Showing posts with label ရုပ်ပုံလွှာ. Show all posts
Showing posts with label ရုပ်ပုံလွှာ. Show all posts

Friday, July 1, 2011

ကယန်းပြည်သစ်-ဒုဥက္ကဌဗိုလ်အိုက်ဒေါင်းနှင့်ဆုံဖြစ်ခဲ့စဉ်က။

ကယန်းပြည်သစ်-ဒုဥက္ကဌဗိုလ်အိုက်ဒေါင်းနှင့်ဆုံဖြစ်ခဲ့စဉ်က။
ဗိုလ်အိုက်ဒေါင်းနှင့်ကျနော်တို့အလယ်ချောင်းမှာဆုံတော့သူပြောတာကိုကျနော်အမှတ်ရနေတယ်။အဲဒီနေ့ ကသူ့အိမ်မှာကျနော်တို့အလယ်ပိုင်းအလုပ်အဖွဲ့စရောက်ရောက်ခြင်း-သူကရန်သူနဲ့အပစ်ရရတဲ့အကြောင်းကိုကျနော်တို့ကိုရှင်းပြတယ်။ခေါင်းကျရည်ဦးရည်ကိုကျနော်တို့ကိုတည်ခင်းတယ်။သူကစကားစပြောတယ်-ကျနော်အပစ်ရပ်ရတဲ့သဘောကတော့ကျားနဲ့နွားနဲ့ပေါင်းရတဲ့သဘောပါဗျာ။ခင်ဗျားတို့ကျောင်းသားတွေရောက်လာတော့ကျနော်တို့အတွက်ပိုကောင်းတာပေါ့တဲ့။ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ-ခင်ဗျားတို့ကျောင်းသားပညာတတ်တွေရဲ့ပါဝင်မှုကကျနော်တို့အတွက်အရေးကြီးပါတယ်။ကျနော့်တို့အဖွဲ့မှာပညာတတ်အတော်နည်းတယ်ဗျ။ကျနော်သူပြောနေတာကိုနားစိုက်ထောင်ရင်းသူ့ခြေတဘက်ကိုငေးစိုက်ကြည့်နေ၇င်းအတွေးက-ကျနော်ဖမ်းယူခဲ့သောကြေးနန်းကိုကျနော်ပြန်တွေးမိနေသည်။ထိုနေ့က-အထူးဒေသတွင်ကေအန်ယူနှင့်ကယန်းပြည်သစ်တို့နယ်မြေအငြင်းပွားမှုဖြစ်နေသောအချိန်ဖြစ်သည်။ကေအန်ယူနှင့်ကယန်ပြည်သစ်ထိန်းချုပ်နယ်မြေသည်နန်းချိုချောင်းတလျှောက်အငြင်းပွားနေခြင်းဖြစ်သည်။ထိုအချိန်ကျနော်တို့မကဒတဗဟိုအလုပ်အဖွဲ့သည်အပစ်အခတ်မရပ်ထားသောအထူးဒေသတွင်တာဝန်ကျနေချိန်ဖြစ်သည်။ဖြစ်ချင်တော့ထိုအထူးဒေသထဲမှကေအန်ယူတပ်မဟာ(၂)သံတောင်တပ်ခွဲ(၃)မှဗိုလ်အားဒီတို့ကလက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်နေသည့်အချိန်ဖြစ်သည်။ကျနော်တို့ကလည်းထိုလက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်သည့်အဖွဲ့တွေနှင့်ပြန်လည်တိုက်ခိုက်နေရသည့်အချိန်။ရန်သူမှထိုအဖွဲ့များကိုနယ်မြေစိုးမိုးရန်အတွက်မိမိတို့အလုပ်အဖွဲ့များကိုအထူးဒေသဂွင်ထဲမှထွက်ခွာသွားရန်စာဖြင့်တမျိုး၊ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့်တသွယ်ဖိအားပေးနေချိန်တွင်ကျနော်တို့မှာပြန်ဆုတ်လျှင်ကျနော်တို့ဆုတ်လမ်းကိုရန်သူနှင့်ငြိမ်းချမ်းရေယူထားသောဗိုလ်အားဒီတို့အဖွဲ့မှသံတောင်မြို့နယ်သောက်ရေခပ်ချောင်းတလျှောက်တွင်ဗျူဟာအလိုက်တပ်ဆွဲနေရာယူထားပြီးကျနော်တို့ပြန်ဆုတ်လျှင်အရှင်ဖမ်းရန်အသင့်ဖြစ်နေသည်။မြောက်ဘက်ကိုဆုတ်လျှင်မန္တာလေးတိုင်းထဲတွင်ကယန်းပြည်သစ်တပ်မတော်ရှိသည်။ထိုအဖွဲ့မှလည်းရန်သူ၏ဖိအားပေးမှုကြောင့်သစ်ကွင်းများကိုချဲ့ထွင်ရန်ကေအန်ယူနှင့်အငြင်းပွားနေချိန်တွင်ကေအန်ယူမှကိုကြီး(ယခုလက်နက်နှင့်ငြိမ်းချမ်းရေးယူသွားသော)မိုင်းဆရာမှစာဖြင့်ကယန်းပြည်သစ်တပ်မတော်သို့ကေအန်ယူ၏သစ်ကွင်းသို့သစ်များမခုတ်ရန်ပေးပို့ထားသည်။ထိုအချိန်ဗိုလ်အိုက်ဒေါင်းမှာကယန်းပြည်သစ်ပါတီ၏အတွင်းရေးမှုးတာဝန်ကိုထမ်းဆောင်နေချိန်ဖြစ်သည်။သူရုံးထိုင်သည့်နေရာသည်အလယ်ချောင်းရွာတွင်ဖြစ်သည်။အလယ်ချောင်းရွာသည်ကေအန်ယူနှင့်ကယန်းပြည်သစ်တို့(၂)ဖွဲ့နယ်စပ်ဖြစ်သည်။ဗိုလ်အိုက်ဒေါင်းသည်ကေအန်ယူ၏တားဖြစ်စာကိုအလေးမထားပဲသစ်ကွင်းကို၎င်းကိုယ်တိုင်ဆင်းပြီးစီစဉ်ဆောင်ရွက်စဉ်ကျွန်းသစ်များခုတ်ထားသောသစ်တု့းများအောက်တွင်ကေအန်ယူမှအသင့်ထောင်ထားသောမိုင်းကိုနင်းမိပြီးခြေတဘက်ဖြတ်လိုက်ရသည်။ထိုသို့ဖြတ်လိုက်ရသည်များကိုလည်းကျနော်တို့အားစိတ်မကောင်းစွာပြောပြ၏။-အေးဗျာ-ကျနော်တို့ရန်သူနှင့်စစ်တိုက်ပြီးဒါဏ်ရာမရပဲကိုယ့်တိုင်း၇င်းသားအချင်းချင်းကြမှကျနော့်ခြေတဘက်ဖြတ်လိုက်ရတာကတော့အတော်ကိုစိတ်မကောင်းစရာပဲဟုပြောပြ၇ှာသည်။ထိုနေ့ကဗိုလ်အိုက်ဒေါင်းမိုင်းထိတာကိုကျနော်အရင်းဆုံးကြေးနန်းဖမ်းယူရရှိသည်။မနေ့က၀က်ဆိုက်တခုမှာ-ဗိုလ်အိုက်ဒေါင်းသတင်းကိုဖတ်လိုက်ရတော့
-သြော်--ဗိုလ်အိုက်ဒေါင်းတောင်ကွယ်လွန်သွားပြီပဲလို့စိတ်မကောင်းဖြစ်မိသည်။ဗိုလ်အိုက်ဒေါင်းနှင့်ကျနော်အမှတ်ရစရာလေးတွေပြောပြဦးမည်။ကျနော်တို့ကယန်းပြည်သစ်သို့အခြေအနေအကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိသါားခဲ့ကြသည်။ထိုအချိန်ကျနော်နှင့်ရဲဘော်ဂုရု(ခ)မြင့်အောင်(ကလောင်အမည်-ပွင့်သစ်ကရိန်ကန်)နှင့်ကျနော်နိုင်ငံရေးစကားတွေဆွေးနွေးနေတာကိုဗိုလ်အိုက်ဒေါင်းမှတဘက်အခန်းမှနေပြီးနားထောင်နေ၏။မကြာပါ-သူကျနော်တို့(၂)ယောက်စကားပြောသည့်အခန်းကိုရောက်လာပြီးခင်ဗျားတို့စကားပြောတာကိုကျနော်နားထောင်နေတာ။ကောင်းပါတယ်ဆွေးနွေးချက်တွေနားထောင်ရတာကျနော်တောင်ဝင်ဆွေးနွေးချင်လို့ထလာတာ။ကျနော်တို့ကအဖွဲ့အစည်းတခု၏အတွင်းရေးမှုးဆိုတော့အားနာတာပေါ့။သူလာတော့ကျနော်တို့လည်းဆွေးနွေးတာတွေရပ်သွားပါသည်။ထိုအခါဗိုလ်အိုက်ဒေါင်းက-ကျနော့်ကိုခင်ဗျားတို့ဘာမှအားမနာနဲ့ကျနော်လည်းခင်ဗျားတို့လိုပဲ။ကျနော်ကလူငယ်တွေနဲ့ရင်းနှီးတွေ့ဆုံဆွေရတာကိုကြိုက်တယ်။ဆက်ပြောပါ-ဆိုပြီးသူ့အခန်းထဲမှခေါင်းကျရည်ဗူးကိုယူလာပြီးကျနော်တို့အတူတကွသောက်ကြပြောကြအမှတ်ရမိနေသည်။


 နောက်တခါသူနှင့်ဆုံဖြစ်သည်က-ကယန်းပြည်သစ်စစ်ဦးစီချုပ်အိမ်တွင်ဖြစ်သည်။စစ်ဦးစီးချုပ်ကိုကယန်းရဲဘော်တွေကအတော်ချစ်ကြောက်ကြသည်။စစ်ဦးစီချုပ်ကလည်းသူ့ကင်းတပ်ကိုစစ်စည်းကမ်းဖြင့်စနစ်တကျကိုင်တတ်သည်။ကျနော်က-ထိုအချိန်တွင်ထိုစစ်ဦးစီးချုပ်ရုံးတွင်ဆက်သွယ်ရေးဗိုလ်လေးအဖြစ်တာဝန်ပေးခံထားရသည့်အချိန်။လွိုင်ကော်မှစစ်ဦးစီချုပ်ကားဖြင့်ပြန်လာပြီဟုအသံကြားသည်နှင့်သူ့ကင်းတပ်ရှိရဲဘော်များမှာ-တွေ့ရာနေရာကအတင်းထပြီးရိုးကောကွင်းကိုသေနတ်ဆွဲပြီးသတိဆွဲရပ်နေရသည်။စစ်ဦးစီချုပ်ကားခြံဝင်းထဲဝင်ဝင်လာခြင်းကင်းတပ်မှသေနတ်မြှောက်အလေးပြုပုံစံဖြင့်နားရွက်မလှုပ်တမ်းရပ်နေ၇သည်။လာပြီးတန်းမစီတဲ့သူတွေကိုစာရင်းကောက်ပြီးအပစ်ပေးတတ်သည်။အပစ်ပေးခံရသည်ကင်းတပ်ရဲဘော်အချို့ကိုအပစ်ပေးသည့်အနေဖြင့်-ပြောင်းဖူးတခင်းနှုတ်ခိုင်းသည်။ဖြစ်ချင်တော့ထိုနေ့က-စစ်ဦးစီချုပ်မှကျနော်နေသည်ကျနော့်ရု့းခန်းဘက်သို့တချက်လှည့်ကြည့်သွားသည်။သူ့အိမ်ပေါ်ရောက်ရောက်ခြင်းအိမ်ပေါ်တွင်ရောက်ရှိနေသာနိုင်ငံရေးမှုး၊ကယန်းပြည်သစ်အတွင်းရေးမှုးဗိုလ်အိုက်ဒေါင်းနှင့်စစ်ရေးချုပ်တို့ရောက်၇ှိနေချိန်ဖြစ်သည်။သူ့တို့အရေးကြီးသည့်ကိစ္စဆွေးနွေးပြီးစအချိန်ဖြစ်မည်။စစ်ဦးစီကဆွေးနွေးပြီးပြီးချင်းဘီယာသောက်တတ်သည်။ဘီယာထွေလာလျှင်စိတကြမ်းသည်။သူမူးလျှင်အထိမ်းရအတော်ခက်သည်။သူမူးသည့်အချိန်-ကျနော့်အားသူ့ရုံးပေါ်မှရဲဘော်တသီးအားအခေါ်စေလွှတ်ပြီးသူ့ထံလာရန်ဆိုသည့်နှင့်ကျနော်လည်းကြေးနန်းစာအုပ်လေးကိုင်ပြီးရုံးပေါ်ကိုတက်သွားပြီဖမ်းယူ၇ရှိသောကြေးနန်းများကိုသူ့အားပြသည်။သူလက်မှတ်ထိုးပြီးကျနော့်ကိုရစ်ထေါနေသာအကြည့်ဖြင့်ကြည်နေသည်။ကျနော်မှပြန်မည်အပြုတွင်-ခင်ဗျားခဏနေဦးခင်ဗျားကိုကျနော်မေးစရာ၇ှိတယ်။ထိုသို့ ပြောနေချိန်တွင်အခန်းထဲတွင်အတွင်းရေးမှုး၊စစ်ရေးချုပ်၊နိုင်ငံရေးမှုတို့၇ှိကြသည်။


 စစ်ဦးစီမှုးက-ခင်းဗျားကိုကျနော်ကြည့်ကြည့်နေတာကျနော့်ကယန်းရဲဘော်အားလုံးကျနော်တို့ကယန်းပြည်သစ်အလံကိုနေ့ စဉ်အလေးပြုကြတယ်။ကျနော်လာလျှင်သတိဆဲါအလေးပြုကြတယ်။ခင်ဗျားဘာဖြစ်လို့ကျနော့်ကိုအလေးမပြုတာလဲ။ခင်ဗျားမှာအပစ်ရှိလားမရှိဘူးလား-မေးလာသည်။ကျနော်လည်းအတော်ဖြုံသါားသည်။ကိုယ့်ရှေါမှာစံနမူနာတွေကကိုယ်ကိုယ်တိုင်တွေ့တွေ့နေ၇တော့။တဘက်တွင်ကယန်းပြည်သစ်အတွင်းရေးမှုးမျက်နှာကိုကြည့်တော့ကျနော့်ကိုအတော်အားနာနေသည့်ပုံဆောင်ပြီးစစ်ဦးစီးချုပ်ပြောပုံ၊ဆိုပုံကိုမနှစ်မြို့သည့်အနေအထားဖြစ်နေသည်။သို့သော်ပြုံးပြုံးနှင့်။
ကျနော့်အနေဖြင့်စစ်ဦးစီးအမေးကိုကျနော်ရှင်းလင်း၇တော့မည်။ရှင်းလင်းပြီးရင်ရှေ့ကလူတွေအတိုင်းပစ်ဒါဏ်ပေးသီးမည်။သို့သော်မတတ်နိုင်ကျနော်ယု့ကြည်ချက်ကိုတော့ကျနော်ဘယ်အရာနှင့်မှမလဲနိုင်ဘူး။ထိုဝု့ကြည်ချက်ကိုအသက်နှင့်လဲပြီးကာကွယ်စောက်ရှောက်ရမည်ဆိုသည့်အသ်ကျနော့်ကိုယ်ကျနော်ပြဌာန်းရပ်တည်လိုက်သည်။


ဒီလိုပါစစ်ဦးစီမှုး-
(၁)ကျနော်တို့ဟာအခြေအနေအကြောင်းအမျိုးမျိုးကြောင့်ကယန်းပြည်သစ်မှာရောက်ရှိလာခဲ့ကြပါတယ်။
ကယန်းပြည်သစ်နှင့်ကျနော်တို့ABSDFအလယ်ပိုင်းအလုပ်အဖွဲ့(၂)ဘက်သဘောတူညီချက်တွေချမှတ်ပြီးကယန်းပြည်သစ်
၏ဒေသဆိုင်ရာဖွံ့ဖြိုးမှုလုပ်ငန်းတွေကိုပူးပေါင်းဆောင်ရွက်တာပါ။
(၃)ကျနော်တို့ဟာအခြေအနေအကြောင်းအမျိုးမျိုးကြောင့်ကယန်းပြည်သစ်ဘက်တံဆိပ်ကိုတပ်ဆင်နေရပေမယ့်ကျနော်တို့ဟာ
ကယန်းပြည်သစ်ကပေးအပ်တဲ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်နေပါတယ်။
(၄)ဒါပေမယ့်ကျနော်တို့ဟာ၁၉၈၈ခုနှစ်လူထုအရေးတော်ပုံမှပေါက်ဖွားလာတဲ့ကျောင်းသားရဲဘ်ာတွေဖြစ်ပါတယ်။
ကျနော်တို့မှာကျောင်းသားတပ်မတော်ဆိုတဲ့မိခင်အဖွဲ့အစည်း၇ှိပါတယ်။ကျနော်တို့တောထဲကိုထွက်လာတာ
ကျောင်းသားတပ်မတော်ရဲ့အမျိုးသားနိုင်ငံရေးလမ်းစဉ်ကိုမြတ်နိုးလို့၊ဦးတည်ချက်(၄)ရပ်ကိုကြိုက်လို့
စစ်အာဏာရှင်တော်လှန်ရေးကိုလက်နက်ကိုင်တော်လှန်လမ်းစဉ်နဲ့တိုက်ပွဲဝင်နေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်
။ကျောင်းသားတပ်မတော်ဟာလူမျိုးတမျိုးကိုအခြေမခံဘူး၊
ဘာသာတခုကိုအခြေမခံဘူး၊
အားလုံးကိုယ်စားပြုတဲ့အမျိုးသားနိုင်ငံရေးလမ်းစဉ်ကိုကိုင်ဆွဲနေတဲ့အဖွဲံအစည်းဖြစ်တဲ့အတွက်ကြောင့်ကျောင်းသားတပ်မတော်
လမ်းစဉ်ကိုကျနော်အသက်လဲထမ်း၇ွက်ဖို့ပိုင်းဖြတ်ပြီးထားပါ။
(၅)ထို့ကြောင့်စစ်ဦးစီမှုးအလေးပြုခိုင်းသည့်ကယန်းပြည်သစ်အလံတော်ကို
ကျနော်အလေးမပြုတာဟာကျနော်ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဖြစ်တယ်။
ကျနော်ဟာကယန်းပြည်သစ်၏ရဲဘော်မဟုတ်ဘူး။
ကယန်းပြည်သစ်ကိုကျနော်မဟာမိတ်အဖွဲ့အစည်းအနေဖြင့်လေးစားတယ်။
သို့သော်ကျနော်အလေးမပြုချင်တာကိုဆက်လက်ပြီးအလေးပြုခိုင်မည်ဆိုပါက
ကျနော့်အသက်သာအသေခံသွားမည်။
ကျနော်တို့အသက်တွေ၊ချွေးတွေ၊ရဲဘော်တွေပေးဆပ်ခဲ့ကြတဲ့သမိုင်းဝင်ခွပ်ဒေါင်းအလံကလွဲပြီး
မည်သည့်အလံတော်ကိုမှအလေးပြုဘို့မရှိပါဘူး။ဒီလိုပြောလို့စစ်ဦးစီးမှုးအနေဖြင့်ကျနော့်ကို
လက်ထဲကသေနတ်ဖြင့်ပစ်သတ်မည်ဆိုလဲပစ်သတ်လိုက်ပါကျနော့်အနေဖြင့်အဆင့်သင့်ပါဟု
ကျနော်ပြောလိုက်ရာဘေးတွင်ထိုင်၍နားထောင်နေသောဗိုလ်အိုက်ဒေါင်းမှ
ကျနော့်ကိုကြည့်ပြီးခေါင်းတငြိမ့်ငြိမ်ဖြင့်-နောက်စစ်ဦးစီးမှုးကိုကယန်းဘာသာဖြင့်
ဘာတွေပြောနေမှန်းကျနော်မသိတော့။ကျနော်လည်းဖြစ်ချင်ရာဖြစ်ကွာဆိုပြီးပြောချလိုက်သည်။
ဗိုလ်အိုက်ဒေါင်းမှကျနော့်ကိုလက်ဆွဲနှုတ်ဆက်ပြီး-ခင်ဗျားအဲဒီလိုစိတ်ဓါတ်ကိုကျနော်လေးစာပါတယ်လို့ပြောသည်။
 သြော်-ဗိုလ်အိုက်ဒေါင်းရေ-အခုတော့ရဲဘော်ကြီးကွယ်လွန်သွားသည့်အတွက်အထူးဝမ်းနည်းပါသည်။
ဘာတွေဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ကျနော်တို့ခင်ဗျားတို့ဟာတချိန်တုန်းကတော်လှန်ရေး
တိုက်ပွဲကာလတွေမှာအတူတကွဖြတ်သန်းခဲ့ကြတဲ့လုပ်ဖော်ကိုင်ဘက်တွေအဖြစ်ကျနော့်ရင်ထဲမှာ၇ှိနေဆဲပါ။
ဗိုလ်အိုက်ဒေါင်းကောင်းရာသုဂတိလားပါစေကြာင်းဆုတောင်းလိုက်ပါသည်။
ကျန်ရစ်သူမိသားစုနှင့်အတူထပ်တူထပ်မျှကြေကွဲရပါကြောင်းအဝေးတနေရာမှပြောကြားလိုက်ပါသည်။

တချိန်က
-ရဲဘော်နွမ်ဂျာ။

Thursday, February 3, 2011

"Zulu" ရဲ့ နောက်ဆုံးနေ

"Zulu" ရဲ့ နောက်ဆုံးနေ့ 

by In Memory of the Fallen on Thursday, February 3, 2011 at 3:44am

Zulu ဆိုတာ တခြားလူမဟုတ်ပါ။ ABSDF တနည်း မကဒတ ဟုအမည်တွင်သော၊ ကျောင်းသားတပ်မတော်ရဲ့ စစ်ရေးကျွမ်းကျင်နှံ့ စပ်သူ၊ စစ်ဦးစီး အရာရှိချုပ် တာဝန်ထမ်းရွက်နေသော ရဲဘော်ထွန်းဦး (ခ) ဗိုလ်ထွန်းဦး ပင်ဖြစ်ပါသည်။

အသားအလွန်မဲပြီး၊ ပိန်ပိန်ပါးပါး၊ ဖြတ်ဖြတ်လပ်လပ်၊ တက်တက်ကြွကြွ၊ ရဲရဲရင့်ရင့်၊ တွေးခေါ်၊ပြောဆိုလှုပ်ရှားတတ်သူဖြစ်ပြီး ၊ တိုက်စိတ်ခိုက်စိတ် ပြင်းပြလွန်းသူမို့  တင်စားပြီး ခေါ်ဝေါ်ကြတာ ဖြစ်ပါသည်။  ဆက်သွယ်ရေးစက်ရဲ့ အမည်ဝှက်၊ သညာဝှက်လည်းဖြစ်သည်။

သူရဲ့ဇာတိက ခေသူမဟုတ်၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ် ကျော်ဇော၊ သူရဲကောင်း ဗိုလ်မှူးကြီး စိန်မှန် တို့ နဲ့  တနယ်တည်း တမြို့ တည်း၊ သာယာဝတီ သုံးဆယ်သားလေးဖြစ်သည်။ ကျောင်းသားတပ်မတော်ထဲတွင် စစ်ရေးကို စိတ်အ၀င်စားဆုံး၊ RIT တက္ကသိုလ် ကျောင်းသားလေး ဖြစ်ပါသည်။

၁၉၉၅ ခုနှစ်၊ ဇန်န၀ါရီလ ၁၀ ရက်နေ့ က ဒေါင်းဂွင်အနီး မကဒတ ယာယီအခြေပြုရာ ကျောင်းသားတပ်မတော် သံလွင်စခန်းမှ KNU ဗဟို မာနယ်ပလောသို့  စက်လှေနဲ့ အသွား မနက်ပိုင်း ၁၀၀၀ နာရီဝန်းကျင်ခန့် တွင် မာနယ်ပလော KNU ဆေးရုံ အလွန် သောင်ရင်းမြစ်ထဲမှာ လှေမှောက်ပြီး ရေအောက်သို့ နစ်မြုတ်ကျဆုံးသွားရှာသူဟာ Zulu ခေါ် ဗိုလ်ထွန်းဦး လေးပင်ဖြစ်ပါသည်။

ထွန်းဦးက ရေမကူးတတ်ရှာဘူး၊ ရေလမ်းခရီးသွားတိုင်း သက်ကယ်အင်္ကျီကို အမြဲဝတ် တတ်သူဖြစ်ပါသည်။  သေနေ့ စေ့လို့ ထင်ပါရဲ့၊ အဲဒီနေ့ က သက်ကယ်အင်္ကျီ မ၀တ်ခဲ့ပါ။  သူစီးလာသော တောစီးဖိနပ်ကိုတော့ လှေပေါ်ကို ရောက်လျင်ရောက်ချင်း ချွတ်လိုက်တာ ကျွန်တော် သတိပြုမိခဲ့ပါတယ်။

တကယ်တော့လည်း သူသေနေ့စေ့လို့သာ အတန်တန် လိုက်မလာဘို့တားနေတဲ့ကြားက ဇွတ်အတင်း လှေပေါ်ကို တက်လိုက်ခဲ့တာ ဖြစ်ပါတယ်။  ထိုနေ့က ကျွန်တော်တို့က မာနယ်ပလော ကိုသွားတဲ့ကိစ္စ ဟာ ဒေါင်းဂွင်အနီး လယ်တိုး တောင်ကျောပေါ်တွင် ခြေကုတ်ယူ တပ်စွဲထားတဲ့ ခလရ-၁၉ စစ်ကြောင်းအား တောင်ကြောပေါ်မှ မှောင်းချရန် လိုအပ်သော လက်နက်ကြီး ၊ ၈၂ မမ (၂) လက်ခန့် ကိုခေတ္တယူ၍ ပစ်ခတ်သုံးစွဲလိုသောကြောင့် သွားရောက်တက်ပြတောင်းခံရန် ဖြစ်ပါတယ်။

ထိုကိစ္စအတွက် မကဒတ ဥက္ကဌ ဒေါက်တာ နိုင်အောင်၊ အတွင်းရေးမှူး (၁) ရဲဘော်အောင်ထူး၊ (EC) ရဲဘော်မောင်ဒီ၊ ရုံးအုပ် ရဲဘော် ၀င်းမြင့်သိန်း ၊ ရဲဘော် ထွန်းဦး နဲ့ ကျွန်တော် တို့လိုက်ပါခဲ့ကြပါတယ်။  တော်လဲထ လှေဆိပ်မှ မာနာပလော သို့လှေကြုံစီးလိုက်ခဲ့သူ ကရင်အဘိုးကြီးတယောက်နဲ့ အသက်(၂၀)ကျော်အရွယ် သမီး (၂) ယောက်တို့လည်း ပါလာပါသည်။

စက်လှေကိုတော့ အမြဲတမ်းမောင်းတတ်သူ တရုတ်ကလေးက မောင်းပါတယ်။  စက်လှေဟာ သောင်ရင်းချောင်း KNU ဆေးရုံအလွန် ရေပေါ်ကျွန်းကလေးအနီးတွင် သစ်ပင်တပင်လဲပြီး ချောင်းတွင်းမှာ ကန့်လန့်ခံနေသောကြောင့် ရေစီးလမ်းကြောင်းကြမ်းကာ ဖြတ်ကျော်မောင်းနှင်ရန် အတော်ကလေး ခက်ခဲသည်ကို တွေ့ရပါတယ်။

ကျိုးစားဖြတ်မောင်းစဉ် ရေစီးကြောင့် စက်လှေမှာ သောင်ကျဉ်းကလေးဘက်သို့ပါသွားပြီး ကျွန်းအနီးတွင် သောင်တင်သွားပါတယ်။  အမြဲသတိရှိသူ ကျွန်တော်က စက်လှေပေါ်မှ သောင်ပေါ်သို့ ခုန်ဆင်းလိုက်မိပါတယ်။

အခြေအနေကိုသုံးသပ်ပြီး လူအားလုံး စက်လှေပေါ်မှ သောင်ပေါ်သို့ဆင်းကြရန်နဲ့ သောင်အတိုင်း လူတွေကလမ်းလျှောက်ကာ စက်လှေချည်း ၀န်ပေါ့ပေါ့ဖြင့် ရေ၀ဲကို ဖြတ်မောင်းစေရန် ကျနော်ကပြောပါတယ်။  ရေ၀ဲကိုကျော်ပြီးမှ လူတွေက စက်လှေပေါ်ကိုပြန်တက်ရန် ကျနော်က ပြောခဲ့သည်ကို မောင်ကျောင်းသားများက နားမထောင်ခဲ့ကြပါ။

စက်လှေမောင်းသူတရုတ်ကလေး က "အဘ လှေပေါ်ပြန်တက်ပါ၊ ကျနော် ရေ၀ဲကို ကျော်ဖြတ်မောင်းလို့ ရပါတယ်" ဟုပြောသောကြောင့် စိတ်လေးစွာနဲ့ပဲ လှေပေါ်ကို ကျနော် ပြန်တက်ခဲ့ရပါတယ်။ စက်လှေဖြတ်မှောင်းရာမှ ရေစီး ၀ဲကြောင့် စက်လှေဟာ သစ်ကိုင်းနဲ့ ညှိပြီး တခါတည်း မှောက်သွားခဲ့ရပါတော့တယ်။

စက်လှေမှောက်သွားတယ် ဆိုရင်ပဲ ထွန်းဦးရော လှေကြုံစီး ကရင်အဘိုးကြီးပါ ရေအောက်ရောက် ပျောက်သွားကြပါတော့တယ်။  ထွန်းဦး အလောင်းပင် ပြန်မရခဲ့ပါ။  ကျနော်နဲ့ ကျန်လူများအားလုံး ရေစီးကို မျောလိုက်ကူးခပ်ကာ ချောင်းကမ်းပါးပေါ် သေကံမရောက်သက်မပျောက် ပြန်ရောက်ခဲ့ကြပါတော့တယ်။

ကျနော်က မြစ်ဝကျွန်းပေါ် ဖျာပုံ သားပဲ၊ ရေကူးကျွမ်းခဲ့သူပါ၊ စီးလာတဲ့ဘိနပ်တရံပဲ ဆုံးတယ်။  လက်ထဲကရေဒီယိုရော၊ လက်စွဲအိပ်ပါ မဆုံးရှုံးဘဲ ကမ်းပေါ်ရောက်ခဲ့ပါတယ်။  တချို့တော့သေနတ်တို့ ငွေတို့ဆုံးကြသလို အလွန်နှမြောဘွယ်ကောင်းတဲ့ Zulu မှ ရေနစ်ကျဆုံး ခဲ့ရရှာပါတယ်။

Zulu ကို ABSDF သို့ ကျနော် ရောက်စကတည်းကကျွမ်းဝင်ခဲ့ရပါတယ်။  စစ်ရေးကိုအလွန် စိတ်ဝင်စားပြီး လေ့လာမှတ်သားအားကောင်းတဲ့ သူရဲကောင်း ကျောင်းသားလေး တဦးဖြစ်ပါတယ်။  ကျနော့အား ဖခင်တဦးကဲ့သို့ ခင်တွယ်လေးစားပြီး ကျနော့ရဲ့ သွန်သင်ညွန်ပြ၊ ဆုံးမမှုဟူသမျှကို လိုက်နာ ကျင့်ကြံအားထုတ် ကျိုးပမ်းသူလေးဖြစ်ပါတယ်။

ကျောင်းသားများထဲမှာတော့ စစ်ရေးကို အထူးစိတ်ပါဝင်စား၊ လေ့လာမှတ်သား၊ ကျွမ်းကျင်ထက်မြက်သူ တဦးဖြစ်ပါတယ်။  စစ်ရေးနဲ့ပါတ်သက်လို့ တွေးခေါ်မျှော်မြင်ပုံ၊ တွေးဆသုံးသပ်၊ ပြောဆိုလှုပ်ရှား ပုံများဟာ စစ်ဗိုလ်တဦးကဲ့သို့ ထက်မြက်တက်ကြွ ရဲရင့်ပြတ်သားလှပါတယ်။

ဘာလိုလိုနဲ့ Zulu လေး ရေနစ်ကျဆုံးခဲ့ရရှာတဲ့ နောက်ဆုံးနေ့လေးဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ (၁၀) ရက်နေ့က ဆိုရင် (၁၆) နှစ် ကြီးများတောင်ရှိခဲ့ပြီပဲနော်။

Zulu လေး ကောင်းရာသုဂတိသို့လားပါစေ။

ကြည်း ၈၅၆၃ ဒုတိယဗိုလ်မှူးကြီး အေးမြင့် (ငြိမ်း)

Wednesday, January 12, 2011

နှင်းဆီရောင် တော်လှန်ရေး ရုပ်ပုံလွှာ အပိုင်း(၂၀)။

နှင်းဆီရောင် တော်လှန်ရေး ရုပ်ပုံလွှာ အပိုင်း(၂၀)။

ကျနော်တို့အခြေခံဒေသထိုးဖောက်ရေးနယ်မြေဖြစ်သည့်ကေအန်ယူ၊တပ်မဟာ(၂)၊တောင်ငူခရိုင်၊သံတောင်မြို့
မြောက်ဘက်၊အခြေခံဒေသတွင်-၁၉၉၉ခုနှစ်၊မေလ(၁၅)ရက်နေ့တွင်ဗိုလ်ကျော့ဖွာ(ကိုကြီး)မှရန်သူ(၅၃၈) တပ်ခွဲမှုးသိန်းထွန်းဆီသို့ကြွက်ဖြူမှတဆင့်စေလွှတ်ဆက်သွယ်ခဲ့သည်။၁၈-၅-၉၉တွင်သစ်ပုတ်ပင်ရွာ၌စကနံ ပါတ်(၅၂၂)အဆက်အသွယ်ပြုပြီးသန်းမြင့်၊ဇော်ဝမ်း၊စောသာ၊ဦးစီအင်အား(၁၃)ဦးနှင့်အတူဆွေးနွေးခဲ့သည်။
၃-၇-၉၉စနေနေ့တွင်တဖန်ဦးကြည်စိန်ထွန်း၊(လိပ်သိုလ်)၊ဖာသာဦးသိန်းမောင်(ထီးသာစော)၊ဦးဟန်ငွေကြည် (မကျည်းတော)၊ဦးဘခင်(မိတ်သလင်တောင်)၊မကျည်းတောကျေးရွာ၌ဦးကိုကြီး၊ဆရာစိုးသူ၊ဖိုးဆီ(ဆေးမှုး)၊ ရဲဘော်(၃)ဦးနှင့်ထပ်မံဆွေးနွေးခဲ့သည်။-၄-၇-၉၉တွင်ဦးကိုကြီးကိုမကျည်းတောမှတဆင့်အထက်ပါပုဂ္ဂိုလ် များနှင့်အတူရှမ်းလယ်ပြင်အထက်ရွာသို့သွားပြီးထောက်လှမ်းရေး(၃)မှခင်မောင်မြင့်နှင့်အတူတွေ့ဆုံခဲ့သည်။ ရဲဘော်တွေကိုအပြင်မှာအိပ်စေပြီးတွေ့ဆုံပွဲတွင်တက်ရောက်နားထောင်ခွင့်မပြုခဲ့။-၅-၇-၉၉ရက်နေ့တွင်ထပ်မံ တွေ့ဆုံရာဦးကိုကြီးလိုလားချက်တွေတောင်းဆုခဲ့သည်။-၆-၇-၉၉တွင်ရှမ်းလယ်ပြင်ရွာမှအောက်ရွာအလယ် တန်းကျောင်းကုန်းသို့ညပိုင်း(၇)နာရီတိတိအချိန်တွင်ဆိုက်ရောက်ကာည(၁၀)နာရီအထိကြိုဆိုဧည့်ခံသည်။ ၇-၇-၉၉နံနက်ပိုင်းတွင်ကျောင်းဆရာ၊ကျောင်းသားများတွေ့ဆုံခဲ့သည်။၎င်းတွေ့ဆုံဆွေးနွေးပွဲတွင်
လိပ်သိုလ်မြောက်ပိုင်းတာဝန်ခံဆရာကြီးခင်မောင်မြင့်+ဦးကိုကြီးအုပ်စုဥက္ကဌဦးလှသိန်းရှမ်းလယ်ပြင်စခန်းမှုး ကျော်သူမျိုးအမှာစကားပြောခဲ့သည်။ ၁၃-၇-၉၉တွင်မိတ်သလင်တောင်အထက်ရွာ(ထလရ)(၃)ဗိုလ်ကြိးခင် မောင်မြင့်နှင့်တွေ့ဆုံပြီးနောက်တဖန်-၁၄-၇-၉၉တွင်မိတ်သလင်တောင်မှသစ်ခေါင်းရွာသို့ချီတက်ကာ ပဲခူးတိုင်းမှုး+ရဲဘော်အပါအ၀င်(၇)ဦးထပ်မံတွေ့ဆုံဆွေးနွေးခဲ့သည်။၂၁-၇-၉၉နှင့်၂၂-၇-၉၉လိပ်သိုလ်သို့ထပ် ဆုံခဲ့သည်။ခင်မောင်မြင့်၊ပဲခူးတိုင်းမှုးဦးကိုကြီးတွေ့ဆုံရန်အကျိုးတော်ဆောင်များပါဝင်ခဲ့သည်။အကျိုး တော်ဆောင်-ဦးကြည်စိန်ထွန်း(လိပ်သိုလ်)၊ဖာသာဦးသိန်းမောင်(ထီးသာစော)၊ဦးဘခင်၊(မိတ်သလင်တောင်) ဦးဟန်ငွေကြည်၊(မကျည်းတော)၊သိက္ခာတော်ရဦးရွှေထွန်း(ရှမ်းလယ်ပြင်)၊ဦးထွန်းခင်၊ဦးဂျက်ခင်။
ဦးသိန်းအောင်(တောင်ငူ)၊ဦးကူး၊ လှမြင့်၊သားသား။
ဦးကိုကြီးတောင်းဆိုချက်များ-
(၁)၄-လအတွင်းအပစ်အခတ်ရပ်စဲပေးရန်။(၂)။အပစ်အခတ်ရပ်စဲရေးဒေအတွင်း(က)ကျမ္မာရေး၊(ခ)ပညာရေး
(ဂ)လမ်းပန်းဆက်သွယ်ရေးအမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပေးရန်။
(၃)။အပစ်အခတ်ရပ်စဲရေးသကတမ်း(၄)လကုန်ဆုံးရက်တွင်နိုင်ငံတော်နှင့်လက်တွဲပြီးဒေသအကျိုးဆောင်ရွက် ချက်ကိုအားရ၀မ်းသာကြိုဆိုပြီးအခမ်းအနားကြီးကျယ်စွာကျင်းပပေးရန်။(၄)။အပစ်အခတ်ရပ်စဲရေးသက်တမ်း (၄)လအတွင်းဖွဲ့စည်းရပ်တည်နိုင်ရန်နိုင်ငံတော်မှစားနပ်ရိက္ခာကူညီပေးရန်။(၅)။အပစ်အခတ်ရပ်စဲရေးကာလ ၌စစ်ကြောင်းများဖြတ်သန်းသွားလာခြင်းမပြုရန်။
အပစ်အလပ်ရပ်စဲရေးနယ်မြေဧရိယာ။
တောင်ငူလွိုင်ကော်မော်တော်ကားလမ်းအနောက်ဘက်ခြမ်း။အနောက်ဘက်စစ်တောင်းမြစ်ကောက်ကောက် ကွေ့ကွေ့။မြောက်ဘက်တွင်နန်းချိုချောင်းကောက်ကော်ကွေ့ကွေ့မှပေါင်းလောင်းမြစ်ဆုံမှ
စစ်တောင်းမြစ်ဆိပ်အထိဖြစ်သည်။
နိုဝင်ဘာ(၁၁)ရက်နေ့တွင်တောင်ငူမိုင်တာကွင်း၌ကြိုဆိုရေးလုပ်သည်။
ကျနော်တို့အခြေခံဒေသထိုးဖောက်ရေးနယ်မြေဖြစ်သည့်ကေအန်ယူ၊တပ်မဟာ(၂)၊တောင်ငူခရိုင်၊သံတောင်မြို့
မြောက်ဘက်၊အခြေခံဒေသတွင်းမှရွာများကိုအောက်ပါအတိုင်းစာရင်းပြုစုထားပါသည်။ပြုစုထားသည့်ရွာပေါင်း-
(၁၁၂)ရွာရှိသည်။(၁)။ပလေခီးထ(တောပြာကြီးအထက်)၊(၂)။ပလေခီးလာ(တောပြာကြီးအောက်)၊(၃)။ပနာဘူး။(၄)။ငွေတောင်ကြီး။
(၅)။ရွာသစ်၊(၆)။ငွေတောင်လေး၊(၇)။တာလူးနန်းမူ၊(၈)။ကျောက်တိုင်၊(၉)။ရွာကြီး၊(၁၀)။ပျားစခန်း၊(၁၁)။ကွမ်းပင်၊
(၁၂)။ရွှေလန်ဘို၊(၁၃)။ဇလဲ(အထက်)၊(၁၄)။အလယ်ချောင်း(အထက်)၊(၁၅)။အလယ်ချောင်း(အောက်)၊(၁၆)။သ ရောဘူ၊(၁၇)။တာဝါလော်ခီး၊(၁၈)ဒိုးထဲ့၊(၁၉)။လေလော်ဝေး၊(၂၀)။ကျောက်လုံးကြီး၊(၂၁)။မဲကူကန်၊(၂၂)။ဗိုလ်တဲ ကုန်း၊(၂၃)။ဖတီးမူးကုန်း၊(၂၄)။ဇလဲအောက်၊(၂၅)။ကော်ပတ်ခြံ၊(၂၆)။သစ်ခေါင်း၊(၂၇)။ကျေးမင်းအထက်၊(၂၈)။ ကျေးမင်းအောက်၊(၂၉)။မြထင်၊(၃၀)။ရှမ်းလယ်ပြင်အထက်၊(၃၁)။ရှမ်းလယ်ပြင်အောက်၊(၃၂)။ဗဟန်း၊(၃၃)။သစ် ခွတောင်၊(၃၄)။ဘိုကလေး၊(၃၅)။ဖယ်ဘိုး(မြောက်ဘက်)၊(၃၆)။တောင်နန်းချို(အထက်)၊(၃၇)။ပေါက်တူးဖယ်ပိုး၊ (၃၈)။တောင်နန်းချို(အောက်)၊(၃၉)။တောင်ပါတ်လည်၊(၄၀)။ချဉ်ပတောင်(ရွာမ)၊(၄၁)။သံတောင်လေး၊(၄၂)။ မင်းလမ်းတောင်၊(၄၃)။တပ်တောင်၊(၄၄)။လေးအိမ်စု၊(၄၅)။တမောခို၊(၄၆)။အမယာ၊(၄၇)။မြောက်နန်းချို
(အထက်)၊(၄၈)။မြောက်နန်းချို(အောက်)။(၄၉)။ငွေတောင်၊(၅၀)။သရက်တောင်၊(၅၁)။ကျမိုင်း၊
(၅၂)။သင်္ဘောတော၊(၅၃)။ပိန်းသီလာ၊(၅၄)။ရွှေလုံး၊(၅၅)။မြသာကုန်း၊(၅၆)။ကျောက်ရှည်တောင်၊(၅၇)။လက်
ပန်ဖြူ(ငထွန်း)၊(၅၈)။ရေကန်ဒို၊(၅၉)။ကျောက်ဖြာ(အောက်)၊(၆၀)။ကျောက်ဖြာ(အထက်)၊(၆၁)။ကျောက်ကြီး
တောင်(ရွာသစ်)၊(၆၂)။ကျောက်ကြီးတောင်(ဥယျာဉ်)၊(၆၃)။ကျောက်ကြီးတောင်(ရွာမ)၊(၆၄)။ဖုန်းဆိုး၊(၆၅)။ ကျွဲကျ(အထက်)၊(၆၆)ညောင်ပင်တောင်၊(၆၇)။ရွှေဘိုး၊(၆၈)။သစ်အယ်တောင်၊(၆၉)။ဗောတိကုန်း၊(၇၀)။ထမုံ (အထက်)၊(၇၁)။ထမုံ(အောက်)။(၇၂)။ရွက်စည်ပိုင်း၊(၇၃)။ဆင်အံတောင်၊(၇၄)။လ္ဘက်အင်း၊(၇၅)။ကြို့ချောင်း၊ (၇၆)။မဏ္ဌပ်တောင်၊(၇၈)။ဗုံတောင်၊(၇၉)။သာစည်၊(၈၀)။မိအိ(အောက်)၊(၈၁)။မိအိ(အထက်)၊(၈၂)။သဲနုကုန်း၊
နဂါးတောင်၊(၈၃)။ချဉ်ပတောင်(ရွာသစ်)၊(၈၄)။မဆ(အထက်)၊(၈၅)။မဆ(အောက်)၊(၈၆)။တိုးတိုးပင်၊(၈၇)။ ကျွဲကျ(အောက်)၊(၈၈)။ဘုတ်မ၊(၈၉)။ဆိတ်ဖူးတောင်၊(၉၀)။မအူတော၊(၉၁)။မိတ်သလင်တောင်(အောက်)၊(၉၂)။
မိတ်သလင်တောင်(အထက်)၊(၉၃)။ဘုရားကုန်း၊(၉၄)။သက်ကယ်ကျင်း၊(၉၅)။မဂူတောင်၊(၉၆)။မဲချို(အထက်)၊ (၉၇)။မဲချို(အောက်)၊(၉၈)။ထိုးဝါးချောင်း၊(၉၉)။ကမ္ဘာလာခြံ၊(၁၀၀)။လေးအိမ်စု၊(၁၀၁)။ဟီမို+သစ်ဝါးတော၊ (၁၀၂)။ထမုံ(ဥယျာဉ်)၊(၁၀၃)။ထမုံ(အလယ်)၊(၁၀၄)။ထမုံငွေတောင်၊(၁၀၅)။အူနဲဖူလီ၊(၁၀၆)။ကျွန်းတောကုန်း၊ (၁၀၇)။မန်းကျည်းတော၊(၁၀၈)။ရွာတန်းရှည်၊(၁၀၉)။ကိုးဒစ်၇ွာမ၊(၁၁၀)။ကျောက်တံခါး(အထက်)၊(၁၁၁)။ ကျောက်တံခါး၊(၁၁၂)။ကျောက်တံခါး(အလယ်)တို့ဖြစ်သည်။
ကေအန်ယူ၊တပ်မဟာ(၂)၊တောင်ငူခရိုင်၊သံတောင်မြို့နယ်အတွင်းရှိရွာပေါင်း(၁၆၈)ရွာ၇ှိကြောင်းကို
အောက်ပါအတိုင်းတွေရှိနိုင်သည်။သောက်ရေခပ်အရှေ့ဘက်အုပ်စု။(၁)။မာဘွယ်ခို၊(၂)။ကမူဒို၊(၃)။ကလော်ခီး၊ (၄)။ကတာခီး၊(၅)။ထီးသီးဘူ(အောက်)၊(၆)။ထီးသီးဘူ(ထက်)၊(၇)။မောင်ဝါခေါ၊(၈)။ဝေလာခေါ၊(၉)။ဒီဒါးခို၊(၁၀)။ လယ်ခါဒိုးခို၊(၁၁)။လယ်ခိုဒိုးသာ၊(၁၂)။လယ်ခိုဒိုးကား(၁၃)။သခေါစော၊(၁၄)။ဖာဝယ်၊(၁၅)။ဖာဒိုးကား၊(၁၆)။ သေရာယူ၊(၁၇)ခေါမူးခို၊(၁၈)။စောလောခို-အပြင်-
သောက်ရေခပ်(အနောက်အုပ်စု)။(၁)။ကဆောဘွယ်၊(၂)။ခိုဝယ်၊(၃)။လယ်ဝီခို၊(၄)။လေးခိုဒိုးကား၊(၅)။စပါးလော်ခီး၊
(၆)။ခလော်ကား၊(၇)။ခူသေတဲ၊(၈)။ထီးထပူ၊(၉)။သူခဲတဲ၊(၁၀)။ဘောမူတဲ၊(၁၁)။မိုင်(၂၀)၊(၁၂)။ဒဲမူဟား
(ချောင်းနှခွ)၊(၁၃)။ဥသျှစ်ကုန်း၊(၁၄)။ရွှေညောင်ပင်၊(၁၅)။ကဆယ်ဒါဖူးပလဲ့၊(၁၆)။ကသွီးတီး၊(၁၇)။ဘွဲဟီခို၊
(၁၈)။သပါးဖို၊(၁၉)။ခလယ်ကျောထယ်၊(၂၀)။ခလယ်ပါထိ၊(၂၁)။ခလယ်ဒိုးကား၊(၂၂)။ထီးပူခီး(ထက်)၊(၂၃)။ ထီးပူခီး(အောက်)၊(၂၄)။ကရှီးခီး၊(၂၅)။ကရှီးခီး(အောက်)၊(၂၆)။ကရာခီး၊(၂၇)။ဘွယ်ဘူးခီး-တိုဖြစ်ပြီး-
ကြီးချောင်းအရှေ့ဘက်(ဂလေ၀ါမူထော်အုပ်စု)။(၁)။ရှိုခို၊(၂)ဗွီခီး၊(၃)။မောသူးတဲ၊(၄)။ဘခါလေးခို၊(၅)။ဥပါယံ၊ (၆)။သိင်္ဂီလာ၊(၇)။ထီးဆာဘို၊(၈)။မောခူးတဲ၊(၁၀)။ကဟော်တဲ(ထက်)၊(၁၁)။ကဟော်တဲ(အောက်)၊(၁၂)။ ဟောလူတဲ၊(၁၃)။ပလပ်ခီး၊(၁၄)။လဲဘော်ခလော်ဘဲ။
ဂလေခါမူနုအနောက်အုပ်စု။
(၁)။ဘဲခေါ်တဲ(စပါးကျီ)၊(၂)။ခူပလဲတဲ(ခူပြောင်)၊(၃)။ဒဲဒို(ဒိုးဒိုး)၊(၄)။မော်ကိုးတဲ(မဲကျော်)၊(၅)ဂလေခိုးခီး
(ရသိုးလေး)၊(၆)။မော်ဖားဒဲ(ပြောင်သို)၊(၇)။ဂါမူဒို၊(၈)။နော်သေးတဲ။ထိသာစော(ကြားဒေသ)။(၁)။ရှိုသောပလို၊(၂)။ထာရဲပလို၊(၃)။သပါးရာ၊(၄)။ခလေမူးခီး၊(၅)။လယ်ဘောစော၊ (၆)။ပလာဒေးခေါ၊(၇)။မာရဲဖူလီ၊(၈)။ခမာတီးဖူလီ၊(၉)။တာရိုး၊(၁၀)။ဝါသောခို၊(၁၁)။ဒိသောခို၊(၁၂)။သခေါ်ထိ၊ (၁၃)။ထိသာစော၊(၁၄)။မဆာခေါ၊(၁၅)။မော်ချီး၊(၁၆)။ထာဘူခီး၊(၁၇)။လာမဲဖူးလီ၊(၁၈)။မဲသောဖူလီ(ထက်)၊
(၁၉)။မသြောဖူလီ(အောက်)၊(၂၀)။လယ်ရာဒို၊(၂၁)။ဘာရာ(ပခေါက်)၊(၂၂)။ဒီဒါးခို၊(၂၃)သကွဲပလို၊(၂၄)။ မိုင်းလုံ (အထက်)၊(၂၅)။မိုင်းလုံ(အောက်)၊(၂၆)။မိုင်းလုံ(အလယ်)၊(၂၇)။သောက်ရေခပ်(ကေအန်ယူ)၊(၂၈)။ပုတ်သင်၊ (၂၉)။လေးလော်ဒေး၊(၃၀)။ငပိုးကြီး၊(၃၁)။ငပိုးလေး၊(၃၂)။အိအယ်။
ထန်းတပင်မြို့နယ်။(၁)။ဖလိမ်းဆာလို(တိပ်ပု)၊(၂)။ရဲလို၊(၃)။ပလော်ဘောတဲ၊(၄)။ဒါဘားခီး၊(၅)။လေးအိုးလို၊(၆)။ ပေါ်ဖ၊(၇)။မြီးလို၊(၈)ခဲတဲ၊(၉)။ဖူးမူးတဲ၊(၁၀)။လယ်ကလားတဲ(ရေတံခွန်)၊(၁၁)။ဆီဒေါခို၊(၁၂)။ဖွေပေါ်တဲ၊(၁၄)။ စော်မူတဲ၊(၁၅)။စော်တေးတဲ၊(၁၆)။ခိုးလူ၊(၁၇)။ဇ၀ါတော၊(၁၈)။ဝါမိပဲခို၊(၁၉)။သခီါးစိုး၊(၂၀)။စီခဲတဲ၊
(၂၁)။ဟောသူဒို၊(၂၂)။ဘဲလို၊(၂၃)။ပလောမူတဲ(ပြောင်မသိုလ်)၊(၂၄)။လော်ဘီးလယ်၊(၂၅)။မေဒေါခို၊(၂၆)။ မော်သေးတဲ၊(၂၇)။ခူလာတဲ၊(၂၈)။စွာဝါးတဲ၊(၂၉)။ဟထိုးဘွယ်၊(၃၀)။သေခူတဲ၊(၃၁)။သအေးခီး၊(၃၂)။ဂလေခီး၊ (၃၃)။ဘူခီး၊(၃၄)။ဘူစရခီး၊(၃၅)။ဟိုခီး၊(၃၆)။ဟီဒေါ်ခေါ်၊(၃၇)။ချိုးဆယ်၊(၃၈)။ဝါဆို၊(၃၉)။ကော်စိုးခို၊(၄၀)။ ၀ါသိုးခို၊(ဘောဂလိလေး)၊(၄၁)။လယ်ရို၊(၄၂)။ခလယ်လာ(ဘောဂလိကြီး)၊(၄၃)။ကော်သေးဒဲ(ရေသိုးကြီး)၊ (၄၄)။ သေခိကလား၊(၄၅)။ဒါလေးလို၊(၄၆)။စော့အေစီး၊(၄၇)။ဆွားလို၊(၄၈)။သူဌေးကုန်း၊(၄၉)။ညောင်ပင်စခန်း၊ (၅၀)။နဂါးမောက်၊(၅၁)။ထု့းဖို၊(၅၂)။တပ်ပြေး၊(၅၃)။ပြုံးချောင်း။(၅၄)။ခပေါင်း၊(၅၅)။ထီးလို၊(၅၆)။ကဆယ်ဒို၊(၅၇)။ ရှားစီးဖို၊(၅၈)။ရေလျှံ၊(၅၉)။တောကုန်း၊(၆၀)။ဇီးဖြူကုန်း၊(၆၁)။ပြင်ကား၊(၆၂)။လဲထိ၊(၆၃)။သစ်ချဆိပ်၊
(၆၄)။အင်းကျော်၊(၆၅)။ရွှေတဆောင်း၊(၆၆)။မာလာကုန်း၊(၆၇)။သာယာကုန်း၊(၆၈)။ရွာတန်းရှည်
တို့ဖြစ်ကြသည်။
ကျည်ဝေဖြိုး
ဆက်လက်ကြိုးစားပါဦးမည်။

Monday, December 27, 2010

နှင်းဆီရောင် တော်လှန်ရေး ရုပ်ပုံလွှာ အပိုင်း(၁၉)။

နှင်းဆီရောင် တော်လှန်ရေး ရုပ်ပုံလွှာ အပိုင်း(၁၉)။

၂၃၁။  ရဲဘော်မင်းသိန်း- ဒုတပ်စိပ်မှုး-၂၁၀-တပ်ရင်း
၂၃၂။. ရဲဘော်နိုင်ဝင်း-တပ်သား၊ ၂၁၀-တပ်ရင်း။
၂၃၃။ ရဲဘော်မင်းသိန်း(အာလူး)တပ်ကြပ်ကြီး၊၂၁၀-တပ်ရင်း၊ ၁၉၉၂ခုနှစ်၊ ခြေထောက်ဒဏ်ရာ။(လက်နက်ကြီးထိ)။
၂၃၄။ ရဲဘော်ထင်ကျော်တပ်ခွဲမှုး၂၁၀တပ်ရင်း။၁၉၉၁ခုနှစ်။ဦးခေါင်းတွင်ဒဏ်ရာ(လက်နက်ကြီးထိ)ခြေမသန်။
၂၃၅။ ရဲဘော်တိုင်းကျော်-တပ်၇င်း၂၁၀-တပ်ရင်း။တပ်စိပ်မှုး။ခြေထောက်ဒဏ်ရာရ(လက်နက်ကြီးထိ)။
၂၃၆။ရဲဘော်နွေအောင်-တပ်ရင်း၂၁၀။က/ပ၄၆၉၈။ဥိးခေါင်းဒဏ်ရာ။၁၉၉၁ခုနှစ်။(ကနဲခေါကျိုး)
လက်နက်ကြီးထိ

၂၃၇။ ရဲဘော်ကျော်ထူး-တပ်သား။၂၁၀-တပ်ရင်း။၁၉၉၁ခုနှစ်။ဦးခေါင်းဒါဏ်ရာ။လက်နက်ကြီးထိ။
၂၃၈။ ရဲဘော်တင်ထွန်း(ဒသာ)-တပ်သား။တပ်ရင်း၂၁၀။၁၉၉၂ခုနှစ်။စောထတိုက်ပွဲ။ဦးခေါင်းဒါဏ်ရာရ။
၂၃၉။ ရဲဘော်ရဲနိုင်-တပ်ရင်း-၂၁၀။၁၉၉၂ခုနှစ်။စောထတိုက်ပွဲ။(၀ဲ)လက်မောင်းဒါဏ်ရာရ။
 ၂၄၀။ ရဲဘော်လှမြင့်ဦး-တပ်သား-၂၁၀တပ်၇င်း။၁၉၉၂ခုနှစ်။စောထတိုက်ပွဲ။ပုခုံးတွင်ဒဏ်ရာရ။လက်နက်ကြီး
၂၄၁။ ရဲဘော်မျိုးသန့်-တပ်သား။၂၁၀တပ်ရင်း။၁၉၉၂ခုနှစ်။စောထတိုက်ပွဲ။ဖြေထောက်တွင်ဒါဏ်ရာရ။
၂၄၂။ ရဲဘော်စိုးချိုငြိမ်း-တပ်သား။၂၁၀တပ်ရင်း။၁၉၉၂ခုနှစ်။လက်တွင်ဒါဏ်ရာရ။ကျည်ထိ။
 ၂၄၃။ ရဲဘော်မြင့်လွင်-တပ်သား။၂၁၀၁၉၉၄ခုနှစ်။ပေါင်တွင်ဒါဏ်ရာရ။
၂၄၄။ ရဲဘော်ကျော်ဇော-တပ်သား။၂၁၀တပ်ရင်း။၁၉၉၁ခုနှစ်။ဦးခေါင်းဒါဏ်ရာရ။(လက်နက်ကြီးထိ)။
 ၂၄၅။ ရဲဘော်ဆန်းလင်း-တပ်ရင်းမှုး၊၂၁၀တပ်ရင်း။၁၉၉၂ခုနှစ်။စောထတိုက်ပွဲ။ခြေထောက်လက်နက်ကြီးထိ။
၂၄၆။ ရဲဘော်ရီဇော်-၂၁၀-တပ်ရင်း။
 ၂၄၇။ ရဲဘော်မောင်လှ-တပ်ကြပ်ကြီး။၂၁၀တပ်ရင်း။၁၉၉၂ခုနှစ်။စောထတိုက်ပွဲတွင်ပေါင်တွင်ကျည်ထိ။
၂၄၈။ ရဲဘော်ဖိုးဇော်-တပ်သား။၂၁၀တပ်ရင်း။၁၉၉၂ခုနှစ်။တကိုယ်လုံးဒါဏ်ရာရ။လက်ပစ်ဗုံး(၂)လုံးထိ။
 ၂၄၉။ ရဲဘော်ထွန်းလှိုင်-တက်ကြပ်ကြီး(ဆသရ)။တပ်ရင်း၂၁၀တပ်ရင်း။မကဒတ(၉)နှစ်မြောက်နေ့။မကဒတ
ကိုယ်ပိုင်အုပ်ချုပ်ရေးအထူးဒေသထိုးဖောက်စဉ်။၁/၁၁/၁၉၉၆ခုနှစ်။(၀ါးရုံလှဲတိုက်ပွဲ)တွင်ဦးခေါင်း၊ကျောပြင်၊
လက်မောင်း(၀ဲနှင့်ယာ)ဒါဏ်ရာရ(ခွင်းဗုံးထိ)။က/ပ၅၂၁၂။
၂၅၀။ ရဲဘော်ဖိုးငယ်-တပ်သား။၂၁၀တပ်ရင်း။
၂၅၁။ ရဲဘော်မြင့်မောင်မောင်-၂၁၀တပ်ရင်း။
 ၂၅၂။ ရဲဘော်ဝင်းနိုင်ဦး(ကိုရင်)-၂၁၀တပ်ရင်း။
၂၅၃။ ရဲဘော်အောင်နိုင်-၂၁၀တပ်ရင်း။
 ၂၅၄။ ရဲဘော်သောင်းတင်-၂၁၀တပ်ရင်း။
၂၅၅။ ရဲဘော်စိုးလွင်-၂၁၀တပ်ရင်း။
 ၂၅၆။ ရဲဘော်ချက်ကြီး(မြင့်အောင်)-တပ်သား။၂၁၁တပ်ရင်း။ပါစောင်ပျက်။
၂၅၇။ ရဲဘော်တင်မောင်ထွန်း-တပ်သား၂၁၁တပ်ရင်း။လက်မသန်။
၂၅၈။ ရဲဘော်အောင်သက်ဦး(ကျီးကန်း)-က/ပ-၄၇၉၁။တပ်သား။၂၁၁တပ်ရင်း။၁၉၉၁ခုနှစ်။ဝမ်းဗိုက်၊ကျော။
 ၂၅၉။ ရဲဘော်စန်းလွင်-တပ်သား။၂၁၁တပ်ရင်း။
၂၆၀။ ရဲဘော်ကျော်ဝင်းတင်-၂၁၁တပ်ရင်း။
 ၂၆၁။ ရဲဘော်စိုးမိုးလွင်-၂၁၁တပ်ရင်း။
၂၆၂။ ရဲဘော်အောင်ကို-၂၁၁တပ်ရင်း။
 ၂၆၃။ ရဲဘော်စိန်ချယ်-၂၁၁တပ်ရင်း။
၂၆၄။ ရဲဘော်ခင်ထွန်းကြည်-ဒုရင်းမှုး။၂၁၂တပ်ရင်း။(ခိုကြာခိုဂိတ်)သံလွင်မြစ်အတွင်းရန်သူအငိုက်မိ။
၂၆၅။ရဲဘော်သိန်းဝင်း၂၁၂တပ်ရင်း။ကျော်ဌေးမျိုးတပ်သား။၂၁၂တပ်ရင်း။၁၉၉၄ခုနှစ်။ဝမ်းအောင်တိုက်ပွဲ။
ယာပုခုံဒါဏ်ရာရ။
၂၆၆။ ရဲဘော်သိန်းထွန်းအောင်-က/ပ၃၆၇၄။တပ်စိပ်မှုး။၂၁၂တပ်ရင်း၁၉၉၄ခုနှစ်။ဝမ်းအောင်တိုက်ပွဲ။ ယာပုခုံးညှပ်ရိုးကျိုး။
၂၆၇။ရဲဘော်ယဉ်ထွေး-၂၁၂တပ်ရင်း။က/ပ၃၆၉၀။ေ၇ွှနန်းကလေး။ကယန်း။ယာပုခုံဒါဏ်ရာရ။
၂၆၈။ရဲဘော်တင်မောင်လတ်-တပ်စုမှုး။၂၁၄တပ်ရင်း။၁၆/၁/၁၉၉၂ခုနှစ်။နို့တရာပလောတိုက်ပွဲ။ယာပေါင်
ဒါဏ်ရာရ။(RPG)ပေါက်။
 ၂၆၉။ရဲဘော်တင်ဝင်းကို-တပ်သား။၂၁၄တပ်ရင်း။၁၆/၁/၁၉၉၃ခုနှစ်။နို့တရာပလော။ယာရင်အုံဒါဏ်ရာရ။
၂၇၀။ရဲဘော်မင်းခန့်-က/ပ၃၄၄၁။တပ်ကြပ်။၂၁၄တပ်ရင်း။၁၄/၁/၁၉၉၃။မဲညောခီး။ဝဲရင်အုံဒါဏ်ရာရ။မိမိမိုင်း။
၂၇၁။ရဲဘော်ထွေးကိုကို-တပ်သား။၂၁၄တပ်ရင်း။၁၄/၁/၁၉၉၃ခုနှစ်။မဲညောခီး။ယာလက်ကောက်ဝတ်ဒါဏ်
ရာ။မိမိမိုင်းထိ။
၂၇၂။ရဲဘော်မောင်မောင်မြင့်-တပ်သား။၂၁၄တပ်ရင်း။၁၄/၁/၁၉၉၃ခုနှစ်။မျေညာခီး။ဝမ်းဗိုက်။မိမိမိုင်းထိ။
၂၇၃။ရဲဘော်အောင်ဌေးဝင်း-တပ်သား။၂၁၄တပ်ရင်း။၁၉၉၃ခုနှစ်။မဲညောခီး။ယာမျက်လုံးအောက်ထိ။မိမိမိုင်း
၂၇၄။ရဲဘော်ရီဇော်-ဆေးမှုး။၂၁၄တပ်ရင်း။မဲညောခီး။ကျောပြင်ဒါဏ်ရာ။ဝဲလက်မောင်ကျိုး။တင်ပါးဒါဏ်ရာရ
မိမိမိုင်းထိ။
၂၇၅။ရဲဘော်အောင်ဆန်းညွှန့်-၂၁၄တပ်ရင်း။(တပ်မဟာ(၁)။
၂၇၆။ရဲဘော်တင်ဝင်းနောင်-၂၁၄တပ်ရင်း။
၂၇၇။ရဲဘော်ဝင်းနိုင်ဦး-၂၁၄တပ်ရင်း။
၂၇၈။ရဲဘော်အောင်မိုး-၂၁၄တပ်ရင်း။
၂၇၉။ရဲဘော်မြင့်မောင်မောင်-၂၁၄တပ်ရင်း။
၂၈၀။ရဲဘော်နိုင်ဝင်း(၂)-က/ပ၃၅၈၄။တပ်ရင်း၂၁၆။
၂၈၁။ရဲဘော်ညီညီဝင်း-က/ပ၃၅၈၈။တပ်စုမှုး။၂၁၆တပ်ရင်း။၁၉၉၅။လက်ကောက်။မဲကလယ်ချောင်းတိုက်ပွဲ။
ယာတတောင်ဆစ်ဒါဏ်၇ာရ။
၂၈၂။ရဲဘော်ထွန်းလှ-က/ပ၃၈၇၄။တပ်သား၂၁၆တပ်ရင်း။
၂၈၃။ရဲဘော်တင်စိုး-တပ်ရင်းမှုး၂၁၆တပ်ရင်း။
၂၈၄။ရဲဘော်ကြူလှိုင်-က/ပ၃၅၆၅။စရခ။၂၁၆တပ်ရင်း။
၂၈၅။ရဲဘော်အောင်ဝင်း(ကြီး)-က/ပ၃၅၉၆။တပ်စိတ်မှုး။၂၁၆တပ်ရင်း။ပါးစောင်ပျက်။
၂၈၆။ရဲဘော်အနိုင်-က/ပ၄၀၁၅။တပ်သား။၂၁၆တပ်ရင်း။
၂၈၇။ရဲဘော်ခင်မောင်ဝင်း-က/ပ၃၅၉၉။တပ်စိတ်မှုး။၂၁၆တပ်ရင်း။လက်မပြတ်။
၂၈၈။ရဲဘော်ရွှေထွန်း-က/ပ၃၅၉၁။တပ်စုမှုး။
၂၈၉။ရဲဘော်မိုးကျော်-က/ပ၃၆၉၆။တပ်သား။၂၁၆တပ်ရင်း။၁၉၈၉။ကြတ်ခတ်ချောင်း။တပ်မဟာ-၆)ယာလက်
မောင်းဒါဏ်ရာရ။လက်ကောက်သွား။
၂၉၀။ရဲဘော်သက်ဦး-တပ်သား။၂၁၆တပ်ရင်း။ခြေပြတ်။
၂၉၁။ရဲဘော်သိန်းဦး-တပ်သား။၂၁၆တပ်ရင်း။
၂၉၂။ရဲဘော်အောင်သန်းလေး-က/ပ၅၅၃၉။တပ်သား။၃၀၃တပ်ရင်း။
၂၉၃။ ရဲဘော်ဂျိမ်းဖောလူ-က/ပ၅၅၃၉။တပ်သား။တပ်ရင်း(၃၀၃)။
၂၉၄။ရဲဘော်လှကျော်-က/ပ၅၅၅၇။တပ်သား။တပ်ရင်း(၃၀၃)။
၂၉၅။ရဲဘော်မောင်မောင်-က/ပ၅၅၄၉။တပ်သား။တပ်ရင်း(၃၀၃)။
၂၉၆။ရဲဘော်မောင်ရွှေ-က/ပ၅၅၆၂။တပ်သား။တပ်ရင်း(၃၀၃)။
၂၉၇။ရဲဘော်အောင်ဒင်-တပ်သား။တပ်ရင်း(၃၀၃)။
၂၉၈။ရဲဘော်ဖရန်စစ္စကို-က/ပ၅၅၉၅။တပ်သား။တပ်ရင်း(၃၀၃)။
၂၉၉။ရဲဘော်မောင်ဇွဲ-က/ပ၄၃၂၁။တပ်သား။မ.က.ဒ.တအခြေခံဒေသတည်ဆောက်ရေးအလုပ်အဖွဲ့ဝင်။ အထူးဒေသ။ညောင်ပင်တောင်တိုက်ပွဲတွင်-၇၉-မမထိ။၁၉၉၅ခုနှစ်။သြဂုတ်လ။
၃၀၀။ရဲဘော်ကီကီး-က/ပ၅၅၇၆။တပ်စိတ်မှုး။တပ်ရင်း(၃၀၃)။၁၉၉၀။တင်ပါးလက်နက်ကြီးထိ။
၃၀၁။ရဲဘော်ကြူးကြူ-က/ပ၅၅၇၄။ဆေးမှုး။တပ်ရင်း(၃၀၃)။နဖူးဒါဏ်ရာ။လက်နက်ကြီးထိ။
၃၀၂။ရဲဘော်သန်းအောင်(အုံးရွှေ)-က/ပ၅၅၅၄။တပ်ကြပ်ကြီး။တပ်ရင်း(၃၀၃)။၁၉၈၉။ယာလက်ဒါဏ်ရာ။
၃၀၃။ရဲဘော်မောင်ဖြတ်-က/ပ၅၅၉၃။တပ်သား။တပ်ရင်း(၃၀၃)။၁၉၉၀။ခြေထောက်ဒါဏ်ရာတိုက်မိုင်းထိ။
၃၀၄။ရဲဘော်စမ်း.ယု-က/ပ၅၅၀၈။ဒုတပ်စိတ်မှုး။တပ်ရင်း(၃၀၃)၂၈/၇/၁၉၉၁။တင်ပါးကျည်ထိ။
၃၀၅။ရဲဘော်မောင်မိုး-က/ပ၅၅၆၃။တပ်သား။တပ်ရင်း(၃၀၃)။ခြေသလုံးတွင်၇၉-မမထိ။
၃၀၆။ရဲဘော်ကောင်းမြတ်-က/ပ၅၅၇၉။ဆေးမှုး။တပ်ရင်း(၃၀၃)။၂၈/၇/၁၉၉၁။ယာဂျိုင်းကျည်ထိ။
၃၀၇။ရဲဘော်ရာမြေးလယ်(ကေဘရယ်)-က/ပ၅၅၄၀။ဒုတပ်စိတ်မှုး။တပ်ရင်း(၃၀၃)။၁၉၉၁။လက်/ခြေ/ခေါင်း တိုက်မိုင်းထိ။
၃၀၈။ရဲဘော်ခွန်ဒေ၀ါ-က/ပ၅၄၉၈။တပ်စိတ်မှုး။တပ်ရင်း(၃၀၃)။လက်မောင်းကျည်ထိ။
၃၀၉။ရဲဘော်သန်းလှိုင်-က/ပ၅၅၅၅။တပ်စိတ်မှုး။တပ်ရင်း(၃၀၃)။၁၉၉၁။လက်တွင်လက်နက်ကြီးထိ။
၃၁၀။ရဲဘော်ကာဗရေး(၂)-တပ်စိတ်မှုး။တပ်ရင်း(၃၀၃)။
၃၁၁။ရဲဘော်မောင်ကို-က/ပ၅၆၄၀။တပ်၇င်း(၃၀၃)။၁၉၉၂။လက်ပြင်တွင်လက်နက်ကြီးထိ။
၃၁၂။ရဲဘော်ထိန်လင်း-က/ပ၅၅၇၂။တပ်သား။၁၉၉၂။လက်တွင်လက်နက်ကြီးထိ။
၃၁၃။ရဲဘော်အောင်စိုးလွင်-က/ပ၅၅၇၈။တပ်သား။၁၉၉၂။လက်တွင်လက်နက်ကြီးထိ။
၃၁၄။ရဲဘော်အဲဖရက်နိုးနို-က/ပ၅၆၂၇။ဆ.သ.ရ။၁၉၉၂။ဘယ်ဘက်လက်ပြင်တွင်လက်နက်ကြီးထိ။
၃၁၅။ရဲဘော်ဇင်ယောက်လေး-က/ပ၅၆၁၄။တပ်သား။တပ်ရင်း(၃၀၃)။၁၉၉၄။လက်တွင်ကျည်ထိ။
၃၁၆။ရဲဘော်ဖြူဖွေး-က/ပ၅၆၁၈။တပ်သား။တပ်ရင်း(၃၀၃)။လက်တွင်လက်နက်ကြီးထိ။
၃၁၇။ရဲဘော်ကာဗရေး(၂)-က/ပ၅၆၁၀။တပ်သား။၁၉၉၂။ကျောကုန်းတွင်လက်နက်ကြီးထိ။
၃၁၈။ရဲဘော်မိုးဇက်(ငယ်)-က/ပ၅၆၀၇။တပ်သား။တပ်ရင်း(၃၀၃)၁၉၉၂။လက်တွင်လက်နက်ကြီးထိ။
၃၁၉။ရဲဘော်ဂျိုဝါးနီ-က/ပ၅၅၀၇။တပ်သား။တပ်ရင်း(၃၀၃)။၁၉၉၂။ကျောကုန်းတွင်လက်နက်ကြီးထိ။
၃၂၀။ရဲဘော်ကျော်မင်း။-က/ပ၅၅၀၂။ဒုတပ်စိတ်မှုး။တပ်ရင်း(၃၀၃)။လက်တွင်လက်နက်ကြီးထိ။
၃၂၁။ရဲဘော်စောဟိုင်ဇင်။က/ပ၅၅၃၇။တပ်စုမှုး။တပ်ရင်း(၃၀၃)။၁၉၉၂။ခေါင်းတွင်လက်နက်ကြီးထိ။
၃၂၂။ရဲဘော်တင်မောင်ထွန်း-က/ပ၄၂၄၄။တပ်သား။တပ်၇င်း(၃၀၃)။၁၉၈၉။ပါးတွင်လက်နက်ကြီးထိ။
၃၂၃။ရဲဘော်ဇော်အောင်-က/ပ၃၀၁၂။တပ်စိတ်မှုး။တပ်ရင်း(၆၀၁)ခြေထောက်ဂုံညင်းရိုးပြုတ်။မျက်နှာ ကျည်ထိ။
၃၂၄။ရဲဘော်မိုးကျော်-က/ပ၄၀၃၁။တပ်သား။တပ်ရင်း(၆၀၁)။၁၉၉၄ခုနှစ်။လက်နှစ်ဘက်ပြတ်။မျက်လုံး(၂)လုံး ပျက်။မိမိမိုင်းကိုဆင်ရင်းထိ။
၃၂၅။ရဲဘော်စိုးမိုးကြိုင်-က/ပ၃၀၁၅။တပ်စုမှုး။တပ်ရင်း(၆၀၁)။၁၉၉၂။လည်ပင်း၊မေးစေ့၊မျက်နှာဒါဏ်ရာ။ လက်ပစ်ဗုံးထိ။
၃၂၆။ရဲဘော်ခင်မောင်တိုး-တပ်သား။တပ်ရင်း(၆၀၁)။၁၉၉၂-၀ဲရင်အုံကျည်ထိ။
၃၂၇။ရဲဘော်ခွန်မြတ်-တပ်ရင်းမှုး။တပ်ရင်း(၆၀၁)၁၉၈၉။ဝဲလက်ချောင်ဒါဏ်ရာ။လက်နက်ကြီးထိ။
၃၂၈။ရဲဘော်ခွန်အောင်နိုင်-တပ်စိတ်မှုး။တပ်၇င်း(၆၀၁)၁၉၉၃။ဝဲခြေသလုံးကျည်ထိ။
၃၂၉။ရဲဘော်ကျော်ကြီး-ဆေးတပ်သား။တပ်၇င်း(၆၀၁)။၁၉၉၀။ခြေထောက်ဒါဏ်ရာကျည်ထိ။
၃၃၀။ရဲဘော်ဇော်ဇော်-တပ်သား။တပ်ရင်း(၆၀၁)။ခြေသလုံးဒါဏ်ရာ။
၃၃၁။ရဲဘော်စံလှ-တပ်ကြပ်ကြီး။တပ်ရင်း(၆၀၁)။၁၉၉၂။ဒူးခေါင်းဒါဏ်ရာလက်နက်ကြီးထိ။
၃၃၂။ရဲဘော်ရန်အောင်-တပ်သား။တပ်ရင်း(၆၀၁)။၁၉၉၂။ဝဲတံတောင်ဆစ်ကျည်ထိ။
၃၃၃။ရဲဘော်နိုင်နိုင်-ဆေးမှုး။တပ်ရင်း(၆၀၁)။ပေါင်တွင်ကျည်ထိ။
၃၃၄။ရဲဘော်တောင်ကြီး-တပ်သား။တပ်ရင်း(၆၀၁)။၁၉၉၃။လက်ပြင်တွင်လက်နက်ကြီးထိ။
၃၃၅။ရဲဘော်ဇော်ကိုနိုင်-က/ပ၄၀၄၄။တပ်သား။တပ်၇င်း(၆၀၁)။ခြေသလုံးဒါဏ်ရာ။
၃၃၆။ရဲဘော်ခွန်းတသန့်-တပ်သား။တပ်ရင်း(၆၀၁)။၁၉၉၂။ခြေသလုံးဒါဏ်ရာ။
၃၃၇။ရဲဘော်ညီညီအောင်-က/ပ၅၆၁၃။တပ်သား။တပ်၇င်း(၆၀၁)။ကျောကုန်းဒါဏ်ရာမိမိမိုင်းထိ။
၃၃၈။ရဲဘော်အယ်ဒိုး-တပ်ရင်း(၆၀၁)။
၃၃၉။ရဲဘော်ရဲနီကို-တပ်ရင်း-၆၀၁။ကရိန်နီ။
၃၄၀။ရဲဘော်တင်အောင်-က/ပ၅၁၅၇။တပ်ရင်း(၈၀၁)။တပ်စုမှုး။၁၉၉၄။မျက်လုံး၊လည်ပင်းဒါဏ်ရာ။
၃၄၁။ရဲဘော်ငေးလယ်-က/ပ၅၁၈၆။တပ်သား။တပ်ရင်း(၈၀၁)။၃/၃/၁၉၉၇။မကဒတအလုပ်အဖွဲ့ဝင်။အခြေခံ ဒေသထိုးဖောက်ရေးနယ်မြေ။အထူးဒေသဂွင်။အင်ားကီးပေါက်တိုက်ပွဲတွင်ယာဘက်ခြေသလုံးကျည်ထိ။
၃၄၂။ရဲဘော်ထွန်းသူ-တပ်သား။တပ်ရင်း(၁)။
၃၄၃။ရဲဘော်စိုးမင်းအောင်-ဒုတပ်စိတ်မှုး။တပ်၇င်(၁)။
၃၄၅။ရဲဘော်ရဲကြီး-ဆေးမှုး။တပ်ရင်း(၁)။
၃၄၆။ရဲဘော်မင်းဦး-တပ်သား။တပ်ရင်း(၁)။
၃၄၇။ရဲဘော်မောင်ဇော်-ဒုစိတ်မှုး။တပ်ရင်း(၁)။
၃၄၈။ရဲဘော်တင်ထွန်း-တပ်သား။တပ်ရင်း(၁)။
၃၄၉။ရဲဘော်စုစု-တပ်သား။တပ်ရင်း(၁)။၁၂/၃/၁၉၉၇။မျက်လုံးတဘက်ဆုံး။တဘက်ဒါဏ်ရာ။
၃၅၀။ရဲဘော်ပန်းလှိုင်-တပ်သား။တပ်ရင်း(၁)။၁၉၉၇။မြိတ်။-ဘုတောပုလောတိုက်ပွဲ။
၃၅၆။ရဲဘော်သန်းမြင့်(ကိုဖြူ)က/ပ၄၅၇၉။တပ်ကြပ်ကြီး။တပ်ရင်း(၃)၁၉၉၆။၉ချလယ်တယ်တိုက်ပွဲ။ဝဲဘက်ပါး ဒါဏ်ရာ။
၃၅၇။ရဲဘော်ဆန်းထိုက်-က/ပ၅၅၂၂။တပ်သား။တပ်ရင်း(၃)။(၀င်းမောင်း-ကျွန်းပင်ဝင်ားကားတိုက်ပွဲ)။
၃၅၈။ရဲဘော်မောင်ဌေး-က/ပ၅၁၄၃။တပ်သား။တပ်ရင်း(၃)။
၃၅၉။ရဲဘော်လှသိန်း-တပ်ရင်း(၃)။
၃၆၀။ရဲဘော်တိုးဝင်း-တပ်စိတ်မှုး။တပ်ရင်း(၇)။၂၉/၈/၁၉၉၈။ခြေတဘက်မိုင်းထိ။
၃၆၁။ရဲဘော်ထွန်းဦး-တပ်သား။တပ်ရင်း(၇)။၁၉၉၇။ဝဲဘက်ခြေထောက်မိုင်းထိ။
၃၆၂။ရဲဘော်ခိုင်စိုး-တပ်သား။တပ်ရင်း(၇)။၁၉၉၉။ခြေတဘက်မိုင်းထိ။
၃၆၃။ရဲဘော်ကျော်ကိုကို-က/ပ၃၃၁၄။ဗဟိုကော်မီတီ။တပ်ရင်း(၇)။၂၄/၄/၁၉၉၇။(ရှစ်လေးလုံးစခန်းတိုက်ပွဲ) ၀ဲဘက်ပါးကျည်ဖြတ်မှန်။သါားကျွတ်ထွက်။
၃၆၄။ရဲဘော်မြင့်ဇော်-ဆေးမှုး။တပ်ရင်း(၇)။၁၉၉၇။တနသာၤရီ၊သိမ္ခုန္ရြာအနီး-ေလးအိမ္စုတိုက္ပြဲ။လက် ဒါဏ်ရာ။
၃၆၅။ရဲဘော်နွေမိုး-တပ်စိတ်မှုး။တပ်ရင်း(၇)။၁၉၉၇။တနသာၤရီ။ကျောက်မိချောင်းတိုက်ပွဲ။ဝဲလက်မောင်ကျိုး။
၃၆၆။ရဲဘော်မောင်ဝင်း-က/ပ၄၀၂၃။တပ်စုမှုး။တပ်ရင်း(၈)။၁၂/၁၁/၂၀၀၁။အပေါင်ချောင်းဖျားတိုက်ပွဲ။ အဆုတ်ဒါဏ်ရာရ။
၃၆၇။ရဲဘော်ဇင်မိုး-တပ်သား။တပ်ရင်း(၈)။၎/၆/၂၀၀၀။နော်ဒဲရွာတိုက်ပွဲ။ကျောက်ကပ်(၁)လုံးထုတ်လိုက်ရ။
၃၆၈။ရဲဘော်သန့်ဇင်ထွေး-တပ်စိတ်မှုး။တပ်ရင်း(၈)။၅/၅/၂၀၀၃။မော်ကလာတပ်မဟာ(၇)မြေပြတ်မိုင်းထိ။
၃၆၉။ရဲဘော်အာလီ-တပ်သား။တပ်ရင်း(၉)။၁၅/၁၀/၁၉၉၈။လှိုင်းဘွဲ့မြို့နယ်။မြေတဘက်ပြတ်မိုင်းထိ။
၃၇၀။ရဲဘော်အောင်သူရ-တပ်သား။တပ်ရင်း(၈)၃/၁/၂၀၀၄။ဖလူးစခန်း။တပ်မဟာ(၆)မိုင်းထိ။
၃၇၁။ရဲဘော်သောင်းတင်ဦး-က/ပ၅၄၉၀။တပ်ကြပ်ကြီး။ဗလတ။၁၉၉၇။သို့သေဒဲ။ယာမျက်လုံးဒါဏ်ရာရ။
၃၇၂။ရဲဘော်ပန်းအေး-က/ပ၅၄၈၅။တပ်သား။လက်မောင်းကျိုး။
၃၇၃။သိန်းဝေ-က/ပ၅၄၆၃။တပ်သား။ဗလတ။၁၉၉၆။ကျောက်ကျိုးတိုက်ပွဲ။လက်ဒါဏ်ရာ။
၃၇၄။ရဲဘော်ဖိုးချို-က/ပ၅၄၉၇။တပ်စိတ်မှုး။ဗလတ။၁၉၉၆။လေးဝါး-ခလှဲ့ခီးကြားတိုက်ပွဲ။မျက်စိဒါဏ်ရာရ။
၃၇၅။ရဲဘော်ဇော်ဦး-က/ပ၅၄၉၂။တပ်သား။ဗလတ။၁၉၉၄။ဒေါင်းဂွင်တိုက်ပွဲ။မျက်လုံး၊လည်ပင်းဒါဏ်ရာ။
၃၇၆။ရဲဘော်လှခင်-တပ်ကြပ်ကြီး။ဗလတ။၉/၁၂/၂၀၀၁။ကေအန်ယူ။တပ်မဟာ(၅)ဒေသ။ဝဲခြေထောက်ဒူး အထက်တွင်ဖြတ်လိုက်ရ။(မိုင်းထိ)။
၃၇၇။ရဲဘော်မြင့်သိန်း-က/ပ၅၄၉၈။တပ်သား။ဗလတ။၁၉၉၈။ခလှဲဝီဒဲတိုက်ပွဲ။ခြေခုံမှခြေဖနှောက်နှင့်ထုတ် ချင်းပေါက်။
၃၇၈။ရဲဘော်မိုးမင်းမင်း-တပ်ဖွဲ့မှုး။ရထလ။၂၂/၆/၂၀၀၂။ဝဲကြီး။ယာခြေပြတ်မိုင်းထိ။
၃၇၉။ရဲဘော်ရန်နိုင်စိုး-ဆေးအရာခံဗိုလ်။ဆတဖ။၃/၈/၂၀၀၂၀ဲကြီး။ဝဲခြေပြတ်။မိုင်းထိ။
၃၈၀။ရဲဘော်နေဒွန်း-က/ပ၀၁၇၄။(မပ)၁၉၉၆။(မိုးညှင်း၊အေ၇ှာင်တိုက်ပွဲဒူးဆစ်ဒါဏ်ရာ။
၃၈၁။ရဲဘော်ကျော်စိုးမိုး(ခ)လင်းမြွေ။က/ပ၃၀၂၅။တပ်ရင်း(၆၀၁)။တပ်သား။ရလလဖ။ဗန်းမတ်တိုက်ပွဲ။
ယာဘက်ပါးဒါဏ်ရာခွင်းဗုံးအစထိ။



ကျည်ဝေဖြိုး။
ဆက်လက်ရေးသားပါဦးမည်။

Wednesday, November 24, 2010

နှင်းဆီရောင်တော်လှန်ရေး ရုပ်ပုံလွှာ အပိုင်း(၁၆)။

နှင်းဆီရောင်တော်လှန်ရေး ရုပ်ပုံလွှာ အပိုင်း(၁၆)
စစ်အာဏာ၇ှင်စနစ်ကိုတော်လှန်ပြီးဒီမိုကရေစီလူထုအုပ်ချုပ်ရေးစနစ်ဖြင့်အစားထိုးမည်ဟုရည်မှန်းချက်ကိုယ်စီဖြင့်ကရင်ပြည်နယ်တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်အခြေခံဒေသများတွင်ကျောင်းသားတပ်မတော်တပ်ရင်းများအခိုင်အမာတပ်စွဲထာားကြပြီးKNUတပ်မဟာအသီးသီတွင်လည်းကောင်း၊KNUဗဟိုဌာနချုပ်ဖြစ်သောမာနယ်ပလောတွင်KNUလက်နက်ကိုင်တပ်ရင်းအသီးသီးနှင့်အတူတကွလက်တွဲပြီးKNUနယ်မြေသို့ထိုးစစ်ဆင်လာသောရန်သူ့တပ်များကိုခံစစ်ကုန်းများတွင်လည်းကောင်း၊ပြောက်ကျားကုန်းများတွင်လည်းကောင်း၊နယ်မြေကာကွယ်ရေးအတွက်အသက်စွန့်တိုက်ပွဲဝင်ခဲ့ကြသည့်အထဲတွင်ကျောင်းသားတပ်မတော်မှရဲဘော်များမှာတော်လှန်ရေးအတွက်ရိုးသားစွာပေးဆပ်ရင်းအသက်စွန့်သွားကြသူများရှိခဲ့ကြသည်။ထိုသို့စွန့်လွှတ်ပေးဆပ်နေချိန်အတွင်းတဘက်မှာလည်းတပ်းတွင်းပဌိပက္ခများတချိန်တည်းရှိနေခဲ့ပြန်သ်။တပ်ရင်းအချို့မှာဗဟိုဦးစီးချုပ်ကိုင်မှုကိုစည်းမျဉ်းစည်းကမ်းအရလိုက်နာကြသော်လည်းဗဟို၏တိုက်ရိုက်စီမံခန့်ခွဲမှုကိုလက်တွေ့အရမလိုက်နာနိုင်ကြသည့်လုပ်ဟန်များကိုတွေ့ရပြန်သည်။ဗဟိုတွင်တာဝန်အပေးခံရသူများမှာတပ်ရင်းမှတာဝန်အပေးခံရသောကိုယ်စားလှယ်များဖြစ်ကြပြီးထိုကိုယ်စားလှယ်များမှညီလာခံကိုကျင်းပပြီးဗဟိုကော်မီတီများကိုရွေးချယ်ကြသည်။ညီလာခံမှရေါးချယ်လိုက်သောဗဟိုဦးဆောင်ကော်မီတီများနှင့်ဗဟိုကော်မီတီဝင်များမှနိုင်ငံရေးသီးဆောင်မှုကိုယူပြီးတပ်ဥိးကိုနိုင်ငံရေးအရအုပ်ချုပ်စီမံခန့်ခွဲသည်။နိုင်ငံရေးဦးဆောင်သောဗဟိုကော်မီတီဝင်များကိုသက်ဆိုင်ရာတပ်ရင်းအလိုက်ရှေ့တန်းနယ်မြေများအတွက်စီမံခန့်ခွဲရေး၊၀ါဒဖြန့်ချိရေးစသည့်လုပ်ငန်းစဉ်များစီမံထားကြသော်လည်းအောက်ခြေတပ်များမှတပ်မှုးအချို့နှင့်သဘောထားမတိုက်ဆိုင်မှုများရနေကြ
တာကိုတွေ့ရပြန်သည်။အောက်ခြေတပ်အချို့၏သဘောမှာ၎င်းတို့ရှေ့တန်းဆင်းလျှင်ဗဟိုကော်မီတီဝင်များပါလိုက်ပါပြီး၎င်းတို့နှင့်အတူတိုက်ပွဲဝင်စေလိုသည်။သို့သော်လက်တွေ့လုပ်ငန်းများတွင်ဗဟိုကော်မီတီဝင်များပါဝင်မှုအားနည်းတာတွေ့ရသည်။အထူးသဖြင့်တော်လှန်ရေးသို့ရောက်ရှိလာကြသောရဲဘော်အများစုမှာတော်လှန်ရေးကာလအတွင်းအတွေးအခေါ်အရရေရှည်တည်ဆောက်ရမည်ဆိုသည့်တော်လှန်ရေးအတွေးအခေါ်များဆင်းရဲခဲ့သည်များတွေ့ရသည်။တော်လှန်ရေးဆိုသည်မှာနေ့ချင်း၊ညချင်း၊အောင်မြင်သည့်ကိစ္စမဟုတ်ပါ။တော်လှန်ရေးအတွေးအခေါ်စာပေများဖတ်သာဖတ်ပြီးလက်တွေ့ရင်ဆိုင်ဖြတ်သန်းရမည့်အခြေအနေများ၌၄င်းတို့မရှိကြ။ထိုသို့သောကိစ္စတွင်တပ်ဦးကိုဦးဆောင်သောခေါင်းဆောင်များ၏အတွေးအခေါ်မရှင်းလင်းပဲအောက်ခြေကိုထိမ်းသိမ်းကွပ်ကဲရာတွင်လွဲမှားသောကွပ်ကဲစီမံမှုများရှိခဲ့၍ဖြစ်သည်ဟုကောက်ချက်ချမိသည်။ဖတ်မှတ်ခဲ့ဘူးသည့်ကမ္ဘာ့တော်လှန်ရေးများတွင်ပထမအစတော်လှန်ရေးကိုဦးဆောင်သူများမှာပညာတတ်ခေါင်းဆောင်များဖြစ်ကြသည်။ထိုခေါင်းဆောင်များမှာတော်လှန်ရေးကိုရေရှည်ဦးဆောင်မှုကိုမယူပဲနိုင်ငံရေးအရ၊သမိုင်းကြောင်းအရနာမည်ကောင်းယူပြီးလမ်းတ၀က်မှာပဲအနားယူပြီးတကိုယ်ရည်လွပ်မြောက်ရေးအတွက်နိုင်ငံခြားတိုင်ပြည်များသို့ထွက်၍အလုပ်လုပ်ကိုင်ရင်းနိုင်ငံခြားအစိုးရများနှင့်မြန်မာ့နိုင်ငံရေးအကြောင်းမစားရ၀ခမန်းပြောကြသည်။နိုင်ငံခြားအစိုးရများမှ၎င်းတို့ကိုဘတ်ဂျက်ငွေများချပေးသည်။ထိုငွေများဖြင့်မဖြစ်မနေနယ်စပ်များသို့(၃)ပုံ(၁)မျှပေးပြီး၎င်းတို့ကြအခန့်သားနေထိုင်ပြီးလူထုနှင့်တဘ၀တည်းမတည်ဆောက်နိုင်ကြပါ။ထို့ကြောင့်တောထဲ၊တောင်ထဲတွင်အမှနတကယ်ကျန်ရစ်ခဲ့ကြသူများမှာပညာမတတ်သူအများစုကျန်ရှိပြီးပညာတတ်အချို့မှထိုသူများကိုစီမ့ခန့်ခွဲပြီးတော်လှန်ရေးတာဝန်များထမ်းဆောင်ကြသူများရှိကြသည်။ယနေ့အချိန်အထိတပ်တွင်းတွင်အတွေးအခေါ်ပဌိပက္ခများရှိနေသေးသည်ဟုကောက်ချက်ချမိ၏။အကယ်၍မရှိဟုဆိုလျှင်လည်းအကျိုးစီးပွားအရညီညွှတ်ရေးလို့ပဲတထစ်ချယု့ကြည်မိသည်။
ရဲဘော်မင်းဇော်ဦး(သို့မဟုတ်)နဂါး။
မနေ့က၂၀၀၆ခုနှစ်။ဖေဖော်ဝါရီလ(၁)ရက်နေ့။တချိန်ကတက်ကြွလန်းဆန်းခဲ့သောတော်လှန်ရေးဖြတ်သန်းမှုများကိုတစိမ့်စိမ့်စဉ်းစားရင်းအတွေးတွေကတစု့လု့းတော်လှန်ရေးနယ်မြေတခုတည်းမှာအတူတကွနာခံဖြတ်သန်းခဲ့ကြသည့်ရဲဘော်တွေအကြောင်းစဉ်းစားနေမိ သည်။၂၀၀၂ခုနှစ်တွင်ABSDFအဖွဲ့အစည်းညီလာခံကျင်းပပြီးတာဝန်တွေခွဲဝေယူကြသည်။ထိုညီလာခံကျင်းပနေချိန်အတောအတွင်းအဖွဲ့အစည်းတွင်မည်သည့်တာဝန်ယူထားသည့်ရဲဘော်ဖြစ်ပါစေညီလာခံရွေးကောက်ပွဲကာလတွင်ထိုတာဝန်များရပ်ဆိုင်းထားရသည်။ ထိုအခါညီလာခံဖြစ်မြောက်ရေးကော်မရှင်ကိုဖွဲ့စည်းရသည်။ညိလာခံဖြစ်မြောက်ရေးအဖွဲ့ဖွဲ့စည်းရာတွင်ကျနော်သည်ညီလာခံမှတ်တမ်းတင်ရုံးအဖွဲ့ဝင်အဖြစ်တာဝန်ယူရသည်။ညီလာခံသို့တက်ရောက်လာသည့်တပ်ရင်း၊တပ်ဖွဲ့ကိုယ်စားလှယ်များကိုကိုယ်စားလှယ်နံပါတ်ပြားများထုတ်ပေးရသည်။ကိုယ်စားလှယ်နံပါတ်များကိုတပ်ရင်းနံပါတ်စဉ်အလိုက်ပေးရသည်။တပ်ရင်း(၂)ညီလာခံကိုယ်စားလှယ်အဖြစ်
တက်ရောက်လာကြသည့်တပ်မှုးများတွင်ရဲဘော်ဇော်မင်းဦး(ခ)နဂါးလည်းပါဝင်သည်။သူ့ကိုကျနော်စတွေ့စဉ်ကဒေါင်းဂွင်ဌာနချုပ်ကြီး
တွင်ဖြစ်သည်။သူကယခင်တပ်ရင်းတွေမဖွဲ့စည်းစဉ်တုန်းကတပ်ရင်း(၂၀၇)မှရဲဘော်ဖြစ်သည်။မကဒတမှမဟာမိတ်ကေအန်ယူထံတွင်
ရေဒီယိုထောက်လှမ်းရေးသင်တန်းကိုသွားရောက်သင်ယူခဲ့ရသည့်ပထမအုပ်စုတွင်ပါဝင်သည်။ရဲဘော်ဇော်မင်းဦးမှာစကားပြောရာတွင် အမြဲတမ်းတက်ကြွလန်းဆန်းနေသည်။သူ့ကိုကြည့်ရင်းကျနော်တက်ကြွလန်းဆန်းနေမိသည်။သို့သော်ထိုအချိန်တုန်းကသူနှင့် ကျနော်သိပ်ရင်းနှီးကျွမ်းဝင်မှုမရှိလှသေး။ကျနော်သည်ဗီဒီယိုမှတ်တမ်းတာဝန်ဖြင့်ညီလာခံတွင်တာဝန်ယူနေရသည်။ကိုယ်စားလှယ်ခေါင်းဆောင်များတက်တက်ကြွကြွဆွေးနွေးကြသည့်အထဲတွင်ရဲဘော်ဇော်မင်းဦး(ခ)နဂါးမှာဆွေးနွေးတာသိပ်မရှိလှနှုတ်ဆိတ်နေတာတွေ့ရ၍ကျနော်အားမလိုအားမရဖြစ်နေမိသည်။သို့သော်ကျနော်ထင်ထားသလိုမဟုတ်။သူ့မှာဘာမျှဆွေးနွေးစရာမလိုအောင်ပြီးပြည့်စုံသောခံယူချက်သံဓိဌာန်ကရှိနေခဲ့သည်ဆိုတာကိုကျနော်ထိုအချိန်ကမသိခဲ့။ညီလာခံပြီးသွား၍ကျနော်သည်စည်းရုံးရေဌာနတွင်စာကြည့်တိုက်မှုးတာဝန်ယူနေချိန်ကာလများတွင်စာကြည့်တိုက်သို့ရဲဘော်ဇော်မင်းဦးရောက်ရောက်လာတတ်သည်။တော်လှန်ရေးအတွေးအခေါ်ဆိုင်ရာစာအုပ်စာတမ်းများ၊သတင်းစာများငှားသွားလေ့ရှိသည်။ရံဖန်ရံခါများတွင်စာအုပ်တွေဖတ်ဘို့မရှိသလောက်အချိန်များတွင်ဟေ့ခင်ဗျားမှာဖတ်စရာဘာစာအုပ်တွေ၇ှိသလဲ၊ရှိရင်ကျနော့်ကိုငှားစမ်းပါဦးကျနော့်ထံတွင်အမြဲဖတ်လေ့ရှိသောပြည်သူ့အာသာစာစဉ်၊ဒုဗိုလ်မှုးကြီ
းသောင်းထိုက်၏ပထ၀ီနိုင်ငံရေးစာအုပ်များကိုဖတ်စေချင်သည်အတွက်ကြောင့်ကျနော်ငှားလိုက်သည်။ဖတ်ပြီးလျှင်ကျနော့်ထံဆက်ဆက်ပြန်အပ်ရန်ဆိုသည့်ကတိကိုလည်းတပါတည်းတောင်းထားလိုက်သည်။နောက်ပိုင်းအချိန်များတွင်ကျနော်ထံမှပြည်သူ့အာဏာစာစောင်ကိုအမြလြိုလိုမှာယူဖတ်ရှု့သည်။ကျနော်၏စာကြည့်တိုက်တည်နေရာမှာယခင်မဲခေါင်းခါးဇလားဒုက္ခသည်စခန်းတွင်ဖြစ်သည်။ဒုက္ခသည်စခန်းထဲမှရပ်ကွက်(၁၃)ဆိုသည့်ရပ်ကွက်ဖြစ်သည်။ရံဖန်ရံခါရဲဘော်ဇော်မင်းဦးတို့ဇနီးမောင်နအိမ်သို့အလည်ရောက်သွားတတ်သည်။ထိုအခါသူ၏ဇနီးမှကျနော့်အားလူပျိုကြီးကျမသမီးကိုစောင့်ဟုနောက်တတ်သည်။ကျနော်ကသူဇနီးကိုယောက္ခမကြီးဟုခေါ်ဝေါ်တတ
်သည်။တနေ့ကျနော်နှင့်ရဲဘော်ဇော်မင်းဦးတို့ညဘက်တွင်စာကြည်တိုက်ရှေ့မြေတလင်း၌ထိုင်ခုံကိုယ်စီဖြင့်လသာထဲတွင်ရောက်တတ်၇ာရာပြောဆိုကြရင်းကျနော်မှသူ့အားအရေးကြီးသည့်နိုင်ငံရေးသတိ၊စစ်ရေးသတိရှိရန်ဆိုသည့်အကြံပြုချက်ကိုဆွေးနေါးခဲ့သည်။ထိုအခါသူကအပြုံးဖြင့်စိတ်ချပါကျနော်လည်းအဲဒီသတင်းကိုရပြီးပါပြီ။သူတို့မလုပ်နိုင်လောက်ပါဘူးဆိုသည့်သဘောဖြင့်နှစ်သိပ်တတ်သည်။ယခုသူတပ်ရင်းမှုးတာဝန်ကိုတပ်ရင်း(၂)တွင်တာဝန်ယူရသည့်အချိန်တွင်တပ်ရင်း၌တိုက်ခိုက်ရေးအင်အား()ခန့်ရှိသည်။ထိုအထဲတွင်ရန်သူ့တပ်မှထွက်ပြေးပြီးABSDFအဖွဲ့အစည်းတွင်အလင်းဝင်လာသောယခင်ရန်သူ့တပ်ကြပ်ကြီးသည်တပ်ရင်း(၂)တွင်ရဲဘော်အဖြစ်တာဝန်ထမ်းဆောင်နေတာသိရ၍ကျနော့်စိတ်ထဲဘ၀င်မကျလှ။အဘယ့်ကြောင့်ဆိုသော်ရဲဘော်ဇော်မင်းသီးအတွက်အသက်အန္တရာယ်စိုးရိမ
်သောကြောင့်ဖြစ်သည်။၂၀၀၂ခုနှစ်။နှစ်ဆန်းပိုင်းတွင်မကဒတဗဟိုကော်မီတီပုံမှန်အစည်းအဝေးလုပ်ဖြစ်သည်။ထိုအစည်းအဝေးတွင်
လက်နက်ကိုင်တော်လှန်ရေး၏ရပ်တည်ရှင်သန်မှုကယခုထက်နောင်တွင်အကြပ်အတည်းပိုမိုတွေ့လာနိုင်သည်ဆိုသည့်အလားအလာ
များကိုဆွေးနွေးကြသည်။နောက်ဆုံးမကဒတထူထောင်ခြင်း(၁၅)နှစ်မြောက်တပ်မတော်နေ့ကျင်းပရန်အတွက်ဂုဏ်ပြုတပ်ခွဲကိုစစ်ရေးချီတက်မငသင်တန်းများ၊မြေပုံဘာသာရပ်များ၊နိုင်င့ရေးသင်တန်းများ၊ပေးကြရာတွင်ရဲဘော်ဇော်မင်းဦးနှင့်ကျန်သည့်တပ်မငးများမှာဂုဏ်ပြုတပ်ခွဲသင်တန်းသားများကိုသက်ဆိုင်သည့်ဘာသာရပ်များပို့ချကြသည်။ထိုအထဲတွင်ရဲဘော်ဇော်မင်းဦးမှမြေပုံဘာသာရပ်သင်ကြားခြင်းတာဝန်ယူသည်။ကျနော်တို့စည်းစည်းလုံးလုံးဖြင့်ထိုသင်တန်းကြီးအောင်မြင်စွာပြီးဆုံးခဲ့သည်။သင်တန်းပြီးဆုံး၍နောက်တနေ့တွင်ရဲဘော်ဇော်မင်းဦးတို့တပ်ရင်းမှကျနော်တို့ကိုဖိတ်၍တပ်ရင်းတွင်တောင်ပေါ်သင်တိုင်းဖြူကရင်ရွာမှချက်သောဆန်အရက်ဝယ်၍စကားစမြည်
ပြောကြသည်။
-(ရဲဘော်ဇော်မင်းဦး)-ကျနော့်အဖေကမဆလစစ်ဗိုလ်ဗျ။တကယ်ဆိုကျနော်ဟာမဆလအမျိုးနွယ်ဗျ။၁၉၈၈ခုနှစ်တတိုင်းပြည်လုံးမဆလတပါတီအာဏာရှင်ကိုသပိတ်မှောက်တဲ့အချိန်မှာကျနော်သပိတ်တပ်ဦးရှေ့မှာပါဝင်ခဲ့တယ်။အခုတောထဲကိုရောက်တဲ့အထိပေါ့။ကျ
နော်နဲ့တောခိုလာတဲ့အဖော်တွေလည်းနိုင်င့ခြားကိုထွကိကုန်ပြီ။ကျနော်တယောက်ထဲတောထဲမှာကျန်ခဲ့တယ်။ကျန်ခဲ့ရခြင်းရည်ရွယ်ချက်ကကျနော့်အဖေကျန်ရစ်ခဲ့တဲ့မဆလအမျိုးဆိုတဲ့သမိုင်းကြွေးကိုအခုတော်လှန်ရေးနယ်မြေမှာဒီမိုကရေစီရရှိတဲ့အချိန်အထိလက်နက်ကိုင်တော်လှန်ရေးကမစွန့်ခွာပဲသေတဲ့အထိရန်သူကိုတိုက်ခိုက်တော်လှန်သွားမယ်လို့သံဓိဌာန်ချထားလို့ပဲ။သူ၏ခံစားချက်ပြင်းလွန်းစွာပြောနေသောစကားများကိုကျနော်နားထောင်ရင်းသူ၏မျက်ဝန်းထဲမှမျက်ရည်စအချို့ကိုကျနော်တွေ့နေရသည်။ထို့နောက်သူနှင့်ကျနော်(၁)နှစ်ကျော်သည်အထိလူခြင်းမတွေ့ရတော့။အဘယ့်ကြောင့်ဆိုသော်ကျနော်ကအခြားနေရာတခုမှာ။
၂၀၀၆ခုနှစ်။ဖော်ဝါရီလ(၁၁)ရက်နေ့။ရဘြော်ဇော်မင်းဦး(ခ)နဂါးကျသွားပြီတဲ့။ရန်သူ့တပ်ကြပ်ကြီးအပေါင်းအပါ(၁)ယောက်ကသူ့ကိုသေနတ်နှင့်လုပ်ကြံပစ်သတ်သွားပြီ။ရင်ထဲတွင်ကြေကွဲမှုပေါင်းများစွာဖြစ်ခဲ့ရသည့်အထဲတွင်ဒီတခါလည်းကျနော်နှလု့းသားထဲကိုကြေကွဲမှုတွေထပ်ရပြန်သည်။ကျနော်သည်သူနှင့်စကားလက်ဆုံဖြစ်ခဲ့ကြသည့်စကားဝိုင်းလေးကိုတလှည့်၊သူ၏သံဓိဌာန်ပြတ်သားမှုတွေကိုတလှည့်အတွေးတေါပြေးလွှားရင်းပြန်လည်လို့ရယူမနိုင်သည့်နစ်နာဆုံးရှုံးမှုကြီးတခုပိုင်ဆိုင်ခ့စာနေရရင်း။အမှန်တရားတို့ဘာ့ကြောင့်လုပ်
ကြံခံနေရသနည်းဟုမေးခွန်းတွေမေးနေမိတော့လေသည်။

ဆက်လက်ရေးသားကြိုးစားပါဦးမည်။
ကျည်ဝေဖြိုး

Friday, November 12, 2010

နှင်းဆီရောင်တော်လှန်ရေး ရုပ်ပုံလွှာ အပိုင်း(၁၅)

နှင်းဆီရောင်တော်လှန်ရေး ရုပ်ပုံလွှာ အပိုင်း(၁၅) စစ်ဆင်ရေးတိုက်ပွဲကြီးများမှတ်တမ်း။အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေတိုက်ပွဲများ။အောင်ဟိန်းစိုးစစ်ဆင်ရေး။ ။၁၉၈၈ခုနှစ်မှ၁၉၈၉ခုနှစ်အထိ)တိုက်ပွဲကြီးတိုက်ပွဲငယ်များဖြစ်ပွားခဲ့သည်။ရန်သူ့ဘက်မှအရာရှိစစ်သည်(၁၂၄)ဦးကျဆုံးပြီး(၁၂၈)ဦးဒါဏ်ရာရရှိခဲ့သည်။အမှတ်(၁)စစ်ဗျူဟာနယ်မြေ။
နမ္မတူ၊သိန္ဒီ၊ဗုံးဟော်၊မုံကျွတ်၊မုံထွန်း၊လွယ်ပန်ကော်ဒေသများကိုရန်သူစစ်တပ်မှထိုးစစ်ဆင်ပြုလုပ်ခဲ့သည်။ထိုးစစ်ပြုလုပ်ခဲ့သည့်တပ်များမှာခလရ-၄၁/၆၈/၆၉/တို့ဖြစ်သည်။ရန်သူ့ဘက်မှအရာရှိစစ်သည်(၄)ဦးကျဆုံး ၍(၁)ဦးဒါဏ်ရာရှိခဲ့သည်။
အမှတ်(၂)စစ်ဗျူဟာ။
ကျောက်မဲ၊သီပေါ၊ဂုတ်ထိတ်၊ရတနာသိဂီင်္၊မိုင်းငေါ့၊နမ့်ဆန်ဒေသများကိုရန်သူ့ဘက်မှခလရ-၂၂/၂၃/၈၈/၆၉/ တို့မှစစ်ဆင်ရေးပြုလုပ်ရာSSA(ရှမ်းပြည်တပ်မတော်)နှင့်တိုက်ပွားခဲ့သည်။ထိုတိုက်ပွဲတွင်ရန်သူဘက်မှ(၄)ဦး ကျဆုံး၍(၁၅)ဦးဒါဏ်ရာရရှိခဲ့သည်။
အမှတ်(၃)စစ်ဗျူဟာ။
တန့်ယန်၊မိုင်းရယ်၊မိုင်းကောင်၊နောင်လိုင်၊မန်ကန်၊လွယ်ပန်လုံဒေသများကိုရန်သူမှစစ်ဆင်ခဲ့သည်။ခလရ၃၃/၆၇/၆၈/၂၃/တပ်များနှင့်SSAတို့တိုက်ပွဲဖြစ်ပွားခဲ့သည်။ရန်သူ့ဘက်မှ(၁၄)ဦးကျဆုံး၍(၂၇)ဦးဒါဏ်ရာ ၇ရှိခဲ့သည်။ထို့အပြင်မိုးမိတ်၊နမ့်ခမ်း၊မူဆယ်၊မုံးယု၊ကွတ်ခိုင်၊မုံစီး၊နားလယ်၊ကွန်းလုံ၊ဟိုပန်။ပန်လုံဒေသများကို လည်းရန်သူတပ်များမှထိုးစစ်ဆင်ခဲ့ကြသည်။ခမရ၉၉အမှတ်၉၄)ကချင်သေနတ်ကိုင်တပ်ရင်းခလရ-၃/၁၀/ ၄/၇/၉/၁၀/၁၂/၁၃/၁၀၃/၁၀၉/စုစုပေါင်းတပ်ရင်း(၁၀)ရင်းဖြင့်SSAအားထိုးစစ်ဆင်ခဲ့ပြန်သည်။ထိုတိုက်ပွဲ တွင်လည်းရန်သူဘက်မှတရားဝင်(၁၁၆)ဦးကျဆုံး၍(၅၅)ဦးဒါဏ်ရာရရှိပြီး(၁၉)ဦးSSAထံလက်နက်ချသွား ခဲ့သည်။
၁၉၈၈ခုနှစ်။ဒီဇင်ဘာလ(၈)ရက်နေ့မကောက်တိုက်ပွဲ။
ဗမာပြည်ကွန်မြူနစ်ပါတီ၊တပ်မဟာ၉၁၀လက်အောက်ခံတပ်ဖွဲ့များနှင့်ရန်သူခမရ၁၀၉စစ်ကြောင်း(၂)တပ်ခွဲ(၁)တို့တာမိုး ညဲရိက္ခာထုတ်ယူပြီးအပြန်မကောက်အနီးတွင်ဗမာပြည်ကွန်မြူနစ်ပါတီတပ်ဖွဲ့များမှတပ်မဟာ(၁)နိုင်ငံရေးမှုးဗိုလ်ကောက် လျန်တို့မှဆီးကြိုတိုပ်ပွဲဖြစ်ပွားရာရန်သူဖက်မှ(၅)ဦးကျဆုံး၍(၅)ဦးဒါဏ်ရာရပြီး(၁)ဦးဗမာပြည်ကွန်မြူနစ်ပါတီတပ်ဖွဲ့များထံ
လက်နက်(၄)နက်နှင့်အတူဝန်တင်လား(၁၆)ကောင်နှင့်အတူလက်နက်ချအလင်းဝင်ခဲ့သည်။
၁၉၈၈ခုနှစ်၊ဒီဇင်ဘာ(၁၃)ရက်။
ခလရ(၃)တပ်ရင်းမှုးဗိုလ်မှုးလှမြင့်ဦးစီးသောစစ်ကြောင်း(၂)၊တပ်ခွဲ(၂)ခွဲသည်နားစီးမှထွက်ခွာ၍ကုန်းဆော(တရုပ်)ရွာသို့ ရောက်ရှိလာရာနံနက်(၁၁)နာရီခွဲတွင်ဗကပတပ်ဖွဲ့ဝင်အင်အား(၄၀)ခန့်မှရွာတောင်ဘက်ခြမ်းမှနေရာယူထားသောရန်သူ တပ်စုကိုဦးဆုံးဖြိုခွင်းတိုက်ခိုက်ခဲ့သည်။ထိုတိုက်ပွဲတွင်၇န်သူဘက်မှအရာရှိ(၅)ဦး၊အခြားအငယ်တန်းအရာရှိ(၉၄)ဦး ကျဆုံး၍(၁၃)ဦးဒါဏ်ရာရရှိကာစစ်ကြောင်းမှုးအပါအ၀င်(၁၈)ဦးတို့လက်နက်မျိုးစုံ(၁၂၅)လက်နှင့်အတူဗကပထံလက်နက်ချအလင်းဝင်သွားခဲ့သည်။
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုက်ပွဲများ။
၁၉၈၈ခုနှစ်။စက်တင်ဘာ(၂၈)ရက်။
ခလရ(၅၄)စစ်ကြောင်း(၂)၊တပ်စု(၅)စုနယ်မြေရှင်းလင်းရေးအတွက်ဆိုပြီးကယားပြည်နယ်၊ဒေါတခွေခူဒေသတ၀ိုက်၌ ညနေ(၄)နာရီတွင်ကရင်နီတော်လှန်ရေးတပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ရန်သူဘက်မှအရာရှိ(၄)ဦးနှင့်တပ်သား (၇)ဦးတို့ဒါဏ်ရာရရှိခဲ့သည်။
ကျော်နိုင်စိုးစစ်ဆင်ရေး။
ခမရ-၅၅/၇၇/၅၅လက်အောက်ခံ၁၂/၁၄/၁၅/၁၇/၁၉/၂၀/တပ်ရင်းများမှကွန်းဟိန်း၊လွိုင်လင်၊နမ့်စန်၊ဟိုပုန်း၊မိုင်းပျင်း၊ဘန်းယဉ်၊ဆီဆိုင်၊မိုးနဲ၊မောက်မယ်၊လင်းခေး၊မိုင်းပန်၊ပင်လောင်း၊မိုးဗြဲ၊ဖယ်ခုံ၊မိုင်ရှူး။မုန်းစမ်း၊မော်ဖ၊မိုင်းနောင်၊၀မ်ဆင်း၊ ကျေးသီ။တပ်မောက်၊လဲခြား၊မိုင်းကိုင်၊ပန်ကေတု၊တုံလော၊မိုင်းခေး။မိုင်လား၊နောင်လုံ၊နောင်ဝိုးဒေသများကိုစစ်ဆင်ရေး ပြုလုပ်ခဲ့သည်။ထိုစစ်ဆင်ရေးတွင်၇န်သူဘက်မှ(၁၀၅)ဦးကျဆုံး၍(၂၇၀)ဦးဒါဏ်ရာရရှိခဲ့သည်။
အေ၇ှ့တောင်တိုင်းစစ်ဌာနချုပ်။
၁၉၈၈ခုနှစ်။နိုဝင်ဘာ(၂၃)ရက်။နတ်အိမ်ထောင်စခန်းတိုက်ပွဲ။
ခလရ၁၀၄၊စစ်ကြောင်း(၁)၊တပ်ခွဲ(၃)ခွဲကနတ်အိမ်ထောင်စခန်းအားဝင်ရောက်တိုက်ခိုက်ရာရန်သူဘက်မှတပ်သား(၂)ဦးကျဆုံး၍အရာရှိ(၁)ဦးဒါဏ်ရာရရှိခဲ့သည်။
၁၉၈၈ခုနှစ်။စက်တင်ဘာ(၁၅)ရက်နေ့။တပ်မဟာ(၇)KNU။
ခမရ၄၄၊အမှတ်(၄၄)နည်းဗျူဟာကွပ်ကဲမှုအဖွဲ့၊ခမရ(၄၄၂)နည်းဗျူဟာကွပ်ကဲမှုအဖွဲ့၊အမှတ်(၄၄၃)နည်းဗျူဟာကွပ်ကဲ မှုအဖွဲ့များသည်တပ်မလက်အောက်ခံအမှတ်(၁)၊အမှတ်(၁၀)၊ခမရတပ်ရင်း(၁၀)ရင်း၊အမှတ်(၂)ကချင်းသေနတ်ကိုင်တပ် ရင်းအမှတ်(၂၈)နှင့်ခလရ(၉၇)တပ်ရင်းတို့သည်လှိုင်းဘွဲ့၊ဘာအံ၊ကော့ကရိတ်၊မြ၀တီမြို့များကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ သည်။ထိုစစ်ဆင်ရေးကို-ဇွဲအောင်လင်းစစ်ဆင်ရေးဟုခေါ်သည်။KNUတပ်မာ(၇)ကခိုစခန်းအားရန်သူတပ်များက၀င်ရောက်တိုက်ခိုက်ခဲ့သည်။ထိုတိုက်ပွဲတွင်ရန်သူဘက်မှတပ်သား(၁၀)ဦးကျဆုံးပြီးအရာရှိ(၂)ဦးအပါအ၀င်(၁၉)ဦးဒါဏ်ရာရရှိခဲ့ပြီးလက်နက်(၉)လက်KNUတို့မှရရှိခဲ့သည်။
လဂွန်းပြိုစခန်းတိုက်ပွဲ။
၁၉၈၈ခုနှစ်။စက်တင်ဘာ၉၁၀ရက်။
KNUတပ်မဟာ(၁)နှင့်(၃)၊တပ်ရင်း(၂၀)ပူးပေါင်းစစ်ကြောင်းသည်ခလရ(၃၅)တပ်ရင်းစစ်ကြောင်း(၂)၊ဌာနချုပ်အခြေပြု ထားသောလဂါန်းပြိုစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့သည်။ထိုလဂွန်းပြိုစခန်းတိုက်ပွဲတွင်ရန်သူ့တပ်စုမှုး(၁)ဦးကျဆုံးပြီး တပ်သား၉၁၀)သီးဒါဏ်ရာရရှိခဲ့သည်။
ထို့နောက်ရန်သူသည်အရှေ့တောင်ဘက်ကိုက်(၁၀၀)ခန့်ကွာ၇ှိဘီအီးစခန်းဟောင်းသို့ပြောင်းရွှေ့နေရာယူရာ၌လည်းKNUတို့နှင့်ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ရာထိုတိုက်ပွဲ၌ရန်သူဘက်မှအရာ၇ှိ(၁)ဦးအပါအ၀င်(၂)ဦးကျဆုံး၍အရာ၇ှိ(၁)ဦးအပါအ၀င် (၁၀)ဦးဒါဏ်ရာရရှိခဲ့သည်။လက်နက်အချို့ကိုKNUမှရရှိလိုက်ကြောင်းသိရသည်။ထိုသို့KNUစခန်းငယ်များကိုတိုက်ခိုက် ခြင်းမှာမဲသေ)ါတိုက်ပွဲမစမီသေါးထိုးစစ်ဆင်လိုက်ခြင်းဖြစ်သည်ဟုသိ၇ှိ၇ပြီး၎င်းစစ်ဆင်ရေးတခုလုံးတွင်၇န်သူ့ဘက်မှ (၂၉၈)ဦးကျဆုံး၍(၁၃၅၂)ဦးဒါဏ်ရာရရှိကာ(၁၃)ဦးမှာKNUထံလက်နက်ချအလင်းဝင်သွားခဲ့သည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်။၁၉၈၈ခုနှစ်သြဂုတ်လ(၂၄)ရက်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းစစ်အုပ်ချုပ်ရေးရုတ်သိမ်းကြောင်းစစ်ဘက်မှတ်တမ်းများအရဆိုထားသည်။
၁၉၈၈ခုနှစ်။စက်တင်ဘာ(၁၈)၇က်နေ့၊ညနေ(၄)နာရီတွင်န၀တအဖွဲ့ကိုဖွဲ့စည်ြးီ့းနိုင်ငံတော်အာဏာကိုစစ်တပ်မှဗိုလ်ချုပ် စောမောင်ကဥက္ကဌ၊အတွင်းရေးမှုး(၁)ဗိုလ်ချုပ်ခင်ညွှန့်၊အတွင်းရေးမှုး(၂)ဗိုလ်မှုးကြီးတင်သီးတို့နှင့်အတူအဖွဲ့ဝင်(၁၉)ဦး ပါ၇ှိတဲ့န၀တကိုဖွဲ့စည်းခဲ့သည်။
ပလယ်ပိုင်းတိုင်းစစ်ဌာနချုပ်။
KNUတပ်မဟာ(၂)။
၁၉၈၈ခုနှစ်။စက်တင်ဘာ(၁၃)ရက်နေ့တွင်တပ်မဟာမှုးဗိုလ်မှုဒဘောနီဦးစီးသောတပ်မဟာ၉၂)ဌာနချုပ်လက်အောက်ခံ တပ်ခGJ၁/၂/၃တို့နှင့်ရန်သူခလ၇(၃၉)တို့ထန်းတပင်နယ်မြေရှိရေရှန်စခန်း၌တိုက်ပွဲဖြစ်ပွားခဲ့သည်။ထို့အပြင်စက်တင် ဘာလ၉၂၁)ရက်နေ့တွင်လည်းခလရ(၃၉)တပ်စု(၂၀နှင့်တိုက်ပွဲဖြစ်ပွားခဲ့သည်။စက်တင်ဘာလ(၂၈)ရက်နေ့တွင်ခလ၇(၇၃)နှင့်သ့တောင်၊ဘောဂလိကြီးကားလမ်းတိုက်ပွဲ။အောက်တိုဘာ(၃)ရက်နေ့တွင်ဘောဂလိကြီးစခန်းတိုက်ပွဲ။နိုဝင်ဘာ(၂၁)ရက်နေ့တွင်လိပ်သိုလ်ခလရ(၃၉)နှင့်မိုင်းတိုက်ပွဲဖြစ်ပွားခဲ့သည်။ထိုတိုက်ပွဲတွင်ရန်သူ(၁)သီးသေဆုံး၍(၂)ဦးဒါဏ်ရာ ရခဲ့သည်။
၁၉၈၈ခုနှစ်။စက်တင်ဘာ၉၂၀)ရက်ရန်ကြီးအောင်စခန်းတိုက်ပွဲ။
၁၉၈၈ခုနှစ်။စက်တင်ဘာ(၂၆)ရက်ကျောက်ကြီးနတ်သံကွင်းကားလမ်း၇ှိနောင်ကုန်းတံတားတိုက်ပွဲ။
၁၉၈၈ခုနှစ်။စက်တင်ဘာ(၃၀)ရက်ခလရ(၅၃)နှင့်KNUတပ်ရင်း(၈)တို့လပတ်စခန်းတိုက်ပွဲ။
၁၉၈၈ခုနှစ်အောက်တိုဘာ(၁၉)ရက်မုန်းတောင်ဘက်ခြမ်း၇ှိရန်သူ့အခြေပြုသူဌေးကုန်းစခန်းအားKNUတပ်ရင်း(၈)မှဝင်ရောက်တိုက်ခိုက်ခြင်း။ထိုတိုက်ပွဲ၌ABSDFမှအင်အား(၄၀)ခန့်KNUနှင့်အတူတိုက်ပွဲဝင်ခဲ့သည်။
၁၉၈၈ခုနှစ်။နိုဝင်ဘာ၉၈)ရက်နေ့ကျောက်ကြီးမြို့နယ်ခလရ(၆၀)မှတပ်စိတ်(၁)စိပ်သည်သ့ဘိုမှကျောက်ကြီးသို့ချီတက်စဉ်KNUမှခြုံခိုတိုက်ခိုက်ရာရန်သူဘက်မှတပ်သား(၂၀သီးကျဆုံးပြီး(၃)သီးဒါဏ်ရာရရှိ၍လက်နက်၉၄)လက်ရရှိလိုက်သည်။
ပြည်ငြိမ်းကျော်စစ်ဆင်ရေး။
စစ်တောင်မြစ်အနောက်ဘက်ခြမ်းဒေသ။ရွှေကျင်၊ကျောက်ကြီးသ့တောင်တို့ကိုပြည်ငြိမ်းကျော်စစ်ဆင်ရေးဖြင့်ရန်သူခလရ(၃၉)၊တပ်ခွဲ(၄)ခွဲ၊ခလရ(၇၃)တပ်ခွဲ(၃)ခွဲ၊အမှတ်(၂)စစ်ဗျူဟာကွပ်ကမြှုအောက်အမှတ်(၃၀)၊၅၇၊၆၀၊တို့မှတပ်ခွဲ(၅)ခွဲစီ၊(၅၃)နှင့်(၆၀)တို့မှတပ်ခွဲ(၅)ခွဲစီဖြင့်စစ်ဆင်ရေးပြုလုပ်ခဲ့ရာထိုစစ်ဆင်ရေးတွင်ရန်သူ့ဘက်မှ(၅၀)သီးကျဆုံးသည်။
၁၉၈၈ခုနှစ်။ဖေဖော်ဝါရီ(၁၃)ရက်။
နည်းဗျူဟာကွပ်ကဲမှုအမှတ်(၃၃၁)ကခလ၇(၃၃)နှင့်အတူလက်အောက်ခံတပ်ရင်း(၇)ရင်းတို့ဖြင့်လှိုင်းဘွဲ့၊ဘာအံ၊ကောကရိတ်၊မြ၀တီတို့ကိုလည်းကောင်း၊ခမရ(၆၆)ဌာနချုပ်နည်းဗျူဟာကွပ်ကဲမှုတပ်ရင်းများကိုအသုံးပြု၍ဖာပွန်၊ဘီးလင်၊သထုံတို့အားထိုးစစ်ဆင်ပြုလုပ်ခဲ့သည်။ထိုစစ်ဆင်ရေး၌ရန်သူ့တပ်မှ(၈၇၀)ဦးကျဆုံး၍(၃၆၂၁)ဦးဒါဏ်ရာရရှိကာ(၂)ဦးKNUထံလက်နက်ချအလင်းဝင်ခဲ့သည်။
၁၉၉၂ခုနှစ်။စက်တင်ဘာ(၁)၇က်။
အမှတ်(၃)စစ်ဗျူဟာအခြေချအဖွဲ့နှင့်အမှတ်(၅၅၃)နည်းဗျူဟာကွပ်ကဲမှုအောက်ခလ၇တပ်ရင်း(၆)ရင်းဖြင့်KNUအုပ်ချုပ်ရေးဒေသများဖြစ်သောထီးထ၊စောထနယ်မြေများကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ထိုစစ်ဆင်ရေးတွင်၇န်သူ- (၁၆၄)ဦးကျဆုံး၍(၇၃၇)ဦးဒါဏ်ရာရရှိခဲ့သည်။၁၉၉၂ခုနှစ်။မေလ။ထီပါဝီကျိုး(ခွေးအိပ်တောင်)၌KNUနှင့်ABSDFတော်လှန်ရေးအဖွဲ့အစည်းများတပ်စွဲထားသောတပ်ရင်း(၂၀၇)၊၇ှစ်လေးလုံးတပ်ရင်း၊သံလွင်တပ်ရင်းများနှင့်ရန်သူတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်။ထိုတိုက်ပွဲတွင်(၂၀၇)တပ်ရင်းမှ (၂)ဦး၊ ၇ှစ်လေးလုံးတပ်ရင်းမှ(၃)ဦးနှင့်သံလွင်တပ်ရင်းမှ(၇)ဦးစုစုပေါင်း(၁၂)ဦးတိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သည်။ဆက်လက်ဖော်ပြပါမည်။
ကျည်ဝေဖြိုး

Sunday, November 7, 2010

နှင်းဆီရောင် တော်လှန်ရေး ရုပ်ပုံလွှာ အပိုင်း(၁၄)

                  နှင်းဆီရောင် တော်လှန်ရေး ရုပ်ပုံလွှာ အပိုင်း(၁၄)
၁၉၈၈ခုနှစ်၊နောက်ပိုင်း။စစ်ရေးမှတ်တမ်း။
၁၉၈၈ခုနှစ်။KIOတိုက်ပွဲ။
ကေအိုင်အိုစစ်ဦးစီးချုပ်၊ဗိုလ်ချုပ်ဇော်မိုင်ဦးစီးသည့်အဖွဲ့သည်လေစင်ဖို့စ်တ၀ိုက်မှာအခြေပြုပြီးအင်အား(၂၀၀)ခန့်၁၉၈၈ခုနှစ်။အောက်တိုဘာ(၁၈)ရက်နေ့မှာကချင်ပြည်နယ်၊ဗန်းမော်ခရိုင်အရှေ့ဘက်ခြမ်းရှိ ရန်သူ့အမှတ်(၁၈)ခြေလျှင်တပ်မှတပ်စု(၂)စုအခြေပြုထားသောမြို့သစ်စခန်းနှင့်ရဲစခန်းကိုတိုက်ခိုက် ခြေမှုန်းနိုင်ခဲ့သည်။ထိုတိုက်ပွဲတွင်ရန်သူဒုတပ်ကြပ်(၁)ဦးသေဆုံးပြီးရိုင်ဖယ်(၆)လက်KIOမှရရှိခဲ့သည်။
ဗန်းမော်မှစစ်ကူလာသောရန်သူ့ခလရ(၅၆)တပ်ရင်းမှစစ်ကြောင်း(၂)၊တပ်ခွဲ့(၁)နှင့်ခလရ(၄)တပ်ရင်း၊ တပ်ခွဲ(၁)ခွဲကိုKIAမှအင်အား(၁၀၀)ခန့်မှစီဟတ်ရွာအထွက်တံတား၌လည်းကောင်း၊ဒေါ်ဖုန်ယန်းမှ စစ်ကူလာသည့်ခလရ(၅၆)တပ်ခွဲ(၂)ခွဲအားKIAမှဖြတ်တောက်ခြေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်။
၁၉၈၈ခုနှစ်။အရေးတော်ပုံကာလအတွင်းကျောင်းသား(၅၇)ဦးသည်KIAတပ်မဟာ(၂)လက်အောက်ခံ တပ်ရင်းသို့ရောက်ရှိသည်။
မြောက်ပိုင်းတိုင်စစ်ဌာနချုပ်-သူရိန်ထွန်းစစ်ဆင်ရေး-တွင်ကွပ်ကဲမှုနယ်မြေဖြစ်သောအင်ဂျန်းယန်း၊အင်ဇွတ်စွတ်၊မြစ်ကြီးနား၊တီရန်စွတ်၊က၀ပန်၊ဆွမ်ပရာဘွမ်၊တနိုင်း၊တဂုန်၊တိမ်ကောက်၊ခန္တီး၊ယမ်းကြုံး၊ လေးရှီးမြို့နယ်များတွင်ခလရ(၃၇)၊(၇၄)၊နှင့်ခမရ(၁၀၅)တို့မှတပ်ခွဲ(၁)ခွဲစီဖြင့်ထိုးစစ်ဆင်ခဲ့သည်။စစ်ဆင်ရေးကို၁၉၈၈ခုနှစ်၊စက်တင်ဘာလ(၁)ရက်နေ့မှစတင်ပြီးဒီဇင်ဘာ(၃၁)ရက်နေ့အထိKIAအဖွဲ့နှင့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ရန်သူ့ဘက်မှ(၉)ဦးသေဆုံး၍(၅)ဦးဒါဏ်ရာရရှိခဲ့သည်။
၁၉၈၈ခုနှစ်။ဒီဇင်ဘာ(၇)ရက်နေ့၌KIAတပ်နှင့်ရန်သူခလရ(၃၇)တပ်ခွဲရုံးနှင့်တပ်စု(၂)တို့ဆင်ကိုစခန်း တွင်တိုက်ပွဲဖြစ်ပွားရာရန်သူဘက်မှစခန်းမှုးဒုရဲအုပ်(၁)ဦး၊တပ်သား(၈)ဦးKIAမှလက်ရဖမ်းမိခဲ့ပြီး(၇)ဦး လက်နက်ချခဲ့သည်။
စစ်ဗျူဟာအမှတ်(၁)နယ်မြေဖြစ်သောမြို့သစ်၊ဒေါ်ဖုန်ယန်း၊နားလုံ၊ဗန်းမော်၊လွယ်ဂျယ်၊မွန်ကာဘာ၊မန်စီ၊မဒယန်း၊ရွှေကူနယ်မြေများတွင်ရန်သူခလရ(၈၇)၊(၄၇)နှင့်(၅၆)တပ်ရင်းတို့မှတပ်ခွဲ(၄)ခွဲစီ၊ခလရ(၃၆)နှင့်(၄၀)တို့မှတပ်ခွဲ(၅)ခွဲစီစုစုပေါင်းတိုက်ခိုက်ရေးတပ်ခွဲ(၉)ခွဲမှKIAအားထိုးစစ်ဆင်တိုက်ခိုက်ခဲ့ သည်။ထိုတိုက်ပွဲတွင်ရန်သူဘက်မှ(၅၄)ဦးကျဆုံး၍(၁၄၈)ဦးဒါဏ်ရာရရှိခဲ့ပြီး(၇)လက်နက်ချခဲ့သည်။
စစ်မဟာဗျူဟာအမှတ်(၁)နယ်မြေထဲမှာပဲ၁၉၈၈ခုနှစ်၊နိုဝင်ဘာ(၄)ရက်နေ့မှနိုဝင်ဘာ(၁၆)ရက်နေ့ အထိဗန်းမော်အရှေ့ဘက်ခြမ်းရှိမိုးမောက်မြို့နယ်ရင်ကွဲတောင်တ၀ိုက်၌KIAနှင့်ရန်သူခလရ-၁၈၊၄၇၊၅၆၊တပ်ရင်းတို့နံနက်(၆)နာရီခွဲတွင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ဒေါဖုန်ယန်းKIAစခန်းကိုနိုဝင်ဘာ(၁၂)ရက်နေ့ တွင်ရန်သူမှသိမ်းပိုက်နိုင်ခဲ့သည်။
စစ်မဟာဗျူဟာအမှတ်(၂)နယ်မြေဖြစ်သောပါဂျို၊နားဖော့၊ဖလပ်၊ခလားယန်း၊ကန်တော်ယန်၊နားလုံ နယ်များတွင်KIAတပ်နှင့်ရန်သူခလရ-၁၈၊၂၉၊တို့မှစုစုပေါင်းတပ်ခွဲတို့ဖြင့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ထို တိုက်ပွဲတွင်ရန်သူ(၃)ဦးကျဆုံးပြီး(၁)ဦးဒါဏ်ရရှိခဲ့ကြောင်းသိရသည်။
စစ်မဟာဗျူဟာအမှတ်(၃)မှချီဗွေ၊လောင်ဖန်း၊တငါ၊လောခေါင်၊ဆောလော၊ထောဂေါ၊ဆိုင်လော်၊
ဝါရှောင်စသည့်ဒေသများကိုဆင်ဘိုနယ်မြေများမှရန်သူခလရ-၁၅၊၂၁၊၅၈၊၇၄၊တို့မှတိုက်ခိုက်ရေးတပ် ခွဲ(၈)ခွဲဖြင့်KIAအားထိုးစစ်ဆင်ရာရန်သူဘက်မှ၉၁၂)ဦးကျဆုံးပြီး(၁၂)ဦးဒါဏ်ရာရရှိ၍(၄)ဦးKIAထံ လက်နက်ချအလင်းဝင်ခဲ့သည်။
အနောက်တောင်တိုင်းစစ်ဌာနချုပ်၊လုံးထုံ၊လုံးစန့်၊ချောင်းဝ၊မော်ဟန်၊ဆားမှော်၊နမ္မတီး၊အကျဲ၊ မိုးကောင်း၊ကာမိုင်းဒေသများကိုချင်းသနက(၂)၊ခလရ(၂၇)၊(၃၈)၊၆၃၊၉၃၊၈၆၊၁၀၅၊တပ်ရင်းတို့မှစုစု ပေါင်းတိုက်ခိုက်ရေးတပ်ခွဲ(၁၂)ခွဲနှင့်KIAအားတိုက်ခိုက်စစ်ဆင်ခဲ့သည်။ထိုတိုက်ပွဲတွင်ရန်သူမှ(၁၂)ဦး ကျဆုံး၍(၁၃)ဒါဏ်ရာရရှိခဲ့ပြီး(၄)ဦးKIAထံလက်နက်ချခဲ့သည်။

ဆက်လက်ဖော်ပြသွားပါမည်။
ကျည်ဝေဖြိုး

Tuesday, November 2, 2010

                နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာအပိုင်း(၁၃)
၁၉၉၅ခုနှစ်၊ကေအန်ယူ၊တပ်မဟာ(၂)၊အလယ်ပိုင်းအခြေခံဒေသထိုးဖောက်ရေးအလုပ်အဖွဲ့တွင်တပ်စုမှုး တာဝန်ယူခဲ့သည်။အထူးဒေသအလုပ်အဖွဲ့၌ယူဂျီတာဝန်များထမ်းဆောင်စဉ်အတွင်း၎င်းနှင့်အတူတပ်ရင်း(၆ဝ၁)မှရဲဘော်ညိုထွန်းအောင်နှင့်အတူအရပ်ဝတ်ဖြင့်လှည်းစခန်းရွာမှပြန်လာစဉ်ရန်သူခလရ(၂၃၂)(သို့ )(၃၄)မှကျွဲ ကျအောက်ရွာအထွက်ကွမ်းသီးခြံ၌အသင့်စောင့်ပြီးရန်သူမှသေနတ်ဖြင့်ချိန်ရွယ်၍ရဲဘော်ရဲနိုင်နှင့်ရဲဘော် ညိုထွန်းအောင်တို့နှစ်ဦးအားလကိနက်ချခိုင်းရာရဲဘော်ရဲနိုင်မှရန်သူအားပြန်လည်ခုခံရန်အသင့်ပါလာသော နောက်လွယ်ပုလိုင်းထဲမှပစ္စတိုအားထုတ်ယူစဉ်ရန်သူမှကာဘိုင်သေနတ်ဖြင့်ထိုးချိန်ပစ်လိုက်ရာရဲဘော်ရဲနိုင် မှာထိုနေရာမှာပင်ကျဆုံးသွားသည်။၎င်းနှင့်အတူပါလာသောရဲဘော်ညိုထွန်းအောင်မှာအရှင်ဖမ်းမိ၍-၃ဝ၊ ၈၊၁၉၉၅နေ့၊တွင်ရဲဘော်ညိုထွန်းအောင်ရန်သူ၏ညှဉ်းပန်းနှိပ်စက်မှုအမျိုးမျိုးခံရပြီးနောက်ရန်သူ၏ရက်စက်စွာ သတ်ဖြတ်ခြင်းခံလိုက်ရသည်။
ရဲဘော်မောင်ဇွဲ
ကိုယ်ပိုင်အမှတ်( )
တပ်ရင်း (၃ဝ၃)
တာဝန်- တိုက်ခိုက်ရေးရဲဘော်။
ကျဆုံးသည့်ရက်စွဲ- ၁၅၊ ၈၊ ၁၉၉၃။
၁၉၉၃ခုနှစ်၊သံတောင်မြို့နယ်မြောက်ဘက်၊အထူးဒေသ(သို့)အခြေခံဒေသထိုးဖောက်ရေးအလုပ်အဖွဲ့များ လှုပ်ရှားရာတွင်ယခင်တပ်ရင်းများ စုပေါင်းပြီးအလုပ်အဖွဲ့ များအဖြစ် အခြေခံဒေသထိုးဖောက်တည်ဆောက် ရေးတွင် ရဲဘော်မောင်ဇွဲမှာ(၃ဝ၃)တပ်ရင်းမှကယားတိုင်းရင်းသားရဲဘော်တစ်ယောက်ဖြစ်ပါသည်။တပ်ရင်းမှုး ရဲဘော်ဒိုးဒိုး(ဝါ)ဒဲနစ်ဂျွန်ဦးဆောင်သည့်အလုပ်အဖွဲ့ တွင်ေ၇ှ့ တန်းတိုက်ခိုက်ရေးတာဝန်များကိုထမ်းဆောင် နေစဉ်အထူးဒေသအတွင်းညောင်ပင်တောင်ရွာနှင့်တပ်တောင်ရွာအကြား၊တောင်ယာအဟောင်းတွင်ကေအန် ယူနှင့်မိမိတို့အလုပ်အဖွဲ့ ပူးပေါင်းပြီးရန်သူခလရ(၂၃၂)တို့ရင်ဆိုင်တိုက်ပွဲဖြစ်ပွားကြသည်။ထိုတိုက်ပွဲတွင်ရဲဘော် မောင်ဇွဲ၏ဘယ်ဘက်ရင်အုံတည့်တည့်သို့ လေးဆယ်မမလက်နက်ကြီးအစထိ၍ကျဆုံးခဲ့သည်။ ရဲဘော်မောင်ဇွဲ၏ အလောင်းကိုချဉ်ပတောင်ရွာသစ်၊အရိုးတောင်တွင်မြုတ်နှံခဲ့ရသည်။ရဲဘော်မောင်ဇွဲမှာတိုင်းရင်းသားကယား လူမျိုးဖြစ်၍ရိုးအေးသည်။အမိန့်နာခံမှုအပြည့်ရှိသည်။
ရဲဘော်လဘန်(ဝါ)ဇော်လွင်ဦး
တပ်ရင်း- (၂၁ဝ) စောထစခန်း
တာဝန်- ဒုတိယ တပ်ရင်းမှုး
ကျဆုံးသည့်ရက်စွဲ- ၁၉၉၃ခုနှစ်၊ ဒီဇင်ဘာ(၁၉)ရက်။
ကိုယ်ပိုင်အမှတ်- ( )
၁၉၉၃ခုနှစ်၊အခြေခံဒေသထိုးဖောက်ရေးအလုပ်အဖွဲ့တွင်ဒုတပ်ရင်းမှုးတာဝန်ဖြင့်အထူးဒေသတွင်ပထမဦးဆုံး ထိုးဖောက်ခဲ့သည်။ရဲဘော်လဘန်မှာထီပါဝီကျိုးတိုက်ပွဲ၊စောထတိုက်ပွဲ၊ကျန်သည့်ကရင်ပြည်နယ်တပ်ပေါင်းစု တိုက်ပွဲများတွင်ဆေးမှုးတာဝန်ဖြင့်လည်းကောင်း၊တပ်စိတ်မှုးတာဝန်ဖြင့်လည်းကောင်း၊တပ်ရင်းတွင်ဒုတပ်ရင်းမှုး တာဝန်ဖြင့်လည်းကောင်း၊အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
၁၉၉၃ခုနှစ်၊ဒီဇင်ဘာ(၁၉)ရက်နေ့တွင်အထူးဒေသ၌စစ်ကြောင်းမှုးတာဝန်ထမ်းဆောင်နေစဉ်တပ်ရင်းမှုး ရဲဘော်ဆန်းလင်းအားရန်သူမှဖမ်းမိစဉ် ပြန်လည်ပြီးရန်သူ့လက်တွင်းမှကယ်ထုတ်ရန်ရန်သူ့အားမိတ်သလင် တောင်၌စောင့်၍ရင်ဆိုင်တိုက်ပွဲဖြစ်ပွားစဉ်၎င်း၏အေကေစက်လတ်အားပိုက်ပြီး ရန်သူအားတရစပ်ပစ်ခတ်စဉ် ရန်သူ့ထံမှကျည်ထိ၍ ကျဆုံးခဲ့သည်။ရဲဘော်လဘန်မှာတိုက်ခိုက်ရေးကောင်းသောရဲဘော်ကြီးတစ်ဦးဖြစ်ပါ သည်။တောင်ငူမြို့ဇာတိဖြစ်သည်။၁၉၈၈ခုနှစ်တောင်ငူမြို့လူထုအုံကြွမှုကြီးတွင်ကျောင်းသားသပိတ်တိုက်ပွဲဝင် ရဲဘော်တစ်ဦးအဖြစ်လည်းကောင်းတက်ကြွစွာဦးဆောင်ပါဝင်ခဲ့သည်။၁၉၈၈ခုနှစ်၊စက်တင်ဘာလအတွင်း စစ်တပ်မှအာဏာသိမ်းပြီးရက်ပိုင်းအတွင်းတောင်ငူသပိတ်တပ်နှင့်အတူတောစခိုခဲ့သည်။တပ်ရင်း(၂၁ဝ)စတင်ဖွဲ့  စည်းစဉ်မှာလည်းပါဝင်ဦးဆောင်ခဲ့သူဖြစ်သည်။ဤကဲ့သို့လက်နက်ကိုင်တော်လှန်ရေးအတွင်းတပ်ဦး၏ပေး အပ်သောတာဝန်များကိုဦးလည်မသုန်ထမ်းဆောင်ခဲ့သည့်ရဲဘော်ကြီးတစ်ဦးဖြစ်ပါသည်။ရဲဘော်ကြီးလဘန်၏ အလောင်းအားတိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းရဲဘော်များမှတိုက်ပွဲကြားမှသယ်ဆောင်လာပြီး မိတ်သလင်တောင်၊ တောင်ကုန်းပေါ်တွင်မြုတ်နှံထားခဲ့ရသည်။
ရဲဘော်ကျော်စိုး(ခ)ဇော်လွင်
ကိုယ်ပိုင်အမှတ်-
တပ်ရင်း-(၂၁ဝ)စောထစခန်း
တာဝန်- တပ်စိတ်မှုး
ကျဆုံးသည့်ရက်စွဲ-ဝ၁၊ ၁၁၊ ၁၉၉၆။
ရဲဘော်ကျော်စိုး၏ဇာတိမှာပဲခူးတိုင်း၊ကညွှတ်ကွင်းမြို့ မှ ဖြစ်ပါသည်။ မိဘများမှာတောင်သူလယ်သမားများဖြစ် ကြသည်။၁၉၈၈ခုနှစ်၊တနိုင်ငံလုံးအုံကြွဆန္ဒပြသည့်အရေးတော်ပုံတွင်ကညွှတ်ကွင်းမြို့မှတက်ကြွသောသပိတ် ရဲဘော်တစ်ယောက်ဖြစ်ပါသည်။စက်တင်ဘာလအတွင်းစစ်တပ်မှနိုင်ငံတော်အာဏာကိုသိမ်းပိုက်ပြီးရက်ပိုင်း အတွင်းကညွှတ်ကွင်းမြို့မှထွက်ခွာပြီးအရှေ့ဘက်ကေအန်ယူ၊တပ်မဟာ(၃)ဒေသသို့ကညွှတ်ကွင်းသပိတ် ရဲဘော်များနှင့်အတူထွက်ခွာလာပြီးထိုင်းမြန်မာနယ်စပ်၌အခြေစိုက်ထားသောတပ်ရင်း(၂၁ဝ)စောထစခန်းမ တည်ထောင်ရသေးခင်အတွင်းကေအန်ယူမှပေးသောအခြေခံစစ်ပညာသင်တန်းကိုတက်ရောက်ခဲ့သည်။တပ်ရင်း(၂၁ဝ)စောထစခန်းဖွဲ့စည်းချိန်မှာလည်းရဲဘော်အဖြစ်လည်းကောင်း၊တပ်စိတ်မှုးတာဝန်အဖြစ်လည်းကောင်း၊တာ ဝန်ထမ်းဆောင်ခဲ့သည်။ထိုင်းမြန်မာနယ်စပ်ရွာတစ်ရွာဖြစ်သောစောထရွာသို့ရန်သူမှတပ်အလုံးအရင်းဖြင့် တိုက်ခိုက်နေချိန်အတွင်းတပ်ရင်းမှုးရဲဘော်ဆန်းလင်းဦးဆောင်သောတပ်ရင်း(၂၁ဝ)စစ်ကြောင်းတွင် တိုက်ခိုက်ရေးတာဝန်များကိုထမ်းဆောင်ခဲ့သည်။ထို့အပြင်ကရင်ပြည်နယ်ကေအန်ယူဌာနချုပ်ထီပါဝီကျိုး တိုက်ပွဲတွင်လည်းကောင်း၊ဒီအေဘီတပ်ပေါင်းစုစစ်ကြောင်းတွင်လည်းကောင်း၊ကေအန်ယူ၊တပ်မဟာ(၂)၊ ဇရပ်ကြီးစခန်းတိုက်ပွဲတွင်လည်းကောင်း၊ပါဝင်ခဲ့သည်။
၁၉၉၆ခုနှစ်၊အထူးဒေသသို့ထိုးဖောက်ရေးတွင်အလုပ်အဖွဲ့ခေါင်းဆောင်(ဒု)စစ်ရေးတာဝန်အဖြစ်လည်းကောင်း၊ အခြားပြောက်ကျားတိုက်ပွဲငယ်များတွင်ပါဝင်ခဲ့သည်။ထိုသို့တိုက်ခိုက်ရေးတာဝန်များထမ်းဆောင်အတွင်း ရဲဘော်အောင်ကျော်ဦးဆောင်သောအလုပ်အဖွဲ့တွင်စစ်တောင်းမြစ် အရှေ့ဘက်ဝါးရုံလှဲရွာသို့စည်းရုံးရေးခရီး လှည့်လည်စဉ်အတွင်းရန်သူလေ့ကျင့်ရေး(၅)၏အလစ်အငိုက်ချုံခို တိုက်ခိုက်မှုကြောင့်တိုက်ပွဲတွင်ကျဆုံးခဲ့သည်။ရဲဘော်ကျော်စိုး၏အလောင်းကိုတိုက်ပွဲဖြစ်စဉ်အတွင်းမသယ်ဆောင်နိုင်ခဲ့ပါ။အဘယ့်ကြောင့်ဆိုသော်တိုက်ပွဲ ဖြစ်ပွားသည့်နေရာမှာရန်သူ၏နယ်မြေအတွင်းစည်းတွင်ဖြစ်သည်ကတစ်ကြောင်းရန်သူ၏အင်အားအလုံး အရင်းဖြင့်ခြေမှုန်းစဉ်အအတွင်းမည်သို့ မျှမသယ်ဆောင်နိုင်ခဲ့။

ဆက်လက်ဖော်ပြသါားပါမည်။
ကျည်ဝေဖြိုး










Saturday, October 23, 2010

နှင်းဆီရောင်တော်လှန်ရေး ရုပ်ပုံလွှာအပိုင်း(၁၂)

                     နှင်းဆီရောင်တော်လှန်ရေး ရုပ်ပုံလွှာအပိုင်း(၁၂)

လရောင်ချိုချိုလေးကိုပထမဦးဆုံးနေရာဦးပြီးကြိုတင်မျှော်လင့်နေသူပါ။ဆည်းဆာရောင်နေမင်းကြီးကမှောင်ရီပျိုးစည
တညအတွက်သူ့ခရီးသူဆက်ဘို့လွမ်းတသသတွေပေးခဲ့ပြန်တယ်။ဒီလိုနဲ့အပျိုဖော်ဝင်စညလေးတညကိုတစိမ့်စိမ့် ထိုင်ရင်းကျေးလက်ချက်အရက်တခွက်ငှဲ့၊အမြီးအသားတစ်လေးကိုတဖဲ့ခွာပြီးလရောင်ရဲ့ပထမဦးဆုံးအပြုံးကိုပြင်းရှ ရှဒီတပက်နဲ့ကဲလိုက်တယ်ဆိုရင်ပဲ။လရောင်လေးရယ်အေးချမ်းလှပငြိမ်းချမ်းရေးလတလကိုအသစ်ယူဆောင်လာ ခဲ့သလို။
ငြိမ်သက်အေးချမ်းလှတဲ့ညလေးတညပါ။တိတ်ဆိတ်တဲ့ညမှာပဲလရောင်တွေကနံနက်ခင်းနေဖြာထိုးသလိုဟိုတ ပြောက်ဒီတပြောက်နှင့်။တချို့တောင်တန်းပြာနဲ့ကျောပိုးအိပ်သီချင်းကိုခပ်ရေးရေးညိးတွားနေသံ။-ရွှေပြည်တော် ရေမျှော်လေတိုင်းဝေး-ဆွေးဆွေးမြည့်မြည့်ရှိုက်သံတခုတရားရှု့သလိုနားဆင်။
---------ရဲဘော်--မနက်ဖြန်ဒီဇင်ဘာ(၁၉)ရက်။အံ့အားသင့်စွာနဲ့ထိုရဲဘော်ကိုငေးကြည့်နေမိ။
---သြော်---ဟုတ်သားပဲ။မနက်ဖြန်ဆိုရဲဘော်ဒသာကျဆုံးတဲ့နှစ်ပါတ်လည်နေ့ပါလား။
---ဘာလုပ်ကြရင်ကောင်းမလဲရဲဘော်။
ဒီလိုစဉ်းစားတယ်၊ဒို့တပ်ရင်းကကျဆုံးသွားတဲ့ရဲဘော်တွေအတွက်ဆွမ်းချက်ပြီးစုပေါင်းပို့မလားလို့။ဘယ်လိုသ ဘောရလဲ?။
ကျနော့အိပ်ထဲတွင်-ရှိစုမဲ့စုငွေကြေးပမာဏကိုနှိုက်ပြီးကြည့်နေမိသည်။
ဘတ်လေးဆယ်တော့ရှိတယ်ရဲဘော်၊ ငါးတန်(၁)ကိလိုလောက်ဝယ်၊ကျန်တဲ့အသီးအရွက်လေးတွေဝယ်ပြီးဆွမ်းပို့ ကြတာပေါ့။
ရဲဘော်ဒသာအကြောင်းကိုစိတ်မချမ်းမြေ့စွာမြင်ယောင်ရင်းသူ့အကြောင်းကိုတွေးဆွေးနေမိသည်။
---ထိုအချိန်ကတပ်ရင်းတွင်ရဲဘော်ဟောင်းတွေဆိုလို့ရဘြော်ဒသာတို့ပဲရှိကြသည်။ကျနော်တို့စစ်သင်တန်းတောင်မတက်ရသေး။တော်လှန်ရေးကိုရောက်စနေထိုင်မှုကမြို့ပြမှာနေထိုင်မှုနဲ့တလွဲစီ ဖြစ်နေချိန်။ရဲဘော်ဘားတိုက်တွင်ဘယ်နှစ်နာရီအိပ်ချိန်၊နံနက်ခင်းဘယ်နှစ်နာရီမှာသတန်းတူးထချိန်အဖြစ်ပြော ပြောတတ်တဲ့ရဲဘော်ဒသာကြီး။ကျနော်တို့ထက်(၅)နှစ်မျှကြီးသည်။သူကတပ်ရင်းမှာနေ့စဉ်ဟင်းချက်စရာများရှာ သည့်အဖွဲ့တွင်။ထင်းခုတ်မည့်အဖွဲ့ကထင်းခုတ်၊ထ္မင်းချက်မည့်အဖွဲ့ကထ္မင်းချက်၊နံနက်ခင်းရိုးကောစီချိန်မှာတာဝန် တွေပေးကြတယ်။ကျနော့်ကရဲဘော်ဒသာရဲ့တပ်စိတ်(၂)မှာသူနဲ့အတူတာဝန်ကျတယ်။ကျနော်တို့အဖွဲထိုနေ့က ထင်းဖြတ်တဲ့အလှည့်ဖြစ်တယ်။ပျဉ်းကတိုးတုံးကြီးတွေကိုနေပူပူသဲသောင်ပြင်မှာတကျီကျီနဲ့ဆွဲရ၍ကျနော်မဆွဲနိုင် ပါ။သို့သော်ရဲဘော်တွေအကြားလွှမဆွဲနိုင်ဘူးလို့ကလည်းမပြောရဲ။ဒိလိုနဲ့မဆွဲနိုင်သော်လည်းအောင့်ကာဆွဲဆိုသ လိုမျက်စေ့မှိတ်ပြီးလွှကိုဆွဲနေမိသည်။မည်မျှကြာသည်မသိကျနော့်မျက်လုံးများမီးပွင့်မတတ်မောဟိုက်နေသည်။ သို့သော်အရှုံးမပေး။သစ်တုံးကလည်းပြတ်ပဲမပြတ်နိုင်အားဟုစိတ်ထဲဒေါသထွက်မိတယ်။ကြာလာတော့အံတင်း ထားပြီးကြိတ်ဆွဲသော်လည်းကိုယ်လုံးသာလှုပ်ပြီးလက်မောင်းကမဆွဲနိုင်သဖြင့်ကျနော့မျက်နှာရှုံ့မဲ့နေသည်ကို ကျနော်သတိမထားမိခင်မှာပဲ။ကိုယ်ကိုကိုယ်မျက်နှာပြန်တည်ချိန်မှာပဲ-တဟားဟာနဲ့ရယ်ပြီးကျနော့အဖြစ်ကို သဘောကျနေသောရဲဘော်ဒသာကိုကြည့်ရင်းဒေါသထွက်နေမိ။ထိုအချိန်ကျနော့ကိုသူက-ရဲဘော်ပေးလွှ-ကိုယ် ဆွဲပေးမယ်။---လွှဆွဲတယ်ဆိုတာ-ဆောင့်ဆောင့်ပြီးဆွဲလို့မရဘူး။---ဒီမှာကြည့်--ကိုယ်ဘက်ကလာတဲ့လွှသွားကို သူ့ဘက်ကိုလိုက်လျှောညီထွေစွာအလိုက်သင့်လွှတ်ပေးလိုက်၊ဟော့--ပြောရင်းတစ်တု့းပြတ်သွားပြီ၊--ကြည့်--ဒီမှာ ရဲဘော်ဆွဲတဲ့လွှကြောင်းကတန်းတန်းမတ်မတ်မသွားဘူး၊ကွေ့ကောက်နေတယ်။---ကဲ-ကဲနောက်တစ်တုံးဖြတ် ကြည့်ပါဦး-ဟုကျနော့ကိုခိုင်းပြန်သည်။အဲဒီနေ့ကရဘြော်ဒသာကိုကျနော့စိတ်ထဲမုန်းပစ်ခြင်လောက်အောင်စိတ် ဆိုးခဲ့။
စောထတိုက်ပွဲမှာတုန်းကလည်းအတူတူ။သူကတပ်စိတ်မှုးဆိုတော့ထ္မင်းချက်လျှင်လည်းသူအလျှင်ဟန်းကော ထုတ်ဟေ့---ထ္မင်းချက်မယ်ဆိုပြီးကမန်းကတန်းမီးမွှေး။ရဲဘော်တွေထံမှဟန်းကောတွေယူပြီးဆန်းကြိုးထဲမှဆန် များကိုထ္မင်းချက်ဘို့တ၀က်လျှော့လိုက်သည်။ရေဆိုလည်းသူက၀ါးဘိုးဝါးတွေကိုခက်ခက်ခဲခဲခုတ်ပြီးရေသွားခပ် ဘို့ပြင်ဆင်ပေး။ကျနော်တို့ကအဲဒီအချိန်သူ့အပေါ်မှာ-မကောင်းတဲ့အမြင်ရော၊ကောင်းတဲ့အမြင်များပါအားနည်း နေသေးချိန်။ညဘက်ရောက်လို့တပ်စိတ်နားချိန်ရောက်ရင်ကင်းဇယားထဲမှာကင်းဦးကိုသူကဦးအောင်စောင့် တယ်။ပြီးတော့အိပ်လို့ကောင်းသည့်နံနက်(၃)နာရီအချိန်မျိုးဆိုသူကိုယ်တိုင်ဂရုတစိုက်နဲ့ကင်းစောင်တာဝန်ကျေ ပြွန်သူ။ကျနော့်ကတခါတခါသူ့သီးဆောင်မှုကိုစိတ်ထဲကချီကျူးနေမိ။တခါတခါသူ့လိုလိုက်လုပ်ကြည့်မိတယ်။ သူ့လိုဖြစ်မလာခဲ့။ဒါပေမယ့်သူ့ရဲ့လုပ်ဟန်တွေကိုတချပ်ခြင်းမြင်လာတဲ့အချိန်မှာပဲ---သူခရီးရှည်ကြီးကိုထွက်သွား ပြီတဲ့။
အလုပ်အဖွဲ့ဖွဲ့ပြီးအခြေခံဒေသတည်ဆောက်ရေးဆိုပြီးမန္တလေးတိုင်းနဲ့ပဲခူးတိုင်းဆက်စပ်တည်ရှိနေသည့်တောင် တန်းတွေပေါ်မှာတော်လှန်ရေးအခြေခံဒေသကိုတည်ဆောက်စအချိန်။ထိုအချိန်ရဲဘော်ဒသာနှင့်ကျနော်မှာယခင် လိုတပ်စိတ်တစိတ်တည်းမှာအတူရှိမတော့။ကျနော့်ကအခြားတာဝန်။သူကအခြားအလုပ်နှင့်မဆုံဖြစ်။
၁၉၉၇ခုနှစ်၊ဒီဇင်ဘာ(၁၇)ရက်နေ့မှာကေအန်ယူတပ်မဟာ(၂)၊သံတောင်မြို့နယ်အနောက်မြောက်ဘက်ရှိအထူး ဒေသမှနယ်မြေခံအဖွဲ့တဖွဲဟာန၀တနှင့်လက်နက်နဲ့ငြိမ်းချမ်းရေးဆိုပြီးအညံ့ခံကြသည်။အခြေခံဒေသရဲ့လူထုအ မြင်မှာတော်လှန်ရေးအဖွဲ့အစည်းနှင့်န၀တအကြားရပ်တည်မှုဒွိဟတွေဖြစ်နေချိန်။လူထုကကျနော်တို့ကိုသံသယ နှင့်ကျနော်တို့လည်းလူထုရဲ့သံသယကိုပြန်ကြည့်။ဒီလိုနဲ့အဘက်ဘက်ကမဟာဗျူဟာစီမံကိန်းချပြီးအရှင်ဖမ်းဘို့ ကြိုးစားနေတဲ့အချိန်တွေမှာရဲဘော်ဒသာဟာကျနော်တို့နဲ့အတူရှိနေခဲ့တယ်။မကြာမကြာသူု့ပုခုံးပေါ်မှာ RPG-5ကို ထမ်းတာတွေ့ရ။တခါတခါ-79မမလွယ်တာတွေ့ရ။တညတွင်-ကျနော့နားလာပြီးသူ့ကောင်မလေးအကြောင်းကို မြိန်ရည်၊လျှက်ရည်ပြောနေပုံကိုကြည့်ပြီးနားငြီးတာနဲ့တော်ပါတော့ဒသာရယ်-ဒီမိုကရေစီရလို့အိမ်ပြန်ရင်ငါ့နှမနဲ့ ရဲဘော်ကိုပေးစားမယ်။အိပ်တော့ကွာ။
နောက်တနေ့---သူတို့အဖွဲ့သောက်ရေခပ်အရှေ့ဘက်ကိုကူးတော့မယ်လို့သတင်းကြားရတယ်။သွားခါနီးသူ့ယူနီဖောင်းပြောက်ကျားချေးအနှိုင်းနှိုင်းနှင့်ဖုတ်လိုက်ဖုတ်လိုက်ဝဲကျနေတဲ့ဆံပင်ရှည်ငြင်းသိုးသိုးများ။
---ညီလေးကိုယ်သွားမယ်။မင်းလည်းအစစသတိမပေါနဲ့။
အေး---နင်လည်းဂရုစိုက်ဦး၊အရက်တွေကြည့်နင်းကန်မသောက်နဲ့ဦး---ဒါဟာသူနဲ့ကျနော်နောက်ဆုံးတွေ့ဆုံခွဲခွာ တချပ်သာဖြစ်၏။
အကြောင်းအမျိုးမျိုးတွေကြောင့်ကျနော်တို့အခြေခံဒေသမှာဆက်လက်ရပ်တည်လို့မဖြစ်တော့သည့်အချိန်။ကျနော်တို့ ရောက်နေသည့်အခြေခံဒေသသည်ဗျူဟာအရကြည့်မည်ဆိုလျှင်စစ်မျက်နှာအရပ်သည်စစ်ကျွန်နယ်မြေဖြစ်နေ၏။ ကျနော်တို့၏နောက်ကျောတွင်-၁၉၉၄ခုနှစ်က န၀တနှင့်အပစ်ရပ်ထားသောတိုင်းရင်းသားလက်နက်ကိုင်အင် အားစုဖြစ်သည့်ကယန်းပြည်သစ်ပါတီ။ကျနော်တို့နောက်ကျောဘယ်ဘက်တွင်လွိုင်ကော်နှင့်တောင်ငူဖောက် လုပ်ထားသောကားလမ်းအစပ်တွင်တိုင်းရင်းသားလက်နက်ကိုင်တဖွဲ့ဖြစ်သော-ကလလတ-အဖွဲ့အစည်းတို့ရှိ သည်။ရန်သူ့စစ်တပ်ဗျူဟာအရကျနော်တို့ဆုတ်လမ်းကိုအစီအစဉ်ကျနစွာစောင်ဆိုင်း၍ကျနော်တို့တဖွဲ့လုံးကို အနုနည်းဖြင့်လက်နက်ချခိုင်းပြီး၎င်းတို့နှင့်လာရောက်ပူးပေါင်းရန်ရာဇသ့ပေးနေသံ။ကျနော်တို့ကလည်းခွပ်ဒေါင်း သွေး-ဘယ်တော့မှလက်နက်မချဘူးကွ-ဟုအမြဲတမ်းဆန့်ကျင်ရင်းကိုယ်ဆုတ်လမ်းကိုဘယ်လိုရွေးချယ်ရမှန်း မသိဘဲလိုက်မမှီနိုင်လောက်အောင်စိတ်ဓါတ်ရေးရာထိခိုက်နေချိန်။ဒီလိုနဲ့မကောင်းဆိုးဝါးခြင်းအတူတူမျက်နှာစိမ်း မျက်နှာသစ်မကောင်းဆိုးဝါးထက်မျက်နှာဟောင်မကောင်းဆိုဝါးကမှတန်ရာကျဦးမယ်ဆိုသည့်အသိနှင့်လူကြီး ဆန်ဆန်ကလေးတွေကကလေးဆန်ဆန်လူကြီးလူကောင်းတွေကိုအနိုင်ယူခွင့်ပေးနေရတဲ့အချိန်မှာရဲဘော်ဒသာ တယောက်ဘယ်မှာများရောက်နေသလဲ-အဝေးကစိတ်တွေကတခါတခါသူ့ဆီရောက်ခဲ့။
ကျနော်တို့အားလုံးကိုယ်လက်ဗလာနဲ့နောက်တန်းသို့အပြန်သေနတ်တွေကိုအပစ်ရပ်ထားတဲ့ဒေသတခုမှာကျနော် တို့စစ်ကြောင်းတလှမ်းချင်း၊တလှမ်းချင်းနွယ်နန်းဖတောင်ကြီးကိုထိတ်လန့်အားငယ်စွာနှင့်အပြန်လမ်းကိုဖုန်းဆိုး တောတွေကြားထဲကခိုးထွက်ခဲ့ရတယ်ဆိုရင်ပဲ။
ခရီက ကရိန်နီနယ်စပ်နှင့်ကေအန်ယူတပ်မဟာ(၂)နယ်စပ်ကိုရောက်နေပြီ။နယ်စပ်(၂)ခုရဲ့ကြားမှာလယ်ကျင်း တွေကိုယ်စီ။လယ်ကျင်းတွေရဲ့တောင်ကမ်းပါးယံဘေးမှာအိမ်တွေအစုလိုက်အစုလိုက်တေါ့လိုက်ရတဲ့မြင်ကွင်း။----အဲဒီဒေသကအရင်တုန်းကကရိန်နီအဖွဲ့အစည်းဗဟိုဌာနချုပ်လုပ်သါားတဲ့နေရာ-ဟုပြောပြမှသိရသည်။ကျနော်တို့ကေအန်ယူတပ်မဟာ(၂)သံတောင်မြို့နယ်အတွင်းရေးမှုပဒိုဆာလွယ်နှင့်တွေ့ဆုံခဲ့ကြသည်။ကျနော်တို့ တဖွဲ့လုံးရန်သူဖမ်းမိသွားပြီဟုသိရ၍သူတို့စိတ်မကောင်းဖြစ်ရကြောင်း၊အခုလိုမထင်မှတ်ပဲပြန်တွေ့ရတော့အထူး ၀မ်းသာကြောင်းဆီးကြိုရှာ၏။
ကျနော်တို့-၁၉၉၈ခုနှစ်၊ဒီဇင်ဘာမှာတောင်ငူခရိုင်ရုံးမှာခေတ္တနားနေကြသည်။အဖွဲ့အကုန်နီးပါးဗဟိုဌာနချုပ်ကို အရောက်ပြန်ကြမယ်။ကျနော်နှင့်အခြားရဲဘော်(၁)ယောက်အခြေအနေအရဒီနယ်မြေမှာကျန်ခဲ့တယ်။တောင်ငူခရိုင်နယ်နိမိတ်အတွင်းမှာရဲဘော်ဒသာတစ်ယောက်မဟာမိတ်တပ်ဖွဲ့များနှင့်စစ်ကြောင်းမှာရှိနေသည် ဟုသိရ၍သူ့ထံစာရေး၍ကျနော့ဆီစာရရခြင်းအမြန်လာရန်အကြောင်းကြားလိုက်သည်။သူ့ကျနော့ထံမရောက်လာ နိုင်ခဲ့။ထိုအချိန်-တနေရာနှင့်တနေရာလာဘို့ဆိုသည်မှာအပြောလွယ်သလောက်ခက်လှသည်။နယ်မြေခြင်းနီးစပ် သော်လည်းစစ်ရေးအရစစ်ဆင်ထားချက်များကြောင့်မလာဖြစ်တာဟုကျနော့ထံအကြောင်းကြားသည်။ကျနော်က သူ့ကိုနောက်တန်းပြန်ဆုတ်ရန်အချိန်တန်ပြီ။နောက်တန်းနှင့်ခါးပြတ်လွန်းနေပြီ။အကြာကြီးဆက်သွယ်ရေးမပြတ် စေလိုသောကြောင့်နောက်တန်းသို့သင်တန်းတွေပြန်တက်ရန်အကြောင်းကြားခဲ့သည်။ထိုအချိန်သူကကျနော့ကို တမျိုးနားလည်မှုလွဲသွားသည်။
----ကြောက်လို့နောက်ဆုတ်မှာလား-
---ကြောက်တယ်ဆိုနောက်ဆုတ်သွား၊
ငါမဆုတ်နိုင်ဘူး---တယောက်တည်းရှိတယောက်တည်းခံတိုက်မယ်၊ဒသာလက်ထဲမှာသေနတ်ရှိနေသ၍ဒီရန်သူ နဲ့ဘယ်တော့မှလက်ချင်းမချိတ်နိုင်ဘူး။
ဒါတွေဟာ---သူနဲ့ကျနော်မတွေ့ရပဲကျနော့ထံကိုနောက်ဆုံးရေးပေးသွားတဲ့--သူ---ရဲဘော်ဒသာရဲ့စာပါ။
ကျနော်နောက်တန်းသို့ပြန်ရောက်ချိန်။ကျနော်လုပ်ငန်းဝင်နေချိန်၂၀၀၀ခုနှစ်၊ဒီဇင်ဘာ(၂၀)ရက်နေ့။ရဲဘော်ဒသ ရှေ့တန်းတနေရာမှာတိုက်ပွဲကျသွားပြီ-ဟုသိလိုက်ရတဲ့အချိန်။ကျနော့ရင်တွေ၊ကျနော့နှလုံးခုန်သံတွေထိုးစောင့် ပြီးမိုက်ကနဲဖြစ်သွား။မဖြစ်နိုင်ပါဘူးလေလို့အကြိမ်ကြိမ်ဖြေချ မရပါ။သူတကယ်ကျဆုံးသွားပြီဟုတရားဝင်ကြားသိ လိုက်ရတော့ကျနော်ဖတ်ခွင့်၊လှန်ခွင့်ရှိခဲ့တဲ့သူ မကျနစွာကျဆုံးခဲ့တဲ့ရဲဘော်ဒသတယောက်သူခိုင်ခိုင်မြဲမြဲဆုတ် ကိုင်ထားတဲ့နောက်မဆုတ်ရေးအဘိဓမ္မာကိုစွဲကိုင်ရင်းဒီဇင်ဘာလ(၁၉)ရက်နေ့မှာကျဆုံးခဲ့ပါလားလို့----
ဒီညမှာသာတဲ့လရောင်ချိုချိုလေးရဲ့အောက်မှာရဲဘော်ကြီးအတွက်---ရွှေပြည်တော်ရေမျှော်လေတိုင်းဝေး--ဆိုတဲ့ သီချင်းတပုဒ်ကိုချက်အရက်တခွက်သောက်ပြီးကိုယ်ဆိုခဲ့တယ်။ကိုယ်ငိုခဲ့တယ်။ကိုယ်မင်းရဲ့တန်းဘိုးတွေကိုနှမျှော တယ်။ကောင်းရာသုဂတိလားပါစေရဲဘော်ကြီး---ဒသ။
---ငြိမ်သက်အေးချမ်းတဲ့ညလေးတညပါ
ဒါပေမယ်--စစ်တလင်းမှာအထီကျန်စွာ
ကျန်နေခဲ့သူ-ကျနော့မှာတော့---
အရာရာကို-ငြိမ်သက်စွာတရားတွေရှု့မှတ်ရင်း-
အလွမ်းတွေတခွက်ပြီးတခွက်ပေါ့--
ကျည်ဝေဖြိုး
၂၀၀၂ခုနှစ်၊DEC(၁၉)ရက်။ည-ဇလားစာကြည့်တိုက်။

Saturday, September 4, 2010

“နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာ (၁၀)”

                                        “နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာ (၁၀)”
                                                                                         -၄ စက်တင်ဘာ ၂၀၁၀
ကျနော်တို့အဖွဲ့သည်(၂၁)ရက်။ဒီဇင်ဘာ၁၉၉၈နေ့တွင်တပ်မဟာ(၂)တောင်ငူခရိုင်သို့ရောက်ရှိသည်။ထိုအချိန် တောင်ငူခရိုင်အတွင်းရေးမှူး မှာဗိုလ်လှငွေဖြစ်ပါသည်။
ကျနော်တို့အဖွဲ့ထဲမှအချို့သည်နောက်တန်းသို့ပြန်ရန်ပြင်ဆင်ကြသည်။၎င်းတို့သည်ကေအန်ယူအုပ်ချုပ်ရေး နယ်မြေများမှဖြတ်သန်းရင်းကေအန်ယူနယ်မြေတာဝန်ရှိတပ်မှူးများနှင့်တိုင်ပင်ပြီးနောက်တန်းဗဟိုဌာနချုပ်သို့ဒီ ဇင်ဘာလအတွင်းမှာပဲခရီးဆက်ထွက်သည်။ကျနော့်မှာအလုပ်အဖွဲ့တာဝန်ရှိသူများ၏တာဝန်ပေးချက်အရ လက်ရှိတပ်တပ်မဟာ (၂) ကေအန်ယူခရိုင်ရုံးတွင်နေခဲ့ရန်ဖြစ်သည်။
ရန်သူမှကေအန်ယူတပ်မဟာ(၂)အုပ်ချုပ်ရေးဒေသများကိုစစ်ကြောင်းများဖြင့်ရွာတွေထဲဝင်ပြီးအမျိုးသမီးများ တွေ့လျင်အဓမ္မပြုကျင့်၊ရွာတွေကိုမီးရှို့ရွာသားများကိုကေအန်ယူအမာခံများဟုစွပ်စွဲပြီးရက်ရက်စက်စက် သတ်ဖြတ်ကြသည်။ရွာသားများမှာကြောက်ရွံ့ ကြ၍ ရွာတွေထဲ၌မနေလိုကြပဲရွာပုန်းများဖြင့်နေထိုင်ကြရသည်။
ထိုသို့အုပ်ချုပ်ရေးအခြေအနေဆိုးရွားနေချိန်အတွင်းကေအန်ယူမှနိုင်ငံရေး၊စည်းရုံးရေးဗဟိုတာဝန်ရှိသူများမှ ကစဥ့်ကလျားရှိနေသောရွာသူ၊ရွာသားများကိုပြန်လည်စုစည်းပြီးရွာသားများလုံခြုံမှု ရှိစွာနေထိုင်နိုင်ရန်အတွက် ဒေသအတွင်းစည်းရုံးရေးကော်မီတီများဖွဲ့ကြသည်။ကေအန်ယူဗဟိုမှပဒိုကနဲလေမှာစည်းရုံးရေးတာဝန်ဖြင့် ကြောင်းသိရသည်။
၎င်းမှကျနော့်အားအေဘီအက်စ်ဒီအက်ဖ်အဖွဲ့အစည်းကိုယ်စားယခုစည်းရုံးရေးခရီးစဉ်တွင်၎င်းတို့နှင့်လိုက်ပါပေး ရန်ဆို၍ကျနော်လည်း၎င်းတို့နှင့်အတူ ရွာများသို့ စည်းရုံးရေးခရီးဆင်းဖြစ်ကြသည်။ရွာသားများမှာကေအန်ယူ။ အေဘီအက်စ်ဒီအက်ဖ် ပူးတွဲစည်းရုံးရေးခရီးဆင်းလာ၍ အားတက်ဝမ်းသာကြတာတွေ့ ရသည်၊
လက်ရှိနိုင်ငံရေးအခြေအနေ၊ကေအန်ယူ၏တော်လှန်ရေးအခြေအနေ၊အေဘီအက်စ်ဒီအက်ဖ်၏လက်နက်ကိုင် တော်လှန်ရေးနှင့်ရှစ်လေးလုံးအတွေ့အကြုံရှင်းလင်းချက်များကိုရွာလူထုနှင့်အတူပြောကြဆိုကြ၊ဆွေးနွေးကြ၍ ပျော်စရာကောင်းလှပါသည်။
၁၉၉၉ခုနှစ်။ဖေဖော်ဝါရီ(၁၆)ရက်နေ့၊ကျနော်သည်ကေအန်ယူတပ်မဟာ(၂)ခရိုင်ရုံးမှနောက်တန်းအေဘီ အက်စ်ဒီအက်ဗဟိုသို့ ပြန်ခဲ့ပါသည်။ပြန်ခဲ့ရခြင်းရည်ရွယ်ချက်မှာ-တော်လှန်ရေးတွင်ဖြတ်သန်းမှုအတွေ့အကြုံ များ၊ရှေ့ ဆက်လုပ်ငန်းစဉ်များ၊ဆက်လုပ်နိုင်ရန်အတွက်ပြင်ဆင်မှုတွေနှင့်အတူလုပ်ငန်းစဉ်အသေးစိတ်များစီစဉ် ရေးဆွဲပြီးအထက်တာဝန်ရှိသူများထံတင်ပြအစီရင်ခံမည်ဟုရည်ရွယ်ချက်များနှင့်ပြန်လာခဲ့ခြင်းဖြစ်သည်။မတ်လ(၁၆ရက်နေ့တွင်ဌာနချုပ်သို့ရောက်သည်ထိုအချိန်အေဘီအက်စ်ဒီအက်ဖ်၏ပဉ္စမအကြိမ်ညီလာခံကျင်းပနေသော အချိန်ဖြစ်ပါသည်။ထိုညီလာခံတွင်နိုင်ငံရေးသဘောမတိုက်ဆိုင်မှုများကြားရ၍ အတော်အားပျော့သွားခဲ့ရသည်။
၂ဝဝဝခုနှစ်။ စက်တင်ဘာ(၁၉)ရက်၊
အေဘီအက်စ်ဒီအက်ဖ်၏ပဉ္စမအကြိမ်မြောက်-ပထမအကြိမ်ဗဟိုကော်မီတီအစည်းအဝေးစတင်ခဲ့သည်။ ထိုအစည်းအဝေးတွင်-အေဘီအက်စ်ဒီအက်ဖ်၊ကျောင်းသားတပ်မတော်အဖြစ်ဆက်လက်ရပ်တည်ပြီးစစ်ရေး လုပ်ငန်းများကိုဦးစားပေးဆောင်ရွက်သွားရေး၊နိုင်ငံရေးပါတီအဖြစ်ဆက်လက်ဖွဲ့စည်းပြီးထိုနိုင်ငံရေးအဖွဲ့ဖွဲ့စည်း မည့်ပုဂ္ဂိုလ်များသည်အေဘီအက်စ်ဒီအက်ဖ်အဖွဲ့အစည်းမှနှုတ်ထွက်ပြီးသီးသန့်နိုင်ငံရေးလုပ်ငန်းများလုပ်နိုင်ရန် အတွက်နှုတ်ထွက်ခွင့်ပြုသည်။
ထိုပြဿနာ(၂)ခုအတွက်လက်ရှိဗဟိုကော်မီတီအချို့မှာအေဘီအက်စ်ဒီအက်ဖ်မှနှုတ်ထွက်ကြမည်။ထိုလစ်ဟာ သွားသည့်တာဝန်အဆင့်နေရာများကိုလောလောဆယ်ကာလအတွင်းအစားထိုးခန့်အပ်တာဝန်ပေးမှုများကိုယခု ဗဟိုကော်မီတီအစည်းအဝေးမှဆုံးဖြတ်မည်။အစားထိုးမှု။ တာဝန်ပေးမှုများသည်နောင်လာမည့်ဆဌမအကြိမ် ညီလာခံအထိတည်မြဲနေမည်။ပါတီနိုင်ငံရေးဖွဲ့စည်းမည့်ပါတီအဖွဲ့အား(၁)လအတွင်းတပ်တွင်းများသို့လှည့်လည် စည်းရုံးခွင့်ပြုသည်။ကျန်ရှိနေသည့်အေဘီအက်စ်ဒီအက်ဖ်အင်အားကိုစနစ်တကျဖွဲ့ စည်းပြီးခိုင်မာကျစ်လစ်သော ကျောင်းသားတပ်မတော်ဖြစ်ပေါ်လာရေးအတွက်အဖက်ဖက်မှစုစည်းတည်ဆောက်သွားမည်ဟုထိုအစည်း အဝေးကြီးမှဆုံးဖြတ်ခဲ့ကြသည်။(၂၇)ရက်။ စက်တင်ဘာ။၂ဝဝဝတွင်အေဘီအက်စ်ဒီအက်ဗဟိုကော်မီတီအစည်း ဝေးပြီးဆုံးသည်။
တပ်မဟာ(၂)။ အလယ်ပိုင်း။
တော်လှန်ရေးအခြေခံဒေသထိုးဖောက်ရင်းကျဆုံးဆုံးခဲ့သည့်တိုက်ပွဲနှင့်ကျနော်လက်လှမ်းမှီခဲ့သည့်ရဲဘော်အချို့ ၏ ပုံရိပ်မှတ်တမ်းများ။
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊ကျောင်းသားတပ်မတော်ကို၁၉၈၈ခုနှစ်၊နိုဝင်ဘာ(၁ရက်နေ့တွင်စတင်မွေးဖွားတည်ထောင်ခဲ့ကြသည်မကဒတတပ်ဦးမတည်ထောင်မှီအကြိုကာလများတွင်မြန်မာ ပြည်အတွင်းပြည်သူလူထုအလွှာအသီးသီးမှာ-၁၉၆၂၊ဦးနေဝင်းစစ်အုပ်စုမှတိုင်းပြည်အာဏာကိုပြည်ထောင်စု ဝန်ကြီးချုပ်(ပထစ)ဦးနုထံမှအဓမ္မလုယူပြီးအတုအယောင်ဆိုရှယ်လစ်ပါတီကိုဖွဲ့စည်းပြီးတိုင်းပြည်ကို သေနတ်မိုး၍အုပ်ချုပ်ခဲ့သည်။ဦးနုလက်ထက်တွင်ပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးခဲ့စဉ်အတွင်းတိုင်းပြည်၏ လူမှုရေး၊စီးပွားရေး၊အခြေအနေတို့မှာ၁၉၆၂ခုနှစ်အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်နေဝင်းတက်လာသည့် အခြေအနေလောက်အထိမဆိုးရွားခဲ့။ဗိုလ်နေဝင်းအစိုးရတက်လာသည့်အခါ၌တိုင်းပြည်အတွင်းရှိလူထုမှာ အထွေထွေကြပ်တည်းပြီးတိုင်းပြည်၏စီးပွားရေးမှာကျဆင်းခဲ့သည်။တိုင်းပြည်အတွင်းနိုင်ငံရေးအနိုးကြားဆုံး ဖြစ်သည့်တက္ကသိုလ်ကျောင်းသားများကိုခေါင်းမထောင်နိုင်အောင်အမျိုးမျိုး နှိပ်ကွပ်ခဲ့သည်။
၁၉၆၂ခုနှစ်၊ဇူလိုင်(၇)ရက်နေ့တွင်ဗိုလ်နေဝင်းနှင့်ဗိုလ်အောင်ကြီးတို့လက်ချက်ဖြင့်ရန်ကုန်မြို့တက္ကသိုလ် အဆောက်အဦကြီးကိုဒိုင်းနမိုက်ဖြင့်ဖောက်ခွဲဖျက်ဆီးပြီးနှိပ်ကွပ်ခဲ့သည်။ထိုတိုက်ပွဲတွင်ကျောင်းသား ခေါင်းဆောင်များနှင့်နိုင်ငံရေးတက်ကြွသူအများအပြားကျဆုံးခဲ့ကြသည်။ဗိုလ်နေဝင်းက-"တိုင်းပြည်ကိုဆူဆူပူ ပူဖြစ်အောင်မလုပ်နဲ့။နောင်ကိုဆူဆူပူပူဖြစ်အောင်လုပ်မယ်ဆိုရင်-စစ်တပ်ဆိုပစ်ရင်မှန်အောင်ပစ်တယ်။တပ်မ တော်ကို အာခံရင် ဒါးဒါးချင်းလှံလှံချင်းတုံ့ ပြန်သွားမယ်-"လို့ ရုပ်မြင်သံကြားမှာပြောကြားသွားခဲ့ပါတယ်။
ထို(ရ)ရက်၊ဇူလိုင်အရေးအခင်းကာလအတွင်းတိုက်ပွဲ၌-တက္ကသိုလ်ကျောင်းသားခေါင်းဆောင်မြောင်းမြ ကျောင်းသားကိုကျော်ဝင်းက စစ်တပ်ကပစ်သတ်သွားသည့် သေနတ်ဒါဏ်ရာများနှင့်မန္တလေးကျောင်းဆောင်နံရံ တွင်သွေးဖြင့်-"၇-၇-၆၂-မမေ့ကြနဲ့"-ဟုရေးထိုးခဲ့သည်။ထိုနေ့ကိုအစွဲပြုပြီးဆဲဗင်းဇူလိုင်အရေးတော်ပုံဟုသတ် မှတ်ခဲ့ကြသည်။ထိုကာလနောက်ပိုင်းစစ်တပ်နှင့်ကျောင်းသားထုအကြားဒီမိုကရေစီအရေး၊လူ့အခွင့်အရေး တိုက်ပွဲတို့ စတင်ခဲ့ချေပြီ။
တဖန်-၁၉၇၄ ဦးသန့်(ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုး)ဈာပန၌ငြိမ်းချမ်းစွာဖြင့်ဦးသန့်ဈာပနအခမ်း အနားသို့လိုက်ပါပို့ဆောင်ကြသည့်လူထုများနှင့်ကျောင်းသားလူငယ်များကိုစစ်အုပ်စုမှမတရားဖမ်းဆီးနှိပ်စက်၊ အကျဉ်းချခဲ့သည်။မြန်မာပြည်အင်းစိန်ထောင်အတွင်းနိုင်ငံရေးအကျဉ်းသားအမြောက်အမြားကိုစစ်အုပ်စုမှ ဖမ်းဆီးချုပ်နှောင်ထားသည်မှာယနေ့တိုင်ပင်ဖြစ်သည်။
၁၉၈၈ခုနှစ်၊မြန်မာပြည်တပြည်လုံး၊လူထုအလွှာအတန်းစားပေါင်းစုံမှအာဏာသိမ်းစစ်အုပ်စုကိုစီတန်းလှည့်လည် ဆန္ဒပြ၊သပိတ်မှောက်သည့်အပေါ်စစ်အုပ်စုမှအကြမ်းဖက်ပစ်ခတ်နှိမ်နင်းမှုကြောင့်ပြည်သူလူထုနှင့်ရဟန်းရှင်၊လူ၊ကျောင်းသားပြည်သူများအပါအဝင်အများအပြားထောင်နှင့်ချီကျဆုံးခဲ့ကြသည်။နိုင်ငံရေးခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များကို-တိုင်းပြည်မငြိမ်မသက်ဖြစ်အောင်သွေးထိုးလှုံ့ဆော်သည်-ဟုမတရားပုဒ်မများ တပ်၍ထောင်သွင်းအကျဉ်းချနှိပ်စက်ခဲ့ကြသည်။ထိုကာလအတွင်းစစ်အုပ်စုမှစစ်တပ်အင်အား၊လက်နက် အင်အားကို လိုသလို အသုံးချပြီး တိုင်းပြည်အာဏာကို ဒုတိယအကြိမ် အတိအလင်းသိမ်းယူခဲ့ပြန်ပါသည်။
စစ်ခေါင်းဆောင်ဗိုလ်နေဝင်းကနောက်ကွယ်မှကြိုးကိုင်ပြီး မဆလပါတီကိုရုတ်သိမ်းပြီး-၄င်းတို့လက်ကိုင်ဒုတ် အဖြစ်အသုံးချခဲ့သူ-လူသတ်ခေါင်းဆောင်-ဗိုလ်စိန်လွင်ကို ရက်ပိုင်းအတွင်းနိုင်ငံတော်အာဏာ အပြည့်အဝပေး၍ ဆန္ဒပြသည့်လူထုကြီးကို နှိပ်ကွပ်စေခဲ့သည်။စစ်အုပ်စုမှဗိုလ်စိန်လွင်ကိုရာထူးမှမကြာခင်ဖယ်ရှားပြီးသမတ ဒေါက်တာမောင်မောင်တက်လာသည်။၁၉၈၈စက်တင်ဘာ၁၈တွင်ဗိုလ်စောမောင်ကိုစစ်အာဏာသိမ်းစေကာ တပြည်လုံးပစ်ခတ်နှိမ်နင်းပြန်သည်။ဗိုလ်စောမောင်ကရွေးကောက်ပွဲပြီးပါကတိုင်းပြည်အာဏာလွှဲအပ်ပေး မည်ဟုပြောပြီး-၁၉၉ဝပြည့်ပြည်လုံးကျွတ်ဆန္ဒခံယူရွေးကောက်ပွဲကျင်းပစေခဲ့ပြနသည်။၁၉၉ဝခုနှစ်၊မေလရွေး ကောက်ပွဲ၌တရားဝင်လူထုဆန္ဒဖြင့်ရွေးကောက်ခဲ့သည့်ရွေးကောက်ပွဲ၌အန်အယ်လ်ဒီပါတီမှာအပြတ်အသတ် မဲအများဆုံးအနိုင်ရခဲ့သော်လည်း-ယနေ့အထိတိုင်းပြည်အာဏာကိုအန်အယ်လ်ဒီပါတီလက်ထဲသို့လွှဲအပ်မပေး သည်မှာစစ်တပ်၏ဒီမိုကရေစီကျင့်စဉ်အပေါ်မည်မျှမလိုက်နာသည်ကိုကြည့်လျှင်သိနိုင်ပါသည်။ထိုအချိန်က စစ်ခေါင်းဆောင်အကြီးအကဲဗိုလ်စောမောင်မှပြောရာတွင်-"ဒီရွေးကောက်ပွဲပြီးလို့အနိုင်ရတဲ့ပါတီကို ဒီမိုကရေစီ နည်းကျကျတိုင်းပြည်အာဏာကိုလွှဲအပ်ပေးဘို့တပ်မတော်မှာတာဝန်ရှိပါတယ်-"လို့ပြောကြားသွားခဲ့သည်ကို သတိရနေစေပါသည်။
အထက်ပါအကြောင်းအရာများသည် မြန်မာပြည်ဒီမိုကရေစီ၊လူ့အခွင့်အရေးဆိတ်သုဉ်းခဲ့ရမှုများကို အကျဉ်းမျှထိုးပြခြင်းဖြစ်ပါသည်။ယနေ့မကဒတသည်လည်းလက်နက်ကိုင်တော်လှန်ရေး တစ်ရပ်ဆင်နွှဲခဲ့ရသည် များမှာလည်းထိုသမိုင်းကာလများကလက်ညိုးထိုးပြနေသည်မှာအမှန်ပင်ဖြစ်ပါသည်။စက်တင်ဘာလအတွင်း စစ်တပ်မှတိုင်းပြည်အာဏာကိုသိမ်းသည့်ကာလများတွင်နိုင်ငံရေးအရစုဖွဲ့ထားသည့်နိုင်ငံရေးအင်အားစုများကို မြေလှန်ရှာပြီးလိုက်လံနှိပ်ကွပ်နေပါသည်။မကဒတသည်ထို-၁၉၈၈ခုနှစ်၊ကာလကတည်းကတက်ကြွစွာလှုပ်ရှား ခဲ့ကြသည့် ရှစ်လေးလုံးမျိုးဆက်များဖြင့်ဖွဲ့စည်းထားခဲ့ခြင်းဖြစ်သည်။
မြန်မာပြည်တွင်-
(၁)နယ်ချဲ့ ဆန့် ကျင်ရေး
(၂)ဖက်ဆစ်စနစ်တိုက်ထုတ်ရေး
(၃)အမျိုးသားလွတ်မြောက်ရေး

တိုက်ပွဲများမှသည်လွတ်လပ်ရေးတိုက်ပွဲများအထိကိုယ့်အမျိုးသားလက္ခဏာများကိုရယူပြီးလွတ်လပ်ရေးကို ရယူခဲ့ကြသည်။ထိုလွတ်လပ်စအခြေအနေများတွင် မြန်မာနိုင်ငံသည် ပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးနိုင်ခဲ့ သော်လည်းဒီမိုကရေစီစနစ်အရအပြည့်အဝဟုမဆိုနိုင်။၁၉၆၂ခုနှစ်ဗိုလ်နေဝင်းစစ်အုပ်စုတက်လာသည့်အချိန် နောက်ပိုင်းကာလ၁၉၈၈ခုနှစ်ပြည်သူ့အရေးတော်ပုံကာလများအထိတိုင်းပြည်အတွင်းဒီမိုကရေစီစနစ် ဆိတ်သုဉ်းခြင်းနှင့်လူ့ အခွင့်အရေးအချိုးဖောက်ဆုံးနိုင်ငံတနိုင်ငံဖြစ်ပေါ်လာခဲ့သည်။
 ထို့ ကြောင့်တချိန်တွင် တိုင်းပြည်ပြန်ထူထောင်နိုင်ရန်၊-
(၁)အဖိနှိပ်ခံပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး။
(၂)ဒီမိုကရေစီနှင့်လူ့ အခွင့်အရေးရရှိရေး။
(၃)ပြည်တွင်းငြိမ်းချမ်းရေး။
(၄)ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာနိုင်ဘို့အတွက်မကဒတသည်မြန်မာပြည်အတွက်မွေးဖွား လာခြင်းဖြစ်သည်။
ပြည်တွင်းနိုင်ငံရေးလှုပ်ရှားမှုများကိုနှိပ်ကွပ်ကြ၍တောတွင်း၌လက်နက်ကိုင်တော်လှန်ရေးတစ်ရပ်ဆင်နွှဲရန် တညီတညွတ်တည်းဆုံးဖြတ်ခဲ့ကြသည်။အထက်ပါဦးတည်ချက်(၄)ရပ်ကိုဦးထိပ်ထားပြီးလက်နက်ကိုင် တော်လှန်ရေးတစ်ရပ်ကို ဖွဲ့ စည်းထူထောင်ခဲ့ခြင်းဖြစ်သည်။
ယနေ့မြန်မာပြည်၏အထူးအခြားဆုံးမှာ-ကျောင်းသားတပ်မတော်တစ်ရပ်ပေါ်ပေါက်လာရခြင်းဖြစ်သည်။ ကရင်ပြည်နယ်ကေအန်ယူထိမ်းချုပ်ရာနယ်စပ်တောင်ကြောများပေါ်တွင်မကဒတ၏တပ်ရင်း၊တပ်ဖွဲ့များကို စနစ်တကျဖွဲ့စည်းပြီးယနေ့စစ်အာဏာရှင်စနစ်ကိုတိုက်ပွဲတွေကြားကစိန်ခေါ်မှုတွေနှင့်လက်တွေ့ကျကျ တော်လှန်တိုက်ပွဲဆင်နွှဲနေဆဲဖြစ်သည်။နိုင်ငံရေးတက်ကြွသည့်လူငယ်တွေဖြစ်ကြသည့်အပေါ်ရံဖန်ရံခါ သဘောတရားအရ မညီညွတ်မှုများ လည်းရှိခဲ့သည်။သို့သော်မူနှင့်ပေါ်လစီတို့သည်လူအပေါ်မှာအခြေမခံဘဲ မူအပေါ်မှာအခြေခံပြီးလျှောက်လှမ်းနိုင်ခဲ့ကြသည်။တတိယအကြိမ်ညီလာခံ၌မကဒတအဖွဲ့အစည်းထိပ်ပိုင်း ခေါင်းဆောင်များသဘောထားကွဲခဲ့ကြသည်။ထိုကွဲလွဲကြသည်များသည်တော်လှန်ရေးအပေါ်၌ရပ်တည်ရင်း ကွဲခဲ့ကြပါသည်။တပ်ရင်းတပ်ဖွဲ့ များသည် ရှေ့ တန်းစစ်မျက်နှာများ၌ ရန်သူကို စစ်ရေးအရတိုက်ပွဲကြီးတိုက်ပွဲငယ် များဖြင့်ကေအန်ယူမဟာမိတ်လူမျိုးစုလက်နက်ကိုင်အဖွဲ့များနှင့်လက်တွဲပြီးမာနယ်ပလောတိုက်ပွဲ၊ထီပါဝီကျိုး တိုက်ပွဲ၊စောထတိုက်ပွဲ စသည့်တိုက်ပွဲကြီးများအပြင် အခြားနယ်မြေများ၌ ရန်သူကို ရွပ်ရွပ်ချွံချွံခုခံတိုက်ပွဲဝင်ရင်း၊ တော်လှန်ရေးအခြေခံဒေသများတည်ဆောက်ရင်း အသက်ပေးဆပ်သွားခဲ့ကြသည့် ရဲဘော်အများအပြားရှိကြပါ သည်။ထိုရဲဘော်များသည်ဗမာပြည်စစ်အာဏာရှင်စနစ်ကိုတော်လှန်တိုက်ပွဲဝင်ရင်းရှေ့တန်းနယ်များတွင် ကျဆုံးခဲ့ရသည့်ရဲဘော်များဖြစ်ကြသည်။ထိုရဲဘော်များ၏ဂုဏ်ရောင်ထွန်းပြောင်စွာပေးဆပ်ရင်းကျဆုံးခဲ့ရမှု များကိုသမိုင်းမှတ်တမ်းများတွင်မရှိမဖြစ်လိုအပ်သည်ဟုစာရေးသူတယောက်အနေနှင့်ခံစားနားလည်မိသည်။ထို့ ကြောင့်စာရေးသူအနေနှင့်လက်လှမ်းမှီခဲ့သည့်ရဲဘော်များ၏ရုပ်ပုံလွှာအချို့ကိုလက်လှမ်းမှီသလောက်ကြိုးစား မှတ်တမ်းပြုခြင်းဖြစ်ပါသည်။
ကျောင်းသားတပ်မတော်၊ တပ်ရင်း(၂၁ဝ)မှတ်တမ်းအချို့ 
လူမှုပတ်ဝန်းကျင်(သို့ မဟုတ်)လူ့အဖွဲ့အစည်းတခုခု၊ဒါမှမဟုတ်လူသားတစ်ယောက်ချင်းစီ၌သူဖြတ်သန်းခဲ့ကြ သောမေ့မရသည့်နေ့ ရက်တွေထဲမှအထူးခြားဆုံးသောနေ့ရက်များကိုလူသည်မှတ်တမ်းအဖြစ်ပြုလေ့ရှိကြသည်။
ဒီနေ့ဒီအချိန်မှာလည်းကျနော်တို့သည်ကျနော်တို့လူ့အဖွဲ့အစည်းအတွက်မည်သည့်အရာတွေပြုလုပ်ပေး ခဲ့ကြသနည်း။
မည်သည့်အရာတွေအားနည်းချက်ရှိခဲ့ကြသနည်းဆိုသည်ကိုမှန်ကန်စွာကြည့်မြင်ရာတွင် ဖြစ်စဉ်များနှင့် ဖြတ်သန်းလာခဲ့သည့်အတိတ်သမိုင်းတွေကိုပြန်လှန်စစ်ဆေးပြီးမိမိတို့ ဖြစ်စဉ်နှင့်ရှေ့ဆက်တိုးတက်သည့် အမြင်များ၊လုပ်ဟန်များကိုလည်းတိုးတက်သည်ထက်တိုးတက်အောင်၊မှားယွင်းချက်၊အားနည်းချက်များကိုလည်း ပြုပြင်ရှု့မှတ်ပြီးနောင်အနာဂတ်မျိုးဆက်သစ်များအတွက်ကောင်းမွန်မှန်ကန်သည့်လမ်းကြောင်းတစ်ခုဖြစ်ရန် သမိုင်းမှတ်တမ်းများကိုထားရှိကြပေသည်။
ကျနော်တို့သည်မြန်မာပြည်ဖွားသားသမီးများဖြစ်ကြသည်။ထိုသားသမီးများသည်အတွေးအခေါ်၊ဗဟုသုတ ရှိစေရန်အတွက်ကျနော်တို့မိဘများကသင်ပြပေးခွင့်မရသည့်ကျောင်းနေပညာရေးစနစ်ကိုကျနော်တို့အားလုံး လူမမယ်မှသည်တက္ကသိုလ်ကျောင်းသားကြီးများအထိပညာဆည်းပူးကြ၍ဘွဲ့ရပညာတတ်များထွန်းကားပြီး အသွေးချွန်သောအသစ်အသစ်ခေါင်းဆောင်ကောင်းများကိုမွေးထုတ်ပေးခဲ့ကြသလို-၁၉၈၈ခုနှစ်ကာလများက နောင်မျိုးဆက်သစ်များကိုမီးမောင်းထိုးပြခဲ့သည့်အရေးတော်ပုံကြီးကသက်သေပြုပါလိမ့်မည်။ထိုအရာများသည် ယနေ့ကာလမျိုးဆက်သစ်များအတွက်သမိုင်းအမှန်ကိုထွန်းတောက်စွာဖော်ပြနိုင်ခဲ့ပေသည်။ထိုအရေး တော်ပုံကာလမှသည် ယနေ့ တောထဲ၊တောင်ထဲလျှိုထဲ၊ချိုင့်ဝှမ်းထဲဝေးလံခေါင်သီသည့်အရပ်ဒေသများ၌မနေ့က အကျီအဖြူ၊လုံချည်အစိမ်းဖြင့်ကျောင်းတက်ခဲ့သောကျနော်တို့သည်ချစ်ခင်တွယ်တာခဲ့သောသံယောဇဉ် အမျှဉ်တန်းများကိုမျက်ရည်များကြားမှဖြတ်တောက်ပြီးအမိမြန်မာနိုင်ငံနှင့်တိုင်းရင်းသားလူမျိုးများအတွက် ခက်ခဲနက်နဲသောခရီးကြမ်းကြီးကိုဆယ်စုနှစ်ကျော်အထိရင်ဆိုင်ဖြတ်နေရဆဲဖြစ်သည်။ထိုခရီးကြမ်းကြီးဆိုသည်မှာ စစ်အာဏာရှင်စနစ်နှင့်စစ်တပ်ကြီးစိုးမင်းမူသောဝါဒအလုံးစုံကိုတိုက်ထုတ်ရန်ဆိုလိုခြင်းဖြစ်သည်။ထိုသို့သောခရီးကြမ်းကြီးကို ရင်ဆိုင်ဖြတ်သန်းရင်းတော်လှန်ရေးခရီးတဝက်၌အကြောင်းအမျိုးမျိုးကြောင့်တော်လှန်ရေး၏ခရီးပန်းတိုင် ဆုံးခန်းတိုင်အောင်မရောက်ရှိဘဲကျဆုံးခဲ့ရသည့်အာဇာနည်ရဲဘော်အပေါင်းတို့၏သမိုင်းရုပ်ပုံလွှာများကို ကျနော်တို့ချန်လှပ်ထား၍မရစကောင်းပါ။ထိုအာဇာနည်များ၏စွန့်လွှတ်မှု၊အနစ်နာခံမှု၊ဇွဲရှိမှုစသည့်အလုံးစုံသော တည်ဆောက်ခဲ့သည့်သက္ကရာဇ်နှစ်များသည်လည်းယနေ့အချိန်မှာလွန်စွာမှလိုအပ်ပေလိမ့်မည်ဟုကျနော်မြင် ပါသည်။ ထို့ ကြောင့် ကျနော်ဖြတ်သန်းခဲ့စဉ်ကာလအမှတ်တရနှင့်မမေ့နိုင်ခဲ့သည့်အဝန်းအဝိုင်းလေးတစ်ခု၏ မှတ်တမ်းပြုစုမှုဆိုလျှင်မှားလိမ့်မည်မထင်ပါ။
ကရင်ပြည်နယ်၊သံလွင်မြစ်တလျှောက်တပ်စွဲအခြေပြုထားသောကရင်တော်လှန်ရေးအင်အားစုများ၏အုပ်ချုပ် ရေးဒေသများ(သို့ မဟုတ်)မြန်မာပြည်ဒီမိုကရေစီအရေးအတွက်တော်လှန်တိုက်ပွဲဝင်နေကြသောအင်အားစုများ တည်ရှိရာကျောင်းသားတပ်မတော်သို့ ရောက်ရှိစ အချိန်။ရောက်ရှိသည့်တပ်ရင်းမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊ ကျောင်းသားတပ်မတော်တပ်ရင်း(၂၁ဝ)တွင်ဖြစ်သည်။
၁၉၉၁ခုနှစ်၊ဇွန်လ(၅)ရက်နေ့ ။
ထိုအချိန်ကာလသည် ကျောင်သားတပ်မတော်၊အမှတ်(၂၁ဝ)စောထစခန်းသို့စတင်ရောက်ရှိလာချိန်ဖြစ်ပါ သည်။ထိုအချိန်ကာလ၌တပ်ရင်း(၂၁ဝ)သည်နှစ်ခြမ်းကွဲသောအချိန်ဖြစ်သည်။ထိုအချိန်ကာလသည် ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော-ရဲဘော်မိုးသီးဇွန်နှင့်ရဲဘော်နိုင်အောင်တို့နှစ်ခြမ်းကွဲနေချိန်ဖြစ်ပါ သည်။ထို့ကြောင့်(၂၁ဝ)စေထစခန်းတွင်ထိုအချိန်ကတိုက်ခိုက်ရေးအင်အား(၅ဝ)ကျော်ခန့်ရှိသည်။တပ်ရင်း၌ ခေါင်းဆောင်ဖြစ်သောတပ်ရင်းမှုးမှာရဲဘော်ဆန်းလင်းဖြစ်၍ကျန်သည့်တပ်ရင်းရဲဘော်များ၏တာဝန်များကို ထိုအချိန်ကာလကသေချာစွာမသိရသေး။အမှတ်(၂၁ဝ)တပ်ရင်းသို့ရဲဘော်သစ်များရောက်ရှိ၍တပ်ရင်းတွင် အခြေခံစစ်ပညာသင်တန်းပေးရန်တပ်ရင်းမှ သင်တန်းနည်းပြများနှင့်အခြေခံစစ်သင်တန်းကို(၆)လခန့်တက် ရောက်ခဲ့ရသည်။ထိုသင်တန်းတွင်ရဲဘော်သစ်များသာဖြစ်ပြီးထိုရဲဘော်များ၏အမည်များမှာအောက်ပါ အတိုင်းဖြစ်သည်။
(၁)ရဲဘော်ထွန်းလှိုင်
(၂)ရဲဘော်ဝင်းအောင်(ဂီ)
(၃)ရဲဘော်မြင့်သန်း
(၄)ရဲဘော်သန်းဝင်းအောင်
(၅)ရဲဘော်ရဲထိုက်(ကုလား)
(၆)ရဲဘော်စံမင်း(နားပိတ်)
(၇)ရဲဘော်တာဇံ(သိန်းလွင်)
(၈)ရဲဘော်ဇေယျာမင်း
(၉)ရဲဘော်သန်းဝင်း(ကီလို)
(၁ဝ)ရဲဘော်ဂေါက်လေး
(၁၁)ရဲဘော်ငပွေး
(၁၂)ရဲဘော်ဇော်ဝင်းလှိုင်
(၁၃)ရဲဘော်လှမြင့်ဦး-
စုစုပေါင်း(၁၃)ယောက်ဖြစ်သည်။ထိုစစ်ပညာသင်တန်းကို အောင်မြင်စွာတက်ရောက်နိုင်ခဲ့ကြသည်။
တပ်ရင်း(၂၁ဝ)ကွဲပြီး ယခင်ရဲဘော်များနှင့်အမည်စာရင်းမှာအောက်ပါအတိုင်းဖြစ်သည်။
(၁)ရဲဘော်ဆန်းလင်း
(၂)ရဲဘော်နိုင်ဝင်း
(၃)ရဲဘော်လဘန်(ဇော်လွင်ဦး)
(၄)ရဲဘော်ဝင်းသူရကျော်
(၅)ရဲဘော်တင်ကို
(၆)ရဲဘော်မင်းသိန်း(အာလူး)
(၇)ရဲဘော်ရဲနိုင်(အဘ)
(၈)ရဲဘော်မောင်လှ
(၉)ရဲဘော်မြင့်ဆွေ
(၁ဝ)ရဲဘော်သန်းထွဋ့်ဆွေ
(၁၁)ရဲဘော်အောင်မိုးမြင့်
(၁၂)ရဲဘော်တာကြီး
(၁၃)ရဲဘော်ဝင်းထိန်
(၁၄)ရဲဘော်သန့် ဇင်
(၁၅)ရဲဘော်ကျင်သဏ်းဦး
(၁၆)ရဲဘော်အေးကို
(၁၇)ရဲဘော်အောင်ကျော်မင်း
(၁၈)ရဲဘော်ဆင်ပေါက်
(၁၉)ရဲဘော်နွေအောင်
(၂ဝ)ရဲဘော်မြင့်လွင်(ကော်လာသူ)
(၂၁)ရဲဘော်မျိုးသန့် (ကိုရင်)
(၂၂)ရဲဘော်ဒဿ(တင်ထွန်း)
(၂၃)ရဲဘော်ပေါ်ဦး
(၂၄)ရဲဘော်မျိုးလွင်
(၂၅)ရဲဘော်ကျော်စိုး
(၂၆)ရဲဘော်ဆွေဦး
(၂၇)ရဲဘော်သက်နိုင်ဝင်း(ဂေါက်ကြီး)
(၂၈)ရဲဘော်စိုးချိုငြိမ်း
(၂၉)ရဲဘော်ဒေါ့ဂျက်
(၃ဝ)ရဲဘော်တိုင်းကျော်
(၃၁)ရဲဘော်ကျော်ထူး
(၃၂)ရဲဘော်ဝင်းဗိုလ်
(၃၃)ရဲဘော်ဝင်းမောင်
(၃၄)ရဲဘော်ဖိုးဆိတ်
စုစုပေါင်း(၃၄)ဦးဖြစ်၍ ကျန်နေသည့်အမည်များမသိပါ။
သင်တန်းတက်ပြီးသည်နှင့်ရဲဘော်ဆန်းလင်းမှ(အဘ)ရဲနိုင်ဦးစီးသောမိမိအပါအဝင်(၅)ယောက်သည် ကေအန်ယူတပ်မဟာ(၂)မုံးခရိုင်သို့စေလွှတ်၍ရှေ့တန်းတာဝန်များထမ်းဆောင်နေစဉ်နောက်တန်းမှကြေးနန်း ဖြင့်အမြန်ပြန်လာရန်ဆို၍မိမိတို့သည်ရဲဘော်အသစ်(၂)ဦးနှင့်ကေအန်ယူတပ်မဟာ(၇)အုပ်ချုပ်ရေးဒေသ ဖြစ်သောစောထအကောက်အခွန်စခန်းမှမိမိကိုင်ဆောင်သောလက်နက်များသိမ်းဆည်းခြင်းကိစ္စကိုနောက်တန်း မှခွင့်ပြုသည်ဆို၍သိမ်းဆည်းခွင့်ပေးခဲ့ရသည်။
နောက်တန်းသို့ပြန်ရောက်ပြီးယခင်သံလွင်မြစ်ဘေးသဲသာထ၌မိမိတို့စခန်းအားပြောင်းရွှေ့ရန်ယခုလက်ရှိနေရာ မှ အထက်ဓါးဂွင်ဒေသသို့စခန်းပြောင်းရွှေ့ရမည်ဟုအမိန့်ကျ၍မိမိတို့ပြောင်းရွှေ့ ပြီးတပ်တည်ဆောက်ရေးများ ပြုလုပ်ကြရသည်။ထိုအချိန်၌မကဒတနှစ်ခြမ်းကွဲနေချိန်ဖြစ်၍ရဲဘော်များမှာရဲဘော်မိုးသီးဇွန်ဘက်သို့ပြောင်းရွှေ့   တာဝန်ယူမှုများပြုလုပ်ကြသည်။ထို့ကြောင့်တပ်ရင်းတွင်ရွေးကောက်ပွဲပြုလုပ်ကြသည်။သဘောတူရွေး ကောက်ပွဲ၌ရွေးကောက်ရန်တာဝန်များကိုယ်စီဖြင့်တာဝန်ကျရဲဘော်များအမည်စာရင်းကိုအောက်ပါအတိုင်း တွေ့ရှိနိုင်သည်။
(၁)ရဲဘော်ဆန်းလင်း(တပ်ရင်းမှုး)
(၂)ရဲဘော်လဘန်(ခ)ဇော်လွင်ဦး(ဒု-တပ်ရင်းမှုး)
(၃)ရဲဘော်သန့် ဇင်(တပ်ရေး)
(၄)ရဲဘော်သင်းသူရကျော်(တပ်ထောက်)
(၅)ရဲဘော်မောင်လှ(တပ်ခွဲမှုး)
(၆)ရဲဘော်မင်းသိန်း(တပ်စုမှုး)
(၇)ရဲဘော်ကျင်သဏ်းဦး(တပ်ရင်းအရာခံဗိုလ်)
(၈)ရဲဘော်ရဲနိုင်(တပ်စုတပ်ကြပ်ကြီး)
(၉)ရဲဘော်တိုင်းကျော်(တပ်ကြပ်ကြီး)
တပ်ကြပ်များမှာ-
ရဲဘော်နွေအောင်
ရဲဘော်စိုးချိုငြိမ်း
ရဲဘော်ပေါ်ဦး
ရဲဘော်သန်းဌေးတို့ ဖြစ်သည်။
ထိုအချိန်ကာလ၌စစ်ဒေသများဖွဲ့ပြီးလုပ်ငန်းများအကောင်ထည်ဖော်ဆောင်ရွက်ကြသည်တွင်အမှတ်(၂၁ဝ)တပ်ရင်းမှရဲဘော်မြင့်ဆွေ(စစ်ဒေသ)တာဝန်များအသီးသီးထမ်းဆောင်ကြသည်။၁၉၉၂ခုနှစ်၊ကျောင်းသား တပ်မတော်(ဗဟို)၁မျဉ်း၉၂အခြေခံစစ်ပညာသင်တန်းကိုတပ်ရင်း(၂၁ဝ)မှရဲဘော်သစ်များပါဝင်တက်ရောက် ကြပါသည်။ထိုသင်တန်းသို့ တက်ရောက်ကြသည့် ရဲဘော်များ၏အမည်စာရင်းမှာအောက်ပါအတိုင်းဖြစ်ပါသည်။
(၁)ရဲဘော်ကျော်ဆန်းလွင်
(၂)ရဲဘော် လှအေး
(၃)ရဲဘော်ဝင်းစိန်(မဲကြီး)
(၄)ရဲဘော်ဝင်းမောင်
(၅)ရဲဘော်ဝင်းအောင်(ဂေါ်)
(၆)ရဲဘော်လှဌေး(ဖာကမာ)
(၇)ရဲဘော်မြင့်ဦး
(၈)ရဲဘော်စိုးအောင်
(၉)ရဲဘော်တင်ဆန်း
(၁ဝ)ရဲဘော်ဇော်ဝမ်း
(၁၁)ရဲဘော်စိုးလှိုင်
(၁၂)ရဲဘော်မောင်နိုင်
(၁၃)ရဲဘော်မှုန်တိုင်း(ခ)အောင်နိုင်
စုစုပေါင်းသင်တန်းသား(၁၄)ဦးဖြစ်ပါသည်။ကေအန်ယူတပ်မဟာ(၂)သို့ အခြေခံဒေသထိုးဖောက်ရေးတွင် ပထမဦးဆုံးထိုးဖောက်ကြသောရဲဘော်များများမှာအောက်ပါအတိုင်းဖြစ်သည်။
(၁)ရဲဘော်ဆန်းလင်း(တပ်ရင်းမှုး)
(၂)ရဲဘော်လဘန်(ဒုရင်းမှုး)
(၃)ရဲဘော်ကျင်သဏ်းဦး(ရင်းအရာခံဗိုလ်)
(၄)ရဲဘော်မောင်လှ(တပ်ခွဲမှုး)
(၅)ရဲဘော်မင်းသိန်း(တပ်စုမှုး)
(၆)ရဲဘော်ရဲနိုင်(တပ်ကြပ်ကြီး)
(၇)ရဲဘော်ဝင်းသူရကျော်(တပ်ထောက်)
(၈)ရဲဘော်တိုင်းကျော်(တပ်ကြပ်ကြီး)
(၉)ရဲဘော်စိုးချိုငြိမ်း(တပ်ကြပ်)
(၁ဝ)ရဲဘော်ကျော်ထူး(ရဲဘော်)
(၁၁)ရဲဘော်တင်ကို(ဆေးမှုး)
(၁၂)ရဲဘော်လှအေး
(၁၃)ရဲဘော်ဝင်းအောင်
(၁၄)ရဲဘော်ဝင်းမောင်
(၁၅)ရဲဘော်ဇေယျာမင်း
(၁၆)ရဲဘော်ငပွေး
(၁၇)ရဲဘော်မြင့်ဦး
ဆက်လက်ဖော်ပြပါဦးမည်။။---
မှတ်ချက်။      ။ဟစ်တိုင်ဝက်ဆိုက်မှကူးယူဖော်ပြသည်။
ကျည်ဝေဖြိုး။

Saturday, August 28, 2010

“နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာ (၉)”

                           “နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာ (၉)”


                                

                                                                                                   -၂၈ သြဂုတ် ၂၀၁၀
                                               ၁၉၉၇ခုနှစ်။ ဒီဇင်ဘာ၊
အခြေခံဒေသထိုးဖောက်ရေးကာလအတောအတွင်းအချို့ရဲဘော်များမှာဒေသခံတိုင်းရင်းသူများနှင့်အိမ်ထောင် ရက်သားကျကြသည်။အိမ်ထောင်သည်များကိုစစ်ကြောင်းဖြင့်မလိုက်စေလိုပဲမြောက်ဘက်နယ်စပ်မျဉ်း(အထူး ဒေသနှင့်ကယန်းဒေသအစပ်)ကိုးဒစ်ရွာနှင့်ချဉ်ပတောင်ရွာကြားရှိလယ်ကျင်းဘေးပတ်ဝန်းကျင်ရှိမြောင်းများ၌ ပုန်းတဲများထား၍ နေစေသည်။
ထိုအချိန်ကယန်းပြည်သစ်တပ်ဖွဲ့မှာသစ်တောကြိုးဝိုင်းအတွင်း၎င်းတို့ခေါင်းဆောင်အတွင်းရေးမှူးဗိုလ်အိုက် ဒေါင်းမှာမိုင်းထိ၍ခြေထောက်ဖြတ်ပစ်လိုက်ရသည့်အပေါ်ကေအန်ယူအားအခဲမပြေဖြစ်ချိန်၊နားလည်မှုလွဲမှားနေ ချိန်၌ကယန်းပြည်သစ်လှုပ်ရှားတပ်ဖွဲ့မှကျနော်တို့ကျနော်တို့မကဒတအလုပ်အဖွဲ့အား၎င်းတို့နှင့်လာရောက် ပူးပေါင်းရန်စာဖြင့်ကမ်းလှမ်းလာသည်။ကျနော်တို့မှာဗဟိုမှညွှန်ကြားချက်မရသေးပဲ၎င်းတို့ကမ်းလှမ်းလာသည့် အပေါ်အချိန်ကာလတစ်ခုအထိစောင့်ရန်ပြန်ကြားထားသည်။
မကြာမီကယန်းဒေသခံတပ်ဖွဲ့မှအိမ်ထောင်သည်များစခန်းချသည့်နေရာသို့လာရောက် နေရာယူပြီးသေနတ်များ ဖြင့်လာရောက်ပစ်ခတ်ကြ၍အိမ်ထောင်သည်ရဲဘော်များမှမဟာမိတ်ဖြစ်နေမှန်းသိ၍မဟာမိတ်စည်းကိုစောင့် ထိမ်းသောအားဖြင့်ပြန်လည်ပစ်ခတ်မှုများမပြုလုပ်ခဲ့ပါ။
-မကဒတ တာဝန်ရှိသူများ
ဤစာရရခြင်းကယန်းပြည်သစ်တပ်မတော်နှင့်လာရောက်တွေ့ဆုံရန်တမောခိုကျေးရွာသို့ယခုလာ သည့်ဆက်သားနှင့်တပါတည်းလိုက်ခဲ့ပါရန်-ဆိုသည့်ကယန်းတပ်ဖွဲ့မှူး၏လက်မှတ်ဖြင့်ဆင့်ခေါ်သည်။ထိုစာ ကြောင့်ကျနော်တို့အလုပ်အဖွဲ့မှခေါင်းဆောင်နှင့်ရဲဘော်တစ်ဦးသွားရောက်တွေ့ဆုံပါသည်။နောက်တစ်နေ့ ထိုနှစ်ဦးပြန်မရောက်လာပါ။ကြားရသည့်သတင်းအရကယန်းပြည်သစ်မှကျနော်တို့ရဲဘော်နှစ်ဦးကိုလက်ပြန်ကြိုး တုတ်၍ဖမ်းဆီးထားကြောင်းသိရသည်။ထိုနှစ်ဦးကိုဖမ်းဆီးသည့်နေရာမှာအလယ်ချောင်းရွာ။ကင်းလိုက်ကြော၌ ဖြစ်သည်။၎င်းတို့မှအချက်(၇)ချက်ပါသည့်အတိုင်း-
(၁)ကယန်းပြည်သစ်သို့ဝင်ပါ၊
(၂)ကယန်းပြည်သစ်ရဲဘော်တစ်ယောက်၏နိုင်ငံရေးခံစားပိုင်ခွင့်အတိုင်းခံစားပိုင်ခွင့်ရှိစေရမည်။
(၃)ကယန်းပြည်သစ်ပါတီနှင့်အတူဒေသဆိုင်ရာဖွံ့ ဖြိုးရေးအတွက်ဝိုင်းဝန်းလုပ်ဆောင်ရန်။
(၄)တာဝန်နှင့်ရာထူးအလိုက်ကယန်းပြည်သစ်တပ်မတော်တွင်ရယူခံစားပိုင်ခွင့်ရှိစေရမည်။
(၅)သင့်တော်သည့်အချိန်ကာလ(သို့မဟုတ်နိုင်ငံရေးအခြေအနေပေးသည့်ကာလတွင်သက်ဆိုင်ရာအ
ဖွဲ့ အစည်းများသို့ ပြန်ခွင့်ပြုမည်။
(၆)ကယန်းပြည်သစ်၏အုပ်ချုပ်မှုအောက်တွင်တာဝန်ထမ်းဆောင်ရမည်။
(၇)ကယန်းပြည်သစ်တာဝန်ရှိသူများ၏ခွင့်ပြုချက်မရပဲမည်သည့်အဖွဲ့အစည်းပုဂ္ဂိုလ်များနှင့်ဆက်သွယ် ခွင့်မပြုလုပ်ရ- ဟုပါရှိပါသည်။
ထိုအချက်များကို ရဲဘော်တိုင်းဖတ်ကြားသိစေပြီး အလုပ်အဖွဲ့ ဆွေးနွေးပွဲထိုင်ဖြစ်သည်။ကေအန်ယူတပ်မဟာ(၂)သို့နဂိုကဆုတ်ခွာရန်ရွေးချယ်ထားသော်လည်းရန်သူနှင့်ဖောက်ပြန်ရေးအဖွဲ့များမှဆုတ်ခွာမည့်လမ်းကြောင်းများ ကိုတပ်အင်အား အခိုင်အမာဖြင့်ချထားကြောင်းသိရသည်။ထို့ကြောင့်ပထမဆုတ်ခွာမည့်လမ်းကြောင်း အစီအစဉ် မအောင်မြင်ခဲ့။
ဒုတိယအချက်မှာ-ကယန်းပြည်သစ်သို့ ဆုတ်ခွာရန်။
တတိယအချက်မှာထိုနှစ်ခုကိုမရွေးချယ်ပဲလက်ရှိဒေသ၏အင်အား၊လက်နက်၊ဆက်ရပ်တည်မည်ဆိုပါကရန်သူ ၏ခြေမှူန်းခြင်းကိုခံရမည်မှာမလွဲမသေဖြစ်သည်။
ထို့ကြောင့်အဖက်ဖက်မှသုံးသပ်ပြီးအကောင်းဆုံးနှင့်အသင့်တော်ဆုံးရွေးချယ်မှုနည်းလမ်းတစ်ခုကိုကျနော်တို့ရွေး
ချယ်လိုက်ရပါပြီ။ထိုရွေးချယ်မှုကတော့-ကယန်းပြည်သစ်နယ်မြေသို့ ဆုတ်ခွာရန်ဖြစ်ပါသည်။
ကယန်းပြည်သစ်ဒေသ။
မကဒတအလယ်ပိုင်းအလုပ်အဖွဲ့သည်ကယန်းပြည်သစ်ပါတီ၏ထုတ်ပြန်ချက်သဘောထားအတိုင်းကယန်း ပြည်သစ်အပစ်အခတ်ရပ်စဲရေးနယ်မြေ၏အချိန်ကာလတစ်ခုအထိရပ်တည်လှုပ်ရှားရန်အတွက်ယခုကယန်း ပြည်သစ်နယ်မြေထဲသို့ကျနော်တို့ရောက်ရှိလာခဲ့ကြသည်။အလယ်ချောင်းရွာတွင်ကယန်းပြည်သစ်အတွင်းရေး မှူး ဗိုလ်အိုက်ဒေါင်းမှဝမ်းပန်းတသာဖြင့်ကျနော်တို့ အားကြိုဆို၏၊၄င်းတို့၏ဒေသတွက်ခေါင်ရည်များဖြင့်တည် ခင်းဧည့်ခံကြသည်။
-ကျနော်တို့  အပစ်အခတ်ရပ်စဲရတဲ့ သဘောကလည်း ကျားနဲ့ နွားနဲ့ ပေါင်းထားရတဲ့ သဘောပေါ့ဗျာ၊
-အခုလို အပစ်အခတ်ရပ်စဲ လိုက်ရတော့ ကျနော်တို့ လူမျိုးတွေလည်း ပေါ်တာ အဆွဲမခံရ တော့ဘူး၊
-ကိုယ့်တောင်ယာ ကိုယ် အေးအေးချမ်းချမ်း လုပ်ကိုင် စားသောက် နိုင်တာပေါ့၊
-နယ်မြေဒေသဖွံ့ဖြိုးရေးအတွက်နအဖကကျနော်တို့ကိုစာသင်ကျောင်း။ကားလမ်း။ဆေးခန်းတွေ ဖောက်လုပ်။ဆောက်လုပ်ပေးဖို့ အစီအစဉ် ရှိပါတယ်၊
-နိုင်ငံရေးစကားကိုတော့ယခုအချိန်မှာသူတို့ ကကျနော်တို့ ကိုပြောခွင့်မပြုသေးဘူးလို့သိရတယ်၊
-ခုချိန်ဟာဒေသဖွံ့ ဖြိုးရေးနဲ့စီးပွားရေးလုပ်ငန်းအချို့ ကိုသာလုပ်ခွင့်ပြုထားပါတယ်၊
-နိုင်ငံရေးစကားကိုတော့အခွင့်အခါသင့်တဲ့အချိန်မှာလုပ်ပေးပါ့မယ်လို့တော့သဘောထားရှိပါတယ်၊
အထက်ပါစကားများသည်ကယန်းပြည်သစ်အတွင်းရေးမှူးဗိုလ်အိုက်ဒေါင်းမှကျနော်တို့ကိုမိတ်ဆက်ပေးသော စကားချပ်များဖြစ်သည်။
ကယန်းပြည်သစ်ဒေသမှာအများအားဖြင့်ကယန်းလူမျိုးများဖြစ်ကြသည်။ကရင်နှင့်ကယန်းနယ်မြေအစပ်တွင် ကယန်းလူမျိုးအနည်းစုနှင့်ကယန်းဒေသနေထိုင်သူကရင်လူမျိုးအများစုလည်းနန်းချိုချောင်းနဘေးတွင်တောင် ယာ၊ဥယျာဉ်လုပ်ငန်းဖြင့်လုပ်ကိုင်စားသောက်နေထိုင်ကြသည်။အများစု မှာ ရိုမန်ကက်သရစ်ဘာသာဝင်များ ဖြစ်ကြသည်။သဲပျော်ရွာတွင်နအဖဖောက်လုပ်ထားသောမြေညီခြောက်ပေကားလမ်းတစ်ခုတွေ့ရသည်။ထိုကား လမ်းသည်ခြောက်သွေ့ ရာသီတွင်သာကားအသွားအလာရှိပြီး။မိုးတွင်ကျလျင်ကားသွားလာ၍မရပါ။
ရွာအချို့တွင်စာသင်ကျောင်းသာရှိပြီးကျောင်းဆရာ။ဆရာမများလုံလောက်မှုမရှိတာကိုတွေ့ ရသည်။
ကျောင်းတွေမှာလည်း အခြေခံပညာမူလတန်း အဆင့်မျှသာဖွင့်လှစ်ပေးထားတာကိုတွေ့ ရသည်။
ဒေသခံလူထုမှာလမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိသည်။ရွာများမှဒေသခံတိုင်းရင်းသားကယန်းလူထုမှာဈေး ဝယ်ရာတွင်ရွာမှတစ်ညအိပ်ခြေကျင်သွားရသည်။သောက်ရေခပ်၊လိပ်သိုလ်၊တောင်ငူမြို့များသို့ခြေကျင်သွားရ သည်။အထူးသဖြင့်သူတို့နေထိုင်လုပ်ကိုင်စားသောက်ရသည့်လုပ်ငန်း မှာတောင်ယာခုတ်ခြင်းအဓိကဖြစ်သည်။
တောင်ယာများကိုခုတ်ဖန်များသောအခါတောင်ယာများမှာနာလန်မထူဖြစ်ကြရသည်၊သစ်ကြီး၊ဝါးကြီးပင်များမှာ ရှားပါးသလောက်ဖြစ်နေသည်။အချို့ ရွာများတွင်စိမ်းလန်းစိုပြည်သည့်သစ်တောများမရှိမှုကြောင့်ရေရှားပါးမှု များဖြစ်ကြရသည်။အချို့တောင်တန်းများမှာတောင်ယာခုတ်ဖန်များသောကြောင့်နောက်သစ်ပင်များမပေါက်နိုင် တော့ပဲတောင်ကတုံးကြီးများဖြစ်နေတာကိုတွေ့ရသည်။လူနေမှုအဆင့်အတန်းမှာလည်းအလွန်မှနိမ့်ကျပါသည်။
ကျန်းမာရေးပညာပေးလုပ်ငန်းများအားနည်းမှုကြောင့်ဝမ်းကိုက်ရောဂါ၊ငှက်ဖျားရောဂါကြောင့်သေဆုံးမှုအများ အပြားရှိကြပါသည်။အချို့ ရွာသားများမှာဒေသအတွင်းစီးပွားရေးမယ်မယ်ရရမရှိသည့်အတွက်မိုးကုတ်သို့ ထွက်၍ ကျောက်တွင်းတူးသည့်အလုပ်များသွားရောက်လုပ်ကိုင်ကြသည်။
မကဒတအလုပ်အဖွဲ့သည်ကယန်းပြည်သစ်ဗဟိုကော်မီတီများ၏စီမံခန့်ခွဲမှုအောက်တွင်တာဝန်ထမ်းဆောင်ရ သည်။ကယန်းပြည်သစ်ပါတီဥက္ကဌမှာငိန်းကယန်းထန်(ဝါ) ဦးရွှေအေးဖြစ်သည်။
၁၉၆၂ခုနှစ်မှစ၍တောခိုသောတက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်သည်။ကယန်းလူမျိုးလွတ်မြောက် ရေးအတွက်တော်လှန်ရေးတာဝန်ကိုတက်ကြွစွာထမ်းဆောင်ခဲ့သောလူမျိုးစုခေါင်းဆောင်တစ်ယောက်ဖြစ် သည်။ဥက္ကဌဦးရွှေအေးမှာအပစ်အခတ်ရပ်ပြီးနောက်ပိုင်းသိကျိတ်ရွာ၌ဒေသခံကယန်းတိုင်းရင်းသားများနှင့် အတူလယ်ယာများလုပ်ကိုင်ထွန်ယက်နေတာကိုတွေ့ ရသည်။
ဒကစ(ဒေသကွပ်ကဲရေး စစ်ဦးစီး)နှင့်ကယန်းပြည်သစ်တပ်မတော်စစ်ဦးစီးတို့မှာလွိုင်ကော်၌မကြာခဏတွေ့ဆုံ စကားပြောကြသည်။လွိုင်ကော်တွင်ထောက်လှမ်းရေး(၂၇)ရှိ၏။ထောက်လှမ်းရေးအရာရှိများမှယခုတဖန် ကယန်းပြည်သစ်တွင်ရောက်ရှိနေသောကျောင်းသားများကို၎င်းတို့ထံအပ်နှံရမည်ဟုဖိအားပေးအကြပ်ကိုင်လာ သည်။
ထိုအခါကယန်းပြည်သစ်ဗဟိုကော်မီတီမှပထမအကြိမ်၌ယခုရောက်ရှိနေသည့်ကျောင်းသားများမှာကယန်းပြည် သစ်ပါတီ၏အုပ်ချုပ်မှုအောက်၌ ရှိ၍နအဖထံအပ်နှံဖို့ မဖြစ်နိုင်ကြောင်းတုံ့ ပြန်ခဲ့သည်။
ထိုကိစ္စကြောင့်ကယန်းပြည်သစ်ဗဟိုကော်မီတီအတွင်းသဘောထားအချို့ကွဲကြပြန်သည်။
ဒုတိယအကြိမ်ရေကန်ပုလောရွာတွင်အရေးပေါ်အစည်းအဝေးပြုလုပ်ရာ၌ထိုကိစ္စပါလာ၍ထိုအစည်းအဝေးမှ တညီတညွတ်တည်းဆုံးဖြတ်လိုက်သည်ကတော့-
ကယန်းပြည်သစ်ဒေတွင်ရောက်ရှိနေသော-အေဘီအက်စ်ဒီအက်ဖ်-တပ်ဖွဲ့ဝင်များကိုကယန်းပြည်သစ် ဒေသအတွင်းမှရက်ပိုင်းအတွင်းမရှိရေးတို့ ဖြစ်သည်။
ထောက်လှမ်းရေး(၂၇)မှပြောရာတွင်လက်ရှိဒေသအတွင်းမှာရှိသည့်ကျောင်းသားများကို၎င်းတို့လက်တွင်းသို့ အပ်လျင်အပ်၊မအပ်လျင်၎င်တို့ကိုယ်တိုင်ဒေသအတွင်းသို့ဝင်ပြီးတပ်အင်အားဖြင့်ဝင်ရောက်ရှင်းလင်းရလိမ့် မည်ဟုဖိအားပေးခဲ့သည်။
ထို့ကြောင့်-မကဒတအလယ်ပိုင်းအလုပ်အဖွဲ့ရဲဘော်များသည်သိကျိတ်ရွာတွင်အရေးပေါ်ဆွေးနွေးပွဲပြုလုပ်ပြီး ခရီးထွက်ရန်အလျင်အမြန်ပြင်ဆင်ကြရတော့သည်။အချို့ရဲဘော်များမှာဒေသအတွင်း၌တောင်ယာများခုတ်ပြီး စပါးရိတ်ရန်အသင့်ဖြစ်နေချေပြီ။ထိုစပါးများရိတ်သိမ်းခွင့်မရပဲခရီးထွက်ရတော့မည်။
အလယ်ပိုင်းဒေသတွင်တိုက်ပွဲဝင်ခဲ့သည့်သေနတ်များကိုယခုလိုကယန်းဒေသမှပြန်ထွက်ခွာရာတွင်ကယန်းပြည် သစ်ပါတီကလက်နက်များ၊ကျည်ဆံများ၊ယူဆောင်သွားခွင့်မရှိဟုသဘောထားထုတ်ပြန်လိုက်ပါသည်။ရဲဘော် များသည်မိမိတို့တိုက်ပွဲဝင်သေနတ်များကိုယူဆောင်သွားချင်သော်လည်းယူဆောင်ခွင့်မရသည့်အပေါ်ဝမ်းနည်း မှုများဖြင့်တိတ်ဆိတ်ငြိမ်သက်စွာဖြင့်ဥက္ကဌငိန်းကယန်းထန်(ဝါ)ဦးရွှေအေးရုံး၌သေနတ်များအပ်နှံလိုက်ရသည်။ ရဲဘော်အချို့ လူမမြင်သည့်နေရာများတွင်ဝမ်းနည်းဆို့တဲ့စွာငိုကြွေးနေကြသည်။
မကြာမီ-ဖိုးဝိကားအဖြူကြီးကဖင်ထိုး၍ခရီးထွက်ရန်စောင့်နေ၏။ကျနော်တို့အားလုံးကားပေါ်သို့ကိုယ်စီတက် လိုက်ကြသည်။ကယန်းပြည်သစ်ရဲဘော်အချို့မှာကျနော်တို့ကိုကြည့်၍ဝမ်းနည်းစွာဖြင့်နှုတ်ဆက်ကြသည်။ သိကျိတ်ရွာမှဤအကြောင်းသိပြီးသားရွာသားအချို့ဒေသထွက်ခေါင်ကျရည်ပုလင်းများလက်ဆောင်ပေးလာကြ သည်။ညနေနေဝင်စအချိန်။သိကျိတ်ရွာမှကားထွက်စပြုပြီ၊ဖိနပ်မပါပဲမျက်ရည်သုတ်ပြီးပြေးလိုက်လာသော ရဲဘော်ကြီးတင်ဝင်းအသံက“-ညီလေးရေ-သွားနှင့်ဦးကွာ။တို့ရှစ်လေးလုံးညီအစ်ကို တတွေ။တစ်နေ့  ပြန်ဆုံကြဘို့ဆုတောင်းကွာ-”ဟုငိုသံကြီးနှင့်နှုတ်ဆက်ဝမ်းနည်းသံ-ကြားနေမိ။လမ်းတလျှောက်၌တောစံပယ် အရိုင်းနံ့များ၊ညမွှေးပန်းရနံ့များ၊နှင်းခိုးမြူမှုံတွေပတ်လယ်ဝိုင်ထားသည့်တောင်တန်းတွေကိုနဂါးကြီးတစ်ကောင် က ပါတ်ခွေထားသည့်အလား--ယနေ့ အထိ ထိုမြင်ကွင်းတွေကကျနော့်မျက်ဝန်းအိမ်ထဲက ထွက်မသွားသေးပါ။
ကယန်းပြည်သစ်ရောက်မကဒတတပ်ဖွဲ့ဝင်အချို့ သည်လွိုင်ကော်ထောက်လှမ်းရေး(၂၇)၏ဖိအားပေးမှုကြောင့် (၂၅)ရက်၊အောက်တိုဘာ၁၉၉၈တွင်ကားဖြင့်လွိုင်ကော်နှင့်လိပ်သိုလ်အကြားကားလမ်းသို့လိုက်ပို့ပေးသည်။ ထိုကားလမ်းမှကျနော်တို့ ဖြတ်ဆင်းပြီး ဒေါလီရွာသို့ ရောက် သည်၊ ၄င်းရွာ တွင် တညအိပ်ပြီး နံနက်မိုးမလင်းမှီ ခရီးထွက်ဘို့ ပြင်ဆင်ကြသည်။ကျနော်တို့ ခရီးထွက်ရမည့်လမ်းကြောင်းမှာကလလတ-အုပ်ချုပ်ရေးနယ်မြေသို့ ဖြစ်သည်။မူရင်းလမ်းအတိုင်းသွားလျင်နေ့ဝက်နှင့်ရည်မှန်းချက်သို့ရောက်နိုင်သည်။သို့သော်သတင်းပေါက်မည် စိုး၍လမ်းကြောင်းအတိုင်းမသွားပဲတောတိုး၍ခရီးတွက်ရသည်။ကယန်းပြည်သစ်ဒေသအစပ်နှင့်ကလလတ- ဒေသအစပ်အကြားတောင်များမှာမြင့်မားမို့မောက်လှသည်။တခါတရံမတ်စောက်လှ၏။အတက်ဆိုးလှသော တောင်များမှတဆင့်ခက်ခက်ခဲခဲပြန်ဆင်းပြီးချောင်းကြို၊ချောင်ကြားတွေကို ဖြတ်ကျော်ရပြန်သည်။
ကျနော်တို့ခရီးထွက်တွင်ဒီနေ့အဖို့အရောက်ချီတက်ရမည့်နေရာမှာကလလတအတွင်းရေးမှူးဗိုလ်မှူးရွှေဝါ သစ်တောရုံးသို့ဖြစ်သည်။ကျနော်တို့အဖွဲ့အားလမ်းပြအဖြစ်ကယန်းပြည်သစ်ဥက္ကဌရုံးမှရဲဘော်အောင်ကျော်မှဦး ဆောင်သည်။တောင်ကြောရေစပ်များတွင်ကျွန်းသစ်တုံးကြီးများအစီအရီတွေ့ရသည်။ခရီးထွက်နေစဉ်အတွင်း ခပ်ဝေးဝေးတောင်ကြောများအပေါ်မှကားသံအချို့ ကြားရသည်။
ထိုကားသံသည်ရာဒိုသို့သွားသောကားဖြစ်ကြောင်းလမ်းပြရဲဘော်မှရှင်းပြသည်။ကျနော်တို့အဖွဲ့တွင်အိမ်ထောင် သည်(၂)ဦးပါသဖြင့်ခရီးထွက်ရာတွင်အတော်အခက်အခဲဖြစ်ရသည်။ရဲဘော်တစ်ဦး၏ဇနီးမှာကိုယ်လေးလက် ဝန်ကြီးဖြင့်ကလလတသစ်တောရုံးသို့ည(၁၉းဝဝ)နာရီလောက်မှရောက်ကြသည်။သစ်တောရုံးသို့မရောက်မှီ ရေစီးကြမ်းသည့် ထူးချောင်းကြီးကို ဖြတ်ကူးရသည်မှာအသဲတအေးအေး ဖြစ်မိသည်၊
ချောင်းအကျယ်မှာကျဉ်းသော်လည်းချောင်းတဘက်ကမ်းသို့ကူးရန်သစ်တုံးတစ်တုံးတည်းဖြင့်ကန့်လန့်ဖြတ်ခင်းထားသည်။ဘေးတဘက်တချက်တွင်လက်ကိုင်စရာတစုံတခုမှမရှိ။ကူးရသည်မှာမလွယ်ကူလှ။ပြုတ်ကျသွားလျင်ထိုရေစီး၌သယ်ဆောင်ရာသို့တဟုန်ထိုးပါသွားနိုင်သည်။
ကျနော်တို့အဖြေင့်ကူးနိုင်သော်လည်းအိမ်ထောင်သည်ရဲမေ(၂)ဦးကူးမှကူးနိုင်ပါ့မလားလို့ရင်တမမဖြင့်တဘက် ကမ်းမှစောင့်ရင်းကြည့်နေမိသည်။ရဲဘော်များမှရဲမေ(၂)ဦးအထုတ်အပိုးများကိုခွဲဝေယူဆောင်ကြပြီး၎င်းတို့ (၂)ဦးအလွယ်အပိုးမပါဒီအတိုင်းကူးစေသည်။ရဲမေ(၂)ဦးမှာစိတ်ဓါတ်ခိုင်မာစွာဖြင့်ထူးချောင်း၏ရေစီးကြမ်းလှသော အခက်အခဲကိုကျော်လွှားနိုင်ခဲ့ကြသည်။ထိုတစ်ညပင်ပန်းနွမ်းနယ်စွာအိပ်စက်အနားယူလိုက်ကြသည်။
ကျနော်တို့အဖွဲ့မှာကလလတသစ်တောရုံးတွင်(၅)ရက်မျှနေထိုင်အနားယူကြပြီးအောက်တိုဘာလ(၂၉)ရက်နေ့ ။ နံနက်(၉းဝဝ)နာရီတွင်ရှေ့ ခရီးဆက်ကြသည်။
လမ်းခရီးလုံခြုံရေးအတွက်သေနတ်(၅)လက်ကိုယူဆောင်ခဲ့သော်လည်းထိုသစ်တောရုံးမှထားခဲ့ရမည်ဆိုပြန် သောကြောင့်ထားခဲ့ရပြန်သည်။မြတ်နိုးယုယစွာထွေးပိုက်ခဲ့ရသောသေနတ်နှင့်ကျည်ဘောက်အချို့ကိုနောက်ဆုံး အလေးပြု၍ပေးလိုက်ရပြန်သည်။စိတ်ထဲနစ်နစ်သည်းသည်းခံစားလိုက်ရသည်။လမ်းပြမှာယခင်လမ်းပြမဟုတ်ပဲ ရဲဘော်တစ်ယောက်မှပို့ပေးမည် ဖြစ်ကြောင်းသိရသည်။
အုပ်ချုပ်ရေးဒေသအတွင်းရှိရွာများ၏အမည်များကိုမေးရင်းစကားတပြောပြောနှင့်တောတွေကိုတတောပြီး တတောတတောင်ပြီးတတောင်ကျာ်ဖြတ်နေရသည်။ဟာအို(ပလဲ့)၊ဝယ်ဒိုးသာ(ရွာသစ်၊ရွာဟောင်း)၊ယူလီးခို (ဂေကော)ဂိတ်စခန်းစသည့်ရွာများဖြတ်ပြီးယူလီးခိုတွင်ကျနော်တို့အဖွဲ့ နားကြ သည်။
ယူလီးခိုရွာအရှေ့ဘက်တွင်နွားကုန်သည်များစခန်းချအနားယူသည့်ဝါးတဲတစ်ခုတွင်စခန်းချစေသည်။ညဘက် အိပ်လို့တိတ်ဆိတ်၍အိပ်မောကျချိန်လောက်တွင်ဝါးတဲတဘက်တချက်မှချုံနွယ်များကိုတိုးပြီးအုပ်လိုက် တောတိုးသံကြားရ၍ရဲဘော်များအားလုံးအလန့်တကြားဝါးတဲပေါ်မှထ၍လွတ်ရာလွတ်ကြောင်းထွက်ပြေးကြကုန် သည်။အမှန်ကချုံတိုးလာသောအသံမှာရန်သူမဟုတ်ပဲနွားများဖြစ်နေ၍ ငိုအားထက်ရယ်အားသန် နေမိသည်။
သို့သော်ထိုသို့အဖြစ်မျိုးနွားမဟုတ်ပဲရန်သူသာအမှန်တကယ်ဖြစ်ခဲ့မည်ဆိုလျင်ကျနော်တို့၏ဘဝမှာရန်သူ၏ သေနတ်သံအောက်မှာအသက်အားလုံးပျောက်သွားကြမည်ကိုတွေးရင်းဖြင့်ဝမ်းနည်းအားငယ်မှုများဖြစ်ခဲ့ရ သည်။
ကျနော်တို့အဖွဲ့သည်ယူလီးခို(ဂေကော)ဂိတ်စခန်းမှနိုဝင်ဘာလ(၃)ရက်၁၉၉၈၊နံနက်(၇းဝဝ)နာရီတွင်ခရီး ဆက်ကြရာလိုဒေး၊ဘေခီး၊လပါခီးရွာများသို့ဖြတ်ကျော်ရသည်။ကလလတဒေသသည်လည်းကယန်းပြည်သစ် ဒေသလိုပဲတောင်များမှာတောင်ယာများအထပ်ထပ်ခုတ်ထား၍သစ်ကြီးဝါးကြီးပင်များမတွေ့ရသလောက်ရှားပါး သည်။ဘရယ်စော်ရွာဝသို့ကျနော်စတင်ဝင်ရောက်ရာတွင်စစ်ယူနီဖောင်းနှင့်အဖွဲ့တဖွဲ့ကိုအိမ်တစ်အိမ်၌တွေ၍ နေ၏၊ပထမရင်ထဲထိတ်သွားသည်။ရန်သူ့တပ်များဖြစ်နေမလား၊လေးဆယ်မမကျည်တွဲအီကွန့်မင့်ကိုတဲ၏ ဝါးအစွန်းတွင်ချိတ်ထားသည်ကိုတွေ့ ရသည်။အီကွန့်မင့်တွင်ပုဝါအနီကိုလည်းတွေ့ ရသည်။ကျနော့်မှာရှေ့သို့ ဆက်မတိုးရဲပဲလမ်းပြဖြစ်သူအားနောက်လှည့်သတင်းပို့သည်။လမ်းပြမှစက်ဖွင့်၍ထိုအဖွဲ့အားဆက်သွယ်ရာ ထိုအဖွဲ့ မှာရန်သူ့ အဖွဲ့ မဟုတ်ပဲကေအန်ပီပီမှလှုပ်ရှားတပ်ဖွဲ့ ဖြစ်နေမှန်းသိရသည်။
တပ်ကြပ်ကြီးဖြစ်သူရဲဘော်မှာယခင်ကမကဒတတပ်ရင်း(၃ဝ၃)တွင်တာဝန်ထမ်းဆောင်ခဲ့ဘူးသောရဲဘော်ဖြစ် မှန်းနောက်မှသိရသည်။
ထိုရဲဘော်များမှကျနော်တို့၏ ဖြစ်စဉ်များကိုနားလည်ပြီးအစစကူညီပေးရှာသည်။
ကျနော်တို့အားယခုလာသည့်လမ်းကြောင်းအတိုင်းရှေ့ဆက်မတိုးဖို့အကြံပေးသည်။ဖားဆောင်းဂွင်တွင် ကျနော်တို့သတင်းကိုအတိအကျရထားသောရန်သူမှတပ်များအခိုင်အမာချထားကြောင်းသိရ၍ထိုခရီးကိုရှေ့ဆက်ဖို့ မစဉ်းစားတော့ရန် ကျနော်တို့ ဆွေးနွေးတိုင်ကြသည်။ထို့ ကြောင့် ထိုခရီးမဆက်ပဲ လမ်းဘေးတောင်ယာတဲတညနားလိုက်ကြ သည်၊ ထိုတစ်ညရေမရှိ၍ တမင်းတနပ် ငတ်ခဲ့ ကြသေးသည်၊
ထိုဒေသတွင်ကေအန်ပီပီမှနယ်မြေခံများနှင့်ကလလတ နယ်မြေတာဝန်ခံ များမှာ နားလည်မှု ရယူထားကြသည်၊
ကေအန်ပီပီကလည်းကလလတရဲဘော်များကိုမလွဲမရှောင်သာမှတွေ့ခဲ့ရင်တောင်တိုက်ပွဲမဖြစ်ရန်။ ကလလတကလည်းကေအန်ပီပီတပ်များလှုပ်ရှားသွားလာကြတာကိုတွေ့လျင်တိုက်ပွဲမဖော်ဆောင်ရန်ညွှန်ကြား ထားသည်ဟုသိရသည်။ထိုနယ်မြေမှာကေအန်ပီပီနှင့်ကလလတ(၂)ဖွဲ့၏ဆုံချက်အကောက်အခွန်ဒေသများ ဖြစ်ကြသည်။ထို့ ကြောင့်အကျိုးစီးပွားအရရေရှည်အကျိုးကိုမျှော်ကိုးပြီးတိုက်ပွဲမဖြစ်ကြခြင်းဖြစ်သည်။
ကျနော်တို့ကရိန်နီလမ်းကြောင်းအတိုင်းခရီးထွက်ဖို့သဘောတူဆုံးဖြတ်ချက်ချလိုက်သည်။နောက်ထပ် လမ်းကြောင်းစဉ်းစားရာတွင်ယခုကရိန်နီနယ်စပ်တောင်ကြောများကိုဖြတ်ပြီးအနောက်တောင်ထောင့် ကေအန်ယူဒေသသို့ ဖြတ်ချိုးဝင်ရန် စဉ်းစား ဆုံးဖြတ် ခဲ့ကြသည်၊
ယခုကျနော်တို့ စခန်းချသည့်နေရာမှာကလလတအုပ်ချုပ်ရေးဒေသအတွင်းမှတောသီးဖိုရွာတွင်ဖြစ်သည်။
တောသီးဖိုရွာ၏အောက်တွင်ဖဲလော်ချောင်းရှိသည်။ဖဲလော်ချောင်းကိုကျော်ပြီးမှကေအန်ယူနယ်စပ်ကို ရောက်မည်။လမ်းခရီးမှာရက်ပိုင်း၊လပိုင်းလောက်အထိကြာနိုင်မည်ဟုခန့်မှန်းကြသည်။
အဘယ်ကြောင့်ဆိုသော်ရန်သူ့အခြေအနေနှင့်ကျနော်တို့၏ခရီးစဉ်ကိုသတင်းမပေါက်ကြားအောင်လျို့ဝှက်စွာ ထွက်ခွာရန်အတွက်ကြောင့်ဖြစ်သည်။(၂၇)ရက်။နိုဝင်ဘာ၁၉၉၈ နေ့တောသီးဖိုရွာမှစထွက်ရာ(၂၉)ရက်နိုဝင် ဘာ၁၉၉၈နေ့တွင်ကရိန်နီထိန်းချုပ်ရာမီးခါးတဲရွာသို့ရောက်ရှိသည်။လမ်းခရီးတွင်ရွာအချို့မှာရန်သူမှမီး ရှို့ ထား၍ အိမ်တိုင်များမှာမီးကျွမ်းထား၍မီးသွေးချောင်ကြီးတွေအလားတွေ့ ရ၏၊ခရစ်ယာန်ဘုရားကျောင်းများမှာယိုယွင်း ပျက်စီး၍ချုံနွယ်များအကြားတည်ရှိနေတာတွေ့ရပြန်သည်။ဘုရားကျောင်းထဲတွင်အိမ်မွေးဆိတ်များ၌ ချေတုံးများ၊သခင်ယေရှု့ ရုပ်ပုံကားချပ်မှာ ယိုယွင်း ပျက်စီး နေတာတွေ့ ရှု စိတ်မကောင်းဖြစ်မိရုံ ကလွဲပြီး ဘာများတတ်နိုင် ဦးမှာလဲ၊နာမည်ကြီးလှသည့်ဘွီးကော်ဘွားခီးတောင်ကြောကိုအဝေးမှလှမ်းတွေ့နေရသည်။ကျနော်တို့အဖွဲ့ဘွီး ကော်ဘွားခီးသို့(၂းဝဝ)နာရီကျော်မျှသွားရသည်။ထိုတောင်သို့မရောက်မှီမီခါးဒေး(ရွာပုန်း)ရွာမှာပဲစခန်း ချဖြစ်သည်။မီးခါးဒေးရွာတွင်စခန်းချစဉ်။ရွာထဲလှည့်ပတ်အကဲခတ်လေ့လာရာတွင်ကရင်တိုင်းရင်းသား များမှာ ဆင်းရဲကြပ်တည်းစွာဖြင့်လုပ်ကိုင်စားသောက်နေထိုင်ရသည်ကိုတွေ့ ရသည်။ရွာတွေကိုစစ်တပ်မှ မီးရှို့ ပြီးနောက် ရွာသားများမှာယခင်ရွာထဲ၌မနေလိုကြတော့ပဲရွာပုန်းများအဖြစ်စုဖွဲ့ နေထိုင်ကြရသည်။
ရွာပုန်းများတွင်အခြေခံပညာရှိသောကျောင်းဆရာ၊တစ်ယောက်စ၊နှစ်ယောက်စ၊နှစ်ယောက်စမှရွာထဲမှ ကလေးများကိုပညာသင်ပေးကြရသည်။ထိုကလေးများမှာကျနော်တို့ကိုတွေ့လျင်ကျနော်တို့ မှဗမာစကားပြော၍ အတော်ကြောက်ရွံ့ နေပုံရသည်။ခေတ်၏ဆိုးကျိုးများကိုကလေးတွေခါးသည်းနာကျည်းစွာခံစားနေရသည်ကို ကြည့်ရင်းကျနော်၏ရင်ထဲနင့်သည်းစွာခံစားရသည်။ရွာသားများမှာ၎င်းတို့တောင်ယာထွက်သီးနှံများကို နောက်လွယ်ပုလိုင်းထဲသို့ကိုယ်စီထည့်၍မနက်ခရီးထွက်ဘို့ပြင်ဆင်နေကြသည်ကိုကြည့်ရင်းမေးမြန်းကြည့်မိရာ မနက်တွင်ရာဒိုသို့ခရီးထွက်ပြီးယခုသီးနှံများကိုမြို့ပေါ်တွင်ဆားဖြင့်လည်းကောင်း၊လဲလှယ်ရန်အတွက် ဖြစ်သည်ဟုသိရ၍ဆက်သွယ်ရေးလမ်းကြောင်း၏အခက်အခဲကိုဤဒေသတွင်တွေ့ရပြန်သည်။မူခါဒေးရွာ၏ အရှေ့တည့်တည့်ဘွေမိုခီးဆိုသည့်တောင်ကြောပေါ်တွင်ကားလမ်းဖောက်လုပ်ထားသည်ဟုသိရသည်။ ထိုကားလမ်းမှာတောင်ငူ၊မော်ချီး၊ဖားဆောင်း၊လွိုင်ကော်စသည်မြို့များသို့စစ်သုံးကားလမ်းအဖြစ်ဖောက် လုပ်ထားသည်။
မီးခါးဒေးရွာတွင်နေစဉ်။ကေအန်ယူဒေသ၊ခရီးလမ်းကြောင်းစကားစမြည်မေးမြန်းတီးခေါက်ကြည့်သည်။ လက်ရှိရွာနှင့်ကေအန်ယူတပ်မဟာ(၂)သံတောင်မြို့ နယ်အတွင်းရှိ ရှိခိုရွာမှာခြေကျင်လျှောက်သော်(၆)နာရီခန့်  သွားရမည်ဟုဒေသခံတစ်ဦးမုပြောပြသည်။ရှိခိုနှင့်အနီးတဝိုက်မောသူးတဲရွာဘက်တွင်သံတောင်မြို့နယ်ကေအန် ယူလှုပ်ရှားတပ်ဖွဲ့ များလှုပ်ရှားနေသည်ဟုသတင်းရသည်။ထိုဒေသများမှာကျနော်ကျင်လည်ခဲ့ဘူးသော ဒေသများဖြစ်၍စိတ်ထဲဝမ်းသာမိသည်။

ဆက်လက်ဖော်ပြပါဦးမည်။။---
မှတ်ချက်။     ။ဟစ်တိုင်ဝက်ဆိုက်မှကူးယူဖော်ပြသည်။
ကျည်ဝေဖြိုး။