Showing posts with label တိုက်ပွဲသတင်း။. Show all posts
Showing posts with label တိုက်ပွဲသတင်း။. Show all posts

Thursday, June 9, 2011

မာနယ်စိုး စစ်ဆင်ရေး ထုတ်ပြန်ကြေညာချက်။

မာနယ်စိုး စစ်ဆင်ရေး ထုတ်ပြန်ကြေညာချက်
Jun 8, 2011

မိမိတို့ DKBA ကလိုထူးဘော အခြေချစစ်ဗျူဟာ စစ်ရေးအရှိန်မြှင့်တင်ရေးနှင့် ပတ်သက်၍ (၉-၄-၂၀၁၀) ရက်နေ့တွင် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ ၎င်းထုတ်ပြန်ချက်၏ နောက်ဆက်တွဲအဖြစ် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် (DKBA)၊(KNLA)၊(ABSDF) စသည့် မဟာမိတ်အဖွဲ့များ ပူးပေါင်း၍ ပြည်တွင်းတစ်နေရာ၌ စစ်ဆင်ရေးစီမံချက်တစ်ခုကို ညှိနှိုင်းရေးဆွဲ ခဲ့ပါသည်။ စစ်ဆင်ရေးအမည်ကို "မာနယ်စိုးစစ်ဆင်ရေး (အောင်မြင်စိုးမိုးမှု)"ဟု အမည်ပေးထားသည်။ ၎င်းညှိနှိုင်းပွဲတွင် ဗိုလ်ချုပ် စောလားဘွယ် (DKBA)၊ ဗိုလ်မှူးကြီး မူဆေး (စစ်ဆင်ရေးကွပ်ကဲရေးမှူး DKBA)၊ ဗိုလ်မှူးကြီး ဂျိုး (စစ်ဆင်ရေးမှူး၊ တပ်မဟာ ၆ KNLA)၊ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး တင်လှိုင်၊ အမှတ် ၁၆ တပ်ရင်း၊ တပ်မဟာ ၆ KNLA)၊ ဗိုလ်မှူး သန်းတင်အောင် (အမှတ် ၁၇ ဒု-တပ်ရင်းမှူး၊ တပ်မဟာ ၆၊ KNLA)၊ ရဲဘော် ထွန်းထွန်း (စစ်ဦးစီးမှူး ဒုတိယတန်း
ABSDF) တို့ ပါဝင်ပြီး စစ်ဆင်ရေး ကွပ်ကဲမှု တာဝန်ခံ အဖြစ် ဗိုလ်မှူးကြီး ဂျိုး မှ တာဝန်ယူဆောင်ရွက်မ ည်ဖြစ်ပါသည်။ စီမံချက်ကို ၁၈-၄-၂၀၁၁ ရက်နေ့တွင် ညှိနှိုင်းရေးဆွဲ ခဲ့ပါသည်။ ရန်သူ့စစ်ဆင်ရေးကွပ်ကဲမှု
ပျက်ပြားစေရန် ရည်ရွယ်ပြီး စီမံချက်ကို ၁၀-၅-၂၀၁၁ ရက်နေ့တွင် စတင်ခဲ့ပါသည်။ စီမံချက် အဆုံးသတ်ကာလ အဖြစ် ဒီမိုကရေစီ နှင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းသည်အထိ သတ်မှတ်ထားပါသည်။
စီမံချက် ကာလ စတင်သည့် ၁၀-၅-၂၀၁၁ နေ့မှ ၃၁-၅-၂၀၁၁ နေ့အထိ ထိတွေ့မှုမျိုးစုံ ၁၆ ကြိမ် ရှိခဲ့ပြီး ရန်သူဘက်မှ ၄၀ ဦ သေ၊ ၃၄ ဦး ဒဏ်ရာရရှိခဲ့ပါသည်။ မိမိတို့ဖက်မှ စစ်သည်တစ်ဦး ကျဆုံးခဲ့ပါသည်။
ရန်သူဖက်မှ လက်နက်ငယ်တစ်လက် ရရှိခဲ့ပြီး ရိက္ခာသယ်ဆောင်လာသည့် စစ်တပ်ပိုင် ဘူဒိုဇာ တစ်စင်းအား ရိက္ခာများနှင့်အတူ ဖျက်စီးနိုင်ခဲ့ပါသည်။ ၄-၅-၂၀၁၁ နေ့တွင် ခလရ ၂၃၁ မှ ရဲဘော်တစ်ဦး လက်နက်ငယ် ၄ လက်၊ ၎င်းကျည် ၃၀၀၊ ကျည်ဘောက် ၈ ချပ်၊ လက်ပစ်ဗုံး ၂ လုံး၊ ခွင်းဗုံး ၆ လုံး၊ I-com လမ်းလျှောက် စကားပြောစက် ၁ လုံးတို့ဖြင့် လည်းကောင်း၊ ၁၂-၅-၂၀၁၁ ရက်နေ့တွင် BGF တပ်ဖွဲ့ဝင် ၅ ဦးတို့သည် M16 ၁ လက်၊ Carbine ၁ လက်၊ RPG-7 ၁ လက်၊ G-3 ၁ လက်တို့ဖြင့်လည်းကောင်း၊ ၂၃-၅-၂၀၁၁ နေ့တွင် ခလရ ၅၄၆ မှ တပ်သား ဘိုမှတ် သည် လက်နက်မဲ့ဖြင့်လည်းကောင်း မိမိတို့ တပ်ပေါင်းစုထံ လာရောက် ပူးပေါင်းခဲ့ပါသည်။
အလားတူ ရှေ့ဆက်၍လည်း စစ်ရေးအရှိန်ကို တိုးမြှင့်လုပ်ဆောင်သွားမည့်အကြောင်း နှင့် ရည်ရွယ်ချက်တူ၊ ဘဝတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း စစ်ရေးအရှိန်ကို ယခုထက်ပိုမိုတိုးမြှင့် လုပ်ဆောင်သွားကြပါရန် မိမိနတို့အနေဖြင့် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

မာနယ်စိုး စစ်ဆင်ရေးအဖွဲ့
ရက်စွဲ။ ၂၀၁၁ ခုနှစ်၊ ဇွန်လ ၆ ရက်။

ကံ့ကော်-ဘလော့မှပြန်လည်ကူးယူဖော်ပြသည်။