Showing posts with label ဒေါင်းအိုးဝေစာစောင်မှပြန်လည်ဖော်ပြသည်။. Show all posts
Showing posts with label ဒေါင်းအိုးဝေစာစောင်မှပြန်လည်ဖော်ပြသည်။. Show all posts

Saturday, January 1, 2011

ပကတိကျေးလက်။

ပကတိကျေးလက်။
ရထားလက်မှတ်စောင့်နေတာမဟုတ်ဘူး။
နှင်းမိုးတွေအပြင်မှာရွာနေလိမ့်မယ်
မခိုင်လုံတဲ့ တရားတွေ
စီရင်ချက်ချခြင်းခံထားရတဲ့
အပြစ်သားတဦးလို။

မျက်ရည်နှင့်မျက်လုံး
ပေါင်းစပ်ထားတဲ့အချိန်
လယ်ကွင်းစိမ်းစိမ်းတွေထဲက
ထန်းပင်ကြီးတွေဆီရောက်လိုက်
မိုးအုံ့အုံ့ကြံခင်တောတွေထဲဖြတ်လိုက်။

အရင်တုန်းက
ဗကပတွေစခန်းချသွားတဲ့နေရာ
ဦးကြီးကပြော
မသိမသာခေါင်းညိတ်
ကိုယ်ချက်မြုတ်ရဲ့တန်းဖိုးကြီးမှု
နှမြောလွမ်းဆွတ်လိုက်ပုံ။

မိုးဦးကျပျိုးပင်တွေထမ်း
ကောက်စိုက်သမတွေထံအလျှင်မှီမှီ
ထမ်းပို့နေတဲ့ ဘကြီးစိန်
တွံတေးသိန်းတန်ရဲ့
"ဒီစနစ်ဆိုးတွေကို ကျောမွဲများအတွက်
တိုက်ထုတ်ပစ်ရမယ်"
ခံစားတတ်ချိန် သူပုန်ဖြစ်ခါစရှိသေး။

အသိတွေက လေ့လာရေးခရီးထွက်
ဘယ်ဘုရား က မှားပြီး
ဘယ်တရား မှန်တယ်ဆိုတာ
၇ှုးရူးနှမ်းနှမ်း မသိသေးတဲ့အရွယ်
ရုပ်ချောရင် ဇတ်လိုက်
ရုပ်ဆိုးရင် လူကြမ်းခေတ်ကြီးမှာ
ရုပ်ချောရင် လူတော်ထင်
ဂုဏ်ထူးတန်းဝင်ခွင့်ရဘ၀။

ဘယ်သူဟာ ထာဝစဉ်သူရဲကောင်းလဲ--
ဘယ်သူဟာ ထာဝစဉ်ရန်သူလဲ-----
ကိုယ့်တရားကိုယ်
စိတ်ချယုံကြည်ခြင်း မရှိသေးတဲ့ကာလ
ဘ၀ဟာ လူတချို့အတွက်
အကြိုက်လုပ်ရမှာလား။