Thursday, September 30, 2010

မြန်မာနိုင်ငံရဲ့ လွတ်လပ်မှုအတွက် အကူအညီပေးကြပါ။

               မြန်မာနိုင်ငံရဲ့ လွတ်လပ်မှုအတွက် အကူအညီပေးကြပါ။


            (၂၇-၀၉-၁၀)ရက်က ဗြိတိန် လေဘာပါတီ ညီလာခံမှာ )မဝေနှင်းပွင့်သုန်ရဲ့
                                   Speech မြန်မာဘာသာပြန်.....
ကျွန်မအဖေကို ကျွန်မ ပထမဦးဆုံး မြင်တွေ့ဖူးတာကတော့ သံတိုင်တွေကြားကတဆင့် မြင်တွေ့ရတဲ့ အကျဉ်းထောင်ထဲက အခန်းလေးထဲမှာ ဖြစ်ပါတယ်။
ကျွန်မက ၄ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ သူ့ရဲ့ ၁၉၈၈ ခုမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင် တဲ့ အရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့မှုကြောင့် အကျဉ်းကျခဲ့ပါတယ်။
အခုနောက်ထပ်တခါ၂၀၀၇ ခုနှစ် မှာ ငြိမ်းချမ်းစွာ လှုပ်ရှားခဲ့တဲ့ အရေးအခင်းမှာ ပါဝင်ခဲ့လို့ ထောင်ဒဏ် ၆၅ နှစ်နှင့် ၆ လ အကျခံထားရပါတယ်။
သူက ကျန်းမာရေး တော် တော်မကောင်း ဖြစ်နေပါတယ်။ သူ့မှာ နှလုံးရောဂါရှိပါတယ်။
ဒါပေမဲ့ သူဆက်လက် အသက်ရှင်ဖို့အတွက် လိုအပ်နေတဲ့ ဆေးဝါးကုသခွင့်ကို ငြင်းပယ်ခြင်းခံနေရပါတယ်။
ဒါပေမဲ့ ကျွန်မရဲ့ အဖေဟာ နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်ထဲကမှ တဦးသာ ဖြစ်ပါတယ်။
များစွာသော အကျဉ်းသားတွေဟာ နှိပ်စက်ညှင်းပမ်းခြင်းကို ခံနေရပါတယ်။
သူတို့ဟာ ဆိုရွားလှတဲ့ အခြေအနေအောက်မှာ ရှိနေကြပြီး သမရိုးကျ ဆေးဝါးကုသခွင့်ကိုလည်း မရကြပါဘူး။
ပြီးခဲ့တဲ့ သုံးနှစ်ကာလအတွင်းမှာ နိုင်ငံရေးအကျဉ်းသား ဦးရေဟာ နှစ်ဆနီးပါး တိုးလာပါတယ်။
ဗိုလ်ချုပ်တွေဟာ ဒီမိုက ရေစီ ပြန်လည်တည်ဆောက်နေပါတယ်လို့ ကမ္ဘာကိုပြောနေပါတယ်။
နိုဝင်ဘာမှာ သူတို့က ရွေးကောက်ပွဲပြုလုပ်ဖို့ ရှိပါ တယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲက မြန်မာပြည်ကို စစ်မှန်တဲ့ ပြောင်းလဲမှုကို ဆောင်ကျဉ်းပေးမည့် ရွေးကောက်ပွဲ မဟုတ် ပါဘူး။
ဒီရွေးကောက်ပွဲဟာ စစ်အာရှင်စနစ် ဆက်လက်အာဏာ ချုပ်ကိုင်ထားဖို့အတွက် ပုံဖေါ်ထားတဲ့ ရွေးကောက်ပွဲသာ ဖြစ်ပါတယ်။
စစ်သားတချို့ စစ်ယူနီဖေါင်းက နေ အရပ်ဝတ်လဲလိုက်တဲ့ အပြောင်းအလဲသာ ဖြစ်ပါတယ်။
ကျွန်မတို့ဟာ ဘာမှမကွာခြားသွားတဲ့ အာဏာရှင်တမျိုးတည်းကို အရပ်ဝတ်နဲ့ ပုံစံပြောင်းပြီး ထပ်တွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ ပြည်သူတွေ ခံစားနေရတဲ့ ဝေဒနာတွေက ဆက်လက် ရှိနေဦးမှာ ဖြစ်ပါတယ်။
ပထမဦးဆုံးအနေနဲ့ ဘာတွေဖြစ်နေတယ်ဆိုတာ ကျွန်မ ပြောပြချင်တာက ကျွန်မတို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ဆက်လက်ပြီး အကျဉ်းကျနေပါတယ်။
သူမရဲ့ ပါတီဟာ ဖျက်သိမ်းခြင်း ခံထားရပါတယ်။ စစ်အုပ်စုကို ဆန့်ကျင်ပြီး ဘယ်သူပဲ ဘာပဲပြောပြော အကျဉ်းချခြင်း ခံရပါတယ်။
ဟာသ လုပ်တာတောင်၊ ကဗျာလေး စပ်တာတောင် အကျဉ်းကျခံကြရတယ်။ မီဒီယာ ဆင်ဆာကလည်း များသထက်များလာနေပါတယ်။
မြန်မာပြည် အရှေ့ပိုင်းက တိုင်းရင်း သားလူအနည်းစု ဧရိယာတွေမှာ အရပ်သားတွေကို ၀င်ရောက်တိုက်ခိုက်မှုတွေ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။ စာသင်ကျောင်းတွေကို ဖျက်ဆီးခံရတာ၊ ရွာတွေမီးရှို့ခံရတာနဲ့ ကလေးတွေ၊ ကလေးငယ်ငယ်လေးတွေပါမကျန် ပစ်သတ်ခံရတဲ့ အစီရင်ခံစာတွေကို Burma Campaign UK က လက်ခံရရှိထားတဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ၁၅ နှစ်တာကာလအတွင်း ကျေးရွာပေါင်း ၃၅၀၀ ကို ဖျက်ဆီးခြင်း ခံခဲ့ရပါတယ်။ ဒါတွေဟာ စစ် အာဏာရှင်တွေက ကျွန်မတို့နိုင်ငံအတွက် ဒီမိုကရေစီ ဖေါ်ဆောင်တဲ့ လုပ်ရပ်တွေ မဟုတ်ပါဘူး။ ဒါတွေဟာ အာဏာကို သူ့အလိုလို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်တဲ့ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်လှတဲ့ လူသတ်သမားတွေရဲ့ လုပ်ရပ်သာ ဖြစ်ပါတယ်။
ကျွန်မအနေနဲ့ လေဘာပါတီနဲ့ မြန်မာနိုင်ငံအရေးကို ထောက်ခံအားပေးတဲ့ လေဘာအစိုးရကို ကျေးဇူးတင်စကား ပြောကြားချင်ပါတယ်။ လေဘာအစိုးရ (UK) ဟာ ကမ္ဘာပေါ်မှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လက်မခံတဲ့ အကြောင်း ကြေညာတဲ့ ပထမဦးဆုံး အစိုးရဖြစ်ပါတယ်။
သင်တို့အနေနဲ့ ဒီထက်ပိုမို အရှိန်ပြင်းတဲ့ တွန်းအားတွေနဲ့ ဆက်လက် ဦးဆောင်ပြီး မြန်မာနိုင်ငံအပေါ် EU က စီးပွားရေး ပူပေါင်းဆောင်ရွက်မှု ဖြတ်တောက်ရန်၊ ကမ္ဘာလုံးဆိုင်ရာ လက်နက် ရောင်းပေးမှု ဖြတ်တောက်ရန် တို့အတွက် ဖိအားပေးလုပ်ဆောင်ပေးပါ။ ကျွန်မအနေနဲ့ လေဘာအစိုးရ ၀န်ကြီးချုပ်ဟောင်း Mr Gordon Brown, နှင့် နိုင်ငံခြားရေး ၀န်ကြီးဟောင်း Mr David Miliband တို့ကို ကျွန်မတို့ မြန်မာနိုင်ငံ လွတ်မြောက် ရေးအတွက် လုပ်ရှားမှုကို ဘာအကျိုးအမြတ်မှ မရှိဘဲ လှိုက်လှဲစွာ ထောက်ခံအားပေးမှုအတွက် အထူးကို ကျေးဇူးတင် ကြောင်း ကျွန်မ ပြောကြားပါတယ်(လက်ခုပ်သံများ) ။ ဒီအတွက် ကျွန်မတို့ တကယ်ပဲ ၀မ်းမြောက်ရပါတယ်။
ဒါပေမဲ့ ကမ္ဘာကုလသမဂ္ဂကိုတော့ ကျွန်မအနေနဲ့ အခုပြောတဲ့အတိုင်း မပြောနိုင်ပါဘူး။ ကျွန်မတို့မှာ UN အထွေထွေ အတွင်းရေးမှူးဆီက မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်း message တွေမကြာခဏ လက်ခံရရှိပါတယ်။ ဒါပေမဲ့ ဘာလုပ်ဆောင်ချက်မှ မရှိခဲ့ပါဘူး။ မြန်မာစစ်အစိုးရဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်လို့ ထပ်ခါတလဲလဲ ဂတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ ဂတိမတည်ဘူး။
UN ကလည်း အခြေအနေ အပြောင်းအလဲကို စောင့်ကြည့်ရအောင်လို့ ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ အကျဉ်းထောင်ထဲမှာ သေကြရ မည့်အရေးကို ဘာကြောင့် ကျွန်မတို့ စောင့်ကြည့်နေဖို့ လိုသေးလဲ။
အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရမည့် အရေးကို ဘာကြောင့် ကျွန်မတို့ စောင့်ကြည့်နေဖို့ လိုသေးလဲ။ နောက်ထပ် ရွာတွေထပ်ပြီး မီးရှို့ခံရမည့်အရေးကို ဘာကြောင့် ကျွန်မတို့ စောင့်ကြည့်ဖို့လိုသေးလဲ။ မျိုးဆက်တခုပြီးတခု ကလေးတွေဟာ ငတ်မွတ်ခေါင်းပါးကာ ကြောက်လန့်တကြားနဲ့ ကြီးပြင်းလာခဲ့ရတယ်။
သူတို့ရဲ့ ကလေးတွေကို ဆုံးရှုံးခဲ့ရတယ်။ UN နဲ့ တခြားတိုင်းပြည်ရဲ့ အစိုးရတွေဟာ ဒါကို လစ်လျူ ရှုကာ ဘာမှမလုပ်ပေးနိုင်ဘဲ နေမြဲတိုင်း နေနိုင်တယ်။ ဒီလို အဖြစ်ဆိုးတွေကို ဆက်လက်ပြီး လက်ခံနေလို့ မဖြစ်ဘူး။
မှန်ကန်တဲ့ ဖိအားမျိုးကို ပေးနိုင်ခြင်း မရှိခဲ့တဲ့အတွက် မြန်မာပြည်က ဗိုလ်ချုပ်တွေဟာ ဖိအားဆိုတာကို လုံးဝဂရုမစိုက်ဘူး။
နိုင်ငံတကာ ဖိအားဆိုတာ တကယ်ပဲ မရှိမဖြစ် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ အသုံးပြုလို့ ရသမျှ ဖိအားမှန်သမျှကို ကျွန်မတို့ အသုံးပြုဖို့ လိုပါတယ်။
ဗိုလ်ချုပ်တွေကို ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ သုံးပွင့်ဆိုင် ဆွေးနွေး ရေး ဖြစ်လာအောင် ဖိအားပေးဖို့ လိုအပ်ပါတယ်။
ကျွန်မတို့ ပိုမိုပြင်းထန်ပြီး ပိုမိုကောင်းမွန်တဲ့ စီးပွားရေး ပိတ်ဆို့မှုကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။
စစ်အုပ်စုကို ဒီလို စေ့စပ်ရေးအတွက် ဖိအားပေးဖို့ UN ဦးဆောင်တဲ့ စေ့စပ် ဆောင်ရွက်ရေး အောက်မှာ ကျွန်မတို့ ကမ္ဘာကြီး တခုလုံး ညီညွတ်ဖို့ လိုအပ်ပါတယ်။
UN ကော်မရှင်ကသွားပြီး စစ်အုပ်စုရဲ့ လူသား တွေအပေါ် ကျူးလွန်တဲ့ ကမ္ဘာ့ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးကို ဆောင်ရွက်ဖို့ လိုပါတယ်။
ဒီရွေးကောက်ပွဲကြီး ပြီးသွားရင် ကျွန်မအဖေတို့ကို ထောင်ထဲ သွင်းထားတဲ့ ဥပဒေတွေ အပါအ၀င် စစ်အာဏာရှင်စနစ်ကို ထောက်ပံ့ပြီး မတရား ဖိနှိပ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေ အားလုံး တရားဝင် ဖြစ်သွားလိမ့်မယ်။
တခါတလေ ကျမမှာ မျှော်လင့်ချက်ကင်းမဲ့သလောက်နီးပါး ခံစားရမိပါတယ်။
တခါတလေ ကျမအဖေကို ကျမတသက် ဘယ်တော့မှ ပြန်တွေ့ နိုင်တော့မှာ မဟုတ်တော့ဘူးလို့ ထင်မိတယ်။
ဒါပေမယ့် ကျမဟာ ကျမအဖေရဲ့ ရဲစွမ်းသတ္တိရှိမှုကို အမှတ်ရနေပါတယ်။
သူဟာ ဘယ်လောက်ပဲ ဝေဒနာ ခံစားနေရပါစေ သူဘယ်တော့မှ ယုံကြည်ချက်ကို စွန့်လွှတ်မှာ မဟုတ်ဘူး ဆိုတာ ကျွန်မ သိနေတယ်။
ကျွန်မတို့ဟာ လွတ်လပ်မှုရဲ့ အောင်ပွဲကို ဆင်နိုင်မယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဒီအတွက် သင်တို့ရဲ့ အကူအညီကို လိုအပ်ပါတယ်။
သင်တို့ဟာ တောင်အာဖရိကကို အကူအညီပေးဖို့အတွက် ရောက်ခဲ့ပါတယ်။
ထို့အတူ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှုအတွက်လည်း အကူအညီပေးကြပါ။

ကျေးဇူးတင်ပါတယ်။
ဟစ်တိုင်ဝက်ဆိုက်မှပြန်လည်ကူးယူဖော်ပြသည်။
(ဘာသာပြန်သူအားမှတ်တမ်းတင်ကျေးဇူးတင်ရှိပါသည်။)

Friday, September 17, 2010

ကုလသမဂ္ဂနှင့်ဘန်ကီးမွန်းသို့-အိပ်ဖွင့်ပေးကဗျာ

ကုလသမဂ္ဂနှင့်ဘန်ကီးမွန်းသို့-အိပ်ဖွင့်ပေးကဗျာ

(၁)
ကျန်းခန်းသာလို့မာပါစ-
အားကြီးတဲ့သူက အားနည်းတဲ့သူတွေကို
လူသားချင်းစာနာပြီး ပြသာနာတွေကို
အညီအမျှဖြစ်စေရမယ်-ဆိုတဲ့ဂုဏ်နဲ့
နေထိုင်နေတတ်တယ်လိုထင်ရတဲ့
ဂျမ်းတဲလ်မဲင်းကြီးရေ----။
(၂)
ကျုပ်တိုဗမာနိုင်ငံကို
သင်တို့ကဘောလုံးပွဲတစ်ပွဲကြည့်သလို
သဘောထားပြီး
ဝမ်းနည်းပါတယ်၊ စိတ်မသက်မသာဖြစ်ရတယ်၊စောင့်ကြည့်နေတယ်၊ မျှော်လင့်ပါတယ်-တွေနဲ့ပဲ
ကျုပ်တို့လူထုဒုက္ခရောက်နေပြီဗျ။
(၃)
ဒီလောက်-ဘာသာတရားကိုစော်ကားတဲ့
လူသတ်ကောင်၊လူမုဒိန်းကောင်တွေကို
ခင်ဗျားတို့က လူရာသွင်းဖျာခင်းဦးမလို့လား။
(၄)
ဒါဆို------
ခင်ဗျားတို့ရဲ့-ဂျမ်းတဲ့လ်မင်းဆိုတဲ့
ဝေါဟာရကို---
ကျုပ်နားမလည်နိုင်တော့ဘူး။
(၅)
သင်တို့ရဲမျက်စေ့ရှေ့မှာပဲ
အရှင်လတ်လတ်ကြီး သေနတ်နဲ့ပစ်သတ်ခံရတာကိုပဲ
မြင်နေရက်နဲ့စောင့်ကြည့်ဦးမယ်ဆိုတာ
ခင်ဗျားတို့ရဲ့-ဒီပလိုမေစီလား
ဒါဆို-----
ကုလသမဂ္ဂရဲ့ဒီပလိုမေစီကို
ကျုပ်---ရင်သတ်ရှု့မောလိုက်ပါရဲ့။
(၆)
လူသားမျိုးနွယ်အပေါ်
သတ်ဖြတ်တဲ့ပြစ်ချက်တွေနဲ့
လူသားအားလုံးအတွက်ဒုက္ခရောက်စေမယ့်
ပြစ်မှုတွေကျတော့--
ဗီတိုအာဏာမရဘူးလို့ ပိတ်ထားမှတော့-
ကုလသမဂ္ဂရဲ့ပဓ်ဥာဏ်စာတမ်းက
အားကြီးတဲ့သူ ကိုးကွယ်ရေး ဆိုတဲ့
ချာတာကြီးကိုသွားတွေ့တယ်။
(၇)
တကမ္ဘာလုံးရဲ့ ယုံကြည်အားကိုမှုတွေကို
ကုလသမဂ္ဂကြီးကမျက်ကွယ်ပြုထားတယ်--
ပထ၀ီနိုင်ငံရေးအရတို့၊ အကျိုးစီးပွားအရတို့
ကွန်မြူနစ်အရင်း၇ှင်တွေအုပ်စုနဲ့
အရင်းရှင် ကွန်မြူနစ်နယ်ချဲ့တို့
ဘုရင်ဝင်လုနေတာကိုတွေ့ရမယ်။
(၈)
ကျုပ်တို့ဗမာပြည်လူထုက
ခင်ဗျားတို့ရဲ့လှည့်ကွက်ထဲမှာပဲ
ဘ၀ပေါင်း၊အသက်ပေါင်းများစတေးခဲ့ရပြီ--
(၉)
ဒါလား---
အလားအလာကောင်းတဲ့နိုင်ငံရေးအခြေအနေ
ကျုပ်နားလည်လိုက်တာကတော့
ခင်ဗျားတို့ရဲ့
လူသားချင်စာနာတယ်ဆိုတဲ့
အနက်အဓိပ္ပါယ်ကိုပါပဲ။


ထူးအံ့

"အာဇာနည်”

       

   "အာဇာနည်
နှစ်များစွာ နေ့ ည မပြတ် တုန့် ပြန်
တောက်ခေါက်သံ လျှံဝေနေတဲ့
လူထုရင်ထဲ တိုးလျှိုး ၀င်ကြည့်စမ်းပ ။

သောကသင့် နှလုံးသားနံရံမှာ
ဖျောက် မပျောက်။
ဖျက် မပျက်။
ဖယ် မပြယ်။
ချေ မကြေ။
ခြောက် မကြောက်။

ကျည်ဆံမိုးပေါက် ဒလစပ်အောက်
လွတ်လပ်ရေးဖခင် ရုပ်လွှာ
မြေမကျအောင် ရဲရဲမြှောက် မ။
ရင်အုံနဲ့ ပေါင် ကျည်တိုးခ။
သွေးပွက်စက်စက် လမ်းမထက်မှာ
နောက်မဆုတ် အသေခံ
အာဏာရှင်ကို အာခံရဲသူ
ကျောင်းသူလေး အမည်နာမ
ထာဝရ ၀င်းပ
တည်တံ့ ထင်ရစ်မြဲပ။ ။



(ဒေါင်းနီ)
၀၉-၁၅-၁၀
(စစ်အာဏာရှင်ကို လက်နက်မဲ့ အာခံ ဆန့် ကျင် တိုက်ပွဲဝင်ရင်း (၀၉-၁၉-၁၉၈၈) နေ့ တွင်
သက် စွန့်ပေးဆပ်ခဲ့သော အဌမတန်း ကျောင်းသူလေး မ၀င်းမော်ဦး
(၂၂)နှစ်မြောက် နှစ်ပတ်လည် ဂုဏ်ပြု အမှတ်တရ ။)

Saturday, September 11, 2010

ဝင်းတင့်ထွန်း(ဗမာပြည်နိုင်ငံရေးပါတီအဖွဲ့အစည်းအသင်းအပင်းများအညွှန်း)

 မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ)(ABSDF)ဟာ ၁၉၈၈ ခုနှစ်၊ နိုဝင်
ဘာလ-၁ ရက်နေ့မှာစတင်ဖွဲ့စည်းပေါ်ထွန်းလာခဲ့ပါတယ်။ရှစ်လေးလုံးအရေးတော်ပုံကြီးကိုစစ်တပ်ကနေလက် နက်နဲ့ အကြမ်းဖက်ဖြိုခွင်းလိုက်တဲ့အတွက်ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းရှေ့တန်းကနေတက်တက် ကြွကြွပါဝင်ခဲ့ကြတဲ့ကျောင်းသားလူငယ်များစွာဟာKNUဌာနချုပ်ရှိရာမာနယ်ပလောဒေသကိုလဲအစုလိုက်အပြုံ လိုက်ရောက်ရှိလာခဲ့ကြပါတယ်။စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးမပြီးဆုံးသေးတဲ့ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အဆုံးသတ်အောင်ပွဲကိုရယူနိုင်ရေးတွေအတွက်ဆက်လက်ပြီးတော်လှန်ရေးကိုဆင်နွဲသွားကြဖို့အတွက်မြန်မာ နိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ)ကိုမာနယ်ပလောရှိ ‘မဒတ’ဌာနချုပ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ပထမဆုံး စတင်ဖွဲ့စည်းစက
(၁) ထွန်းအောင်ကျော် - ဥက္ကဋ္ဌ
(၂) ဝင်းမိုး - ဒု-ဥက္ကဋ္ဌ
(၃) သန်းဝင်း - အထွေထွေအတွင်းရေးမှူး
(၄) အောင်နိုင် - တွဲဖက် အထွေထွေအတွင်းရေးမှူး (၁)
(၅) ကိုကိုဦး - တွဲဖက် အထွေထွေအတွင်းရေးမှူး (၂)
(၆) စိုင်းမျိုးဝင်းထွန်း - အတွင်းရေးမှူး (နိုင်ငံခြားရေးရာ ကော်မတီ)
(၇) ထွန်းဦး - အတွင်းရေးမှူး (စည်းရုံးရေးနှင့် ဝါဒဖြန့်ချိရေး)
(၈) ကိုကိုလေး - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး
(၉) ကြည်မိုး - ထောက်ပံ့ရေး ကော်မတီ
(၁ဝ) မောင်မောင်သိန်း - လုပ်ငန်းစစ်ဆေးရေး
(၁၁) ကျော်လင်း - စည်းကမ်းထိန်းသိမ်းရေး
(၁၂) ကျော်ထင် - ဘဏ္ဍာရေး
(၁၃) ဒေါက်တာစံသာဦး - ကျန်းမာရေးနှင့် လူမရေး ဆိုပြီး ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့အဆုံးသတ်အောင်ပွဲကိုအရယူနိုင်ရေးအတွက်ပေါ်ထွန်းလာခဲ့ရတဲ့အဖွဲ့အစည်း တရပ်ဖြစ်တာနဲ့အညီ အရေးတော်ပုံကြီးရဲဥန အမြင့်ဆုံးကြွေးကြော်သံဖြစ်ခဲ့တဲ့‘ရရင်ရ မရရင်ချ’ဆိုတဲ့ကြွေး ကြော် သံကို လူထုလမ်းညွှန်အဖြစ်ခံယူကာ မကဒတ(ကျောင်းသားတပ်မတော်)ပေါ်ထွန်းလာခဲ့ရပါတယ်။ဗမာပြည် သမိုင်းမှာဘယ်တုန်းကမှမပေါ်ပေါက်ခဲ့ဖူးသေး။မရှိဖူးသေးတဲ့ အမျိုးအစားသစ်တော်လှန်ရေးတပ်မတော်အဖြစ် ‘ကျောင်းသားတပ်မတော်’ကြီးမွေးဖွားပေါ်ထွန်းလာခဲ့ပါတယ်။ရ-၁၁-၁၉၈၈ နေ့မှာထုတ်ပြန်လိုက်တဲ့ABSDFရဲ့ ကြေညာချက် (၁)ထဲမှာကို‘စစ်အုပ်စု၏လက်အောက်တွင်ငြိမ်းချမ်းသောနည်းအားဖြင့်ဒီမိုကရေစီအခွင့်အရေး များကိုရရှိနိုင်လိမ့်မည်မဟုတ်ဟုဗမာပြည်နိုင်ငံရေးပါတီအဖွဲ‹အစည်းအသင်းအပင်းများအညွှန်းယုံကြည်ခံယူကာ နေဝင်းစစ်အုပ်စုအား အပြီးအပြတ်ချေမန်းဖျောက်ဖျက်မည့်လက်နက်ကိုင်တော်လှန်ရေးကြီးကိုအောင်မြင်သည် အထိဆင်နွှဲသွားမည်ဖြစ်ကြောင်း’လို့ အတိအလင်းဖော်ပြကာလက်နက်ကိုင်တော်လှန်ရေးကိုဆင်နွှဲသွားမယ့်အဖွဲ့ အစည်း၊လက်နက်ကိုင်တော်လှန်ရေးကိုဖော်ဆောင်သွားမယ့်တပ်မတော်အဖြစ်ABSDFထူထောင်ပေါ်ပေါက် ခဲ့တာ ဖြစ်ပါတယ်။အရေးတော်ပုံကြီးအတွင်းမှာရှေဥနဆုံးတန်းကပါဝင်ခဲ့ကြတဲ့ကျောင်းသားလူငယ်များကနေ တောခိုကျောင်းသားလူငယ်အဖြစ်အသွင်ကူးပြောင်းလာရခဲ့ရသူတွေပီပီကျောင်းသားသမဂ္ဂရဲ့အစဉ်အလာ အတိုင်း ခွပ်ဒေါင်းအလံကို လွှင့်ထူကာမကဒတ(ကျောင်းသားတပ်မတော်)ကိုထူထောင်ခဲ့ကြခြင်းဖြစ်ပါတယ်။မကဒတ(ကျောင်းသားတပ်မတော်)တပ်ရင်းတွေအသီးသီးဆက်လက်ပေါ်ပေါက်လာခဲ့ပါတယ်။၁၉၈၉ခုနှစ်၊ဇန်န ဝါရီ-၁ ရက်နေ့ကစပြီးတပ်ရင်းတရင်းအင်အား(၃ဝဝ)ကျော်ပါဝင်တဲ့လက်နက်ကိုင်တပ်ရင်းတွေ ဖွဲ့စည်းထူထောင် ပေါ်ပေါက်လာခဲ့ရာမှာ တပ်ရင်း (၁ဝ၁)၊(၁ဝ၂)၊ (၂ဝ၁)၊ (၂ဝ၂)၊ (၂ဝ၃)၊ (၂ဝ၄)၊ (၂ဝ၆)၊ (၂ဝ၇)၊ (၂ဝ၈)၊ (၂ဝ၉)၊(၂၁ဝ)တို့အပြင်တပ်ရင်း (၃ဝ၃)၊(၄ဝ၁)၊(၈ဝ၁)၊ (၉ဝ၁)တို့အထိ ဒေသအသီးသီးမှာအဆက်မပြတ်ဖွဲ့စည်း ပေါ်ပေါက်လာခဲ့ပါတယ်။ ပေါ်ပေါက်လာချိန်ကစပြီးမကဒတ(ကျောင်းသားတပ်မတော်)ဟာမဒတတို့နဲ့တွဲဖက်ပြီး ပူးတွဲစစ်ဆင်ရေးတွေအတွင်းတက်တက်ကြွကြွပါဝင်လပ်ရှားခဲ့ပါတယ်။၁၉၉ဝပြည့်နှစ်အတွင်းကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူမိုးသီးဇွန်တောခိုရောက်ရှိလာခဲ့ပြီးနောက်မကဒတရဲ့ခေါင်းဆောင်တဦးအဖြစ်နေရာ အပေးခံခဲ့ရကာနောက်ပိုင်းမှာမကဒတရဲ့ဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတခေါ်ABSDFကျောင်းသားတပ်မတော်ဟာမြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ် အဖွဲ့ချုပ်(ခေါ် )DABအဖွဲ့ကြီးရဲ့အဖွဲ့ဝင်နိုင်ငံရေးပါတီတရပ်အဖြစ်နဲ့လဲနိုင်ငံရေးလှုပ်ရှားမှုတွေအတွင်းအရေးပါတဲ့ အခန်းတွေကနေ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ABSDF(ခေါ် )မကဒတ အဖွဲ့ကြီးဟာအဖွဲ့အစည်းရဲဥန အာဘော်အဖြစ် ‘ဒေါင်းအိုးဝေ’စာစောင်ကို၁၉၈၉ ခုနှစ်-မတ်လကတည်းကစပြီးအောင်အောင်မြင်မြင်ထုတ်ဝေဖြန့်ချိနိုင်ခဲ့သလို အင်္ဂလိပ်ဘာသာနဲDAWNကိုထုတ်ဝေဖြန့်ချိနိုင်ခဲ့ပြီး အဖွဲ့အစည်းရဲ့နိုင်ငံရေးလမ်းစဉ်၊စစ်ရေးလမ်းစဉ်နဲ့အမြင် အယူအဆသဘောထားတွေကိုထင်ဟပ်ပြသနိုင်ခဲ့ပါတယ်။တဖက်ကအောင်မြင်မတွေရှိခဲ့သလို၊အခြားတဖက် ကလဲအဖွဲ့အစည်းကြီးအတွင်း အခြေခံအတွေးအခေါ်အမြင်အယူအဆများအရ၊ပုဂ္ဂိုလ်ရေးဆိုင်ရာများအရ မတူခြားနားကွဲပြားကွာဟတာတွေပေါ်ပေါက်လာခဲ့ပါတယ်။၁၉၉၁ခုနှစ်၊မကဒတတတိယအကြိမ်ညီလာခံမှာ ‘မိုးသီးဇွန်ABSDFအဖွဲ့နဲ့‘ဒေါက်တာနိုင်အောင်အစုABSDFအဖွဲ့ဆိုပြီးနှစ်စုနှစ်မွှာကွဲသွားခဲ့ရပါတယ်။ABSDတပ်ရင်း တွေလဲလိုက်ပြီးကွဲသွားရရာမှာတပ်ရင်းတော်တော်များများကဒေါက်တာနိုင်အောင်အဖွဲ့ဖက်ပါသွားကြပြီး၊ တပ်ရင်းတချို့ကတော့မိုးသီးဇွန်အဖွဲ့ဖက်ကပါဝင်ရပ်တည်ခဲ့ကြပါတယ်။ဒေါက်တာနိုင်အောင်ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့
အဖွဲ့နဲ့ မိုးသီးဇွန် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့အဖွဲ့ရယ်လို့ အတိအလင်းပေါ်ပေါက်လာခဲ့ရပါတယ်ရဲ့အာဘော်ဖြစ်တဲ့ ‘ဒေါင်းအိုးဝေ’စာစောင်မှာတောင်မိုးသီးဇွန်ဘက်ကထုတ်ဝေတဲ့ဒေါင်းအိုးဝေနဲ့ဒေါက်တာနိုင်အောင်ဘက်ကထုတ် တဲ့ဒေါင်းအိုးဝေဆိုပြီးဒေါင်းအိုးဝေနှစ်မျိုး-နှစ်စောင်ထွက်ပေါ်လာခဲ့ရပါတယ်။မိုးသီးဇွန်ဘက်ဒေါင်းအိုးဝေက အယ်ဒီတာအဖြစ်မောင်လွမ်းဏီကတာဝန်ခံခဲ့ပြီး၊ ဒေါက်တာနိုင်အောင်ဘက်ကဒေါင်းအိုးဝေရဲဥနအယ်ဒီတာက မိဆူးပွင့်ဖြစ်ခဲ့ပါတယ်။ အတွင်းက ညီညွတ်ရေးကိုလိုလားသူများရဲဥန တိုက်တွန်းနိးဆော်မတွေကြောင့် ၅-၉-၁၉၉၆နေ့မှာ(၂)ခြမ်း(၂)ဖွဲ့ဟာပြန်လည်ပေါင်းစည်းမတွေလူသိရှင်ကြားလုပ်ဆောင်နိုင်ခဲ့ကြပြန်ပါတယ်။ ပြန်လည်ပေါင်းစည်းရေးလုပ်ဆောင်ကြပြီးတဲ့နောက်တခုတည်းသောအဖွဲ့ကြီးမှာဥက္ကဋ္ဌဒေါက်တာနိုင်အောင်၊ဒု-ဥက္ကဋ္ဌအဖြစ် မိုးသီးဇွန်ဆိုပြီး ဖြစ်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့ညီညွတ်ရေးဟာအပေါ်ယံသဘောသာဆောင်နေခဲ့ပြီး အမြင်သဘောထားခြားနားကွာဟမတွေကတော့သဏ္ဍာန်မျိုးစုံနဲ့ဆက်လက်ဖြစ်ပေါ်တည်ရှိနေခဲ့ပါတယ်။
၂ဝရာစုအကုန်၂ဝဝဝပြည့်နှစ်အတွင်းကာလတွေထဲမှာတော့စစ်အေးခေတ်ကြီးအခြေခံအားဖြင့်အဆုံးသတ် သွားရမတွေနဲ့အတူ၊နိုင်ငံတကာရေစီးကြောင်းကြီးပေါ်ကပလုံစီဂယက်ထမှုအလီလီတွေရဲ့အောက်မှာ၊အမြင် အယူအဆအဖုံဖုံသဘောထားခံယူချက်တွေအမျိုးမျိုး သိသိသာသာထပ်ဆင့်ပေါ်ပေါက်လာခဲ့ရပြီးတဲ့ နောက်၊အဖွဲ့ကြီးအတွင်းမှာလဲခံယူချက်နဲ့ရပ်တည်ချက်တွေအလိုက်မတူခြားနားတဲ့ကွဲပြားကွာဟမတွေပေါ်ပေါက်ဖြစ်တည် ဖော်ပြလာခဲ့ပါတယ်။ အဓိကကတော့ လက်နက်ကိုင်တော်လှန်ရေးအပေါ်အောင်ပွဲရတဲ့အထိလက်နက်ကိုင် တော်လှန်ရေးကိုဆက်လက်ဆုပ်ကိုင်ဆင်နွှဲသွားရေးအပေါ်မတူခြားနားတဲ့အမြင်နဲ့ ရပ်တည်ချက်တွေကိုဖော်ပြ လာခဲ့ကြပြီး၊အဖွဲ့အစည်းကြီးရဲ့တစည်းတလုံးတည်းရှိရေးနဲ့သွေးစည်းညီညွတ်မတွေပါ ထိခိုက်ယိုင်နဲ့လာခဲ့ရပါတယ်။
တကယ်ကABSDF(ကျောင်းသားတပ်မတော်ကြီး)စတင်ပေါ်ပေါက်လာခဲ့ရတာကိုက‘စစ်အစိုးရရဲ့လက်နက်နဲ့ အကြမ်းဖက်နှိပ်ကွပ်လာမကြောင့်လက်နက်နဲ့ဖိနှိပ်နှိပ်ကွပ်လာသူကိုလက်နက်နဲ့ပဲပြန်လည်တုန့်ပြန်ရင်ဆိုင် တိုက်ပွဲဆင်ဖို့စစ်အာဏာရှင်အစိုးရကိုလက်နက်ကိုင်တော်လှန်ရေးနည်းနဲ့ ပြတ်ပြတ်သားသားတိုက်ခိုက် ချေမှုန်းသွားဖို့’ဆိုတဲ့ကြွေးကြော်သံနဲ့ လက်နက်ကိုင်တော်လှန်ရေး တပ်ဦးအဖွဲ့အစည်းတခုအဖြစ်ထူထောင်ဖွဲ့စည်းခဲ့ကြတာဖြစ်ပါလျက်နဲ့ လက်နက်ကိုင်တော်လှန်ရေးအပေါ် မေးခွန်းထုတ်စရာဖြစ်လာခဲ့ကြ၊လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကိုဖယ်ရှားစွန့်ပယ်လိုသူတွေပေါ်ပေါက်လာခဲ့ရတာဟာသမိုင်းရဲ့သရော်ချက်ပြင်းပြင်း တခုပမာဖြစ်ခဲ့ရပါတယ်။အခြေခံအကျဆုံးမူအပေါ်မှာကိုမူအရမတူခြားနားကွဲပြားကွာဟမတွေပေါ်ပေါက်လာခဲ့ရ ပါတယ်။လက်နက်ကိုင်တော်လှန်ရေးကိုဆက်လက်ဆင်နွဲသွားရေးအစု၊လက်နက်ကိုင်တော်လှန်ရေးကိုဖယ်ရှား ပစ်လိုတဲ့အစုနဲ့ ကြားနေအစုတွေပေါ်ပေါက်လာခဲ့ပြီးABSDFအဖွဲ့ကြီးအတွင်းကြီးမားတဲ့òပိကွဲမကြီးတခုဖြစ်ပေါ် ခဲ့ရပါတယ်။ ဒေါက်တာနိုင်အောင်ဦးစီးတဲ့အစုက၊လက်နက်ကိုင်တော်လှန်လမ်းကြောင်းကနေဖယ်ခွာ သွားရေးလမ်းကိုလိုက်ခဲ့ပါတယ်။ABSDFအဖွဲ့ကြီးမှဒေါက်တာနိုင်အောင်ကိုလဲဥက္ကဋ္ဌအဖြစ်မှဖယ်ခွာခွင့်ပြု လိုက်သလို၊မိုးသီဇွန်ကိုလဲဥက္ကဋ္ဌအဖြစ်မထားတော့ပဲABSDFအဖွဲ့ကြီးကိုမူလရည်မှန်းချက်တွေအတိုင်း ပြန်လည်တည်ဆောက်နိုင်ရေးကိုဖော်ဆောင်ခဲ့ကြပါတယ်။
‘စိုင်းမြင့်သူ’ကယာယီဥက္ကအဖြစ်ကာလတိုတခုတာဝန်ယူခဲ့ပြီးဝဝခုနှစ်ထဲမှာအဖွဲကြီးရဲ့ဥက္ကသစ်အဖြစ်ရွေးချယ်တင်
မြောက်ခံရသူကတော့‘ရဲဘော်သံခဲ’ဖြစ်လာခဲ့ပါတယ်။ဒေါက်တာနိုင်အောင်ခေါင်းဆောင်တဲ့ အုပ်စုကတော့မှ ဖယ်ခွာသွားပြီး‘ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်’အဖြစ် အဖွဲ့အစည်းသစ်တရပ်ကိုထူထောင်ဖွဲ့စည်းလိုက်ကြပါတော့တယ်။(၂)ဖွဲ့ ဖြစ်သွားခဲ့ရပါတော့တယ်။ဒေါက်တာနိုင်အောင်ဦးဆောင်တဲ့နောက်ကိုလိုက် ပါသွားသူတွေကတွေဖြစ်သွားကြပြီးABSDFအဖြစ်ဆက်လက်ရပ်တည်ကျန်ရစ်ခဲ့ကြသူတွေကတော့(ကျောင်း သား တပ်မတော်)ရဲ့မူလအလံတော်ကို ဆက်လက်သယ်ဆောင် လွှင့်ထူခဲ့ကြရင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တိုက်ပွဲတွေအတွင်း‘လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်း’အတိုင်းအခက်အခဲမျိုးစုံကြား မှာဆက်လက်ရပ်တည်လပ်ရှားခဲ့ကြပါတယ်။ ဒီကြားထဲကပဲတော်လှန်ရေးဒီရေသိသိသာသာမြင့်တက်မလာ နိုင်မနဲ့ အကြောင်းအမျိုးမျိုးတွေကြောင့် တတိယနိုင်ငံတွေဆီ ထွက်ခွာသွားကြသူတွေတော်လှန်ရေးကနေအနား ယူသွားကြသူတွေလဲပေါ်ပေါက်ခဲ့ရပြီး အင်အားအရယုတ်လျော့သွားရမတွေသိသိသာသာရှိခဲ့ပေမဲ့ABSDF (ကျောင်းသားတပ်မတော်) ရဲ့တော်လှန်ရေးအလံကို မြင့်မြင့်မားမားဆက်လက်ဆုပ်ကိုင်လွှင့်ထူရင်းဇွဲနပဲကြီးစွာ ရုန်းကန်လပ်ရှားတိုက်ပွဲဝင်နေကြသူတွေလဲ အမြောက်အများရှိနေခဲ့ပါတယ်။
ကျောင်းသားတပ်မတော်ရဲ့ချမှတ်ထားတဲ့ စစ်ရေးလမ်းစဉ်၊နိုင်ငံရေးလမ်းစဉ်၊မူဝါဒပေါ်လစီများနဲ့အညီ၊မဟာမိတ် တော်လှန်ရေး အဖွဲ့အစည်း၊နိုင်ငံရေးအဖွဲ့အစည်းများနဲ့အတူ တက်တက်ကြွကြွဆက်လက်ပူးပေါင်းပါဝင်လှုပ်ရှား ရင်း၊အဖွဲ့ကြီးရဲ့တော်လှန်ရေးသက်တမ်းနဲ့နိုင်ငံရေးအတွေ့အကြုံ ဖြတ်သန်းမှုတွေဟာလဲတစတစမြင့် တက်ရင့်မာလာခဲ့ပါတယ်။ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနဲ့ ဒီမိုကရေစီရေးတိုက်ပွဲတွေအတွင်း(ကျောင်း သားတပ်မတော်)ဟာအရေးပါတဲ့အဖွဲ့အစည်းတရပ်အဖြစ်လက်နက်ကိုင်တော်လှန်ရေးကိုသတ္တိရှိရှိဆက်လက် ဆင်နွဲနေတဲ့တော်လှန်ရေးအဖွဲ့အစည်းတရပ်အဖြစ်ဆက်လက်ကမ္ပျည်းတင်နိုင်ခဲ့ပါတယ်။အချိန်ကာလ အလျောက်၊လိုအပ်ချက်အလျောက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ) ရဲ့‘ညီလာခံ’တွေကိုလဲခေါ်ယူကျင်းပနိုင်ခဲ့ပြီးလိုအပ်တဲ့ နိုင်ငံရေးလမ်းစဉ်၊စစ်ရေးလမ်းစဉ်နဲ့ မူဝါဒပေါ်လစီတွေကို ဆွေးနွေးသုံးသပ်ချမှတ်ဆုံးဖြတ်နိုင်ခဲ့ကြတဲ့အပြင်‘ဗဟိုကော်မတီ’ကိုလဲ ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့အညီအစဉ်အလာမပျက်ရွေးချယ်တင်မြောက်ဖွဲ့စည်းတာတွေလုပ်ဆောင်အကောင်အထည်ဖော်နိုင်ခဲ့ကြ ပါတယ်။မကဒတဗဟိုဌာနချုပ်‘ဒေါင်းဂွင်’မှာ၂ဝဝ၆ ခုနှစ်၊ဒီဇင်ဘာ-၇ ရက်နေ့မှ၁၇ရက်နေ့အထိကျင်းပပြု လုပ်ခဲ့တဲ့မကဒတရဲ့အဌမအကြိမ်မြောက်ညီလာခံကြီးကနေရွေးချယ်ပေးလိုက်တဲ့ဗဟိုကော်မတီကတော့‘ ရဲဘော်သံခဲ’ပဲဥက္ကဋ္ဌအဖြစ်ထပ်မံရွေးချယ်တင်မြောက်ခံခဲ့ရပြီးဒု-ဥက္ကဋ္ဌအဖြစ်ရဲဘော်မျိုးဝင်း၊အထွေထွေအတွင်း ရေးမှူးရဲဘော်ဆန်နီ၊အတွင်းရေးမှူး(၁)ရဲဘော်ဆလိုင်းယောအောင်၊အတွင်းရေးမှူး(၂)ရဲဘော်ခင်ကျော်၊ ရဲဘော်ဝေလင်းဇင်၊ရဲဘော်မြင့်ဟိန်းစတဲ့ဗဟိုဦးဆောင်အဖွဲ့ဝင်တွေပါဝင်တဲ့(၁၅)ဦးပါဗဟိုကော်မတီဖြစ်ပါတယ်။ အဋ္ဌမအကြိမ်မြောက်ညီလာခံကနေရွေးချယ်တင်မြောက်လိုက်တဲ့ဒီဗဟိုကော်မတီကလဲ“မကဒတကိုင်စွဲရပ်တည် ထားသောတိုက်ပွဲသဏာန်သည်လူထုတိုက်ပွဲနဲ့လက်နက်ကိုင်တိုက်ပွဲပေါင်းစပ်တိုက်ပွဲဝင်ရေးဖြစ်သည်။ဒီမိုကရေ စီနှင့်အခြေခံလူ့အခွင့်အရေးများလုံးဝဆိတ်သုဉ်းနေသည့်အခြေအနေအောက်တွင်လူထုတိုက်ပွဲကိုဘက်ပေါင်း စုံမှထောက်ခံပူးပေါင်းရင်းစစ်အာဏာရှင်အားလက်နက်ကိုင်တိုက်ပွဲအပါအဝင် တိုက်ပွဲသ¿ာန်ပေါင်းစုံဖြင့် တိုက်ပွဲဝင်ရေးမှာပကတိလိုအပ်ချက်ဖြစ်သည်”လို့ အတိအလင်းခံယူထားခဲ့ပါတယ်။၁ဝ-၂ဝဝ၇ ခုနှစ်-စက်တင်ဘာလမှာပေါ်ပေါက်လာခဲ့တဲ့ ရဟန်းသံဃာတော်များကဦးဆောင်တဲ့ရွှေဝါရောင်တော်လှန်ရေးကြီးကို မကဒတကအလေးအနက်ထားဂုဏ်ðပóကိဆိုလိုက်ပြီး၊မကဒတအပါအဝင်တော်လှန်ရေး၊နိုင်ငံရေးအဖွဲ့အစည်း များအနေနဲ့ လူထုတိုက်ပွဲများနဲ့အတူထိထိရောက်ရောက်ပူးပေါင်းပါဝင်ပြီးစစ်အာဏာရှင်စနစ်ကိုပြတ်ပြတ် သားသားတော်လှန်တိုက်ပွဲဝင်သွားကြရန်လှုံ့ဆော်လပ်ရှားခဲ့ပါတယ်။မကဒတ(ကျောင်းသား တပ်မတော်)ဟာ နအဖ စစ်အုပ်စုရဲ့လမ်းပြမြေပုံ(၇)ချက်ကိုလဲအဆင့်တိုင်းမှာတိုက်ဖျက်သွားဖို့ လုပ်ငန်းစဉ်ချမှတ်ထားပြီး၊ နအဖစစ်အစိုးရကတဖက်သတ်ရေးဆွဲအတည်ပြုလိုက်တဲ့၂ဝဝ၈ ခုနှစ်၊ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုလဲဆန့်ကျင်ရှုတ်ချခဲ့ပါတယ်။ နအဖစစ်အစိုးရကအသံပေးလာတဲ့‘၂ဝ၁ဝ ရွေးကောက်ပွဲ’ကိုလဲလက်မခံနိုင်ကြောင်း ပြတ်ပြတ်သားသားဖော်ပြခဲ့သလို၊စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးအား အမျိုးသားရေးတာဝန်တရပ်အနေဖြင့် ခံယူကာဆန့်ကျင်တိုက်ပွဲဝင်သွားကြဖို့ကိုလဲနိုးဆော်ခဲ့ပါတယ်။ မကဒတကိုယ်တိုင်လဲတိုက်ပွဲဝင်သွားမယ်ဆိုတာ အလေးအနက်ဖော်ပြခဲ့ပါတယ်။ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့အဆုံးသတ်အောင်ပွဲကိုရယူနိုင်ရေး၊စစ်အာဏာ ရှင်စနစ်ဖျက်သိမ်းရေးတွေအတွက်သမိုင်းရဲ့တောင်းဆိုချက်နဲ့အညီပေါ်ထွန်းလာခဲ့ရတဲ့မကဒတ (ကျောင်းသား တပ်မတော်)ဟာအနှစ်(၂ဝ)ကျော်လာချိန်အထိလဲလက်နက်ကိုင်တော်လှန်ရေးအလံကို ဆက်လက် လွှင့်ထူ ထားနိုင်ခဲ့ပြီးဘုံရန်သူစစ်အစိုးရတိုက်ဖျက်ရေးကိုခိုင်ခိုင်မာမာဆက်လက်အကောင်အထည်ဖော်ရင်းတက်ကြွ တဲ့အခန်းကနေ ပါဝင်လပ်ရှားနိုင်ခဲ့ပါတယ်။ဒါ့ကြောင့်နဝတ-နအဖစစ်အစိုးရကလဲ(ကျောင်းသားတပ်မတော်) အပေါ်အညိုးတကြီးလက်တုန့်ပြန်နှိပ်ကွပ်နိုင်ဖို့ကြိုးစားရင်းအမျိုးမျိုးသောစွပ်စွဲပုတ်ခတ်မတွေကိုလဲလုပ်ခဲ့ပါတယ်။ မကဒတအဖွဲ့ကိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ်ဗုံးခွဲလုပ်ကြံရေးလူသတ်အဖွဲ့အစည်းအဖြစ်တံဆိပ်အမျိုးမျိုး ကပ်ပေးခဲ့ပါတယ်။အသက်ပေးလှူကျဆုံးသွားခဲ့ကြတဲ့အာဇာနည်သူရဲကောင်းတွေအပေါ်သစ္စာရှိခဲ့ကြပြီး ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့သားကောင်းရတနာတွေပီသခဲ့ကြတဲ့မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်)ရဲ့မူလအခြေခံလက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်း အပေါ်မှာပဲစွဲစွဲမြဲမြဲသစ္စာရှိရှိဆုပ်ကိုင်ချီတက်ခဲ့ကြတဲ့မကဒတ(ကျောင်းသားတပ်မတော်)အဖွဲ့ကြီးကတော့ စစ်အစိုးရကိုဘယ်တော့မှဒူးမထောက်အလျှော့မပေးမစေ့စပ်စတမ်းဆက်လက်ဆန့်ကျင်တိုက်ပွဲဝင်သွားရင်းအဖွဲ့ကြီးရဲ့သမိုင်းဝင်အောင်လံတော်ကိုဆက်လက်လွှင့်ထူလပ်ရှားနေဆဲဖြစ်ပါတယ်။စတင်ပေါ်ပေါက်စကာလကနဲ့ နှိုင်းယှဉ်ကြည့်ရင်အင်အားအရယုတ်လျော့ကျဆင်းနည်းပါးသွားခဲ့ရတာအမှန်ပဲဖြစ်ပေမဲ့စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတော်လှန်ရေးခရီးကြမ်းကြီးပေါ်မှာအကွေ့အကောက်အဖုအထစ်ပေါင်းများစွာကိုကျော်ဖြတ်ရင်း တော်လှန်ရေးအလံတော်ကိုဂုဏ်ပြောင်ပြောင်ဆက်လက်လွှင့်ထူဆုပ်ကိုင်ချီတက်နေဆဲဖြစ်တာကိုကအဖွဲ့ကြီးရဲ့လေးစားအပ်ဖွယ်ဂုဏ်ရောင်ဖြစ်ပါတယ်။ (ကျောင်းသားတပ်မတော်) ဟာ၂ဝဝ၉ ခုနှစ်အထိ ABSDFအဖွဲ့
ကြီး ၂၁ နှစ်မြောက်အထိ) အတွင်း တော်လှန်ရေးကိုဆင်နွှဲရင်းတပ် ဖွဲ့ဝင်ရဲဘော် (၃၅၃) ဦးကျဆုံးခဲ့ရပြီး၊ (၂၆၉) ဦးသေဆုံးခဲ့ရကာကိုယ်ခန္ဓြွာထိခိုက်ဒဏ်ရာရသူပေါင်း (၃၉၇)ဦးရှိခဲ့တဲ့အထိစွန့်လွှတ်ပေးလှူခဲ့ရမရှိခဲ့တဲ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတခု ဖြစ်ခဲ့ပါတယ်။အောင်ပွဲကို လက်ဝယ်ပိုင်ပိုင်ရယူနိုင်ခြင်းမရှိသေး ပေမဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (မကဒတ)ခေါ်ABSDFအဖွဲ့ကြီးကို ဗမာပြည်နိုင်ငံရေးလပ်ရှားမသမိုင်းမှာအရင်ကတကြိမ်တခါမှမပေါ်ပေါက်ခဲ့ဖူးသေးမရှိဖူးသေးတဲ့အမျိုးအစားသစ် ‘ကျောင်းသားတပ်မတော်’ကြီးတရပ်အဖြစ် အနေနဲ့ရော၊လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းကိုပဲ အခိုင်အမာဆုပ်ကိုင်ထားရင်းဖောက်ပြန်ဆိုးဝါးလှတဲ့စစ်အာဏာရှင်အစိုးရကိုဘယ်တော့မှဒူးမထောက်ကြေး လက်နက်ကိုင်တော်လှန်တိုက်ပွဲဝင်နေကြတဲ့ရှားရှားပါးပါးလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းကြီးတွေကြား ကခိုင်မာထူးခြားတဲ့ သမိုင်းဝင်တော်လှန်ရေးအဖွဲ့ကြီးတရပ်အနေနဲ့ပါလေးလေးနက်နက်မှတ်တမ်းတင်ပေး ရပါလိမ့်မယ်။

ဝင်းတင့်ထွန်း
မှတ်ချက်။ ။ဝင်းတင့်ထွန်း၏(ဗမာပြည်နိုင်ငံရေးပါတီအဖွဲ့အစည်းအသင်းအပင်းများအညွှန်း-စာအုပ်မှပြန်လည်ကောက်နှုတ်ဖော်ပြလိုက်ရပေသည်။

Saturday, September 4, 2010

“နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာ (၁၀)”

                                        “နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာ (၁၀)”
                                                                                         -၄ စက်တင်ဘာ ၂၀၁၀
ကျနော်တို့အဖွဲ့သည်(၂၁)ရက်။ဒီဇင်ဘာ၁၉၉၈နေ့တွင်တပ်မဟာ(၂)တောင်ငူခရိုင်သို့ရောက်ရှိသည်။ထိုအချိန် တောင်ငူခရိုင်အတွင်းရေးမှူး မှာဗိုလ်လှငွေဖြစ်ပါသည်။
ကျနော်တို့အဖွဲ့ထဲမှအချို့သည်နောက်တန်းသို့ပြန်ရန်ပြင်ဆင်ကြသည်။၎င်းတို့သည်ကေအန်ယူအုပ်ချုပ်ရေး နယ်မြေများမှဖြတ်သန်းရင်းကေအန်ယူနယ်မြေတာဝန်ရှိတပ်မှူးများနှင့်တိုင်ပင်ပြီးနောက်တန်းဗဟိုဌာနချုပ်သို့ဒီ ဇင်ဘာလအတွင်းမှာပဲခရီးဆက်ထွက်သည်။ကျနော့်မှာအလုပ်အဖွဲ့တာဝန်ရှိသူများ၏တာဝန်ပေးချက်အရ လက်ရှိတပ်တပ်မဟာ (၂) ကေအန်ယူခရိုင်ရုံးတွင်နေခဲ့ရန်ဖြစ်သည်။
ရန်သူမှကေအန်ယူတပ်မဟာ(၂)အုပ်ချုပ်ရေးဒေသများကိုစစ်ကြောင်းများဖြင့်ရွာတွေထဲဝင်ပြီးအမျိုးသမီးများ တွေ့လျင်အဓမ္မပြုကျင့်၊ရွာတွေကိုမီးရှို့ရွာသားများကိုကေအန်ယူအမာခံများဟုစွပ်စွဲပြီးရက်ရက်စက်စက် သတ်ဖြတ်ကြသည်။ရွာသားများမှာကြောက်ရွံ့ ကြ၍ ရွာတွေထဲ၌မနေလိုကြပဲရွာပုန်းများဖြင့်နေထိုင်ကြရသည်။
ထိုသို့အုပ်ချုပ်ရေးအခြေအနေဆိုးရွားနေချိန်အတွင်းကေအန်ယူမှနိုင်ငံရေး၊စည်းရုံးရေးဗဟိုတာဝန်ရှိသူများမှ ကစဥ့်ကလျားရှိနေသောရွာသူ၊ရွာသားများကိုပြန်လည်စုစည်းပြီးရွာသားများလုံခြုံမှု ရှိစွာနေထိုင်နိုင်ရန်အတွက် ဒေသအတွင်းစည်းရုံးရေးကော်မီတီများဖွဲ့ကြသည်။ကေအန်ယူဗဟိုမှပဒိုကနဲလေမှာစည်းရုံးရေးတာဝန်ဖြင့် ကြောင်းသိရသည်။
၎င်းမှကျနော့်အားအေဘီအက်စ်ဒီအက်ဖ်အဖွဲ့အစည်းကိုယ်စားယခုစည်းရုံးရေးခရီးစဉ်တွင်၎င်းတို့နှင့်လိုက်ပါပေး ရန်ဆို၍ကျနော်လည်း၎င်းတို့နှင့်အတူ ရွာများသို့ စည်းရုံးရေးခရီးဆင်းဖြစ်ကြသည်။ရွာသားများမှာကေအန်ယူ။ အေဘီအက်စ်ဒီအက်ဖ် ပူးတွဲစည်းရုံးရေးခရီးဆင်းလာ၍ အားတက်ဝမ်းသာကြတာတွေ့ ရသည်၊
လက်ရှိနိုင်ငံရေးအခြေအနေ၊ကေအန်ယူ၏တော်လှန်ရေးအခြေအနေ၊အေဘီအက်စ်ဒီအက်ဖ်၏လက်နက်ကိုင် တော်လှန်ရေးနှင့်ရှစ်လေးလုံးအတွေ့အကြုံရှင်းလင်းချက်များကိုရွာလူထုနှင့်အတူပြောကြဆိုကြ၊ဆွေးနွေးကြ၍ ပျော်စရာကောင်းလှပါသည်။
၁၉၉၉ခုနှစ်။ဖေဖော်ဝါရီ(၁၆)ရက်နေ့၊ကျနော်သည်ကေအန်ယူတပ်မဟာ(၂)ခရိုင်ရုံးမှနောက်တန်းအေဘီ အက်စ်ဒီအက်ဗဟိုသို့ ပြန်ခဲ့ပါသည်။ပြန်ခဲ့ရခြင်းရည်ရွယ်ချက်မှာ-တော်လှန်ရေးတွင်ဖြတ်သန်းမှုအတွေ့အကြုံ များ၊ရှေ့ ဆက်လုပ်ငန်းစဉ်များ၊ဆက်လုပ်နိုင်ရန်အတွက်ပြင်ဆင်မှုတွေနှင့်အတူလုပ်ငန်းစဉ်အသေးစိတ်များစီစဉ် ရေးဆွဲပြီးအထက်တာဝန်ရှိသူများထံတင်ပြအစီရင်ခံမည်ဟုရည်ရွယ်ချက်များနှင့်ပြန်လာခဲ့ခြင်းဖြစ်သည်။မတ်လ(၁၆ရက်နေ့တွင်ဌာနချုပ်သို့ရောက်သည်ထိုအချိန်အေဘီအက်စ်ဒီအက်ဖ်၏ပဉ္စမအကြိမ်ညီလာခံကျင်းပနေသော အချိန်ဖြစ်ပါသည်။ထိုညီလာခံတွင်နိုင်ငံရေးသဘောမတိုက်ဆိုင်မှုများကြားရ၍ အတော်အားပျော့သွားခဲ့ရသည်။
၂ဝဝဝခုနှစ်။ စက်တင်ဘာ(၁၉)ရက်၊
အေဘီအက်စ်ဒီအက်ဖ်၏ပဉ္စမအကြိမ်မြောက်-ပထမအကြိမ်ဗဟိုကော်မီတီအစည်းအဝေးစတင်ခဲ့သည်။ ထိုအစည်းအဝေးတွင်-အေဘီအက်စ်ဒီအက်ဖ်၊ကျောင်းသားတပ်မတော်အဖြစ်ဆက်လက်ရပ်တည်ပြီးစစ်ရေး လုပ်ငန်းများကိုဦးစားပေးဆောင်ရွက်သွားရေး၊နိုင်ငံရေးပါတီအဖြစ်ဆက်လက်ဖွဲ့စည်းပြီးထိုနိုင်ငံရေးအဖွဲ့ဖွဲ့စည်း မည့်ပုဂ္ဂိုလ်များသည်အေဘီအက်စ်ဒီအက်ဖ်အဖွဲ့အစည်းမှနှုတ်ထွက်ပြီးသီးသန့်နိုင်ငံရေးလုပ်ငန်းများလုပ်နိုင်ရန် အတွက်နှုတ်ထွက်ခွင့်ပြုသည်။
ထိုပြဿနာ(၂)ခုအတွက်လက်ရှိဗဟိုကော်မီတီအချို့မှာအေဘီအက်စ်ဒီအက်ဖ်မှနှုတ်ထွက်ကြမည်။ထိုလစ်ဟာ သွားသည့်တာဝန်အဆင့်နေရာများကိုလောလောဆယ်ကာလအတွင်းအစားထိုးခန့်အပ်တာဝန်ပေးမှုများကိုယခု ဗဟိုကော်မီတီအစည်းအဝေးမှဆုံးဖြတ်မည်။အစားထိုးမှု။ တာဝန်ပေးမှုများသည်နောင်လာမည့်ဆဌမအကြိမ် ညီလာခံအထိတည်မြဲနေမည်။ပါတီနိုင်ငံရေးဖွဲ့စည်းမည့်ပါတီအဖွဲ့အား(၁)လအတွင်းတပ်တွင်းများသို့လှည့်လည် စည်းရုံးခွင့်ပြုသည်။ကျန်ရှိနေသည့်အေဘီအက်စ်ဒီအက်ဖ်အင်အားကိုစနစ်တကျဖွဲ့ စည်းပြီးခိုင်မာကျစ်လစ်သော ကျောင်းသားတပ်မတော်ဖြစ်ပေါ်လာရေးအတွက်အဖက်ဖက်မှစုစည်းတည်ဆောက်သွားမည်ဟုထိုအစည်း အဝေးကြီးမှဆုံးဖြတ်ခဲ့ကြသည်။(၂၇)ရက်။ စက်တင်ဘာ။၂ဝဝဝတွင်အေဘီအက်စ်ဒီအက်ဗဟိုကော်မီတီအစည်း ဝေးပြီးဆုံးသည်။
တပ်မဟာ(၂)။ အလယ်ပိုင်း။
တော်လှန်ရေးအခြေခံဒေသထိုးဖောက်ရင်းကျဆုံးဆုံးခဲ့သည့်တိုက်ပွဲနှင့်ကျနော်လက်လှမ်းမှီခဲ့သည့်ရဲဘော်အချို့ ၏ ပုံရိပ်မှတ်တမ်းများ။
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊ကျောင်းသားတပ်မတော်ကို၁၉၈၈ခုနှစ်၊နိုဝင်ဘာ(၁ရက်နေ့တွင်စတင်မွေးဖွားတည်ထောင်ခဲ့ကြသည်မကဒတတပ်ဦးမတည်ထောင်မှီအကြိုကာလများတွင်မြန်မာ ပြည်အတွင်းပြည်သူလူထုအလွှာအသီးသီးမှာ-၁၉၆၂၊ဦးနေဝင်းစစ်အုပ်စုမှတိုင်းပြည်အာဏာကိုပြည်ထောင်စု ဝန်ကြီးချုပ်(ပထစ)ဦးနုထံမှအဓမ္မလုယူပြီးအတုအယောင်ဆိုရှယ်လစ်ပါတီကိုဖွဲ့စည်းပြီးတိုင်းပြည်ကို သေနတ်မိုး၍အုပ်ချုပ်ခဲ့သည်။ဦးနုလက်ထက်တွင်ပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးခဲ့စဉ်အတွင်းတိုင်းပြည်၏ လူမှုရေး၊စီးပွားရေး၊အခြေအနေတို့မှာ၁၉၆၂ခုနှစ်အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်နေဝင်းတက်လာသည့် အခြေအနေလောက်အထိမဆိုးရွားခဲ့။ဗိုလ်နေဝင်းအစိုးရတက်လာသည့်အခါ၌တိုင်းပြည်အတွင်းရှိလူထုမှာ အထွေထွေကြပ်တည်းပြီးတိုင်းပြည်၏စီးပွားရေးမှာကျဆင်းခဲ့သည်။တိုင်းပြည်အတွင်းနိုင်ငံရေးအနိုးကြားဆုံး ဖြစ်သည့်တက္ကသိုလ်ကျောင်းသားများကိုခေါင်းမထောင်နိုင်အောင်အမျိုးမျိုး နှိပ်ကွပ်ခဲ့သည်။
၁၉၆၂ခုနှစ်၊ဇူလိုင်(၇)ရက်နေ့တွင်ဗိုလ်နေဝင်းနှင့်ဗိုလ်အောင်ကြီးတို့လက်ချက်ဖြင့်ရန်ကုန်မြို့တက္ကသိုလ် အဆောက်အဦကြီးကိုဒိုင်းနမိုက်ဖြင့်ဖောက်ခွဲဖျက်ဆီးပြီးနှိပ်ကွပ်ခဲ့သည်။ထိုတိုက်ပွဲတွင်ကျောင်းသား ခေါင်းဆောင်များနှင့်နိုင်ငံရေးတက်ကြွသူအများအပြားကျဆုံးခဲ့ကြသည်။ဗိုလ်နေဝင်းက-"တိုင်းပြည်ကိုဆူဆူပူ ပူဖြစ်အောင်မလုပ်နဲ့။နောင်ကိုဆူဆူပူပူဖြစ်အောင်လုပ်မယ်ဆိုရင်-စစ်တပ်ဆိုပစ်ရင်မှန်အောင်ပစ်တယ်။တပ်မ တော်ကို အာခံရင် ဒါးဒါးချင်းလှံလှံချင်းတုံ့ ပြန်သွားမယ်-"လို့ ရုပ်မြင်သံကြားမှာပြောကြားသွားခဲ့ပါတယ်။
ထို(ရ)ရက်၊ဇူလိုင်အရေးအခင်းကာလအတွင်းတိုက်ပွဲ၌-တက္ကသိုလ်ကျောင်းသားခေါင်းဆောင်မြောင်းမြ ကျောင်းသားကိုကျော်ဝင်းက စစ်တပ်ကပစ်သတ်သွားသည့် သေနတ်ဒါဏ်ရာများနှင့်မန္တလေးကျောင်းဆောင်နံရံ တွင်သွေးဖြင့်-"၇-၇-၆၂-မမေ့ကြနဲ့"-ဟုရေးထိုးခဲ့သည်။ထိုနေ့ကိုအစွဲပြုပြီးဆဲဗင်းဇူလိုင်အရေးတော်ပုံဟုသတ် မှတ်ခဲ့ကြသည်။ထိုကာလနောက်ပိုင်းစစ်တပ်နှင့်ကျောင်းသားထုအကြားဒီမိုကရေစီအရေး၊လူ့အခွင့်အရေး တိုက်ပွဲတို့ စတင်ခဲ့ချေပြီ။
တဖန်-၁၉၇၄ ဦးသန့်(ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုး)ဈာပန၌ငြိမ်းချမ်းစွာဖြင့်ဦးသန့်ဈာပနအခမ်း အနားသို့လိုက်ပါပို့ဆောင်ကြသည့်လူထုများနှင့်ကျောင်းသားလူငယ်များကိုစစ်အုပ်စုမှမတရားဖမ်းဆီးနှိပ်စက်၊ အကျဉ်းချခဲ့သည်။မြန်မာပြည်အင်းစိန်ထောင်အတွင်းနိုင်ငံရေးအကျဉ်းသားအမြောက်အမြားကိုစစ်အုပ်စုမှ ဖမ်းဆီးချုပ်နှောင်ထားသည်မှာယနေ့တိုင်ပင်ဖြစ်သည်။
၁၉၈၈ခုနှစ်၊မြန်မာပြည်တပြည်လုံး၊လူထုအလွှာအတန်းစားပေါင်းစုံမှအာဏာသိမ်းစစ်အုပ်စုကိုစီတန်းလှည့်လည် ဆန္ဒပြ၊သပိတ်မှောက်သည့်အပေါ်စစ်အုပ်စုမှအကြမ်းဖက်ပစ်ခတ်နှိမ်နင်းမှုကြောင့်ပြည်သူလူထုနှင့်ရဟန်းရှင်၊လူ၊ကျောင်းသားပြည်သူများအပါအဝင်အများအပြားထောင်နှင့်ချီကျဆုံးခဲ့ကြသည်။နိုင်ငံရေးခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များကို-တိုင်းပြည်မငြိမ်မသက်ဖြစ်အောင်သွေးထိုးလှုံ့ဆော်သည်-ဟုမတရားပုဒ်မများ တပ်၍ထောင်သွင်းအကျဉ်းချနှိပ်စက်ခဲ့ကြသည်။ထိုကာလအတွင်းစစ်အုပ်စုမှစစ်တပ်အင်အား၊လက်နက် အင်အားကို လိုသလို အသုံးချပြီး တိုင်းပြည်အာဏာကို ဒုတိယအကြိမ် အတိအလင်းသိမ်းယူခဲ့ပြန်ပါသည်။
စစ်ခေါင်းဆောင်ဗိုလ်နေဝင်းကနောက်ကွယ်မှကြိုးကိုင်ပြီး မဆလပါတီကိုရုတ်သိမ်းပြီး-၄င်းတို့လက်ကိုင်ဒုတ် အဖြစ်အသုံးချခဲ့သူ-လူသတ်ခေါင်းဆောင်-ဗိုလ်စိန်လွင်ကို ရက်ပိုင်းအတွင်းနိုင်ငံတော်အာဏာ အပြည့်အဝပေး၍ ဆန္ဒပြသည့်လူထုကြီးကို နှိပ်ကွပ်စေခဲ့သည်။စစ်အုပ်စုမှဗိုလ်စိန်လွင်ကိုရာထူးမှမကြာခင်ဖယ်ရှားပြီးသမတ ဒေါက်တာမောင်မောင်တက်လာသည်။၁၉၈၈စက်တင်ဘာ၁၈တွင်ဗိုလ်စောမောင်ကိုစစ်အာဏာသိမ်းစေကာ တပြည်လုံးပစ်ခတ်နှိမ်နင်းပြန်သည်။ဗိုလ်စောမောင်ကရွေးကောက်ပွဲပြီးပါကတိုင်းပြည်အာဏာလွှဲအပ်ပေး မည်ဟုပြောပြီး-၁၉၉ဝပြည့်ပြည်လုံးကျွတ်ဆန္ဒခံယူရွေးကောက်ပွဲကျင်းပစေခဲ့ပြနသည်။၁၉၉ဝခုနှစ်၊မေလရွေး ကောက်ပွဲ၌တရားဝင်လူထုဆန္ဒဖြင့်ရွေးကောက်ခဲ့သည့်ရွေးကောက်ပွဲ၌အန်အယ်လ်ဒီပါတီမှာအပြတ်အသတ် မဲအများဆုံးအနိုင်ရခဲ့သော်လည်း-ယနေ့အထိတိုင်းပြည်အာဏာကိုအန်အယ်လ်ဒီပါတီလက်ထဲသို့လွှဲအပ်မပေး သည်မှာစစ်တပ်၏ဒီမိုကရေစီကျင့်စဉ်အပေါ်မည်မျှမလိုက်နာသည်ကိုကြည့်လျှင်သိနိုင်ပါသည်။ထိုအချိန်က စစ်ခေါင်းဆောင်အကြီးအကဲဗိုလ်စောမောင်မှပြောရာတွင်-"ဒီရွေးကောက်ပွဲပြီးလို့အနိုင်ရတဲ့ပါတီကို ဒီမိုကရေစီ နည်းကျကျတိုင်းပြည်အာဏာကိုလွှဲအပ်ပေးဘို့တပ်မတော်မှာတာဝန်ရှိပါတယ်-"လို့ပြောကြားသွားခဲ့သည်ကို သတိရနေစေပါသည်။
အထက်ပါအကြောင်းအရာများသည် မြန်မာပြည်ဒီမိုကရေစီ၊လူ့အခွင့်အရေးဆိတ်သုဉ်းခဲ့ရမှုများကို အကျဉ်းမျှထိုးပြခြင်းဖြစ်ပါသည်။ယနေ့မကဒတသည်လည်းလက်နက်ကိုင်တော်လှန်ရေး တစ်ရပ်ဆင်နွှဲခဲ့ရသည် များမှာလည်းထိုသမိုင်းကာလများကလက်ညိုးထိုးပြနေသည်မှာအမှန်ပင်ဖြစ်ပါသည်။စက်တင်ဘာလအတွင်း စစ်တပ်မှတိုင်းပြည်အာဏာကိုသိမ်းသည့်ကာလများတွင်နိုင်ငံရေးအရစုဖွဲ့ထားသည့်နိုင်ငံရေးအင်အားစုများကို မြေလှန်ရှာပြီးလိုက်လံနှိပ်ကွပ်နေပါသည်။မကဒတသည်ထို-၁၉၈၈ခုနှစ်၊ကာလကတည်းကတက်ကြွစွာလှုပ်ရှား ခဲ့ကြသည့် ရှစ်လေးလုံးမျိုးဆက်များဖြင့်ဖွဲ့စည်းထားခဲ့ခြင်းဖြစ်သည်။
မြန်မာပြည်တွင်-
(၁)နယ်ချဲ့ ဆန့် ကျင်ရေး
(၂)ဖက်ဆစ်စနစ်တိုက်ထုတ်ရေး
(၃)အမျိုးသားလွတ်မြောက်ရေး

တိုက်ပွဲများမှသည်လွတ်လပ်ရေးတိုက်ပွဲများအထိကိုယ့်အမျိုးသားလက္ခဏာများကိုရယူပြီးလွတ်လပ်ရေးကို ရယူခဲ့ကြသည်။ထိုလွတ်လပ်စအခြေအနေများတွင် မြန်မာနိုင်ငံသည် ပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးနိုင်ခဲ့ သော်လည်းဒီမိုကရေစီစနစ်အရအပြည့်အဝဟုမဆိုနိုင်။၁၉၆၂ခုနှစ်ဗိုလ်နေဝင်းစစ်အုပ်စုတက်လာသည့်အချိန် နောက်ပိုင်းကာလ၁၉၈၈ခုနှစ်ပြည်သူ့အရေးတော်ပုံကာလများအထိတိုင်းပြည်အတွင်းဒီမိုကရေစီစနစ် ဆိတ်သုဉ်းခြင်းနှင့်လူ့ အခွင့်အရေးအချိုးဖောက်ဆုံးနိုင်ငံတနိုင်ငံဖြစ်ပေါ်လာခဲ့သည်။
 ထို့ ကြောင့်တချိန်တွင် တိုင်းပြည်ပြန်ထူထောင်နိုင်ရန်၊-
(၁)အဖိနှိပ်ခံပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး။
(၂)ဒီမိုကရေစီနှင့်လူ့ အခွင့်အရေးရရှိရေး။
(၃)ပြည်တွင်းငြိမ်းချမ်းရေး။
(၄)ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာနိုင်ဘို့အတွက်မကဒတသည်မြန်မာပြည်အတွက်မွေးဖွား လာခြင်းဖြစ်သည်။
ပြည်တွင်းနိုင်ငံရေးလှုပ်ရှားမှုများကိုနှိပ်ကွပ်ကြ၍တောတွင်း၌လက်နက်ကိုင်တော်လှန်ရေးတစ်ရပ်ဆင်နွှဲရန် တညီတညွတ်တည်းဆုံးဖြတ်ခဲ့ကြသည်။အထက်ပါဦးတည်ချက်(၄)ရပ်ကိုဦးထိပ်ထားပြီးလက်နက်ကိုင် တော်လှန်ရေးတစ်ရပ်ကို ဖွဲ့ စည်းထူထောင်ခဲ့ခြင်းဖြစ်သည်။
ယနေ့မြန်မာပြည်၏အထူးအခြားဆုံးမှာ-ကျောင်းသားတပ်မတော်တစ်ရပ်ပေါ်ပေါက်လာရခြင်းဖြစ်သည်။ ကရင်ပြည်နယ်ကေအန်ယူထိမ်းချုပ်ရာနယ်စပ်တောင်ကြောများပေါ်တွင်မကဒတ၏တပ်ရင်း၊တပ်ဖွဲ့များကို စနစ်တကျဖွဲ့စည်းပြီးယနေ့စစ်အာဏာရှင်စနစ်ကိုတိုက်ပွဲတွေကြားကစိန်ခေါ်မှုတွေနှင့်လက်တွေ့ကျကျ တော်လှန်တိုက်ပွဲဆင်နွှဲနေဆဲဖြစ်သည်။နိုင်ငံရေးတက်ကြွသည့်လူငယ်တွေဖြစ်ကြသည့်အပေါ်ရံဖန်ရံခါ သဘောတရားအရ မညီညွတ်မှုများ လည်းရှိခဲ့သည်။သို့သော်မူနှင့်ပေါ်လစီတို့သည်လူအပေါ်မှာအခြေမခံဘဲ မူအပေါ်မှာအခြေခံပြီးလျှောက်လှမ်းနိုင်ခဲ့ကြသည်။တတိယအကြိမ်ညီလာခံ၌မကဒတအဖွဲ့အစည်းထိပ်ပိုင်း ခေါင်းဆောင်များသဘောထားကွဲခဲ့ကြသည်။ထိုကွဲလွဲကြသည်များသည်တော်လှန်ရေးအပေါ်၌ရပ်တည်ရင်း ကွဲခဲ့ကြပါသည်။တပ်ရင်းတပ်ဖွဲ့ များသည် ရှေ့ တန်းစစ်မျက်နှာများ၌ ရန်သူကို စစ်ရေးအရတိုက်ပွဲကြီးတိုက်ပွဲငယ် များဖြင့်ကေအန်ယူမဟာမိတ်လူမျိုးစုလက်နက်ကိုင်အဖွဲ့များနှင့်လက်တွဲပြီးမာနယ်ပလောတိုက်ပွဲ၊ထီပါဝီကျိုး တိုက်ပွဲ၊စောထတိုက်ပွဲ စသည့်တိုက်ပွဲကြီးများအပြင် အခြားနယ်မြေများ၌ ရန်သူကို ရွပ်ရွပ်ချွံချွံခုခံတိုက်ပွဲဝင်ရင်း၊ တော်လှန်ရေးအခြေခံဒေသများတည်ဆောက်ရင်း အသက်ပေးဆပ်သွားခဲ့ကြသည့် ရဲဘော်အများအပြားရှိကြပါ သည်။ထိုရဲဘော်များသည်ဗမာပြည်စစ်အာဏာရှင်စနစ်ကိုတော်လှန်တိုက်ပွဲဝင်ရင်းရှေ့တန်းနယ်များတွင် ကျဆုံးခဲ့ရသည့်ရဲဘော်များဖြစ်ကြသည်။ထိုရဲဘော်များ၏ဂုဏ်ရောင်ထွန်းပြောင်စွာပေးဆပ်ရင်းကျဆုံးခဲ့ရမှု များကိုသမိုင်းမှတ်တမ်းများတွင်မရှိမဖြစ်လိုအပ်သည်ဟုစာရေးသူတယောက်အနေနှင့်ခံစားနားလည်မိသည်။ထို့ ကြောင့်စာရေးသူအနေနှင့်လက်လှမ်းမှီခဲ့သည့်ရဲဘော်များ၏ရုပ်ပုံလွှာအချို့ကိုလက်လှမ်းမှီသလောက်ကြိုးစား မှတ်တမ်းပြုခြင်းဖြစ်ပါသည်။
ကျောင်းသားတပ်မတော်၊ တပ်ရင်း(၂၁ဝ)မှတ်တမ်းအချို့ 
လူမှုပတ်ဝန်းကျင်(သို့ မဟုတ်)လူ့အဖွဲ့အစည်းတခုခု၊ဒါမှမဟုတ်လူသားတစ်ယောက်ချင်းစီ၌သူဖြတ်သန်းခဲ့ကြ သောမေ့မရသည့်နေ့ ရက်တွေထဲမှအထူးခြားဆုံးသောနေ့ရက်များကိုလူသည်မှတ်တမ်းအဖြစ်ပြုလေ့ရှိကြသည်။
ဒီနေ့ဒီအချိန်မှာလည်းကျနော်တို့သည်ကျနော်တို့လူ့အဖွဲ့အစည်းအတွက်မည်သည့်အရာတွေပြုလုပ်ပေး ခဲ့ကြသနည်း။
မည်သည့်အရာတွေအားနည်းချက်ရှိခဲ့ကြသနည်းဆိုသည်ကိုမှန်ကန်စွာကြည့်မြင်ရာတွင် ဖြစ်စဉ်များနှင့် ဖြတ်သန်းလာခဲ့သည့်အတိတ်သမိုင်းတွေကိုပြန်လှန်စစ်ဆေးပြီးမိမိတို့ ဖြစ်စဉ်နှင့်ရှေ့ဆက်တိုးတက်သည့် အမြင်များ၊လုပ်ဟန်များကိုလည်းတိုးတက်သည်ထက်တိုးတက်အောင်၊မှားယွင်းချက်၊အားနည်းချက်များကိုလည်း ပြုပြင်ရှု့မှတ်ပြီးနောင်အနာဂတ်မျိုးဆက်သစ်များအတွက်ကောင်းမွန်မှန်ကန်သည့်လမ်းကြောင်းတစ်ခုဖြစ်ရန် သမိုင်းမှတ်တမ်းများကိုထားရှိကြပေသည်။
ကျနော်တို့သည်မြန်မာပြည်ဖွားသားသမီးများဖြစ်ကြသည်။ထိုသားသမီးများသည်အတွေးအခေါ်၊ဗဟုသုတ ရှိစေရန်အတွက်ကျနော်တို့မိဘများကသင်ပြပေးခွင့်မရသည့်ကျောင်းနေပညာရေးစနစ်ကိုကျနော်တို့အားလုံး လူမမယ်မှသည်တက္ကသိုလ်ကျောင်းသားကြီးများအထိပညာဆည်းပူးကြ၍ဘွဲ့ရပညာတတ်များထွန်းကားပြီး အသွေးချွန်သောအသစ်အသစ်ခေါင်းဆောင်ကောင်းများကိုမွေးထုတ်ပေးခဲ့ကြသလို-၁၉၈၈ခုနှစ်ကာလများက နောင်မျိုးဆက်သစ်များကိုမီးမောင်းထိုးပြခဲ့သည့်အရေးတော်ပုံကြီးကသက်သေပြုပါလိမ့်မည်။ထိုအရာများသည် ယနေ့ကာလမျိုးဆက်သစ်များအတွက်သမိုင်းအမှန်ကိုထွန်းတောက်စွာဖော်ပြနိုင်ခဲ့ပေသည်။ထိုအရေး တော်ပုံကာလမှသည် ယနေ့ တောထဲ၊တောင်ထဲလျှိုထဲ၊ချိုင့်ဝှမ်းထဲဝေးလံခေါင်သီသည့်အရပ်ဒေသများ၌မနေ့က အကျီအဖြူ၊လုံချည်အစိမ်းဖြင့်ကျောင်းတက်ခဲ့သောကျနော်တို့သည်ချစ်ခင်တွယ်တာခဲ့သောသံယောဇဉ် အမျှဉ်တန်းများကိုမျက်ရည်များကြားမှဖြတ်တောက်ပြီးအမိမြန်မာနိုင်ငံနှင့်တိုင်းရင်းသားလူမျိုးများအတွက် ခက်ခဲနက်နဲသောခရီးကြမ်းကြီးကိုဆယ်စုနှစ်ကျော်အထိရင်ဆိုင်ဖြတ်နေရဆဲဖြစ်သည်။ထိုခရီးကြမ်းကြီးဆိုသည်မှာ စစ်အာဏာရှင်စနစ်နှင့်စစ်တပ်ကြီးစိုးမင်းမူသောဝါဒအလုံးစုံကိုတိုက်ထုတ်ရန်ဆိုလိုခြင်းဖြစ်သည်။ထိုသို့သောခရီးကြမ်းကြီးကို ရင်ဆိုင်ဖြတ်သန်းရင်းတော်လှန်ရေးခရီးတဝက်၌အကြောင်းအမျိုးမျိုးကြောင့်တော်လှန်ရေး၏ခရီးပန်းတိုင် ဆုံးခန်းတိုင်အောင်မရောက်ရှိဘဲကျဆုံးခဲ့ရသည့်အာဇာနည်ရဲဘော်အပေါင်းတို့၏သမိုင်းရုပ်ပုံလွှာများကို ကျနော်တို့ချန်လှပ်ထား၍မရစကောင်းပါ။ထိုအာဇာနည်များ၏စွန့်လွှတ်မှု၊အနစ်နာခံမှု၊ဇွဲရှိမှုစသည့်အလုံးစုံသော တည်ဆောက်ခဲ့သည့်သက္ကရာဇ်နှစ်များသည်လည်းယနေ့အချိန်မှာလွန်စွာမှလိုအပ်ပေလိမ့်မည်ဟုကျနော်မြင် ပါသည်။ ထို့ ကြောင့် ကျနော်ဖြတ်သန်းခဲ့စဉ်ကာလအမှတ်တရနှင့်မမေ့နိုင်ခဲ့သည့်အဝန်းအဝိုင်းလေးတစ်ခု၏ မှတ်တမ်းပြုစုမှုဆိုလျှင်မှားလိမ့်မည်မထင်ပါ။
ကရင်ပြည်နယ်၊သံလွင်မြစ်တလျှောက်တပ်စွဲအခြေပြုထားသောကရင်တော်လှန်ရေးအင်အားစုများ၏အုပ်ချုပ် ရေးဒေသများ(သို့ မဟုတ်)မြန်မာပြည်ဒီမိုကရေစီအရေးအတွက်တော်လှန်တိုက်ပွဲဝင်နေကြသောအင်အားစုများ တည်ရှိရာကျောင်းသားတပ်မတော်သို့ ရောက်ရှိစ အချိန်။ရောက်ရှိသည့်တပ်ရင်းမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊ ကျောင်းသားတပ်မတော်တပ်ရင်း(၂၁ဝ)တွင်ဖြစ်သည်။
၁၉၉၁ခုနှစ်၊ဇွန်လ(၅)ရက်နေ့ ။
ထိုအချိန်ကာလသည် ကျောင်သားတပ်မတော်၊အမှတ်(၂၁ဝ)စောထစခန်းသို့စတင်ရောက်ရှိလာချိန်ဖြစ်ပါ သည်။ထိုအချိန်ကာလ၌တပ်ရင်း(၂၁ဝ)သည်နှစ်ခြမ်းကွဲသောအချိန်ဖြစ်သည်။ထိုအချိန်ကာလသည် ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော-ရဲဘော်မိုးသီးဇွန်နှင့်ရဲဘော်နိုင်အောင်တို့နှစ်ခြမ်းကွဲနေချိန်ဖြစ်ပါ သည်။ထို့ကြောင့်(၂၁ဝ)စေထစခန်းတွင်ထိုအချိန်ကတိုက်ခိုက်ရေးအင်အား(၅ဝ)ကျော်ခန့်ရှိသည်။တပ်ရင်း၌ ခေါင်းဆောင်ဖြစ်သောတပ်ရင်းမှုးမှာရဲဘော်ဆန်းလင်းဖြစ်၍ကျန်သည့်တပ်ရင်းရဲဘော်များ၏တာဝန်များကို ထိုအချိန်ကာလကသေချာစွာမသိရသေး။အမှတ်(၂၁ဝ)တပ်ရင်းသို့ရဲဘော်သစ်များရောက်ရှိ၍တပ်ရင်းတွင် အခြေခံစစ်ပညာသင်တန်းပေးရန်တပ်ရင်းမှ သင်တန်းနည်းပြများနှင့်အခြေခံစစ်သင်တန်းကို(၆)လခန့်တက် ရောက်ခဲ့ရသည်။ထိုသင်တန်းတွင်ရဲဘော်သစ်များသာဖြစ်ပြီးထိုရဲဘော်များ၏အမည်များမှာအောက်ပါ အတိုင်းဖြစ်သည်။
(၁)ရဲဘော်ထွန်းလှိုင်
(၂)ရဲဘော်ဝင်းအောင်(ဂီ)
(၃)ရဲဘော်မြင့်သန်း
(၄)ရဲဘော်သန်းဝင်းအောင်
(၅)ရဲဘော်ရဲထိုက်(ကုလား)
(၆)ရဲဘော်စံမင်း(နားပိတ်)
(၇)ရဲဘော်တာဇံ(သိန်းလွင်)
(၈)ရဲဘော်ဇေယျာမင်း
(၉)ရဲဘော်သန်းဝင်း(ကီလို)
(၁ဝ)ရဲဘော်ဂေါက်လေး
(၁၁)ရဲဘော်ငပွေး
(၁၂)ရဲဘော်ဇော်ဝင်းလှိုင်
(၁၃)ရဲဘော်လှမြင့်ဦး-
စုစုပေါင်း(၁၃)ယောက်ဖြစ်သည်။ထိုစစ်ပညာသင်တန်းကို အောင်မြင်စွာတက်ရောက်နိုင်ခဲ့ကြသည်။
တပ်ရင်း(၂၁ဝ)ကွဲပြီး ယခင်ရဲဘော်များနှင့်အမည်စာရင်းမှာအောက်ပါအတိုင်းဖြစ်သည်။
(၁)ရဲဘော်ဆန်းလင်း
(၂)ရဲဘော်နိုင်ဝင်း
(၃)ရဲဘော်လဘန်(ဇော်လွင်ဦး)
(၄)ရဲဘော်ဝင်းသူရကျော်
(၅)ရဲဘော်တင်ကို
(၆)ရဲဘော်မင်းသိန်း(အာလူး)
(၇)ရဲဘော်ရဲနိုင်(အဘ)
(၈)ရဲဘော်မောင်လှ
(၉)ရဲဘော်မြင့်ဆွေ
(၁ဝ)ရဲဘော်သန်းထွဋ့်ဆွေ
(၁၁)ရဲဘော်အောင်မိုးမြင့်
(၁၂)ရဲဘော်တာကြီး
(၁၃)ရဲဘော်ဝင်းထိန်
(၁၄)ရဲဘော်သန့် ဇင်
(၁၅)ရဲဘော်ကျင်သဏ်းဦး
(၁၆)ရဲဘော်အေးကို
(၁၇)ရဲဘော်အောင်ကျော်မင်း
(၁၈)ရဲဘော်ဆင်ပေါက်
(၁၉)ရဲဘော်နွေအောင်
(၂ဝ)ရဲဘော်မြင့်လွင်(ကော်လာသူ)
(၂၁)ရဲဘော်မျိုးသန့် (ကိုရင်)
(၂၂)ရဲဘော်ဒဿ(တင်ထွန်း)
(၂၃)ရဲဘော်ပေါ်ဦး
(၂၄)ရဲဘော်မျိုးလွင်
(၂၅)ရဲဘော်ကျော်စိုး
(၂၆)ရဲဘော်ဆွေဦး
(၂၇)ရဲဘော်သက်နိုင်ဝင်း(ဂေါက်ကြီး)
(၂၈)ရဲဘော်စိုးချိုငြိမ်း
(၂၉)ရဲဘော်ဒေါ့ဂျက်
(၃ဝ)ရဲဘော်တိုင်းကျော်
(၃၁)ရဲဘော်ကျော်ထူး
(၃၂)ရဲဘော်ဝင်းဗိုလ်
(၃၃)ရဲဘော်ဝင်းမောင်
(၃၄)ရဲဘော်ဖိုးဆိတ်
စုစုပေါင်း(၃၄)ဦးဖြစ်၍ ကျန်နေသည့်အမည်များမသိပါ။
သင်တန်းတက်ပြီးသည်နှင့်ရဲဘော်ဆန်းလင်းမှ(အဘ)ရဲနိုင်ဦးစီးသောမိမိအပါအဝင်(၅)ယောက်သည် ကေအန်ယူတပ်မဟာ(၂)မုံးခရိုင်သို့စေလွှတ်၍ရှေ့တန်းတာဝန်များထမ်းဆောင်နေစဉ်နောက်တန်းမှကြေးနန်း ဖြင့်အမြန်ပြန်လာရန်ဆို၍မိမိတို့သည်ရဲဘော်အသစ်(၂)ဦးနှင့်ကေအန်ယူတပ်မဟာ(၇)အုပ်ချုပ်ရေးဒေသ ဖြစ်သောစောထအကောက်အခွန်စခန်းမှမိမိကိုင်ဆောင်သောလက်နက်များသိမ်းဆည်းခြင်းကိစ္စကိုနောက်တန်း မှခွင့်ပြုသည်ဆို၍သိမ်းဆည်းခွင့်ပေးခဲ့ရသည်။
နောက်တန်းသို့ပြန်ရောက်ပြီးယခင်သံလွင်မြစ်ဘေးသဲသာထ၌မိမိတို့စခန်းအားပြောင်းရွှေ့ရန်ယခုလက်ရှိနေရာ မှ အထက်ဓါးဂွင်ဒေသသို့စခန်းပြောင်းရွှေ့ရမည်ဟုအမိန့်ကျ၍မိမိတို့ပြောင်းရွှေ့ ပြီးတပ်တည်ဆောက်ရေးများ ပြုလုပ်ကြရသည်။ထိုအချိန်၌မကဒတနှစ်ခြမ်းကွဲနေချိန်ဖြစ်၍ရဲဘော်များမှာရဲဘော်မိုးသီးဇွန်ဘက်သို့ပြောင်းရွှေ့   တာဝန်ယူမှုများပြုလုပ်ကြသည်။ထို့ကြောင့်တပ်ရင်းတွင်ရွေးကောက်ပွဲပြုလုပ်ကြသည်။သဘောတူရွေး ကောက်ပွဲ၌ရွေးကောက်ရန်တာဝန်များကိုယ်စီဖြင့်တာဝန်ကျရဲဘော်များအမည်စာရင်းကိုအောက်ပါအတိုင်း တွေ့ရှိနိုင်သည်။
(၁)ရဲဘော်ဆန်းလင်း(တပ်ရင်းမှုး)
(၂)ရဲဘော်လဘန်(ခ)ဇော်လွင်ဦး(ဒု-တပ်ရင်းမှုး)
(၃)ရဲဘော်သန့် ဇင်(တပ်ရေး)
(၄)ရဲဘော်သင်းသူရကျော်(တပ်ထောက်)
(၅)ရဲဘော်မောင်လှ(တပ်ခွဲမှုး)
(၆)ရဲဘော်မင်းသိန်း(တပ်စုမှုး)
(၇)ရဲဘော်ကျင်သဏ်းဦး(တပ်ရင်းအရာခံဗိုလ်)
(၈)ရဲဘော်ရဲနိုင်(တပ်စုတပ်ကြပ်ကြီး)
(၉)ရဲဘော်တိုင်းကျော်(တပ်ကြပ်ကြီး)
တပ်ကြပ်များမှာ-
ရဲဘော်နွေအောင်
ရဲဘော်စိုးချိုငြိမ်း
ရဲဘော်ပေါ်ဦး
ရဲဘော်သန်းဌေးတို့ ဖြစ်သည်။
ထိုအချိန်ကာလ၌စစ်ဒေသများဖွဲ့ပြီးလုပ်ငန်းများအကောင်ထည်ဖော်ဆောင်ရွက်ကြသည်တွင်အမှတ်(၂၁ဝ)တပ်ရင်းမှရဲဘော်မြင့်ဆွေ(စစ်ဒေသ)တာဝန်များအသီးသီးထမ်းဆောင်ကြသည်။၁၉၉၂ခုနှစ်၊ကျောင်းသား တပ်မတော်(ဗဟို)၁မျဉ်း၉၂အခြေခံစစ်ပညာသင်တန်းကိုတပ်ရင်း(၂၁ဝ)မှရဲဘော်သစ်များပါဝင်တက်ရောက် ကြပါသည်။ထိုသင်တန်းသို့ တက်ရောက်ကြသည့် ရဲဘော်များ၏အမည်စာရင်းမှာအောက်ပါအတိုင်းဖြစ်ပါသည်။
(၁)ရဲဘော်ကျော်ဆန်းလွင်
(၂)ရဲဘော် လှအေး
(၃)ရဲဘော်ဝင်းစိန်(မဲကြီး)
(၄)ရဲဘော်ဝင်းမောင်
(၅)ရဲဘော်ဝင်းအောင်(ဂေါ်)
(၆)ရဲဘော်လှဌေး(ဖာကမာ)
(၇)ရဲဘော်မြင့်ဦး
(၈)ရဲဘော်စိုးအောင်
(၉)ရဲဘော်တင်ဆန်း
(၁ဝ)ရဲဘော်ဇော်ဝမ်း
(၁၁)ရဲဘော်စိုးလှိုင်
(၁၂)ရဲဘော်မောင်နိုင်
(၁၃)ရဲဘော်မှုန်တိုင်း(ခ)အောင်နိုင်
စုစုပေါင်းသင်တန်းသား(၁၄)ဦးဖြစ်ပါသည်။ကေအန်ယူတပ်မဟာ(၂)သို့ အခြေခံဒေသထိုးဖောက်ရေးတွင် ပထမဦးဆုံးထိုးဖောက်ကြသောရဲဘော်များများမှာအောက်ပါအတိုင်းဖြစ်သည်။
(၁)ရဲဘော်ဆန်းလင်း(တပ်ရင်းမှုး)
(၂)ရဲဘော်လဘန်(ဒုရင်းမှုး)
(၃)ရဲဘော်ကျင်သဏ်းဦး(ရင်းအရာခံဗိုလ်)
(၄)ရဲဘော်မောင်လှ(တပ်ခွဲမှုး)
(၅)ရဲဘော်မင်းသိန်း(တပ်စုမှုး)
(၆)ရဲဘော်ရဲနိုင်(တပ်ကြပ်ကြီး)
(၇)ရဲဘော်ဝင်းသူရကျော်(တပ်ထောက်)
(၈)ရဲဘော်တိုင်းကျော်(တပ်ကြပ်ကြီး)
(၉)ရဲဘော်စိုးချိုငြိမ်း(တပ်ကြပ်)
(၁ဝ)ရဲဘော်ကျော်ထူး(ရဲဘော်)
(၁၁)ရဲဘော်တင်ကို(ဆေးမှုး)
(၁၂)ရဲဘော်လှအေး
(၁၃)ရဲဘော်ဝင်းအောင်
(၁၄)ရဲဘော်ဝင်းမောင်
(၁၅)ရဲဘော်ဇေယျာမင်း
(၁၆)ရဲဘော်ငပွေး
(၁၇)ရဲဘော်မြင့်ဦး
ဆက်လက်ဖော်ပြပါဦးမည်။။---
မှတ်ချက်။      ။ဟစ်တိုင်ဝက်ဆိုက်မှကူးယူဖော်ပြသည်။
ကျည်ဝေဖြိုး။