Sunday, May 29, 2011

ဦးတင်ဦးပြန်ပြောပြတဲ့ ဒီပဲရင်း လုပ်ကြံမှု့ 

ဦးတင်ဦးပြန်ပြောပြတဲ့ ဒီပဲရင်း လုပ်ကြံမှု့ 
U Tin Oo's Introductory remark
ဒီပဲယင်း အကြမ်းဖက်မှုသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပါတီ
ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ပါတီဝင်များ စည်းရုံးရေးခရီး ထွက်နေစဉ် စစ်ကိုင်းတိုင်း
ဒီပဲယင်းမြို့အနီး ကျည်ရွာတွင် လွန်ခဲ့သည့် ၇ နှစ် မေလ ၃ဝ ရက်နေ့တွင်

ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

 ဒီပဲယင်းအ၀င်လမ်း


၂ဝဝ၃ ခုနှစ် မေလ ၆ ရက်နေ့တွင် ပါတီစည်းရုံးရေးအတွက် ရန်ကုန်မှနေ၍ ထွက်ခွာလာခဲ့ရာ

အထက်မြန်မာပြည် ခရီးစဉ်ဖြစ်သည့် ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ကသာ၊ မန္တလေးတိုင်း

မိုးကုတ်နှင့် မန္တလေး၊ စစ်ကိုင်းတိုင်း မုံရွာမြို့သို့ ရောက်ရှိခဲ့စဉ်

ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုထောက်ခံခဲ့ကြသည်။


ထို့နောက် မေလ ၃ဝ ရက်နေ့တွင် ဒီပဲယင်း ကျည်ရွာအနီးသို့ ရောက်ရှိစဉ်

စစ်အစိုးရဖွဲ့ထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်များ၊

စွမ်းအားရှင်များက အကြမ်းဖက် ရိုက်နှက်ခဲ့သည်နှင့် တွေ့ကြုံ ခဲ့ကြရသည်။


ထိုဖြစ်ရပ်အတွင်း ပါတီအဖွဲ့ဝင်များနှင့် ထောက်ခံအားပေးသူ ဦးရေ ၇ဝ ထက်မနည်း

သေဆုံးခဲ့ကာ၊ အမြောက်အမြား ဒဏ်ရာရရှိခဲ့ကြောင်း အတိုက်အခံများက ပြောသည်။


သို့သော် စစ်အစိုးရက လူ ၄ ဦး သေဆုံးကာ၊ ၅ဝ ခန့် ဒဏ်ရာရရှိသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။


အဆိုပါ ဖြစ်ရပ်ဆိုးတွင် ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြန်လည်ပြောဆိုချက်များ တင်ပြလိုက်ရပါသည်။


ဦးတင်ဦး ပြန်ပြောပြတဲ့ ဒီပဲရင်း လုပ်ကြံမှု


ဒေါ်အောင်ဆန်းစုကြည် ၂ဝဝ၃ ခုနှစ်ကစပြီး စည်းရုံးရေးထွက်တဲ့ အချိန်တုန်းက အတားအဆီး၊

အပိတ်အပင်တွေ လုပ်တာတွေ ရှိတယ်။ နောက်ပိုင်းမှာကျ ပိုပြီးတော့ လုပ်လာတာကို

တွေ့ရတယ်။ အထူးသဖြင့် ဘယ်မှာများလဲ ဆိုတော့။ စတာက မြစ်ကြီးနားက စပြီးတော့

စွမ်းအားရှင်တို့၊ ကြံ့ဖွံ့တို့၊ ဘာတို့က ကားနောက်ကနေ လိုက်အော်တာတို့၊ ကိုယ်ကို

ထိတာပုတ်တာတို့ကတော့ ရှိတာပေါ့။ ဗန်းမော်ဝင်တုန်းကလည်း အဲဒီလိုပဲ။ နောက်

မိုးကုတ်ဝင်တော့ကာ သိပ်ပြီး လိုက်လာတာ မတွေ့ရဘူး။ မိုးကုတ်ရောက်တော့ မိုးကုတ်သူ

မိုးကုတ်သားတွေက တခဲနက်ကြိုဆိုကြတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေဆိုပြီး

ဆုတောင်းကြတယ်။ အဲဒီလို အောင်မြင်ပြီးတော့ လာတာကို တားစီးချင်တဲ့၊ ပိတ်ဆို့ချင်တဲ့

သဘောတွေက ပြင်းထန်လာတဲ့ သဘောတွေ ရှိတယ်။


ဘယ်မှာစဖြစ်လဲဆိုတော့ မိုးကုတ်ကနေ သပိတ်ကျင်းကို ထွက်လာတဲ့အချိန်မှာ နည်းနည်းလေး

ညနေပိုင်း စောင်းသွားတော့ ဒေါ်အောင်ဆန်းစုကို လာပြီး ကြိုဆိုတဲ့ လူအုပ်ကြီးကလည်း များတယ်။


သတင်းတွေကတော့ ရတယ်။ စာရွက်တွေနဲ့လည်း ရတယ်၊ လူကိုယ်တိုင်လာပြီး

သတင်းပို့တာတွေလည်း ရတယ်။ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေက ဒုတ်တွေ၊ ဓားတွေ၊

လောက်လေး (ဘတ်ခွ) တွေနဲ့ လာပြီး နှောင့်ယှက်ဖို့ ရှိတယ်။ လမ်းမှာ လာတဲ့ လူတွေကတော့

လောက်လေးတွေနဲ့ ပစ်တာခတ်တွေတော့ စပြီး ဖြစ်နေပြီ။ လာတဲ့ လူတွေက လမ်းမှာ

စစ်တာဆေးတာတွေ ရှိတယ်။ ဒါပေမဲ့ အစည်းအဝေးက ညနေပိုင်းမှာ လူ ၄ဝဝဝ၊ ၅ဝဝဝ လောက်ရှိတယ်။

အောင်မြင်သွားတယ်။


ကျနော်တို့က အဲဒီကနေ ထွက်လာတဲ့ အချိန်ကျတော့ အခြေအနေက တော်တော်ကို ဆိုးတယ်။

ထွက်လာပြီး မကြာခင်မှာ ဒိုင်နာကားကြီးတွေနဲ့ ကျနော်တို့ကားကို ရှေ့နဲ့နောက်နဲ့

ပိတ်ကြီးတော့ အပေါ်မှာရှိတဲ့ အသံချဲ့စက် ၄ ခုလောက် တပ်ထားပြီးတော့၊ အကြီးအကျယ်

အော်ပြီးတော့ နယ်ချဲ့အားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒ ကန့်ကွက်ကြ၊ ပြည်ဖျက်မ

စုကြည် ဆိုတာတွေ ဘာတွေကို အော်တယ်။ အဲဒီမှာ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့

ရဲမှူးကြီး၊ တပွင့်၊ နှစ်ပွင့်၊ အကြပ်တွေလည်း ရှိတယ်။


သူတို့က ကြံ့ဖွတ်တို့၊ စွမ်းအားရှင်တို့ လုပ်တာကို မပြောရဲဘူး။ သူတို့ ကြောက်တယ်။

ကျနော်တို့ကားတွေကို အတင်းပဲ သွားပါသွားပါ ပြောတယ်။ သူတို့က သွားပါသွားပါ

ပြောပေမယ့် ရှေ့ကပိတ်ထားတော့ ဘယ်လိုသွားလို့ ရမလဲ။ အဲဒီနေရာမှာ တော်တော်ကို

မှောင်သွားပြီ။ အဲဒီကနေ ထွက်လာတော့ စဥ့်ကူးကို ဝင်သွားပြီ။ အဲဒီကားကြီးတွေကလည်း

နောက်ကနေ အော်ရင်း လိုက်တယ်။ စဥ့်ကူး အဖွဲ့ချုပ်ရုံးမှာ စည်းရုံးရေး

အဖွဲ့ဝင်တွေနဲ့ တွေ့တယ်။ အဲဒီမှာ လူငယ်ဖွဲ့စည်းရေး လုပ်တယ်။ အဲဒီမှာ ည ၈ နာရီလောက်

ရောက်သွားပြီ။ အဲဒီအချိန်မှာ ကျနော်တို့တည်းတဲ့ အိမ်ကို လောက်လေးတွေနဲ့ ပစ်တယ်။

ခေါင်မိုးတွေကိုလည်း မှန်တယ်။


ပစ်လိုက်တဲ့ လောက်လေးဆံက ကျနော်တို့နားလည်း ကျတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရဲစခန်းကို

အမှုဖွင့်ဖို့ ပြောတဲ့အခါကျတော့ ကျနော်သွားပြီးတော့ အမှုဖွင့်တယ်။ အမှုဖွင့်တာကို

ရဲစခန်းက လက်မခံဘူး။ လက်မခံတဲ့ အခါကျတော့ ကျနော်က ပြောတာက ပထမ FIR လာပြီးဖွင့်ရင်

တိုင်တဲ့ဟာကို လက်ခံရမယ်၊ လက်မခံရင် တရားစွဲနိုင်တယ်လို့။ အဲဒီတပ်ကြပ်က

ကောင်းပြီဆိုပြီး လူကြီးတွေကိုပြောတော့ လက်ခံမယ်ဆိုပြီး ပြောတော့ ရဲစခန်းမှူးတွေက

လိုက်လာပြီးတော့ အမှုဖွင့်တယ်။


အမှုဖွင့်နေစဉ်အတွင်းမှာ ကားတစီး ဝင်လာတယ်။ ကားပေါ်မှာ ပတ်တီးစည်းထားတဲ့

လူတယောက်ပါတယ်လို့ ရဲတယောက်က လာပြောတော့ ပြာပြာသလဲ ထသွားတယ်။ ဘာဖြစ်လို့ ပြာပြာသလဲ

ထသွားလဲဆိုတော့ ဒဏ်ရာရတဲ့လူက ကြံ့ဖွတ်ထဲတယောက် လောက်လေးခွမှန်လို့

ပတ်တီးစည်းပြီးတော့ လာတိုင်တာ။ ဒီမှာ တိုင်နေတဲ့ တိုင်ချက်က မပြီးသေးဘူး၊

ကမန်းကတန်း ထသွားပြီးတော့ ဟိုဘက်က တိုင်ချက်သွားဖွင့်တာတို့၊ ဘာတို့ လုပ်တယ်။


ဒီဘက်မှာက တိုင်ချက်ဖွင့်တာကိုတော့ ကျန်တဲ့လူနဲ့ ပြီးအောင် လုပ်လိုက်တာပေါ့လေ။

ဆိုလိုတာက ဘာပြောချင်လဲဆိုတော့ အဲဒီအဖွဲ့အစည်းက ကြံ့ဖွတ်တို့၊

စွမ်းအားရှင်တို့ဆိုရင် ဝန်ထမ်းလောက၊ အထူးသဖြင့် ရဲတို့၊ အုပ်ချုပ်ရေးအပိုင်းက

လူတွေက တော်တော်ကို ကြောက်တဲ့သဘော ရှိတယ်။ ဒီကိစ္စကို မေးကြည့်တော့

ဒေါ်အောင်ဆန်စုကြည်ကို ကြိုဆိုတဲ့လူတွေကို သူတို့က ကားနဲ့ ဖြတ်သွားရင်းနဲ့

အပေါ်ကနေပြီးတော့မှ လောက်လေးခွတွေ၊ ခဲတွေနဲ့ ပစ်တယ်။
အောက်ကကောင်တွေက
မခံချင်တာနဲ့ နေရာမှာရှိတဲ့ လမ်းဘေးက ကျောက်စရစ်ခဲတွေနဲ့ ပြန်ပစ်လို့
မှန်သွားတယ်လို့ ပြောတာပါ။

အဲဒီညက တော်တော်ကို မှောင်သွားတော့ ဘဘကတော့ တော်တော်ကို စိုးရိမ်တယ်။
စဥ့်ကူးအထွက်နဲ့ ခြေတောက်ပေါက် အသွားမှာ လမ်းမှာ ရိုက်ကြမလားဆိုပြီးတော့
စိုးရိမ်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လုပ်တဲ့ လုပ်ရပ်တွေက ဆိုးဆိုးရွားရွား
ဖြစ်နေလို့ပါ။ ဒါပေမဲ့ စဥ့်ကူးမှာရှိတဲ့ အမျိုးသမီးအဖွဲ့တွေရော၊
ယောက်ျားတချို့ကရော၊ သံဃာတော်ကရော ခြေထောက်ပေါက်ကို သန်းခေါင်အချိန်လောက်မှာ
လိုက်ပို့ကြတယ်။

ခြေထောက်ပေါက်မှာ တရားပွဲ လုပ်တော့လည်း လူတွေက အုပ်လိုက်လာကြတာပဲ။ အဲဒီလာတဲ့အခါမှာ
တားတာဆီးတာ၊ ခရာတွေမှုတ် ဘာတွေမှုတ်နဲ့၊ လူထုက မကျေမနပ် ဖြစ်နေကြတယ်။ အဲဒီမှာ ဘဘတို့
ပြောရတယ်၊ လမ်းနဲ့ ပတ်သက်ပြီးတော့ အကျယ်ကြီး ပေးထားတာပဲ ဘာဖြစ်လို့ ဒီကားတွေက
မသွားဘဲ၊ မလာဘဲနဲ့ ဘာဖြစ်လို့ ခရာမှုတ်နေရတာလဲလို့ ပြောလိုက်တော့မှ ခရာသံ
တိပ်သွားတယ်။ တရားပွဲတွေဘာတွေ လုပ်ပြီးတော့ ဘဘတို့ မတ္တရာကို ထွက်လာတယ်။
မတ္တရာထွက်လာတဲ့အချိန်မှာ အလားတူပဲ ဖြစ်တယ်။ မတ္တရာ လမ်းမှာတော့ အနှောင့်အယှက်
မရှိဘူး။

ဘာဖြစ်လို့လဲဆိုတော့ လူတွေက နောက်ကနေ တပါထဲ ပါလာခဲ့တယ်။ မတ္တရာရောက်တော့ နေလည်စာ
စားပြီးတော့ လူအုပ်ကြီးက အဖွဲ့ချုပ်ကြိုဆိုတဲ့ တိုက်ရှေ့မှာ ခြံဝင်းကြီး ရှိတယ်။
ခြံဝင်းထဲမှာ လူတွေက ပြည့်နေတယ်။ ခုနတုန်းက လိုက်လာတဲ့ လူတွေက အဲဒီလူအုပ်ထဲ
ဝင်ပြီးတော့ အသံချဲ့စက်တွေ ဖွင့်တယ်၊ သံပုံးတွေ တီးပြီးတော့ ခုနကပြောခဲ့တဲ့
ကြွေးကြော်သံတွေကို ကြွေးကြော်တယ်။ လူတွေက မကျေနပ်ဘဲ သူတို့နဲ့
ကတောက်ကဆဖြစ်ပြီးတော့ အဲဒီနားမှာရှိတဲ့ ကျောင်းတိုက်တွေက သံဃာတော်တွေ၊
ဘုန်းကြီးတွေ ဆင်းလာပြီးတော့ သူတို့ကို လိုက်တားတယ်။ ထော်လာချီကားပေါ်က
ဘုန်းကြီးတွေကို လောက်လေးခွနဲ့ လိုက်ပစ်တယ်။

အော်တဲ့လူတွေက ဘုန်းကြီးတွေလည်း ရောက်လာတော့ သူတို့လည်း အကုန်လုံး ထွက်ပြေးကြတယ်။
မတ္တရာ ထွက်လာပြီးနောက် တလမ်းလုံးက အနှောင့်အယှက် ဖြစ်တော့တာပါပဲ။ မန္တလေးရာက်တော့
တရက်၊ ၂ ရက်နေတော့ ဘာမှမဖြစ်ဘူး။ မန္တလေးက ထွက်တဲ့အချိန် မေလ ၂၉ ရက်နေ့မှာ
မုံရွာဘက်ကို ထွက်တယ်။ မုံရွာဘက်ကို ထွက်တော့ မြင်းမူအရောက်မှာ သတင်းရတယ်။

အဖွဲ့ချုပ်က ဘာပြောလဲဆိုတော့ မုံရွာဘက်မှာ လူတစု စုပြီးတော့ ရိုက်မယ်ပြုမယ်နဲ့
လူစုနေကြတယ်လို့ အဲဒီလို ပြောတယ်။ ပြောတဲ့အခါကျတော့ ရန်ကုန်မှာရှိတဲ့ အဖွဲ့ချုပ်က
ခေါင်းဆောင်တွေကလည်း ဒီသတင်းရတယ်။ ဘဘက ဥက္ကဋ္ဌ ဦးအောင်ရွှေကို ခေါ်တယ်၊ ဦးအောင်ရွှေကလည်း
ဘဘကို ခေါ်ဖို့ ကြိုးစားရင်းနဲ့ နှစ်ယောက်ဆုံတယ်။ ခုနကပြောသလို သတင်းရတယ်။
သတင်းရတဲ့အတွက် သက်ဆိုင်ရာ အကြီးအကဲတွေကိုတော့ သတင်းပို့ထားပြီးပြီ။ ခင်ဗျာတို့
သွားတဲ့အခါ သတိထားသွားပါ၊ စသဖြင့် အဲဒီလို ပြောတယ်။


ဘဘကလည်း ဒီမှာရှိတဲ့ လုံခြုံရေး အသိုင်းအဝိုင်းကိုလည်း အကြောင်းကြားထားပြီးပြီ။

တတ်နိုင်သလောက်
လုံခြုံရေးစောင့်ရှောက်ဖို့ ပြောထားတယ်။ အဲဒီလိုပြောပြီးတော့ မြင်းမူကနေ
စထွက်ကြတယ်။ အဲဒီကနေ စထွက်တဲ့ အချိန်ကစပြီး အော်တာတွေ ဘာတွေလည်း ပါတယ်။
မုံရွာမရောက်ခင် မြို့ဝင်မှာကတည်းက လူအုပ်က အများကြီး ဖြစ်နေပြီ။

နေရာတနေရာမှာ ဆန့်ကျင်ဘက် အော်မယ့်သူရော၊ အော်ရုံတင်မကဘူး နှောင့်ယှက်ဖို့
တော်တော် ကြမ်းကြမ်းတမ်းတမ်း နှောင့်ယှက်ဖို့ ပြင်နေတဲ့ လူ ၄-၅-၆ဝ လောက်က
လမ်းအကွေ့လေးနားမှာ ဆန့်ကျင်ဖို့၊ ပြုဖို့ နည်းနည်းလေး အကြမ်းဖက်ချင်တဲ့သဘော
သူတို့ အမူအရာတွေက မကောင်းဘူး။ ကျနော်တို့ကို ဘယ်သူက စောင့်ရှောက်လဲဆိုတော့
မုံရွာက လူငယ်တွေလည်း ပါတယ်။ မြို့လူထုလည်း ပါတယ်။ နောက် မုံရွာက သံဃာတော်တွေရော၊
မန္တလေးဘက်က လိုက်လာတဲ့ သံဃာတွေလည်း ပါတယ်။ ဆိုတော့ သူတို့ ဝိုင်းဝန်းပြီးတော့
အတားအဆီး အပိတ်အပင်လုပ်လိုက်တဲ့အခါ ဘာမှ မဖြစ်သွားဘူး။ အဲဒီအချိန်မှာ
မှောင်စပြုနေပြီ။ အဲဒီကနေ လာလိုက်တာ ဆိုင်းဘုတ်တင်မယ့် နေရာကို ည ၈ နာရီ
နီးပါးလောက်မှာ ရောက်တယ်။

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ လူထုက လာရောက်ထောက်ခံကြိုဆိုတဲ့ အထဲမှာ မိုးကုတ်နဲ့
မုံရွာက အများဆုံး ဖြစ်တယ်။ မုံရွာအဝင်မှာ မှောင်နေတဲ့အတွက်
ဖယောင်းတိုင်တွေထွန်းပြီး လိုက်ကြတဲ့သူတွေက အများကြီးပဲ။ အဲဒီမှာ
အဖွဲ့ချုပ်ရုံးရောက်တယ်။ အဖွဲ့ချုပ်ရုံးမှာ ဆိုင်းဘုတ်တင်ပြီးတော့ကာ မုံရွာအဖွဲ့ချုပ်က
စည်းရုံးရေး ပုဂ္ဂိုလ်တွေကို ဖမ်းချုပ်တယ်။ ခေါ်ပြီးတော့ မေးတယ်။ ဗဟိုကတော့
ကျနော်တို့က အမိန့်ရတယ်။ မြို့နယ်က သက်ဆိုင်ရာ မယကကို ခွင့်မတောင်းဘူးဆိုပြီးတော့
ဖမ်းချုပ်တယ်။

အဲဒီဟာတွေကို ရှင်းရလင်းရတာ လုပ်ပြီးတော့၊ ပြေလည်တော့ သွားတယ်။ ဘဘတို့က ဗဟိုက အမိန့်စာနဲ့
လာတဲ့အတွက် ပြောလည်တော့ သွားပြီ။ ဒါပေမဲ့ အဲဒီမှာစပြီး ပဋိပက္ခလေးတော့ ရှိနေကြပြီ။
တည်းတဲ့ အိမ်ရောက်တော့ ၁၁ နာရီလောက် ရှိပြီ။ အဲဒီမှာ လူငယ်ဖွဲ့စည်းပုံအရ
လူငယ်ဖွဲ့စည်းရေး လုပ်တယ်။

လုပ်တဲ့အချိန်မှာ အောက်မှာက သင်္ကန်းဝတ်တချို့က တကာမကြီး တွေ့ချင်လို့ ဆင်းခဲ့ပါတို့
ဘာတို့ပေါ့လေ။ နောက်ပြီး တရားဟောပါပေါ့လေ။ ဘုန်းကြီးတို့ စောင့်နေပါတယ်ပေါ့လေ။
ဒေါ်အောင်ဆန်းစုကြည်က ကျနော့်ကို ပြောတယ်။ ခဏသွားပြီးတော့ ပြေလည်အောင်
လုပ်ပေးပါဆိုပြီးတော့ ပြောတယ်။ အဲဒီမှာ ဘဘဆင်းသွားတယ်။ ဆင်းသွားတဲ့အခါကျတော့
သူတို့ကို တွေ့တယ်။ သူတို့ အမူအရာက မကောင်းဘူး။ ရန်လိုတဲ့ အမူအရာ ဖြစ်နေတယ်။

ဘုန်းကြီးအစစ်တော့ မဟုတ်ဘူး။ သင်္ကန်းဝတ်ထားတဲ့ လူတွေ ဖြစ်တယ်။ သူတို့ရဲ့ အမူအရာက
ရန်မူတဲ့ အမူအရာတွေ ဖြစ်နေတော့ ဘဘက တောင်းပန်တယ်၊ ရှစ်ခိုးပြီးတော့ အရှင်ဘုရား
ညဥ့်လည်း နက်ပါပြီ၊ တကာမကြီးလည်း အလုပ်က မပြီးသေးပါဘူး။ တနေ့လုံးလည်း
ပင်ပန်းနွမ်းနယ်လှပါတယ်။ ဒါပြီးရင်လည်း နည်းနည်းနားဖို့ လိုပါတယ်။ ဆရာတော်အနေနဲ့
မနက် အာရုံဆွမ်းဖိုးပေးပြီးတော့ ပြန်ကြွလာလို့ ရှိရင်လည်း တကာမကြီးကို
တွေ့နိုင်ပါတယ်လို့ လျှောက်ထားတယ်။

မတွေ့နိုင်ဘူး၊ မပြန်နိုင်ဘူး။ ဒီနေ့ည ဒီတကာမကြီးကို မတွေ့ရရင် ကျုပ်မပြန်ဘူး။
ခေါ်လာခဲ့၊ ဆင်းပေးပါ။ တပည့်တော်က ခေါ်ပြီး ဆင်းခိုင်းလို့ မရဘူး။ အပေါ်မှာ သူ
အလုပ်လုပ်နေတယ်။ ပြီးရင် သူ အနားယူပါမယ်။ အလုပ်လုပ်ရင် ည ၁၂ နာရီ၊ ၁ နာရီထိ
ရောက်သွားမယ်။ သူအိပ်ချိန်က ၂ နာရီ၊ ၃ နာရီလောက်ပဲ ရှိမယ်။ ဆရာတော်
သံဃာတော်ရှင်မြတ်များအနေနဲ့ ကျောင်းကို ပြန်ပြီး အေးအေးဆေးဆေး ကြွပါ။ ပြီးတော့မှ
တရေးတမော အိပ်ပြီးတာ့မှ ပြန်လာပါပြောတာကို မရဘူး။ ပူညံပူညံ လုပ်နေတဲ့အခါမှာ
ဘေးနားမှာရှိတဲ့ လူတွေက ရပ်ကြည့်နေကြတာပေါ့။ တခြားတဖက်မှာရှိတဲ့ လူငယ်တွေက
ကျောင်းသားတွေ ရောက်လာကြတယ်။ သူတို့ကလည်း အဲဒီလို ဘုန်းကြီးတွေ လုပ်နေတာကို
မကြိုက်ဘူး။ မကြိုက်တဲ့ အမူအရာကို လူအုပ်က ပြတဲ့အခါကျမှ သူတို့က
ယောင်ချာ၊ယောင်ချာနဲ့ ပြန်သွားကြတယ်။

စိတ်ထဲမှာတော့ သိနေတယ်။ မနက်ဖြန်တော့ တခုတခုတော့ လုပ်မှာပဲဆိုတာ သိနေတယ်လေ။

တကယ်တမ်းကျတော့ ဘေးကနေ လုပ်မယ်ဆိုတဲ့ သတင်းတွေကလည်း ထပ်ထပ်ရနေကြတယ်။ ဒါနဲ့
မုံရွာကနေ ထွက်တော့ လိုက်ပို့တဲ့ လူအုပ်က မနည်းဘူး။ သံဃာတော်တွေရော၊ မုံရွာက
ကျောင်းသားတွေရော၊ မန္တလေး စစ်ကိုင်းဘက်က ပါလာတဲ့ အမျိုးသမီးအဖွဲ့တွေရော
ကားတန်းတွေက အရှည်ကြီးပေါ့။ အဲဒီမှာ ရှေ့ဆက် တော်တော်လေးသွားတဲ့ အခါကျတော့
ဘုတလင်လောက် ရောက်ခါနီးတော့ ဘာသိလဲဆိုတော့ နောက်က လိုက်လာတဲ့ ကားတွေကို ဖမ်းတယ်၊
ဆီးတယ်၊ တားတယ်၊ ပိတ်တယ်တွေ လုပ်တယ်လို့ ကြားတယ်။

အဲဒီနောက် ကားတွေက ပါမလာဘူး။ ကားတော်တော်များများက ပါလာတယ်။
အမြှီးပိုင်းလေးလောက်တော့ ကျန်ခဲ့တယ်။ ဘုတလင်မှာ အစည်းအဝေးလုပ်တယ်။ လူငယ်တွေ
ဖွဲ့စည်းတာတွေ လုပ်တယ်။

ပြီးသွားတဲ့အခါ နောက်အဖွဲ့တွေ မလာသေးတဲ့အတွက်ကြောင့် သွားခေါ်ဖို့ လူလွှတ်လိုက်တဲ့
အခါကျတော့ ဘဘတို့ ရှေ့ဆုံးက လမ်းပြတဲ့ ကားကို ပြန်လွှတ်လိုက်တယ်။ အဲဒီကားလည်း
ပြန်မလာဘူး။ အဲဒီမှာ အခြေအနေကတော့ သိပ်မကောင်းတော့ဘူး။ နည်းနည်းတော့ အဖမ်းအဆီး၊
အချုပ်အနှောင်တွေက များနေပြီ။ ဘုတလင်မှာ အားလုံးပြီးသွားတဲ့ အချိန်မှာ ၄ နာရီခွဲ
ရောက်ပြီ။

ပန်းကုံးဆွတ်တာတို့ လုပ်တာတွေ ရှိသလို တချို့နေရာတွေက ၁ဝဝ-၁၅ဝ လောက်ရှိတဲ့ လူတွေက ၅
နာရီလောက်မှာ ဘုတလင်က ထွက်လာတယ်။ လမ်းမှာရှိတဲ့ ရွာတွေက ကြိုတာတို့၊ တလျှောက်လုံး
မပြတ်ဘူး၊ ရှိနေကြတယ်။ တချို့ရွာတွေက တရားဟောခိုင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်က
တရားမဟောနိုင်တော့ပါဘူး။ လာကြိုတဲ့ လူတွေကို လက်ကလေးပြပြီး
ပြန်နှုတ်ဆက်ပြီးလာခဲ့တဲ့ အချိန်မှာ စိုင်ပြင်ကြီးဆိုတဲ့ နေရာကို ရောက်တယ်။ အဲဒီကို
ရောက်တဲ့အချိန်က သိပ်မမှောင်သေးဘူး၊ အလင်းရောင် ရှိတယ်။

ဘယ်အချိန်လောက် ရှိမလဲဆိုတော့ ည ၆ နာရီခွဲလောက် ရှိမယ်။ အလင်းရောင် ကျန်သေးတော့
အဲဒီကို ဝင်လိုက်တယ်။ ဝင်လိုက်ရတဲ့ အကြောင်းအရင်း တခြားမဟုတ်ဘူး။
စိုင်ပြင်ကြီးရွာကို ကိုဝင်းမြင့်အောင် ဒီပဲယင်းရဲ့ လွှတ်တော်ကိုယ်စားလှယ်၊ သူက
အဖမ်းခံထားရတယ်။ သူ့မိသားစုတွေကို အားပေးစကားပြောဖို့ ဝင်လိုက်တယ်။
ဝင်လိုက်တဲ့အချိန်မှာ အပြင်မှာ လူအုပ်ကြီးက အများကြီး ရောက်လာတယ်။


လူကတော့ ၄-၅ဝဝဝ လောက် ရှိမယ်။ တချို့ကလည်း သူတို့ကားနဲ့ သူတို့ ဆိုင်ကယ်တွေနဲ့
လိုက်လာကြတယ်။ ပြန်ခါနီးကျတော့ ထွက်လို့ မရဘူး။ ပြောရဟောရ တောင်းပန်ရ လုပ်ရသေးတယ်။
စကားပြောတဲ့အချိန်မှာ အချိန်လေးက ရသွားတော့ ထွက်တဲ့အချိန်က မှောင်စပြုနေပြီ။
စိုင်ပြင်ကြီးက ထွက်လာတဲ့အချိန်က မှောင်စပြုနေပြီ။ ထွက်တဲ့အချိန်မှာ လမ်းပြတဲ့
ကားက မုံရွာဘက် ပြန်သွားတာ ပြန်မလာတော့ ဒေသခံ လမ်းပြ ဂျစ်ကားလေးက ရှေ့က
မောင်းပြီးတော့ နောက်ကလိုက်တဲ့ ဘဘကား (တောင်းအေစ့်) က ရှေ့ဖြစ်သွားတယ်။

ဘဘကားနောက်က ဒေါ်အောင်ဆန်းစုကြည်ကား၊ နောက်က မန္တလေး စစ်ကိုင်း မုံရွာတို့က
လိုက်ပို့တဲ့ ကားတွေဗျာ။ စိုင်ပြင်ကြီးအထွက်မှာ ကားက တခါရပ်တာ တွေ့လိုက်ရတယ်။
ကျနော်ကလည်း ရပ်စောင့်နေတယ်။ တခါပြန်ထွက်လာတော့ ကျည်ရွာကို ရောက်တယ်။ ကျည်ရွာမှာ
တခါရပ်တယ်။ ကျည်ရွာမှာ ရပ်တဲ့ အချိန်မှာ နည်းနည်းလေး ကြာတယ်။ ၁ဝ မိနစ်၊ ၁၅
မိနစ်လောက် ကြာမယ်ထင်တယ်။ ဘဘက ကားကို ရပ်စောင့်တယ်။ နောက်တော့
ဒေါ်အောင်ဆန်းစုကြည်ကား ထွက်လာပြီး မကြာဘူး သူ့ကားကို ရပ်လိုက်တယ်။ ဘဘတို့ကားလည်း
ရပ်လိုက်တယ်၊ သိပ်မကြာဘူး။ ဒေါ်အောင်ဆန်းစုကြည်နောက်က လိုက်လာတဲ့ ကားတွေ
ရောက်လာတယ်။

ကလေးတွေက မော်တော်ဆိုင်ကယ်နဲ့ ဘုန်းကြီးတွေ တင်လာတာတွေ အများကြီးပဲ။ သူတို့က
အုပ်ကြီးလိုက် ရောက်လာတယ်။ ကျည်ရွာမှာ ရှိနေတဲ့ ကားတွေကို နောက်က လိုက်လာတဲ့
ဒိုင်နာကားပေါ်က လူတွေက ရိုက်ကုန်ပြီ၊ သေတဲ့လူတွေ သေကုန်ပြီ၊ အဘတို့နဲ့
ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ လုံခြုံရေးကို ကျနော်တို့ တာဝန်ယူတယ်တဲ့။ ကလေးတွေက
ကျနော်တို့ကားနဲ့ ဒေါ်အောင်အောင်ဆန်းစုကြည်ကားကို ဝိုင်းပြီးတော့ လုံခြုံရေး
ယူပေးတယ်။

ဘဘကို ကားပေါ်က မဆင်းဖို့ ပြောတယ်။ ဘဘလည်း မဆင်းဘဲ မနေနိုင်ဘူး။ လိုက်သွားပြီးတော့
ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ရဦးမယ်။ အခြေအနေသိအောင် ကားပေါ်ကဆင်းပြီး ဒေါ်အောင်ဆန်းစုကြည်
ရှိတဲ့နေရာကို သွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကားနဲ့ ဘဘကား ရပ်ထားတဲ့နေရာနဲ့
ကိုက်၂ဝ-၂၅ လောက် ဝေးမယ်။ အဲဒီကို ဘဘသွားလိုက်တယ်။


ဒေါ်အောင်ဆန်းစုကြည်ကား (Double Cap) ပေါ့။ သူက အလယ်ခန်းမှာ ရှိတယ်။ ဘဘက
ကားဘေးရောက်တော့ ကျည်ရွာမှာ ရိုက်ကုန်ပြီးလို့ ပြောတော့ သူ သိတယ်။

ဘဘက အန္တရာယ်ဖြစ်နေတယ်ဆိုတော့ သူ့ကားကို သွားစေချင်တယ်။ ကားကို ဒီပဲယင်းဘက်ကို
မောင်းစေချင်တယ်။ ကျနော်က သွားခိုင်းတာကို သူက မသွားဘူးလို့ ပြောတယ်။ နောက်က
အရိုက်အနှက်ခံနေရတဲ့သူတွေ၊ သူ့ကို ကြိုဆိုတဲ့ လူတွေကို ရိုက်တာနှက်တာတွေကို သူ
လက်မခံဘူး။ ဒါကြောင့်မို့ ဒီလူတွေနဲ့အတူ သူ နေမယ်။ မသွားဘူးဆိုပြီး ပြောတယ်။
စိတ်ထဲမှာတော့ သိပ်စိုးရိမ်သွားတာပေါ့ဗျာ။ မသွားရင်တော့ ဒုက္ခများလိမ့်မယ်ဆိုပြီး၊
နောက်ပိုင်းက အခြေအနေသိအောင် ကြည့်တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားနောက်က မန္တလေးကားကို လွန်သွားတဲ့အချိန်မှာ
ဘာမြင်လဲဆိုတော့ မီးအနီးရောင်တွေက အပေါ်မှာ အနီရဲရဲတွေ မီးရှို့ထားတဲ့
မီးလောင်တဲ့ပုံ ဖြစ်နေတယ်။ အဲဒီရှေ့က ကားတွေက မီးထိုးထားတာက မီးက အဖြူရောင်ပေါ့။
အဲဒီမှာက လူတွေက ရုတ်ရုတ်သဲသဲ အော်ကြဟစ်ကြနဲ့ ကမ္ဘာပျက်သလိုပါပဲ။ လမ်းဘေးက
ဖုံတွေကလည်း ထ၊ မီးအလင်းရောင်အောက်မှာ မြင်ကွင်းတွေက ဆိုးဆိုးရွားရွားတွေ
မြင်နေရတယ်။ ဘဘက စိုးရိမ်ပြီးတော့ သိပ်ပြီးတော့ နီးနေပြီဆိုတော့ ပြန်လာတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့ကိုသွားဖို့ ပြန်လာတာ။ သူ့ဆီရောက်တော့ အခြေအနေတွေ
အားလုံးပြော ပြတယ်။ သူ မသွားဘူးတဲ့။ အဲဒီလို မသွားဘူး ပြောနေတဲ့အချိန်မှာ
လှမ်းကြည့်လိုက်တော့ နောက်က ကားတကားကို စပြီး ရိုက်နေနပြီ။ ရိုက်တဲ့ အသံတွေ စပြီး
ကြားနေရပြီ။ ဝုန်းဝုန်းနဲ့ ရိုက်သံတွေ ကြားနေရတယ်။ နောက် ဒုတိယကားကိုလည်း
ရိုက်နေပြီ။ ဒေါ်အောင်ဆန်စုကြည်ကား (Double Cap) ရဲ့ တံခါးပေါက်ထိပ်နားကို
ရောက်လာတော့၊ ကိုတိုး ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တာဝန်ယူတဲ့ လူငယ်က
ကားပေါ်မှာပါတဲ့ လူငယ်တွေက ကားအောက်ကို ဆင်းပြီး ကာကွယ်ထားတဲ့ သဘော ရှိတယ်။

အဲဒီအချိန်မှာ ကိုတိုးက အော်လိုက်တယ်။ ဘာ အော်လိုက်လဲဆိုတော့ ဒီကားဟာ
နိုင်ငံခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကား၊
ဘဘကလည်း မင်သက်မိနေရာကနေ သတိရလာပြီး ကုန်းအော်တယ်။ ဟေ့ကောင်တွေ မလုပ်နဲ့၊
မရိုက်နဲ့ဆိုပြီး ကုန်းအော်တယ်။ အော်နေတဲ့အချိန်မှာ စက္ကန့်ပိုင်းလေးလောက်တော့
ရပ်သွားတယ်။

သင်္ကန်းဝတ် ရွယ်သူ ၄-၅ ယောက်လောက်က သင်္ကန်းဝတ် ဒုတ်နဲ့ သူတို့က ရှေ့ကဗျာ။
နောက်ကကောင်တွေက ညာသံပေးတဲ့ အကောင်တွေ၊ လူငယ်လူလတ်ပိုင်းတွေ။ သူတို့က
ပုဆိုးတိုတိုနဲ့ ခါးစည်းထားတယ်။ နောက် လက်မှာ အမှတ်အသားပါတယ်။ လက်မှာက
ဝါးရင်းဒုတ်တွေကို ကိုင်ထားတယ်။ နောက်ကနေ အော်နေတယ်။ ခဲတွေနဲ့ ပစ်တယ်။ ဒီကောင်တွေ
ချကွာဆိုပြီး နောက်ကနေ အော်နေတယ်။ ဒုတိယအကြိမ်ရိုက်ဖို့ လုပ်ရာကနေ ရပ်သွားသေးတယ်။
နောက်ကကောင်တွေက ရိုက်ခိုင်းနေတယ်ဆိုတော့ ရိုက်မှာပဲဆိုတာ ဘဘ တွက်ထားတယ်။


ဘဘက ဒုတ်လွတ်တဲ့ နေရာကို နည်းနည်းလေးရှောင်ပြီးတော့ လှည့်လိုက်တဲ့အခါ နောက်က
ရိုက်တာပဲဆိုပြီး ရှောင်လိုက်တဲ့အခါ ဘဘ လဲကျသွားတယ်။ ဘဘ ခြေထောက်က ခြေကျင်းဝတ်
လည်ပြီးတော့ ထလိုက်တဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားဘောနပ်ရှေ့ရောက်တဲ့
အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကား ထွက်သွားတယ်။ ကျနော်ကတော့ အဲဒီလို
ထွက်သွားတဲ့အချိန်မှာ သိပ်ပြီးတော့ ဝမ်းသာသွားတယ်။ ရိုက်တော့ ရိုက်တယ် မထိဘူးပေါ့။
သူ ဒီသေတွင်းက လွတ်ပြီဆိုပြီး ဝမ်းသာသွားမိတယ်။

ဘဘက ဘဘကားဆီ အပြေးသွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကားကို ရိုက်ရင်းရိုက်ရင်း
လိုက်သွားတော့ မမီဘူး။ သူတို့ပါးစပ်က ဆဲတာဆိုတာ၊ ကြိမ်းတာမောင်းတာတွေ လုပ်ရင်းနဲ့
လိုက်သွားတယ်၊ မမီဘူး။ မမီတဲ့ အခါကတော့ ဘဘစီးလာတဲ့ကားကို လှည့်ပြီးတော့
ရိုက်တာပေါ့နော်။


ဘဘကားကလည်း မောင်းထွက်သွားတော့ မမီလိုက်ဘူး။ ဘဘက ကိုက် ၁၅ ကိုက်လောက်မှာ
ကျန်ရစ်ခဲ့ပြီးတော့ ဘဘကား ထွက်သွားတယ်။ အဲဒီကောင်တွေက မော်တော်ကားကို မမီတဲ့
အခါကျတော့ ဆဲဆိုပြီးတော့ ပြန်လာကြတယ်။ ရိုက်တဲ့ သင်္ကန်းဝတ်တဲ့ ကောင်တွေနဲ့ နောက်က
ညာသံပေးပြီး လုပ်ခိုင်းတဲ့ သူတွေက ပြန်လာကြတယ်။


ကျနော်က လမ်းရဲ့ ညာဘက်ဘေးနားမှာ ငြိမ်ပြီးတော့ နေရတယ်။ သဘောက ညဆိုတော့ မမြင်ဘူး။
လွတ်ရင် ဒီပဲယင်းဆီ ပြေးမယ်ဆိုပြီး ပြင်ထားတယ်။ သူတို့ ဘဘနဲ့ အလှမ်းဝေးတဲ့
နေရာလည်း ရောက်ရော ဒီပဲယင်းဘက်ကို ပြေးတာပဲ။ မောလို့ရှိရင် လမ်းလျှောက်လိုက်၊
အမောလေးဖြေလိုက်၊ ပြေးလိုက်လုပ်တယ်။



ဒီပဲယမ်းဘက်ကို ပြေးလာတဲ့ အချိန်မှာ နောက်ဘက်က အော်သံတွေ ကြားတယ်။ မန်း ၁
ဒီကိုလာစု၊ မန်း ၂ ဟိုဘက်မှာစု ဆိုတဲ့ အသံတွေ ကြားနေရတယ်။ မန်း ၁၊ မန်း ၂ ဆိုတာက
မန္တလေးက ခေါ်လာတဲ့ အကောင်တွေပဲလားဆိုပြီး စဉ်စားစရာ ဖြစ်သွားတယ်။ အဲဒီဟာ
ကြားပြီးနောက်မှာ ရှေ့မှာ လူတယောက် တွေ့တယ်။ ရှေ့မှာတော့ ဒီကောင်တွေ
မရှိသေးဘူးဆိုတာ သိထားတယ်။ ရှေ့မှာ တွေ့ရတဲ့ လူတွေ ငါတို့ဆီဘက်က လွတ်သွားတဲ့ လူတွေ
ဖြစ်နိုင်တယ်ဆိုပြီး လှမ်းမေးလိုက်တော့ ခင်ဦးမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာဝင်းအောင်နဲ့ တွေ့တယ်။ ကျနော် ခြေကျင်းဝတ် လည်သွားတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ လွတ်သွားတယ်။ သူတို့ လှမ်းရိုက်တာကို ရှောင်လိုက်တဲ့အတွက်
ဒုတ်နဲ့ ထိုးမိတာ ဖြစ်တယ်။ ပါးစပ်မှာ ကွဲသွားတယ်။ သူ့ရင်ဘတ်မှာ သွေးတွေက ရဲနေတာပဲ။


ဒေါက်တာဝင်းအောင် သွားတွေ၊ ဘာတွေ ပျက်စီးသွားတယ်။ ကျနော်မှာ ဖိနပ်မပါတော့
သူ့ဖိနပ်တွေ ဘာတွေ ချွတ်ပေးတယ်။ နှစ်ယောက်အတူတူ သွားတဲ့အခါ ရှေ့နည်းနည်းလေး
ရောက်တဲ့အခါမှာ ၉ နာရီ ထိုးသံ ကြားရတယ်။ အဲဒီ နာရီအသံကြားပြီး မကြာခင်မှာ ဒီပဲယင်း
တပ်ကနေ ပုဒ်မ ၁၄၄ ထုတ်သံကို ကြားလိုက်ရတယ်။ အဲဒီကနေ ဆက်သွားတဲ့အခါကျ မန္တလေးတိုင်းက
လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ကို တွေ့တယ်။



မူလက ဒေါ်အောင်ဆန်းစုကြည်နဲ့ ကားပေါ်မှာ ရပ်တုန်းက ကိုတိုးအောင်၊ ညာဘက်က ကျနော်၊
ကျနော်နဲ့ ကပ်ပြီး ရပ်နေတဲ့သူက ဦးတင်အောင်ရဲ့ဘေးက မန္တလေးက ကလေးလေး။ အဲဒီကလေးလေးက
သနားစရာ ကောင်းပါတယ်။ သူ့ကို လူကြီးတွေက ရိုက်မယ်လုပ်တော့ အကိုတို့ရယ် ကျနော့်ကို
မရိုက်ပါနဲ့ ကျနော်က ကျောင်းသားလေးပါ။ ကျနော်က မိဘကို လုပ်ကျွေးနေတာပါ။ ကလေး
သဘာဝအတိုင်းပြောတာ၊ တောင်းပန်နေတာ ကျနော် ကြားယောင်နေမိတယ်။ အဲဒီကနေ
ဆက်ပြီးသွားတော့ ဘဘတို့ဘက်က ကားမီးက လင်းလိုက်၊ မှိတ်လိုက်၊ လင်းလိုက်ဆိုတော့၊
ကျနော်တို့ စိတ်ထဲမှာ ထင်တာက ဒေါ်အောင်ဆန်းစုကြည်က လွတ်သွားပြီးတော့ ကျန်တဲ့လူတွေက
သူ့လူကို သူ စောင့်ခေါ်နေတယ် ထင်ပြီးတော့ ဘဘတို့ မြန်မြန်သွားကြတယ်။
ဟိုလည်းရောက်ရော၊ အနားလည်းရောက်ရော၊ ကားတွေက မီးတွေဖွင့်လိုက်တဲ့ အခါကျတော့
ဘဘတို့ကို မီးနဲ့ထိုးထားသလိုဖြစ်ပြီး မီးတွေ လင်းနေတယ်။



ဘဘတို့ကို ရိုက်ဖို့ ဆင်းလာကြတယ်။ ဘဘတို့အနား ရောက်လာတော့ ဘဘက အော်ပြောလိုက်တယ်။
ဟိုက ငါတို့ကို ရိုက်လို့ ငါတို့က အသက်လုပြီးတော့ ထွက်ပြေးလာတယ်။ မင်းတို့က ဒီကနေ
ပိတ်ပြီးတော့ လုပ်မယ်ဆိုတော့ကာ မင်းတို့နဲ့ပတ်သက်ပြီး ငါတို့ ဘာလုပ်လို့လဲ။
ငါတို့မှာ ဘာလက်နက်များ ပါလို့လဲ။



မင်းတို့နဲ့ ငါတို့က ဘာဖြစ်လို့လဲလို့ ပြောလိုက်တော့ တန့်သွားတယ်။
ခေါင်းဆောင်လုပ်တဲ့သူက ဟေ့ကောင်တွေ ခဏနေဦး။ သူတို့ကို မေးကြည့်ရဦးးမယ်။ အကောင်
နှစ်ကောင် သုံးကောင်လောက်က ပြောတယ်။ ခုနတုန်းက ကားတစီး ဖြတ်သွားတယ်။
အားလုံးပိတ်ဆို့ထားတဲ့ အတားအဆီးကိုလည်း၊ အတင်းတိုက်ပြီးတော့ ထွက်သွားတယ်။
တချို့လူတွေ ထိခိုက်ဒဏ်ရာ ရတယ်။ တချို့ကို ဆေးရုံပို့ရတယ်။


ကျုပ်တို့လူတွေကို သေအောင်လုပ်တဲ့အတွက် ချရမယ်၊ နှက်ရမယ်လို့ အဲဒီလိုပြောတယ်။
ငါတို့က ဟိုက အသက်လုပြေးလာရတယ်။ အခု မင်းတို့က လုပ်မယ်ဆိုရင် ဥပဒေက ကြီးလေးတဲ့
ပြစ်ဒဏ်ခံရမယ်လို့ ဘဘက ပြောတယ်။ ခေါင်းဆောင် လုပ်တဲ့သူက ခင်ဗျား
ဘယ်သွားချင်လဲဆိုတော့ ကျနော်လာရင်းက ဒီပဲယင်း သွားဖို့ပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့
အတူလာတာ၊ သူဘယ်ရောက်လဲဆိုတာ သိခွင့် ရှိတယ်။ သူနဲ့ တွေ့ချင်တယ်လို့ ပြောတယ်။



အဲဒီလိုပြောတော့ ဟိုအမှောင်ထဲမှာ ထိုင်နေဆိုပြီးတော့ ပြောတယ်။ အပေါ်က ကောင်တကောင်က
ရိုက်မယ်ဆိုပြီး ပြေးဆင်းလာတော့ အပေါ်က ကောင်တွေက ရိုက်ကွာ၊ ထိုးကွာ
နိုင်ငံခြားအားကိုးတဲ့ ကောင်တွေ၊ ဘာတွေညာတွေဆိုပြီး အပေါ်ကောင်တွေက ကြွေးကြော်သံတွေ
အော်နေကြတဲ့အချိန်မှာ ခေါင်းဆောင်လုပ်တဲ့သူက ဟေ့ကောင်တွေ ပါးစပ်ပိတ်၊ တိတ်စမ်း၊
လုပ်စရာရှိတာ ဒီလူတွေနဲ့ စကားပြောနေတယ်။ မင်းတို့ ပါးစပ်ပိတ်လို့ ပြောတော့
ငြိမ်သွားတယ်။ အဲဒါကိုကြည့်ပြီး ဘဘက စဉ်းစားတာက သူတို့ဟာ အဖွဲ့အစည်းတခုခုက
သင်တန်းပေးထားတဲ့ သူတွေလား။ တပ်ထဲက အဝတ်အစား လဲပြီးတော့မှ လုပ်တာလား၊ ရဲထဲကပဲလား
ဆိုတာကို စဉ်းစားနေမိတယ်။



ဘာဖြစ်လို့လဲဆိုတော့ အုပ်ချုပ်တဲ့ ကောင်ရဲ့ အမိန့်ဟာ ကွပ်ကဲမှု အနေအထားအရ လိုက်နာမှု
ရှိတယ်။ ချက်ချင်း ပြောတဲ့အခါ ချက်ချင်း ရပ်သွားတာတွေ၊ မသွားနဲ့ဆို မသွားတာတွေ၊
ရပ်ဆို ရပ်တာတွေကို သတိထားကြည့်မိတော့ ဒါဟာ အဖွဲ့အစည်းတခုအနေနဲ့ လာလုပ်တာပဲလို့
အောက်မေ့တယ်။ အဲဒီလို တွေးရင်းနဲ့ ကားသံတွေ ကြားတယ်။



သူတို့ လူတွေထဲက အော်သံတွေ ကြားတယ်။ ရှေ့မှာ လူကြီးတွေ လာတယ်ပြောတဲ့ အချိန်မှာ
ကားတွေ ဝင်လာတယ်။ ဘဘတို့ကို မေးနေတဲ့ အကောင်က ပြန်သွားတယ်။ ဟိုမှာပဲ စကားတွေဘာတွေ
ပြောနေတော့ ဘဘတို့က ထိုင်နေတယ်။ ခဏနေတော့ ဘဘတို့အထဲက ဦးပေါခင်က အခြေအနေက ဘာမှ
မထူးဘူး၊ လူကြီးတွေ လာတယ်လို့လည်း ပြောတယ်။ အဲဒီအချိန်မှာ နည်းနည်းလေးတော့ အခြေအနေ
အေးသွားတယ်။ ကျနော့်အနားကနေ အခြေအနေလေး ချောင်းကြည့်လိုက်ဦးမယ်ဆိုပြီး
သွားကြည့်တယ်။

သူကြည့်ပြီး ပြန်လာပြောတယ်။ ဟုတ်တယ်။ အခုလာတဲ့ အထဲမှာ ရဲအဖွဲ့က လူကြီးတွေလို့
ထင်ရတယ်။



သူတို့ကို မေးစမ်းနေတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေကို ပြန်ပြီး ပို့ပေးဖို့နဲ့
ဒီမှာရောက်တဲ့ လူတွေကိုလည်း လုံခြုံတဲ့ နေရာပို့ဖို့ ပြောတယ်။ အဲဒီလိုပြောနေရင်းနဲ့
နောက်တခေါက် ပြန်သွားတယ်။ ဟိုက လူကြီးတယောက်က လိုက်လာပြီးတော့ ဘဘတို့ကို
ဒီပဲယင်းကို ပို့ပေးမယ်။ သူတို့က လုံခြုံရေးကို ထိန်းသိမ်းတဲ့ အဖွဲ့ဝင်တွေ
ခင်ဗျားတို့ကို ကျနော်တို့ လိုက်ပို့ပေးမယ်ဆိုပြီးတော့ ကောင်းပြီဆိုပြီး
လက်ခံလိုက်တယ်။ နည်းတနည်းတော့ ယုံကြည်မှုလေးတော့ ဖြစ်သွားတာပေါ့။ ကျကျနန
စည်းလေးကမ်းလေးနဲ့ ပြောတာလေးတွေ ဖြစ်တဲ့အတွက် ကျုပ်တို့ လိုက်မယ်ဆိုပြီး
ပြောလိုက်တယ်။

ဘဘတို့ လုပ်မယ် ပြောတော့ တပ်ကြပ်လေး နှစ်ကောင်ကို ထည့်လိုက်တယ်။ အဲဒီမှာ
ကားမောင်းမယ်ဆိုပြီး မီးထွန်းလိုက်တော့ လမ်းဘေးတဘက် တချက်တွေမှာ လူ ၅ဝ အုပ်၊ ၁ဝဝ
အုပ်လေးတွေက ဒုတ်တွေနဲ့ ရှိသေးတယ်ဗျာ။ ဟိုဘက်ဒီဘက် ပိတ်ပြီးတော့
ညှပ်ပူးညှပ်ပိတ်လုပ်တဲ့ သဘောတော့ ပေါ်တာပေါ့လေ၊ ဟိုဘက်ဒီဘက်က ၅ဝ စီ - ၁ဝဝ စီ၊
လမ်းတဖက်တချက်မှာ ၂ ဖွဲ့လောက် တွေ့တယ်။



အဲဒါ လွန်သွားတဲ့ အခါကျတော့ လမ်းဘေးတဖက်တချက်မှာ မိန်းမကြီး ၂ဝ လောက် ရှိတယ်။
သူတို့က ထမီတိုတိုနဲ့။ အပေါ်က မျက်နှာပေါ်မှာ တဘက်စတွေ ပေါင်းထားတဲ့ မိန်းမတွေက
သူတို့က ဘာအော်လဲဆိုတော့ ပုဆိန်ရိုးတွေ ခွေးတွေ ပြေးပြီ၊ ရှူးရှူးနဲ့ ရယ်ကြမောကြ
ဟားတိုက်ကြ လုပ်ကြတယ်ဗျာ။ သဘောကတော့ ခေါ်လာတဲ့ လူတွေကို လုပ်ခိုင်းတာပဲ။ တကယ်တော့
အောက်တမ်းကြတာပေါ့ဗျာ၊ ဘဘ စိတ်ထဲမှာတော့ အဲဒီမိန်းမတွေက တော်တော်အောက်တမ်းကျတဲ့
မိန်းမတွေလို့ စိတ်ထဲမှာ မှတ်ထားလိုက်တယ်။



အဲဒီလို့နဲ့ ဒီပဲယင်းကို ရောက်တယ်။ ဘဘတို့ကို မယက ရုံးမှာ ထားတယ်။ မယက ရုံးမှာ
ထားရင်းနဲ့ ခဏလောက် နေတော့ ဒိုင်နာကားတစီး ဝင်လာတယ်။ ခြံစည်းရိုးမှာ မီးတိုင်တွေ
ထွန်းထားတာပေါ့ဗျာ။ ဝင်လာတဲ့ ဒိုင်နာကားက အမှောင်ရိပ်ထဲကို ထိုးပြီးရပ်လိုက်တော့
ကားပေါ်ကလူတွေ ဆင်းလာပြီးတော့ အမှောင်ရိပ်ကနေ အသီးသီး ဝင်သွားကြတယ်၊ အဲဒီ ပုံစံ။
ဘယ်လို့လဲဆိုတော့ သူတို့က အင်္ကျင်္ီ လက်ပြတ်ဝတ်ထားတယ်။ ပုဆိုးတိုတို ဝတ်တယ်။
သူတို့လက်ထဲမှာ ဘာမှတော့ ကိုင်ထားတာ မတွေ့ရဘူး။



ကားပေါ်မှာ ထားခဲ့တာ ဖြစ်နိုင်တယ်။ ၂ ယောက် တတွဲ၊ ၃ ယောက် တတွဲ တွဲပြီးတော့
ရုံးနောက်ထဲကို ဝင်သွားကြတယ်။ သဘောကတော့ဗျာ၊ ဒီနေရာက ည နေရာယူခိုင်းပြီးတော့၊
ဒီနေရာမှာ အသုတ်လိုက် ရောက်လာတဲ့ လူ၊ တာဝန်ခံတဲ့သူ ရောက်လာတဲ့ သဘောပေါ့ဗျာ။
အဲဒီလို လုပ်မယ့်ကိုင်မယ့် သူတွေကို အဲဒီနေရာတင် ထားပြုပြီးတော့ လုပ်ခိုင်းတဲ့
သဘောလို့ ကောက်ချက်ချရတာပေါ့၊ အဲဒီကနေ ဘယ်ပို့လိုက်လဲဆိုတော့ ဒီပဲယင်း ရဲစခန်းကို
ပို့လိုက်တယ်။ ရဲစခန်းမှာ ခဏ ထိုင်ခိုင်းပြီးတော့၊ တယောက်က ရဲစခန်းမှူးနဲ့
စကားပြောပြီးတော့ ဘဘတို့ကို အချုပ်ခန်းထဲ ထည့်လိုက်တာပေါ့။



ဘဘကိုကျတော့ အမှုစစ်တဲ့ ရုံးခန်းရှေ့နားက သံဇကာ ကာထားတဲ့ အခန်းမှာ ထားတယ်။ ဘဘနဲ့အတူ
ပါလာတဲ့ လွှတ်တော်ကိုယ်စား ၃ ယောက်ကိုတော့ အချုပ်ခန်းထဲ ထည့်တယ်။ သူတို့ကို
မလုပ်နဲ့ မလုပ်ပါနဲ့ သူတို့နဲ့ ကျနော်က အတူတူ လာခဲ့တာပါပြောတော့ သူတို့က
မလုပ်ပါဘူး။ သူတို့ကို အပြင်မှာပဲ အိပ်ခိုင်းမှာပါ။ သူတို့အတွက်
လုံခြုံအောင်လို့ပါဆိုပြီးတော့ ဘဘလည်း ခုနက ပြောခဲ့တဲ့ အခန်းထဲ ရောက်သွားတယ်။
သူတို့ကိုလည်း အချုပ်ခန်းထဲ ထည့်လိုက်တယ်။ မနက်မိုးလင်းတဲ့ အခါကျတော့ ကားတစီး
ဝင်လာတယ်။ ဒိုင်နာကား ဖင်ထိုးပြီးတော့ ဝင်လာတော့ ဒဏ်ရာရတဲ့ မန္တလေးက ကိုလှဦး၊
နောက်တယောက်က ကျနော့်ကား မောင်းတဲ့ ကိုအောင်စိုးဗျာ။ ကိုအောင်စိုးက ဘယ်သူ့ကို
တွဲချလာလဲဆိုတော့ ကိုတိုးလွင်။ ကိုတိုးလွင်ရဲ့ တကိုယ်လုံးမှာလည်း သွေးတွေ ရဲနေတယ်။
ခေါင်းမှာလည်း သွေးတွေ စီးပြီးတော့ ရဲရဲနီနေတယ်။



ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးယူတဲ့ ကိုတိုးလွင်က အများဆုံး အရိုက်ရတာ ဖြစ်တယ်။
ဆေးဝါး ကုသခွင့်လည်း မပေးပါဘူး။ အကျဉ်းစခန်းထဲ ထည့်တယ်ပေါ့။ မနက်ပိုင်းကျတော့
အဖွဲ့ချုပ်ရုံးတွေကို ချိတ်ပိတ်လိုက်တဲ့အကြောင်း မီရာသတင်းတွေနဲ့ ပြတာပေါ့ဗျာ။
သူတို့က ဘဘတို့ မြင်အောင် ပြတာပေါ့ကွာ။ ဒီလိုမျိုးဖြစ်လို့ အဖွဲ့ချုပ်ရုံးတွေကို
ပိတ်လိုက်ရပါတယ်ဆိုပြီးတော့ လုံခြုံရေး အကြောင်းပြပြီး ပိတ်တာပေါ့။ နေ့ခင်းမှာ ဘဘက
အိုက်လို့ ရေချိုးချင်တာပေါ့။ မိသားစုတွေနေတဲ့ ဘားတိုက်တွေနောက်က လက်လှုပ်တွင်းမှာ
သွားချိုးရတာပေါ့။ သွားချိုးတော့ ဘာကြားလဲဆိုတော့ အိမ်ထောင်လိုင်းမှာနေတဲ့
ဝန်ထမ်းတွေ အချင်းချင်း မနေ့က အဖြစ်အပျက်တွေကို ပြန်ပြောတဲ့ဟာတွေ ကြားတယ်။



ဘယ်လိုကြားလိုက်လဲဆိုတော့ ငါမှာလည်းကွာ ရိုက်ရမယ့်ဟာက အမျိုးသမီးတွေက ငါတို့
ရိုက်မယ်ဆိုတော့ အော်လိုက်တာကွာ၊ အကိုကြီးရယ် မလုပ်ပါနဲ့ဆိုပြီး ဝိုင်းပြီး
အော်ကြဟစ်ကြ၊ ငိုကြရယ်ကြနဲ့ကွာ။ ငါ့မှာက ရိုက်ရတော့မလို၊ ရယ်ရတော့မလို
ဖြစ်နေတယ်ကွာ။ ဒါပေမဲ့ သူတို့က စပ်စပ်ကလေး လုပ်လွှတ်လိုက်တော့ အော်လိုက်ကြတာများကွာ
ဆိုပြီး၊ ပြီးတော့မှ ရယ်မောသံတွေပေါ့ဗျာ၊ ဟားဟား ဟီးဟီးပေါ့ဗျာ။



အော် လက်စတက်တော့ ညက လုပ်တဲ့ အသိုင်းအဝိုင်းက လူတွေက ဒီကကောင်တွေပဲ ထင်တယ်။
ဒီလိုတော့ မှန်းလို့ ရတာပေါ့ဗျာ။ အဲဒီလို သဘောတွေလည်း ရှိတာပေါ့ဗျာ။ ကျနော်လည်း
အဲဒီကနေ ပြန်လာပြီးတော့ FIR ဖွင့်ပြီးတော့ တိုင်ချက်တွေဘာတွေ ပေးခဲ့သေးတယ်ဗျာ၊
အဲဒီည အိပ်ပြီး နောက်တနေ့မှာ ကျနော်တို့ အားလုံးကို ခွဲပြီးတော့ ပို့တယ်။
တချို့လည်း ဘယ်ခွဲပို့လဲဆိုတာကတော့ မသိရဘူး ခေါ်သွားတာပဲ။ ကျနော်က သူတို့နဲ့
အတူတူလိုက်မယ်ဆိုပြီး ပစ္စည်းလေးယူပြီး ထွက်တော့ ကျနော် မလိုက်ရဘူး။
လွှတ်တော်ကိုယ်စားလှယ်တွေလည်း မလိုက်ရဘူး။



ဘဘတို့ကို တနေရာပို့မယ်ဆိုပြီး ၁ ရက်နေ့ ၃ နာရီမှာ ပို့လိုက်တယ်။ ပို့လိုက်တော့
ဘယ်ရောက်သွားလဲဆိုတော့ ကလေးမြို့ အကျဉ်းထောင်ကို ရောက်သွားတော့တယ်။



ဘဘတို့ ရောက်တော့ ပထမဦးဆုံး တွေ့ရတာက ဆရာဝန်ပေါ့။ ဆရာဝန်က လာပြီး ဘာရောဂါတွေ
ရှိသလဲပေါ့ဗျာ၊ မေးတာပေါ့။ ဘဘက ရောဂါရှိသမျှကို ပြောပြတယ်။ ခြေထောက်မှာလည်း
သွေးကြောထုံးရောဂါ ရှိတယ်။ သွေးတိုးနည်းနည်း ရှိတယ်။ နောက်ပြီးတော့ ဂေါတ်လည်း
ရှိတယ်၊ ဆီးချိုလည်း နည်းနည်း ရှိတယ်။ သူတို့လည်း မှတ်တမ်းတင်ထားတာပေါ့ဗျာ။
ဆေးရုံက ဆရာဝန်က ကလေးမြို့က လာတာဗျာ။ ကလေးမြို့က ဆေးရုံက ကလေးထောင်ကို
တယောက်လွှဲထားပေးတယ်။ အဲဒီဆရာဝန်က ဆေးတွေဘာတွေ စစ်ဆေးတယ်။ ကျနော်တို့
ရှိစဉ်ကာလအတွင်းမှာ လာပြီးတော့ စစ်ဆေးတာတွေ လုပ်ပေးပါတယ်။



နောက်ပြီးတော့ သူတို့ လူကြီးတွေက မှာလိုက်ပါတယ်။ ဘဘတို့ အားလုံးအတွက်
လိုချင်တာရှိရင်၊ စားချင်တာရှိရင် မှာပါ၊ သူတို့ အကုန်လုပ်ပေးပါမယ်လို့တော့
ပြောတယ်။ သူတို့ဆီက ကြက်သွန်တို့၊ ကြာဇံတို့ လိုအပ်တဲ့ ပစ္စည်းတွေ လာပေးတယ်။
ဘဘအနေနဲ့ တောင်းတာပြုတာ မလုပ်ဘူး။

နေ့ကြီးရက်ကြီး အခါကြီးတွေ ကျပြန်တော့လည်း ကျနော်တို့ အဖွဲ့သားလေးတွေနဲ့လာပြီး
လုပ်ကိုင်ပေးတဲ့ ကလေးတွေ စားဖို့ကတော့ စမူဆာလေး ဘာလေးညာလေး ၃ဝဝ ဖိုး၊ ၄ဝဝ
ဖိုးလောက်ကတော့ မှာဖူးတယ်။



အဲဒါကိုတာ့ ဘဘက ပိုက်ဆံပေးမယ်လို့ပြောတော့ သူတို့က ပိုက်ဆံမယူဘူး။
တချို့ကိစ္စတွေနဲ့ ပတ်သက်လို့ ဘဘက ပိုက်ဆံပေးတယ်။ ဥပမာ - ထမင်းနဲ့ပတ်သက်တဲ့
ထမင်းချိုင့် သပ်သပ်ရပ်ရပ်လေးဖြစ်ဖို့၊ ရေပုလင်းနဲ့ပတ်သက်လို့ ရေသန့်ဘူးလေး
ဘာလေးတွေအတွက် ပိုက်ဆံပေးတယ်။ ဒါပေမဲ့ သူတို့ ပိုက်ဆံပေးတာတွေနဲ့ပတ်သက်လို့ တခုမှ
မယူပါဘူး။ လိုချင်တာရှိရင် မှာပါ၊ သူတို့လူကြီးက မှာတယ်ပြုတယ်လို့ ပြောတယ်။



တပတ်နှစ်ပတ်လောက်နေတော့ ဒေါ်အောင်ဆန်းစုကြည်က ပို့လိုက်တဲ့ အားရှိမယ့်
အစားအသောက်တွေနဲ့ ဘူးတွေခွက်တွေ ရဖူးပါတယ်။ နှစ်ကြိမ်သုံးကြိမ်လောက် ရဖူးတယ်။
နောက်မှ တော်တော်လေးကြာတဲ့ အခါကျမှ ခြင်ထောင်လေးဘာလေး ပေးတယ်။
အောက်ခင်းဖို့ပြုဖို့ ပေးတယ်။ ကျနော်က ရောက်ရောက်ချင်း တောင်းတာကတော့ ကုတင်
အမြင့်လေး တောင်းတယ်။ ဒါတော့ မပေးပါဘူး။ ကျနော်က အခင်းနဲ့ အိပ်ရတယ်။



အဲဒီလိုနေရင်းနဲ့ ၂ဝဝ၄ ခုနှစ် ဇန်နဝါရီလ ကျတော့ မနက်မနက်တိုင်း နှုတ်ဆက်တော့၊
အသံမကြားရတဲ့ အခါကျတော့ ဘဘမေးကြည့်တော့ သူတို့ ရွှေ့သွားပြီလို့ ပြောတယ်၊ ဘဘ
စိတ်မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်များ ပို့လိုက်သလဲဆိုပြီးတော့
စိတ်ပူတာပေါ့။ ကျနော်နဲ့ ရင်းနှီးတဲ့ ဆရာဝန်ကို မေးကြည့်တော့ သူတို့ကို
ကောင်းကောင်းမွန်မွန်၊ ကားနဲ့ လာခေါ်တာတွေ တွေ့လိုက်ရတယ်။ သူတို့ကို
ရွှေဘိုထောင်တို့၊ မန္တလေးထောင်တို့ ပို့လိုက်တယ် ထင်တာပေါ့။ နောက်မှာပဲ သိလိုက်ရတယ်၊
လွှတ်လိုက်ပြီဆိုတာ သိလိုက်ရတယ်။



ဘဘကို ဖော်ဖော်ဝါရီလ ၁၃ရက်နေ့ ညတည်းက ပလပ်စတစ်အိပ်တွေ လာပေးတယ်။ မနက်ဖြန်ကျရင်
အဘကို တနေရာ ပို့ဖို့ရှိတယ်။ ဘဘကလည်း ဘယ်ကို ပို့မလဲ မေးကြည့်တော့ သူတို့လည်း
မသိဘူးလို့ ပြောတယ်။ ဘဘစိတ်ထင် အင်းစိန်ကိုများ ပို့မလား၊ ဘဘ စိတ်ထင်နေမိတယ်။
လေယျာဉ်ပျံက မန္တလေးကနေ ရန်ကုန်ရောက်တော့ မင်္ဂလာဒုံက လူတွေ လာကြိုပြီး၊ ကျနော့်ကို
၁ဝ (က) နဲ့ အိမ်မှာ အကျယ်ချုပ်ကျတယ်။ အဲဒါနဲ့ ၆ နှစ်ပေါ့။ လွတ်လာတာ
မကြာသေးဘူးပေါ့ဗျာ။



သင်ပုန်းချေရေး ဒေါ်အောင်ဆန်းစုကြည်ကမ်းလှမ်း



ဘဘ အပြင်ရောက်တဲ့အခါ ပထမဆုံးအကြိမ် ကြားတာက အင်းစိန်ထောင်ကို ရောက်သွားတယ်လို့
ကြားတယ်။ နောက်တော့ အိမ်ချုပ်ချထားတယ်လို့ ကြားတယ်။ အဲဒီတုန်း မစ္စတာ အစ္စမေးလ်လာတဲ့
အချိန်နဲ့ ကိုက်နေတယ်။ လူကြီးတွေက တွေ့ဖို့ ခေါ်တယ်ပြောတော့ ဘဘတို့ လိုက်သွားတယ်။



ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ အဲဒီအချိန်က ညောင်နှစ်ပင် ညီလာခံကလည်း ခေါ်မယ်
လုပ်နေတဲ့ အချိန်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်မှူးကြီးသန်းထွန်းတို့၊
ပြည်ထဲရေးဝန်ကြီး ကိုတင်လှိုင်တို့၊ ကိုကျော်ကျော်ဝင်းတို့ လာတွေ့တယ်။



အဓိပ္ပာယ်ကတော့ လာတွေ့တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဒီပဲယင်းနဲ့ ပတ်သက်တဲ့
ကိစ္စအားလုံးကို သူ့ကို ဘာမှ မပြောဘူး။ သင်ပုန်းချေတဲ့ သဘောကို ပြောလိုက်တယ်။ တဖက်က
ဘာလုပ်ပေးဖို့ လိုလားလဲ ဆိုတော့ကာ၊ ညောင်နှစ်ပင် ညီလာခံတက်ဖို့ ကိစ္စနဲ့ပတ်သက်လို့
နိုင်ငံရေးအကျဉ်းသမားတွေကို လွှတ်ပေးဖို့၊ အဖွဲ့ချုပ် မြို့နယ်မှာရှိတဲ့ ရုံးတွေကို
ဖွင့်ပေးပြီးတော့ လုပ်ရိုးလုပ်စဉ် စည်းရုံးရေး ကိစ္စတွေကို ငြိမ်းချမ်းစွာနဲ့
လုပ်နိုင်ရန် ခွင့်ပြုဖို့၊ နောက်တခုက အဖွဲ့ချုပ်က ညီလာခံကိုယ်စားလှယ်ကို
မိမိအဖွဲ့ချုပ်အနေနဲ့ ရွေးချယ်ခွင့်ပေးဖို့၊ နောက်တခုကတော့ အခုလက်ရှိ ညီလာခံ
ကိုယ်စားလှယ်ပဲဖြစ်ဖြစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပဲဖြစ်ဖြစ်၊ ညီလာခံ
မခေါ်ခင်မှာဖြစ်စေ၊ ခေါ်ပြီးဖြစ်စေ ညှိနှိုင်းဆွေးနွေးဖို့၊
တွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ ဟာတွေကို ဘဘတို့က ပြောတယ်။ ခုနက လာပြောတဲ့ သူတွေက
ပြန်သွားတယ်။

ဟိုဘက်က လာပြန်ပြောတယ်။ အမတို့ဘက်က ဒီပဲယင်းကိစ္စနဲ့ပတ်သက်လို့ ဘာမှ မပြောတော့ဘူး၊
သင်ပုန်းချေမယ်လို့ ပြောတဲ့အခါ ဟိုဘက်က သူတို့လူကြီးက အရမ်းဝမ်းသာတယ်လို့ ပြောတယ်
အမရေဆိုပြီး လာပြောတယ်။ အမတို့ဘက်က စီစဉ်စရာရှိတာ ဆက်ပြီး စီစဉ်ပါလို့ ပြောတယ်။
ဘဘတို့ကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြတယ်။ ဘဘတို့ဘက်က ညောင်နှစ်ပင် ညီလာခံကို
တက်ရောက်နိုင်တဲ့ အနေအထားဖြစ်တော့ တက်မယ်ဆိုပြီးတော့ အုပ်စုနှစ်ခု ခွဲလိုက်တယ်။ ညီလာခံမှာ
ဥက္ကဋ္ဌကိုယ်တိုင် ခေါင်းဆောင်ပြီးတော့ တက်မယ်။

အရင်တုန်းက တက်ခဲ့တဲ့ အသက်အရွယ်ကြီးရင့်တဲ့ ပုဂ္ဂိုလ်တွေက ပြန်လာ၊ လူလတ်ပိုင်းက
လူတွေ ပြန်တက်၊ ဥပဒေဆွဲတာတွေကို နားထောင်၊ ရေးစရာ ရှိတာတွေကို ရေးသားမှတ်သားလာ၊
ညီလာခံ ပြီးတဲ့အချိန်က ရုံးချိန်ဆိုရင် ရုံးမှာ တွေ့မယ်။ ရုံးချိန်မဟုတ်လို့ရှိရင်
ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ တွေ့မယ်။

တနေ့လုံး လုပ်ခဲ့တဲ့ ညီလာခံ ကိစ္စတွေကို ပြောကြမယ် ဆိုကြမယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီး
နားထောင်၊ ရှေ့ဆက်ပြီး ဘာတွေ ဆက်လုပ်မလဲဆိုတာ ဆွေးနွေး၊ ဆုံးဖြတ်၊
အတည်ပြုပြီးလို့ရှိရင် အဲဒီညီလာခံတက်တဲ့ လူတွေက ပြောဖို့ဆိုဖို့ အစီအစဉ်တွေလုပ်၊
ဘာညာပေါ့လေ။ နောက် ဒီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေခဲ့မယ့် ဘဘတို့တတွေက ကျန်ခဲ့မယ်။
လွတ်လာတဲ့ အထဲက ဦးဝင်းတင်၊ ဒေါက်တာသန်းငြိမ်းတို့၊ ဒေါ်မေဝင်းမြင့်တို့ စသဖြင့်
လွတ်လာတဲ့ ပုဂ္ဂိုလ်တွေထဲက ညီလာခံ တက်ခိုင်းသင့်သူတွေကို တက်ခိုင်းပြီးတော့
ဦးဝင်းတင်နဲ့ ကျနော်တို့က အတူတကွ ပြောတဲ့ဆိုတဲ့ ဟာတွေကို နားထောင်ပြီးရင်
တွေ့ဆုံဆွေးနွေးပြီးတော့ ရေးကြခြစ်ကြဖို့ပေါ့ဗျာ။ လွတ်တဲ့အထဲမှာ ကိုကျော်စန်းတို့၊
ဗိုလ်ဝင်းထိန်တို့ စသည်အားဖြင့် နာမည်တွေကတော့ တော်တော်များများ ပြောပါတယ်။
အဲဒါမျိုး အဖွဲ့ ၂ ဖွဲ့ ခွဲလိုက်တယ်။ ညီလာခံတက်မယ့် အထဲမှာ ဦးအောင်ရွှေ
ခေါင်းဆောင်မယ့် အဖွဲ့နဲ့ နောက်မှာ ကျန်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ လုပ်မယ့်
အဖွဲ့၊ ၂ ဖွဲ့ လုပ်မယ်လို့ စီမံထားတယ်။



ညီလာခံ ဖွင့်ဖို့ နှစ်ရက်လောက်အလို ထင်တယ်။ ကျနော်တို့ကို ခေါ်လို့သွားတယ်။
သူတို့ဘက်က လာသွားတယ်။ အမရေ ဒါနဲ့ ပတ်သက်တာကတော့ အစီအစဉ်ကတော့ အဲဒီအတိုင်း
မဖြစ်ဘူး။ အမတို့ တက်မယ်ဆိုရင် ဒီအတိုင်းပဲ တက်ပါဆိုပြီးတော့ ပြောတယ်။ သဘောကတော့
ပထမဆုံး စီမံတဲ့ ကိစ္စကတော့ သူတို့ လူကြီးတယောက် နေမှာပေါ့။ အဲဒီလို ခွင့်မပြုဘူး၊
သဘောမတူဘူးဆိုတာက တခြားလူကြီးတယောက် ဖြစ်မှာပေါ့။ အဲဒီလိုပဲ ဘဘတို့က
အောက်မေ့တာပေါ့နော်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ပြန်ပြောတာကတော့ ကျမတို့က
ဒီပဲယင်းကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်ပျက်တဲ့ အားလုံးကို သင်ပုန်းချေထားတယ်။ ပြောလည်း
မပြောဘူး၊ ဆိုလည်း မဆိုဘူး။ ကျမတို့ဘက်က ခံထားရတဲ့ အကျဉ်းကျခံနေရတဲ့ ပုဂ္ဂိုလ်တွေ၊
အရိုက်ခံရတဲ့ ပုဂ္ဂိုလ်တွေ၊ အသက်မသေခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ နစ်ဆုံးရှုံးမှုတွေ
အားလုံးကို ကျမတို့ဘက်သားတွေကို ပြေလည်အောင် ပြောရမယ့် ကိစ္စ၊ ကျမ အန္တရာယ်ကို
စွန့်ပြီးတော့ ပြောရမှာပါ ဆိုပြီးတော့ သူတို့ကို ပြန်ပြီး ပြောလိုက်တယ်။

ညီလာခံကို တက်ဖို့၊ မတက်ရင် အဖွဲ့ချုပ်နဲ့ ပတ်သက်တဲ့ ကိစ္စအဝဝဟာ အဖွဲ့ချုပ်ရဲ့
တာဝန်ဖြစ်တယ်။ ဆိုလိုတာကတော့ ခြိမ်းခြောက်တဲ့ သဘောလည်း ပါတယ်ပေါ့ဗျာ။ အဲဒီတော့
မတက်ဘူး။ ဒီနေ့

အတိုင်းအတာက သိတဲ့အတိုင်းပဲ မှတ်ပုံလည်း မတင်ဘူး၊ ရွေးကောက်ပွဲလည်း မဝင်ဘူး။
အခြေအနေ အရပ်ရပ်ဟာ အဲဒီ အချိန်တိုင်း ထိခိုက်ခဲ့တာ အမှန်ပဲ။ အဖွဲ့ချုပ်အနေနဲ့ကတော့
ရှေ့ဆက်ပြီး မိမိတို့အဖွဲ့ချုပ် စိတ်ဓာတ်နဲ့ ရပ်တည်ပြီး ပြည်သူလူထုနဲ့ ပတ်သက်လို့
လိုအပ်တဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး ကိစ္စတွေကို ဆက်လက်အောင်မြင်သည်အထိ
ကြိုးစားသွားမယ်ဆိုတာကို သန္နိဋ္ဌာန် ချထားတယ်။

ဘဘတို့ ဖြစ်ပျက်ခဲ့ကိစ္စ အဝဝကိုလည်း ပြည်သူလူထုတရပ်လုံး တိုင်းရင်းသား အားလုံး၊
အဲဒီထဲမှာ တပ်မတော်သားတွေ အပါအဝင် ပြည်သူသားလျှင် အမိ၊ ပြည်သူသာလျှင် အဖ
ဖြစ်တဲ့အတွက် တပ်မတော်သားတွေကလည်း ပြည်သူပြည်သားက မွေးဖွားတဲ့ သားသမီးဖြစ်တဲ့
အားလျော်စွာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ကျနော်တို့ဟာလည်း
အောင်မြင်သည်အထိ ဆောင်ရွက်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လာတဲ့ အဖွဲ့ချုပ်ဖြစ်တဲ့အတွက်
အဖွဲ့ချုပ်ဟာ အဲဒီစိတ်ဓာတ်နဲ့ ရှင်သန်နေတာမို့လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့
အဖွဲ့ချုပ်ဝင်တွေ အပေါ်မှာ ပြည်သူပြည်သားများ အားလုံး၊ တိုင်းရင်းသားတွေ အားလုံး၊
တပ်မတော်သားတွေ အားလုံး ဝိုင်းဝန်းပြီးတော့ စာနာထောက်ထားပြီးတော့ နားလည်မှုရှိပြီး
ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ ပြောချင်တော့တယ်။


တွေ့ဆုံဆွေးနွေးမှု

ဒီလို တိုက်တာခိုက်တာတွေတော့ မကောင်းဘူး။ ဘယ်သူလုပ်လုပ် ဘဘအနေနဲ့ကတော့ မကြိုက်ဘူး။
ဒါက အဖြေမှ မဟုတ်ပဲဗျာ။ အဖြေက တယောက်နဲ့ တယောက် ယုံကြည်မှု ရဖို့ရာအတွက်
စိတ်ရှည်လက်ရှည်နဲ့ ဆွေးနွေးဖို့ပဲဗျာ။ အဲဒီဟာပဲ။ သူတို့ လုံပမ်းနေတာက
ပါတီထောင်ကတည်းက အဆင့်လိုက် အဆင့်လိုက် မပြတ် တွေ့ဆုံဆွေးနွေးပြီးတော့
အဖြေရှာဖို့အတွက် လုပ်ခဲ့တယ်။ ဒါတင် မကသေးဘူး။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြည်နယ်တိုင်းမှာရှိတဲ့
လွှတ်တော်ကိုယ်စားများ စုဝေးပြီးတော့ လွှတ်တော်သဘောနဲ့ သူတို့အစိုးရ ရပ်တည်နေတဲ့
ဒီဖက်တို (တရားမဝင်) အစိုးရကနေ၊ တရားဝင် အစိုးရဖြစ်အောင် လွှတ်တော်ကနေ သဘောတူ
ခွင့်ပြုပြီးတော့ တရားဝင် အစိုးရအဖြစ် ကြေညာပေးဖို့ ဒီလို လုပ်ခဲ့တာပဲ။ သူတို့
ဆက်ပြီးတော့ ရွေးကောက်ပွဲပဲ လုပ်လုပ်၊ ဘာပဲလုပ်လုပ် ကျနော်တို့ ပြီးခဲ့တဲ့ ၁၉၉ဝ
ရွေးကောက်ပွဲကို ဂုဏ်ပြုဖို့၊ အသိအမှတ်ပြုဖို့ပဲ။ ဒါပဲ ကျနော်တို့က ပြောနေတာပဲ။
အသိအမှတ်ပြု ဂုဏ်ပြုလိုက်တယ်ဆိုရင် သမိုင်းမှာ အစဉ်အလာကောင်းတွေ ဖြစ်သွားမှာပေါ့။
၉ဝ ခုနှစ် ရလဒ်ကောင်းတွေ ရှိရဲ့သားနဲ့ ထပ်မံပြီးတော့ ရွေးကောက်ပွဲသစ် လုပ်မယ်၊
ရလဒ်သစ် လုပ်မယ် ဆိုတာကတော့ သမိုင်းမှာ မကောင်းဘူးဗျာ။ အင်မတန် သမိုင်းမှာ
အရုပ်ဆိုးတဲ့ ဟာကြီးဗျာ။

အရုပ်ဆိုးတဲ့ ဟာကြီး ဖြစ်တာကို နောင်လာနောက်သားတွ အတွက် မကောင်းသော ပညာပေးမှု၊
မကောင်းသော သင်ခန်းစာလို့ ကျနော်တို့က ယူဆထားတဲ့အတွက် မလုပ်ကောင်းဘူးဗျာ။
နောင်မှာလည်း လုပ်စရာရှိတဲ့ လုပ်ငန်း အဝဝကို ဘာပဲလုပ်လုပ်၊ ဘယ်သူကပဲ လုပ်လုပ်၊
အေးအေးချမ်းချမ်း၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တရားဥပဒေနဲ့အညီ ဆောင်ရွက်သွားတာကိုပဲ
အားပေးချင်တယ်။ ကျနော်ပြောသလို ဒီပဲယင်းဟာမျိုး အကြမ်းဖက်မှုတွေက ဒီမှာ နှစ်ပေါင်း
၆ဝ ကျော် ရှိပြီဗျာ။ တယောက်နဲ့တယောက် အပြန်အလှန် စကားစစ်ထိုးမှုတွေက
တော်လောက်ပြီဗျာ၊

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေက ချွတ်ချုံကျနေပြီ။ ပြည်သူလူထုနဲ့
ပတ်သက်ပြီးတော့ ကယ်တင်ရမယ့် ကိစ္စမှာ ဟိုဘက်က အကြီးအကဲဖြစ်တဲ့ ပုဂ္ဂိုလ်နဲ့၊
ဒီမိုကရေစီ အင်အားစုတွေနဲ့၊ ပြည်သူလူထုက ထောက်ခံအားပေးတဲ့ အထောက်အခံ
အများဆုံးဖြစ်တဲ့ ကျနော်တို့ဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ စာပွဲဝိုင်းမှာထိုင်ပြီး
လျှော့နိုင်သလောက်တွေ လျှော့ပြီးတော့၊ အပေးအယူတွေ လုပ်မယ်ဆိုရင် ဖြစ်ပါတယ်ခင်ဗျာ။
ဘဘကတော့ အဲဒီလိုပဲ မြင်တယ်။

သူတို့မှာ လက်နက်တွေ ရှိလို့၊ ငွေတွေ ရှိလို့၊ ပါးစပ်မှာ အာဏာတွေ ရှိလို့
လုပ်တဲ့ဟာတွေကလည်း အမှန်မဟုတ်ဘူးဗျာ။ အကြမ်းဖက်မှု လုပ်လို့ ပြန်ပြီး
တုံ့ပြန်တယ်ဆိုတာလည်း အဖြေမဟုတ်ဘူးဗျာ။ ဘယ်တော့မှ မပြီးဘူးဗျာ။ ပြီးနိုင်တဲ့
ကိစ္စကတော့ ပြည်သူလူထု အကျိုးစီးပွား၊ နိုင်ငံတော် တိုးတက်ရာ တိုးတက်ကြောင်း အဘက်ဘက်က
ကျရှုံးနုံနဲ့နေတဲ့ဟာကို ပြန်ပြီး မတ်လာအောင် လုပ်ဖို့ဟာကတော့ တာဝန်ရှိတဲ့
ပုဂ္ဂိုလ်များအနေနဲ့ ကြားလူမပါဘဲ အေးအေးဆေးဆေး တွေ့ပြီးတော့ အပေးအယူ
လုပ်လိုက်ပြီးတော့ လျှော့တန်တာတွေ လျှော့လိုက်ရင် ဖြစ်ပါတယ်ဗျာ။ ဘဘအနေနဲ့
အသက်အရွယ် ကြီးလာပြီဆိုတော့ တိုင်းပြည်မှာ တိုးတက်ကောင်းမွန်ပြီးတော့
အေးအေးချမ်းချမ်း ဖြစ်သွားတာကို မြင်ချင်တယ်ဗျာ၊ ဒါပဲ။

Wednesday, May 25, 2011

ကမ်းဝေး

ကမ်းဝေး
- ချစရာလက်နက် မရှိပါဘူးဆိုတာတောင်မှ
အတင်းလာ လက်နက်ချခိုင်းနေပါလား ...

- မျိုးဆက်တူ
အသွင်တူကြတယ်ဆိုတဲ့
ယေဘုယျသတ်မှတ်ချက်တွေတောင်
တကယ်အဆုံးသတ်သွားခဲ့ပြီလား...

- ဘာကိုမှမသေချာခဲ့တဲ့ ဘ၀တွေဟာလည်း
ဘယ်တော့မှအနားသတ်မျဉ်းတွေနဲ့ 
မလွတ်ကင်းနိုင်ခဲ့ပါလား ...

- ဆင်တူဝတ်ရုံခြုံထားတဲ့  သဘောတရားတွေ
ခ၀ါချချိန်ရောက်လာပြီဆိုရင်တောင်
ငါ့ယဉ်ကျေးမှုရယ်၊ ငါ့ဂုဏ်သိက္ခာရယ်
အဖိနှိပ်ခံတွေရဲ့ 
ဝေသီအိုင်ဖွဲ့နေတဲ့ မျက်ရည်စက်တွေရယ်
ကျိန်စာသင့်အလွမ်းရှည်တွေရယ်
နောက် ...
အစွန်းချွတ်စရာမလိုတဲ့၊ ငါ့ယုံကြည်ရာတွေရယ်အတွက်
ငါ့ခြေထောက်တွေကို၊ ငါပြန်တပ်ရဦးမယ် ... ။

ရိုးဆက်

Tuesday, May 24, 2011

2 Soldiers Revolution Joined Democracy

ယူတိုးပီးယား .. (သို့ ) ငြိမ်းချမ်းခြင်း မိခင်သို့  အစီရင်ခံစာ။

ယူတိုးပီးယား .. (သို့ ) ငြိမ်းချမ်းခြင်း မိခင်သို့ အစီရင်ခံစာ
(၁)
ရင်ကွဲနာကျပြီး ...
အက်သံပါနေတဲ့ကမ္ဘာကြီးဟာ
သူဖြတ်သန်းလာခဲ့တဲ့
သူ့ ရဲ့ သမိုင်းဦးခေတ်
အလယ်ခေတ်နဲ့ 
ရုန်းရင်းဆန်ခတ်မှုတွေတင်းကြမ်းပြည့်ပြီး
သူကိုယ်တိုင်တောင် သူ့ ကိုယ်သူ ပြန်မြင်ခွင့်မရခဲ့တဲ့
အမှောင်ခေတ်ကြီး
သူ့ ပုခုန်းပေါ် ခုန်ချခဲ့တာတောင်မှ
သူဒီလောက်
မထိခိုက်၊ မခံစားခဲ့ရပါဘူးတဲ့ ... ။

(၂)
ရေနံနှင့်အပြီးသတ်နယ်မြေသိမ်း တိုက်ခိုက်မှုများ
ကမ္ဘာတ၀ှမ်းလုံးမှ ငတ်မွတ်ခြင်းဒဏ် ခံစားနေရသူများ
အိမ်မဲ့၊ ယာမဲ့တိုင်းပြည်မဲ့များ
လူ့ သမဂ္ဂအတွင်းသို့  မရောက်ရှိမီကပင် အကြွေးတင်လျှက်
မရေမတွက်နိုင်သည့် အကြမ်းဖက်မှုများနှင့် အသားကျနေကြသည့်
ကမ္ဘာ့ရပ်ဝန်းဒေသအသီးသီးမှ ကလေးငယ်များ ... ။

ခေတ်သစ်ကိုလိုနီများ၏ ဈေးကွက်စီးပွားရေးနှင့်အတူ
ဖွံ့ ဖြိုးတိုးတက်လာသော အမှီခိုခံနိုင်ငံရေးတည်ဆောက်မှုများ
ဂရစ်မျဉ်းများအလိုက် အပြိုင်အဆိုင်နယ်မြေခွဲဝေမှုများ
``ဒစ်ပလိုမေစီ´´ဟူသော သိုးဆောင်းစကားနောက်ကွယ်မှ
အခွင့်သာလျင် မရုန်းနိုင်အောင်ဖမ်းဆုပ် လည်ပင်းကြိုးတုပ်ထားသော
နိုင်ငံရေးမူဝါဒများ ...

(၃)
အရာအားလုံးနှင့် အသားကျချင်ဟန်ဆောင်လျှက်
ကိုယ့်ကိုယ်ကိုယ်ဖော့ထားသော အပေါစားလူကြီးလူကောင်းများ၏
အညံ့စား ကိုယ်ကျင့်သိက္ခာများ
စသည်... စသည်တို့ ဖြင့်အတိပြီးလျှက်ရှိသည့်...
ရင်နှစ်သည်းချာများအားလုံးအား
ရင်ခွင်တွင်းမှ ရက်စက်စွာ
ဆွဲယူနှုတ်ငင်ခြင်းခံရသော်လည်း
ကြေကွဲမှုများကိုသာ အသက်ဓါတ်တစ်ခုလို
နှလုံးခုန်စည်းချက်နှင့်အညီ
ပင့်သက်ရှိုက်နေရသည့်
ကလိုရိုဖီးများပျောက်ဆုံးနေသည့်
ကမ္ဘာကြီးအားလည်းကောင်း ....

များမြောင်လှသော ဖက်စပ်ယဉ်ကျေးမှုများ
ဒြပ်စင်တစ်ခုအတွင်းမှ အသွင်သ္ဌန်ကွဲပြားမှုများနှင့်
ပေါင်းစပ်ဖွဲ့ တည်ထားသည့်
ပရမတ္တ အဏုမြူအိုင်ဆိုတုတ်များ ... ။

ကားဗုံး၊ အသေခံဗုံး၊ အက်တမ်ဗုံး
ထိုထိုသောဗုံးတို့ ၏ ဓါးစာခံ
သက်ရှိ(ပါဖောမန့် )များ၏
အနာတရ ငိုကြွေးသံများ
အစားထိုးမရတော့သည့် ခနွာကိုယ် အစိတ်အပိုင်းများ ...

အို...
ငြိမ်းချမ်းခြင်း၏ ထာဝရမိခင်
သင်၏ရင်ဘတ်ပေါ်မှ
အပြာနှင့်အနီပြောက်များ ရောယှက်လျှက်ရှိသည့်
အဆိပ်သင့်မှုများအစား
စိမ်းလန်းဝေဖြာသော မြစိမ်းရောင်လွင်ပြင်များနှင့်
မွန်းကြပ်ပိတ်လှောင်လျှက်ရှိပြီး
ကာဗွန်ညှော်နံ့ များနှင့်သာအတိပြီးသည့်
ကမ္ဘာမြေပြင်အားလည်းကောင်း ....

နိဂုန်းချူပ်နိုင်စေရေး
ကမ္ဘာ့ကပ်များစွာ ကျော်လွန်နိုင်ရေး
လူသားဘ၀တည်တံ့ရေးတို့ အတွက်
သင်၏ နှလုံးသည်းပွတ်ဖြစ်ခြင်းနှင့်အတူ
မကုန်ခမ်းနိုင်သော ဂရုဏာတော်အနန္တဖြင့်
မြင့်မြတ်ခြင်း၊ သန့် စင်ခြင်း၊ ငြိမ်းချမ်းခြင်းဖြင့်သာ အတိပြီးသည့် ကမ္ဘာမြေကြီးအား
တစ်ပြန်ဖန်ဆင်း၊ ယုံကြည်ခြင်းဖြင့်
အသက်သစ်ပေးတော်မူပါ ... ။

ရိုးဆက်

Friday, May 13, 2011

Bin Laden Raid Was Captured On SEAL Team Helmet Cameras

(ဘင်လာဒင်ကို သုတ်သင်ခဲ့တဲ့ တပ်)

အမေရိကန်အထူးတပ်ဖွဲ့ SEAL(Sea,Air,Land ) 6
ဘိုဘိုကျော်ငြိမ်း | သောကြာနေ့၊ မေလ ၁၃ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၀၂ မိနစ်

(ဘင်လာဒင်ကို သုတ်သင်ခဲ့တဲ့ တပ်)

လောကကြီးမှာအဟောင်းကြွေပြီး အသစ်ပေါက်လာတာတွေ ရှိသလို၊ အရှုံးကနေ အမြတ်ထွက် ဘ၀သစ်ပေါက်ဖွားလာတာတွေလည်း ရှိတတ်ပါတယ်။

အမေရိကန်တွေရဲ့အဓိက အားနည်းချက်က ဗြူရိုကရေစီပဲ။ ဌာနအတွင်းမှာ ဗြူရိုကရက်တွေ ကြီးထွားလာပြီး အချင်းချင်း အားပြိုင်မှုတွေ ဖြစ်ပွားလာပြီးနောက်ဆုံး အရှုံးနဲ့ ရင်ဆိုင်တတ်ကြရတယ်။ အမေရိကန် စစ်တပ်အတွက် အနိမ့်ကျဆုံးအချိန်ဟာ ဗီယက်နမ်စစ် ရှုံးပြီး ကာလပဲ။ ဒါတောင် အမေရိကန် စစ်ဗိုလ်ချုပ် ဗြူရိုကရက်တွေဟာ
နောင်တတရား မရကြဘူး။ ဌာနတခုနဲ့တခုအပြိုင် လက်နက်တပ်ဆင်ကြတာ နောက်ဆုံးရေတပ်နဲ့လေတပ်နဲ့ ကြည်းတပ် လက်နက်တွေဟာ အတူဖလှယ်သုံးလို့မရကြတော့။

၁၉၇၉ မှာ အီရန်ဘာသာရေး အစိုးရအောက်မှာ တဖက်စွန်းရောက် ကျောင်းသားတွေဟာ အမေရိကန် သံရုံးကို စီး၊ သံတမန်တွေကို ဖမ်းခဲ့ကြတယ်။ နောက်ဆုံး စေ့စပ်လို့မရမှ စစ်ရေးအရ ကယ်တင်ဖို့စီစဉ်ခဲ့ကြတယ်။ ကယ်ဖို့ သဲကန္တာရတခုမှာ ဆုံမှတ်အဖြစ် ဆုံကြတုန်း သဲမုန်တိုင်းအတွင်းမှာရဟတ်ယာဉ်ချင်း တိုက်မိပြီး လူရောလက်နက်ပါ ဆုံးရှုံခဲ့ကြရတယ်။ အဲဒီတုန်းက သမ္မတဂျင်မီကာတာ ဆိုတာကလည်း အမေရိကန် ရာဇ၀င်မှာ အပျော့ဆုံး သမ္မတတယောက်။

ချက်ချင်းနောက်ဆုတ်ဖို့ အမိန့်ပေးခဲ့တာ အမေရိကန် စစ်တပ်အဖို့ တည့်တည့်မပစ်နိုင်တဲ့ လူညံ့တွေအဖြစ် ကမ္ဘာ့အလယ်မှာ အရှက်ကွဲခဲ့ရတယ်။

ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး အမေရိကန်တပ်မတော်ထဲမှာ ရှိသမျှ အထူးတပ်ဖွဲ့တွေကို စုစည်းပြီး၊ အထူးတပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့ Special Operation Commandဆိုပြီး စဖွဲ့ခဲ့ကြရတယ်။ အမေရိကန် တပ်မတော်မှာ လိုအပ်မှုအပေါ် မူတည်ပြီး တပ်ဖွဲ့တွေကို အထူးပြု ဖွဲ့စည်းထားတယ်။ ဥပမာ ၈၂လေထီးခုန် တပ်မကို ခြေမြန်တပ်မလို့ ခေါ်ပါတယ်။ လက်နက်ကြီးတွေ၊ တင့်ကားတွေ မပါဘဲ ရန်သူ့အနောက်ဝင်ပြီး သိမ်း၊ အချိန်တို ထိန်းထားရုံပဲ။ ပြီးမှ The Big Red လို့ ခေါ်တဲ့ တပ်မ အမှတ် ၁ လိုမျိုး တပ်မ အမှတ် ၄ လို တင့်ကားနဲ့လက်နက်ကြီးတွေပါတဲ့ တပ်မတွေ ၀င်လာပြီးနေရာယူ တပ်စွဲဖို့ကိုး။ ဥပမာ တောင်ပေါ်မှာတိုက်ဖို့ဆိုရင် အမှတ် ၁၀ တောင်ပေါ် တပ်မဟာ နယူးယောက် ပြည်နယ်မှာ ရှိတယ်။ မြန်မာတပ်မတော်ရဲ့ ကျောရိုးဖြစ်တဲ့ ၇၇ ၊ ၈၈ ၊ ၉၉ ၊ ၆၆ စတဲ့ခြေမြန်တပ်မတွေဟာ ၈၂ လေထီးခုန် တပ်မကို စံထားပြီး ဖွဲ့စည်းခဲ့တာလို့ အတွင်းသိတွေကပြောပြကြတယ်။

ဒီလိုပဲအထူးတပ်ဖွဲ့တွေကိုလည်း တာဝန်ခွဲထားတယ်။ ဥပမာ ဒယ်လ်တာ Delta တပ်ဖွဲ့တွေက ဓားစာခံ တွေကို ကယ်ဖို့ အထူးလေ့ကျင့်ထားတယ်။ ဒါ့အပြင် ဒယ်လ်တာ တပ်ဖွဲ့တွေဟာ ၁၉၇၀ ခုနှစ်တွေမှာ အာရပ် အကြမ်းဖက်သမားတွေ ကာလမှာဖွဲ့စည်းခဲ့တာကြောင့် အကြမ်းဖက်သမားနဲ့ သူပုန်နှိမ်နင်းရေးတွေ အတွက်လည်း လေ့ကျင့်ထားပါတယ်။ ရိမ်ဂျားတွေကတော့ အမေရိကန် တော်လှန်ရေးစစ် မတိုင်ခင်ကတည်းက ရှိခဲ့တာပါ။

Saturday, May 7, 2011

Bel Ba Chi Yay Loh Ma Mhi-

Bel Ba Chi Yay Loh Ma Mhi- Tutt Ka Thol Aye Maung by komyoedesign

May May Nay Kong Lar - Htoo Eain Thin

May May Nay Kong Lar - Htoo Eain Thin by komyoedesign

အမေနေ့-

အမေနေ့-


အမေလို့မခေါ်ရတာနှစ်ပေါင်းမြောက်များစွါကြာခဲ့ပါပြီအမေ။
အဲဒီအမေကိုပဲတနေ့နေ့တွေ့ရမယ်လို့စောင့်ခဲ့တဲ့အချိန်တွေက-ကျနော့်ကို
ဒုတိယအရွယ်အထိကိုရောက်စေခဲ့တယ်အမေ။
အမေ့ကိုသတိရလားလို့မမေးလိုက်ပါနဲ့အမေ-
ဥပက္ခာစိတ်တွေနဲ့ချစ်နေရပြီး၊၀င်္က၀ုတ္တိစကားတွေနဲ့
အမေမုန်းအောင်သားလုပ်ခဲ့ပါတယ်။
အမေကျနော်ကိုသတိမရပါစေနဲ့။အမေလုံးဝမချစ်ပါစေနှင့်။
လောကကြီးက-အဲဒီလိုချစ်ကြတဲ့အသိုက်အမြုံကြီးကိုခွဲထုတ်ပစ်ခဲ့ကြတယ်။
ဒီလူ့ဘ၀ကြီးမှာ-အင်မတန်ရက်စက်တဲ့ခွဲခွာခဲ့ကြတဲ့၊ခွဲခွာခံရတဲ့ရလဒ်တွေကို
ဘယ်လိုစနစ်တွေကပြဌာန်းပေးခဲ့တာလဲအမေ။
ညစ်ထွေနေတဲ့လူ့အသိုင်းအ၀ိုင်းကြားထဲမှာ
သားမနေလိုတော့ပါဘူး၊ကိုယ်ကျိုးကြည့်အဘိဓမ္မာတွေရဲ့
ပါတ်ဝန်းကြီးကလွတ်မြောက်ရပါလို၏။
ဒါပေမယ့်-အမေ
စိတ်ချပါ-
ကျနော့်ရင်ဘတ်ထဲမှာတော့-
ကျနော့်အမေဟာ
ကျနော့အတွက်သက်ရှိနေတဲ့
ဘုရားဆိုတာ
ပြီးတော့-
ဆရာကြီးတင်မိုးစကားငှားပြောရမယ်ဆို-
"အမေဟာအမ္မတေ"
"အမေဟာအမတ"
အမေဘယ်တော့မှမသေရ
ကျနော်-ငိုချလိုက်ပါတယ်။

ကျည်ဝေဖြိုး။

Friday, April 22, 2011

New Outlook Magazine (1)-3/အတွေးသစ်မဂ္ဂဇင်း(IFBNC)မှစီစဉ်သည်။

New Outlook Magazine (1)-3/အတွေးသစ်မဂ္ဂဇင်း(IFBNC)မှစီစဉ်သည်။

Thursday, April 14, 2011

No Body Love me နှင့်အခြားကဗျာများစုစည်းမှု။

No Body Love me နှင့်အခြားကဗျာများစုစည်းမှု။

Thursday, March 17, 2011

“ခင်ဗျားတို့ ကို စိန်ခေါ်တယ်”
(၁)။

ကျွန်မအပျိုမ လှပါသည်
ကျွန်မ.. တက္ကသိုလ်ကျောင်းသူ
ဖြူသည်.. နုသည်
အခုအခံမပါ.. ကျွန်မခန္ဒာကိုယ်
ရှိုက်ကြီးဖိုငယ်.. အသွယ်သွယ်။

ကျွန်မအသက်
သပြေခက်ကျော်.. ရေတွက်သော်
တစ်ကိုးရှစ်ရှစ်.. တော်လှန်ခေတ်မှာ
တစ်တစ်ရစ်ရစ်.. တစ်ဆယ့်ရှစ်။

ကျွန်မတို့ တက္ကသိုလ်
အို ဘာကိုထောက်.. ကြောက်ရမှာလဲ
တိုက်ပွဲ.. တိုက်ပွဲ
ရဲရဲတောက်ပ.. ရဲတောက်မဟာ
ကျွန်မ.. ကျွန်မ.. လက်နက်မချ
ကျောင်းသားသမဂ္ဂဖွဲ့ ကြ။

(၂)။

၁၉၈၈ မတ်လ
ဖက်ဆစ်အစိုးရ.. ထောင်ထဲညမှာ
ကျွန်မ..အပျိုမ.. ကျဆုံးရသည်
ကျွန်မ..ခုခံ မတွန်းလှန်နိုင်
မတန်အားယုတ်.. ကြိုးနှင့်တုတ်ပြီး
လှုပ်မရ.. ရုံးမရ
မရ.. မရ.. အို.. မရတော့
ကျွန်မ..ရေတိမ်နစ်ခဲ့ရပြီ။

ကျွန်မနှုတ်ခမ်း..ဖက်ဆစ်နမ်းကြ
ကျွန်မရင်အုံ..ဖက်ဆစ် ငုံကြ
ကျွန်မ …တွင်း.. ဖက်ဆစ် ….ကြ
ဖက်ဆစ်မုဒိန်း.. လုံထိန်း လုံထိန်း
နတ်စိမ်းပူးဝင်.. အရှင်လတ်လတ်
ခေတ်သေနတ်နဲ့  အငတ်မပြေ
ကျွန်မအပျိုရည်..ကိုသောက်
တစ်ယောက် နှစ်ယောက် သုံးလေးယောက်မက
ကျွန်မသေလောက်ပါပြီရှင်ရဲ့ ။

(၃)။

ဒါပေမယ့်လေ
ကျွန်မ မသေ.. မျက်ရည်မကျ
ကျွန်မရေတိမ်နစ် ..သားအိမ်ညစ်လည်း
ကျွန်မချစ်သည့် တော်လှန်ရေး
ကျွန်မ မြတ်နိုးသည့် ဒီမိုကရေစီ။
ဟယ်… ဖက်ဆစ်အစိုးရ
ငါ့သွေးသားကို ..နင်ဝါးမြိုသည်
နင့်ကို ငါ ဘယ်တော့မကျေ
ဟယ်… အစိုးရ
ငါ့အပျိုရည်.. နင်ဖျက်ချွေသည်
ရာဇ၀င် မကျေ.. မကျေ.. မကျေ။
ဟေ့… အစိုးရအမွေ
နောက်လိုက်ခွေးတပ်..လုံထိန်းတပ်တို့ 
သတ္တိရှိရင် လာစမ်းပါစေ…
သေနတ်တစ်ကမ်း.. သွေးခင်းလမ်းမှာ
ငြိမ်းချမ်းရေး အပျိုမ
မြန်မာပန်းပွင့်.. မုဒိန်းကျင့်ခံရ
နင် အစိုးရ. အပြုတ်ချမယ်
လုံးဝ.. ငါတို့ ဒူးမထောက်
လုံးဝ.. ငါတို့ ဒူးမထောက်။

(၁၉၈၈ခုနှစ် မတ်လအရေးအခင်းတွင် မဆလ လုံထိန်းတပ်တို့ ၏ ဖမ်းဆီးခြင်းကို ခံရပြီး၊ ထောင်တွင်းတွင် အဓမ္မမုဒိန်းကျင့်ခံခဲ့ရသော ရန်ုကုန်စက်မှုတက္ကသိုလ်ကျောင်းသူတစ်ဦး၏ ရင်တွင်းခံစားချက် ဖြစ်ပါတယ်)။

Saturday, March 12, 2011

တိရိစ္ဆာန်အကြောင်း စကားလက်ဆုံ...

တိရိစ္ဆာန်အကြောင်း စကားလက်ဆုံ...

ရေးသူ - ဒေါ်အောင်ဆန်းစုကြည်

ထောင်တွင်းရောက်ရှိနေကြသော လုပ်ဖော်ကိုင်ဘက် အပေါင်းအသင်းများသည် အလွန်ညံ့ဖျင်းသည့် မနေအပ်သော ထောင်အကျဉ်းခန်းများတွင် ကာလရှည်စွာထောင်အချခံရစဉ် မိသားစုသဖွယ်ဖြစ်ခဲ့ကြရ သော သတ္တဝါငယ်လေးများ၊ ငှက်များ၊ ပိုးမွှားလေးများအကြောင်းများကို တခါတရံ စာမြုံ့ပြန်တတ်ကြပါ သည်။

တွေ့ဆုံပြောဆိုခန်း၏နံရံများနှင့် ဘားတန်းများတွင်တွေ့ရတတ်သည့် ကြောင်များသည် အထီးကျန်ဖြစ် နေကြသည့် အကျဉ်းကျများ၏ မေတ္တာကိုရယူရန် ချဉ်းကပ်တိုးဝင်တတ်ပါသည်။ ယင်းအကျဉ်းသားများ ကလည်း သက်ရှိသတ္တဝါများကို အဖော်ပြုနိုင်အတွက် မိမိတို့၏စားကြွင်းစားကျန်လေးများဖြင့် အလဲ အလှယ် လုပ်တတ်ပါသည်။

အင်းစိန်ထောင်၏ပရဝဏ်တွင် အချိန်တို နှစ်ကြိမ်ကာလ နေခဲ့ရစဉ်အတွင်း ကျွန်မသည် ကြောင်တကောင် မျှမတွေ့ခဲ့ရပါ။ သို့သော် နေအိမ်အကျယ်ချုပ်ထိန်းသိမ်းခံနေရစဉ်တလျှောက်လုံး ကျွန်မသည် ကြောင်များ ကို အမြဲတွေ့နေရပါသည်။

အဖိုးဖြစ်သူက “ပူစီ ပူစီ ပူစီ”လို့ခေါ်သံကို ပြန်ထူးသည့်ကြောင်ကြီး (ကျွန်မ၏ကလေးမျက်စိမှာတော့ အတော်ကို ကြီးပါသည်။)ကို အိမ်မွေးတိရစ္ဆာန်အဖြစ် ပထမဦးဆုံးသိမြင်ခဲ့ရသော်လည်း ကျွန်မသည် ကြောင်ထက် ခွေးကို ပိုချစ်ပါသည်။ ကျန်မိသားစုများကလည်း အဖိုး၏ကြောင်ဖြစ်၍ အဖိုးကိုလေးစား စွာဖြင့် “ပူစီ ပူစီ ပူစီ”လို့ ခေါ်ကြပါသည်။

ခွေးများကို လမ်းများပေါ်တွင် ဝဲစွဲလေလွင့် ခွေးဗန္ဓတ်များ သို့မဟုတ် လူကြီးများက အိမ်နောက်ဖေး မီးဖို ဆောင်များမှမောင်းထုတ်လေ့ရှိသည့် မလိုလားသောကျူးကျော်သူများအဖြစ်သာ ကျွန်မသိထားခဲ့ပါသည်။

ခေါင်းမာသောခွေးမတကောင်ကတော့ မီးဖိုဆောင်မှ ဆွဲထုတ်အမောင်းခံရခြင်းကိုအာခံလျက် အမှိုက်များ ဖွသွားခဲ့ပါသည်။

လွန့်လွန့်လူးလူးသွားလာနေသော ခွေးငယ်အုပ်ကို ကျွန်မ စိတ်ကူးအလွန်ယဉ်ခဲ့ပါသည်။ ကျွန်မ၏ ပထမ အိပ်မက်ကတော့ ခွေးအုပ်ငယ်တွေပဲဖြစ်ပါသည်။ အဲဒီအချိန်တုန်းကတော့ ဒါကို အိပ်မက်လို့ မထင်ခဲ့ပါ။ ခွေးငယ်တအုပ်ဟာ တကယ်ပဲ ကျွန်မခြေထောက်တွေကို ကျော်လွှားပြေးလွှားနေတယ်လို့ ထင်မိခဲ့ပါသည်။ အိပ်ရာမှနိုးတော့ သူတို့ကိုမတွေ့ရတော့ပါ။ ဘာတွေဖြစ်ပျက်တယ်ဆိုတာ ကျွန်မနားမလည်နိုင်ခဲ့ပါ။ စိတ်အတွေးတွေ အားလုံးရှုပ်ထွေးနေပါတော့သည်။

၁၉၅၀ ခုနှစ်၏ အစောပိုင်းလများတွင် ရန်ကုန်၏လမ်းများပေါ်၌ စိတ်ဝင်စားဘွယ် ပို့ဆောင်ရေးယာဉ်များနှင့် ပြည့်နှက်လျက်ရှိနေခဲ့ပါသည်။
ထောင့်ကျကျဘတ်စ်ကားများ၊ ဒုတိယကမ္ဘာစစ်ဒဏ်ခံခဲ့ရသော ဂျစ်ကားများ၊ စစ်ကြိုဆလွန်းကားများ၊ ဆိုက်ကားများ(စက်ဘီးဘေးတွင် ကျောချင်းကပ်ခရီးသည် ၂ ဦးထိုင်ခုံကိုဘေးတွင်ကပ်ပြုလုပ်ထားသည့် ယာဉ်) နှင့် လံခြားများဖြစ်ကြပါသည်။
နွမ်းနယ်ဟန်ပေါ်ကာ ပိန်လှီပြီး ခြေထောက်များကြောက်စရာအနာများရှိနေတတ်သော မြင်းများတပ်ဆွဲ သည့် ပေါင်းမိုးပါမြင်းလှည်းများလည်းရှိပါသည်။ သူတို့ကိုမြင်တွေ့ရသည်မှာ နှလုံးမချမ်းမြေ့ဘွယ် မြင်ကွင်း ဖြစ်ရပါသည်။ ယင်းနှင့်ဆက်စပ်ကာ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုမှကာကွယ်သည့်အသင်း (SPCA - Society for the Prevention of Cruelty to Animals)ကို ကျွန်မ စတင်လေ့လာမိတော့ပါသည်။

အခြားသောမြင်းအမျိုးအစားကို ကျွန်မ မကြာခဏ တွေ့မိခဲ့ပါသည်။ အမေရိကန်အနောက်တိုင်း ဇာတ် ကြမ်းရုပ်ရှင်များတွင် ဖြစ်ပါသည်။ သန်စွမ်း၊ မြူးကြွ၊ တဟုန်ထိုးခုန်ပေါက်၊ ခွါဆုံပေါက် ထွားကြိုင်းသော ထိုမြင်းများသည် ရန်ကုန်မှ ညီကိုတော်မြင်းများနှင့် အမျိုးတူများဖြစ်နေသည်ကို ယုံနိုင်စရာ ခက်ခဲနေရ ပါသည်။

သို့သော် မြင်းစီးသူ၏ဘိနပ်တွင်တပ်ဆင်ထားသော မြင်းကိုဆောင့်သည့်အချွန်များကိုမြင်လိုက်ရသောအခါ SPCA သည်လည်း အနောက်နိုင်ငံများတွင် ကျွန်မနိုင်ငံကလမ်းများပေါ်တွင်မှာလို အသုံးမဝင်ပါကလားလို့ အံ့သြမိခဲ့ရပါသည်။

ကျွန်မမိခင် မြန်မာသံအမတ်အဖြစ်တာဝန်ထမ်းဆောင်ရသော အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် မြင်းများနှင့် ကျွန်မအကျွမ်းဝင်ခဲ့ရပါသည်။ ကျွန်မ၏ပထမမြင်းစီးသင်ခန်းစာများမှာ အဖြူနှင့်အုန်းခွံရောင်အကွက်အ ကျားအရောင်ရှိ လုံးပတ်ထွားပြီး သဘောထားမသေချာသည့် “ပရေရီ အွိုက်စတာ”အမည်ရှိ မြင်းငယ် ကလေးပေါ်တွင်ဖြစ်ပါသည်။

နောက်ပိုင်းတွင် မြင်းစီးကလပ်ကိုဝင်ရောက်ခဲ့ကာ ရဲစွမ်းသတ္တိအမည်များဖြစ်သော “ဘလက်ပရင့်စ်”၊ “ပရင့်သ်ဗီရာ့ဂ်ျ”နှင့် “သျှီဗဂျိ” တို့၏ကျောပေါ်ရှိကုန်းနှီးပေါ်တွင်တက်စီးခဲ့ပါသည်။ “ဘလက်ပရင့်စ်” သည် ကျွန်မ၏အချစ်တော်မြင်းဖြစ်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ချောချောမွေ့မွေ့ ပြေးသားကျကာ သက်တောင့်သက်သာကုန်းနှီး ‘က’လျက်ရှိနေသောကြောင့်ဖြစ်ပါသည်။ ကျွန်မသည် မြင်းစီးထူးချွန်သူ အဖြစ်တော့ မတော်ခဲ့ပါ။

အင်္ဂလန်တွင် တက္ကသိုလ်ကျောင်းသူဘဝတွင် ခွေးချစ်သူများလောကသို့ ကျွန်မဝင်ရောက်ခဲ့ပါသည်။

ကျွန်မ၏ကျောင်းအားလပ်ရက်များတွင် အင်္ဂလိပ်သူငယ်ချင်းများ၏အိမ်များတွင် အချိန်ဖြုန်းလေ့ရှိရာ မိသား စုအလယ်တွင် ခွေးချစ်သူတဦးကို အံ့သြဘွယ်မရှိ မကြာခဏတွေ့ရပါသည်။

အဝလွန်ကာ လိမ့်လိမ့် လိမ့်လိမ့်ဖြင့်သွားတတ်သော မျက်စိတဘက်တွင် အနက်ကွက်ရှိ “ဆေလာ”ခေါ် စတက်ဖို့ဒ်ရှိုင်းယား တယ်ရီယားမျိုး ခွေးလေးတကောင်ကိုလည်းတွေ့ခဲ့ဘူးပါသည်။ သူသည်အဝေးမှနေ၍ ဂျင်အရက်နံ့ကိုခံတတ်ပါသည်။ ညင်သာလျက် သဘောကောင်းသည့် အိမ်ရှင်ကောင်းလည်းဖြစ်ပါသည်။

နောက်တကောင်ကတော့ “ဟဲန်ဒ် ဆမ်း”အမည်ရှိ ရွှေရောင် လာဘရာဒါ ခွေးလေးပါ။ ထွားပြီး ချစ်စရာ ကောင်းပါသည်။ သူ့သခင် အငြိမ်းစားဗိုလ်မှူးကြီးထံမှ အထင်အရှားအမွေခံထားသကဲ့သို့ သက်ကြီးလောက ၏ လောကွတ်ပျူငှာသော အသံဖြင့်ဆီးကြိုဆက်ဆံပါသည်။ သူ့သခင်မှာလည်း လူကြီးလူကောင်း နှင့်အရာရှိတဦး၏ပင်ကိုယ်အရည်အချင်းဉာဉ်ဖြင့် အများ၏ “ဦးလေးကြီး”အဖြစ် လူတိုင်း၏အချစ်တော် ဖြစ်နေခဲ့သူပါ။

“ဆေလာ”နှင့် “ဟဲန်ဒ် ဆမ်း”တို့ကို ကျွန်မ၏သူငယ်ချင်းများအဖြစ်အသိအမှတ်ပြုခဲ့သော်လည်း၊ ကျွန်မ၏ အရေးပေါ်အဒေါ်၏ အယ်ဇေးရှင်း “အင်မ်ပလီ”ကတော့ မိသားစုပါ။ ကျွန်မ ကုလသမဂ္ဂမှာ အလုပ်လုပ်စဉ် ကျွန်မတို့ ၃ ယောက် မဲန်ဟတ်တန်မှာ အတူနေခဲ့ကြပါသည်။
ခွေးများသည် သခင်များကိုအတုယူသည်ဟူသော ဆိုရိုးအတိုင်းအမှန်ပင် “အင်မ်ပလီ”၏သဘောထား သည် ကျွန်မအပေါ် အမိသဖွယ်ကာကွယ်စောင့်ရှောက်ပါသည်။ ကျွန်မအပြင်ထွက်၍ နောက်ကျနေလျှင် အပြစ်တင်မှုအနည်းဆုံးဖြင့် စိတ်ရှည်စွာစောင့်မျှော်နေတတ်ပါသည်။ သူ မသိသောလူများလာလျှင်လည်း ထိုသူများ ဆိုဖာခုံပေါ် ကျွန်မဘေးတွင် ဝင်မထိုင်မိစေရန် အသေအချာဂရုစိုက်တတ်ပါသည်။

၁၉၇၂ ခုနှစ် လက်ထပ်ပြီးပြီးခြင်း မိုက်ကယ်နှင့်ကျွန်မတို့ ဘူတန်တွင်နေထိုင်ရန် ရောက်ရှိချိန်တွင် ကျွန်မတို့၌ ကိုယ်ပိုင်ခွေးတကောင် ရရှိခဲ့ပါသည်။ သူသည် အဖြူနှင့်အညိုအရောင်စုပေါင်းထားသည့် ခွေးငယ်လေးအနေနှင့်ရောက်ရှိလာခဲ့ပါသည်။ သူကို သင့်တော်သောနာမည်ပေးရန် စဉ်းစားရအလွန်ခက် ခဲ့ပါသည်။ နောင်လပေါင်းများစွာ အလေးအနက်စဉ်းစားပြီး နောက်ဆုံးမတော့ ရောက်ခါစက သူ့ကို ခေါ်ခဲ့သည့် “ပါပီ”ဟူသောအမည်ဟာ အသင့်တော်ဆုံးပဲလို့ ဆုံးဖြတ်ခဲ့ကြပါသည်။ သူငယ်လွန်းချိန်မှာတော့ ကျွန်မ၏လည်ပင်းကိုဖက်လျက်အိပ်ခဲ့ပါသည်။ မိုက်ကယ်၏ အိပ်ရာထဲစီး ဖိနပ်၏ အမွေးပွ သည်းကြိုးများနှင့်လည်း မှန်မှန်နပန်းသတ်ခဲ့ပါသည်။

အရွယ်ရောက်လာတော့ ရာသီအလိုက် ခရီးသွားတကောင်ဖြစ်လာခဲ့ပါသည်။ ကမ္ဘာတခြမ်းခရီးထွက်ရာ တွင် ကျွန်မတို့နှင့်အတူတကွ မြဲမြံခိုင်မာစွာအဖော်ပြုလိုက်ပါခဲ့ပါသည်။ ကျွန်မတို့၏ သားများ လူ့လောက ရောက်လာတော့လည်း သူက အကျိုးပြုဆောင်ရွက်လျက် ပါးရေတွန့်မျက်လုံးများနှင့် စောင့်ကြည့်ထိန်း ကျောင်းပေးခဲ့ပါသည်။

ဂုဏ်သရေရှိ ခွေးအိုကြီးအနေနှင့် ကျွန်မတို့အောက်စဖို့ဒ်အိမ်ထောင်၏အမှတ်အသားအဖြစ် မိတ်ဆွေများ နှင့်မိသားစုမှ ကောင်းစွာအကျွမ်းဝင်သိရှိကြခဲ့ပါသည် (လေးစားခံရသည်ဟု ကျွန်မထင်မြင်ပါသည်)။ “ပါပီ” သည် အသက်မှည့်ရွဲသော ၁၉ နှစ်သားတွင် သေဆုံးသွားခဲ့ပါသည်။ ထိုအချိန်တွင် ကျွန်မလည်း မြန်မာ နိုင်ငံမှာ အကျယ်ချုပ်အချခံနေရပါသည်။


ဒေါ်အောင်ဆန်းစုကြည်

၂၀၁၁ ခု မတ်လ ၇ ရက်နေ့ထုတ် မိုင်အိနိချိ ဂျပန်။

(၂၀၁၁ ခု မတ်လ ၇ ရက်နေ့ထုတ် မိုင်အိနိချိ ဂျပန်သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်၏ ANIMAL TALK ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ )

ဘာသာပြန်သူ - မောင်မောင်လှကြိုင်
၂၀၁၁ မတ်လ ၀၇။


မှတ်ချက်။   ။ဆုံဆည်းရာဘလော့မှပြန်လည်ကူးယူဖော်ပြသည်။

1989 Phone Maw Day in RIT

Raw Video: Japan Quake Caught on Camera

Raw Video: Japan Launches Military Rescue

Wednesday, February 23, 2011

ဓါးတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည်။(မြသန်းတင့်)။

ဓါးတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည်။(မြသန်းတင့်)။                                                                   

မနောမြေမှသင့်ကိုအလိုရှိသည်။


To protect our Land (Kachin Revolution Song)
Uploaded by thadarmay. - Watch the latest news videos.

နရသိမ်အကျဉ်းထောင်ထဲက-သူပုန်အကျဉ်းသားဗမော်တင်အောင်(ဒဂုန်တာရာ)။

နရသိမ်အကျဉ်းထောင်ထဲက-သူပုန်အကျဉ်းသားဗမော်တင်အောင်။(ဒဂုန်တာရာ)။                                                            

၁၉၉၀-ခုနှစ်။ရွေးကောက်ပွဲမှတ်တမ်း။

၁၉၉၀-ခုနှစ်။ရွေးကောက်ပွဲမှတ်တမ်း။                                                                   

Thursday, February 17, 2011

karen fighting Mae Ta Wan

Mae Ta wan fighting

Border Guard Force Rejections

DKBA Battle

စုပေါင်းကာကွယ်ရန် လက်နက်ကိုင် ၁၂ ဖွဲ့ ကောင်စီဖွဲ့။

စုပေါင်းကာကွယ်ရန် လက်နက်ကိုင် ၁၂ ဖွဲ့ ကောင်စီဖွဲ့။
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၇ ရက် ၂၀၁၁ ခုနှစ် ။

စစ်အစိုးရ ဖိအားများကို စုပေါင်းကာကွယ်ရန်အတွက် အပစ်ရပ်နှင့် အပစ်မရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ပါဝင်သည့် “ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ” ကို ဗုဒ္ဓဟူးနေ့တွင် ဖွဲ့စည်းလိုက်သည်။

ယခုလ ၁၂ ရက်မှ ၁၆ ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ် တောတွင်းတနေရာ၌ ကျင်းပခဲ့ပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ် ၅၁ ဦး တက်ရောက်ခဲ့သော ညီလာခံကြီးတွင် စစ်အစိုးရက စစ်ရေး၊ နိုင်ငံရေးအရ ဖိအားပေးလာလျှင် စုပေါင်း၍ ခုခံကာကွယ်နိုင်ရန်အတွက် အင်္ဂလိပ်ဘာသာဖြင့် United Nationalities Federal Council (Union of Burma) အမည်ရ ကောင်စီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

“စစ်အုပ်စုကနေ လွှတ်တော်တွေဖွဲ့၊ နိုင်ငံရေးအရ တိုင်းရင်းသားတွေကို ချေမှုန်းဖို့၊ အင်အားဆုတ်ယုတ်အောင် လုပ်တာ၊ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်တပ်လုပ်ဖို့ ဖိအားပေးရင် တဖွဲ့ထဲ ခုခံနိုင်ဖို့ မလွယ်ဘူး။ ဒါကြောင့် စစ်ရေးအရ လက်နက်ကိုင် အဖွဲ့အစည်းတွေ ပေါင်းပြီးတော့ ညီညီညွတ်ညွတ်နဲ့ ခုခံပြောဆို ကာကွယ်မှ ရပ်တည်နိုင်မယ်ဆိုပြီးတော့ မဖြစ်မနေ ဖွဲ့စည်းလိုက်တဲ့ အခြေအနေမျိုးပါ” ဟု ထိုကောင်စီ၏ တွဲဘက်အတွင်းရေးမှူး ဖြစ်သူ PNLO မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာကပြောသည်။

ကောင်စီကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF ၊ လားဟူ ဒီမိုကရက်တစ်သမဂ္ဂ္ဂ LDU၊ ညီညွတ်သော ရခိုင်အမျိုးသားပါတီ NUPA၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ မွန်ပြည်သစ်ပါတီ NMSP၊ ကချင်အမျိုးသား အစည်းအရုံး KNO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ဝ' အမျိုးသားအဖွဲ့ချုပ် WNO၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD စသည့် အပစ်ရပ်နှင့် အပစ်မရပ်သေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပြင် ပြည်ပအခြေစိုက် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးစုများ ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) UNLD (L/A) ဖြင့် ဖွဲ့စည်းခြင်း ဖြစ်သည်။

၎င်း ၁၂ ဖွဲ့မှ ကိုယ်စားလှယ် ၂၇ ဦး စေလွှတ်ကာ ကောင်စီဝင်များအဖြစ် တာဝန်ယူမည်ဖြစ်ကာ၊ ကျန်ရှိသေးသော အဖွဲ့အစည်းများလည်း ပါဝင်လာနိုင်ရန် ညှိနှိုင်းနေဆဲဖြစ်သည်။

ဥက္ကဋ္ဌအဖြစ် KNU ၏ လက်နက်ကိုင်တပ် KNLA ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပဒိုဆဲဖူး၊ KIO မှ ဒုဗိုလ်ချုပ်ကြီး ဂေါင်ရီဇော်ဆိုင်းက ဒု-ဥက္ကဋ္ဌ ၁ ၊ KNPP ဝါရင့်နိုင်ငံရေးခေါင်းဆောင် ခူးအေဘေတွိ့သ်က ဒုဥက္ကဋ္ဌ ၂ ၊ NMSP မှ နိုင်ဟန်သာက အထွေထွေအတွင်းရေးမှူး၊ PNLO ဗိုလ်မှူးကြီး ခွန်ဥက္ကာက တွဲဘက် အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ပေးခံရသည်။

အနည်းဆုံး ၃ လမှ ၆ လအထိ အချိန်ယူပြီး တိုင်းရင်းသားများ ကိုယ်စားပြုကောင်စီကြီး ပိုမိုကျစ်လစ်ခိုင်မာအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံခြားရေး၊ ပြည်ထဲရေး(ဌာနချုပ်ရုံး)၊ ကာကွယ်ရေး စသည့် ဌာနကြီး ၃ ခုကို စတင်ဖွဲ့စည်းပြီး စစ်ရေးအရ ကာကွယ်ရေးဌာန တခုတည်းထားရှိကာ ခုခံကာကွယ်ရေး ပူးပေါင်းဆောင်ရွက်သွားရန် ရှိကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားများသာမက ဗမာလူမျိုး အခြေခံ လူတန်းစားများ ပါဝင်လာနိုင်ရန် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်တရပ် လုပ်ဆောင်မည်ဟုလည်း ဆိုသည်။

သူက “ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသားသက်သက်ပဲ တည်ဆောက်လို့ မရနိုင်ပါဘူး။ လက်ရှိ တိုင်းပြည်က ဗမာလူမျိုးတွေလည်း ပါဝင်နေတဲ့ တိုင်းပြည်ဆိုတော့ ဖက်ဒရယ် ပြည်ထောင်စု လက်တွေ့အောင်မြင်အောင် တည်ဆောက်ချင်ရင် အခြေခံ လူထုလူတန်းစားတွေကို လက်တွဲရမှာပဲ။ ကျနော်တို့က အခြေခံ ဗမာလူမျိုး လူထုလူတန်းစားကိုလည်းပဲ လက်တွဲပြီးတော့ တည်ဆောက်ရေးမှာ ဆက်လုပ်သွားဖို့ လုပ်ငန်းစဉ် တခုဖြစ်ပါတယ်” ဟု သူကပြောသည်။

တိုင်းရင်းသားများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော လက်နက်ကိုင် ၆ ဖွဲ့ပါ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီ CEFU ကို ညီလာခံ နောက်ဆုံးနေ့တွင်တရားဝင်ရုပ်သိမ်းလိုက်သည်။

စစ်အင်အားကြီး ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နှင့် ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSA-N အဖွဲ့များ လက်ရှိ ညီလာခံသို့ တက်ရောက်နိုင်ခြင်း မရှိပေ။

သို့သော် ပြည်သူ့စစ် အသွင်ပြောင်းရေး လက်မခံသော ရှမ်းပြည်မြောက်ပိုင်း တပ်မတော်၏ တပ်မဟာ ၁ ဦးစီးချုပ် ဗိုလ်ချုပ်ပန်ဖ ဦးဆောင်သော ရှမ်းပြည်တိုးတက်ရေးပါတီ Shan State Progress Party-SSPP အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

၁၉၇၁ ခုနှစ်ကတည်းက ရှမ်းပြည်မြောက်ပိုင်းတပ်မတော်က ရှမ်းပြည်တိုးတက်ရေးပါတီကို ဖွဲ့စည်းခဲ့ကာ ၁၉၈၉ စက်တင်ဘာတွင် ဗိုလ်ချုပ်ဆေထင် ဦးဆောင်သည့် SSA-N က စစ်အစိုးရနှင့် အပစ်ရပ်ခဲ့ပြီးနောက် ယခု ပြန်လည်ဖွဲ့စည်းခြင်း ဖြစ်သည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တော်လှန်နေသော တိုင်းရင်းသားငြိမ်းအဖွဲ့များ၏ လက်နက်ကိုင်တပ်များကို တပ်မတော်အောက် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းရေးကို စစ်အစိုးရက ဖိအားပေးနေသော်လည်း UWSA၊ KIO၊ NMSP၊ SSA-N၊ မိုင်းလား ခေါ် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ NDAA တို့က ငြင်းဆန်နေဆဲ ဖြစ်သည်။

ထို့ကြောင့် ပြီးခဲ့သည့်နှစ် မေလတွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေးနေချိန် စစ်အစိုးရက တိုင်းရင်းသားအဖွဲ့တခုခုကို တိုက်ခိုက်လာပါက ပြန်လည်ပူးပေါင်းတိုက်ခိုက်ရန် ထိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ စစ်ရေး၊ နိုင်ငံရေးအတွက် မဟာမိတ်ဖွဲ့ရန် သဘောတူခဲ့ကြသေးသည်။

မြန်မာစစ်အုပ်စုအာဏာပိုင်သတင်းစာက၀မ်းနည်းစွာနဲ့အဆုံးသတ်သွား မယ်လို့ပြောဆိုလိုက်တာဟာဒေါ်အောင်ဆန်းစုကြည်ကိုသတ်ပစ်မယ်လို့ ကြုံဝါးလိုက်တာပဲ။

မြန်မာစစ်အုပ်စုအာဏာပိုင်သတင်းစာက၀မ်းနည်းစွာနဲ့အဆုံးသတ်သွား မယ်လို့ပြောဆိုလိုက်တာဟာဒေါ်အောင်ဆန်းစုကြည်ကိုသတ်ပ...                                                                   

Monday, February 14, 2011

Myanmar8888(Bat--e of ssa&spdc -2)

Myanmar8888(Bat--e of ssa&spdc -4)

Myanmar8888(Bat--e of ssa&spdc -3)

ရဲဘော်မဲလေး(ခ) ညွန့်ဝင်း၏ နောက်ဆုံး ခရီးစဉ် ။

ရဲဘော်မဲလေး(ခ) ညွန့်ဝင်း၏ နောက်ဆုံး ခရီးစဉ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး
ကျောင်းသားတပ်မတော်
အမှတ်(၂ဝ၇)တပ်ရင်း
မှကိုယ်ပိုင်အမှတ် (၃၈၆၉) တပ်ကြပ်နှင့်-ယာယီတပ်စုတပ်ကြပ်ကြီးဟောင်း ရဲဘော်ညွှန့်ဝင်း၏ တော်လှန်ရေးရာဇဝင်အကျဉ်း။
ရဲဘော်ညွှန့်ဝင်းသည်-
          ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးတောင်းဆိုတိုက်ပွဲတွင် ဆန္ဒပြသူတစ်ဦးအဖြစ် ပါဝင် ဆင်နွှဲခဲ့သည်။ စစ်တပ်မှ အာဏ...ာသိမ်းပြီးနောက် မပြီးဆုံးသေးသော ဒီမိုကရေစီရရှိရေးတိုက်ပွဲအား ဆက်လက်ဆင်နွှဲရန်အတွက်  ၁၉၈၉ ခုနှစ်တွင် နယ်စပ်သို့ထွက်ခွာခဲ့ပြီး ကျောင်းသားတပ်မတော် အမှတ်(၂၀၇) တပ်ရင်းသို့ တပ်သားအဖြစ် ဝင်ရောက်ကာ တာဝန်ထမ်းဆောင်ခဲ့သည်။
          သူသည် အသက်ငယ်ရွယ်သေးသူဖြစ်သော်လည်း ခိုင်မာသောစိတ်ဓါတ် ယုံကြည်ချက်တို့ဖြင့် တိုက်ပွဲဝင်ရင်း တပ်ကြပ်နှင့် ယာယီတပ်စုတပ်ကြပ်ကြီးအဖြစ် စစ်မြေပြင်၌ပင် ခန့်အပ်ခြင်းခံခဲ့ရသည်။
          သူသည်        - ထိုးစစ်တိုက်ပွဲ
                             - စခန်းသိမ်းတိုက်ပွဲ
                             - ခံစစ်တိုက်ပွဲ
                             - ခွာစစ်တိုက်ပွဲ
- ပျောက်ကျားစစ်တိုက်ပွဲတို့ကိုဆင်နွှဲခဲ့ပြီးအထူးသဖြင့်ကမ္ဘာကျော်တိုက်ပွဲစာရင်းဝင်သည့်ဝမ်ခတိုက်ပွဲ(ဝမ်ခဟောင်း - ဝမ်ခသစ်) ထွီးပါးဝီကြိုးတိုက်ပွဲ (ခွေးအိပ်တောင်) တို့ကိုပါ(နှစ်ပတ်လည်တိုက်ပွဲများ)ဆင်နွှဲခဲ့သည်။
ထိုတိုက်ပွဲများတွင် မျက်စေ့ကို ယမ်းငွေ့ရိုက်မိခြင်းနှင့်၊ ရန်သူ့လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ရင်ဘတ်ကို ရိုက်ခတ်မိသော ဒဏ်ရာဖြင့် ၁၉၉၅/၉၆ ခုနှစ်တွင် တပ်မှ အနားယူခဲ့ရသည်။
 ယ္ခုအခါ သူသည် ဦးနှောက်သွေးကြောပြတ်ရောဂါဖြင့် အုန်းဖျံဆေးရုံ၌ပင်( 12 ၊ 2 ၊ 2011) ရက်နေ့၌ ကျဆုံးခဲ့သည်။
ကျဆုံးချိန်၌-
                   ဇနီး           - မငယ်(ခ)ခိုင်ခိုင်ဝင်း
                   သားကြီး      - မောင်အောင်ဖြိုးဇင် သားငယ်များ(အမွှာ)  - မောင်ဇင်မင်းနိုင် နှင့် မောင်ဇင်မင်းထက် တို့ကျန်ရစ်ခဲ့ရှာသည်။
ထို့အပြင်-သူချစ်သော ဒီမိုကရေစီရရှိရေးအတွက် လက်တွဲတိုက်ပွဲဝင်ခဲ့ကြသည့် တိုက်ဖော်တိုက်ဖက် သေဖော်သေဘက် ရဲဘော်များအားလည်း ချန်ရစ်ခဲ့ရှာသည်။
သို့သော်- သူကိုယ်ပိုင်အမှတ် ၃၈၆၉ -တပ်ကြပ်နှင့်ယာယီတပ်စုတပ်ကြပ်ကြီးဟောင်း ညွှန့်ဝင်း(ခ)မဲလေးသည် လူသေသော်လည်း ဘယ်သောအခါမှ နာမည်နှင့် သမိုင်းမသေသော ဒီမိုကရေစီရဲဘော်ကြီးတစ်ဦးအဖြစ် သမိုင်းတွင် တွင်ကျန်ရစ်ခဲ့သည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။
ရဲဘော်ညွှန့်ဝင်း(ခ)မဲလေး
`ကောင်းရာသုဂတိလားပါစေ’
 ကျန်ရစ်သော မိသားစုနှင့် ရဲဘော်ရဲဘက်များ           
ရက်စွဲ 2011 ခုနှစ် ၊ဖေဖော်ဝါရီလ၊(  ၁၄ )ရက်။

Friday, February 11, 2011

(၆၅)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်။


12 February (1947), Union Day celebrates the signing of the Panglong Agreement and the creation of the Union of Burma. General Aung San was able to convince some of the Shan Saophas, Kachin Duwars and the Chin leaders and finally succeeded in concluding an agreement with ethnic minorities for a unified Burma at the Panglong Conference on February 12, celebrated since as ‘Union Day’. The Karen sent only 4 observers. The Arakanese and the Mons were considered as part of the Burmese tribe having being subdued since the Burmese kings and were not consulted; the Karenni was an independent state and not invited. A new democratic and federal constitution was drafted that safeguarded basic civil liberties and the rights of the citizen.
Panglong Spirit: Liberty, Equality, Autonomy, and Federal Union (LEAF).
There were 23 signatories in all expressing their willingness to work with the ‘interim Burmese government’ in order to achieve independence speedily, and agreeing in principle the formation of a ‘Union of Burma’. Burman representative: Aung San; Chin representatives: Hlur Hmung, Thawng Za Khup, Kio Mang; Kachin representatives: Sinwa Nawng, Zau Rip, Dinra Tang, Zau La, Zau Lawn, Labang Grong; Shan representatives: Tawnpeng, Yawnghwei, North Hsenwi, Laika, Mong Pawn, Hsamonghkam and representatives of Pawnglawng: Hkun Pung, Tin E, Kya Bu, Sao Yapa Hpa, Htun Myint, Hkun Saw, Hkun Htee.

သူရမြင့်အောင်နေအိမ်အကျယ်ချုပ်ချထားခြင်းသတင်း။

သူရမြင့်အောင်နေအိမ်အကျယ်ချုပ်ချထားခြင်းသတင်း။                                                                   

Thursday, February 10, 2011

စစ်နှင့်နိုင်ငံရေး။

စစ်နှင့်နိုင်ငံရေး။
စစ်ဆိုသည်မှာနိုင်ငံရေး၏အဆက်ဖြစ်သည်။၎င်းအဓိပါယ်အရဆိုလျှင်စစ်ဆိုတာနိုင်ငံရေးပဲဖြစ်ပါတယ်။စစ်ကိုယ်၌ကနိုင်င့ရေးသဘောပါသည့်အပြုအမူဖြစ်သည်။ေ၇ှးခေတ်ကစပြီးနိုင်ငံရေးသဘောမပါသည့်စစ်ရယ်လို့မ၇ှိခဲ့ပါ။ဂျပန်ခုခံရေးစစ်ဟာတမျိုးသားလုံးပါဝင်ဆင်နွှဲသည့်တော်လှန်ရေးစစ်ပွဲဖြစ်သည်။တော်လှန်ရေး၏အောင်ပွဲသည်အုပ်စိုးသူအာဏာ၇ှင်စနစ်ကိုအပြုတ်တိုက်ရေး။လူ့အခွင့်အရေးရရှိရေးဆိုသည့်စစ်၏နိုင်ငံရေးရည်ရွယ်ချက်နှင့်ကင်းလွတ်နိုင်တာမဟုတ်ပါ။တော်လှန်စစ်ကိုဇွဲရှိရှိနှင့်ဆင်နွှဲသွားနိုင်ရေး၊ညီညွတ်ရေးမဟာမိတ်တပ်ပေါင်းစုများကိုစွဲစွဲမြဲမြဲထိမ်းသိမ်းထားနိုင်ရေးဆိုသည့်လမ်းညွှန်ချက်တွေနှင့်(လုံးဝ)ကင်းလွတ်၍မရပါ။တိုင်းသူပြည်သားအားလုံးကိုစိုင်းပြင်းလှုံ့ဆော်မှုနှင့်ဖြိုခွဲမှုအစ၇ှိသည့်နိုင်ငံရေးမူများနှင့်ကင်းလွတ်နိုင်တာမဟုတ်ပါ။ညီညွတ်ရေးတပ်ပေါင်းစုပေါ်လစီကိုကောင်းကောင်းကျင့်သုံးရေးနှင့်ကင်းလွတ်နိုင်တာမဟုတ်ပါ။ထို့ကြောင့်စစ်ပွဲသည်တစက္ကန့်မှနိုင်ငံရေးနှင့်ကင်းလွတ်၍မရပါ။ယဉ်ကျေးမှုရေးရာစိုင်းပြင်းလှုံ့ဆော်မှုနှင့်ကင်းလွတ်၍မရပါ။အာဏာရှင်ကိုခုခံတော်လှန်နေကြသည့်တော်လှန်ရေးသမားများဟာနိုင်ငံရေးကိုအထင်သေးပြီးစစ်ကိုသီးခြားအရာအဖြစ်ထားလျှင်စစ်ဖက်ကအရာကိစ္စတိုင်းမိမိကိုယ်ပိုင်ဆုံးဖြတ် နိုင်သည်လို့ယူဆလျှင်မှားပါလိမ့်မည်။ထို့ကြောင့်ပြုပြင်ပြောင်းလဲပစ်ရမည်။စစ်ဆိုသည်နိုင်ငံရေးကိုထူးခြားသည့်နည်းလမ်းနှင့်ဆက်လက်လှုပ်ရှားတာသာဖြစ်သည်။နိုင်ငံရေးသည်အဆင့်တခုခုအထိတိုးတက်လာပြီးမူလနည်းဖြင့်ရှေ့တိုး၍မသွားနိုင်သည့်အခါနိုင်ငံရေးလမ်းကြောင်းပေါ်ကအတားအဆီးတွေကိုဖယ်ရှားပစ်ဘို့အတွက်စစ်ဖြစ်ရတော့သည်။မြန်မာပြည်၏အခြေအနေသည်စစ်အာဏာရှင်တွေပြည်သူလူထုကိုမတရားဖိနှိပ်နေသည့်အတွက်နိုင်ငံရေးဖွံ့ဖြိုးမှု၊တိုးတက်မှု၊လူ့အခွင့်အရေးအတွက်(လုံးဝ)အတားအဆီးဖြစ်နေသည်။၎င်းအတားအဆီးတွေကိုဖယ်၇ှားပစ်ချင်လို့ တော်လှန်ရေးစစ်ကိုဆင်နွှဲနေခြင်းဖြစ်သည်။ထို့ကြောင့်အထက်ပါအတားအဆီးတွေကိုဖယ်ရှားပစ်ဘို့အတွက်တမျိုးသားလုံးလွတ်မြောက်ဘို့စစ်ပွဲကိုဆင်နွှဲကြရသည်။အာဏာရှင်တွေသည်ယခုအချိန်မှာပြည်သူလူထုကိုလက်နက်နှင့်ခြိမ်းခြောက်ဖိနှိပ်နေသည်။ဒီမိုကရေစီတက်လမ်းမှန်သမျှကိုလုံးလုံးဖြတ်တောက်ကြဘို့လုပ်ဆောင်နေကြသည်။ထို့ကြောင့်မိမိတို့အားလုံးသည်ထိုအတားအဆီးများကိုဖယ်ရှားပစ်ဘို့သံဓိဌာန်ချပြီးနိုင်ငံရေးရည်ရွယ်ချက်အထမြောက်သည်နှင့်စစ်ပွဲတွေလည်းအဆုံးသတ်သွားလိမ့်မည်။သို့ပေမယ့်အတားအဆီးတွေကိုကုန်စင်အောင်ဖယ်ရှင်းမပစ်ရသေးလျှင်တော့ရည်ရွယ်ချက်အထမြောက်သည်အထိတော်လှန်စစ်ကိုဆင်နွှဲနေရဦးမည်ဖြစ်သည်။အဘယ့်ကြောင့်ဆိုသော်အကြောင်းအရာတခုခုကြောင့်အချော့ပေးလိုက်သည့်တိုင်အောင်စစ်၏နိုင်ငံရေးရည်ရွယ်ချက်အထမမြောက်မခြင်းတော်လှန်စစ်ဆင်နွှဲသွားရမည်ဖြစ်သည်။ထို့ကြောင့်နိုင်ငံရေးသည်သွေးမထွက်သည့်စစ်ဖြစ်ပြီးစစ်သည်သွေးထွက်သည့်နိုင်ငံရေးဖြစ်သည်ဟုအတိအကျဆိုရပေလိမ့်မည်။
နိုင်ငံရေးလှုံ့ဆော်မှုဆိုတာဘာလဲ?။
ပထမအချက်အနေဖြင့်စစ်၏နိုင်ငံရေးရည်ရွယ်ချက်နှင့်ပတ်သက်ပြီးတော်လှန်ရေးသမားတိုင်း၊ပြည်သူပြည်သားတိုင်းကိုဘာ့ကြောင့်တော်လှန်သည်၊တော်လှန်စစ်နှင့်သူတို့ဘယ်လိုသက်ဆိုင်သည်ဆိုသည်ကိုနားလည်စေရမည်။တော်လှန်ရေးစစ်၏နိုင်ငံရေးရည်ရွယ်ချက်သည်စစ်အာဏာရှင်ကိုတိုက်ထုတ်ရေး၊လွတ်လပ်သည့်တန်းတူရည်တူအခွင့်အရေးနှင့်ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်တည်ဆောက်ရေးဖြစ်သည်။ထိုရည်ရွယ်ချက်ကိုတော်လှန်ရေးသမားများနှင့်ပြည်သူပြည်သားအပေါင်းတို့ကိုစည်း၇ုံးဆွေးနွေးမှသာအာဏာ၇ှင်ကိုတော်လှန်အုံကြွမှုကြီးပေါ်ပေါက်လာပြီးများစွာသောလူထုကြီးသည်လည်းတစိတ်တ၀မ်းတည်းတော်လှန်ရေးအတွက်ရှိသမျှကိုပေးလှူကြလိမ့်မည်။ဒုတိယအနေဖြင့်ပြောရလျှင်ရည်ရွယ်ချက်ကိုရှင်းပြရုံနှင့်မလုံလောက်သေးဘူး။ထိုရည်ရွယ်ချက်အောင်မြင်ရေးအတွက်ခြေလှမ်းတွေနှင့်ပေါ်လစီများကိုလည်းရှင်းပြရဦးမည်။ဆိုလိုတာကနိုင်ငံရေးလုပ်ငန်းစဉ်တရပ်ရှိဘို့လိုသည်။
တန်ပြန်ထိုးစစ်ကိုအဆင့်သို့မိမိတို့ကူးပြောင်းနိုင်သောအချက်များမှာ-
(၁)။တော်လှန်ရေးကိုစိတ်အားထက်သန်စွာကူညီသောပြည်သူလူထု။
(၂)။စစ်တိုက်ရန်အတွက်အကျိုး၇ှိသောနေရာ။
(၃)။မိမိ၏အဓိကတပ်များအားလုံးစုရုံးနေခြင်း။
(၄)။ရန်သူ၏ပျော့ကွက်ကိုတွေ့၇ှိခြင်း။
(၅)။ရန်သူကိုခြေကုန်လက်ပန်းကျပြီးစိတ်ဓါတ်ပျက်ပြားအောင်လုပ်ခြင်း။
(၆)။ရန်သူကိုအမှားမှားအယွင်းယွင်းဖြစ်အောင်လုပ်ခြင်းတို့ဖြစ်သည်။

ထူးအံ့။