Showing posts with label ထုတ်ပြန်ချက်. Show all posts
Showing posts with label ထုတ်ပြန်ချက်. Show all posts

Sunday, February 19, 2012

Stand for the ABSDF

Final Statement Others

Monday, January 16, 2012

To ABSDF Suggestion for Civel Peace Offering

To ABSDF Suggestion for Civel Peace  Offering

Tuesday, January 11, 2011

Letter to Former Comrades Abroad

Letter to Former Comrades Abroad                                                                   

Thursday, December 3, 2009

စောထဖောင်ဒေးရှင်းဖွဲ့ စည်းလိုက်နိုင်ခြင်း။


မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး

တပ်ရင်း ၂၁ဝ၊ ၂၁၄

(စောထစခန်း)

ထုတ်ပြန်ချက် ရက်စွဲ-၂၀၀၉/နိုဝင်ဘာ

ဤနေ့အခါသာမယသည် (တပ်ရင်း ၂၁ဝ၊ ၂၁၄ စောထစခန်း) ရှိရဲဘော်များအားလုံးအတွက်နှစ်စဉ် မမေ့နိုင်သော နေ့ထူးနေ့မြတ်ဖြစ် သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) တပ်ရင်း၂၁ဝ၊၂၁၄ (စောထစခန်း) မှ အမိနိုင်ငံ တော်နှင့် ဒီမိုကရေစီရေးအတွက် ယုံကြည်ချက် ခိုင်မြဲစွာဆုပ်ကိုင် တိုက်ပွဲဝင်ရင်း စွန်လွှတ်အနစ်နာခံ အသက်သွေးပေးဆပ် ကျဆုးံခဲ့ကြရသော သူရဲကောင်း ရဲဘော်/ရဲမေ (၅၆) ယောက်အတွက် အောက်မေ့ဂုဏ်ပြု အလှူဒါနအမျှပေးဝေခြင်းကို ကျန်ရစ်သူ ရဲဘော် အပေါင်းမှ ၁၉၉၅ ခုနှစ်မှစ၍ နှစ်စဉ်နှစ်တိုင်း စုစည်းညီညွတ်စွာပြုလုပ်သော အခမ်းအနားနေ့ဖြစ်သည်။ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ကြသည့် အခြားအခြား သော (မကဒတ) တပ်ရင်းအသီးသီးမှ ရဲဘော်/ရဲမေအပေါင်းနှင့် အာဇာနည် သံဃာတော်၊ ကျောင်းသား၊ ပြည်သူအပေါင်းတို့အား ဤအခမ်းအနား မှ တစ်ပေါင်းတည်းရည်စူး၍ ကောင်းမှုအလှူဒါနပေးဝေပါသည်။

ကျနော်တို့အတွင်း အမြင်သဘောထား ကွဲလွဲမှုများစွာ ရှိခဲ့သည်၊ ရှိနေသည်၊ ရှိနေမြဲ ဖြစ်သည်။ မည်သို့ဆိုစေ တစ်မိုးအောက်၊ တစ်ခရီး တည်း သွားကြသူများဖြစ်သည်။ မလွတ်မြောက်သေးသော နိုင်ငံတော်အတွက် ကျရာနေရာက တာဝန်ထမ်းဆောင်သောသူများအဖြစ် အနှစ် (၂ဝ) ကျော်လာသည့်တိုင် ရင်ထဲမှာ ခိုင်မြဲစွာတည်ရှိနေ၏။ ကျနော်တို့ ပိုရင့်ကျက် သဘောထားကြီးရမည်။ ညီညွတ်ရမည်။ ပေးဆပ်အနစ်နာခံခဲ့သော အာဇာနည်အပေါင်း၏ ကျေးဇူးတန်ဖိုးကို လေးစားပေးရမည်။ တိုက်ပွဲအရှိန် မြှင့်ရမည်။ သမိုင်းအမွေကို ဂုဏ်သိက္ခာရှိစွာ လက်ပြောင်းလွှဲအပ်ရမည်။ တိုတောင်းလွန်းသည့် ဘဝတို့၏ မနက်ဖြန်ကို ကောင်းခြင်းမင်္ဂလာနှင့် ပြည်စုံစေချင်သည်။

ကျနော်တို့ သမိုင်းတစ်လျှောက်လုံးတွင်လည်း အကြောက်တရား၊ ရက်စက်ယုတ်မာမှုများ၊ ခြိမ်းခြောက်လိမ်ညာမှုများ၊ အကျဉ်းချ သတ် ဖြတ်မှုများ၊ ငတ်မွတ်ဆင်းရဲမှုများဖြင့် သားစဉ်မြေးဆက် လူ့ဂုဏ်သိက္ခာရှိရှိ ရှင်သန်နေထိုင်ခွင့် ပြည့်ဝစွာနေခွင့်မရခဲ့ပါ။ ထို့အတွက် နည်းလမ်းမျိုးစုံ ဖြင့် တော်လှန်တိုက်ပွဲဝင်ခဲ့ကြပြီး မလွတ်မြောက်သရွေ့ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်သည်။ ယုံကြည်ချက်တူသူများနှင့် လက်တွဲတိုက်ပွဲဝင် သွားမည်ဖြစ်သလို စိတ်ပျက်အားငယ်သူများကိုလည်း အားပေးလက်ကမ်းခေါ်သွားမည် ဖြစ်သည်။ အရေးကြီးလျှင် သွေးနီးရမည်။ ကျနော်တို့၏ သွေးထဲတွင် နိုင်ငံတော်၊ ဂုဏ်သိက္ခာ၊ စည်းကမ်းနှင့် တာဝန်တို့သည်အစဉ်မပြတ် စီးဆင်းလည်ပတ်နေသည်၊။ ရည်ရွယ်ရာအစပထမ ဘဝကိုမေ့လို့ မရပါ။ သမိုင်းပေးတာဝန်ကို ရှောင်ဖယ်၍ မရ။ ကျွန်ုပ်တို့မြန်မာနိုင်ငံမှ လာကြသူများဖြစ်သည်။ ဆင်းရဲမွဲတေ၍ လူတောမတိုးနိုင်သော နိုင်ငံတော် အတွက် ကယ်တင်တိုက်ပွဲ ဝင်ခြင်းမှာ ဂုဏ်ယူဝံ့ကြွားစရာ တိုက်ပွဲဝင်မှုမင်္ဂလာဖြစ်သည်။

စောထစခန်းရဲ့သုဿန်တစပြင်တွင် ကျနော်တို့၏ မျက်ရည်၊ သွေး၊ ချွေး၊ ရဲဘော်သူငယ်ချင်းဝိဥာဉ်တိုဖြင့် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့တွင် တည်ထောင်ခဲ့သည်။ ထို့အတွက် ကျနော်တို့စောထဖောင်ဒေးရှင်းကို ၂ဝဝ၈ ခုနှစ်တွင် ရဲဘော်သူရဲကောင်းအပေါင်းအား တိုင် တည်၍ ကျန်ရှိနေသော (နည်းပေါင်းစုံဖြင့် လက်နက်ချအညံ့ခံသူများမှအပ) ရဲဘော်ညီအကိုတော်အပေါင်းမှ သံန္ဖေတည်၍ ၂ဝဝ၉ ခုနှစ် ဤအချိန် အခါသမယတွင် အောင်မြင်စွာမွေးဖွားလိုက်ပါသည်။ ဤစောထဖောင်ဒေးရှင်းမှ တပ်ရင်းမှစွန့်လွှတ်အနစ်နာခံ ကျဆုံးသွားသော ရဲဘော်/ရဲမေတို့၏ ကျန်ရစ်ခဲ့သည့် မိဘ၊ မောင်နှစ်မများ၏ အကြပ်အတည်းအခက်အခဲများကို အလှည့်ကျ တစ်နိုင်တစ်ပိုင်ပံ့ပိုးကူညီ ထောက်ပံ့ခြင်းနှင့် ပညာရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာ ထောက်ပံ့ဂုဏ်ပြမှုများ ပုံမှန်အကောင်အထည်ဖေါ်ဆောင်ရွက်သွားမည်ဖြစ်သည်။အသက်ခြင်းဆက်ခဲ့သော ဘဝများကို မမေ့ကြပါ။ ကျနော်တို့တွင် သမိုင်းကြွေးများစွာရှိပါသည်။ ထို့အတွက် ဤစောထရဲဘော် အားလုံးမှ တတ်စွမ်းသမျှ ပေးဆပ်သွားမည်ဖြစ်သည်။

ကျနော်တို့သည် ဒီမိုကရေစီရေးတိုက်ပွဲတွင် ကျဆုံးပျောက်ကွယ်သွားကြသော အာဇာနည်သူရဲကောင်း ရဲဘော်/ရဲမေများ၏ ကျေးဇူး ဂုဏ်သိက္ခာကို လေးစားစွာဦးညွတ် အလေးပြုပါ၏။ ထိုအာဇာနည်များ၏ လွှင့်ထူခဲ့သောအလံကို မျိုးဆက်သစ်များနှင့်အတူ မြဲမြဲဆုပ်ကိုင်ရင်း အမြင့် ဆုံးထိ လွှင့်ထူတိုက်ပွဲဝင်သွားမည်ဖြစ်သည်။ သန့်စင်မွန်မြတ်သော သမိုင်းမှော်ကွန်းကို ရေးထိုးသွားမည်ဖြစ်ပါသည်။

- ရှစ်ဆယ့်ရှစ် ဝိဥာဉ်များ ၏သစ္စာကိုစောင့်သိလျှက်

- ဒီမိုကရေစီအရေးတော်ပုံ အောင်ရမည်။

နိုင်ငံတကာရောက် တပ်ရင်း ၂၁ဝ၊၂၁၄

(စောထစခန်း) ရဲဘော်/ရဲမေ များ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး




ဆက်သွယ်ရန်- ဒေါင်းနီ (၃၃ဝ) ၈၆၁ ၈၈၈၃

မောင်မောင်ဇင် (၅၁ဝ) ၆၈၄ ၅၃၇၁