Monday, February 7, 2011

နအဖ စစ်သား သေဆုံး/ဒဏ်ရာနှင့် အခြားအချက်အလက်များ ။

နအဖ စစ်သား သေဆုံး/ဒဏ်ရာနှင့် အခြားအချက်အလက်များ 

(၇၊ ၁၁၊ ၂၀၁၀ မှ ၃၁၊ ၁၊ ၂၀၁၁)

၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့ (နအဖ ရွေးကောက်ပွဲလုပ်တဲ့နေ့) ကနေ ၂၀၁၁ ခုနှစ် ဇန်နဝါရီလကုန်အထိ နအဖ စစ်တပ်နဲ့ ဒီမိုကရေစီ အင်အားစုများရဲ့ တိုက်ပွဲစစ်တမ်းပါ။နအဖ စစ်သား ထိခိုက် သေဆုံး၊ ဒဏ်ရာ၊ တိုက်ပွဲအရေအတွက်- တိုက်ပွဲအကြိမ်ရေ ၈၅ ကြိမ်ကျော်
- နအဖ စစ်သား သေဆုံး ၂၄၄
- နအဖ စစ်သား ဒဏ်ရာရ ၃၈၉
- ဗိုလ်မှူးအဆင့်အရာရှိများ သေဆုံး/ဒဏ်ရာရထဲပါဝင်

ပါဝင်တိုက်ခိုက်နေသည့် နအဖ တပ်ရင်း၊ တပ်မများ- တပ်မ ၂၂၊ စကခ (၈)၊ တပ်မ ၆၆၊ စကခ (၁၈)၊ စကခ (၅)၊ စကခ (၉)၊ စကခ (၁၂)၊ စကခ (၁၉)
နအဖ တပ်များ၏ တိုက်ပွဲပုံစံနှင့်အခြေအနေ- လက်နက်ကြီးအဓိကထား
- တက်-ကျ-ဆုတ် ဗျူဟာ ကျင့်သုံး (လူသူအလုံးအရင်းနဲ့ တက်တိုက်လိုက် အကျအဆုံးများလို့ ပြန်ဆုတ်ပြေးလိုက်)
- ထိုင်းအစိုးရဆီက အကူအညီတွေ တောင်းခံနေ (ဒီမိုအင်အားစုတွေကို ထိုင်းကတဆင့် တင်းကြပ်မှုတွေလုပ်ဖို့၊ ပိတ်ဆို့မှုတွေလုပ်ဖို့၊ ထိုင်းနယ်မြေထဲက ပတ်ဝင်ပြီး နောက်ကျောကနေ လှည့်တိုက်ဖို့)
- အင်းစိန်၊ မော်လမြိုင်၊ ဘားအံတောင်ကလေး ထောင်အသီးသီးက အကျဉ်းသားပေါ်တာတွေကို စစ်ပွဲမှာ အသုံးပြုနေ (လူသားမိုင်းရှင်းကိရိယာ၊ အထမ်းသမားပေါ်တာ)
- ခလေးစစ်သားတွေ အမြောက်အများ အသုံးပြု
- စစ်သားများ ရိက္ခာလစာ မလုံလောက်
- တပ်ပြေး စစ်သားအရည်အတွက် များသထက်များ
- ရိက္ခာပို့လည်း အတိုက်ခံရ၊ စစ်ကြောင်းချီလည်း အတိုက်ခံရ၊ စစ်ကြောင်းနားလည်း အတိုက်ခံရ၊ ရှေ့ကလည်း အတိုက်ခံရ၊ နောက်ပိုင်းကလည်း အတိုက်ခံရ၊ ဘေးနှစ်ဘက်က ၀ိုင်းတိုက်ခိုက်မှုခံရ ဖြစ်နေ
- စစ်သားများ စိတ်ဓာတ်ကျဆင်း
- မိမိလူ ထိခိုက်/ကျဆုံးအလေးအနက်မထား
- လူထုထောက်ခံမှုမရ (ရွာသားတွေကို နှိပ်စက်သတ်ဖြတ်၊ ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ပစ်ခတ်၊ ဆေးခန်း အပါအ၀င် ဈေးဆိုင်အစ တဲအိမ် အဆုံး အကုန်လုံးကို မီးရှို့ဖျက်ဆီးနေ)
- ဝေါလေဒေသတွင် မုဒိမ်းမှုကျူးလွန်ခဲ့ကရင်ပြည်နယ်တွင်း တိုက်ပွဲဝင်နေတဲ့ ဒီမိုကရေစီအင်အားစုများ

- DKBA
- KNU
- ABSDF (ကျောင်းသားတပ်မတော်)စစ်ပြေးဒုက္ခသည် အခြေအနေနှင့် ကူညီစောင့်ရှောက်မှု

- နအဖ ထိုးစစ်ကြောင့် ၃၀၀၀ ကျော် နယ်စစ်ဒေသတွင် ထွက်ပြေး တိန်းရှောင်နေရ
- နအဖ ထိုးစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ပြေးဒုက္ခသည် ရွာသူရွာသားများအတွက် လိုအပ်သည့် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ဆေး ၀ါးကုသမှုများကို နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေး လုပ်သားများအဖွဲ့(BPHWT)နှင့် ကရင် လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ ကူ ညီပေးလျှက်ရှိသည်။

ဒီမိုကရေစီ အင်အားစုများ၏ တိုက်ပွဲပုံစံနှင့် အခြေအနေ

လှုပ်ရှားစစ်အခြေပြုထားသည့်
- ရင်ဆိုင်တိုက်ပွဲ
- ပြောက်ကျားတိုက်ပွဲ
- မိုင်း တိုက်ပွဲတွေ
- နယ်စပ်စစ်ပွဲကို မြို့ပြစစ်ပွဲဖြစ်လာအောင် ကျိုးပမ်းလျက်ရှိ
- စိတ်ဓာတ်ရေးရာ အမြင့်မားဆုံးမှာရှိ
- ကမ္ဘာတ၀ှမ်းက မျိုးချစ်မြန်မာများ၏ စိတ်ပိုင်း/ရုပ်ပိုင်းထောက်ခံမှု အပြည့်အ၀ရရှိထား

ကိုးကား။ ။ သားဆွေအီးမေးလ်၊ အင်တာနက်သတင်းများ၊ ထပ်မံဖြည့်စွက်ချက်များ ရှိပါက ဆုံဆည်းရာ အီးမေးလ်ကို ပို့ပေးနိုင်ပါတယ်။

ကချင်တပ်နှင့် စစ်အစိုးရတပ် တိုက်ပွဲဖြစ်။

ကချင်တပ်နှင့် စစ်အစိုးရတပ် တိုက်ပွဲဖြစ်



ချင်းမိုင် (မဇ္စျိမ) ။      ။ အပစ်ရပ် ပျက်ပြားပြီးနောက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် စစ်အစိုးရတပ်အကြား ပထမဆုံးတိုက်ပွဲ ယနေ့မနက် ဖြစ်ပွားခဲ့ရာ ဗဟိုအစိုးရတပ် တပ်ရင်းမှူး အပါအဝင် ၈ ဦး ဒဏ်ရာရခဲ့သည်ဟု KIO က ပြောသည်။

ကချင်ပြည်နယ် ဗန်းမော်မြို့ အနောက်မြောက်ဘက် မန်စီမြို့နယ်အတွင်း ခလရ ခြေလျင်တပ်ရင်း ၁၅ နှင့် KIO တပ်ရင်း ၂၇ အကြား မိနစ် ၂ဝ ခန့်ကြာ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“တိုက်ပွဲတော့ ဖြစ်နေပြီ။... ဒီမနက် ဖြစ်တာ။ ၁ဝ
kio1
စစ်ဖြစ်လာနိုင်သော စိုးရိမ်ချက်ဖြင့် စစ်ရေးပြင်ဆင်မှုများ ကေအိုင်အေက ပြုလုပ်နေခဲ့သည်
နာရီလောက်က ဖြစ်တာ။ ဗန်းမော်အနားမှာ ဟုတ်တယ်” ဟု KIO သတင်းရပ်ကွက်က ပြောသည်။

KIO ထိန်းချုပ်ထားသော နယ်မြေအတွင်း တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ယဉ်ထွေး ဦးဆောင်သော  စစ်သည် ၁၅ ဦးပါ စစ်ကားတစီးက  ဝင်ရောက်လာခဲ့ရာ မိုင်းနင်းမိခဲ့သည်။ ထို့နောက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

KIO က ၎င်းတို့နယ်မြေအတွင်း မဝင်ရောက်လာရန် နှုတ်အားဖြင့် အကြိမ်ကြိမ် ပြောဆိုထားခဲ့သည်ဟု KIO အရာရှိတဦးက ပြောဆိုသည်။

ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း အရာရှိတဦးကလည်း KIO နှင့် အစိုးရတပ်များအကြား တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ခလ၇ ၁၅ တပ်များမှာ ပြီးခဲ့သည့်လ ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့သော မိုးမောက်မြို့နယ် တာပိန် ၁ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအတွက် လုံခြုံရေး ယူထားသည့် တပ်များဖြစ်ကြောင်း နယ်စပ် စစ်ဘက်သတင်းရပ်ကွက်တခု အဆိုအရ သိရသည်။

kio2
စစ်ဖြစ်လာနိုင်သော စိုးရိမ်ချက်ဖြင့် စစ်ရေးပြင်ဆင်မှုများ ကေအိုင်အေက ပြုလုပ်နေခဲ့သည်
တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင် KIO သည် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုခဲ့သော်လည်း ၁၉၉၇ ခုနှစ် ဧပြီလထဲတွင်လည်း နှစ်ဖက်အကြား တိုက်ပွဲဖြစ်ခဲ့သေးသည်။

ကေအိုင်အိုကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ၂ဝဝ၉ ခုနှစ်ထဲတွင် စစ်အစိုးရက ကြိုးပမ်းလာရာမှ အပစ်ရပ် သဘောတူညီချက် ပျက်ပြယ်ခဲ့သည်။

ယခုအခါ ဒေသတွင်း စစ်ရေးတင်းမာမှု ပိုမြင့်လာပြီး ဗန်းမော်မြို့တွင် အစိုးရဖွဲ့စည်းထားသော ပြည်သူ့စစ်အင်အား ၁ဝဝ ကျော်မှာ ယမန်နေ့စ၍ လက်နက်အပြည့်အစုံဖြင့် စစ်ပြင်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံတဦးက ပြောသည်။

Thursday, February 3, 2011

"Zulu" ရဲ့ နောက်ဆုံးနေ

"Zulu" ရဲ့ နောက်ဆုံးနေ့ 

by In Memory of the Fallen on Thursday, February 3, 2011 at 3:44am

Zulu ဆိုတာ တခြားလူမဟုတ်ပါ။ ABSDF တနည်း မကဒတ ဟုအမည်တွင်သော၊ ကျောင်းသားတပ်မတော်ရဲ့ စစ်ရေးကျွမ်းကျင်နှံ့ စပ်သူ၊ စစ်ဦးစီး အရာရှိချုပ် တာဝန်ထမ်းရွက်နေသော ရဲဘော်ထွန်းဦး (ခ) ဗိုလ်ထွန်းဦး ပင်ဖြစ်ပါသည်။

အသားအလွန်မဲပြီး၊ ပိန်ပိန်ပါးပါး၊ ဖြတ်ဖြတ်လပ်လပ်၊ တက်တက်ကြွကြွ၊ ရဲရဲရင့်ရင့်၊ တွေးခေါ်၊ပြောဆိုလှုပ်ရှားတတ်သူဖြစ်ပြီး ၊ တိုက်စိတ်ခိုက်စိတ် ပြင်းပြလွန်းသူမို့  တင်စားပြီး ခေါ်ဝေါ်ကြတာ ဖြစ်ပါသည်။  ဆက်သွယ်ရေးစက်ရဲ့ အမည်ဝှက်၊ သညာဝှက်လည်းဖြစ်သည်။

သူရဲ့ဇာတိက ခေသူမဟုတ်၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ် ကျော်ဇော၊ သူရဲကောင်း ဗိုလ်မှူးကြီး စိန်မှန် တို့ နဲ့  တနယ်တည်း တမြို့ တည်း၊ သာယာဝတီ သုံးဆယ်သားလေးဖြစ်သည်။ ကျောင်းသားတပ်မတော်ထဲတွင် စစ်ရေးကို စိတ်အ၀င်စားဆုံး၊ RIT တက္ကသိုလ် ကျောင်းသားလေး ဖြစ်ပါသည်။

၁၉၉၅ ခုနှစ်၊ ဇန်န၀ါရီလ ၁၀ ရက်နေ့ က ဒေါင်းဂွင်အနီး မကဒတ ယာယီအခြေပြုရာ ကျောင်းသားတပ်မတော် သံလွင်စခန်းမှ KNU ဗဟို မာနယ်ပလောသို့  စက်လှေနဲ့ အသွား မနက်ပိုင်း ၁၀၀၀ နာရီဝန်းကျင်ခန့် တွင် မာနယ်ပလော KNU ဆေးရုံ အလွန် သောင်ရင်းမြစ်ထဲမှာ လှေမှောက်ပြီး ရေအောက်သို့ နစ်မြုတ်ကျဆုံးသွားရှာသူဟာ Zulu ခေါ် ဗိုလ်ထွန်းဦး လေးပင်ဖြစ်ပါသည်။

ထွန်းဦးက ရေမကူးတတ်ရှာဘူး၊ ရေလမ်းခရီးသွားတိုင်း သက်ကယ်အင်္ကျီကို အမြဲဝတ် တတ်သူဖြစ်ပါသည်။  သေနေ့ စေ့လို့ ထင်ပါရဲ့၊ အဲဒီနေ့ က သက်ကယ်အင်္ကျီ မ၀တ်ခဲ့ပါ။  သူစီးလာသော တောစီးဖိနပ်ကိုတော့ လှေပေါ်ကို ရောက်လျင်ရောက်ချင်း ချွတ်လိုက်တာ ကျွန်တော် သတိပြုမိခဲ့ပါတယ်။

တကယ်တော့လည်း သူသေနေ့စေ့လို့သာ အတန်တန် လိုက်မလာဘို့တားနေတဲ့ကြားက ဇွတ်အတင်း လှေပေါ်ကို တက်လိုက်ခဲ့တာ ဖြစ်ပါတယ်။  ထိုနေ့က ကျွန်တော်တို့က မာနယ်ပလော ကိုသွားတဲ့ကိစ္စ ဟာ ဒေါင်းဂွင်အနီး လယ်တိုး တောင်ကျောပေါ်တွင် ခြေကုတ်ယူ တပ်စွဲထားတဲ့ ခလရ-၁၉ စစ်ကြောင်းအား တောင်ကြောပေါ်မှ မှောင်းချရန် လိုအပ်သော လက်နက်ကြီး ၊ ၈၂ မမ (၂) လက်ခန့် ကိုခေတ္တယူ၍ ပစ်ခတ်သုံးစွဲလိုသောကြောင့် သွားရောက်တက်ပြတောင်းခံရန် ဖြစ်ပါတယ်။

ထိုကိစ္စအတွက် မကဒတ ဥက္ကဌ ဒေါက်တာ နိုင်အောင်၊ အတွင်းရေးမှူး (၁) ရဲဘော်အောင်ထူး၊ (EC) ရဲဘော်မောင်ဒီ၊ ရုံးအုပ် ရဲဘော် ၀င်းမြင့်သိန်း ၊ ရဲဘော် ထွန်းဦး နဲ့ ကျွန်တော် တို့လိုက်ပါခဲ့ကြပါတယ်။  တော်လဲထ လှေဆိပ်မှ မာနာပလော သို့လှေကြုံစီးလိုက်ခဲ့သူ ကရင်အဘိုးကြီးတယောက်နဲ့ အသက်(၂၀)ကျော်အရွယ် သမီး (၂) ယောက်တို့လည်း ပါလာပါသည်။

စက်လှေကိုတော့ အမြဲတမ်းမောင်းတတ်သူ တရုတ်ကလေးက မောင်းပါတယ်။  စက်လှေဟာ သောင်ရင်းချောင်း KNU ဆေးရုံအလွန် ရေပေါ်ကျွန်းကလေးအနီးတွင် သစ်ပင်တပင်လဲပြီး ချောင်းတွင်းမှာ ကန့်လန့်ခံနေသောကြောင့် ရေစီးလမ်းကြောင်းကြမ်းကာ ဖြတ်ကျော်မောင်းနှင်ရန် အတော်ကလေး ခက်ခဲသည်ကို တွေ့ရပါတယ်။

ကျိုးစားဖြတ်မောင်းစဉ် ရေစီးကြောင့် စက်လှေမှာ သောင်ကျဉ်းကလေးဘက်သို့ပါသွားပြီး ကျွန်းအနီးတွင် သောင်တင်သွားပါတယ်။  အမြဲသတိရှိသူ ကျွန်တော်က စက်လှေပေါ်မှ သောင်ပေါ်သို့ ခုန်ဆင်းလိုက်မိပါတယ်။

အခြေအနေကိုသုံးသပ်ပြီး လူအားလုံး စက်လှေပေါ်မှ သောင်ပေါ်သို့ဆင်းကြရန်နဲ့ သောင်အတိုင်း လူတွေကလမ်းလျှောက်ကာ စက်လှေချည်း ၀န်ပေါ့ပေါ့ဖြင့် ရေ၀ဲကို ဖြတ်မောင်းစေရန် ကျနော်ကပြောပါတယ်။  ရေ၀ဲကိုကျော်ပြီးမှ လူတွေက စက်လှေပေါ်ကိုပြန်တက်ရန် ကျနော်က ပြောခဲ့သည်ကို မောင်ကျောင်းသားများက နားမထောင်ခဲ့ကြပါ။

စက်လှေမောင်းသူတရုတ်ကလေး က "အဘ လှေပေါ်ပြန်တက်ပါ၊ ကျနော် ရေ၀ဲကို ကျော်ဖြတ်မောင်းလို့ ရပါတယ်" ဟုပြောသောကြောင့် စိတ်လေးစွာနဲ့ပဲ လှေပေါ်ကို ကျနော် ပြန်တက်ခဲ့ရပါတယ်။ စက်လှေဖြတ်မှောင်းရာမှ ရေစီး ၀ဲကြောင့် စက်လှေဟာ သစ်ကိုင်းနဲ့ ညှိပြီး တခါတည်း မှောက်သွားခဲ့ရပါတော့တယ်။

စက်လှေမှောက်သွားတယ် ဆိုရင်ပဲ ထွန်းဦးရော လှေကြုံစီး ကရင်အဘိုးကြီးပါ ရေအောက်ရောက် ပျောက်သွားကြပါတော့တယ်။  ထွန်းဦး အလောင်းပင် ပြန်မရခဲ့ပါ။  ကျနော်နဲ့ ကျန်လူများအားလုံး ရေစီးကို မျောလိုက်ကူးခပ်ကာ ချောင်းကမ်းပါးပေါ် သေကံမရောက်သက်မပျောက် ပြန်ရောက်ခဲ့ကြပါတော့တယ်။

ကျနော်က မြစ်ဝကျွန်းပေါ် ဖျာပုံ သားပဲ၊ ရေကူးကျွမ်းခဲ့သူပါ၊ စီးလာတဲ့ဘိနပ်တရံပဲ ဆုံးတယ်။  လက်ထဲကရေဒီယိုရော၊ လက်စွဲအိပ်ပါ မဆုံးရှုံးဘဲ ကမ်းပေါ်ရောက်ခဲ့ပါတယ်။  တချို့တော့သေနတ်တို့ ငွေတို့ဆုံးကြသလို အလွန်နှမြောဘွယ်ကောင်းတဲ့ Zulu မှ ရေနစ်ကျဆုံး ခဲ့ရရှာပါတယ်။

Zulu ကို ABSDF သို့ ကျနော် ရောက်စကတည်းကကျွမ်းဝင်ခဲ့ရပါတယ်။  စစ်ရေးကိုအလွန် စိတ်ဝင်စားပြီး လေ့လာမှတ်သားအားကောင်းတဲ့ သူရဲကောင်း ကျောင်းသားလေး တဦးဖြစ်ပါတယ်။  ကျနော့အား ဖခင်တဦးကဲ့သို့ ခင်တွယ်လေးစားပြီး ကျနော့ရဲ့ သွန်သင်ညွန်ပြ၊ ဆုံးမမှုဟူသမျှကို လိုက်နာ ကျင့်ကြံအားထုတ် ကျိုးပမ်းသူလေးဖြစ်ပါတယ်။

ကျောင်းသားများထဲမှာတော့ စစ်ရေးကို အထူးစိတ်ပါဝင်စား၊ လေ့လာမှတ်သား၊ ကျွမ်းကျင်ထက်မြက်သူ တဦးဖြစ်ပါတယ်။  စစ်ရေးနဲ့ပါတ်သက်လို့ တွေးခေါ်မျှော်မြင်ပုံ၊ တွေးဆသုံးသပ်၊ ပြောဆိုလှုပ်ရှား ပုံများဟာ စစ်ဗိုလ်တဦးကဲ့သို့ ထက်မြက်တက်ကြွ ရဲရင့်ပြတ်သားလှပါတယ်။

ဘာလိုလိုနဲ့ Zulu လေး ရေနစ်ကျဆုံးခဲ့ရရှာတဲ့ နောက်ဆုံးနေ့လေးဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ (၁၀) ရက်နေ့က ဆိုရင် (၁၆) နှစ် ကြီးများတောင်ရှိခဲ့ပြီပဲနော်။

Zulu လေး ကောင်းရာသုဂတိသို့လားပါစေ။

ကြည်း ၈၅၆၃ ဒုတိယဗိုလ်မှူးကြီး အေးမြင့် (ငြိမ်း)

Thursday, January 27, 2011

ကင်ဆာကိုအရေးယူကြပါစို့။

ကင်ဆာကိုအရေးယူကြပါစို့။
ငါချစ်တဲ့-ငါတန်ဘိုးထားတဲ့
ချစ်ရဲဘော်တွေကို
ကင်ဆာဆိုတဲ့သေမင်းတမန်က

တယောက်
ပြီး
တစ်ယောက်
အကြောင်းပြချက်မျိုးစုံနဲ့
ငါ့ဘေးနားက
အဓမ္မဆွဲခေါ်သွားကြပါလား။
ကင်ဆာကျဆုံးပါစေ။
မှတ်ချက်။  ။မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး။ကျောင်းသားတပ်မတော်၊
တပ်ရင်း(၂၁၄)တပ်ရင်း၊ကိုယ်ပိုင်းအမှတ်-၅၂၀၄
-ရဲဘော်ဝင်းဗိုလ်သည်ကနေဒါနိုင်ငံတွင်နေထိုင်စဉ် ကင်ဆာရောဂါဖြင့်
ဇန်န၀ါရီလ(၂၆)ရက်၊၂၀၁၁တွင်ကွယ်လွန်သွားခြင်းအတွက်ရေးဖွဲ့ပါသည်။ရဲဘော်ကောင်းရာသုဂတိလားပါစေ။)

ကျည်ဝေဖြိုး။

Wednesday, January 26, 2011

အင်ဒိုနီးရှားဖြစ်စဉ်နှင့်လူထုအခြေပြု လူမှုအဖွဲ့အစည်းဆိုရာဝယ်။

အင်ဒိုနီးရှားဖြစ်စဉ်နှင့်လူထုအခြေပြု လူမှုအဖွဲ့အစည်းဆိုရာဝယ်။
(၁)
သမိုင်းကိုလေ့လာကြည့်လျှင်(သို့မဟုတ်)လူ့အဖွဲ့အစည်းတွေမှာ-(က)အစိုးရ၊(ခ)အရင်းရှင်(Market)၊လူထု-စသည်တို့ရှိကြပါတယ်။ဘုရင်တွေအုပ်စိုးစဉ်က-ဘုရင်တွေလက်ထက်မှာနယ်ချဲလာသူအများစုကတော့-အရင်းရှင်တွေပဲဖြစ်တယ်။ဥပမာ-ဗြိတိသျှတွေဟာ-ပထမဦးဆုံးအနေနဲ့အိန္ဒိယနိုင်ငံမှာအခြေစိုက်တယ်။ ၀င်ငွေကောင်းလာတဲ့အခါဘုရင်မထံချဉ်းကပ်ပြီးဈေးကွက်ကို၎င်းတို့ကပဲControလုပ်သည့်သာဓကရှိခဲ့သည်။
(၂)
၁၉၄၈-ခုနှစ်ကအင်ဒိုနီးရှားနိုင်ငံမှာဒတ်ခ်ျလူမျို(နယ်သာလန်)တွေကြီးစိုးခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံကိုဘုရင်
ကအုပ်ချုပ်ခဲ့တာမဟုတ်ဘူး။ကုမ္မဏီတွေကအုပ်ချုပ်သွား ခဲ့တယ်။အစိုးရနဲ့ဈေးကွက်ကြားမှာ-အချင်းချင်း ဆက်ဆံရေးတွေရှိခဲ့တယ်။သမိုင်းကိုကြည်လျှင်နိုင်ငံရေး+အာဏာ+ဈေးကွက်စသည့်တိုကိုယူထားတာသတိ
ချပ်သင့်ပါတယ်။လူထုဟာအစိုးရရဲ့ထိန်းချုပ်မှုအောက်မိမိကိုယ်မိမိလုံခြုံတယ်ထင်လို့ပဲဖြစ်တယ်။လူထုဟာ
အစိုးရတွေကိုပဲယုံကြည်လေ့ရှိကြတယ်။လူ့အဖွဲ့အစည်းကိုControလုပ်တဲ့နေရာမှာအစိုးရကအဓိကကျနေ
တယ်မဟုတ်ပါလား။အစိုးရတွေဟာလူမှုကိစ္စမှာသူတို့အာဏာရှိသလို၊အရင်းရှင်(Market)တွေလည်းအစိုးရကို
Controလုပ်ချင်ကြပါတယ်။ငွေကြေးအာဏာ(money Power)နှင့်Contro လုပ်ခိုင်းတတ်ကြပါတယ်။
(၃)
ဒီမိုကရေစီနိုင်ငံမှာအာဏာသည်လူထုဆီကသွားရမည်။ဒါကြောင့်လူထုကိုအခြေခံပြီးလူမှုအဖွဲ့အစည်းတွေကို
ဖွဲ့စည်းထားရမည်ဖြစ်သည်။လူမှုအဖွဲ့အစည်းတွေဟာအများသောအားဖြင့်ဒီမိုကရက်တစ်နိုင်ငံတွေမှာပဲရှိ
တယ်။ဒီမိုကရေစီရဲ့သင်္ကေတတခုဟာCivilSocietyလို့(လူထုအခြေ့ပုလူမှုအဖွဲ့အစည်းလို့ပဲသတ်မှတ်ထားကြတယ်။
ဥပမာ-တောင်သူလယ်သမား၊ကျောင်းသား၊အလုပ်သမားစတဲ့လွတ်လပ်တဲ့အဖွဲ့အစည်းတွေလိုအပ်လှပါတယ်။
တတ်သိပညာရှင်တွေကဖော်ထုတ်နိုင်မှသာ ဒီမိုကရေစီနိုင်ငံတနိုင်ငံပီသမှာဖြစ်ပါတယ်။
(1)Organization Group.
(2)Asosiation Group.
(3)Net Work.
(4)Profectional Group.
(5)Lawer councial group.
စတဲ့အဖွဲ့အစည်းတွေဖြစ်တယ်။အဲဒီမှာFront, NGO,-စတဲ့အဖွဲ့အစည်းတွေဟာ Civil Society အဖွဲ့တွေမှာ ပါဝင်ပါတယ်။ဒီမိုကရေစီစနစ်အောက်မှာ-ရပိုင်ခွင့် အခွင့်အရေးအမျိုးမျိုးဟာတန်းတူရည်တူဖြစ်လာမှက ဒီမိုကရေစီစနစ်ဖြစ်ပါတယ်။နိုင်ငံရေးပါတီတွေကိုCivilsocietyလိုခေါ်၍မရပါ။အဘယ့်ကြောင့်ဆိုသော်၎င်းတို့
သည် အာဏာကိုရယူဘို့အတွက်ဖွဲ့စည်းထားသည့်အဖွဲ့အစည်းတွေဖြစ်တာကြောင့် Civil Society လို့ခေါ်၍ မရပါ။
(၄)
ဥပမာ(၁)ခုအနေနှင့်အင်ဒိုနီးရှားနိုင်ငံရဲ့အတွေ့အကြုံကိုအကျဉ်းချုံးတင်ပြချင်ပါတယ်။အင်ဒိုနီးရှားနိုင်ငံရဲ့နိုင်ငံ
ရေးဖြစ်စဉ်တွေဟာအများသောအားဖြင့်မြန်မာ့နိုင်ငံရေးနဲ့တိုက်ဆိုင်တာတွေ့ရပါတယ်။အင်ဒိုနီးရှားနိုင်ငံရဲ့
ဘိုးဘေးတွေဟာမြန်မာပြည်ဘက်က လွန်ခဲ့တဲ့နှစ်ပေါင်း(၁၀၀၀)ခန့်ကပြောင်းရွှေ့လာခဲ့ကြတယ်လို့ ခန့်မှန်း ရပါတယ်။အဲဒီနိုင်ငံမှာအဓိကလူမျိုးဟာ-မလေးလူမျိုးတွေဖြစ်တယ်။သူတို့ဟာ-မြန်မာပြည်မြောက်ပိုင်း ဒေသ ကထွက်လာတာဖြစ်ပါတယ်။ပညာရေးဘက်မှာဆိုလည်းမူလတန်းကျောင်းတွေမှာ-အင်ဒိုနီးရှားသမိုင်း ဘာသာရပ်ကိုသင်ကြားကြတာ တွေ့ရပါတယ်။အထူးသဖြင့်အင်ဒိုနီးရှားလူမျိုးတွေရဲ့ရုပ်လက္ခဏာဟာ-မြန်မာတွေနဲ့ဆင်တူးပါတယ်။(လူမျိုးတူမှု)။
အင်ဒိုနီးရှားနိုင်ငံမှာလူမျိုးစု(၂)စုရှိပါတယ်။(၁)။Detro-မလေး၊(၂)Proto-မလေးတို့ဖြစ်ပါတယ်။လူဦးရေသန်း (၂၀၀)ကျော်ရှိပါတယ်။ကမ္ဘာမှာစတုထ္ထလူဦးရေအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။လူသီးရေအများဆုံးလူမျိုးကတော့-ဒက်ထရိုမလေးတွေပဲဖြစ်တယ်။လူတွေကိုခွဲခြားလျှင်-လူမျိုးစုပေါင်း(၈၄၀)ရှိတယ်။ ဗမာပြည်လိုပဲလူမျိုးစုတွေ များလှပါတယ်။အဲဒီလိုကွဲပြားတဲ့လူမျိုးတွေကိုအမျိုးသား အနေနဲ့စည်းရုံဘို့အတော်လေး အခက်အခဲရှိတာ တွေရပါတယ်။အင်ဒိုနီးရှားနိုင်ငံမှာဒတ်ခ်ျတွေကနှစ်ပေါင်း(၃၄၀)စိုးမိုးအုပ်ချုပ်ခဲ့ပါတယ်။ဒါ့အပြင်ဂျပန်
လက်အောက်မှာလည်းကျရောက်ခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံဟာ-၁၉၄၅ခုနှစ်မှာ-လွတ်လပ်ရေးရပါတယ်။ လွတ်လပ်ရေးရဘို့ကာလရှည်ကြာစွာတိုက်ပွဲဝင်ခဲ့ကြရပါတယ်။၁၉၀၈ခုနှစ်မှာ-အမျိုးသားတော်လှန်ရေး စခဲ့ပါတယ်။ ဒတ်ခ်ျနဲ့ဂျပန်ကို-နိုင်ငံရေးအရ၊လက်နက်ကိုင်တော်လှန်ရေး အရပါတော်လှန်ဆင်နွှဲ ခဲ့ပါ တယ် ။ ၁၉၃၀-၁၉၄၄ခုနှစ်အတွင်းတွေကလွတ်လပ်ရေးတိုက်ပွဲဝင် နေချိန်ကာလတွေမှာမြန်မာနဲ့နီးကပ်တဲ့ ဆက်ဆံ မှုတွေရှိခဲ့ပါတယ်။
ဥပမာ-ဂျပန်လက်ထက်သေမင်းတမန်လမ်းဖောက်လုပ်တဲ့နေရာမှာ-အင်ဒိုနီးရှားနိုင်ငံကလူမျိုးတွေ ပါဝင်ခဲ့ ပါ တယ်။အဲဒီမှာထောင်နှင့်ချီပြီးအသက်ဆုံး၇ှုံးမှုတွေရှိခဲ့ပါ တယ်။၁၉၄၅-မှာလွတ်လပ်ရေးရရှိပြီး ၁၉၄၈ခုနှစ် လွတ်လပ်ရေးရခါစမှာအင်ဒိုနီးရှားအင်ဒိုနီးရှားနိုင်ငံဟာစီးပွားရေကြပ်တည်းမှု၇ှိခဲ့ပါတယ်။၁၉၄၇-ခုနှစ်မှာ မြန်မာနိုင်ငံမှ ပထမဦးဆုံးဆန်တန်ချိန်ပေါင်း(၁၀၀၀)ကူညိခဲ့ပါတယ်။ဒါဟာကမ္ဘာမှာ ပထမဦးဆုံးကူညီမှုကို မြန်မာနိုင်ငံမှရရှိခဲ့ပါတယ်။အိဂျစ်နဲ့မြန်မာဟာအင်ဒိုနီးရျားကိုပထမဥိးဆုံး ကူညီမှုဖြစ်တယ်လို့အသိအမှတ် ပြုခဲ့ကြပါတယ်။လွတ်လပ်ရေးရပြီးနောက်ပိုင်းအင်ဒိုနီးရှားနဲ့မြန်မာ့နိုင်ငံရေးအရတူညိမှုတွေများစွာရှိခဲ့ပါတယ်။
၁၉၄၅-၁၉၅၀၀န်းကျင်အထိပထမဥိးဆုံးသောဒိမိုကရေစီအစိုးရရှိခဲ့ပါတယ်။ထိုအချိန်ကလစ်ဘရယ်ဒီမိုကရက်
တစ်ပါတီ၊၁၉၆၅နှင့်၁၉၈၈ခုကြားမှာ-ကျောင်းသားလှုပ်ရှားမှုအတော်အားကောင်းလာခဲ့တယ်။ ၁၉၇၄ခုနှစ်မှာ ကျောင်းသားတွေစည်းရုံးမှုရှိလာခဲ့တယ်။ကျောင်းသားတွေရဲ့နိုင်ငံရေးတောင်းဆိုမှုတွေကို အင်ဒိုနိးရှား စစ် တပ်ကနှိမ်နှင်းခဲ့ကြတယ်။ဒါပေမယ့်ကျောင်းသားလှုပ်ရှားမှုတွေကရပ်မသွားပဲဆက်လက်ပြီးမြေအောက်လှုပ်ရှားမှုတွေရှိခဲ့တယ်။၁၉၇၈ခုနှစ်မှာ-ကျောင်းသားလှုပ်ရှားမှုကြီးကဆူဟာတိုကိုနှုတ်ထွက်ပေးဘို့တောင်းဆိုတိုက်ပွဲဝင်မှုတွေလုပ်ခြ့ကြပါတယ်။စစ်တပ်ကအဲဒိလိုတောင်းဆိုမှုကိုနှိမ်နှင်းကွပ်မျက်ခဲ့ကြတယ်။ ရာပေါင်းများစွာကျောင်းသား၊လူထုတေါအသတ်ခ့ခဲ့ရပါတယ်။ရာပေါင်းများစွာအချုပ်ခန်းတွေထဲ၊အကျဉ်းထောင်တွေထဲထည့်သွင်းခြင်းခံခဲ့ကြတယ်။ ကျောင်းသားလှုပ်ရှားမှု(၂)ကြိမ်တိတိအရေးနိမ့်သွားခဲ့တယ်။နောက်ပိုင်းမှာကျောင်းသားတွေဟာလှုပ်ရှားမှုတွေကိုနည်းဗျူဟာအရပြောင်းလာခဲ့ကြပါတယ်။ နောက်ဆိုလျှင်ကျောင်းသားတွေသက်သက်မပါသင့်ဘူး။အခြားလူတန်းစားတွေပါလာအောင်လုပ်ဆောင်လာခဲ့ကြတယ်။၁၉၇၄-မှာယူဂျီစည်းရုံးမှုလုပ်ခဲ့တယ်။ အလုပ်သမားလယ်သမားတွေက သူတို့ဗျူဟာတွေကိုစပြီးလုပ်လာခဲ့ကြတယ်။၁၉၈၄-ခုနျစ်အင်ဒိုနီးရှားမှာတတိယအကြိမ်မြောက်လူထုအုံကြွမှုကြီးဖြစ်ပွားခဲ့ပါတယ်။ အဲဒီမှာလယ်သမား၊အလုပ်သမားလူတန်းစားတွေ၊အခြားအတန်းစားတွေအားလုံးပါဝင်လာခဲ့ကြတယ်။ဒီတကြိမ်မှာလည်းအရေးနိမ့်သွားခဲ့တယ်။ရာထောင်ချီပြီး
သေဆုံးခဲ့ရတယ်။
၁၉၈၈-ခုနှစ်မှာလှုပ်ရှားမှုအသစ်ဖြစ်ပေးလာခဲ့တယ်။အဲဒါကအစိုး၇မဟုတ်တဲ့အဖွဲ့အစည်းများရဲ့အရေးတော်ပုံကြီးဖြစ်တယ်။NGOဆိုတာလူ့အလွှာအသီးသီးကဖွဲ့စည်းထားတဲ့
NGO-ဆိုတာသိထားဘို့လိုပါတယ်။အဲဒိမှာလူ့အခွင့်အ ရေးတွေပါဝင်လာခဲ့ပါတယ်။အင်ဒိုနီးရှားမှာရှိတဲ့NGOအများစုဟာ နိုင်ငံတကာအဖွဲ့အစည်းကလူတွေနဲ့ပါဝင်ဖွဲ့ စည်းထားတာတွေ့ရပါတယ်။လူ့အခွင့်အရေးကိစ္စ၊သဘာဝပါတ်ဝန်းကျင်ထိမ်းသိမ်းရေးကိစ္စ၊အမျိုးသမီးကိစ္စ၊အကြွေးအများဆုံးနိုင်ငံစသည်တို့ပါဝင်တယ်။
အင်ဒိုနီး၇ှားနိုင်ငံတိုးတက်သွားတာဟာနိုင်ငံခြားရဲ့အကူအညီကြောင့်တိုးတက်သွားတယ်လို့ဆို၍ရမည်။သို့သော်အဲဒီနိုင်ငံမှာဆင်းရဲ၊ချမ်းသာကွာဟမှု
ပိုမိုများပြားလာတာတွေ့ရပါတယ်။၁၉၇၂မှာဆင်းရဲချမ်းသာကွာဟမှုအပါအ၀င် အချက်(၅)ချက်ပေါင်းကူးသွားခဲ့ကြပါတယ်။အင်ဒိုနီးရှားနိုင်ငံ၁၉၈၈ခုနှစ်နောက်ပိုင်း
အရေးတော်ပုံအခြေခံဟာCivilSocietyဖြစ်ပါတယ်။၁၉၉၆ခုနှစ်အရေးတော်ပုံပြန်လည်ပေါက်ကွဲလာပြန်ပါတယ်။ဂျကာတာလမ်းမကြီးမှာကျောင်းသားတွေဟာလမ်းမကြီး
ပေါ်ထွက်ပြီးဆန္ဒပြခဲ့ကြတယ်။ လူထုလည်းပါဝင်ခဲ့ကြတယ်။အရေးတော်ပုံဟာအထွဠ်ထိပ်ကိုရောက်ရှိခဲ့တယ်။အဲဒီမှာအလွှာအသီးသီးကNGOတွေစုပြီး ဆန္ဒပြခဲ့ကြတယ်။လူဦးရေ(၅)သောင်းနီးပါး(၁၀)ရက်တိတိပါလီမန်အဆောက်အဥိကိုထိမ်းထားနိုင်ခဲ့ကြတယ်။အဲဒီအရေးတော်ပုံကတော့ဆူဟာတိုရဲ့ နောက်ဆုံးနေ့တွေပဲဖြစ်ပါတယ်။
အာဏာရှင်စနစ်ကနေဒိမိုကရေစီစနစ်ကိုပြောင်းလဲစေအောင်အဓိကတွန်းအားအဖြစ်လုပ်ဆောင်ခဲ့ကြတာကတော့Civil Society တွေဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံရဲ့ နောက်ထပ်သမ္မတဖြစ်လာတဲ့သူကတော့-NGO(အစိုးရမဟုတ်တဲ့အဖွဲ့အစည်း)ကဖြစ်ပါတယ်။ဒါ့အပြင်အင်ဒိုနီးရှားမှာအစိုးရကထိမ်းချုပ်မှုမရှိတဲ့သတင်းစာ ထောင်ပေါင်းများစွာရှိပါတယ်။သမ္မတကိုလွတ်လပ်စွာဝေဘန်ခွင့်ရှိတယ်။လွတ်လပ်တဲ့တရားစီရင်ခွင့်ရှိတယ်။ပါလီမန်ဥက္ကဌကိုတရားစွဲနိုင်တယ်။ဝန်ကြီးချုပ်ကိုလည်း တရားရုံးကိုတင်ပြီးစစ်ဆေးနိုင်ပါကြောင်းတင်ပြအပ်ပါတယ်ခင်ဗျား။

ကျည်ဝေဖြိုး

Monday, January 24, 2011

တရုတ် စစ်အင်အား က အန္တရာယ် ရှိလာပြီလား - အပိုင်း (၁)

တရုတ် စစ်အင်အား က အန္တရာယ် ရှိလာပြီလား - အပိုင်း (၁)


ယခုတလော တရုတ်စစ်အင်အား ကြီးထွားလာမှုနဲ့ စစ်လက်နက် အသစ်တွေနဲ့ ပတ်သက်ပြီး ဆက်တိုက် ပေါ်ထွက်နေတာတွေအပေါ် အမေရိကန်နှင့်အတူ ဂျပန်လို အိမ်နီးချင်းနိုင်ငံတွေက စိုးရိမ် ပူပန်လာနေကြတယ်။ 

လေယာဉ်တင် သင်္ဘောပစ် ဒုံး DF21 ဟာ အမေရိကန်တွေ ထင်တာထက်စောပြီး စမ်းသပ်နိုင်တဲ့အဆင့်ကို ရောက်ရှိကြောင်း ပထမ ကြားခဲ့ကြရပြီး မကြာခင်မှာပဲ တရုတ်က လေယာဉ်တင်သင်္ဘော တည်ဆောက်မယ့်အကြောင်း ထုတ်ဖော် ပြောလိုက်တာပါ။ 

၂ဝ၁၁ ပထမပတ်ထဲမှာ မျှော်လင့်ထားထက်စောပြီး နောက်မျိုးဆက်သစ် 5th Generation တိုက်လေယာဉ် J20 ကို (စမ်းသပ် ပျံသန်းခြင်းမပြုမီ ကြိုတင်ပြင်ဆင်နေစဉ်မှာ) တရုတ် ဝါသနာရှင် တဦးက ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ် ဖြန့်ဝေခဲ့ပြီးနောက် ဒီတိုက်လေယာဉ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ဝေဖန်မှုတွေ ပြန့်သွားပြန်တယ်။

အမေရိကန် စစ်တပ်နဲ့ တရုတ်စစ်တပ်တို့ဟာ ဖွဲ့စည်းပုံရော၊ စဉ်းစားပုံ၊ စစ်အတွေး အခေါ်(Military Doctrine) ချင်းပါမတူကြပါ။ ဗမာစစ်တပ်ဟာ စစ်အတွေးအခေါ်မှာ တရုတ်စစ်တပ်ကို နမူနာ ယူလေ့ရှိတာကြောင့် တရုတ်စစ်တပ် အကြောင်းကို အတိုင်းအတာတခုအထိ သိသင့်သိအပ်ပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်တို့ရဲ့ client state၊ တရုတ်ကို အားကိုးရတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် တရုတ်ကြီး နှာချီရင် ဗမာနိုင်ငံဟာလဲ အောက်လေအဟပ်ခံရတတ်ပါတယ်။ တချိန်ထဲမှာ တရုတ်ကြီး အင်အားကြီးထွားရင် ဗမာနိုင်ငံ့အရေးကိုပါ တိုက်ရိုက်ဆက်နွယ် လှုပ်ရှား လာနိုင်ပါတယ်။ ဒါကြောင့်လဲ တရုတ်တို့ရဲ့ ဖြစ်ထွန်းတိုးတက်မှုကို မျက်ခြေပြတ်ခံလို့ မဖြစ်ပါဘူး။

ဤဆောင်းပါး ရည်ရွယ်ချက်က တရုတ်နဲ့ အမေရိကန်စစ်တပ်တို့ရဲ့ ကွာခြားချက်အပြင် ကွာဟချက်တို့ကို ဖော်ပြပြီး ထင်မြင်ချက်နဲ့ လက်တွေ့ကွာခြားတာကို သုံးသပ်ဝေဖန်ဖို့ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ စီးပွားရေးတိုးတက်မှု တရှိန်ထိုး တိုးတက်လျက်ရှိရုံမက ချမ်းသာလာတာနဲ့အမျှ သူရဲ့စစ်အင်အားကို တရှိန်ထိုး မြှင့်တင်နေပါတယ်။ နိုင်ငံအများစုက သူတို့ရဲ့စစ်အသုံးစားရိတ်ကို လျှော့ချနေချိန်မှာ တရုတ်တွေ စစ်အသုံးစရိတ်ကို နှစ်စဉ်တိုးနေပါတယ်။ သို့ပေမယ့်လဲ စစ်အင်အားဆိုတာ နေ့ချင်း ညချင်း ပြောင်းလဲနိုင်တာ မဟုတ်ပါဘူး။ 

မော်စီတုန်း လက်ထက်က တရုတ်စစ်တပ်ဟာ လူအင်အား များပေမယ့် စစ်လက်နက်ပစ္စည်းမှာ အနောက်နိုင်ငံစစ်တပ်တွေနဲ့သော်လည်းကောင်း၊ ဆိုဗီယက်စစ်တပ်နှင့်သော်လည်းကောင်း ယှဉ်ဖို့ အဆင့်မမီပါ။ အရေအတွက်မှာသာပေမယ့် အရည်အချင်းတွင် အားနည်းပါတယ်။ 

စစ်တပ်တတပ်ရဲ့ အရည်အသွေးဆိုတာမှာ စစ်သားဦးရေအပြင် ခေတ်မီစစ်လက်နက်များ တပ်ဆင်နိုင်မှုနဲ့ အဆင်သင့်ဖြစ်မှု၊ စစ်သားများ လေ့ကျင့်မှုနဲ့ အဆင်သင့်ဖြစ်မှု၊ ကုန်းတပ် ရေတပ် လေတပ် အားလုံး တညီတညွတ်ထဲ ပူးတွဲတိုက်ခိုက်နိုင်မှု၊ ထောက်ပံ့ရေး စတဲ့ နည်းဗျူဟာ မဟာဗျူဟာ အချက်ပေါင်းများစွာပေါ် မူတည်နေပြန်ပါတယ်။

ဒါကြောင့် စစ်တပ်တိုင်းမှာ လက်နက်တပ်ဆင်မှု၊ လေ့ကျင့်ပြင်ဆင်မှု ဘက်ပေါင်းစုံ ပြည့်စုံမှ စစ်တပ်နဲ့တူတဲ့ စစ်တပ် Professional army လို့ မှတ်ကျောက်အတင်ခံနိုင်မှာပါ။ မော်လက်ထက်က တရုတ်စစ်တပ်ဟာ ကမ္ဘာ့ အဆင့်မရှိသေးပါ။ ကွန်မြူနစ် ပါတီ အာဏါတည်မြဲရေးအတွက် ထိန်းပေးနိုင်သော စစ်တပ်ဘဝသာသာရှိပါသေးတယ်။ တိန်လျောက်ပိန် တက်လာပြီး စီးပွားရေးအခြေကျ ချမ်းသာလာမှ စစ်တပ်နှင့်တူသောစစ်တပ် အဆင့်သို့ ရောက်ဖို့ ကြိုးပမ်းခဲ့တာမို့လို့ အနှစ် (၃ဝ) သာသာပဲ ရှိပါသေးတယ်။ 

Professional army ဘဝကို ကူးပြောင်းလျက်ရှိတဲ့ တရုတ်စစ်တပ်မှာ မော်ခေတ်ကလို နိုင်ငံရေးသဘောတရားဟာ အဓိက မဟုတ်တော့ပါ။ ကမ္ဘာ့အဆင့်အတန်းမီ စစ်တပ်ဖြစ်ဖို့၊ နိုင်ငံခြား စစ်တပ်တွေကိုယှဉ်ပြိုင် ခြေမှုန်းနိုင်ဖို့ ကြိုးစားခဲ့တာ ဒီကာလအတွင်းမှာ သိသိသာသာကို တိုးတက်လာပါတော့တယ်။

ဥပမာ မော်လက်ထက်က စစ်သားပေါတယ်၊ စစ်ပစ္စည်းရှားတယ်ဆိုတဲ့ အတွေးအခေါ်နဲ့ လူသားလှိုင်း (Human Wave) တိုက်ခိုက်နည်းကို တွင်တွင်သုံးခဲ့ကြပါတယ်။ အမေရိကန်တို့က စစ်ပစ္စည်းထက် လူကို တန်ဖိုးထားတဲ့ စနစ်ကို ဦးစားပေးသလို ဒီနေ့ တရုတ်စစ်တပ်လဲ စစ်သားကို တန်ဖိုးထားလာပါပြီ။

အမေရိကန် အုပ်ချုပ်မှုစံနစ်တွင် အစိုးရ၏ကဏ္ဍသည် သမ္မတ၏တာဝန်ဖြစ်၍ သမ္မတသည် စစ်သေနာပတိ Commander-in-Chief ဖြစ်သည်။ အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ် ပုံစံနစ်တွင် လွှတ်တော်ကသာ စစ်ကြေငြာခွင့်ရှိသည်။ စစ်ကြေညာပြီးလျှင် သမ္မတက လိုအပ်သလို စစ်နိုင်ရေးအတွက်ဆောင်ရွက်ရမည်။ သမ္မတတွင်အာဏာ အပြည့်ပေးထားသည်။ Embedded power of the President ဟုခေါ်ပါသည်။ ထို့ကြောင့် စစ်တပ်သည် သမ္မတအောက်တွင် လုံးလုံးတည်ရှိပါသည်။ အမေရိကန်စံနစ်တွင် လွှတ်တော်၏ အာဏာမှာ ငွေ ဖြစ်သည်။Power of the Purse ဟုခေါ်သည်။ စစ်တိုက်စားရိတ်၊ စစ်တပ်စားရိတ် အားလုံးကို လွှတ်တော်ကို ပြန်တောင်းခံရသည်။ ထို့ကြောင့် Balance of Power အရ သမ္မတတဦးထဲ၊ လွှတ်တော် တဖက်ထဲ၊ အာဏာဇောင်း မစောင်းရလေအောင် အာဏာကို ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေအရ ထိန်းထားပေးသည်။

ဒီနေရာမှာ အရေးကြီးသော အချက်ကို ထောက်ပြပါရစေ။ အမေရိကန်နိုင်ငံတွင် တဦးချင်း စွမ်းဆောင်မှု Individualism ကို အားပေးသည်။ ထို့ကြောင့် စစ်နိုင်ရေးသည် သမ္မတမှာ တာဝန်ရှိသည်။ 

သို့သော် ထိုမှတဆင့် နိုင်ငံတိုင်းတွင် စစ်တပ်က အာဏာမသိမ်းနိုင်ရန် အထိန်းအကွပ်ရှိရမည်။  အရေးကြီးသော ပညတ်ချက်မှာ စစ်တပ်၏ ဘတ်ဂျက်နှင့် စစ်ရာထူးခန့်မှုကို ထိန်းကွပ်ဖို့လိုသည်။ ဤနှစ်ခုလုံးတွင် သမ္မတ အပြင် လွှတ်တော်ကပါ ကိုင်တွယ်လာသည်။  အမေရိကန်စနစ်တွင် ဗိုလ်ချုပ် အဆင့် ရောက်သည်နှင့် ဥပဒေအရ သမ္မတက အဆိုပြုလာသော စစ်ဗိုလ်ကို လွှတ်တော်က အတည်ပြုပေးရပါသည်။ ထို့ကြောင့် အမေရိကန်စစ်ဗိုလ်တယောက် ဗိုလ်ချုပ်ဖြစ်ဖို့ရာ စစ်တပ်ထဲတွင်လည်း ဆရာရှိရသလို လွှတ်တော်တွင်လည်း ဆရာရှိရပါသည်။ တချိန်ထဲမှာ လွှတ်တော်ကလည်း စစ်ဗိုလ်ချုပ် ဖြစ်သင့်၊ မဖြစ်သင့် ချိန်ဆနိုင်မည်။ မလိုအပ်သူ များကိုဖယ်ရှားနိုင်မည်ဖြစ်သည်။

အမေရိကန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်တုန်းက ဥရောပမှာ ဂျာမနီ၊ အာရှမှာ ဂျပန် တို့နဲ့ တပြိုင်ထဲ စစ်မျက်နှာ နှစ်ဖက်ကို တိုက်ခဲ့ရတဲ့အတွက် တချိန်ထဲမှာ စစ်ပွဲ (၂) ပွဲ အနိုင်တိုက်နိုင်ရမယ်ဆိုတဲ့ စစ်အတွေးအခေါ်ကို ယနေ့အထိ ခံယူထားပါတယ်။ စစ်အေးကာလတွင် စစ်အင်အားကြီးသော ဆိုဗီယက်တို့ဦးဆောင်သည့် ဝါဆော စစ်အဖွဲ့ကြီးကို ရင်ဆိုင်နိုင်ရန် စစ်အင်အားကို ပြင်ဆင်ခဲ့သည်။ ထို့ပြင် အမေရိကန်နိုင်ငံသည် (၂ဝ) ရာစုဦးပိုင်းကာလကတည်းက ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်ခဲ့ရသောကြောင့် ၎င်း၏ စစ်ရေးအတွေးအခေါ် military doctrine မှာ တိုက်စစ် (offensive) ကိုဦးစားပေးသည်။ 

အမေရိကန်နိုင်ငံသည် လွတ်လပ်ရေးရပြီးသည်နှင့် ပြင်သစ်တို့နှင့် ရေတပ်တိုက်ပွဲဖြစ်သည်။ နောက်တခါ လူသိနည်းသော ၁၈၁၂ စစ် ခေါ်သော အင်္ဂလိပ်တို့နှင့် ဒုတိယ အကြိမ်စစ်တိုက်ရသည်။ ပြီး အမေရိကန်-မက်ဆီကို စစ်ပွဲဖြစ်သည်။ အမေရိကန်-စပိန် စစ်ပွဲဖြစ်သည်။ ဒိနောက် ပထမကမ္ဘာစစ်။ ဒုတိယကမ္ဘာစစ် ပြီးပြီးချင်း ကိုးရီးယားစစ်၊ ပြီးတော့ ဗီယက်နမ်စစ်၊ ပြီးတော့ အီရတ်စစ် (၂) ခါ။ ယခုလက်ရှိ အာဖဂန်စစ် ခေတ်အဆက်ဆက် စစ်တိုက်လာသော စစ်ကိုဦးစားပေးသော နိုင်ငံဖြစ်သည်။ ထို့ကြောင့် တိုက်စစ် (offensive) ကို အားသန်သော စစ်တပ်ဖြစ်သည်။ 

ယနေ့တရုတ်နိုင်ငံသည် ကွန်မြူနစ်နိုင်ငံဟု အမည်တတ်ထားသော်လည်း ဝါဒရေးရာအရ နာမည်ခံ ကွန်မြူနစ်များဖြစ်သည်။ တရုတ်ကွန်မြူနစ်များသည် ဝါဒထက် ပါတီ အာဏာတည်မြဲရေး၊ တရုတ်ပြည်နှင့် တရုတ်လူမျိုး ကောင်းစားရေးကို ဦးတည်သော လက်တွေ့သမားများ ဖြစ်ကြသည်။ တရုတ်ကွန်မြူနစ်များသည် ပါတီတည်ထောင်စ၊ ကနဦး ကာလကတည်းက စစ်တပ်ကို စစ်ကော်မရှင်ကဦးစီးခဲ့သည်။ ထို့ကြောင့် တရုတ်၏ စနစ်အောက်တွင် စစ်ကော်မရှင်ဟာ သီးခြား အာဏာမဏ္ဍိုင် လာဖြစ်သည်။ တရုတ်စစ်တပ်ဟာ အစိုးရ အာဏာအောက်မှာမရှိ၊ စစ်ကော်မရှင်အောက်မှာ သီးခြားရပ်တည်သည်။

ထို့ကြောင့် လက်ရှိ တိန်လျောက်ပိန် တည်ဆောက်ခဲ့သော ဖွဲ့စည်းပုံ စံနစ်အောက်တွင် ထိပ်ဆုံး ခေါင်းဆောင်မှာ ပါတီခေါင်းဆောင်ဖြစ်ကာ သမ္မတ၊ စစ်ကော်မရှင် ဥက္ကဋ္ဌ စသဖြင့် ရာထူး (၃) ခုစလုံးကို ရယူစေရမည်။ တိန်လျောက်ပိန် တဦးပဲ စစ်ကော်မရှင် ဥက္ကဋ္ဌ ရာထူးကိုကိုင်ထားပြီး နောက်ဆုံးမှ သမ္မတ ကျန်ဇီမင်းကို လွှဲပေးခဲ့သည်။ ကျန်ဇီမင်းကလည်း ဟူကျင်တောင်ကို လွှဲတော့ စစ်ကော်မရှင်ဥက္ကဋ္ဌရာထူးကို ကိုင်ထားရန် ကြိုးစားဖူးသေးသေးသော်လည်း နောက်ဆုံး လွှဲပေးခဲ့ရသည်။

တရုတ်စစ်ကော်မရှင်၏ ထူးခြားချက်မှာ တရုတ်စစ်တပ်၏ ဘတ်ဂျက်၊ စစ်တပ် လိုအပ်ချက်၊ စစ်ပစ္စည်း၊ စစ်လက်နက်အားလုံး စစ်ကော်မရှင်အောက်တွင် ရှိသည်။ ထို့ပြင် စစ်ဗိုလ်ချုပ်တွေ၊ စစ်ရာထူးခန့် အာဏာနဲ့ စစ်တပ်အရွှေ့အပြောင်းအားလုံးဟာ စစ်ကော်မရှင်လက်ထဲမှာ ရှိပါတယ်။  ဘတ်ဂျက်၊ စစ်ရာထူးခန့်အာဏာ နဲ့ စစ်တပ် အရွှေ့အပြောင်း အာဏာတွေဟာ စစ်တပ်ကို အာဏာမသိမ်းနိုင်အောင် ထိန်းကွပ်မှုတွေအတွက် အလွန်အရေးကြီးတဲ့ အာဏာထိန်းချုပ်မှု ယန္တရားတွေဖြစ်ပါတယ်။

မော်ဆုံးသွားပြီး (၄) ဦးဂိုဏ်းကို နှိမ်နှင်းဖို့ ဖမ်းမိန့်ပေးခဲ့တာ စစ်ကော်မရှင် အတွင်းရေးမှူး မာရှယ်ယိရှင်နင်း (Ye Jianying) ဖြစ်ပါတယ်။ မာရှယ်ယိရှင်နင်းဟာ တော်လှန်ရေးကတည်းကပါခဲ့တဲ့ စစ်သားဟောင်းကြီးဖြစ်လို့ တိန်လျောက်ပိန်ဟာ စစ်အတွင်းက အမှတ်(၄) တပ်မတော် (4th Route Army) ရဲ့ နိုင်ငံရေးမှူးဖြစ်ခဲ့တာကြောင့် စစ်တပ်က လေးစားမှု ရှိသည်။ တခါ ၁၉၈၉ တိန်အန်မင်ရင်ပြင်မှာ တရုတ်ကျောင်းသားတွေ ဆန္ဒပြကြတော့ စစ်ကော်မရှင် ဥက္ကဋ္ဌ အနေနဲ့ တိန်လျောက်ပိန်ကပဲ ပစ်မိန့်ပေးပြီး နှိမ်နင်း စေခဲ့တာပဲ။ 

မနှစ်က တရုတ်ပြည် အနောက်ဖက် ဇင်ကျင်းပြည်နယ်မှာ ဆန္ဒပြပွဲတွေဖြစ်တော့ သမ္မတဟူချင်တောင်ဟာ နိုင်ငံခြားခရီးစဉ်ကို ဖျက်ပြီးပြန်ခဲ့ရတယ်။ အဲဒီအချိန်က စစ်ကော်မရှင်မှာ ပါတီက ဟူချင်တောင်တယောက်ပဲ ပါဝင်တယ်။ လိုအပ်လို့ တပ်အရွှေ့အပြောင်းအမိန့်ကို သူတယောက်ပဲ ပေးနိုင်လို့ပါ။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးကမှ အိမ်ရှေ့စံ ဒုသမ္မတ ( Xi Ping ) ကို စစ်ကော်မီရှင်ရဲ့ ဒုဥက္ကဋ္ဌ ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

တရုတ်စနစ်အောက်မှာ ကာကွယ်ရေးဝန်ကြီးလက်အောက်မှာ စစ်တပ်မရှိပါ။ စစ်တပ်ဟာ စစ်ကော်မရှင်အောက်မှာပဲတည်ရှိပါတယ်။ ကာကွယ်ရေးဝန်ကြီးရဲ့တာဝန်က တခြားနိုင်ငံမှ  ကာကွယ်ရေးဝန်ကြီးများကတဆင့် တခြားနိုင်ငံတွေက စစ်တပ်များနဲ့ ဆက်ဆံရေးဖြစ်ပါတယ်။ 

သို့ပေမယ့်လည်း ကာကွယ်ရေးဝန်ကြီး (ဗိုလ်ချုပ်ကြီးအဆင့်)စစ်ကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် ပါသည်။ 

ကမ္ဘာပေါ်မှာ နိုင်ငံအများအားဖြင့်ဟာ စစ်တပ်ကို ကာကွယ်ရေးဝန်ကြီးအောက်မှာပဲ ထားလေ့ရှိပါတယ်။ တရုတ်နဲ့ တရုတ်ပုံစံကို အတုခိုးကြတဲ့ ကွန်မြူနစ်နိုင်ငံတွေမှာပဲ စစ်တပ်ကိုစစ်ကော်မရှင် အောက်မှာထားကြပါတယ်။ တရုတ်စစ်တပ်ဟာ ကနဦး အစကတည်းက ဗဟိုဦးစီး စနစ်အောက်မှာပေါက်ဖွားရတာကြောင့် ဗဟိုကချုပ်ကိုင်တဲ့ ပုံစံသဏ္ဌာန်ကိုယူခဲ့တယ်။ ဒါကြောင့် တရုတ်ဖွဲ့စည်းပုံမှာ ဗဟိုဌာနချုပ် (၃) ခုရှိပါတယ်။  တရုတ်စစ်တပ်မှာ နိုင်ငံရေးမှူးတွေ တွဲထားတဲ့ အလေ့အထ ရှိတာကြောင့် နိုင်ငံရေးဌာန၊ ဌာနချုပ်ဆိုတာရှိတယ်။ တခါ ထောက်ပံ့ရေး (Logistic) နဲ့ စစ်လက်နက်ဝယ်ယူရေးကို (Armaments) ဗဟိုကချုပ်ကိုင်တာကြောင့် ဒီဌာန (၂) အတွက် ဗဟိုဌာနချုပ် (၂) ခုရှိပြန်တယ်။

တရုတ် စစ်အင်အားက အန္တရာယ် ရှိလာပြီလား - အပိုင်း (၂) ။

တရုတ် စစ်အင်အားက အန္တရာယ် ရှိလာပြီလား - အပိုင်း (၂)


အမေရိကန်ရေတပ် တည်ဆောက်ပုံ

အမေရိကန်ရေတပ်တည်ဆောက်ပုံက ရှုပ်ထွေးပါတယ်။ အမေရိကန် စစ်ရေးအတွေးအခေါ်က စစ် (၂) ခုကို တပြိုင်ထဲတိုက်နိုင်ရမယ်ဆိုတဲ့ အတွေးအခေါ်ဖြစ်တဲ့အတွက် သူ့ရဲ့ရေတပ်ကို အတ္တလန်တစ်အုပ်စု Atlantic Fleet (Norfolk, Virginia) နဲ့ ပစိဖိတ်အုပ်စု Pacific Fleet (Pearl Harbour, Hawaii) ဆိုပြီး ခွဲထားပါတယ်။ ပြီးမှတခါ နံပါတ်တပ်ခေါ်တဲ့ Numbered Fleets ဆိုပြီး ကမ္ဘာကြီးရဲ့ ပထဝီအနေအထားရ လိုအပ်သလို ဖွဲ့ထားပြန်တယ်။ ဥပမာ အာရှ အတွက် 7th Fleet အမှတ် (၇) ရေတပ်မတော်၊ ဥရောပအတွက် 6th Fleet အမှတ် (၆) ရေတပ်မတော်။ အခုလိုအပ်လာလို့ 5th Fleet အမှတ် (၅) ရေတပ်မတော် ကို ဘာရိန်းမှာ ပြန်ထားတယ်။ နောက်ဆုံး 4th Fleet အမှတ် (၄) ရေတပ်မတော်ကို တောင်အမေရိက (Latin America) အတွက် ၂ဝဝ၈/၂ဝဝ၉ ကပြန်ဖွဲ့ခဲ့ပါတယ်။ ဒီ နံပါတ် ရေတပ်မတော်တွေက လှုပ်ရှားနေရတဲ့ ရှေ့ပြေးရေတပ်တွေ ဖြစ်တယ်။ ဥပမာ 5th Fleet အမှတ် (၅) ရေတပ်မတော်ဟာ သူ့နယ်မြေအောက်မှာရှိတဲ့ အိန္ဒိယ သမုဒ္ဒရာမှာ ကင်းလှည့်ရတယ်။ လိုအပ်တဲ့ သင်္ဘောနဲ့ ရေတပ်သားတွေကို အတ္တလန်တိတ်အုပ်စုနဲ့ ပစိဖိတ်အုပ်စုက Atlantic Fleet နဲ့ Pacific Fleet က အလှည့်ကျ ပို့ပေးရတယ်။ အမှတ် (၂) ရေတပ်မတော် က ဗာဂျီးနီးယားမှာရှိပြီး အတ္တလန်တိတ်သမုဒ္ဒရာ တောက်လျောက် မြောက်ကနေတောင်အထိ တာဝန်ရှိတယ်။ အမှတ် (၃) ရေတပ်မတော် ကယ်လီဖိုးနီးယားပြည်နယ် စင်ဒီရေးဂိုးမှာ ရှိတယ်။ အဝေးရောက် အမှတ်စဉ်နဲ့ ရေတပ်မတော်တွေက တကယ်ကင်းလှည့်ပြီး ရန်သူနဲ့ရင်ဆိုင်ရတဲ့ တိုက်ခိုက်ရေး တပ်တွေ၊ ဒီတပ်တွေ တိုက်ရည်ခိုက်ရည်ရှိအောင် ထောက်ပံ့ရေး Logistic နဲ့ ခဲယမ်းလက်နက် အပိုပစ္စည်းတွေ ပြည့်စုံအောင် အတ္တလန်တိတ်နဲ့ ပစိဖိတ်အုပ်စုတွေက တာဝန်ယူကြရပါတယ်။ ဥပမာ Shore Commanders ကမ်းခြေစစ်စခန်းမှူး တွေရှိပါတယ်။သူတို့က ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရတာပါ။

ဗမာ့ရေတပ်မတော်မှာတောင် Navy Seals (၃) ဦးရှိပါတယ် ။ ကျနော် မှတ်မိ သလောက် ဒုဗိုလ်မှူးကြီးအဆင့်တွေ ရောက်ကုန်ပါပြီ။
တခါ ရေတပ်နဲ့ အတူ ကမ်းခြေတက်တပ် မရိန်းMarines တွေရှိပါတယ်။ မရိန်းစစ်ဗိုလ်တွေဟာ ရေတပ် စစ်ဗိုလ် သင်တန်းကျောင်းမှာ အတူတူ တက်ကြရပါတယ်။ ပြီးမှ မရိန်း စစ်ဗိုလ်အဖြစ် ခွဲထွက် သွားကြပါတယ်။ သို့သော် Chain of Command လို့ခေါ်တဲ့ အဆင့်ဆင်အမိန့် လိုက်နာမှုကျတော့ မရိန်းတွေက သပ်သပ်၊ Marines Commandant အကြီးအကဲအောက်မှာရှိ ပြန်တယ်။ မရိန်းတွေမှာလဲ မရိန်းတွေကို ကူတိုက်ဖို့ မရိန်းလေတပ်အသေးစားရှိပြန်တယ်။ မရိန်းတွေဟာ ရက် (၆ဝ) အကူအညီမရဘဲ ကမ်းခြေတက်သိမ်းပြီးရင် ထိန်းထားဖို့ ပြင်ဆင်ထားပါတယ်။ ကမ်းခြေတက် မရင်းတွေ ဟာ တကိုယ်ထဲသွားလို့မရပါ။ ရေတပ် သင်္ဘောတွေက အကူပေးရတာကြောင့် ရေတပ်နှင့်အတူပါရတာကြောင့် မရိန်းတွေဟာ ရေတပ်နဲ့အတူ တွဲထားရပါတယ်။ ဒုတိယကမ္ဘာစစ်က ဂျပန်တွေနဲ့ တိုက်ရာမှာ မရိန်းတွေ နာမည်ကောင်း ရခဲ့ပါတယ် ။ ဒါကြောင့် မရိန်းတွေဟာ The Few, The Good, The Marines ဆိုပြီး ဂုဏ်ယူကြွေးကြော်ကြတာပါ။ လူနည်းတယ် သို့သော် တော်ကြတယ်ပေါ့။ အမေရိကန်မှာ လက်ရှိ မရင်းတပ်မ (၄) ခုရှိပါတယ်။ ကြည်းတပ်မှာ တပ်မ (၁ဝ) ခုရှိပါတယ်။

အမေရိကန်မှာ ရေတပ်အကြီးအကဲကို Chief of Naval Operation (CNO) လို့ခေါ်ပါတယ်။
အမေရိကန် တပ်မတော် ဖွဲ့စည်းပုံမှာ စစ်တပ်က အာဏာမသိမ်းနိုင်အောင် ကြည်း-ရေ-လေ-မရိန်းကို မျှမျှတတ လိုအပ်သလို ထူထောင်ပေးထားပါတယ်။ ဗမာနိုင်ငံမှာလို ကြည်းတပ်က လွှမ်းမိုးထားတာမျိုးမရှိပါ။ ဥပမာ ရေတပ်မှာ မရိန်းတပ်တွေရှိသလို လေယာဉ်တွေရှိတယ်။ အရေးအကြီးဆုံးက စစ်ဗိုလ်ချုပ်တယောက်ကို အကြမ်းဖျဉ်း (၄) နှစ်ထက်ပိုပြီး တနေရာမှာ မထားပါ။

အမေရိကန်ရေတပ်ဟာ တိုက်ပွဲထွက်ရင် မက်ထရစ် Matrix ပုံသဏ္ဌာန် သင်္ဘောတွေ လာစုပြီး task force အနေနဲ့ တိုက်ကြပေမယ့် သင်္ဘောအမျိုးအစားအလိုက် ထောင်လိုက် (Vertical) ခွဲပြီး ပဏာမအနေနဲ့ လေ့ကျင့်ကြရတယ် ။ ဥပမာ။ ။ ရေငုပ်သင်္ဘောအုပ်စုနဲ့ ရေပေါ် သဘောင်္အုပ်စုဆိုပြီးခွဲ ထားတယ်။ ရေပေါ်သင်္ဘောအုပ်စုအောက်မှာ လေယာဉ်တင်သင်္ဘောအုပ်စု၊ ဖျက်သင်္ဘောအုပ်စု၊ ခရူဇာအုပ်စု၊ ဖရီးဂိတ် အုပ်စုဆိုပြီး သင်္ဘောအမျိုးအစားလိုက်ခွဲပြီး လေ့ကျင့်ရတယ်။ ဒါတွေကို အုပ်ချုပ်ဖို့ type commanders တွေဆိုပြီးရှိတယ်။ သင်္ဘောအမျိုးအစားအလိုက် ကျွမ်းကျင်အောင် လုပ်ခြင်းဖြစ်တယ်။

လေယာဉ်တင်သင်္ဘောဟာ တစီးထဲ ကင်းလှည့်လေ့မရှိပါ ။ carrier group လို့ခေါ်တဲ့ အစောင့်အလျှောက်တွေ ခြံရံပြီး ကင်းလှည့်ရပါတယ် ။ ဥပမာ Aeigis system လို့ခေါ်တဲ့ ရေဒါစနစ်က မိုင် ၃ဝဝ အတွင်းရှိရှိသမျှသော သင်္ဘောတွေ၊ လေယာဉ်တွေကိုရှာပြီး လိုအပ်ရင် ပစ်ချနိုင်ဖို့အဆင်သင့် လုပ်ထားရပါတယ်။ လေယာဉ်ပစ်ဒုံးပျံတွေ၊ ရေငုပ်သင်္ဘောကိုပစ်ဖို့ depth charge တွေပေါ့။ ဒါပေမဲ့ အဝေးကရေအငုပ်သင်္ဘောကျတော့ ဆိုနာ sonar နဲ့ပဲရှာလို့ ရပါတယ်။ ဒါကြောင့် ရေငုပ်သင်္ဘောလဲ ပါရပြန်တယ်။ လိုအပ်ရင် တော်ပီတိုနဲ့ပစ် အကာအကွယ်ပေးမယ်။ ဒါကြောင့် ကိုယ့် သင်္ဘောအလိုက် ကျွမ်းကျင်မှုကို Type commander တွေက လေ့ကျင့်ပေးပြီး ဒုတိယ အဆင့် အားလုံးပါဝင် တိုက်ပွဲဝင်နိုင်အောင် လေ့ကျင့်ကြရပြန်တယ်။ ဥပမာ ဒီတာဝန်ကို Atlantic Fleet အတွက် 2nd Fleet က တာဝန်ယူလေ့ကျင့် ပေးရပြန်တယ်။

ရေငုပ်သင်္ဘောမှာလဲ မတူတဲ့ တာဝန်တွေရှိပြန်တယ်။ ရန်သူ ရေငုပ်သင်္ဘေတွေ၊ ရန်သူ့ သင်္ဘောတွေကို လိုက်ရှာပြီး ဖျက်စီးတိုက်ခိုက်နိုင်တဲ့ ရေငုပ်သင်္ဘောကို attack submarine (SSN) လို့ခေါ်ပါတယ်။ သူတို့ က အရွယ်အစားပိုသေးတယ်။ ပိုမြန်တယ်။ စစ်အေးတိုက်ပွဲခေတ်က ရန်သူက မိမိနိုင်ငံကို လက်ဦးမှုယူပြီး တိုက်ခိုက် ဖျက်ဆီးခဲ့သည်ရှိသော် ရန်သူကို ပြန်လည်ချေမှုန်းဖျက်ဆီးနိုင်ဖို့ အဝေးပစ် အနုမြူဒုံးပျံတွေ တင်ပြီး ကင်းလှည့်နေတဲ့ ရေငုပ်သင်္ဘောတွေကို Fleet ballistic missile submarines (SSBN) လို့ခေါ်ပါတယ်။ ဒါက MAD (Mutual Assured Destruction) ငါသေရင် မင်းလဲ သေမယ်ဆိုတဲ့ မဟာဗျူဟာအရပါ SSBN တွေ တခါတခါ တာဝန်ကျရင် လနဲ့ချီပြီး ရေအောက် မှာပျောက်နေတတ်ပါတယ်။

ရေငုပ်သင်္ဘောဟာ ဒီဇယ်ဆီနဲ့မောင်းရင် ဘက်ထရီကိုအားပြန်သွင်းဖို့ ရေပေါ်ပြန်တက်ရပါတယ်။ ဒါကြောင့် အမေရိကန် ရေငုပ် သင်္ဘောတွေ အားလုံးဟာ အနုမြူအားနဲ့မောင်းတဲ့ သင်္ဘောတွေချည်းပါပဲ။ ထို့အပြင် အခု cruise missile တွေပါတပ်ဆင်ထားတာပါတယ်။ ရေအောက်က ကုန်းကို ပစ်နိုင်စွမ်းရှိတာကြောင့် ရေငုပ်သဘောင်္တွေဟာပိုပြီး အရေးပါလာကြပါတယ်။ ရေငုပ်သင်္ဘောမှာ အသံမထွက်ဖို့က အဓိကကျပါတယ်။ ဆိုဗီယက်ခေတ်က ရေငုပ်သင်္ဘောတွေဟာ စက်သံဆူညံတာကြောင့် ဆိုနာနဲ့ လွယ်လွယ် ရှာနိုင်တယ်။ တရုတ်သင်္ဘောတွေဟာ အမေရိကန်ရေငုပ်သင်္ဘောတွေထက် ပိုဆူညံတာကတော့ မငြင်းနိုင်တဲ့ အားနည်းချက်ဖြစ်ပါတယ်။

ကျနော်တို့အရပ်သားတွေရဲ့ အားနဲချက်က (စစ်) ဆိုရင်မုန်းလိုက်တာ၊ ရေတောင်(စစ်) မသောက်ဘူးဆိုပြီး (စစ်) နဲ့ပတ်သက်ရင် ဘာမှ မသိချင်၊ မလေ့လာချင်ကြဘူး။
စစ်တပ်ဆိုတာဘာလုပ်လုပ် အမိန့်ပြန်တမ်းနဲ့ မှတ်တမ်းရေးရပါတယ်။ ဒါကြောင့် စစ်တပ်မှာ institutional knowledge လို့ခေါ်တဲ့ အဆက်ဆက် နားလည်မှု ရှိပါတယ်။ လေယာဉ်တင် သင်္ဘော တည်ဆောက်နိုင်တာ တပိုင်း၊ ပိုင်ပိုင်နိုင်နိုင်ကိုင်တွယ် တိုက်ခိုက်နိုင်တာတပိုင်းပါ။ ဒါကြောင့် တရုတ်ရေတပ်မတော်ဟာ လေယာဉ်တင် သင်္ဘောချင်း ယှဉ်နိုင်ဖို့ အနည်းဆုံး (၅) နှစ်ကနေ (၁ဝ) နှစ်၊ (၁၅) နှစ် ကြိုးစားရပါအုံးမယ်။

အမေရိကန်ရေတပ်ဟာ ဒုတိယကမ္ဘာစစ်က Midway တိုက်ပွဲမှာ ရာမာမိုတိုခေါင်းဆောင်တဲ့ ဂျပန်ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘော (၄)စီးကို ဖျက်ဆီးနိုင်ပြီးကထဲက လေယဉ်တင် သင်္ဘောချင်း တိုက်တဲ့ စစ်အတွေ့အကြုံကိုရခဲ့ပြီး ကိုရီးယားစစ်၊ ဗီယက်နမ်စစ်၊ အီရတ်စစ်တွေမှာ လေယဉ်တင်သင်္ဘောနဲ့တိုက်တဲ့ အတွေ့အကြုံတွေ တောက်လျောက် ရခဲ့ပါတယ်။ တရုတ်ဟာ အခုမှ စ လုံးရေ စ ရမှာ။

လေယဉ်တင်သင်္ဘောတွေဟာ ရန်သူ့ တော်ပီတိုကိုရှောင်ဖို့ ဒုတိယကမ္ဘာစစ်ကထဲက တိုက်ပွဲဝင်ရင် တည့်တည့်မမောင်းဘဲ ဘယ်လှည့်ညာလှည့် zig zag မောင်းရတာတွေ ရှိတယ် ။ အခုခေတ်မှာ အတတ်ပညာတွေ တိုးတက်တာကြောင့် ရန်သူပစ်လိုက်တဲ့ တိုပီတိုကို ရှောင်တိမ်းနိုင်တဲ့ နည်းပညာတွေ၊ လမ်းပြောင်းပေးနိုင်တဲ့ diversion techniques နည်းလမ်းတွေ ရှိပါတယ်။

ထို့ပြင် ခေတ်မီ စစ်တပ်တွေမှာ ညတိုက်ပွဲကို မကျွမ်းကျင်လို့ မရပါဘူး။ ဒါကြောင့် လေယာဉ်တင် သင်္ဘောတွေဟာ ည မှာ လေယာဉ် အဆင်းအတက်ကို မလေ့ကျင့်လို့မရပါ ။ အန္တရာယ်လဲ အလွန် ကြီးမားပါတယ်။ လေယဉ်တင်သင်္ဘောမှာ ဆင်းလာတဲ့ လေယာဉ်ကို သံမဏိချိတ်တွေနဲ့ချိတ်ပြီး လေယာဉ်ကို စောင့်ရပ်စေရတာပါတယ်။ Tail-Hook လို့ခေါ်ပါတယ်။ တက်တော့လဲ Catapult လို့ခေါ်တဲ့ သံမဏိလေးခွနဲ့ အရှိန်တချီထဲရအောင် တွန်းတင်ပေးလိုက်တာပါ။ ဒါကြောင့် အမေရိကန်လေယာဉ်တင်သင်္ဘောတွေမှာ အရောင်နဲ့ခွဲပြီး Color-coded သူ့နေရာ၊ သူ့တာဝန်ခွဲပြီး orchestra သီချင်းတီးဝိုင်းလို၊ ဟန်ချက်ညီညီ တာဝန်ယူကြရတာ။ တချက်လေးမှားတာနဲ့ လူအသေအပျောက်ဖြစ်တတ်ပါတယ်။ ဒါကြောင့် လေယာဉ်တင် သင်္ဘောတွေဟာ တချိန်လုံး လေ့ကျင့်နေကြရပါတယ်။

လေယာဉ်တင်သင်္ဘောဆိုတာက ရေတပ်အင်အားအပြင် လေတပ်အင်အားကိုပါ တင်ပြီး ပင်လယ်ပြင် တနေရာကနေ နောက်တနေရာကို သယ်ဆောင်ပြီး အင်အားပြ၊ အင်အားချဲ့တာကိုး။ လေတပ်၊ ရေတပ်တွေမှာ ဒုတိယကမ္ဘာစစ်ကထဲက fighter တိုက်လေယာဉ်နဲ့ fighter bomber (သို့) တော်ပီတို လေယာဉ် Torpedo plane ဗုံးကြဲတိုက်လေယာဉ်ဆိုတာတွေ ဆိုတာတွေ ရှိပါတယ်။ အခုခေတ်မှာတော့ multi-purpose fighter လို့ခေါ်ကြပါတယ်။ ကွာတာက fighter ရဲ့ ရည်ရွယ်ချက်က လေယာဉ်ကနေ မြေပြင်ကို ဗုံးကြဲဖို့မဟုတ် ရန်သူ့လေယာဉ်ကို ပစ်ချဖို့သက်သက် ဖြစ်ပါတယ်။

ယနေ့ခေတ် လေယာဉ်တိုက်ပွဲတွေမှာ ရေဒါရဲ့ အစွမ်းက သိပ်အရေးကြီးပါတယ်။ ရန်သူ့လေယာဉ်ကို အဝေးကြီးကထဲက မြင်နိုင်ရင် အစောကြီး ကိုယ်ကပစ်ချနိုင်မှာပေါ့။ ဒါကြောင့် နိုင်ငံတချို့က ရေဒါကို လေယာဉ်အပေါ် တင်ထားကြပါတယ်။ လေယာဉ်တင်သင်္ဘော အတွက် အသေးစား E-2C Hawkeye ဆိုတာရှိသလို လေတပ်အတွက် အကြီးစား AWACS ဆိုတာတွေရှိပါတယ်။ ရှေ့ဦးမှာ Fighter bomber တွေက ဗုံးကြဲဖို့ ရှေ့ကပျံသန်းပြီး တိုက်လေယာဉ် fighter တွေက နောက်ကစောင့်ရှောက်ပေး၊ အဲဒီနောက်ကမှ ရေဒါလေယာဉ်တွေက လမ်းကြောင်းထိန်းပေးရပါတယ်။ ဒါ့အပြင် ဗုံးတွေဟာ အရင်လို မတိမကျ မဟုတ်၊ ပစ်မှတ်ကို တည့်တည့်အတိအကျ အတိအကျ ပြစ်နိုင်တဲ့ Precision Guidance Bombsတွေ ဖြစ်တယ်။ ဒါကြောင့် လေယာဉ်တင်သင်္ဘောဆိုတာ လေကြောင်း တိုက်ပွဲတွေကို အနိုင်တိုက်နိုင်မယ့် လေယာဉ်မောင်းသမားတွေနဲ့ ခေတ်မီ လေယာဉ်တွေ တိုက်နည်းခိုက်နည်းတွေလိုလာပြန်တယ်။

အမေရိကန်မှာ F22 (Raptor) ဆိုတဲ့ 5th Generation Fighter ကို တပ်ဆင်ပြီးပါပြီ။ F35 ဆိုတဲ့ multi-purpose fighter ကို မကြာခင် ထုတ်ဝေဖြန့်ချိနိုင်တော့မှာပါ။ အမေရိကန်ရဲ့ လွှတ်တော်က ဥပဒေနဲ့ F22 ကို ဘယ်နိုင်ငံမှ မရောင်းရဆိုတဲ့ ဥပဒေနဲ့ ထိန်းချုပ်ထားပါတယ်။ F35 ကိုတော့ လေတပ်၊ ရေတပ်အပြင် မိတ်ဆွေနိုင်ငံတွေ၊ နေတိုးနိုင်ငံတွေကိုရောင်းချမှာပါ ။ အကြောင်းက အမေရိကန် တနိုင်ငံပဲ မိမိထုတ်လိုက်တဲ့ 5th Generation multi-purpose fighter ကို ပစ်ချနိုင်တဲ့ (စွမ်းအင်) ရှိအောင် တကွက်ချန်ထားတာပါ။ ရှားဘုရင်လက်ထက်က အီရန်ဟာ အမေရိကန်ရဲ့ အရင်းနီးဆုံးမိတ်ဆွေနိုင်ငံဖြစ်တော့ အဲဒီတုန်းက ခေတ်အမီဆုံး F14 Tomcat ဆိုတဲ့ လေယာဉ်တွေကို ရောင်းချခဲ့တယ်။ ရုတ်တရက် ရှားဘုရင် ပြုတ်ကျသွားပြီး ခိုမေနီတက်လာတော့ ရန်သူ့ဆီမှာ ခေတ်အမီဆုံး လက်နက်တွေရောက်ကုန်တယ်။ F14 Tomcat ကို ပစ်ချဖို့ သူ့ထက်သာတဲ့ လေယာဉ်မရှိဖြစ်သွားရော။ ဒါကြောင့် အခုတော့ အဲဒီသင်ခန်းစာယူပြီး သြတေးလျားလို မိတ်ဆွေနိုင်ငံကတောင် F22 ဝယ်ချင်တာ မရောင်းတော့ဘူး။ အခု Top Gun အဆင့်မြင့် ရေတပ်၊ လေကြောင်း သင်ကြားရေးကျောင်းမှာ လက်ရှိ F18-E/FHornet တွေနဲ့ F22 တို့ကို စီးချင်း တိုက်စေရာ F22 ကအမြဲအနိုင်ရတယ်လို့ စစ်ရေးကျွမ်းသူတွေက မိန့်ဆိုကျေနပ်နေကြပါတယ်။

ဒါကြောင့် လေယဉ်တင်သင်္ဘောရဲ့ လေယာဉ်စွမ်းအင်မှာလဲ အမေရိကန်ရေတပ်က အသာရလျက်ရှိပါတယ်။

အမေရိကန်ရေတပ်မှာ သင်္ဘောတွေ စစ်မှုထမ်းသက်တန်းကျော်သွားရင် mothballs လုပ်ပြီး အနားပေးလိုက်ပြီ ဆိုပေမယ့် စွန့်ပစ်လိုက်တာမဟုတ်ပါ။ စစ်လက်နက်တွေကိုဖြုတ် ဂိုထောင်ထဲမှာသိမ်းထားပြီး သင်္ဘောတွေကို သံချေးမတက်အောင် ကျကျနန သိမ်းထားပြီး Reserve fleet အနေနဲ့ ထိန်းသိမ်းထားတာပါ။ ဥပမာ ဒုတိယကမ္ဘာစစ်ကထဲက battle ship တွေကို ရော်နယ်ရေဂင်ခေတ်မှာ ဆွဲထုတ်လာပြီး Cruise missile တွေတပ်ဆင်ပြီး လက်ဘနွန်မှာ ပြဿနာပေါ်တော့ USS New Jersey နဲ့ အင်အားပြ အမြောက်ကြီးတွေနဲ့ လှမ်းထုတာကိုး။ သင်္ဘော ဆိုတာက လိုမှ ချက်ချင်းဆောက်လို့မရတာ မဟုတ်လား။

တိုက်ပွဲဗျူဟာ strategy ကို စိတ်ဝင်စားမှု မရှိ၊ မသိ။ အစွန်းရောက် အတွေးနဲ့တွေးရင် ဒါတွေဟာ သတ္တိမရှိတာလို့စွပ်စွဲကြမှာပေါ့။
ရော်နယ်ရေဂင်ခေတ်က စစ်အင်အားထူထောင်တာမှာ “600 ships navy” သင်္ဘော ၆ဝဝ ရှိတဲ့ရေတပ်ဆိုပြီး ကြိမ်းဝါးခဲ့ပေမယ့် ထိန်းသိမ်းရတဲ့ စရိတ် ကြီးမားလွန်းတာကြောင့် အခု သင်္ဘော ၂၈၉ စီး၊ ရေတပ်သားဦးရေ ၃၂,၈၅၁၆ - အရံတပ်သား ၁ဝ၁,၆၈၉ နဲ့လေယာဉ် ၃,၇ဝဝ ရှိတဲ့ ရေတပ် ပြန်ဖြစ်သွားပါပြီ။ လက်ရှိအစီအမံအရ သင်္ဘော ၃ဝ၃ စီး ရှိဖို့ ရည်မှန်းထားပါတယ်။

အမေရိကန်ရေတပ်ဟာ ပြည်ပအန္တရာယ်ကိုပဲ တာဝန်ရှိပါတယ်။ ပြည်တွင်းအတွက် ကမ်းရိုးတန်းလုံခြုံရေး (Coast Guard) ဆိုတာရှိပါတယ်။ ပြည်တွင်းကိစ္စတွေကို ဒီတပ်ဖွဲ့က တာဝန်ယူရပါတယ်။ အရင်က ဒီတပ်ဖွဲ့ကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနအောက်မှာထားပြီး ယခု ပြည်တွင်းလုံခြုံရေး Homeland Security ဝန်ကြီးဌာနအောက်မှာထားပါတယ်။

ရေတပ်မှာ Military Sealift Command – United States Naval Special Warfare Command - NSW - Naval Intelligence စတဲ့ဌာနနဲ့ တပ်ဖွဲ့တွေ အမြောက်အများ ရှိပါသေးတယ်။ ကမ္ဘာကျော် Navy Seals ဟာ NSW အောက်မှာရှိတာပါ။ Navy Seals ၂၄၅ဝ နဲ့ အရန် ၃၂၅ ဦးရှိပါတယ်။ ဗမာ့ရေတပ်မတော်မှာတောင် Navy Seals (၃) ဦးရှိပါတယ် ။ ကျနော် မှတ်မိသလောက် ဒုဗိုလ်မှူးကြီးအဆင့်တွေရောက်ကုန်ပါပြီ။ ပထမနီးစပ်ရာတွေ လွှတ်ရာ ကျကျလာလို့ အောင်ကာစ လူငယ်တွေ လွှတ်မှ အောင်လာကြတယ်လို့ သိရတယ်။ အမေရိကန်တွေတောင် (၄) ယောက်မှာ (၁) ယောက်ပဲ အောင်ကြပါတယ်။ ထိုင်းရေတပ်မှာ အမေရိကန်စနစ်အတိုင်း လေ့ကျင့်ပေးတဲ့ Navy Seals သင်တန်းရှိပါတယ်။ အမေရိကန် ရေတပ်ဖွဲ့စည်းပုံကို စံနစ်တကျ လေ့လာရင် တော်တော်ရှုပ်ပါတယ်။

Thursday, January 20, 2011

သံလွင်သူရဲကောင်း

သံလွင်သူရဲကောင်း

ရုတ်တရက် ဒေါင်းတွန်သံ ဆွံ့ အ
ကျန်ရစ်သူ ပုလဲခ ကြွေကျရှာပေါ့
သြော်-မြေခစရာ အရွေးမှားလေရော့လား
ရဲဘော်ဟာဖြစ်တည်ရာအရပ်
လူထုအာရုံ ရင်ဝယ်ခြုံလွှမ်း
ကြယ်စင်လမ်းမှာ အလံလွှင့်နေရော့သလား
သင်ဟာ နှုတ်မဆက် လက်မပြ ဘ၀တွေရဲ့
ဖြစ်ပျက်နဲ့ မလွဲသာတဲ့နိဂုံး
ဂုဏ်သိက္ခာရှိစွာ သံလွင်ကမ်းပေါ် ဖြန့်ကြဲခဲ့ရော့သလား။ ။

ဒေါင်းနီ
01/19/2011ရက်နေ့တွင်တိုင်းပြည်အတွက်သူရဲကောင်းပီသစွာကျဆုံးသွားသောရဲဘော်သော်ဇင်(သို့)
ရဲဘော်သန်းလွင်အားအမှတ်တရ။

Wednesday, January 19, 2011

ရဲဘော်သန်းလွင်(ခ)ရဲဘော်သော်ဇင်ကျဆုံးသည့်အပေါ်IFBNCအဖွဲ့ကြီးမှဝမ်းနည်းကြောင်းသ၀ဏ်လွှာပေးပို့၊ထုတ်ပြန်ခြင်း။

ရဲဘော်သန်းလွင်(ခ)ရဲဘော်သော်ဇင်ကျဆုံးသည့်အပေါ်IFBNCအဖွဲ့ကြီးမှဝမ်းနည်းကြောင်းသ၀ဏ်လွှာပေးပို့၊ထုတ်ပြန်ခြင်း။                                                                   

ကြယ်တွေကောက်နေသူ

ကြယ်တွေကောက်နေသူ

မောင်လွမ်းဏီ

ဟေမန္တဆောင်းတွေက
နွေထနောင်းရဲ့ 
ရွက်ပျိုတွေကို ကြွေဆင်းစေသတဲ့လား။

အခါမဲ့မိုးနဲ့ 
ငိုချင်းတွေရဲ့ ချိုးကူသံကရော
လွမ်းသံနှောလေသလား သမီးယမုံ။

ရိုးသား ရောင့်ရဲ၊ ရင့်ကျက် ရဲရင့်
ရဲဘော်စိတ်ဓာတ်၊ မြင့်မြတ်ခြင်တွေ
အမွေနှင်းအပ်၊ လက်ထပ်သင်ပေးခဲ့တယ်နော်
သား ၀သုန်သော် ၊ တနေ့ သော်
ဓားတောင်ကိုကျော် မီးပင်လယ်ကို ဖြတ်ရမှာ။

အနာဂတ်မှော်ရုံတော
သမီးထွေး နဒီသော်ရေ၊
အဖေ့ခေါ်သံ၊ သံလွင်မြစ်ကြောင်း
ဒေါင်းအိုးဝေသံ
ခံစားစီးဆင်းရစ်ပေတော့။

အိပ်မက်တွေအောက်
မိုးသောက်အိမ်လို
လင်းလက်ပျိုမျစ်၊ မြစ်သံလွင်ပေါ်
ရဲဘော်သော်ဇင်၊ ကိုသန်းလွင်တယောက်
ကြယ်တွေကောက်နေလောက်ရောပေါ့။ ။


မောင်လွမ်းဏီ
၁၈ - ၁ - ၂၀၁၁
ယနေ့ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် ကျဆုံးသွားသော ကျောင်းသားတပ်မတော်မှ ရဲဘော် သန်းလွင် ကောင်းရာသုဂတိလားပါစေ

Wednesday, January 12, 2011

နှင်းဆီရောင် တော်လှန်ရေး ရုပ်ပုံလွှာ အပိုင်း(၂၀)။

နှင်းဆီရောင် တော်လှန်ရေး ရုပ်ပုံလွှာ အပိုင်း(၂၀)။

ကျနော်တို့အခြေခံဒေသထိုးဖောက်ရေးနယ်မြေဖြစ်သည့်ကေအန်ယူ၊တပ်မဟာ(၂)၊တောင်ငူခရိုင်၊သံတောင်မြို့
မြောက်ဘက်၊အခြေခံဒေသတွင်-၁၉၉၉ခုနှစ်၊မေလ(၁၅)ရက်နေ့တွင်ဗိုလ်ကျော့ဖွာ(ကိုကြီး)မှရန်သူ(၅၃၈) တပ်ခွဲမှုးသိန်းထွန်းဆီသို့ကြွက်ဖြူမှတဆင့်စေလွှတ်ဆက်သွယ်ခဲ့သည်။၁၈-၅-၉၉တွင်သစ်ပုတ်ပင်ရွာ၌စကနံ ပါတ်(၅၂၂)အဆက်အသွယ်ပြုပြီးသန်းမြင့်၊ဇော်ဝမ်း၊စောသာ၊ဦးစီအင်အား(၁၃)ဦးနှင့်အတူဆွေးနွေးခဲ့သည်။
၃-၇-၉၉စနေနေ့တွင်တဖန်ဦးကြည်စိန်ထွန်း၊(လိပ်သိုလ်)၊ဖာသာဦးသိန်းမောင်(ထီးသာစော)၊ဦးဟန်ငွေကြည် (မကျည်းတော)၊ဦးဘခင်(မိတ်သလင်တောင်)၊မကျည်းတောကျေးရွာ၌ဦးကိုကြီး၊ဆရာစိုးသူ၊ဖိုးဆီ(ဆေးမှုး)၊ ရဲဘော်(၃)ဦးနှင့်ထပ်မံဆွေးနွေးခဲ့သည်။-၄-၇-၉၉တွင်ဦးကိုကြီးကိုမကျည်းတောမှတဆင့်အထက်ပါပုဂ္ဂိုလ် များနှင့်အတူရှမ်းလယ်ပြင်အထက်ရွာသို့သွားပြီးထောက်လှမ်းရေး(၃)မှခင်မောင်မြင့်နှင့်အတူတွေ့ဆုံခဲ့သည်။ ရဲဘော်တွေကိုအပြင်မှာအိပ်စေပြီးတွေ့ဆုံပွဲတွင်တက်ရောက်နားထောင်ခွင့်မပြုခဲ့။-၅-၇-၉၉ရက်နေ့တွင်ထပ်မံ တွေ့ဆုံရာဦးကိုကြီးလိုလားချက်တွေတောင်းဆုခဲ့သည်။-၆-၇-၉၉တွင်ရှမ်းလယ်ပြင်ရွာမှအောက်ရွာအလယ် တန်းကျောင်းကုန်းသို့ညပိုင်း(၇)နာရီတိတိအချိန်တွင်ဆိုက်ရောက်ကာည(၁၀)နာရီအထိကြိုဆိုဧည့်ခံသည်။ ၇-၇-၉၉နံနက်ပိုင်းတွင်ကျောင်းဆရာ၊ကျောင်းသားများတွေ့ဆုံခဲ့သည်။၎င်းတွေ့ဆုံဆွေးနွေးပွဲတွင်
လိပ်သိုလ်မြောက်ပိုင်းတာဝန်ခံဆရာကြီးခင်မောင်မြင့်+ဦးကိုကြီးအုပ်စုဥက္ကဌဦးလှသိန်းရှမ်းလယ်ပြင်စခန်းမှုး ကျော်သူမျိုးအမှာစကားပြောခဲ့သည်။ ၁၃-၇-၉၉တွင်မိတ်သလင်တောင်အထက်ရွာ(ထလရ)(၃)ဗိုလ်ကြိးခင် မောင်မြင့်နှင့်တွေ့ဆုံပြီးနောက်တဖန်-၁၄-၇-၉၉တွင်မိတ်သလင်တောင်မှသစ်ခေါင်းရွာသို့ချီတက်ကာ ပဲခူးတိုင်းမှုး+ရဲဘော်အပါအ၀င်(၇)ဦးထပ်မံတွေ့ဆုံဆွေးနွေးခဲ့သည်။၂၁-၇-၉၉နှင့်၂၂-၇-၉၉လိပ်သိုလ်သို့ထပ် ဆုံခဲ့သည်။ခင်မောင်မြင့်၊ပဲခူးတိုင်းမှုးဦးကိုကြီးတွေ့ဆုံရန်အကျိုးတော်ဆောင်များပါဝင်ခဲ့သည်။အကျိုး တော်ဆောင်-ဦးကြည်စိန်ထွန်း(လိပ်သိုလ်)၊ဖာသာဦးသိန်းမောင်(ထီးသာစော)၊ဦးဘခင်၊(မိတ်သလင်တောင်) ဦးဟန်ငွေကြည်၊(မကျည်းတော)၊သိက္ခာတော်ရဦးရွှေထွန်း(ရှမ်းလယ်ပြင်)၊ဦးထွန်းခင်၊ဦးဂျက်ခင်။
ဦးသိန်းအောင်(တောင်ငူ)၊ဦးကူး၊ လှမြင့်၊သားသား။
ဦးကိုကြီးတောင်းဆိုချက်များ-
(၁)၄-လအတွင်းအပစ်အခတ်ရပ်စဲပေးရန်။(၂)။အပစ်အခတ်ရပ်စဲရေးဒေအတွင်း(က)ကျမ္မာရေး၊(ခ)ပညာရေး
(ဂ)လမ်းပန်းဆက်သွယ်ရေးအမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပေးရန်။
(၃)။အပစ်အခတ်ရပ်စဲရေးသကတမ်း(၄)လကုန်ဆုံးရက်တွင်နိုင်ငံတော်နှင့်လက်တွဲပြီးဒေသအကျိုးဆောင်ရွက် ချက်ကိုအားရ၀မ်းသာကြိုဆိုပြီးအခမ်းအနားကြီးကျယ်စွာကျင်းပပေးရန်။(၄)။အပစ်အခတ်ရပ်စဲရေးသက်တမ်း (၄)လအတွင်းဖွဲ့စည်းရပ်တည်နိုင်ရန်နိုင်ငံတော်မှစားနပ်ရိက္ခာကူညီပေးရန်။(၅)။အပစ်အခတ်ရပ်စဲရေးကာလ ၌စစ်ကြောင်းများဖြတ်သန်းသွားလာခြင်းမပြုရန်။
အပစ်အလပ်ရပ်စဲရေးနယ်မြေဧရိယာ။
တောင်ငူလွိုင်ကော်မော်တော်ကားလမ်းအနောက်ဘက်ခြမ်း။အနောက်ဘက်စစ်တောင်းမြစ်ကောက်ကောက် ကွေ့ကွေ့။မြောက်ဘက်တွင်နန်းချိုချောင်းကောက်ကော်ကွေ့ကွေ့မှပေါင်းလောင်းမြစ်ဆုံမှ
စစ်တောင်းမြစ်ဆိပ်အထိဖြစ်သည်။
နိုဝင်ဘာ(၁၁)ရက်နေ့တွင်တောင်ငူမိုင်တာကွင်း၌ကြိုဆိုရေးလုပ်သည်။
ကျနော်တို့အခြေခံဒေသထိုးဖောက်ရေးနယ်မြေဖြစ်သည့်ကေအန်ယူ၊တပ်မဟာ(၂)၊တောင်ငူခရိုင်၊သံတောင်မြို့
မြောက်ဘက်၊အခြေခံဒေသတွင်းမှရွာများကိုအောက်ပါအတိုင်းစာရင်းပြုစုထားပါသည်။ပြုစုထားသည့်ရွာပေါင်း-
(၁၁၂)ရွာရှိသည်။(၁)။ပလေခီးထ(တောပြာကြီးအထက်)၊(၂)။ပလေခီးလာ(တောပြာကြီးအောက်)၊(၃)။ပနာဘူး။(၄)။ငွေတောင်ကြီး။
(၅)။ရွာသစ်၊(၆)။ငွေတောင်လေး၊(၇)။တာလူးနန်းမူ၊(၈)။ကျောက်တိုင်၊(၉)။ရွာကြီး၊(၁၀)။ပျားစခန်း၊(၁၁)။ကွမ်းပင်၊
(၁၂)။ရွှေလန်ဘို၊(၁၃)။ဇလဲ(အထက်)၊(၁၄)။အလယ်ချောင်း(အထက်)၊(၁၅)။အလယ်ချောင်း(အောက်)၊(၁၆)။သ ရောဘူ၊(၁၇)။တာဝါလော်ခီး၊(၁၈)ဒိုးထဲ့၊(၁၉)။လေလော်ဝေး၊(၂၀)။ကျောက်လုံးကြီး၊(၂၁)။မဲကူကန်၊(၂၂)။ဗိုလ်တဲ ကုန်း၊(၂၃)။ဖတီးမူးကုန်း၊(၂၄)။ဇလဲအောက်၊(၂၅)။ကော်ပတ်ခြံ၊(၂၆)။သစ်ခေါင်း၊(၂၇)။ကျေးမင်းအထက်၊(၂၈)။ ကျေးမင်းအောက်၊(၂၉)။မြထင်၊(၃၀)။ရှမ်းလယ်ပြင်အထက်၊(၃၁)။ရှမ်းလယ်ပြင်အောက်၊(၃၂)။ဗဟန်း၊(၃၃)။သစ် ခွတောင်၊(၃၄)။ဘိုကလေး၊(၃၅)။ဖယ်ဘိုး(မြောက်ဘက်)၊(၃၆)။တောင်နန်းချို(အထက်)၊(၃၇)။ပေါက်တူးဖယ်ပိုး၊ (၃၈)။တောင်နန်းချို(အောက်)၊(၃၉)။တောင်ပါတ်လည်၊(၄၀)။ချဉ်ပတောင်(ရွာမ)၊(၄၁)။သံတောင်လေး၊(၄၂)။ မင်းလမ်းတောင်၊(၄၃)။တပ်တောင်၊(၄၄)။လေးအိမ်စု၊(၄၅)။တမောခို၊(၄၆)။အမယာ၊(၄၇)။မြောက်နန်းချို
(အထက်)၊(၄၈)။မြောက်နန်းချို(အောက်)။(၄၉)။ငွေတောင်၊(၅၀)။သရက်တောင်၊(၅၁)။ကျမိုင်း၊
(၅၂)။သင်္ဘောတော၊(၅၃)။ပိန်းသီလာ၊(၅၄)။ရွှေလုံး၊(၅၅)။မြသာကုန်း၊(၅၆)။ကျောက်ရှည်တောင်၊(၅၇)။လက်
ပန်ဖြူ(ငထွန်း)၊(၅၈)။ရေကန်ဒို၊(၅၉)။ကျောက်ဖြာ(အောက်)၊(၆၀)။ကျောက်ဖြာ(အထက်)၊(၆၁)။ကျောက်ကြီး
တောင်(ရွာသစ်)၊(၆၂)။ကျောက်ကြီးတောင်(ဥယျာဉ်)၊(၆၃)။ကျောက်ကြီးတောင်(ရွာမ)၊(၆၄)။ဖုန်းဆိုး၊(၆၅)။ ကျွဲကျ(အထက်)၊(၆၆)ညောင်ပင်တောင်၊(၆၇)။ရွှေဘိုး၊(၆၈)။သစ်အယ်တောင်၊(၆၉)။ဗောတိကုန်း၊(၇၀)။ထမုံ (အထက်)၊(၇၁)။ထမုံ(အောက်)။(၇၂)။ရွက်စည်ပိုင်း၊(၇၃)။ဆင်အံတောင်၊(၇၄)။လ္ဘက်အင်း၊(၇၅)။ကြို့ချောင်း၊ (၇၆)။မဏ္ဌပ်တောင်၊(၇၈)။ဗုံတောင်၊(၇၉)။သာစည်၊(၈၀)။မိအိ(အောက်)၊(၈၁)။မိအိ(အထက်)၊(၈၂)။သဲနုကုန်း၊
နဂါးတောင်၊(၈၃)။ချဉ်ပတောင်(ရွာသစ်)၊(၈၄)။မဆ(အထက်)၊(၈၅)။မဆ(အောက်)၊(၈၆)။တိုးတိုးပင်၊(၈၇)။ ကျွဲကျ(အောက်)၊(၈၈)။ဘုတ်မ၊(၈၉)။ဆိတ်ဖူးတောင်၊(၉၀)။မအူတော၊(၉၁)။မိတ်သလင်တောင်(အောက်)၊(၉၂)။
မိတ်သလင်တောင်(အထက်)၊(၉၃)။ဘုရားကုန်း၊(၉၄)။သက်ကယ်ကျင်း၊(၉၅)။မဂူတောင်၊(၉၆)။မဲချို(အထက်)၊ (၉၇)။မဲချို(အောက်)၊(၉၈)။ထိုးဝါးချောင်း၊(၉၉)။ကမ္ဘာလာခြံ၊(၁၀၀)။လေးအိမ်စု၊(၁၀၁)။ဟီမို+သစ်ဝါးတော၊ (၁၀၂)။ထမုံ(ဥယျာဉ်)၊(၁၀၃)။ထမုံ(အလယ်)၊(၁၀၄)။ထမုံငွေတောင်၊(၁၀၅)။အူနဲဖူလီ၊(၁၀၆)။ကျွန်းတောကုန်း၊ (၁၀၇)။မန်းကျည်းတော၊(၁၀၈)။ရွာတန်းရှည်၊(၁၀၉)။ကိုးဒစ်၇ွာမ၊(၁၁၀)။ကျောက်တံခါး(အထက်)၊(၁၁၁)။ ကျောက်တံခါး၊(၁၁၂)။ကျောက်တံခါး(အလယ်)တို့ဖြစ်သည်။
ကေအန်ယူ၊တပ်မဟာ(၂)၊တောင်ငူခရိုင်၊သံတောင်မြို့နယ်အတွင်းရှိရွာပေါင်း(၁၆၈)ရွာ၇ှိကြောင်းကို
အောက်ပါအတိုင်းတွေရှိနိုင်သည်။သောက်ရေခပ်အရှေ့ဘက်အုပ်စု။(၁)။မာဘွယ်ခို၊(၂)။ကမူဒို၊(၃)။ကလော်ခီး၊ (၄)။ကတာခီး၊(၅)။ထီးသီးဘူ(အောက်)၊(၆)။ထီးသီးဘူ(ထက်)၊(၇)။မောင်ဝါခေါ၊(၈)။ဝေလာခေါ၊(၉)။ဒီဒါးခို၊(၁၀)။ လယ်ခါဒိုးခို၊(၁၁)။လယ်ခိုဒိုးသာ၊(၁၂)။လယ်ခိုဒိုးကား(၁၃)။သခေါစော၊(၁၄)။ဖာဝယ်၊(၁၅)။ဖာဒိုးကား၊(၁၆)။ သေရာယူ၊(၁၇)ခေါမူးခို၊(၁၈)။စောလောခို-အပြင်-
သောက်ရေခပ်(အနောက်အုပ်စု)။(၁)။ကဆောဘွယ်၊(၂)။ခိုဝယ်၊(၃)။လယ်ဝီခို၊(၄)။လေးခိုဒိုးကား၊(၅)။စပါးလော်ခီး၊
(၆)။ခလော်ကား၊(၇)။ခူသေတဲ၊(၈)။ထီးထပူ၊(၉)။သူခဲတဲ၊(၁၀)။ဘောမူတဲ၊(၁၁)။မိုင်(၂၀)၊(၁၂)။ဒဲမူဟား
(ချောင်းနှခွ)၊(၁၃)။ဥသျှစ်ကုန်း၊(၁၄)။ရွှေညောင်ပင်၊(၁၅)။ကဆယ်ဒါဖူးပလဲ့၊(၁၆)။ကသွီးတီး၊(၁၇)။ဘွဲဟီခို၊
(၁၈)။သပါးဖို၊(၁၉)။ခလယ်ကျောထယ်၊(၂၀)။ခလယ်ပါထိ၊(၂၁)။ခလယ်ဒိုးကား၊(၂၂)။ထီးပူခီး(ထက်)၊(၂၃)။ ထီးပူခီး(အောက်)၊(၂၄)။ကရှီးခီး၊(၂၅)။ကရှီးခီး(အောက်)၊(၂၆)။ကရာခီး၊(၂၇)။ဘွယ်ဘူးခီး-တိုဖြစ်ပြီး-
ကြီးချောင်းအရှေ့ဘက်(ဂလေ၀ါမူထော်အုပ်စု)။(၁)။ရှိုခို၊(၂)ဗွီခီး၊(၃)။မောသူးတဲ၊(၄)။ဘခါလေးခို၊(၅)။ဥပါယံ၊ (၆)။သိင်္ဂီလာ၊(၇)။ထီးဆာဘို၊(၈)။မောခူးတဲ၊(၁၀)။ကဟော်တဲ(ထက်)၊(၁၁)။ကဟော်တဲ(အောက်)၊(၁၂)။ ဟောလူတဲ၊(၁၃)။ပလပ်ခီး၊(၁၄)။လဲဘော်ခလော်ဘဲ။
ဂလေခါမူနုအနောက်အုပ်စု။
(၁)။ဘဲခေါ်တဲ(စပါးကျီ)၊(၂)။ခူပလဲတဲ(ခူပြောင်)၊(၃)။ဒဲဒို(ဒိုးဒိုး)၊(၄)။မော်ကိုးတဲ(မဲကျော်)၊(၅)ဂလေခိုးခီး
(ရသိုးလေး)၊(၆)။မော်ဖားဒဲ(ပြောင်သို)၊(၇)။ဂါမူဒို၊(၈)။နော်သေးတဲ။ထိသာစော(ကြားဒေသ)။(၁)။ရှိုသောပလို၊(၂)။ထာရဲပလို၊(၃)။သပါးရာ၊(၄)။ခလေမူးခီး၊(၅)။လယ်ဘောစော၊ (၆)။ပလာဒေးခေါ၊(၇)။မာရဲဖူလီ၊(၈)။ခမာတီးဖူလီ၊(၉)။တာရိုး၊(၁၀)။ဝါသောခို၊(၁၁)။ဒိသောခို၊(၁၂)။သခေါ်ထိ၊ (၁၃)။ထိသာစော၊(၁၄)။မဆာခေါ၊(၁၅)။မော်ချီး၊(၁၆)။ထာဘူခီး၊(၁၇)။လာမဲဖူးလီ၊(၁၈)။မဲသောဖူလီ(ထက်)၊
(၁၉)။မသြောဖူလီ(အောက်)၊(၂၀)။လယ်ရာဒို၊(၂၁)။ဘာရာ(ပခေါက်)၊(၂၂)။ဒီဒါးခို၊(၂၃)သကွဲပလို၊(၂၄)။ မိုင်းလုံ (အထက်)၊(၂၅)။မိုင်းလုံ(အောက်)၊(၂၆)။မိုင်းလုံ(အလယ်)၊(၂၇)။သောက်ရေခပ်(ကေအန်ယူ)၊(၂၈)။ပုတ်သင်၊ (၂၉)။လေးလော်ဒေး၊(၃၀)။ငပိုးကြီး၊(၃၁)။ငပိုးလေး၊(၃၂)။အိအယ်။
ထန်းတပင်မြို့နယ်။(၁)။ဖလိမ်းဆာလို(တိပ်ပု)၊(၂)။ရဲလို၊(၃)။ပလော်ဘောတဲ၊(၄)။ဒါဘားခီး၊(၅)။လေးအိုးလို၊(၆)။ ပေါ်ဖ၊(၇)။မြီးလို၊(၈)ခဲတဲ၊(၉)။ဖူးမူးတဲ၊(၁၀)။လယ်ကလားတဲ(ရေတံခွန်)၊(၁၁)။ဆီဒေါခို၊(၁၂)။ဖွေပေါ်တဲ၊(၁၄)။ စော်မူတဲ၊(၁၅)။စော်တေးတဲ၊(၁၆)။ခိုးလူ၊(၁၇)။ဇ၀ါတော၊(၁၈)။ဝါမိပဲခို၊(၁၉)။သခီါးစိုး၊(၂၀)။စီခဲတဲ၊
(၂၁)။ဟောသူဒို၊(၂၂)။ဘဲလို၊(၂၃)။ပလောမူတဲ(ပြောင်မသိုလ်)၊(၂၄)။လော်ဘီးလယ်၊(၂၅)။မေဒေါခို၊(၂၆)။ မော်သေးတဲ၊(၂၇)။ခူလာတဲ၊(၂၈)။စွာဝါးတဲ၊(၂၉)။ဟထိုးဘွယ်၊(၃၀)။သေခူတဲ၊(၃၁)။သအေးခီး၊(၃၂)။ဂလေခီး၊ (၃၃)။ဘူခီး၊(၃၄)။ဘူစရခီး၊(၃၅)။ဟိုခီး၊(၃၆)။ဟီဒေါ်ခေါ်၊(၃၇)။ချိုးဆယ်၊(၃၈)။ဝါဆို၊(၃၉)။ကော်စိုးခို၊(၄၀)။ ၀ါသိုးခို၊(ဘောဂလိလေး)၊(၄၁)။လယ်ရို၊(၄၂)။ခလယ်လာ(ဘောဂလိကြီး)၊(၄၃)။ကော်သေးဒဲ(ရေသိုးကြီး)၊ (၄၄)။ သေခိကလား၊(၄၅)။ဒါလေးလို၊(၄၆)။စော့အေစီး၊(၄၇)။ဆွားလို၊(၄၈)။သူဌေးကုန်း၊(၄၉)။ညောင်ပင်စခန်း၊ (၅၀)။နဂါးမောက်၊(၅၁)။ထု့းဖို၊(၅၂)။တပ်ပြေး၊(၅၃)။ပြုံးချောင်း။(၅၄)။ခပေါင်း၊(၅၅)။ထီးလို၊(၅၆)။ကဆယ်ဒို၊(၅၇)။ ရှားစီးဖို၊(၅၈)။ရေလျှံ၊(၅၉)။တောကုန်း၊(၆၀)။ဇီးဖြူကုန်း၊(၆၁)။ပြင်ကား၊(၆၂)။လဲထိ၊(၆၃)။သစ်ချဆိပ်၊
(၆၄)။အင်းကျော်၊(၆၅)။ရွှေတဆောင်း၊(၆၆)။မာလာကုန်း၊(၆၇)။သာယာကုန်း၊(၆၈)။ရွာတန်းရှည်
တို့ဖြစ်ကြသည်။
ကျည်ဝေဖြိုး
ဆက်လက်ကြိုးစားပါဦးမည်။

Tuesday, January 11, 2011

Letter to Former Comrades Abroad

Letter to Former Comrades Abroad                                                                   

Monday, January 3, 2011

(၆၃)နှစ်မြောက်လွပ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား နှင့်စာပေဟောပြောပွဲ။


(၆၃)နှစ်မြောက်လွပ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား နှင့်စာပေဟောပြောပွဲ တွင်စာပေဝေဘန်ရေးဆရာ၊ကဗျာဆရာ၊စာရေးဆရာမောင်စွမ်းရည် မှနယ်ချဲ့ဆန့် ကျင်ရေးတွင်လည်းကောင်း၊ဖက်ဆစ်ဆန့်ကျင်ရေးတွင်လည်းကောင်း၊အမျိုးသား လွပ်မြောက်ရေးအတွက်အမျိုးသားစာပေခေါင်းဆောင်ငြိမ်းချမ်းရေး ဗိသုကာ ဆရာကြီး ဆရာ ဒေါက်တာသခင်ကိုယ်တော်မှိုင်း၏အမျိုးသားစာပေနှင့်လွပ်လပ်ရေအကြောင်းဟောပြောစဉ်။

 (၆၃)နှစ်မြောက်လွပ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားနှင့် စာပေ ဟော ပြောပွဲတွင်ကဗျာဆရာ-ကျည်ဝေဖြိုးမှ-ပကတိကျေးလက်-ကဗျာ
ကိုရွတ်ဆိုစဉ်။
  
(၆၃)နှစ်မြောက်လွပ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားနှင့်စာပေဟောပြောပွဲတွင်ကဗျာဆရာ-ရိုး(ခေတ္တရာ)မှကဗျာရွတ်ဖတ်စဉ်။
 (၆၃)နှစ်မြောက်လွပ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားနှင့်စာပေဟောပြောပွဲတွင်ကဗျာ
ဆရာနီလွင်သွေး(ဒသနိက)မှကိုယ်တိုင်ရေးကဗျာအားရွတ်ဆိုစဉ်။

(၆၃)နှစ်မြောက်လွပ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားနှင့်စာပေဟောပြောပွဲတွင် 
နိုင်ငံတကာမြန်မာ့အမျိုးသားကွန်ကရက်ဖောင်ဒေးရှင်းမှတာဝန်ရှိသူများ။(အော်ဘာနီ၊နယူးယောက်။)
 
(၆၃)နှစ်မြောက်လွပ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားနှင့်စာပေဟောပြောပွဲတွင် 
ကဗျာဆရာညိုထက်(လမ်းသစ်ဦး)မှကိုယ်တိုင်ရေးကဗျာရွတ်ဖတ်စဉ်။
 (၆၃)နှစ်မြောက်လွပ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားနှင့်စာပေဟောပြောပွဲတွင်တက်ရောက်
လာသောဝါသနာရှင်များ။


(၆၃)နှစ်မြောက်လွပ်လပ်ရေးနေ့အခမ်းအနားသို့ပေးပို့သောနှစ်ဦးသ၀ဏ်လွှာ။

(၆၃)နှစ်မြောက်လွပ်လပ်ရေးနေ့အခမ်းအနားသို့ပေးပို့သောနှစ်ဦးသ၀ဏ်လွှာ။

Sunday, January 2, 2011

"ဆုတောင်း”

 "ဆုတောင်း”
 အဟောင်းထဲက
အကောင်းတွေ
အသစ်မှာပေါင်း
ငြိမ်းချမ်းတဲ့ အပြောင်းအလဲ
ဝိုင်းစုလောင်းထူမ
ခုနှစ်များစွာ တသသ
တောင်းတခဲ့ ပြည်သူ့ ဆန္ဒတွေ
နှစ်သစ်မင်္ဂလာမှာ
လောကပါလတရားနှင့် မွေးဖွားစေ၊။။။။

(ဒေါင်းနီ)
၀၁.၀၁.၂၀၁၁
(ဒီဇိုင်းပန်းချီ=ဒေါင်းနီ)

Saturday, January 1, 2011

ပကတိကျေးလက်။

ပကတိကျေးလက်။
ရထားလက်မှတ်စောင့်နေတာမဟုတ်ဘူး။
နှင်းမိုးတွေအပြင်မှာရွာနေလိမ့်မယ်
မခိုင်လုံတဲ့ တရားတွေ
စီရင်ချက်ချခြင်းခံထားရတဲ့
အပြစ်သားတဦးလို။

မျက်ရည်နှင့်မျက်လုံး
ပေါင်းစပ်ထားတဲ့အချိန်
လယ်ကွင်းစိမ်းစိမ်းတွေထဲက
ထန်းပင်ကြီးတွေဆီရောက်လိုက်
မိုးအုံ့အုံ့ကြံခင်တောတွေထဲဖြတ်လိုက်။

အရင်တုန်းက
ဗကပတွေစခန်းချသွားတဲ့နေရာ
ဦးကြီးကပြော
မသိမသာခေါင်းညိတ်
ကိုယ်ချက်မြုတ်ရဲ့တန်းဖိုးကြီးမှု
နှမြောလွမ်းဆွတ်လိုက်ပုံ။

မိုးဦးကျပျိုးပင်တွေထမ်း
ကောက်စိုက်သမတွေထံအလျှင်မှီမှီ
ထမ်းပို့နေတဲ့ ဘကြီးစိန်
တွံတေးသိန်းတန်ရဲ့
"ဒီစနစ်ဆိုးတွေကို ကျောမွဲများအတွက်
တိုက်ထုတ်ပစ်ရမယ်"
ခံစားတတ်ချိန် သူပုန်ဖြစ်ခါစရှိသေး။

အသိတွေက လေ့လာရေးခရီးထွက်
ဘယ်ဘုရား က မှားပြီး
ဘယ်တရား မှန်တယ်ဆိုတာ
၇ှုးရူးနှမ်းနှမ်း မသိသေးတဲ့အရွယ်
ရုပ်ချောရင် ဇတ်လိုက်
ရုပ်ဆိုးရင် လူကြမ်းခေတ်ကြီးမှာ
ရုပ်ချောရင် လူတော်ထင်
ဂုဏ်ထူးတန်းဝင်ခွင့်ရဘ၀။

ဘယ်သူဟာ ထာဝစဉ်သူရဲကောင်းလဲ--
ဘယ်သူဟာ ထာဝစဉ်ရန်သူလဲ-----
ကိုယ့်တရားကိုယ်
စိတ်ချယုံကြည်ခြင်း မရှိသေးတဲ့ကာလ
ဘ၀ဟာ လူတချို့အတွက်
အကြိုက်လုပ်ရမှာလား။

Tuesday, December 28, 2010

နွေဦးခေါ်သံ

နွေဦးခေါ်သံ

ဟောဒီ ကမ္ဘာပေါ်မှာ
နာနာကျင်ကျင်ဘ၀ ရှိသူတိုင်း
သမိုင်းကို ပြောင်းလဲပစ်ခဲ့ကြတယ်၊

လူဟာ
ချွေးတစက် ရင်းနှီးရင်
အပွင့်အသီး ညီညီမျှမျှပြန်ရနေဖို့၊

လူတဦးတယောက်ရဲ့ အသက်ရှူသံ
သူ့ကြမ္မာနဲ့ ယုံကြည်ချက်တွေအပေါ်
ဘယ်သူမှ မကျူးကျော်နိုင်ဖို့၊

အသိ အသက် ရှိတာခြင်း တူရင်
ဘယ်လူမျိုးကမှ
အခွင့်အရေး ပိုမယူကြဖို့၊

စစ်ဖိနပ်ထဲ ထိုးသွင်းထားတဲ့
အဟောင်းအမြင်း မှန်သမျှကို
ခေါင်းရင်းကနေ ကန်ချပစ်ကြရမယ်၊

ကျနော်တို့ဟာ
သမိုင်းရဲ့ ထုတ်ကုန်ပါပဲ
လူထုကို ယုံတယ်၊
ဒီမိုကရေစီကို ချစ်တယ်၊
အမျိုးသားသွေးစည်းညီညွတ်ရေးကို မြတ်နိုးတယ်။

ပြည်တွင်းစစ်
အနှစ် (၅၀)ကြီးထဲက
ကြေကွဲ သွေး ဘ၀ အသက်တွေ
ဒီမိုကရေစီ အရေးတော်ပုံကြီးထဲက
သူရဲကောင်းတို့ရဲ့ ၀ိဥာဉ်တွေကို ဦးညွတ်
အမျိုးသားထု လွတ်မြောက်ရေးအတွက်
စစ်အာဏာရှင် အဆက်ဆက်
ညက်ညက်ကြေနေတဲ့ နှလုံးသားပေါ်မှာ
တော်လှန်ရေးကို စိုက်ပျိုးပစ်ခဲ့ကြတယ်။

စစ်အာဏာရှင်တို့
ခင်ဗျားတို့ ဒိုင်ယာရီ စာအုပ်ထဲက
အဆီတရွှဲရွှဲ စာရင်းဇယားတွေဟာ
တိုင်းပြည် သယံဇာတများပဲ ဖြစ်တယ်၊

ခင်ဗျားတို့ နှုတ်ခမ်းက အပြုံးစဟာ
လူထု သက်ပြင်းချသံတွေ ဖြစ်တယ်၊

ခင်ဗျားတို့ မျက်လုံးထဲက အလင်းစဟာ
ကလေးတွေ ချွေချွေချခဲ့ရတဲ့
သွေးစ သွေးနများပဲ ဖြစ်တယ်၊

မီးလောင်ငုတ်တိုနဲ့ ပြာပုံထဲက
ကျည်ဆံခွံတွေကို မေးကြည့်ကြစမ်းပါ၊

လူ့အခွင့်အရေးဆိုတာ
စစ်ဖိနပ်နဲ့ နင်း နင်း ပေးဖို့လားလို့၊

စစ်အာဏာရှင်တို့
လူချင်း အတူတူ
ခင်ဗျားတို့ အသက်ပိုမရှူကြနဲ့၊

အဲဒီ ပိုရှူလိုက်တဲ့လေထဲမှာ
တံတားအနီ
ကတ္တရာအနီ
လွယ်အိတ်အနီတွေနဲ့
တနိုင်ငံလုံး
သွေးနဲ့မျက်ရည် ကျဆုံးခဲ့ရသော
ရှစ်လေးလုံး နေ့ရက်များ ပါတယ်၊

ကျောက်သင်ပုံးအကွဲနဲ့
‘၀’လုံး ရွဲ့စောင်းစောင်းတွေ ပါတယ်၊

နို့ရည်မဲ့
ကွဲအက် နှုတ်ခမ်းတွေ ပါတယ်၊

မြေမြုပ်မိုင်း အရိုင်းအစိုင်းကြောင့်
ခြေတပိုင်းပြတ်သွားတဲ့ ကလေးမလေး ပါတယ်၊

ခွေးလို ထဟောင်တဲ့ သေနတ်ကြောင့်
မျက်စေ့ တဖက်လပ်နဲ့ ကောင်လေး ပါတယ်၊

ယမ်းနံ့နဲ့ သဲ့သဲ့ ရှိုက်သံကြား
ပန်းဦး ကြွေသွားတဲ့ ကောင်မလေး ပါတယ်၊

မြေကြီးနဲ့ တောတောင်ကို ချစ်တဲ့
မျှစ်စို့တွေ ချိုးဖဲ့ ခံရသလိုမျိုး
ကျိုးပျက်သွားတဲ့ မိသားစုတွေ ပါတယ်၊

ငွေစက္ကူထဲ
ကိုယ့်ဘ၀ကိုယ်ပြန်ရှာရင်း
အဖျားအနာ ထူပြောနေတဲ့ လူထုတွေ ပါတယ်၊

အဲဒီ
ခင်ဗျားတို့ ပိုရှူလိုက်တဲ့လေထဲမှာ
စစ်အကျဉ်းထောင်တွေထဲက
သေကွဲ ရှင်ကွဲ ရဟန်းရှင်လူ
ကျောင်းသူကျောင်းသားတွေ ပါတယ်၊

နောက်ဆုံး
ခင်ဗျားတို့ ပိုရှူလိုက်တဲ့ လေထဲမှာ
သာသနာ့အလံတော် သွေးစွန်းလို့
စက်တင်ဘာ တလလုံး ပွန်းပဲ့ပေးလိုက်ရတယ်၊

ဟောဒီခေတ်ဟာ
လူထုကို အချစ်နဲ့ တိုင်းတာတဲ့ခေတ်၊

အသွေး အသား အသက် အသိ ရှိတဲ့ လူက
အသိ အသက် အသား အသွေး ရှိတဲ့ လူတွေအပေါ်
အမြော်အမြင်နဲ့ စောင့်ရှောက်တဲ့ခေတ်၊

မျိုးဆက်သစ်နဲ့ မြေကမ္ဘာ ကျန်းမာရေးအတွက်
လူ့အမြင် လူ့အတွေး
လူ့ရပ်တည်ရေးနဲ့ ကြမ္မာဟာ
လွတ်လပ်စွာ ပျံသန်းနိုင်တဲ့ ခေတ်၊

တူညီမျှတတဲ့
ဘ၀ ဘ၀ချင်း အသက်ရှူသံတွေကြား
အမျိုးသား သွေးစည်ညီညွတ်မှုတို့
မြင့်မြင့်မြတ်မြတ် ဖူးပွင့်နိုင်တဲ့ ခေတ်လေ၊

ဟိုး တောင်တန်းမှာ ငြိမ်းချမ်း မွှေးရီ
ချယ်ရီပွင့်တွေကလည်း
ကျနော်တို့ဘ၀ပဲ မဟုတ်လား၊

ဘုရားကျောင်းက ခေါင်းလောင်းသံတွေ
တောင်ဇလပ်မြေမှာ လှုပ်ခတ်
ကျနော်တို့အားလုံး ချစ်မြတ်နေကြတယ်၊

သလိုပဲ
သဇင်ခက်တွေရဲ့ ဓလေ့ရိုးရာ
ကျနော်တို့ အသက်ရှူသံထဲမှာ ပါတယ်၊

မနောမြေက
နိုးထလာတဲ့ ဧရာဝတီဟာ
ဘ၀များစွာရဲ့ ပင်မရေစီး
အပွင့်အသီးတွေ ဖြစ်ထွန်းစေခဲ့တယ်လေ၊

ရာဇ၀င်ရေးရုပ်ပုံ
သုဝဏ္ဏဘူမိ ရင်ခုန်သံ စည်းချက်တို့
ဟောဒီ အသွေးအသားထဲ ခရီးဆက်နေကြ
ဖားစည်သံတွေကလည်း
ဇွဲကပင်မြေမှာ နိုးထ
ဟောဟိုက ကန္နိရီ ကိန္နရာ မောင်နှံဟာ
ကျနော်တို့ကို ရင်ခုန်မြန်စေခဲ့ပေါ့၊

(တိုင်းရင်းသား ညီအကိုတို့)
အချစ်နဲ့ တိုးဝင်တဲ့စိတ်ဟာ
အလှဆုံး အရိပ်တွေ ကြဲဖြန့်ထားတဲ့အတိုင်း
သမိုင်းသစ်ကို ဖြစ်ထွန်းစေခဲ့တာပဲ မဟုတ်လား၊

ကျနော်တို့ အတူ သွားကြမယ်၊
ကျနော်တို့ အတူ စားကြမယ်၊
ကျနော်တို့ အတူနေ
တနိုင်ငံလုံးက လေကို မျှဝေရှူကြမယ်၊

ဟောဒီ
အမျိုးသားရေး နယ်နိမိတ်ပေါ်မှာ
အာဏာရှင် မှန်သမျှ
ဘယ်တော့မှ ခြေချခွင့် မရရေးအတွက်
ကျနော်တို့ လက်တွေ
မြဲမြဲ ချိတ်ထားကြရမယ်၊

ကျနော်တို့ ရင်ခုန်သံတွေ
မှန်မှန်ကန်ကန် ကူးစက်နေရမယ်၊

ကျနော်တို့ အင်အားတွေ
များများစားစား ညီညွတ်ထားရမယ်၊

ကျနော်တို့ စိတ်ဓာတ်တွေ
မြင့်မြင့်မြတ်မြတ် ပျံသန်းနေရမယ်၊

ပြည်တွင်းစစ်
အနှစ် (၅၀) ကြီးထဲက
ကြေကွဲ သွေး အသက် ဘ၀တွေ
ဒီမိုကရေစီ အရေးတော်ပုံကြီးထဲက
သူရဲကောင်းတို့ရဲ့ ၀ိဥာဉ်တွေကို ဦးညွတ်
အမျိုးသားထု လွတ်မြောက်ရေးအတွက်
စစ်အာဏာရှင်တွေ နှိပ်စက်လို့
ညက်ညက်ကြေနေတဲ့ နှလုံးသားပေါ်မှာ
တော်လှန်ရေးကို စိုက်ပျိုးခဲ့ကြပြီပဲ။

ဘ၀ ရှိရင်
အသိအမြင် မွေးထုတ်
ကြမ္မာဆိုးကို ပုတ်ချပစ်နိုင်တာ
လူသားပဲ ရှိတယ်။

လူတယောက်ဟာ
ဘ၀နဲ့ အသက် ရှင်သန်ဖို့
လွတ်လပ် မှန်ကန်တဲ့ အသိအမြင် ရှိတယ်။

ကိုယ့် အတွေးအမြင် အတောင်အလက်ဟာ
ကိုယ့် အသက်ရှူသံ
ဘယ်သူ့ထံမှ အစီရင်ခံစရာ မလိုဘူး၊

ဥပဒေရဲ့ အထက်မှာ
ဘယ်သူမှ မရှိစေရသလို
လူ့အတွေးအမြင်ပေါ်မှာ
ဘယ်လို အမိုးအကာမှ မလိုပါဘူး။

လူဟာ
အဲဒီ အတွေးအမြင်နဲ့ပဲ
ကိုယ့် မိသားစု ကိုယ့် နိုင်ငံ
ကိုယ့် ကမ္ဘာမြေ ဒုက္ခ သုက္ခတွေကို
လှလှပပ ခုတ်ထွင် ရှင်းလင်းနိုင်ခွင့် ရှိတယ်။

သစ်စေ့ဟာ
မြေကြီးထဲ ငိုကြွေးနေကြတာ မဟုတ်ဘူး၊

အကိုင်းအခတ်တွေနဲ့ ရွက်လွှင့်ဖို့
ကောင်းကင်ကို ဆွဲဖွင့်နေကြတာ။

သစ်တပင်ရဲ့
အမြစ်နဲ့ အကိုင်းအခတ်တွေဟာ
(အဲဒီသစ်ပင်အတွက်တော့)
သမိုင်းဆိုင်ရာ စွမ်းဆောင်ချက်တွေပဲဖြစ်တယ်၊

အမြစ်တွေက နက်နက်တူး
အကိုင်းအခက်တွေက မြင့်မြင့်ပျံ
ဒါ သူ့ တော်လှန်ရေး မဟုတ်ဘူးလား၊

သမိုင်းတခေတ်ဟာ
အပွင့်အဖူးတွေနဲ့ ဖြစ်ထွန်းလာဖို့
နိုင်ငံတိုင်း
နောက်ခံကားချပ်တွေနဲ့
အနာဂတ်ကို တွန်းဖွင့်ခဲ့ကြရပေါ့၊

ဟေ့
စစ်အာဏာရှင်တွေ အဆက်ဆက်
ညက်ညက်ကြေနေတဲ့ နှလုံးသားပေါ်မှာ
တော်လှန်ရေးကို စိုက်ပျိုးထားကြ၊

ကျနော်တို့ အသိအမြင်တွေကို
အသွေးအသားတွေထဲ နက်နက်တူးဆွ
ယုံကြည်ချက်တွေနဲ့ မြင့်မြင့် ပျံကြ၊

ဘ၀ အမှောင်မှာ
လ ရောင် မသာတာကို မြင်တွေး
တော်လှန်ရေး အသိနဲ့ ပေါင်းစပ်ကြည့်ရမယ်၊

မြေကြီးမှန်ရင်
အသီးအနှံကောင်း ထွက်တာပဲလေ၊

တော်လှန်ရေးဟာ
ကျနော်တို့ မြေကြီး အစစ်
နိုင်ငံတော်သစ်ဆီ အရောက်သွားဖို့
သစ္စာတရားနဲ့  မြင်းတကောင်ဖြစ်တယ်၊

ဟိုးက ကောင်းကင်ပေါ်မှာ
နွေဦးဟာ ကျနော်တို့ကို စောင့်နေပါ့၊
လာခဲ့ကြတော့
လာခဲ့ကြတော့ ဟေ့ တဲ့

အာရုဏ်ဦးမှာ
နှင်းဆီ တထောင် ခူးဆွတ်
နိုင်ငံတော်သစ်ကို ဦးညွတ်ဖို့အတွက်
နွေဦးခေါ်သံဟာ
ထိုး ထွက် လာခဲ့ပြီ။ ။

နေဇော်နိုင်

nykomme.blogspot.com မှကူးယူဖော်ပြပါသည်။