Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

Friday, June 18, 2010

အရှုံးမပေးသူမျိုးဆက်သစ်တို့တွေ့ ဆုံပွဲ။



အရှုံးမပေးသူမျိုးဆက်သစ်တို့တွေ့ ဆုံပွဲ။

ဒီကလေးမက ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည် အဖြစ် မိသားစုနှင့်အတူ
အမေရိကန်ကို ၂ဝဝ၄ ခုနှစ်မှာ ရောက်လာသူ။
အဲဒီတုန်းက ခွပ်ဒေါင်းးမလေးက တတိယတန်းကျောင်းသူ။
အခု နဝမတန်းကျောင်းသူအဖြစ်တက်ရန်စောင့်နေသူ။

နေတာက အိုဟိုင်းအိုပြည်နယ်၊အခရွန့်မြို့ ၊အစိုးရအိမ်ယာတွင်နေထိုင်သူ။
မိဘတွေက အိမ်ထောင်ရေး အဆင်မပြေကြ၊
အဖေက ပြည်ချစ်ရဲဘော်ဟောင်း၊
အမေက ရန်ငါစည်းပြတ်တဲ့သူ။

ရဲဘော်အေသင်တို၏့  မြန်မာပြည်လွတ်မြောက်ရေး မိုင် ၃ဝဝဝ ငြိမ်းချမ်းစွာဆန္ဒပြ လမ်းလျှောက် ခရီးစဉ်တွင်
လိုက်ပါပူးပေါင်းဆောင်ရွက်သူ၊
ရဲဘော်မောင်မောင်တိတ်တို့ ၏ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်လွတ်မြောက်ရေး မိုင် ၉ဝဝ ငြိမ်းချမ်းစွာဆန္ဒပြ လမ်းလျှောက် ခရီးစဉ်တွင် တက်ကြွစွာ ပါဝင်ခဲ့သူ၊
ကျောင်းဘောလုံးအသင်းတွင် ရှေ့တန်းတိုက်စစ်မှူး၊

သမတ ပညာရေချွန်ထောက်ပံ့ရေးဆုကို ဆွတ်ခူးနိုင်၍ မေလ ၂ဝ၁ဝခုနှစ်၊
ဝါရှင်တန်ဒီစီ၊သမတအိမ်ဖြူတော်တွင်
သမတ အိုဘားမား ကိုယ်တိုင် လက်ဆွဲနှုတ်ဆက်ပြီး
ဂုဏ်ပြုလက်မှတ်ပေးအပ်ခံရသူ၊

ကလေးမ စိတ်ဝင်စားတဲ့ ဘာသာရပ်က
သမိုင်းရုပ်ကြွင်းတူးဖော်လေ့လာရေုးဖြစ်သည်၊
မွေးချင်း (၄)ယောက်တွင် သူမက ဒုတိယမြောက်၊
သူမ အမည်က ချောငြိမ်းကျော် ၊

မြန်မာသွေးသစ်ဖြစ်သည်၊
အမှန်တရားကို မြတ်နိုး၏၊
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်ကို ချစ်သည်၊
မိတ်ဆွေကောင်းကို တန်ဖိုးထား၏ ။   ။
အကျဉ်းကျခံနေရသောကမ္ဘာ့ ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့  ၆၅ နှစ်မြောက် အမှတ်တရ ။

ရဲဘော်ဒေါင်းနီ