Thursday, January 20, 2011

သံလွင်သူရဲကောင်း

သံလွင်သူရဲကောင်း

ရုတ်တရက် ဒေါင်းတွန်သံ ဆွံ့ အ
ကျန်ရစ်သူ ပုလဲခ ကြွေကျရှာပေါ့
သြော်-မြေခစရာ အရွေးမှားလေရော့လား
ရဲဘော်ဟာဖြစ်တည်ရာအရပ်
လူထုအာရုံ ရင်ဝယ်ခြုံလွှမ်း
ကြယ်စင်လမ်းမှာ အလံလွှင့်နေရော့သလား
သင်ဟာ နှုတ်မဆက် လက်မပြ ဘ၀တွေရဲ့
ဖြစ်ပျက်နဲ့ မလွဲသာတဲ့နိဂုံး
ဂုဏ်သိက္ခာရှိစွာ သံလွင်ကမ်းပေါ် ဖြန့်ကြဲခဲ့ရော့သလား။ ။

ဒေါင်းနီ
01/19/2011ရက်နေ့တွင်တိုင်းပြည်အတွက်သူရဲကောင်းပီသစွာကျဆုံးသွားသောရဲဘော်သော်ဇင်(သို့)
ရဲဘော်သန်းလွင်အားအမှတ်တရ။

No comments: