နက်ကိုင်ဆန့်ကျင်တော်လှန်တိုက်ခိုက်နေကြ သော ရခိုင်ပြည် အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ NUPA နှင့် ကရင် အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ KNU မှ ရဲဘော် ၃၄ ဦးတို့ အမြန်ဆုံးလွတ်မြောက်ရေးအတွက် တတ်အားသရွေ့ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေး ကြပါရန် လူကြီးမင်းများထံ စာရေးအကြောင်းကြား အကူအညီတောင်းခံအပ်ပါသည်။


34 Arakanese freedom fighter in Kolkata jail
ကျွန်တော်တို့ ရခိုင်နှင့်ကရင်တော်လှန်ရေး ရဲဘော်များသည် အိန္ဒိယစစ်ထောက်လှမ်းရေးအရာရှိ Lt.Cal Grewal ၏ ကမကထပြု ဆောင်ရွက်မှုနှင့် အိန္ဒိယအာဏာပိုင်များ၏ သဘောတူဖိတ်ခေါ်ချက်အရ အိန္ဒိယနိုင်ငံ အန္ဒမန်၊ နီကိုဘာခေါ် ကပ္ပလီကျွန်းတွင် ကြားခံစစ်စခန်းတစ်ခုတည်ဆောက်ရန် ရောက်ရှိလာခဲ့ရာ အိန္ဒိယ ကြေး၊ ရေ၊ လေတပ်များက � Operation Leach� ခေါ် ပင်လယ်မျော့ စစ်ဆင်ရေးဖြင့် ၁၉၉၈ ခု ဖေဖေါ်ဝါရီလ ၁၁ ရက် နံနက် ၈ နာရီကျော်ကျော်လောက်ခန့်တွင် အိန္ဒိယနိုင်ငံ ကပ္ပလီကျွန်းစုရှိ �Landfall� ကျွန်းတွင် ဥပါယ် တံမျှဉ်ဖြင့် ဖမ်းဆီးလိုက်ပြီး ကျွန်တော်တို့ ခေါင်းဆောင်များဖြစ်ကြသော NUPA မှ စစ်ဦးစီးချုပ် ခိုင်ရာဇာ၊ ဗိုလ် မှူးစောထွန်း၊ ဗိုလ်ရန်နိုင်၊ ဗိုလင်းဇံခိုင်နှင့် KNU မှ ဖဒိုမှူးလယ်၊ ဗိုလ်မြင့်ဆွေတို့ ၆ ဦးကို သွေးအေးအေးဖြင့် ရက်ရက်စက်စက် အနီးကပ်ပစ်သတ်ခဲ့ကြသည်။ ကျွန်တော်တို့ကို ဖမ်းဆီးပြီး အရပ်သားအာဏာပိုင်များ လက် ထဲသို့ လွဲအပ်ခြင်းမပြုဘဲ အန္ဒမန်ကျွန်းမြို့တော် �Port Blair� ၏ စစ်တပ်စခန်းတစ်ခုတွင် တိတ်တဆိတ် ခေတ္တ ထိန်းသိမ်းထားခဲ့ပြီးနောက် ကျွန်တော်တို့ထဲမှ ၁၀ ဦးကို New Delhi သို့ စစ်တပ်လေယာဉ်ဖြင့် ယူဆောင်ကာ M.I စစ်ထောက်လှမ်းရေးရုံးချုပ်တွင် ရက်အတန်ကြာ ခေါ်ယူစစ်ဆေးခဲ့သည်။ ထို့နောက် ကျန်ရဲဘော်များကို သတင်းမီဒီယာသမားများ လက်လှမ်းမမှီနိုင်သော Port Blair မြို့ တောင်ဖက် မိုင်ရာပေါင်းများစွာကွာဝေးသော နီကိုဘာကျွန်းရှိ �Camp bell Bay� မြို့ငယ်သို့ လျှို့ဝှက်ယူဆောင်သွားခဲ့ပြီး စစ်တပ်စခန်းတစ်ခုတွင် လျှို့ဝှက် စွာ ချုပ်နှောင်ထားခဲ့သည်။ Delhi သို့ယူဆောင်သွားချိန်တွင် ကျွန်တော်တို့ ၁၀ ဦးကို ယူနီဖေါင်းများ ပြန်ဝတ် ပေးပြီး သာမန်အရပ်သားများ ခွဲခြားမသိနိုင်အောင် ပုံဖျက်ကာ တိတ်တဆိတ် ယူဆောင်သွားခဲ့သည်။ ထို့ နောက် အရပ်သားအာဏာပိုင်များလက်ထဲသို့ ၂၇၊ ၀၂၊ ၉၈ နေ့တွင် လွဲပြောင်းပေးခဲ့ပြီး Port Blair မြို့အကျဉ်း ထောင်သို့ ၂၄၊ ၀၃၊ ၉၈ နေ့တွင် ပြန်လည် ယူဆောင်ချုပ်နှောင်ခြင်း ခံခဲ့ရပါသည်။ ၂၆၊ ၀၃၊ ၉၈ နေ့ Port Blair Chief Juicial Majistrate (C-J-M) Court သို့ ရုံးထုတ်ခြင်းခံရပြီး ၁၈၊ ၀၂၊ ၉၈ နေ့စွဲဖြင့် Lt. Comman-der R.S Dhauker ၏ First Information Report ခေါ် F.I.R No 50/98 တွင် U/S121A/ 122/123/120B IPC Section 14 of Foreigners Act, 1946- Section 25/27 Arm Act, 1959 and Section 5 of Explosive substance Act, 1908 စသည့်ပုဒ်မများဖြင့် တရားစွဲကာ နိုင်ငံတကာ လက်နက် မှောင်ခိုအရောင်းအ၀ယ် သ မားများဖြစ်ကြောင်း အိန္ဒိယအရှေ့မြောက်ဒေသရှိ အိန္ဒိယအစိုးရကို လက်နက်ကိုင် တော်လှန်ပုန်ကန်နေကြ သော သူပုန်များကို လက်နက်များရောင်းချ အကူအညီပေးကာ အိန္ဒိယနိုင်ငံ၏ အကျိုးစီးပွားကိုဖျက်ဆီးရန် ကြိုး ပမ်းနေကြသူများဖြစ်ကြောင်း စွပ်စွဲထားပါသည်။ ကျွန်တော်တို့အမှုကို Central Bureau of Intelligence (C.B.I) လက်ထဲသို့ လွဲအပ်ပြီး ၃ လအတွင်း အမှုတွဲမတင်နိုင်ခြင်းကြောင့် ၂၈၊ ၀၅၊ ၉၈ နေ့ C.J.M မှ အာမခံ ပေးသော အမိန့်ကို ထုတ်ပြန်ခဲ့ပါသည်။ သို့သော် ကျွန်းအုပ်ချုပ်ရေးမှူး I.P. Gupta လက်မှတ်ဖြင့် National Security Act ဟုဆိုကာ နောက်ထပ် ထောင်ဒဏ် ၁၂ လတိုးရန် အမိန့်ပေးခဲ့သည်။ အမှန်မှာ ကျွန်တော်တို့ သည် အိန္ဒိယအာဏာပိုင်များ စွပ်စွဲသလို အိန္ဒိယနိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်သည့်လုပ်ရပ်များကို မည် သည့်အခါမှ ကျူးလွန်ခြင်းမရှိခဲ့သည်သာမက အိန္ဒိယနိုင်ငံ၏ လုံခြုံရေးအတွက် အိန္ဒိယစစ်တပ်နှင့် ပူးတွဲစစ်ဆင် ရေးများပြုလုပ်ခြင်း၊ ဗမာပြည်တွင် တရုတ်အစိုးရ၏ စစ်အခြေစိုက်စခန်းများ၊ ရေဒါစခန်းများတည်ဆောက်နေ ခြင်းကို စုံစမ်းထောက်လှမ်းပေးခြင်းနှင့် အိန္ဒိယနိုင်ငံ၏ လုံခြုံရေးနှင့် ပတ်သက်သော အရေးကြီးသည့် သတင်း များ ပေးပို့ခြင်းဖြင့် အိန္ဒိယနိုင်ငံတော်လုံခြုံရေးကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ပါသည်။
ကျွန်တော်တို့ Port Blair မြို့ အကျဉ်းထောင်ထဲတွင် နိုင်ငံတော်လုံခြုံရေးပုဒ်မဖြင့် အကျဉ်းချခံနေရစဉ် ထမင်း ယူချိန်၊ ရေချိုးချိန်မှလွဲ၍ စခန်းအပြင်သို့ ထွက်ခွင့်မပြုဘဲ တိုက်ပိတ်ထားကာ ပြင်ပနှင့် အဆက်အသွယ် ဖြတ် တောက်ထားခဲ့သည်။ New Delhi အခြေစိုက် South Asian Human Rights Documentation Centre မှ လူ့အခွင့်အရေးရှေ့နေ �Hinery Tiphy� သည် တရားရုံးမှ ခွင့်ပြုချက်ဖြင့် ကျွန်တော်တို့နှင့် တွေ့ဆုံရန် ၂၇၊ ၀၈၊ ၉၈ နေ့ အကျဉ်းထောင်ထဲသို့ ရောက်ရှိလာခဲ့သော်လည်း အာဏာပိုင်များ၏နှောက်ယှက်မှုကြောင့် ကျွန် တော်တို့ထဲမှ ခေါင်းဆောင်တစ်ဦးနှင့် အချိန်အနည်းငယ် တွေ့ခွင့်ရခဲ့သည်မှအပ ကျန်လူများနှင့် တွေ့ခွင့်မရ သည့်အပြင် နောက်ထပ် အန္ဒမန်၊ နီကိုဘာကျွန်းသို့ လာရောက်ခွင့်ကို ပိတ်ပင်ခြင်းခံခဲ့ရသဖြင့် ကျွန်တော်တို့၏ အကျိုးဆောင်ရှေ့နေအဖြစ် ဆောင်ရွက်ခွင့်မရှိခဲ့တော့ပေ။ National Security Act ပုဒ်မဖြင့် ၁၂ လပြည့်သည့် တိုင် အာဏာပိုင်များထံမှ တစ်စုံတစ်ရာ ထူးခြားပြောင်းလဲမှုမရှိသဖြင့် မတတ်သာသည့်အဆုံး ၇ ရက်ကြာ အစာ ငတ်ခံဆန္ဒပြ တောင်းဆိုသောအခါမှသာ တရားရုံးမှ အစိုးရရှေ့နေတစ်ဦးနှင့် ရေဒီယိုနားထောင်ခွင့်၊ သတင်းစာ မဂ္ဂဇင်းများ ဖတ်ခွင့်ပြုပါတော့သည်။ အစိုးရမှပေးသောရှေ့နေကို အယုံအကြည်မရှိသဖြင့် ၂၈၊ ၀၈၊ ၉၉ နေ့ New Delhi အခြေစိုက် လူ့အခွင့်အရေးရှေ့နေ Ms. Nandita Hakasar ကို ကျွန်တော်တို့၏ အကျိုးဆောင် ရှေ့နေအဖြစ် အသိအမှတ်ပြု လက်မှတ်ရေးထိုးပေးခဲ့သည်။ ကျွန်တော်တို့၏ ရှေ့နေမကြီး Ms. Nandita Haksar နှင့် Port Blair C.J.M Mr. Natoo တို့၏ ပူပေါင်းကူညီ ကြိုးပမ်းမှုကြောင့် လူတစ်ဦး အာမခံငွေ ရူပီ ၁၀၀၀၀ ကျပေးကာ Personal Surety Bond ဖြင့် ၁၃၊ ၁၀၊ ၉၉ နေ့ ည ၁၂ နာရီခန့်တွင် အကျဉ်းထောင်မှ လွတ်လာခဲ့သည်။ သို့သော် ထောင်ဗူးဝတွင် ရဲမှ ပြန်ဖမ်းပြီး Port Blair မြို့တွင်း အစိုးရအဆောက်အဦး သုံး ထပ်တိုက်အိုတစ်လုံးပေါ်တွင် နေရာချပေးကာ ထူထပ်သော အစောင့်အရှောက်များနှင့် တင်းကြပ်သော ဥပဒေ များချမှတ်ကာ � House Arrest� ဖြင့် ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ အပြင်ထွက်လျှင် ပုလိပ်အ စောင့်အ ရှောက်ဖြင့် သွားလာရပါသည်။ တရားရုံး၊ ဆေးရုံ၊ ဈေးမှအပ အခြားနေရာများသို့ လည်ပတ်ခွင့်မပြုပါ။ မနက် တစ်ခါ၊ ညတစ်ခါ လူစစ်ဆေးသည်။ ၁၅၊ ၁၁၊ ၉၉ နေ့ New Delhi မှ ရှေ့နေ Ms. Vrinda Grouer နှင့် ဒေသခံ ရှေ့နေ Ms. T.Vasantha တို့ကို နောက်ထပ် ကျွန်တော်တို့၏ရှေ့နေများအဖြစ် လက်မှတ်ရေးထိုးပေးခဲ့သည်။ ၂၀၀၁ ခုနှစ် ဧပြီလတွင် ကျွန်တော်တို့ရှေ့နေများ တရားရုံးတွင် လျောက်လဲချက်အရ C.J.M က ကျွန်တော်တို့ ထဲမှ လူ ၅ ဦးကို ပထမသုတ်အနေဖြင့် New Delhi ရှိ UNHCR ကိုယ်စားလှယ်များနှင့် လူတွေ့စစ်ဆေးခံရန် ခွင့် ပြုခဲ့သည်ကို C.B.I က အထက်တရားရုံးတွင် လျောက်လဲခဲ့သဖြင့် အထက်တရားရုံးမှ UNHCR ကိုယ်စားလှယ် များနှင့် တွေ့ဆုံရန် New Delhi သို့ သွားရောက်ခြင်းကို ပိတ်ပင်ခဲ့သည်။ ၀၂၊ ၀၇၊၂၀၀၁ တွင် Association for Protection of Democrative Rights (A.P.D.R) ခေါ် လူ့အခွင့်အရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုယ် စားလှယ်နှစ်ဦးတို့ ကျွန်တော်တို့နှင့်တွေ့ပြီး အကူအညီပေးရန် လာရောက်ခဲ့သည်ကို အာဏာပိုင်များက ငြင်း ပယ်ပိတ်ပင်ခဲ့သည်။ မည်သည့်လူ့အခွင့်အရေးအဖွဲ့အစည်းကိုမှ ကျွန်တော်တို့နှင့် တွေ့ဆုံခွင့်မပြုသလို သ တင်းမီဒီယာသမားများနှင့် တွေ့ဆုံခွင့်၊ အဆက်အသွယ်ပြုခွင့်၊ တယ်လီဖုန်းပြောခြင်းများကို ပိတ်ပင်ခဲ့သည်။ ကျွန်တော်တို့အပေါ် စာနာမှုရှိသော ဒေသခံများအား ကျွန်တော်တို့ကို အကူအညီမပေးရန် ခြိမ်းခြောက်အကျပ် ကိုင်ခဲ့သည်။ ကျွန်တော်တို့ လူငယ်များ သင့်တော်ရာပညာတစ်ခုခု သင်ယူခွင့်၊ ဥပမာ- အင်္ဂလိပ်စကားပြော သင်တန်း၊ ကွန်ပျူတာသင်တန်းတက်ခွင့် စသည်တို့ကို တရားဝင်ပိတ်ပင်ခဲ့သည်။ ၁၀၊ ၀၇၊ ၂၀၀၁ နေ့တွင် NUPA နှင့် KNU မှ ရဲဘော်နှစ်ဦး ပျောက်ဆုံးသွားခဲ့ပြီး ယနေ့တိုင် သတင်းအစအန မရရှိသေးပေ။ ၀၁၊ ၁၂၊ ၂၀၀၃ နေ့တွင် ကျွန်တော်တို့၏ အကျိုးဆောင် ဒေသခံရှေ့နေမငယ် Ms. T. Vasantha သည် သူမ၏နေအိမ် တွင် နေ့လည်ချိန် လည်ပင်းကို ဓါးနဲ့ထိုး၍ ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရသည်။
ဤအတောအတွင်း နှစ်လတစ်ကြိမ် တစ်လတစ်ကြိမ် ပုံမှန်ရုံးတက်နေရပါသည်။ တရားရုံးသို့ရောက်တိုင်း ကျွန် တော်တို့သည် အိန္ဒိယအာဏာပိုင်များ စွပ်စွဲသလို လက်နက်မှောင်ခိုအရောင်းအ၀ယ်သမားများမဟုတ်ကြောင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ဗမာ နအဖ စစ်အစိုးရကို လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေကြ သော NUPA နှင့် KNU မှ ရဲဘော်များဖြစ်ကြောင်း၊ အိန္ဒိယအာဏာပိုင်များ ဖိတ်ခေါ်ချက်အရ အိန္ဒိယနိုင်ငံသို့ လာရောက်ခြင်းဖြစ်ပါသဖြင့် အမြန်ဆုံးတရားဆုံးဖြတ်၍ လွှတ်ပေးပါရန် အကြိမ်ကြိမ်တောင်းဆိုသော်လည်း တရားလို C.B.I မှ ကျွန်တော်တို့အမှုကို စုံစမ်း၍ မပြီးသေးကြောင်း၊ အကြောင်းမှာ အိန္ဒိယ ကာကွယ်ရေးဝန် ကြီးဌာနမှ ပူးပေါင်းကူညီမှုမရှိ၍ဖြစ်ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနဆီသို့ အမှုနှင့်ပတ်သက်သော သက် သေအထောက်အထားများနှင့် Operation Leach တွင် ပါဝင်ခဲ့သော စစ်တပ်မှ အရာရှိများကို စုံးစမ်းမေးမြန်း ခွင့်ပြုရန် အကြိမ်ကြိမ်အကြောင်းကြားခဲ့သော်လည်း အကြောင်းတစ်စုံတစ်ရာ ပြန်ကြားခြင်းမရှိကြောင်း စသည် ဖြင့် C.B.I မှ နောက်ထပ် အချိန်တိုးပေးရန် အကြိမ်ကြိမ်လျောက်လဲနေသဖြင့် မတတ်သာသည့်အဆုံး ကျွန် တော်တို့ရှေ့နေမကြီး Ms. Nandita Haksar သည် ၁၇၊ ၀၉၊ ၂၀၀၄ တွင် New Delhi ရှိ Supreme Court တွင် တိုက်ရိုက်လျောက်လဲချက် တင်ပါတော့သည်။ ၁၆၊ ၁၁၊ ၂၀၀၄ တွင် Supreme Court မှ C.B.I အရာရှိနှင့် အန္ဒမန်၊ နီကိုဘာကျွန်း အုပ်ချုပ်ရေးမှူးထံ သတိပေးစာ ထုတ်ပြန်ခဲ့သည်။ တရားမစွဲနိုင်လျှင် ကျွန်တော်တို့ကို တရားသေ ပြန်လွှတ်ပေးရတော့မည်ဖြစ်ပါသဖြင့် နောက်ဆုံး မတတ်သာသည့်အဆုံး C.B.I သည် ၂၇၊ ၁၂၊ ၂၀၀၄ နေ့တွင် Port Blair ရှိ C.J.M Court တွင် တရားစွဲဆိုပါတော့သည်။ အိန္ဒိယအာဏာပိုင်များ အမှန်တ ရားဖက်မှ အမှန်တကယ်ရပ်တည်ခဲ့လျှင် လွန်ခဲ့သော ၁၀ နှစ်ခန့်ကစ၍ ကျွန်တော်တို့အမှုကို ရုံးတင် တရားစွဲ ဆိုနိုင်ခဲ့ပါသည်။ ၎င်းတို့ တရားရုံးတွင် တချိန်လုံး ဆင်ခြေပေးနေခဲ့သလို ကာကွယ်ရေးဝန်ကြီးဌာနမှ ပူးပေါင်း ဆောင်ရွက်မှုမရှိခဲ့၍ ကြန့်ကြာနေခြင်းမဟုတ်ပါ။ ၎င်းတို့ကိုယ်တိုင်နှင့် အိန္ဒိယ အာဏာပိုင်အဖွဲ့အစည်းများ အားလုံး ကျွန်တော်တို့ကို ပူးပေါင်းကူညီမှုမရှိခဲ့၍သာ ဤကဲ့သို့ အကြောင်းအမျိုးမျိုးပြ အချိန်ဆွဲ ကြန့်ကြာနေ ခြင်းဖြစ်သည်ကို Supreme Court မှ အမိန့်ချမှတ်၍ တရားမစွဲဆိုနိုင်လျှင် တရားသေ ပြန်လွှတ်ပေးရတော့မည့် အခြေအနေကို ဆိုက်ရောက်မှသာ အနီးကပ်၍ ၅နှစ် ၆ နှစ်နှင့် စုံးစမ်း၍မပြီးနိုင်သောအမှုကို တစ်လတည်းနှင့် စုံ စမ်းစစ်ဆေး တရားစွဲဆိုနိုင်သည်ကို ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။ ကျွန်တော်တို့ အကျိုးဆောင်ရှေ့နေများ New Delhi ရှိ Supreme Court တွင် လျောက်လဲချက် မတင်ခဲ့၊ Supreme Court မှ ယခုလို အမိန့်မချမှတ်ခဲ့ လျှင် C.B.I သည် ယခုအချိန်ထိ တရားစွဲဆိုနိုင်အုံးမည်မဟုတ်။ အကြောင်းအမျိုးမျိုးပြကာ ဗမာပြည် ဒီမိုကရေစီ ရသည့်အချိန်ထိ (၀ါ) ကျွန်တော်တို့ကို အိုမင်းမစွမ်းသည့်အရွယ်ရောက်သည်အထိ အချိန်ဆွဲထားအုံးမည်ဖြစ်ပါ သည်။
C.B.I တရားစွဲဆိုချက်တွင် ကျွန်တော်တို့သည် ဗမာစစ်အစိုးရကို လက်နက်ကိုင်တော်လှန် ပုန်ကန်နေကြသော NUPA နှင့် KNU မှ သူပုန်များဖြစ်ကြောင်း၊ ပေါက်ကွဲစေတတ်သော လက်နက်ခဲယမ်းမီးကျောက် အမြောက်အ များနှင့် အိန္ဒိယရေကြောင်းပိုင်နက်ထဲသို့ တရားမ၀င် ကျူးကျော်ဝင်ရောက်လာခဲ့ကြသည်ဟုဆိုကာ U/S 14 of Foreigners Act, 1947, 25 (1.B) of Arms Act, 1959, Section 5 of Explosive substances Act, 1908 စသည့် ပုဒ်မများဖြင့် တရားစွဲဆိုထားပါသည်။ ဤသို့ဖြင့် အိန္ဒိယအာဏာပိုင်များသည် တရားမျှတစွာဖြင့် လူ သတ်တရားခံများကို ဖေါ်ထုတ်ရမည့်အစား အကြမ်းဖက် လူသတ်သမားများနှင့်ပူးပေါင်းကာ ကျွန်တော်တို့ကို တသက်လုံး ထောင်ထဲတွင်ပိတ်လှောင်ထားရန် ကြိုးပမ်းနေကြပါသည်။ ဤရည်ရွယ်ချက် မအောင်မြင်လျှင် တောင် ရနိုင်သလောက် အချိန်ဆွဲထိန်းသိမ်းထားရေးအစီအစဉ်ဖြင့် တရားစွဲဆိုပြီး အမှုကို ကြားနာစစ်ဆေးနေ စဉ် ဆက်လက်၍ အကြောင်းအမျိုးမျိုးပြကာ နှစ်ရှည်လများ ကြန့်ကြာအောင် ပြုလုပ်ကြမည်ဖြစ်သောကြောင့် ၎င်းတို့ကိုရှောင်ရှားနိုင်ရန် Kolkata ဗဟိုတရားရုံးသို့ အမှုကိုပြောင်းရွေ့ရန် အကျိုးဆောင်ရှေ့နေ Ms. Kamini Jaiswal မှ တဆင့် Delhi ရှိ Supreme Court သို့ ၃၀၊ ၀၃၊ ၂၀၀၅ နေ့တွင် လျှောက်ထားခဲ့ပါသည်။ ၎င်း လျှောက်လဲချက်ကို Supreme Court မှ လက်ခံကြားနာပြီး Supreme Court ၏ ညွှန်ကြားချက်နှင့် ၁၀၊ ၁၀၊ ၂၀၀၆ နေ့ Port Balia ရှိ Session Court မှ ကျွန်တော်တို့အမှုကို Kolkata တရားရုံးသို့ ပြောင်းရွေ့ခွင့်အမိန့် ထုတ်ပြန်ခဲ့ပါသည်။ ယင်းနေ့တွင်ပင် ကျွန်တော်တို့လည်း Port Balia အကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင် ထိန်းသိမ်းခြင်းခံရပါတော့သည်။ ၃၁၊ ၁၀၊ ၂၀၀၆ နေ့တွင် Kolkata ရှိ Presidency Correctional Home ခေါ် ဗဟိုအကျဉ်းထောင်သို့ ရောက်ရှိ ချုပ်နှောင်ခြင်းခံခဲ့ရပါသည်။ အမှုကိုကြားနာရန် စတင်သည်နှင့် C.B.I က ကျွန်တော်တို့သည် ဒေသခံပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်အန္တရယ်ပြုနိုင်သောကြောင့် တရားရုံးတော်ရှိ ပြည်သူများရှေ့မှောက်တွင် ကြားနာစစ်ဆေးရန် မသင့်တော်ကြောင်း၊ အကျဉ်းထောင်ထဲတွင် လျှို့ဝှက်စွာ စစ် ဆေးသင့်ကြောင်း၊ West Bengal �chief Minister ထံသို့ စာရေးအကြောင်းကြားခဲ့သဖြင့် ပြည်နယ်ဝန်ကြီးချုပ် မှ ကျွန်တော်တို့အမှုကို အကျဉ်းထောင်ထဲတွင် ကြားနာစစ်ဆေးရန် တရားရုံးသို့ ညွန်ကြားလွှာပေးပို့ခဲ့သည်။ သို့သော် ကျွန်တော်တို့ အကျိုးဆောင်ရှေ့နေ Ms.Nandita Haksar ၏ကြိုးပမ်းမှုကြောင့် Kolkata ရှိ လူ့အခွင့် အရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ အတတ်ပညာရှင်၊ အသိပညာရှင်များ အထူးသဖြင့် Kolkata တွင် လူအ များ ရိုသေလေးစားမှုကို ခံရသော ဒုတိယကမ္ဘာစစ်အတွင်း အိန္ဒိယ တပ်မတော်ဖခင်ကြီး Subhas Chandra Bose ၏ ကွပ်ကဲမှုအောက်တွင် �Rani Jhonsi� အမျိုးသမီးတပ်ရင်းကို စတင်တည်ထောင်ခဲ့သူများထဲမှ တစ် ယောက်ဖြစ်သော Dr. (Col) Lakshuni Sehgal ဦးစီးပြီး ကျွန်တော်တို့လွတ်မြောက်ရေးအတွက် Solidarity Communittee for Burma�s Freedom Fighters စသည့် ကော်မတီတစ်ရပ်ဖွဲ့စည်းကာ ကျွန်တော်တို့အမှုကို တရားရုံးတော်ရှိ ပြည်သူ့ရှေ့မှောက်တွင် ကြားနာစစ်ဆေးရန် ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ကန့်ကွက်လွှာကို ပေးပို့ခဲ့သဖြင့် ပြည်နယ်ဝန်ကြီးချုပ်က သူ၏အမိန့်စာလွှာကို ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။ ၎င်းအပြင် C.B.I သည် West Bengal အာဏာပိုင်များ၊ ပြည်သူများ နားလည်မှုလွဲ၍ ကျွန်တော်တို့အပေါ် စာနာမှုမရှိစေရန် သတင်းမီဒီယာများမှတဆင့် သတင်းအမျိုးမျိုးလွင့်ခဲ့သည်။ ၎င်း၏အကျိုးဆက်အဖြစ် အကျဉ်းထောင်ထဲတွင် ထောင်အာဏာပိုင်များ၏ ဆိုးဆိုးဝါးဝါး ဆက်ဆံခြင်းကို ခံကြရသည်။ ထောင်အာဏာပိုင်များ၏ စေခိုင်းချက် ကြောင့် ထောင်ဝါဒါနှင့် အကျဉ်းသား ၃၀၀-၄၀၀ ခန့် ကျွန်တော်တို့နေထိုင်သည့် အဆောင်ထဲသို့ ၀ိုင်းဝန်း ၀င်ရောက်ရိုက်ပုတ်ကြသဖြင့် ကျွန်တော်တို့ ရဲဘော် တော်တော်များများ ထိခိုက်ဒဏ်ရာရခဲ့ကြသည်။
၎င်းပြင် C.B.I သည် ၎င်းတို့၏ တရားလိုသက်သေ ၁၈ ဦးနှင့်အတူ နောက်ထပ်ရသလောက် အချိန်ဆွဲနေခဲ့ သည်။ အမျိုးမျိုးအကြောင်းပြကာ သက်သေများ တရားရုံးတော်သို့ လာရောက်သက်သေထွက်ဆိုရန် ကြန့် ကြာအောင် ပြုလုပ်နေခဲ့သည်။ အဓိက မျက်မြင်သက်သေများဖြစ်ကြသော Operation Leach တွင် ပါဝင်ခဲ့သူ အိန္ဒိယ စစ်တပ်မှ အရာရှိသုံးဦးတို့သည် တရားရုံးတော်သို့ လာရောက်ရန် အမျိုးမျိုးအကြောင်းပြ ငြင်းဆန်နေခဲ့ ကြသည်။ ဤအတောအတွင်း ကျွန်တော်တို့အမှုကို အဓိက တာဝန်ယူကိုင်တွယ်စစ်ဆေးနေသော Session Judge- Ashima Kumar Roy သည် ရုတ်တရက် ပြောင်းရွေ့ခဲ့သည်။ နောက်အသစ်ခန့်မည့် တရားသူကြီးကို ၁၀ လခန့် စောင့်ဆိုင်းခဲ့ရသည်။ တရားသူကြီး ရုတ်တရက် ပြောင်းရွေ့သွားခြင်းသည်လည်း ကျွန်တော်တို့အမှု ကို ကြန့်ကြာစေရန် သွယ်ဝိုက်၍ အချိန်ဆွဲခြင်းတမျိုးသာဖြစ်သည်။ Kolkata ရှိ Bichar Bhawan, Session Court တွင် အမှုကို စတင်ကြားနာသော ၂၉၊ ၀၁၊ ၂၀၀၇ နေ့မှစ၍ ၁၂၊ ၀၇၊ ၂၀၁၀ ထိ Plea bargaining ဖြင့် အမှုပြီးပြတ်သည်အထိ သုံးနှစ်ကျော်ကာလအတွင်း တရားသူကြီး ၄ ဦး ပြောင်းလဲချထားခဲ့သည်။ နောက်ဆုံး နှစ်ဘက်သက်သေများကို စစ်ဆေးပြီးစီး၍ နှစ်ဖက်ရှေ့နေများ အပြန်အလှန်ချေပငြင်းခုန်မည့် Argument ကို ၆ လစောင့်ဆိုင်းခဲ့သည်။ ၎င်းပြီးလျှင် တရားသူကြီးက အမှုကိုဆုံးဖြတ်အမိန့်ချမှတ်ရန်သာ ကျန်တော့သည်။ သို့ သော် Argument ကို ၆ လအထိ စောင့်သော်လည်း နောက်ထပ် အကြောင်းအမျိုးမျိုးပြကာ အချိန်ဆွဲ ကြန့် ကြာနေမှုကို မစောင့်နိုင်တော့သည့်အပြင် အမိန့်ချမှတ်ဆုံးဖြတ်လျှင် ကျွန်တော်တို့တွင် ကွင်းလုံးကျွတ် လွတ် ကာ အမှုနိုင်ခြေရှိသော်လည်း C.B.I သည် Hight Court, Supreme Court စသည့် အထက်တရားရုံး များသို့ အယူခံဝင်ကာ အတိုင်းအတာမဲ့ အချိန်ဆွဲထားမည်ကို မစောင့်နိုင်တော့သဖြင့် Plea bargaining ဖြင့် အမှုကို ပြီးဆုံးစေရန် ၀၅၊ ၀၅၊ ၂၀၁၀ နေ့တွင် တရားသူကြီးထံ ကျွန်တော်တို့ ၃၄ ဦး လက်မှတ်ရေးထိုးကာ လျှောက် ထားခဲ့သည်။ C.B.I နှင့် ကျွန်တော်တို့အကြား အပြန်အလှန် သေသေချာချာ မျက်နှာချင်းဆိုင် ဆွေးနွေးပြီးမှ Plea bargaining ဖြင့် အမှုကို အပြီးသတ် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သော်လည်း တရားသူကြီး အမိန့်ချမှတ် သောအခါ ကျွန်တော်တို့ထံမှ သိမ်းယူထားခဲ့သော ကျွန်တော်တို့ပိုင် ပစ္စည်းများ အထူးသဖြင့် ငါးဖမ်းလှေနှစ်စီး နှင့် အမြန်ယာဉ်နှစ်စီးကို မပေးသည့်အပြင် နောက်ထပ် လူတစ်ဦး ဒဏ်ငွေ ရူပီငွေ ၆၀၀၀ ကို ပေးဆောင်ရန်နှင့် ၎င်းငွေကို မပေးဆောင်နိုင်လျှင် နောက်ထပ် ၈ လထောင်ကျခံရမည်ဟု အမိန့်ချမှတ်ခြင်းမှာ တရားမျှတမှု မရှိ ပေ။ Under Section 265 B ၏ Plea bargaining ဥပဒေပုဒ်မအရ ကျသင့်ပြစ်ဒဏ်၏ထက်ဝက် (၀ါ) သုံးပုံတစ် ပုံကို ကျခံရမည်ဖြစ်သောကြောင်း Section သုံးခုဖြစ်သော 1. U/S 14 Foreigners Act အတွက် ထောင်ဒဏ် တစ်နှစ်နှင့်သုံးလ၊ ဒဏ်ငွေ ၂၀၀၀၊ ၎င်းကိုမပေးနိုင်လျှင် ထောင်ဒဏ် ၃လ။ 2. U/S 5 (B) of the Explosive substance Act ခေါ် ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်း ပိုင်ဆိုင်မှုအတွက် ထောင်ဒဏ် တစ်နှစ်နှင့် သုံး လ၊ ဒဏ်ငွေ ၂၀၀၀၊ ၎င်းကိုမပေးနိုင်လျှင် နောက်ထပ် ထောင်ဒဏ်သုံးလ၊ 3. U/S 25-1B of the Arms Act ခေါ် လက်နက်မှုအတွက် ထောင်ဒဏ် ၆ လ၊ ဒဏ်ငွေ၂၀၀၀၊ ၎င်းကိုမပေးသွင်းနိုင်လျှင် နောက်ထပ် ထောင်ဒဏ် နှစ်လ ကျခံရမည်ဖြစ်ပါသည်။ ပြစ်မှုသုံးခုပေါင်းလျှင် ထောင်ဒဏ် သုံးနှစ်ဖြစ်သည်။ ၎င်းသည် ကျွန်ုပ်တို့အကျဉ်း ထောင်ထဲ ၆ နှစ်နီးပါးနှင့် အကျယ်ချုပ် ၇ နှစ်ထဲ အကျုံးဝင်သွားခဲ့ပြီးဖြစ်သော်လည်း ဒဏ်ငွေ ၆၀၀၀ ကိုမူ မဖြစ် မနေ ပေးဆောင်ရမည်ဖြစ်ပါသည်။ ဒဏ်ငွေ မဆောင်နိုင်လျှင် နောက်ထပ် ၈ လ ထောင်ကျခံရမည်ဖြစ်သည်။ ကျွန်တော်တို့တွင် ငွေကြေးအခက်အခဲရှိသည်ကိုသိ၍ နောက်ထပ် အချိန်ဆွဲနိုင်အောင် တမင်တကာ ပြုလုပ် ခြင်းဖြစ်သည်။ နောက်တစ်ချက်က Port Blair တွင် လူတစ်ဦး ရူပီငွေ ၁၀၀၀၀ ကျ အာမခံငွေဖြင့် အကျဉ်း ထောင်ထဲမှထွက်ကာ အပြင်တွင် အကျယ်ချုပ်ဖြင့်နေခဲ့စဉ်က တရားရုံးသို့ ပေးဆောင်ခဲ့သော ရူပီငွေ ၃ သိန်း ၄သောင်းကို ကျွန်တော်တို့ ထောင်ထဲသို့ပြန်ဝင်လျှင် ပြန်ပေးရမည် ဖြစ်သော်လည်း ပြန်မထုတ်ပေးသဖြင့် တရားရုံးသို့ လျှောက်ထားရာ C.B.I မှ ကန့်ကွက်၍ တရားသူကြီးက ကျွန်တော်တို့ လျှောက်လဲချက်ကို ပယ် ချခဲ့သည်။ ငွေကိုထုတ်ပေးလျှင် ၎င်းငွေဖြင့် ဒဏ်ငွေဆောင်ကာ အမြန်ဆုံး ပြန်လွှတ်ရမည်ကို မလိုလားသဖြင့် သွယ်ဝိုက်၍ ဟန့်တားခြင်းဖြစ်သည်။ ၎င်းငွေကို ပြန်ယူလိုလျှင် အထက်တရားရုံးသို့ လျှောက်ထားရမည်။ အ ထက်တရားရုံးသို့ လျှောက်ထားမည်ဆိုလျှင် နောက်ထပ်ရှေ့နေခ သိန်းနှင့်ချီ၍ ကုန်ကျမည်ဖြစ်ပြီး အနည်းဆုံး ၄-၅ လကြာဦးမည်ဖြစ်သည်။
ကျွန်တော်တို့အမှုကို ဆုံးဖြတ်အမိန့်မချမှတ်ခင် ကျွန်တော်တို့ရှေ့နေမကြီး ဒေါ် Nandita Haksar နှင့် NCGUP ၀န်ကြီး ဒေါက်တာတင့်ဆွေတို့ Kolkata သို့လာပြီး West Bengal အစိုးရနှင့် ဆွေးနွေးခဲ့ကြသည်။ အစပိုင်းတွင် West Bengal အစိုးရအနေဖြင့် ကျွန်တော်တို့ကို ချောချောချူချူနှင့် လွှတ်ပေးရန် သဘောတူခဲ့ သော်လည်း ကျွန်တော်တို့အမှု မဆုံးဖြတ်ခင် သုံးလေးရက်အလို နောက်တခေါက် ဆွေးနွေးပွဲတွင် West Bengal အစိုးရ သဘောထားပြောင်းသွားပြီး ကျွန်တော်တို့ကို ပြန်လွှတ်ပေးရန် မဖြစ်နိုင်ကြောင်း အမှုပြီးသည့် တိုင် နိုင်ငံခြားသားမှုနှင့် ဆက်လက်ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း၊ သို့သော် (၁) အထက်တရားရုံးမှ လွှတ် ပေးရန် အမိန့်တစ်စုံတစ်ရာရရှိလျှင်သော်လည်းကောင်း။ (၂) သို့မဟုတ် ဗဟိုအစိုးရမှ ပြန်လွှတ်ပေးရန် အမိန့် တစ်စုံတစ်ရာ ရရှိလျှင်သော်လည်းကောင်း (၃) သို့မဟုတ် UNHCR မှ ဒုက္ခသည်အဖြစ် အပြည့်အ၀ အသိအ မှတ်ပြုထားသော ထောက်ခံစာရရှိလျှင်သော်လည်းကောင်း၊ ဤနေရာ၌ ကျွန်တော်တို့တွင် ရရှိထားသည့် UNHCR မှ အသိအမှတ်ပြုထုတ်ပေးထားသော Under Cansinderation Certificate ဖြင့် အခြားဒုက္ခသည်များ အိန္ဒိယနိုင်ငံအတွင်း သွားလာနေထိုင်ခွင့်ရှိသော်လည်း ကျွန်တော်တို့ကို ခွင့်မပြုဘဲ ငြင်းပယ်ထားသည်။ (၄) သို့မဟုတ် တတိယနိုင်ငံတစ်ခုခုမှ ကျွန်တော်တို့ကို ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ပြုကာ လာရောက်ယူဆောင်လျှင် သော်လည်းကောင်း၊ သူတို့အနေဖြင့် ကျွန်တော်တို့ကို ပြန်လွှတ်ပေးနိုင်လိမ့်မည်ဟု ဆိုပါသည်။ သို့သော် ကျွန်တော်တို့တွင် ဤအချက်များနှင့် တခုမှမပြည့်စုံဖြစ်နေသည်။ (၁) အထက်တရားရုံးမှ လွှတ်မိန့်ရရန် လျှောက်ထားလျှင် အနည်းဆုံး ၆ လ၊ အများဆုံး တစ်နှစ်အထက်ထိ ကြာနိုင်သည်။ (၂) ဗဟိုအစိုးရသည် ကျွန် တော်တို့ကို ဖမ်းဆီးတရားစွဲထားသောကြောင့် ဗဟိုအစိုးရအနေဖြင့် ပြန်လွှတ်ရန် အမိန့် တစ်စုံတစ်ရာ ထုတ် ပြန်ရန် မဖြစ်နိုင်ပေ။ (၃) တတိယနိုင်ငံတစ်ခုခုက ဒုက္ခသည်အဖြစ် နိုင်ငံရေးခိုလှုံခွင့်ပေးရန်မှာ UNHCR မှ တ ဆင့် သွားရမည်ဖြစ်သည်။ (၄) UNHCR က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုကာ ဒုက္ခသည်ကဒ်ပြား ထုတ်ပေး ရန်မှာလည်း Delhi ရှိ UNHCR ကိုယ်စားလှယ်များနှင့် သွားရောက်တွေ့ဆုံကာ စစ်ဆေးမေးမြန်း စီစစ်ခံပြီးမှ ဖြစ်နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် UNHCR နှင့် အိန္ဒိယအစိုးရအကြား သဘောတူညီမှုအရ UNHCR ကိုယ်စား လှယ်များသည် New Delhi အပြင်သို့ ထွက်ကာ ဒုက္ခသည်အဖြစ် လျှောက်ထားလိုသူများနှင့် တွေ့ဆုံခွင့်မရှိ။ မူအရ UNHCR ကိုယ်စားလှယ်များ Kolkata အကျဉ်းထောင်သို့ လာရောက်ကာ ကျွန်တော်တို့နှင့် လူတွေ့စစ် ဆေးရန်မဖြစ်နိုင်သလို ကျွန်တော်တို့ကို လည်း အကျဉ်းထောင်ထဲမှ News Delhi သို့ UNHCR ကိုယ်စား လှယ်များနှင့် တွေ့ဆုံရန် သွားရောက်ခြင်းကိုလည်း ပိတ်ပင်ထားသဖြင့် အိန္ဒိယအစိုးရသည် ကျွန်တော်တို့ လွတ်လမ်းအားလုံးကို ပိတ်ဆို့ချောင်ပိတ်ကာ စနစ်တကျဖန်တီး အချိန်ဆွဲ ဆက်လက်ချုပ်နှောင်ထားနိုင်အောင် ကြိုးစားနေကြပါသည်။ ၎င်းအပြင် အိန္ဒိယအစိုးရသည် မဗာပြည်တွင် November 7 နေ့ကျင်းပမည့် နအဖ စစ် အစိုးရ ရွေးကောက်ပွဲကို အသိအမှတ်ပြုမည်ဟု လေသံပစ်နေပါသည်။ ရွေးကောက်ပွဲပြီးလျှင် ကျွန်တော်တို့ကို ဗမာပြည်သို့ ပြန်ပို့ရန် ရည်ရွယ်ထားပုံရပါသည်။ ယင်းကြောင့်လည်း ရွေးကောက်ပွဲပြီးသည့်အထိ အချိန် တစ်စုံ တစ်ရာရရန် ဥပါယ်တံမျှဉ်ဖြင့် အချိန်ဆွဲနေခြင်းဖြစ်သည်။ အကယ်၍ ကျွန်တော်တို့ ဗမာစစ်အစိုးရလက်သို့ လွဲ ပြောင်းခြင်းခံရလျှင် လူမဆန်စွာ ညှင်းပမ်းနှိပ်စက်ခံရကာ ဆက်လက်၍ နှစ်ရှည်လများ အကျဉ်းကျခံရမည်ဖြစ်ပါ သည်။ အကြောင်းမှာ ရွေးကောက်ပွဲပြီး၍ တက်လာသော အစိုးရသည်လည်း ယခုလက်ရှိ နအဖ စစ်အစိုးရ အ ထူးသဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေး အစီအစဉ်အရ နိုင်ငံတကာ အ သိုင်းအ၀ိုင်းက သူတို့ကို လက်ခံအသိအမှတ်ပြုလာစေရန် နိုင်ငံတကာမိသားစုကို လိမ်လည်လှည့်ဖျားရန် စနစ် တကျ ဖန်တီးထားသော အရပ်သားအစိုးရအမည်ခံ စစ်အာဏာရှင်များ ဆက်လက်အုပ်စိုးကြမည်ဖြစ်သော ကြောင့် ဖြစ်ပါသည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် အိန္ဒိယအစိုးရ၏ သဘောထားနှင့်ပေါ်လစီကို သိနိုင်ပေသည်။ ၎င်းတို့သည် NUPA နှင့် KNU အပေါ် သဘောထားမဟုတ်။ ရခိုင်တမျိုးသားလုံး၊ ကရင်လူမျိုးတခုလုံးနှင့် ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးအတွက် နအဖ စစ်အစိုးရကို တိုက်ပွဲဝင်ဆန့်ကျင်နေကြသော ဗမာပြည်သူပြည်သားအားလုံးအပေါ် အိန္ဒိယအစိုးရ၏သဘောထားဖြစ်သည်။ ကျွန်တော်တို့သည် အမျိုးသားများ တန်းတူရေး၊ ဒီမိုကရေစီနှင့် လူ့အ ခွင့်အရေးတို့အတွက် နအဖ စစ်အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်နေကြသော NUPA နှင့် KNU မှရဲဘော်များဖြစ် ကြသည်ကို အိန္ဒိယအာဏာပိုင်များက အတိအလင်းဝန်ခံထားပြီးဖြစ်ပါသည်။ ကျွန်တော်တို့သည် အိန္ဒိယနိုင်ငံ သို့ အိန္ဒိယအာဏာပိုင်များ၏ ဖိတ်ခေါ်ချက်ဖြင့်လာရောက်ခဲ့ကြသည်။ အိန္ဒိယ စစ်ထောက်လှမ်းရေးအရာရှိ Lt. Cal Gtewal သည် ဤအမှုကိစ္စ၏အဓိကတရားခံဖြစ်ပါသည်။ သူသည် ကျွန်တော်တို့ကို အယုံသွင်းကာ ကျွန် တော်တို့ထံမှ ငွေကြေးအမြောက်အများ ရယူခဲ့သည်။ နောက်ဆုံး ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့အစည်း များကို သစ္စာဖေါက်ကာ ဗမာစစ်အစိုးရအလိုအတိုင်း ကျွန်တော်တို့ခေါင်းဆောင်များကို ရက်ရက်စက်စက် ဥပ ဒေမဲ့ သတ်ဖြတ်ခဲ့သည်။ အိန္ဒိယအစိုးရသည် Lt. Cal Grewal ၏လုပ်ရပ် �မှား�များကို သိရှိခဲ့သော်လည်း အ ရေးမယူသည့်အပြင် ရာထူးပင်တိုးပေးခဲ့သေးသည်။ အိန္ဒိယအစိုးရ၏ �အရှေ့မျှော်� ပေါ်လစီနှင့် ကျွန်တော်တို့ တိုင်းပြည်မှ သဘာဝတွင်းထွက်ပစ္စည်းများ၊ ရေနံနှင့်ဂတ်စ်တို့ကို ဈေးနှုန်းချိုသာစွာဖြင့် ရရှိရေး၊ အိန္ဒိယ အရှေ့ မြောက်ဖက်ရှိ သူပုန်များအရေးကို ကိုင်တွယ်ဖြေရှင်းရေးအတွက် နအဖ စစ်အစိုးရကို နှစ်သိမ့်ချွေးသိပ်ရန် ကျွန် တော်တို့ကို ဓါးစာခံအဖြစ် အသုံးပြုထားသည်။ အိန္ဒိယ-ဗမာ- တရုတ် အစိုးရတို့၏ နိုင်ငံရေးကစားကွက်တွင် ကျွန်တော်တို့ သားကောင်ဖြစ်နေကြရသည်။
အိန္ဒိယ စုံးစမ်းစစ်ဆေးရေးအရာရှိများကိုယ်တိုင်က ကျွန်တော်တို့သည် NUPA နှင့် KNU မှ ရဲဘော်များဖြစ်ဟု စုံစမ်းဖေါ်ထုတ်ထားပါလျှက် အိန္ဒိယလွတ်လပ်ရေးတိုက်ပွဲကာလအတွင်း ဗြိတိသျှနယ်ချဲ့အစိုးရကို လက်နက် ကိုင် တော်လှန်တိုက်ခိုက်ခဲ့သော Dr. (Cal) Lakshmi Sahgal တို့လို Freedom Fighter ဟောင်းများ Dr. Ashok Mitra (West Bengal) ဘဏ္ဍာရေးဝန်းကြီးဟောင်း)၊ Sumit Chakravartt (Affairs Weekly အယ်ဒီ တာ)၊ Surendra Mahon (ပါလီမာန်အမတ်ဟောင်း)၊ Sujata Bhadra (Association for Protection of Democratic Rights (APDR) အထွေထွေအတွင်းရေးမှူးကဲ့သို့ West Bengal မှ အတတ်ပညာရှင်၊ အသိ ပညာရှင်များက ကျွန်တော်တို့ကို Freedom Fighters များ၊ နိုင်ငံရေးအကျဉ်းသားများဟု အသိအမှတ်ပြုထား သည်ကို အိန္ဒိယအစိုးရက မသိကျိုးကျွန်ပြုကာ Freedom Fighters များ၊ နိုင်ငံရေးအကျဉ်းသားများဟု အသိအ မှတ်မပြုဘဲ အကျဉ်းထောင်ထဲတွင် သာမန်ရာဇ၀တ်မှု ကျူးလွန်သူများနှင့် တန်းတူထားဆက်ဆံကာ သာမန်အ ကျဉ်းသားများရရှိသော အနိမ့်ဆုံးအခွင့်အရေးများဖြင့် အစားအသောက်ကအစ အလွန်ချို့တဲ့သော အနေအ ထားဖြင့် ထားရှိခြင်းမှာ အလွန်ဝမ်းနည်းဖွယ်ရာဖြစ်ပါသည်။ အိန္ဒိယနိုင်ငံကို တော်လှန်ပုန်ကန်နေသော အဖွဲ့အ စည်းများကို လေယာဉ်ပေါ်မှ လေထီးဖြင့်ချကာ လက်နက်ခဲယမ်းမီးကျောက်များ ရောင်းချခဲ့သော အင်္ဂလန်နိုင်ငံ သား အင်္ဂလိပ်လူမျိုး Peter Bleach ကဲ့သို့ နိုင်ငံတကာ လက်နက်မှောင်ခိုသမားကို ထောင်ထဲတွင် နိုင်ငံရေး အကျဉ်းသားတစ်ဦးရရှိသော အထူးအခွင့်အရေးများပေးကာ အိန္ဒိယ အကျဉ်းထောင်သမိုင်းတွင် တခါမှ မရှိခဲ့ ဘူးသော ထောင်ထဲတွင် Type-writer သုံးစွဲခွင့် စသည့် အထူးအခွင့်အရေးများ ပေးထားခဲ့သည်။ ဤသို့ဖြင့် အိန္ဒိယနိုင်ငံနှင့် အိန္ဒိယလူမျိုးတို့၏ အကျိုးစီးပွားကို ပျက်စီးအောင် အိန္ဒိယနိုင်ငံ၏လုံခြုံရေးကို အမှန်တကယ် ခြိမ်းခြောက်ခဲ့သူ Peter Bleach ကို လက်နက်ရောင်းဝယ်မှုဖြင့် တရားရုံးမှ ထောင်ဒဏ်တသက် အမိန့်ချမှတ် ထားပြီးပါလျှက် ထောင်ဒဏ် ၈ နှစ် ၄၄ ရက်ကျခံပြီး အိန္ဒိယသမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်း ထောင်မှ အပြီးပိုင် လွှတ်ပေးနိုင်ခဲ့သေးလျှင် အိန္ဒိယနိုင်ငံ၏ အကျိုးစီးပွားကို မည်သည့်အခါမှ ထိခိုက်နစ်နာ အောင် မပြုလုပ်ခဲ့သော အိန္ဒိယနိုင်ငံ၏ လုံခြုံရေးအတွက် ပူပေါင်းကူညီဆောင်ရွက်ပေးခဲ့သော ကျွန်တော်တို့ တော်လှန်ရေးသမားများကို အိန္ဒိယသမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အလျင်အမြန် လွှတ်ပေးရန်မှာ လုပ် သင့်လုပ်ထိုက်သော ကိစ္စဖြစ်လေသည်။
အိန္ဒိယပြည်သူများအနေဖြင့်လည်း ကျွန်ုပ်တို့သည် အိမ်နီးနားချင်းကောင်းပီသစွာ အိန္ဒိယနိုင်ငံနှင့် နှစ်ပေါင်း ရာ ထောင်ချီ ငြိမ်းချမ်းစွာ အတူတကွ ယဉ်တွဲနေထိုင်လာခဲ့ကြပြီး ဗြိတိသျှနယ်ချဲ့တို့လက်အောက် ကျရောက်ခဲ့ရ သည့်အချိန်ကာလများတွင် တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီကာ နယ်ချဲ့လက်အောက် ကျွန်သဘောက်ဘ၀မှ လွတ်မြောက်ရန် ကြိုးပမ်းခဲ့ကြသည်။ လက်ရှိအခြေအနေတွင် ကျွန်ုပ်တို့ပြည်သူများသည် အလွန်ရက်စက် ကောက်ကျစ်သော စစ်အစိုးရ၏ ဖိနှိပ်ညှဉ်းပမ်းမှုအောက်တွင် လူ့ဂုဏ်သိက္ခာများ ညှိုးနွမ်းကာ အလွန်ဆင်းရဲ ကျပ်တည်း လူတောမတိုးနိုင်သော အခြေအနေတွင် ဆိုက်ရောက်နေပါသဖြင့် ဗမာပြည်တွင် အမျိုးသားများ တန်းတူရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့အတွက် ဒုတိယအကြိမ် လွတ်လပ်ရေးတိုက်ပွဲ ဆင်နွဲနေကြ သော ကျွန်ုပ်တို့ကို ကူညီရိုင်းပင်းသည့်အနေဖြင့် ကမ္ဘာတွင် အကြီးဆုံးဒီမိုကရေစီ တိုင်းပြည်မှ နိုင်ငံကြီးသား များဖြစ်သည်နှင့်အညီ အမှန်တရားဖက်မှ ရပ်တည်ပြီး ကူညီဆောင်ရွက်ပေးကြပါရန်နှင့် ကျွန်တော်တို့ ရခိုင်နှင့်ကရင် မျိုးချစ်ရဲဘော် ၃၄ ဦးတို့သည် အလွန်ကြမ်းတမ်းရှည်လျားလှသော ၁၂ နှစ်ကာ လကို ခက်ခက်ခဲခဲ စိတ်ရှည်သည်းခံစွာဖြတ်သန်းခဲ့ရပြီး ဖြစ်ပါသဖြင့် အလွန် ပင်ပန်းလှပေပြီ။ အိန္ဒိယ အာဏာ ပိုင်များ၏ နောက်ထပ်အတိုင်းအတာမဲ့ ချုပ်နှောင်ထားမှုကို ရှောင်ရှားနိုင်ရန်နှင့် ကျွန်တော်တို့ မျိုးချစ်ရဲဘော် ၃၄ ဦးတို့ အလျင်အမြန် လုံခြုံစွာ လွတ်မြောက်ရေးအတွက် ရခိုင်ပြည်သူပြည်သားများ၊ ကရင်လူထုနှင့် ပြည် တွင်းပြည်ပ ဒီမိုကရေစီဘက်တော်သား ဗမာပြည်သူများ မိမိတို့တက်နိုင်သည့်ဘက်မှ ၀ိုင်းဝန်းကူညီ ဆောင် ရွက်ပေးကြပါရန် လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါသည်။
သစ္စာဖြင့်
၁။ စိုးနိုင်
၂။ သိန်းအောင်ကျော်
၃။ ဓညလင်း
၎။ သိမ်းအောင်ကျော်
၅။ ခိုင်စိုးလင်း
၆။ ခိုင်စံသိန်း
၇။ ချန်ဒူး
၈။ မင်းသာထွန်း
၉။ ဇော်လင်း
၁၀။ မောလီ
၁၁။ ခိုင်သာမြ
၁၂။ ထွန်းရီ
၁၃။ အောင်နိုင်ဝင်း
၁၄။ မျိုးမြတ်
၁၅။ မောင်ခင်အေး
၁၆။ အောင်ဇော်မင်း
၁၇။ ရဲထက်
၁၈။ မောင်ညိုစိန်
၁၉။ ခိုင်ရွှေလင်း
၂၀။ ခိုင်လှ
၂၁။ စိုးစိုး
၂၂။ ခင်မောင်ကြည်
၂၃။ မိုးမင်းထွန်း
၂၄။ လူလူ
၂၅။ ဖိုးချို
၂၆။ ခေးတိ
၂၇။ စောဘို
၂၈။ ဒါအေး
၂၉။ ဆန်းလွင်
၃၀။ ချာတိုးတိုး
၃၁။ မောင်နိုင်
၃၂။ ရွေလာ
၃၃။ ယွာဟေးသား
၃၄။ ချာမူချေ
ခေတ္တ
Presidency JaiL
Alipone, Kolkata-27
West Bengal, India


နော်ဝေအစိုးရသို့အိပ်ဖွင့်ပေးစာကိုနိုင်ငံရေးအဖွဲ့အစည်းပေါင်း(၁၀)ဖွဲ့၊နိုင်ငံပေါင်း(၉)နိုင်ငံမှမြန်မာနိုင်ငံတ...

နော်ဝေအစိုးရသို့အိပ်ဖွင့်ပေးစာကိုနိုင်ငံရေးအဖွဲ့အစည်းပေါင်း(၁၀)ဖွဲ့၊နိုင်ငံပေါင်း(၉)နိုင်ငံမှမြန်မာနိုင်ငံတ...                                                                   

Wednesday, December 15, 2010

ဗိုလ်ချုပ်အောင်ဆန်း ၏ လမ်းညွှန်ု (ရ) ချက်။

ဗိုလ်ချုပ်အောင်ဆန်း ၏ လမ်းညွှန်ု (ရ) ချက်။



၁။ ငါတို့ ရေးဆွဲမည့် အခြေခံဥပဒေသည် တမင်းတနိုင်ငံစနစ် (Unitary System) ကို၎င်း၊ ဘုရင်စနစ် ကို၎င်း ပြဌာန်းမည့် အခြေခံ ဥပဒေ မဟုတ်။ ပြည်ထောင်စု စနစ် (Federal System) ကို ပြဌာန်း သည့် အခြခံ ဥပဒေ ဖြစ် ရမည်။
၂။ ငါတို့ ထူထောင်မည့် ပြည်ထောင်စုမြန်မာနိုင်ငံခေါ် ဒီမိုကရေစီလူ့ဘောင်သစ် တွင် ပြည်နယ်များ သည် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် (ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာ) ရှိစေရမည်။
၃။ ပြည်နယ်များ အပါအ၀င် အစိုးရအဖွဲ့အစည်းအားလုံးတို့၏ အာဏာ သည် တိုင်းသူ ပြည် သားများထံမှဆင်းသက်ရမည်။
၎။ တိုင်းသူပြည်သားမှန်သမျှ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး တို့တွင်တရားမျှတမှုရှိ စေလျက် လွတ်လပ်သော ဒီမိုကရေစိ အခွင့် အရေးများကို ဥပဒေ သက်ရောက်မှုတွင် ဆူကြုံ နိမ့်မြင့် မရှိ ပကတိ တန်းတူ ခံစားကြရမည်။
၅။ လူနည်းစုများ အတွက် လုံလောက်သော ကာကွယ် ချက်များ ပြဌာန်းထား ရမည်။
၆ နှင့် ရ။ တိုင်းပြည် ကာကွယ်ရေး နှင့် နိုင်ငံတကာဆက်ဆံရေး ဆိုင်ရာ လမ်းညွှန် ပြဌာန်းချက်များ။


Tha Panglong Agreement Burmese and English Versions

Tha Panglong Agreement Burmese and English Versions                                                            

(ABSDF) စစ်ကော်မရှင်အတွင်းရေးမှူး ကိုခင်ကျော်မှ လက်ရှိဖြစ်ပေါ်နေသော ဒီကေဘီအေနှင့် နအဖ စစ်ပွဲအပေါ် အကျဉ်းချုပ် သုံးသပ်ချက်

မန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရင်တစ်တပ်ဦး (ABSDF) စစ်ကော်မရှင်အတွင်းရေးမှူး ကိုခင်ကျော်မှ လက်ရှိဖြစ်ပေါ်နေသော ဒီကေဘီအေနှင့် နအဖ စစ်ပွဲအပေါ် အကျဉ်းချုပ် သုံးသပ်ချက်ကို တင်ပြပေးလိုက်ပါတယ်ခင်ဗျား...။

နယ်ကြားစောင့်တပ်ကို လက်မခံလိုသော ဒီကေဘီအေအဖွဲ့မှ နအဖ၏ ရွေးကောက်ပွဲရက်ကို တိုက်ပွဲစရက်၊ မြဝတီနှင့် ဘုရားသုံးဆူကို စစ်ရေးပစ်မှတ်အဖြစ် ရွေးချယ်ခဲ့ခြင်းကြောင့် နိုင်ငံရေးအရင်းခံစစ်ပွဲအသွင်ကို ပေါ်လွင်ထင်ရှားသွားခဲ့စေတယ်။ ဒီကေဘီအေအဖွဲဟာ နိုင်ငံရေးစကားသိပ်မပြောခဲ့ ရန်သူရဲ့အရေးကြီး စစ်ဆင်ရေးတွေမှာလည်း အဓိကအခန်းမှ ပါခဲ့တာကြောင့် အပစ်ရပ်အဖွဲ့တွေထဲမှာ ယုံကြည်စိတ်ချရဆုံးလို့ နအဖက သတ်မှတ်ထားခဲ့ပါတယ်။ ဒါ့ကြောင့် အခုလို ဗိုလ်မှူးကြီး စောလှဘွယ် ဦးဆောင်တဲ့ ဒီကေဘီအေ အဖွဲ့ကထပြီး တိုက်တော့ နအဖ အစိုးရထုတ်တဲ့ သတင်းစာမှာ ကေအင်ယူ သောင်းကျန်သူတွေတိုက်တာပါလို့တောင် လိမ်ပြောခဲ့ရတယ်။

မြဝတီနဲ့ ဘုရားသုံးဆူ စစ်ပြေပြင်မှာ ရန်သူဟာ တပ်ရင်း(၁၀ရင်း အင်အား (၁၀၀၀)လောက် အသုံးပြုခဲ့ပါတယ်။ စစ်ဆင်ရေးကာလ တလအတွင်း ဝေါ်လေ၊ ဖလူး၊ စုကလိ၊ ကျိုင်းတုံ၊ ဘုရားသုံးဆူ စစ်နယ်ပြေတွေမှာ တိုက်ပွဲကြီးငယ် စုစုပေါင်း ၃၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲစဉ်တလျှောက် ဒိကေဘီအေနဲ့ မဟာမိတ်တပ်တွေဘက်က ၃ ဦးသာ ဒါဏ်ရာအနည်းငယ်ရခဲ့ပြီး၊ နအဖ ဘက်မှ အရာရှိဗိုလ်မှုး တဦးနှင့် ဗိုလ်ကြီးတဦးအပါဝင် ၃၀ ခန့် တိုက်ပွဲတွင်းကျဆုံးခဲ့ပြီး ဗိုလ်မှူး(၂)ဦးအပါဝင် (၁၀၆)ခန့် ဒါဏ်ရာရခဲ့ပါတယ်။ ဒါမြေပြင်မှာ အတည်ပြုနိုင်ခဲ့တဲ့ သတင်းပါ(၊ဒီကေဘီအေဟာမြို့ ပေါ်နဲ့ ခုထိအဆက်စပ်ရှိနေတာကြောင့် သတင်းအတိကျ အတည်ပြုနိုင်ခဲ့တာပါ)

ဒီကေဘီအေနဲ့ မဟာမိတ်တွေဘက်က ၁ ယောက်ဒါဏ်ရတိုင်း နအဖ ဘက်က ၁၀ ဦးသေပြီး ၃၅ ဦးဒါဏ်ရာရတဲ့ သဘောပါ။ ဘာ့ကြောင့် ဒီလောက်ထိ ရန်သူအထိနာခဲ့ရသလဲ...

- ပထမအချက်ကတော့ ရန်သူရဲ့ စစ်ရည်စစ်သွေး တိုက်ခိုက်မှုစွမ်းရည် အလွန်ကျဆင်းလို့ပါ စစ်အာဏာရှင်စနစ်ရဲ့အောက်မှာ စစ်တပ်နဲ့ စစ်အရာရှိများ၊ စစ်သည်တော်များကိုယ်တိုင် အကြမ်းဖက်ခံနေရလို့ပါ။ မတရားတဲ့စစ်ကို အတင်းအကြပ် တိုက်ခိုက်စေတာ၊ ဥပဒေမဲ့ အစီအမံများကို ပြုလာအောင် စေ့ဆော်တာ။ လက်တွေ့အခြေအနေနဲ့ မကိုက်ညီ မနိုင်ဝန် ရည်မှန်းချက်များကို ဖိအားပေးအမိန့် ပေးစေခိုင်းတာတွေဟာ တပ်မှူးတပ်ဗိုလ်အားလုံးကို စိတ်ဓါတ်ကျစေတဲ့ အကြမ်းဖက်မှုတွေဘဲဖြစ်ပါတယ်။

- ဒုတိယအချက်တော့ ၁၅နှစ်တာ လက်တွဲလာပြီးအခုမှ ဖြုတ်ချခံလိုက်ရတဲ့ ရန်သူဟာ တလျှောက်လုံး ဒီဒေသတွေမှာ စစ်ရေးအရ ဒီကေဘီအေကိုဘဲ အဓိကအားကိုးခဲ့တာ နယ်မြေရော လူထုအပေါ်ပါ ကျွမ်းကျင်မှု ရန်သူထက်သာတာ၊ လက်ရှိ နယ်ကြားစောင့်တပ်တွေနဲ့ အစားထိုးသုံးဖို့ဆိုတာလည်း အပြန်အလှန် ယုံကြည်မှု မပေးနိုင်တာတွေဟာ ရန်သူကိုပိုပြီး အကြပ်ရိုက်စေခဲ့ပါတယ်။

- တတိယအချက်ကတော့ အရံအင်အား မလုံလောက်မှုပါဘဲ လက်ရှိအခြေနေမှာ ရန်သူ့ကြည်းတပ်မှာ ခြေလျှင်၊ ချေမြန် တပ်ရင်းပေါင်း ၄၉၀ အင်အား (၉၀၀၀၀)ခန့်ရှိပါတယ်။ လေ့လာချက်အရ ကရင်ပြည်နယ်မှာ တပ်ရင်း(၁၂၅)ရင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းမှာ တပ်ရင်းပေါင်း(၆၀)၊ ကယားပြည်နယ်မှာ(၄၀)ခန့်၊ ရှမ်းပြည်နယ်မှာ(၈၀)ခန့်၊ ကချင်ပြည်နယ်မှ(၄၅)ရင်းခန့်၊ ချင်းပြည်နယ်မှာ (၂၀)ခန့်၊ ရခိုင်ပြည်နယ်မှာ (၂၀)ခန့်နဲ့ ကျန်တပ်တွေကိုတော့ အရေးအခင်းတွေ ဖြစ်လာနိုင်တယ်လို့ သတ်မှတ်ထားတဲ့ မြို့ကြီးမြိုငယ်ပေါင်း (၁၀၀)ကျော်မှာ တပ်ချထားပါတယ်။ ကနေ့ကာလ အရေးခင်းတွေကလည်း အချိန်မရွေးပေါ်လာနိုင်တာရယ်၊ အပစ်ရပ်ဒေသတွေမှာလည်း စစ်ပြေပြင်လို တပ်တွေအမြဲစောင့်ကြည့်နေရပြီး ထုတ်နှုတ်ရန်ခက်တာကြောင့် စစ်ကူပေးဖို့ဆိုတာလည်း အကန့်အသတ်တွေ ကြီးနေပါတယ်။ စစ်မျက်နှာ တနိုင်ငံလုံး ဖွင့်ထားရသလို ဖြစ်နေပါတယ်။

- စတုတ္ထအချက်ကတော့ လက်ရှိစစ်ခေါင်းဆောင်တွေရဲ့ လတ်တလောအရေးကြီးလုပ်ငန်းစဉ်ဟာ ရွေးကောက်ပွဲအောင်နိုင်ရေးနဲ့ ၎င်းတို့ အလိုကျ စစ်အစိုးရသစ်တရပ် ပေါ်ထွန်းလာရေးဖြစ်တာကြောင့် စစ်ဘက်အရပ်ဘက် စစ်ဗိုလ်များ နေရာခွဲဝေရေးမှာ သဘောထား မတူတာတွေ ရှိနေတာကြောင့်  စစ်ဆင်ရေးဟာ ဒုတိယဦးစားပေး အဆင့်သာ ဖြစ်နေပါတယ်။

လူထုအတွင်း နိုင်ငံရေးအရလည်း နိုးထလာတာကြောင့် စစ်အုပ်စုအတွက် အရေးတကြီး အလုပ်တခု ထပ်တိုးလာသလို ဖြစ်နေတယ်။ အဆိုးဆုံးကတော့ စစ်တပ်နဲ့  ပြည်သူဟာ စိတ်ဝမ်းကွဲပြီး စစ်တပ်ဟာ ရေနဲနေတဲ့ငါး ဖြစ်နေတယ်။ ဒါတွေဟာ ကနေ့တပ်မတော်အတွက် အဆိုးဆုံးအခြေအနေကို ရောက်စေတဲ့ အကြောင်းတရားတွေပါပဲ။ ခုဆင်နွှဲနေတဲ့ ဒီကေဘီအေနဲ့ မဟာမိတ်အဖွဲ့ တွေရဲ့ တိုက်ပွဲဟာ သေးငယ်ချင် သေးငယ်နေမယ့် ထင်ရှားမြင်သာတဲ့ အပြောင်းအလဲတော့ ဖြစ်ချင်မှဖြစ်မယ် အနိမ့်ဆုံးတော့ ရပ်နေရာကနေ အရွေ့ကလေးတခုတော့ ဖြစ်လာတယ်။ သွေးချင်းတွေ ပိုမိုစည်းလုံးလာတယ်။ မြဝတီမြို့ကို ၁၆ နာရီကြာ၊ ဘုရားသုံးဆူမြို့ကို ၂၈ နာရီကြာ ထိမ်းနိုင်ခဲ့ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတိုက်ပွဲကို အများသိအောင် ပြနိုင်ခဲ့တယ်။ ဒီမိုကရေစီရေး တိုက်ပွဲအတွက် အားဖြစ်စေခဲ့ပါတယ်။ ဒါခုရနေတဲ့ စစ်ရေးအမြတ်ပါပဲ။ တကယ်တော့ ဒီကေဘီအေဆိုတာ စစ်အစိုးရနဲ့ ပေါင်းခဲ့တဲ့ အပစ်ရပ်အဖွဲ့ ထဲမှာ အသေးဆုံးအဖွဲ့ တခုသာ ဖြစ်ပါတယ်။

Tuesday, December 14, 2010

Windows XP ရဲ့ ရိုးစင်းတဲ့ လျှို့ ဝှက်ချက်(၄၀)။

Windows XP ရဲ့ ရိုးစင်းတဲ့ လျှို့ ဝှက်ချက်(၄၀)-
- 14 Dec, 2010

(၁) Start Menu ကို ပိုမိုမြန်ဆန်စေဖို့
Start ကိုနှိပ်ပါ။ Run box ကိုဖွင့်ပါ။ Regedit လို့ရိုက်ပါ။ (Registry editor ကိုဆိုလိုတာပါ။)
ဘယ်ဘက် panel မှာ “HEYCURRENT USER” ကို ကလစ်နှိပ်ပါ။ အဲဒီထဲ ကမှ “control panel” ကို ထပ်ရွေးပါ။
“Control panel” ထဲကမှ Desktop ကို ရွေးပါ။
ညာဘက်အကွက်မှာ ပေါ်လာတဲ့ “Menushowdelay” ကို Right click နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို “0″ ထားပါ။
ပြီးပြီဆိုတာနဲ့ Restart ပြန်လုပ်ပါ။
(၂) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမြန်ဆန် စေပါတယ်။

- Start ကိုသွားပါ။
- Run box ကိုဖွင့်ပါ။

- “gpedit.msc” ဆိုပြီး ရိုက်ပါ။
- ဘယ်ဘက် panel မှာ “computer configuration” ရွေးပါ။
- “Administrative Templates” ကိုရွေပါ။
- “Windows components” ကို ရွေးချယ်ပါ။
- “Terminal services” ကိုရွေးချယ်ပါ။

- ညာဘက် panel မှာ ပေါ်လာမှာဖြစ်တဲ့ “Do not delete Temp Folder Upon exit” မှာ Right click နှိပ်ပါ။
- Properties ကို ရွေးချယ်ပါ။
- ပြီးရင် “disable” ကို ရွေးချယ်ပါ။

(၃) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။

နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။
- Start ကို ကလစ်နှိပ်ပါ။
- Run box ကိုဖွင့်ပါ။
- “% temp%” လို့ ရိုက်ထည့်ပါ။
- အဲဒီမှာ တွေ့သမျှ ဖိုင်တွေကို ‘Ctrl+A’ နဲ့ Select ပေးပြီး ဖျက်ထုတ်ပစ်ပါ။
(အချို့  လုပ်ဆောင်နေဆဲ ဖိုင်တွေကိုတော့ ဖျက်လို့မရတဲ့ အကြောင်း ပြောလာတတ်ပါတယ်။)

(၄) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။

နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။
- Start > Run box ကိုဖွင့်ပါ။
- “Prefetch” လို့ ရိုက်ထည့်ပါ။
- တွေ့သမျှ ဖိုင်မှန်သမျှ ဖျက်ပစ်ပါ။
(၅) Hard disk ကို အချိန်ရှိသရွေ့  ရှင်းလင်းပေးပါ။

All Program ကိုသွားပါ။
- Accessories ကနေတစ်ဆင့် “System tools” အောက်မှာ ရှိနေတဲ့ “Disk Clean Up” ကို ကလစ်နှိပ်ပါ။
၅ မိနှစ်အတွင်းမှာ ပုန်းကွယ်နေတဲ့ အမှိုက်သရိုက်တွေ မှန်သမျှကို ရှင်းလင်းပေးပါလိမ့်မယ်။
(ကိုယ်အနေနဲ့ အပြင်ကို ခဏတဖြုတ် သွားမယ့် အချိန်မျိုးတွေမှာ သိပ်အသုံးဝင်ပါတယ်။)

(၆) မသုံးတဲ့ ပရိုဂရမ်တွေကို ဖယ်ထုတ်ပါ။

- Start > Run
- “msconfig” လို့ရိုက်ပါ။
- “System configuration Utility” box ပေါ်လာပါမယ်။
- ညာဘက် အစွန်းဆုံးမှာ “Start up tab” ဆိုတာ ရှိပါတယ်။

- ကိုယ့်အတွက် အသုံးမ၀င်တဲ့ program တွေရဲ့  ရှေ့  မှာ အမှန်ခြစ် အမှတ် အသား လုပ်ထားခဲ့ရင် ပြန်ပြီး “uncheck” လုပ်ပေးပါ။
- Restart နဲ့ ပြန်စပါ။

(၇) လုံခြုံစေဖို့ ဖိုင်စနှစ် ပြောင်းသုံးပါ။

- Start > all programs > accessories > command prompt တစ်ခုချင်း ကလစ်နှိပ်ပြီး သွားပါ။
- Command pormpt ပေါ်လာရင် အနက် screen ကြီးကို တွေ့ရပါမယ်။
- မှိတ်တုတ်မှိတ်တုတ် cursor လေးနဲ့ “convert c:fs:ntfs” လို့ရိုက်ပါ။
- ပြီးရင် ‘Enter’ ခေါက်ပါ။
- Command prompt ကို နောက် တစ်မျိုး “Start > Run” မှာ cmd လို့ ရိုက်ထည့်ပြီး သွားနိုင်ပါတယ်။

- တကယ်လို့ NTFS ပြောင်းပြီးသား ဆိုရင် ပြောင်းဖို့ မလိုပါ။ My computer ကို Right Click နှိပ်ပြီး “properties” မှာဖွင့်ကြည့် နိုင်ပါတယ်။
- cmd ထဲဝင်ပြီး ပြန်ထွက်မရ ဖြစ်နေရင် “exit” လို့ရိုက်ပြီး ထွက်ပါ။

(၈) Memory ပိုမို အလုပ်လုပ်စေနိုင်ဖို့

- XP ရဲ့ default မှာ memory ရေရှည် အသုံးခံနိုင်အောင်နဲ့ တခြား လိုအပ်တဲ့ စနစ်ပိုင်း ဆိုင်ရာတွေကို မောင်းနှင်ဖို့ စီမံထားပါတယ်။
ဒါပေမယ့် တစ်ခါတလေမှာ ကိုယ့်အတွက် အသုံးမ၀င်ပါဘူး။ ရှိရင်းစွဲ memory ကိုပဲ လှည့်ကွက်တစ်ခု အနေနဲ့ ပိုပြီး ကောင်းမွန်အောင် သုံးစွဲနိုင်ပါတယ်။

- Start > Run > Regedit အဆင့်ဆင့်သွားပါ။
- Registry panel ရဲ့ ဘယ်ဘက်မှာ “HKEYLOCALMACHINE” ကို click နှိပ်ပါ။
- “System” ကို ကလစ် နှိပ်ပါ။
- “Current control set” ကို ကလစ် နှိပ်ပါ။
- “control” ကို ကလစ်နှိပ်ပါ။
- “Session Manager” ကို နှိပ်ပါ။

- “Memory Managment” ကိုကလစ်နှိပ်ပါ။ ညာဘက် panel မှာ ရှိတဲ့ “Disable pasing executive” ကို Double Click နဲ့ ဖွင့်ပါ။
- Large System Cache ကိုလည်း double click နဲ့ ဖွင့်ပါ။
- Decimal value ကို “1″ ပြောင်းပေးပါ။
- Restart ပြန်လုပ်ပါ။ Memory Performance ပိုပြီး ကောင်းမွန်လာပါလိမ့်မယ်။
(၉) ဖိုင်တွေကိုလုံခြုံစေဖို့ password ပေးပါ။

ကိုယ့်ရဲ့ဖိုင်တွေ၊ folder တွေ၊ ebook စတာတွေကို လုံခြုံစေဖို့ နည်းလမ်းအမြောက်အမြား ရှိပါတယ်။ password ပေးပြီး သိမ်းဆည်းထားတာဟာ အလုံအခြုံဆုံးပါပဲ။
အဲဒီလို password ပေးတဲ့အခါမှာ သိမ်းဆည်းချင်တဲ့ ဖိုင်တွေကို folder တစ်ခု ထဲကို အရင်ထည့်ပါ။
ပြီးရင်ကိုယ်မှတ်မိတဲ့ Name ပြောင်းပါ။ ပြီးရင် Windows ရဲ့ built-in zip format ကို password ပေးပါ။

- Zip Software ကို install လုပ်ပြီး သုံးစွဲတာက ပိုကောင်းပါတယ်။
- Win Zip Software ကို ဖွင့်ပါ။
- File menu အောက်မှာရှိတဲ့ Add a password ကို ကလစ်နှိပ်ပါ။
Winrar Software ကို install လုပ် ခဲ့မယ်ဆိုရင်တော့- ဖိုင်ကိုကလစ်ထောက်လိုက်ပြီး ချုံ့ပေးပါ…လို့ ခိုင်းပါ။
- Advanced မှာ “Set password” ကို click နှိပ်ပါ။ - Password line နှစ်ကြောင်း တွေ့ရပါလိမ့်မယ်။ တစ်ခုနဲ့တစ်ခု တူညီရပါမယ်။
(၁၀) ဖိုင်တွေ လုံခြုံစေဖို့ ရုပ်ဖျက်ထားနိုင်ပါတယ်။

ဆော့ဖ်ဝဲအသုံးပြုထားတဲ့ ဖိုင်မှန်သမျှဟာ အဲဒီဆော့ဖ်ဝဲရဲ့ extension နဲ့ အဆုံးသတ်ပါတယ်။ ဥပမာ ebook စာအုပ်တွေဆိုရင် (.pdf)၊ စာစီစာရိုက် ဆော့ဖဲဝဲ pagemaker ဆိုရင် (.pmd)၊ Photoshop ဆိုရင် (.psd) (.jpg) စတဲ့ အဆုံးသတ် extension တွေပါဝင်ပါတယ်။ အဲဒီ extension တွေကို ဖော်ထားလို့ ရသလို ဖျောက်ထားလို့လည်းရပါတယ်။
- ပထမဆုံး My Computer ကိုကလစ်နှိပ်ပြီး အထဲကို ၀င်ပါ။
- Folder options ကို သွားပါ။ (Tools အောက်မှာ ရှိပါတယ်။)
- အဲဒီက “File Types” ကို ကလစ် နှိပ်ပါ။ (အဲဒီအခါမှာ ဖိုင်ရဲ့ extension တွေ တစ်ခုချင်းစီအလိုက် ပေါ်လာပါလိမ့်မယ်။
- အခု ဖုံးကွယ်ထားမယ့် ဖိုင်တစ်ခုကို extension ပြောင်းပေးပါ။ ဥပမာကိုယ်က (.pmd)နဲ့ စာရိုက်ထားတဲ့ page တစ်ခုကို ဖျောက်ထားချင်ရင် အဲဒီ (.pmd) နေရာမှာ (.pdf) စသည်ဖြင့် ပြောင်းလဲပေးလိုက်ပါ။
- ပြီးရင် extension ဖော်ထုတ်ထားတာကို ပြန်ပြီး ဖျောက်ပစ်လိုက်ပါ။
- အဲဒီအခါမှာ ကိုယ့်ဖိုင်ဟာ ကိုယ်ကိုယ်တိုင်တောင်မှ မမှတ်မိ နိုင်တော့တဲ့ ဖိုင်အမျိုးအစား တစ်ခုအနေနဲ့ ပြောင်းလဲသွားပါလိမ့်မယ်။
(၁၁) ပရိုဂရမ်ရဲ့ အမြန်နှုန်းတွေကို မြှင့်တင်ပါ။
- Screen
ရဲ့ အောက်ခြေမှာရှိတဲ့ ‘taskbar’ ကို Right click လုပ်ပါ။
- ပေါ်လာတဲ့ box ထဲက ‘Task Manager’ ရွေးပါ။
- ‘Task Manager’ ထဲကမှ ‘process tab’ ကို ရွေးချယ်ပါ။ ကိုယ့် ပီစီထဲမှာ ရှိတဲ့ ပရိုဂရမ်တွေ၊ browser တွေ ပေါ်ထွက် လာပါလိမ့်မယ်။
- ကိုယ် မကြာခဏ သုံးစွဲလေ့ရှိတဲ့ ပရိုဂရမ်ပေါ်မှာ “Right Click” နှိပ်ပါ။
- ‘pirority’ ကို High လုပ်လိုက်ပါ။
- ကိုယ်သုံးစွဲတဲ့ ပရိုဂရမ်ဟာ သိသိသာသာ အမြန်နှုန်း မြင့်တက်လာပါလိမ့်မယ်။
(၁၂) Hibernate မလုပ်ပါနဲ့။
Hibernate
ကို ကွန်ပျူတာ သမားတွေ အသိများပါတယ်။ နောက်တစ်နေ့မှာ ကိုယ်သုံးစွဲထားခဲ့တဲ့ ပရိုဂရမ်တွေအတိုင်း ပြန်ပေါ်ထွက်လာအောင် စီစဉ်ပေးထားတာပါ။
ဒါပေမယ့် memory ကို အရမ်းစားပြီး hard disk မှာလည်း မတရား နေရာယူလွန်းပါတယ်။
- Control Panel ကိုဖွင့်ပါ။
- Power Options ကို click နှိပ်ပါ။
- Hibernate ကို ရွေးချယ်ပါ။
- ‘Enable hibernation’ ကို ‘Uncheek’ ပြန်လုပ်ပါ။ (ခွင့်မပြုဘူး ဆိုတဲ့ သဘောပါ။)
(၁၃) Memory နည်းပါးနေတဲ့ အခါ
အမြဲလို ကြုံရဘူးပါတယ်။
ဆော့ဖ်ဝဲ နှစ်ခုလောက် အပြိုင်အလုပ်လုပ်တဲ့အခါ ‘Memory Inerupt’ ဆိုပြီး ဆော့ဖ်ဝဲ တစ်ကို ပိတ်သွားတာမျိုး ရှိသူတွေအတွက် လျှော့ချသင့်တဲ့ ပုံစံတွေ ရှိပါတယ်။
XP မှာ အသစ်ပေါင်းထည့်ထားတဲ့ feature အသစ်ဟာ momery ကို အလွန် သုံးစွဲသလို “Thames” တွေကလည်း memory ကို သုံးစွဲပါတယ်။
ဒါကြောင့် Style XP လို “Thames” တွေကို memory မြင့်မြင့်မားမား မရှိဘဲနဲ့ install မလုပ်ပါနဲ့။ Window ရဲ့ ဂန္တ၀င် ပုံစံဟာ memory ကို ချွေတာရာရောက်ပြီး အလုပ် များများရှိတဲ့ လူတွေအဖို့ သင့်တော်ပါတယ်။
- Control Panel > System ၊ Advanced tab ရွေးချယ်ပါ။
- ‘Performance’ မှာ ’setting’ ဆိုတာ ပါဝင်ပါတယ်။ အဲဒီ setting ကို ကလစ်နှိပ်ပြီး ‘Adjust for best performance’ ကို ရွေးချယ်ပါ။
နောက်တစ်နည်းနဲ့ Start Menu ကို ဂန္တ၀င် ပုံစံပြောင်းလို့ ရသေးပေမယ့် အခုနည်းက OS ကနေ အလိုအလျှေက် ညှိနှိုင်း ဆောင်ရွက်ပေးတဲ့ အတွက် ကောင်းပါတယ်။
(၁၄) Automatic update ကို ပိတ်သင့်ပါသလား။
အင်တာနက် ချိတ်ဆက်ထားတဲ့ ပီစီတွေ အဖို့တော့ Automatic update ကို ပိတ်ထားတာဟာ အဆိုးရော အကောင်းရော ဖြစ်စေပါတယ်။
အဆိုးကတော့ browser မှာ ထည့်သွင်းထားတဲ့ ‘add-ons’ လို update တွေမရနိုင် တော့ပါ။ အကောင်းဘက် ကတော့ memory ကို ပိုမို များပြားစွာ သုံးစွဲစေပြီး XP ကို ပိုမြန်စေပါတယ်။
- Control Panel > System
- Automatic updating ကို Turn Off လုပ်ပေးပါ။
(၁၅) ပရိုဂရမ်တွေကို Shortcuts တွေ တည်ဆောက်ထားပါ။
- Desktop မှာ New Floder ဖန်တီးပြီး ‘Application’ လို့ အမည်ပေးပါ။ ပြီးရင် ပရိုဂရမ် တွေရဲ့ Shortcuts တွေ မှန်သမျှ - ထည့်ပေးပါ။
-Taskbar မှာ Right Click နှိပ်ပြီး toolbar မှာ ‘New toolbar’ ကို သွားပါ။
- အခုန တည်ဆောက်ထားတဲ့ ‘Application’(New Floder)’ ဆီကို ညွှန်းပေးပါ။
- ပီစီဖွင့်တိုင်းမှာ Shortcuts တွေကနေ တစ်ဆင့် အမြန်ဆုံး အလုပ်လုပ်နိုင်ပါမယ်။
(၁၆) ‘Shut-down’ shortcut ဖန်တီးနိုင်ပါတယ်။
- Desktop မှာ Right Click နှိပ်ပါ။ New shotcut ကို ဖန်တီးပါ။ နာမည်မှာ ’shutdown-s-to’ လို့ အမည်ပေးပါ။
- ပြီးရင် properties ကို သွားပါ။ Target နေရာမှာ “C:/Windows/system32/shutdown.exe”ကို ရွေးပေးပါ။ (XP.SP2 - သမားတွေအတွက်တော့ အလွယ်တကူနဲ့ C > Windows > System32 > “shutdown icon” အထိ သွားပြီး shutcut - ဖန်တီးနိုင်ပါတယ်။)
(၁၇) Keyboard shotcut တွေကိုသုံးပါ။
Ctrl+A
ဆိုတာ Select All ၊ Ctrl+C ဆိုတာ Copy ၊ Ctrl+V ဆိုတာ Paste အဲဒီလိုမျိုး မြန်ဆန်စေတဲ့ ကီးဘုတ်ဖြတ်လမ်း နည်းလေးတွေကို သုံးစွဲကြည့် နိုင်ပါတယ်။
(၁၈) Fonts တွေကို ခဏ ဖယ်ထုတ်ထားပါ။
ဖြစ်နိုင်ရင်တော့ တချို့  Fonts တွေဟာ ဥပမာအားဖြင့် ကိုယ်ဟာ စာစီစာရိုက် သမားတစ်ယောက်၊ Web designer တစ်ယောက်မဟုတ်ရင် မလိုအပ်တဲ့ font တွေကို အပြီးတိုင် ဖယ်ထုတ်ထားလို့ ရပါတယ်။
Photoshop လို ပရိုဂရမ်မျိုးဟာ ဖွင့်ချိန် အရမ်းကြာမြင့်တာဟာ သူ့ရဲ့ library ထဲကို အသင့်သုံးပစ္စည်းတွေကို ခေါ်ယူနေတာကြောင့်ပါ။
အဲဒီ လိုမျိုးပဲ တခြားပရိုဂရမ်ေ်တွဟာ ကြာနေတတ်တာဟာလည်း အကြောင်းအမျိုးမျိုး ရှိနိုင်ပြီင်္း အဲဒီထဲက အကြောင်းတစ်ခုက ‘Fonts’ တွေကို loading လုပ်နေရလို့ပဲ ဖြစ်ပါတယ်။
- Control Panel > Fonts ကို ဖွင့်ပါ။
- Folder အသစ်တစ်ခု ဆောက်ပါ။ အသုံးမလိုတဲ့ Fonts တွေကို သီးသန့် ပေါင်း စုထားပြီး၊ control panel ကနေ ခွဲထုတ်နေရာ ရွှေ့  ပစ်လိုက်ပါ။
- ဒါဟာ ပရိုဂရမ်တွေကို မြန်ဆန်စေတဲ့ လျှို့ ဝှက်ချက် တစ်ခုပါပဲ။
(၁၉) Font အရွယ်အစား ပြောင်းလဲ ကြည့်နိုင်ရန်
အင်တာနက် သုံးစွဲ နေတဲ့ အချိန်မှုာ Image ပေါ်မှာ ရေးထားတဲ့ စာလုံးတွေကိုပဲ ဖြစ်ဖြစ် တခြားနေရာ မျိုးစုံက အက္ခရာတွေကိုပဲ ဖြစ်ဖြစ် ပိုမိုသဲကွဲစွာ မြင်နိုင်ဖို့ နည်းရှိပါတယ်။
- Ctrl ကို ဖိထားရင်း keyboard အပေါ်တန်းက “+” ကို နှိပ်ပါ။ နှိပ်လေလေ font နဲ့ webpage စာမျက်နှာ ကြီးလာလေလေ ဖြစ်ပါလိမ့်မယ်။ အရွယ်အစား လျှော့ချဖို့ ကတော့ ‘Ctrl’ နဲ့ အနှုတ်လက္ခဏာကို တွဲဖက်အသုံးပြုပါ။
(၂၀) Shift + Delete ကို သတိထားပါ။
ရိုးရိုး Delete ဟာ ဖိုင်တစ်ခုကို ဖျက်ပစ်လိုက်ပေမယ့် အမှိုက်ပုံးထဲမှာ ကိုယ်စားကျန်ပါသေးတယ်။
Shift Key ကို သတိထားပြီး Delete ခလုတ်ကို နှိပ်ချလိုက်မယ် ဆိုရင်တော့ အပြီးတိုင် ဖျက်ပေးသွားပါလိမ့်မယ်။ မလိုလား အပ်တဲ့ အကျိုးဆက်တွေ ဖြစ်စေနိုင်တာမို့ ‘Shift + Del’ ကို သတိထားပြီး သုံးစွဲပါ။
(၂၁) Error report ကို ပယ်ဖျက်ပါ။
ပရိုဂရမ်တွေ မျိုးစုံ ဖွင့်နေရင်း တစ်ခါတစ်လေမှာ ပရိုဂရမ် တစ်ခုခုဟာ ကြာမြင့်နေတဲ့ အချိန်မှာ hang မသွားခင်မှာ windows ရဲ့ ‘Error report’ box တက်လာတတ်ပါတယ်။ အဲဒါကို ဖျောက်ထားပစ်ပါ။
- Control Panel > System
- ပြီးရင် Advanced ကို click နှိပ်ပါ။အဲဒီထဲကမှ ‘Error Reporting’ Disable ကို ကလစ်နှိပ်ပြီး OK နဲ့ ထွက်ပါ။
(၂၂) ‘Open-with’ ဆိုတာ
ဗီဒီယိုဖိုင်တွေ အတွက်ဆိုရင် ‘Open-with’ ဟာ အလွန်အသုံးဝင်ပါတယ်။ window media player ကို လက်မခံတဲ့ file extension တွေကို open-with နဲ့ ဖွင့်လှစ်ရပါမယ်။ (အရင်ဆုံး player တချို့ ကိုတော့ install လုပ်ဖို့ လိုပါလိမ့်မယ်။)
- ဖွင့်ချင်တဲ့ ဖိုင်တစ်ခုကို ‘Right Click’ ထောက်ပြီး ‘open with’ ကို ရွေးချယ်ပါ။
- ‘Browser’ လုပ်လိုက်ရင် ပရိုဂရမ်တွေ အစီအရီ ပေါ်ထွက်လာပါလိမ့်မယ်။ စိတ်ကြိုက်တစ်ခုကို ရွေးချယ်ပြီး ဖွင့်လှစ် နိုင်ပါတယ်။ ဘယ်လိုမျှ ဖွင့်ကြည့်လို့ မရဘူးထင်တဲ့ Note pad ပုံစံ ပရိုဂရမ်တွေကို word pad နဲ့ ဖွင့်လို့ ရပါတယ်။
(၂၃) Open-with ဟာ ပိုပြီး မြန်ဆန်ပါတယ်။
Photoshop မှာ (.psd) ဆိုတဲ့ ပရိုဂရမ်ပိုင် extension တွေက လွှဲလို့ တခြားပုံရိပ်တွေကို ဖွင့်ကြည့်ချင်ရင် ‘open-with’ က ပိုပြီးမြန်ဆန်ပါတယ်။
Open-with ကနေ ‘Image Viewer’ ကို ရွေးချယ်ပေးပါ။
(၂၄) Filmstrip နဲ့ ရုပ်ရှင် ကြည့်နိုင်ပါတယ်။
ကိုယ့်မှာရှိတဲ့ ပုံရိပ်တွေ အားလုံးကို floder ထဲမှာ တစ်စု တစ်စည်းတည်း ထားလိုက်ပါ။ ဓါတ်ပုံတွေ အားလုံးကို ရုပ်ရှင် တစ်ခုကို ကြည့်နေရသလိုမျိုး စီစဉ်ထားနိုင်ပါတယ်။
- Floder ကို ဖွင့်လိုက်ပါ။
- ပြီးရင် Menu bar ထဲက ‘View’ မှာ Filmstrip ကို ရွေးချယ်လိုက်ပါ။
- Ctrl Key ကို ကိုင်ထားပြီး လိုအပ်သလို အကွက်ရွှေ့ လို့ ရပါတယ်။
(၂၅) IE ရဲ့ homepage ကို Blank လုပ်ထားပါ။

IE ကို ဖွင့်ရာမှာ တစ်ခါတလေ စိတ်ပျက်ဖို့ ကောင်းပါတယ်။
မိုက်ကရိုဆော့ဖ် ရဲ့ default home page “msn.com” ဟာ ငြီးငွေ့စရာ ကောင်းလောက်အောင်ကို ကြာမြင့်လွန်း တတ်ပါတယ်။
တကယ်လို့ IE ကို ဖွင့်လိုက်စဉ်တိုင်းမှာ အဖြူထည် စာမျက်နှာ ဖြစ်နေတာဟာ ပိုပြီး မြန်ဆန် စေပါတယ်။
- IE ကို ဖွင့်ပါ။
- Tools ကို ကလစ်နှိပ်ပါ။ General အောက်မှာ ရှိတဲ့ address box မှာ user blank ကို ကလစ်နှိပ်ပါ။
- Apply ကို ကလစ်နှိပ်ပါ။ OK ကို ကလစ်နှိပ်ပါ။
(၂၆) Domain တွေကို key နဲ့ သုံးပါ။
- www. google.com ကို သွားဖို့ အတွက် အရှည်ကြီး ရိုက်နေဖို့ မလိုပါဘူး။
- google ကို ရိုက်ပါ။
ပြီးရင် Ctrl key ကိုင်ထားပြီး Enter ခေါက်ပါ။
အဲဒီလို shot-cuts တွေကို လေ့လာရင်း သုံးစွဲရင် ပိုမြန်ဆန် စေပါတယ်။
(၂၇) ‘Animated dog’ ဟာ လေးလံပါတယ်။ ပယ်ဖျက်ထားပါ။
Search box ဟာ အလွန်နှေးပါတယ်။ စက်ကို crash ဖြစ်သွား စေမတတ် ပါဘဲ။ အဲဒီ ခွေးကလေးကို ပယ်ဖျက်ထားပါ။
- Search window ကို ဖွင့်ပါ။
- Change preferences ကို click လုပ်ပါ။
- ‘Without an animated screen character’ ကို ကလစ်နှိပ်ပါ။
- Animated object မရှိတော့တဲ့ အတွက် Search box ဟာ ပိုပြီး မြန်ဆန် လာပါလိမ့်မယ်။
(၂၉) MP3 သီချင်းတွေကို ကလစ်တစ်ချက်တည်းနဲ့ ဖွင့်နိုင်ပါတယ်။
ကိုယ့်ရဲ့ network ဧရိယာ များမှာ ဘယ်သူတွေ ရှိနေသလဲ ဆိုတာ ကြည့်ရှုချင်ရင် My Network places ကနေ ကြည့်ရှုလို့ ရပါတယ်။
ပီစီတစ်လုံးကနေ နောက်တစ်လုံး ဆီကို access လုပ်ဖို့ ကို တော့ admin ခွင့်ပြုချက် ဒါမှမဟုတ် password ရယူရပါမယ်။ My Network places မှာ ‘view word group computer’ ကိုရွေးလိုက်။
အဆက်အသွယ် တွေ အကုန်လုံးကို တွေ့ရပါလိမ့်မယ်။
(၂၉) MP3 သီချင်းတွေကို ကလစ်တစ်ချက်တည်းနဲ့ ဖွင့်နိုင်ပါတယ်။
- Control panel > Taslbar and Start Menu ကို ရွေးချယ်ပါ။
- Start Menu ကို ကလစ်နှိပ်ပါ။
- Customize ကို ကလစ်နှိပ်ပါ။
- Advanced tab ကို ကလစ်နှိပ်ပါ။
- My Music ကို ရွေးချယ်ပါ။
(၃၀) Print Screen သို့မဟုတ် Capture ဖမ်းယူခြင်း
ကွန်ပျူတာပေါ်က မြင်းကွင်းတစ်ခုခုကို ပုံရိပ်အနေနဲ့ ကူးယူပြီး ကိုယ့်အတွက် ပြန်လည်၍ အသုံးချနိုင်ပါတယ်။
- လိုချင်တဲ့ image ဒါမှမဟုတ် webpage ကို ဖွင့်ပါ။
- Keyboard က ‘print screen preview’ ကို ကလစ်နှိပ်ပါ။ (ဖွင့်ထားတဲ့ ပုံရိပ် အနည်းငယ်သာ လိုချင်ရင် Alt နဲ့ တွဲနှိပ်ပါ။)
- ပြီးရင် Start > Run box မှာ ‘mspaint’ဆိုပြီး စာရိုက်ပါ။ (ရိုးရိုး paint program ကို ခေါ်သုံးရင်လည်း ရပါတယ်။)
- paint ပေါ်လာပြီဆိုတာနဲ့ ‘Ctrl+V’ ဒါမှမဟုတ် ‘File menu’ အောက်က ‘paste’ ကို ကလစ်နှိပ်ပါ။ (ဤ paint နေရာမှာအခြား Clipboard ရှိတဲ့ ဓါတ်ပုံ တည်းဖြတ် ဆော့ဖ်ဝဲ တွေ photoshop corel draw စတာတွေ သုံးစွဲ နိုင်ပါတယ်။)
(၃၁) Screen Saver ကို Slide Show လုပ်နိုင်ပါတယ်။
- Control Panel > display
- Display properies box ကျလာရင် ’screen saver tab’ ကို ရွေးချယ်ပါ။
- နောက်ဆိုရင် Screen Saver ဟာ ရုပ်ရှင်တွေ ပြသလိုမျိုး ပုံရိပ်တွေ တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် ပေါ်လာပါလိမ့်မယ်။
- (My Picture folder ထဲမှာ ကိုယ်လိုချင်တဲ့ Image တွေကို အရင်ဆုံးထည့်ထားရပါမယ်။
Slide Show မှာ ပုံရိပ်တစ်ခု နဲ့ တစ်ခုအကြား ကြာမြင့်ချိန်ကို စိတ်ကြိုက် ရွေးချယ် ပြောင်းလဲ နိုင်ပါတယ်။)
(၃၂) Pop-up တွေကို လက်မခံပါနဲ့။
Firefox browser မှာ pop-up blocker ဆိုပြီး လုံခြုံရေး tool ပါဝင်တဲ့ အပြင် add-ons တွေနဲ့ အထူး ပိတ်ပင် တားဆီးလို့ ရနိုင်ပါတယ်။
IE ရဲ့နောက်ဆုံးထွက် version7.0 ကို install လုပ်လိုက်မယ် ဆိုရင်တော့ pop-up ပြဿနာဟာ ၇၀% လျှော့ကျ သွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် browser မှန်သမျှရဲ့ နောက်ဆုံးထုတ် version ကို ရအောင် ယူထားပါ။
(၃၃) Toolbar ပြုပြင်ခြင်း
firefox မှာ Menubar ပေါ်မှာ Right click နှိပ်ပါ။
- အဲဒီထဲက ပေါ်လာတဲ့ customize bar ထဲကို ကိုယ်လိုချင်တဲ့ ‘icon’ တွေကို ပေါင်းထည့် ပေးပါ။ IE အတွက်ကတော့ - IE ကို ဖွင့်ပါ။ - View > toolbar > customize - အဲဒီအထဲကမှ စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။
ဒီလိုပြင်ဆင် ထားတဲ့အတွက် ကိုယ်လိုချင်တဲ့ အချိန်မှာ လိုသလို အသုံးချနိုင်တဲ့ icon တွေ အဆင်သင့် မြန်မြန် ဆန်ဆန် ရှိနေမှာပါ။
(၃၄) Private data ကို လုံခြုံအောင်ထားပါ။
- IE ကိုဖွင့်ပါ။
Tools Menu မှာ ရှိတဲံ့ internet options ကနေ Clear History ကို ကလစ်နှိပ်ပါ။
‘Cache’ ကိုရှင်းပါ။
ပိုပြီး အန္တရာယ် ကင်းစေချင်ရင် ‘Cookies’ တွေကို ရှင်းပါ။ Firefox ကို ဖွင့်ပါ။ “Options” ကို ကလစ်နှိပ်ပါ။
- Privacy ကို ကလစ်နှိပ်တဲ့အခါမှာ box ရဲ့ အောက်ဆုံးမှာ “private data” တွေ့ရပါမယ်။ “Setting” ကို ၀င်ပြီး အမှန်ခြစ်တွေ ပေးထားပါ။
OK နှိပ်ပြီး ပြန်ထွက်ပါ။ “Always Clear my private data when I close firefox” ရှေ့ မှာ အမှန်ခြစ်ပေးပါ။ Cyber cafe မှာ သုံးစွဲဖို့ သင့်တော်စေတဲ့ tool တစ်ခုပါ။
(၃၅) Entry တွေကို ရှင်းလင်းပါ။
- Start > Run
- Regedit လို့ရိုက်ပြီး Enter ခေါက်ပါ။
- HKEY_LOCAL_MACHINE ကို ကလစ်နှိပ်ပါ။
- Software ကို ကလစ်နှိပ်ပါ။
- Microsoft ကို ကလစ်နှိပ်ပါ။
- Windows ကို ကလစ်နှိပ်ပါ။
- Current Version ကို ကလစ်နှိပ်ပါ။
- Uninstall ဆိုပြီးပေါ်လာပါမယ်။အဲဒီထဲမှာ ကိုယ် uninstall လုပ်ခဲ့စဉ်တုန်းက အကြောင်း အမျိုးမျိုး ကြောင့် မပျက်ခဲ့တဲ့ ဆော့ဖ်ဝဲ အကြွင်းအကျန်နဲ့ အစအန တွေကို ရှင်းလင်း ထုတ်ပါ။
- Restart ပြန်လုပ်ပါ။
(၃၆) Mouse ကို ချောမွေ့ စွာ ကိုင်တွယ်နိုင်ပါတယ်။
- များသောအားဖြင့် Mouse ရဲ့ default ဆက်တင်ဟာ ပြုပြင်စရာ မလိုအောင် ကောင်းပါတယ်။ တကယ်လို့ စိတ်ကြိုက် - ပြင်ဆင်ချင်သေးတယ်ဆိုရင်
-----
- Control Panel > System - Hardware ကို ရွေးချယ်ပါ။ - Device Manager ကို ကလစ်နှိပ်ပါ။
- ‘Mice and other pointing serices ဆိုတာ ရှိပါတယ်။ အဲဒီမှာ mouse ကို right click နှိပ်ပြီး properties ကို စိတ်ကြိုက် - ပြောင်းလဲ နိုင်ပါတယ်။
(၃၇) Restore point ကို ဖျက်ပစ်ပါ။

- ကွန်ပျူတာရဲ့ စနစ်မှုာ တစ်ခုခု အမှားအယွင်း ဖြစ်နေခဲ့ရင် အရင်အတိုင်း အခြေအနေ ကောင်းလေးကို ပြန်လည် ရရှိစေနိုင်ဖို့ - System Restore ဆိုတာ ထားရှိပါတယ်။ Memory ကိုရော၊ Hard disk နေရာလွတ် များများကိုရော လိုချင်တယ် ဆိုရင် - အရင် restore point အဟောင်းတွေကို ဖျက်ပစ်ရပါမယ်။
- Start > All Programs > Accessories > System tools > Disk Clean up
> More Options အထိ ဆက်တိုက် သွားပါ။
- အဲဒီ More Options မှာရှိတဲ့ restore point အဟောင်းတွေကို delete လုပ်ပစ်ပေးပါ။
(၃၈) တစ်ပတ်တစ်ခါ defragment လုပ်ပါ။
- Start > All Programs > Accessories > System tools >Disk
Defragmenter ကို ရွေးချယ်ပါ။
- Analyzing လုပ်တာနဲ့ Defragment လုပ်တာ နှစ်မျိုး ရှိပါတယ်။ နာရီဝက်၊ တစ်နာရီလောက် အချိန် ပေးရပါမယ်။
ဒီ tool - ဟာ window နဲ့ ‘built-in’ tool ဖြစ်ပြီး System မှာရှိတဲ့ မလိုအပ်တဲ့ ဖိုင်တွေနဲ့ အမှိုက် အစအန တွေကို အထိုက်အလျှောက် - ဖယ်ရှား ပေးတဲ့အတွက် သုံးစွဲ သင့်ပါတယ်။
(၃၉) ‘Virtual memory’ တည်ဆောက်ခြင်းဟာလည်း စနစ်ကို မြန်ဆန်စေပါတယ်။

- ပီစီရဲ့ လိုအပ်တဲ့ ပရိုဂရမ်တွေကို မြန်မြန်ဆန်ဆန် သုံးစွဲနိုင်စေဖို့ ‘Virtual memory’ တည်ဆောက် နိုင်ပါတယ်။
- My Computer ကို Right Click နှိပ်ပြီး properties ကို ရွေးချယ်ပါ။
- ကျလာတဲ့ box ထဲမှာ Advanced ကို ထပ်မံ ရွေပေးပါ။
- ‘Performance’ မှာရှိတဲ့ ‘Settings’ ကိုရွေးချယ်ပါ။
- Change icon ကို ကလစ်နှိပ်ပါ။
- ပြီးရင် “customize” box ကို ‘on’ ပြီးတဲ့ အခါမှာ C.D.E ရှိတဲ့ drive တစ်ခုချင်း စီကို လိုသလောက် virtual memory ထပ်မံ - တိုးဖြည့်ပေးထားလို့ ရပါတယ်။ ပြီးရင် set command ကို ကလစ်နှိပ်ပြီး OK နဲ့ ထွက်ပါ။
(၄၀) မြန်မြန်ဆန်ဆန် Lock လုပ်နည်း
‘Ctrl + Alt + Del’ ကို တွဲဖက်နှိပ်ရင် ‘Task Manger’ ပေါ်လာပါလိမ့်မယ်။ အဲဒီအထဲကမှ “Log-Off” ကို ရွေးချယ်ပြီး အမြန် Lock လုပ်နိုင်ပါတယ်။
အဲဒီထက် ကောင်းတဲ့ နည်းကတော့-- Kkeyboard က windows Logo Key လေးကို ဖိထားပါ။ ‘L’ ကို နှိပ်ပါ။ - Shutdown icon ကို တွေ့ရမှာ ဖြစ်သလို လိုအပ်သလို ပြန်လည် ၀င်ရောက်နိုင်တဲ့ Log-on buttom ကလေးလည်း ပါဝင်ပါတယ်။
မျှဝေပေးပို့ သူ ။ pyae Thein Oo။နှင့် salai zamte
14, Dec ,2010။
မှတ်ချက်။ ၊အထက်ပါရေးသားသူကိုအထူးကျေးဇူးတင်ကြောင်းမှတ်တမ်းပြုပါသည်။