Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Saturday, December 24, 2011

ယူနီယံတပ်မတော်ကိုအခိုင်အမာဖွဲ့စည်းကြ။ခိုင်မာသည့်ဖက်ဒရယ်တပ်မတော်တည်ဆောက်ကြ။

ယူနီယံတပ်မတော်ကိုအခိုင်အမာဖွဲ့စည်းကြ။ခိုင်မာသည့်ဖက်ဒရယ်တပ်မတော်တည်ဆောက်ကြ။

အတော်တော့အံ့သြမိတယ်။ခုတလောဦးသိန်းစိန်အစိုးရ၏ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေအနေနှင့်KNU၊KIO/PLO/မွန်ပြည်သစ်၊DKBA/SSA/စသည့်လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များနှင့်ခပ်စိပ်စိပ်တွေ့နေတာကိုကြည့်ရင်း၁၉၉၄ခုနှစ်လောက်ကအပစ်အခတ်ရပ်စဲရေးကာလကိုပြန်
လည်မြင်ယောင်မိတယ်။ထိုအချိန်တုန်းက-နအဖမှာနိုင်ငံတကာမှအပြင်အထန်ဖိအားပေးနေချိန်
တွေမှာတိုင်း၇င်းသားလက်နက်ကိုင်တွေတစုတစည်းတည်းဖြစ်သွားမှာကိုအလွန်စိုးရိမ်ခဲ့သည်။ စစ်ရေးအရတိုက်ခိုက်ရေးအင်အားတော်လှန်ရေးဘက်မှအင်နှင့်အားဖြင့်တပ်ပေါင်းစုတွေ၊ အထူးသဖြင့်KNUဗဟိုဌာနချုပ်ကြီးဖြစ်ခဲ့သော-မာနယ်ပုလောတွင်လက်နက်ကိုင်တိုင်းရင်းသား တွေအားလုံးတိုင်း၇င်းသားနှီးနှောဖလှယ်ပွဲကြီးကျင်းပနေသည့်အချိန်မှာနအဖအစိုးရသည်-တဘက်သတ်အပစ်အခတ်ရပ်စဲရေးကိုချက်ခြင်းလုပ်ပြီးတိုင်း၇င်းသားတွေကိုခွဲထုတ်နိုင်ခဲ့သည်။အပစ်အခတ်ရပ်စဲရေးကိုတိုင်ါ်၇င်းသားလက်နက်ကိုင်အဖွဲ့
(၃၀)ကျော်၁၉၉၄ခုနှစ်နောက်ပိုင်းမှာအပစ်ရပ်ခဲ့ကြသည်။အကျိုးစီးပွားတွေဖြင့်ပေးထားပြီးနိုင်ငံတကာ-အထူးသဖြင့်ကမ္ဘာ့ကုလသမဂ္ဂ
အထွေထွေညီလာခံကြီးတွင်တိုင်းရင်းသားတွေနှင့်ငြိမ်းချမ်းရေးကိုဟောသည်လိုရယူပြီးတိုင်းပြည်ကောင်းကျိုးတွေအတွက်လုပ်နေပါသည်
ဟုဓါတ်ပုံတွေချပြပြီးနိုင်ငံတကာကိုယုံကြည်အောင်လုပ်ပြနိုင်ခဲ့သည်။ဒီနေရာတွင်နိုင်ငံရေးဆိုသည်မှာ-လှည့်ကွက်တွေနှင့်စစ်မှန်သည်မစစ်မှန်သည်
အပထားလောလောဆယ်နိုင်ငံတကာကလက်ခံအောင်ပြဆိုခြင်းဟာန၀တ၏အလုပ်ဖြစ်နေသည်။ဗိုလ်ခ င်ညွှန့်လက်ထက်ကထိုသို့တိုင်းရင်းသားတွေကို
လိမ်ပြီးအပစ်ရပ်ခဲ့သည်။


ဗိုလ်ခင်ညွှန့်လက်ထက်ကလုပ်သည့်ပုံစံအတိုင်းယခုဦးသိန်းစိန်အစိုးရမှလည်း(၁)အာဆီယံဥက္ကဌ
ဖြစ်လာတော့မယ့်အချိန်၊ဒီမိုကရေစီကိုဖော်ဆောင်ပါသည်ဆို သည့်ပြယုတ်တွေကိုအပေါ်ယံဟန်
ပြလုပ်ဆောင်ပြီးယခုတဖန်ဥပါယ်တမျဉ်ဗျူဟာများဖြင့်မျှားခေါ်နေတာ ကိုတွေ့ရမည်ဖြစ်သည်။  တော်လှန်ရေးအဖွဲ့အစည်းများ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လွန်ခဲ့သည့် ဖြစ်စဉ်များကိုသုံသပ်ပြီး
ဦးသိန်းစိန်အစိုးရ၏ဥပါယ်တမျဉ်ဗျူဟာကိုနိုင်ငံရေး၊စစ်ရေးသတိဖြင့်သုံး သပ်သည်။

(က)UNFCအဖွဲ့ကြီးသည်NCGUBဖျက်သိမ်းရတော့မည်ကိုကြိုသိ၍ယ္ခင်NDFအဖွဲ့ကိုဖျက်သိမ်းပြီး
ဖက်ဒရယ်တပ်မတော်ကိုဖွဲ့စည်းမည်ဟုရည်ရွယ်မှုသည်ဦးသိန်းစိန်အစိုးရအတွက်အရှိုက်ကိုထိစေမည့်ကြိုးပမ်းချက်ကြီးဖြစ်နေ
တာကိုသိနိုင်သည်။ယူနီယံတပ်မတော်သာဖွဲ့စည်းဖြစ်ခဲ့လျှင်နိုင်ငံတကာတွင်တိုင်းရင်းသားလူမျိုးစုတွေစုစည်းပြီးစည်းနှောင်မှု၇ှိသည့်ယူနီယံ
တပ်မတော်ဖြစ်ကြောင်းနိုင်ငံတကာတွင်အသိအမှတ်ပြုသွားနိုင်သည်။ထိုယူနီယံတပ်မတော်ဖြစ်လာမှာကိုဦးသိန်းစိန်အစိုးရမှနိုင်ငံရေးအရအလွန်စိုးရိမ်သည်။
ထို့ကြောင့်လည်းဒီလိုယူနီယံတပ်မတော်ကြီးမဖြစ်မြောက်အောင်အဖက်ဖက်ကကြိုးစားပါလိမ့်မည်။

(ခ)ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှုသမိုင်းတလျှောက်တွင်ဗိုလ်နေ၀င်းလက်ထက်ပြုလုပ်ခဲ့သည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်သွားခဲ့၇သည့်
သာဓကတွေ၇ှိခဲ့ပြီးဖြစ်သည်။ထိုအချိန်တုန်းက-ဖိနပ်ခါးကြားထိုးပြီးနောက်ပြန်လာခဲ့သည့်သမိုင်းရာဇ၀င်များ၇ှိခဲ့ဘူးသည်။

(ဂ)ယနေ့အပြောများနေသည့်ပြည်တွင်းငြိမ်းရေးကြိုးပမ်းမည်ဆိုလျှင်ယခင်လိုနိုင်ငံရေးအရညံ့လို့မရတော့ဟုထင်မြင်မိသည်။ငြိမ်းချမ်းရေး
လုပ်သည့်အခြေအနေများတွင်မိမိဘက်မှာလည်း
နိုင်ငံရေးချည့်ဇောင် ပေးပြီးမိမိတဦးတဖွဲ့တည်းကောင်းစားရေးအတွက်လုပ်လို့ရသည့်အခြေအနေမဟုတ်တော့ဟုထင်မြင်မိသည်
။နိုင်ငံရေးတပ်ပေါင်းစု၊စစ်ရေးအရအားလုံးစုရုံးအကောင်အထည်ဖော်နိုင်သည့်စစ်ရေးတပ်ပေါင်းစုလိုအပ်ပါသည်။

(ဃ)UNFC၏ယူနီယံတပ်မတော်ဖွဲ့စည်းမည့်ရည်ရွယ်ချက်သည်ပြည်တွင်းငြိမ်းချမ်းရေးအတွက်-
အဆိုးဆုံးကိုရင်ဆိုင်နိုင်ဘို့နှင့်အကောင်းဆုံးကိုမျှော်လင့်နို င်ဘို့အတွက်သင့်တော်သည့်လုပ်ဆောင်ချက်ဖြစ်သည်။

ထိုဆုံးဖြတ်ချက်များကိုအမြန်ဆုံးဖော်ဆောင်နိုင်ဘို့လိုအပ်သည်။ထိုသို့မှမဟုတ်ပဲဒီတခါလည်း-ဦးသိန်းစိန်အစိုးရ၏ဥပါယ်တမျဉ်ဗျူဟာထဲကိုရောက်သွားပြီးနိုင်ငံရေးပြန်လမ်းမ၇ှိပဲချောင်ပိတ်သွားမည့်သတ်ကွင်းထဲကိုတဖွဲ့ခြင်းမ၀င်မိဘို့၊
ဘုံနိုင်ငံရေးရပ်တည်ချက်တွေအပေါ်ဗဟိုပြုထားပြီးပြောကြပါ။ပြောလို့မရလျှင်နောက်ကိုပြန်ဆုတ်နိုင်သည့်ယူနီယံတပ်မတော်မှာဆုံချက်ထားကြပါလို့
အပြုသဘောဖြင့်ရေးသားလိုက်ရပေသည်။


ဒေးဗစ်။

Friday, May 13, 2011

(ဘင်လာဒင်ကို သုတ်သင်ခဲ့တဲ့ တပ်)

အမေရိကန်အထူးတပ်ဖွဲ့ SEAL(Sea,Air,Land ) 6
ဘိုဘိုကျော်ငြိမ်း | သောကြာနေ့၊ မေလ ၁၃ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၀၂ မိနစ်

(ဘင်လာဒင်ကို သုတ်သင်ခဲ့တဲ့ တပ်)

လောကကြီးမှာအဟောင်းကြွေပြီး အသစ်ပေါက်လာတာတွေ ရှိသလို၊ အရှုံးကနေ အမြတ်ထွက် ဘ၀သစ်ပေါက်ဖွားလာတာတွေလည်း ရှိတတ်ပါတယ်။

အမေရိကန်တွေရဲ့အဓိက အားနည်းချက်က ဗြူရိုကရေစီပဲ။ ဌာနအတွင်းမှာ ဗြူရိုကရက်တွေ ကြီးထွားလာပြီး အချင်းချင်း အားပြိုင်မှုတွေ ဖြစ်ပွားလာပြီးနောက်ဆုံး အရှုံးနဲ့ ရင်ဆိုင်တတ်ကြရတယ်။ အမေရိကန် စစ်တပ်အတွက် အနိမ့်ကျဆုံးအချိန်ဟာ ဗီယက်နမ်စစ် ရှုံးပြီး ကာလပဲ။ ဒါတောင် အမေရိကန် စစ်ဗိုလ်ချုပ် ဗြူရိုကရက်တွေဟာ
နောင်တတရား မရကြဘူး။ ဌာနတခုနဲ့တခုအပြိုင် လက်နက်တပ်ဆင်ကြတာ နောက်ဆုံးရေတပ်နဲ့လေတပ်နဲ့ ကြည်းတပ် လက်နက်တွေဟာ အတူဖလှယ်သုံးလို့မရကြတော့။

၁၉၇၉ မှာ အီရန်ဘာသာရေး အစိုးရအောက်မှာ တဖက်စွန်းရောက် ကျောင်းသားတွေဟာ အမေရိကန် သံရုံးကို စီး၊ သံတမန်တွေကို ဖမ်းခဲ့ကြတယ်။ နောက်ဆုံး စေ့စပ်လို့မရမှ စစ်ရေးအရ ကယ်တင်ဖို့စီစဉ်ခဲ့ကြတယ်။ ကယ်ဖို့ သဲကန္တာရတခုမှာ ဆုံမှတ်အဖြစ် ဆုံကြတုန်း သဲမုန်တိုင်းအတွင်းမှာရဟတ်ယာဉ်ချင်း တိုက်မိပြီး လူရောလက်နက်ပါ ဆုံးရှုံခဲ့ကြရတယ်။ အဲဒီတုန်းက သမ္မတဂျင်မီကာတာ ဆိုတာကလည်း အမေရိကန် ရာဇ၀င်မှာ အပျော့ဆုံး သမ္မတတယောက်။

ချက်ချင်းနောက်ဆုတ်ဖို့ အမိန့်ပေးခဲ့တာ အမေရိကန် စစ်တပ်အဖို့ တည့်တည့်မပစ်နိုင်တဲ့ လူညံ့တွေအဖြစ် ကမ္ဘာ့အလယ်မှာ အရှက်ကွဲခဲ့ရတယ်။

ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး အမေရိကန်တပ်မတော်ထဲမှာ ရှိသမျှ အထူးတပ်ဖွဲ့တွေကို စုစည်းပြီး၊ အထူးတပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့ Special Operation Commandဆိုပြီး စဖွဲ့ခဲ့ကြရတယ်။ အမေရိကန် တပ်မတော်မှာ လိုအပ်မှုအပေါ် မူတည်ပြီး တပ်ဖွဲ့တွေကို အထူးပြု ဖွဲ့စည်းထားတယ်။ ဥပမာ ၈၂လေထီးခုန် တပ်မကို ခြေမြန်တပ်မလို့ ခေါ်ပါတယ်။ လက်နက်ကြီးတွေ၊ တင့်ကားတွေ မပါဘဲ ရန်သူ့အနောက်ဝင်ပြီး သိမ်း၊ အချိန်တို ထိန်းထားရုံပဲ။ ပြီးမှ The Big Red လို့ ခေါ်တဲ့ တပ်မ အမှတ် ၁ လိုမျိုး တပ်မ အမှတ် ၄ လို တင့်ကားနဲ့လက်နက်ကြီးတွေပါတဲ့ တပ်မတွေ ၀င်လာပြီးနေရာယူ တပ်စွဲဖို့ကိုး။ ဥပမာ တောင်ပေါ်မှာတိုက်ဖို့ဆိုရင် အမှတ် ၁၀ တောင်ပေါ် တပ်မဟာ နယူးယောက် ပြည်နယ်မှာ ရှိတယ်။ မြန်မာတပ်မတော်ရဲ့ ကျောရိုးဖြစ်တဲ့ ၇၇ ၊ ၈၈ ၊ ၉၉ ၊ ၆၆ စတဲ့ခြေမြန်တပ်မတွေဟာ ၈၂ လေထီးခုန် တပ်မကို စံထားပြီး ဖွဲ့စည်းခဲ့တာလို့ အတွင်းသိတွေကပြောပြကြတယ်။

ဒီလိုပဲအထူးတပ်ဖွဲ့တွေကိုလည်း တာဝန်ခွဲထားတယ်။ ဥပမာ ဒယ်လ်တာ Delta တပ်ဖွဲ့တွေက ဓားစာခံ တွေကို ကယ်ဖို့ အထူးလေ့ကျင့်ထားတယ်။ ဒါ့အပြင် ဒယ်လ်တာ တပ်ဖွဲ့တွေဟာ ၁၉၇၀ ခုနှစ်တွေမှာ အာရပ် အကြမ်းဖက်သမားတွေ ကာလမှာဖွဲ့စည်းခဲ့တာကြောင့် အကြမ်းဖက်သမားနဲ့ သူပုန်နှိမ်နင်းရေးတွေ အတွက်လည်း လေ့ကျင့်ထားပါတယ်။ ရိမ်ဂျားတွေကတော့ အမေရိကန် တော်လှန်ရေးစစ် မတိုင်ခင်ကတည်းက ရှိခဲ့တာပါ။

Wednesday, January 26, 2011

အင်ဒိုနီးရှားဖြစ်စဉ်နှင့်လူထုအခြေပြု လူမှုအဖွဲ့အစည်းဆိုရာဝယ်။

အင်ဒိုနီးရှားဖြစ်စဉ်နှင့်လူထုအခြေပြု လူမှုအဖွဲ့အစည်းဆိုရာဝယ်။
(၁)
သမိုင်းကိုလေ့လာကြည့်လျှင်(သို့မဟုတ်)လူ့အဖွဲ့အစည်းတွေမှာ-(က)အစိုးရ၊(ခ)အရင်းရှင်(Market)၊လူထု-စသည်တို့ရှိကြပါတယ်။ဘုရင်တွေအုပ်စိုးစဉ်က-ဘုရင်တွေလက်ထက်မှာနယ်ချဲလာသူအများစုကတော့-အရင်းရှင်တွေပဲဖြစ်တယ်။ဥပမာ-ဗြိတိသျှတွေဟာ-ပထမဦးဆုံးအနေနဲ့အိန္ဒိယနိုင်ငံမှာအခြေစိုက်တယ်။ ၀င်ငွေကောင်းလာတဲ့အခါဘုရင်မထံချဉ်းကပ်ပြီးဈေးကွက်ကို၎င်းတို့ကပဲControလုပ်သည့်သာဓကရှိခဲ့သည်။
(၂)
၁၉၄၈-ခုနှစ်ကအင်ဒိုနီးရှားနိုင်ငံမှာဒတ်ခ်ျလူမျို(နယ်သာလန်)တွေကြီးစိုးခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံကိုဘုရင်
ကအုပ်ချုပ်ခဲ့တာမဟုတ်ဘူး။ကုမ္မဏီတွေကအုပ်ချုပ်သွား ခဲ့တယ်။အစိုးရနဲ့ဈေးကွက်ကြားမှာ-အချင်းချင်း ဆက်ဆံရေးတွေရှိခဲ့တယ်။သမိုင်းကိုကြည်လျှင်နိုင်ငံရေး+အာဏာ+ဈေးကွက်စသည့်တိုကိုယူထားတာသတိ
ချပ်သင့်ပါတယ်။လူထုဟာအစိုးရရဲ့ထိန်းချုပ်မှုအောက်မိမိကိုယ်မိမိလုံခြုံတယ်ထင်လို့ပဲဖြစ်တယ်။လူထုဟာ
အစိုးရတွေကိုပဲယုံကြည်လေ့ရှိကြတယ်။လူ့အဖွဲ့အစည်းကိုControလုပ်တဲ့နေရာမှာအစိုးရကအဓိကကျနေ
တယ်မဟုတ်ပါလား။အစိုးရတွေဟာလူမှုကိစ္စမှာသူတို့အာဏာရှိသလို၊အရင်းရှင်(Market)တွေလည်းအစိုးရကို
Controလုပ်ချင်ကြပါတယ်။ငွေကြေးအာဏာ(money Power)နှင့်Contro လုပ်ခိုင်းတတ်ကြပါတယ်။
(၃)
ဒီမိုကရေစီနိုင်ငံမှာအာဏာသည်လူထုဆီကသွားရမည်။ဒါကြောင့်လူထုကိုအခြေခံပြီးလူမှုအဖွဲ့အစည်းတွေကို
ဖွဲ့စည်းထားရမည်ဖြစ်သည်။လူမှုအဖွဲ့အစည်းတွေဟာအများသောအားဖြင့်ဒီမိုကရက်တစ်နိုင်ငံတွေမှာပဲရှိ
တယ်။ဒီမိုကရေစီရဲ့သင်္ကေတတခုဟာCivilSocietyလို့(လူထုအခြေ့ပုလူမှုအဖွဲ့အစည်းလို့ပဲသတ်မှတ်ထားကြတယ်။
ဥပမာ-တောင်သူလယ်သမား၊ကျောင်းသား၊အလုပ်သမားစတဲ့လွတ်လပ်တဲ့အဖွဲ့အစည်းတွေလိုအပ်လှပါတယ်။
တတ်သိပညာရှင်တွေကဖော်ထုတ်နိုင်မှသာ ဒီမိုကရေစီနိုင်ငံတနိုင်ငံပီသမှာဖြစ်ပါတယ်။
(1)Organization Group.
(2)Asosiation Group.
(3)Net Work.
(4)Profectional Group.
(5)Lawer councial group.
စတဲ့အဖွဲ့အစည်းတွေဖြစ်တယ်။အဲဒီမှာFront, NGO,-စတဲ့အဖွဲ့အစည်းတွေဟာ Civil Society အဖွဲ့တွေမှာ ပါဝင်ပါတယ်။ဒီမိုကရေစီစနစ်အောက်မှာ-ရပိုင်ခွင့် အခွင့်အရေးအမျိုးမျိုးဟာတန်းတူရည်တူဖြစ်လာမှက ဒီမိုကရေစီစနစ်ဖြစ်ပါတယ်။နိုင်ငံရေးပါတီတွေကိုCivilsocietyလိုခေါ်၍မရပါ။အဘယ့်ကြောင့်ဆိုသော်၎င်းတို့
သည် အာဏာကိုရယူဘို့အတွက်ဖွဲ့စည်းထားသည့်အဖွဲ့အစည်းတွေဖြစ်တာကြောင့် Civil Society လို့ခေါ်၍ မရပါ။
(၄)
ဥပမာ(၁)ခုအနေနှင့်အင်ဒိုနီးရှားနိုင်ငံရဲ့အတွေ့အကြုံကိုအကျဉ်းချုံးတင်ပြချင်ပါတယ်။အင်ဒိုနီးရှားနိုင်ငံရဲ့နိုင်ငံ
ရေးဖြစ်စဉ်တွေဟာအများသောအားဖြင့်မြန်မာ့နိုင်ငံရေးနဲ့တိုက်ဆိုင်တာတွေ့ရပါတယ်။အင်ဒိုနီးရှားနိုင်ငံရဲ့
ဘိုးဘေးတွေဟာမြန်မာပြည်ဘက်က လွန်ခဲ့တဲ့နှစ်ပေါင်း(၁၀၀၀)ခန့်ကပြောင်းရွှေ့လာခဲ့ကြတယ်လို့ ခန့်မှန်း ရပါတယ်။အဲဒီနိုင်ငံမှာအဓိကလူမျိုးဟာ-မလေးလူမျိုးတွေဖြစ်တယ်။သူတို့ဟာ-မြန်မာပြည်မြောက်ပိုင်း ဒေသ ကထွက်လာတာဖြစ်ပါတယ်။ပညာရေးဘက်မှာဆိုလည်းမူလတန်းကျောင်းတွေမှာ-အင်ဒိုနီးရှားသမိုင်း ဘာသာရပ်ကိုသင်ကြားကြတာ တွေ့ရပါတယ်။အထူးသဖြင့်အင်ဒိုနီးရှားလူမျိုးတွေရဲ့ရုပ်လက္ခဏာဟာ-မြန်မာတွေနဲ့ဆင်တူးပါတယ်။(လူမျိုးတူမှု)။
အင်ဒိုနီးရှားနိုင်ငံမှာလူမျိုးစု(၂)စုရှိပါတယ်။(၁)။Detro-မလေး၊(၂)Proto-မလေးတို့ဖြစ်ပါတယ်။လူဦးရေသန်း (၂၀၀)ကျော်ရှိပါတယ်။ကမ္ဘာမှာစတုထ္ထလူဦးရေအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။လူသီးရေအများဆုံးလူမျိုးကတော့-ဒက်ထရိုမလေးတွေပဲဖြစ်တယ်။လူတွေကိုခွဲခြားလျှင်-လူမျိုးစုပေါင်း(၈၄၀)ရှိတယ်။ ဗမာပြည်လိုပဲလူမျိုးစုတွေ များလှပါတယ်။အဲဒီလိုကွဲပြားတဲ့လူမျိုးတွေကိုအမျိုးသား အနေနဲ့စည်းရုံဘို့အတော်လေး အခက်အခဲရှိတာ တွေရပါတယ်။အင်ဒိုနီးရှားနိုင်ငံမှာဒတ်ခ်ျတွေကနှစ်ပေါင်း(၃၄၀)စိုးမိုးအုပ်ချုပ်ခဲ့ပါတယ်။ဒါ့အပြင်ဂျပန်
လက်အောက်မှာလည်းကျရောက်ခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံဟာ-၁၉၄၅ခုနှစ်မှာ-လွတ်လပ်ရေးရပါတယ်။ လွတ်လပ်ရေးရဘို့ကာလရှည်ကြာစွာတိုက်ပွဲဝင်ခဲ့ကြရပါတယ်။၁၉၀၈ခုနှစ်မှာ-အမျိုးသားတော်လှန်ရေး စခဲ့ပါတယ်။ ဒတ်ခ်ျနဲ့ဂျပန်ကို-နိုင်ငံရေးအရ၊လက်နက်ကိုင်တော်လှန်ရေး အရပါတော်လှန်ဆင်နွှဲ ခဲ့ပါ တယ် ။ ၁၉၃၀-၁၉၄၄ခုနှစ်အတွင်းတွေကလွတ်လပ်ရေးတိုက်ပွဲဝင် နေချိန်ကာလတွေမှာမြန်မာနဲ့နီးကပ်တဲ့ ဆက်ဆံ မှုတွေရှိခဲ့ပါတယ်။
ဥပမာ-ဂျပန်လက်ထက်သေမင်းတမန်လမ်းဖောက်လုပ်တဲ့နေရာမှာ-အင်ဒိုနီးရှားနိုင်ငံကလူမျိုးတွေ ပါဝင်ခဲ့ ပါ တယ်။အဲဒီမှာထောင်နှင့်ချီပြီးအသက်ဆုံး၇ှုံးမှုတွေရှိခဲ့ပါ တယ်။၁၉၄၅-မှာလွတ်လပ်ရေးရရှိပြီး ၁၉၄၈ခုနှစ် လွတ်လပ်ရေးရခါစမှာအင်ဒိုနီးရှားအင်ဒိုနီးရှားနိုင်ငံဟာစီးပွားရေကြပ်တည်းမှု၇ှိခဲ့ပါတယ်။၁၉၄၇-ခုနှစ်မှာ မြန်မာနိုင်ငံမှ ပထမဦးဆုံးဆန်တန်ချိန်ပေါင်း(၁၀၀၀)ကူညိခဲ့ပါတယ်။ဒါဟာကမ္ဘာမှာ ပထမဦးဆုံးကူညီမှုကို မြန်မာနိုင်ငံမှရရှိခဲ့ပါတယ်။အိဂျစ်နဲ့မြန်မာဟာအင်ဒိုနီးရျားကိုပထမဥိးဆုံး ကူညီမှုဖြစ်တယ်လို့အသိအမှတ် ပြုခဲ့ကြပါတယ်။လွတ်လပ်ရေးရပြီးနောက်ပိုင်းအင်ဒိုနီးရှားနဲ့မြန်မာ့နိုင်ငံရေးအရတူညိမှုတွေများစွာရှိခဲ့ပါတယ်။
၁၉၄၅-၁၉၅၀၀န်းကျင်အထိပထမဥိးဆုံးသောဒိမိုကရေစီအစိုးရရှိခဲ့ပါတယ်။ထိုအချိန်ကလစ်ဘရယ်ဒီမိုကရက်
တစ်ပါတီ၊၁၉၆၅နှင့်၁၉၈၈ခုကြားမှာ-ကျောင်းသားလှုပ်ရှားမှုအတော်အားကောင်းလာခဲ့တယ်။ ၁၉၇၄ခုနှစ်မှာ ကျောင်းသားတွေစည်းရုံးမှုရှိလာခဲ့တယ်။ကျောင်းသားတွေရဲ့နိုင်ငံရေးတောင်းဆိုမှုတွေကို အင်ဒိုနိးရှား စစ် တပ်ကနှိမ်နှင်းခဲ့ကြတယ်။ဒါပေမယ့်ကျောင်းသားလှုပ်ရှားမှုတွေကရပ်မသွားပဲဆက်လက်ပြီးမြေအောက်လှုပ်ရှားမှုတွေရှိခဲ့တယ်။၁၉၇၈ခုနှစ်မှာ-ကျောင်းသားလှုပ်ရှားမှုကြီးကဆူဟာတိုကိုနှုတ်ထွက်ပေးဘို့တောင်းဆိုတိုက်ပွဲဝင်မှုတွေလုပ်ခြ့ကြပါတယ်။စစ်တပ်ကအဲဒိလိုတောင်းဆိုမှုကိုနှိမ်နှင်းကွပ်မျက်ခဲ့ကြတယ်။ ရာပေါင်းများစွာကျောင်းသား၊လူထုတေါအသတ်ခ့ခဲ့ရပါတယ်။ရာပေါင်းများစွာအချုပ်ခန်းတွေထဲ၊အကျဉ်းထောင်တွေထဲထည့်သွင်းခြင်းခံခဲ့ကြတယ်။ ကျောင်းသားလှုပ်ရှားမှု(၂)ကြိမ်တိတိအရေးနိမ့်သွားခဲ့တယ်။နောက်ပိုင်းမှာကျောင်းသားတွေဟာလှုပ်ရှားမှုတွေကိုနည်းဗျူဟာအရပြောင်းလာခဲ့ကြပါတယ်။ နောက်ဆိုလျှင်ကျောင်းသားတွေသက်သက်မပါသင့်ဘူး။အခြားလူတန်းစားတွေပါလာအောင်လုပ်ဆောင်လာခဲ့ကြတယ်။၁၉၇၄-မှာယူဂျီစည်းရုံးမှုလုပ်ခဲ့တယ်။ အလုပ်သမားလယ်သမားတွေက သူတို့ဗျူဟာတွေကိုစပြီးလုပ်လာခဲ့ကြတယ်။၁၉၈၄-ခုနျစ်အင်ဒိုနီးရှားမှာတတိယအကြိမ်မြောက်လူထုအုံကြွမှုကြီးဖြစ်ပွားခဲ့ပါတယ်။ အဲဒီမှာလယ်သမား၊အလုပ်သမားလူတန်းစားတွေ၊အခြားအတန်းစားတွေအားလုံးပါဝင်လာခဲ့ကြတယ်။ဒီတကြိမ်မှာလည်းအရေးနိမ့်သွားခဲ့တယ်။ရာထောင်ချီပြီး
သေဆုံးခဲ့ရတယ်။
၁၉၈၈-ခုနှစ်မှာလှုပ်ရှားမှုအသစ်ဖြစ်ပေးလာခဲ့တယ်။အဲဒါကအစိုး၇မဟုတ်တဲ့အဖွဲ့အစည်းများရဲ့အရေးတော်ပုံကြီးဖြစ်တယ်။NGOဆိုတာလူ့အလွှာအသီးသီးကဖွဲ့စည်းထားတဲ့
NGO-ဆိုတာသိထားဘို့လိုပါတယ်။အဲဒိမှာလူ့အခွင့်အ ရေးတွေပါဝင်လာခဲ့ပါတယ်။အင်ဒိုနီးရှားမှာရှိတဲ့NGOအများစုဟာ နိုင်ငံတကာအဖွဲ့အစည်းကလူတွေနဲ့ပါဝင်ဖွဲ့ စည်းထားတာတွေ့ရပါတယ်။လူ့အခွင့်အရေးကိစ္စ၊သဘာဝပါတ်ဝန်းကျင်ထိမ်းသိမ်းရေးကိစ္စ၊အမျိုးသမီးကိစ္စ၊အကြွေးအများဆုံးနိုင်ငံစသည်တို့ပါဝင်တယ်။
အင်ဒိုနီး၇ှားနိုင်ငံတိုးတက်သွားတာဟာနိုင်ငံခြားရဲ့အကူအညီကြောင့်တိုးတက်သွားတယ်လို့ဆို၍ရမည်။သို့သော်အဲဒီနိုင်ငံမှာဆင်းရဲ၊ချမ်းသာကွာဟမှု
ပိုမိုများပြားလာတာတွေ့ရပါတယ်။၁၉၇၂မှာဆင်းရဲချမ်းသာကွာဟမှုအပါအ၀င် အချက်(၅)ချက်ပေါင်းကူးသွားခဲ့ကြပါတယ်။အင်ဒိုနီးရှားနိုင်ငံ၁၉၈၈ခုနှစ်နောက်ပိုင်း
အရေးတော်ပုံအခြေခံဟာCivilSocietyဖြစ်ပါတယ်။၁၉၉၆ခုနှစ်အရေးတော်ပုံပြန်လည်ပေါက်ကွဲလာပြန်ပါတယ်။ဂျကာတာလမ်းမကြီးမှာကျောင်းသားတွေဟာလမ်းမကြီး
ပေါ်ထွက်ပြီးဆန္ဒပြခဲ့ကြတယ်။ လူထုလည်းပါဝင်ခဲ့ကြတယ်။အရေးတော်ပုံဟာအထွဠ်ထိပ်ကိုရောက်ရှိခဲ့တယ်။အဲဒီမှာအလွှာအသီးသီးကNGOတွေစုပြီး ဆန္ဒပြခဲ့ကြတယ်။လူဦးရေ(၅)သောင်းနီးပါး(၁၀)ရက်တိတိပါလီမန်အဆောက်အဥိကိုထိမ်းထားနိုင်ခဲ့ကြတယ်။အဲဒီအရေးတော်ပုံကတော့ဆူဟာတိုရဲ့ နောက်ဆုံးနေ့တွေပဲဖြစ်ပါတယ်။
အာဏာရှင်စနစ်ကနေဒိမိုကရေစီစနစ်ကိုပြောင်းလဲစေအောင်အဓိကတွန်းအားအဖြစ်လုပ်ဆောင်ခဲ့ကြတာကတော့Civil Society တွေဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံရဲ့ နောက်ထပ်သမ္မတဖြစ်လာတဲ့သူကတော့-NGO(အစိုးရမဟုတ်တဲ့အဖွဲ့အစည်း)ကဖြစ်ပါတယ်။ဒါ့အပြင်အင်ဒိုနီးရှားမှာအစိုးရကထိမ်းချုပ်မှုမရှိတဲ့သတင်းစာ ထောင်ပေါင်းများစွာရှိပါတယ်။သမ္မတကိုလွတ်လပ်စွာဝေဘန်ခွင့်ရှိတယ်။လွတ်လပ်တဲ့တရားစီရင်ခွင့်ရှိတယ်။ပါလီမန်ဥက္ကဌကိုတရားစွဲနိုင်တယ်။ဝန်ကြီးချုပ်ကိုလည်း တရားရုံးကိုတင်ပြီးစစ်ဆေးနိုင်ပါကြောင်းတင်ပြအပ်ပါတယ်ခင်ဗျား။

ကျည်ဝေဖြိုး

Monday, January 24, 2011

တရုတ် စစ်အင်အား က အန္တရာယ် ရှိလာပြီလား - အပိုင်း (၁)

တရုတ် စစ်အင်အား က အန္တရာယ် ရှိလာပြီလား - အပိုင်း (၁)


ယခုတလော တရုတ်စစ်အင်အား ကြီးထွားလာမှုနဲ့ စစ်လက်နက် အသစ်တွေနဲ့ ပတ်သက်ပြီး ဆက်တိုက် ပေါ်ထွက်နေတာတွေအပေါ် အမေရိကန်နှင့်အတူ ဂျပန်လို အိမ်နီးချင်းနိုင်ငံတွေက စိုးရိမ် ပူပန်လာနေကြတယ်။ 

လေယာဉ်တင် သင်္ဘောပစ် ဒုံး DF21 ဟာ အမေရိကန်တွေ ထင်တာထက်စောပြီး စမ်းသပ်နိုင်တဲ့အဆင့်ကို ရောက်ရှိကြောင်း ပထမ ကြားခဲ့ကြရပြီး မကြာခင်မှာပဲ တရုတ်က လေယာဉ်တင်သင်္ဘော တည်ဆောက်မယ့်အကြောင်း ထုတ်ဖော် ပြောလိုက်တာပါ။ 

၂ဝ၁၁ ပထမပတ်ထဲမှာ မျှော်လင့်ထားထက်စောပြီး နောက်မျိုးဆက်သစ် 5th Generation တိုက်လေယာဉ် J20 ကို (စမ်းသပ် ပျံသန်းခြင်းမပြုမီ ကြိုတင်ပြင်ဆင်နေစဉ်မှာ) တရုတ် ဝါသနာရှင် တဦးက ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ် ဖြန့်ဝေခဲ့ပြီးနောက် ဒီတိုက်လေယာဉ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ဝေဖန်မှုတွေ ပြန့်သွားပြန်တယ်။

အမေရိကန် စစ်တပ်နဲ့ တရုတ်စစ်တပ်တို့ဟာ ဖွဲ့စည်းပုံရော၊ စဉ်းစားပုံ၊ စစ်အတွေး အခေါ်(Military Doctrine) ချင်းပါမတူကြပါ။ ဗမာစစ်တပ်ဟာ စစ်အတွေးအခေါ်မှာ တရုတ်စစ်တပ်ကို နမူနာ ယူလေ့ရှိတာကြောင့် တရုတ်စစ်တပ် အကြောင်းကို အတိုင်းအတာတခုအထိ သိသင့်သိအပ်ပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်တို့ရဲ့ client state၊ တရုတ်ကို အားကိုးရတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် တရုတ်ကြီး နှာချီရင် ဗမာနိုင်ငံဟာလဲ အောက်လေအဟပ်ခံရတတ်ပါတယ်။ တချိန်ထဲမှာ တရုတ်ကြီး အင်အားကြီးထွားရင် ဗမာနိုင်ငံ့အရေးကိုပါ တိုက်ရိုက်ဆက်နွယ် လှုပ်ရှား လာနိုင်ပါတယ်။ ဒါကြောင့်လဲ တရုတ်တို့ရဲ့ ဖြစ်ထွန်းတိုးတက်မှုကို မျက်ခြေပြတ်ခံလို့ မဖြစ်ပါဘူး။

ဤဆောင်းပါး ရည်ရွယ်ချက်က တရုတ်နဲ့ အမေရိကန်စစ်တပ်တို့ရဲ့ ကွာခြားချက်အပြင် ကွာဟချက်တို့ကို ဖော်ပြပြီး ထင်မြင်ချက်နဲ့ လက်တွေ့ကွာခြားတာကို သုံးသပ်ဝေဖန်ဖို့ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ စီးပွားရေးတိုးတက်မှု တရှိန်ထိုး တိုးတက်လျက်ရှိရုံမက ချမ်းသာလာတာနဲ့အမျှ သူရဲ့စစ်အင်အားကို တရှိန်ထိုး မြှင့်တင်နေပါတယ်။ နိုင်ငံအများစုက သူတို့ရဲ့စစ်အသုံးစားရိတ်ကို လျှော့ချနေချိန်မှာ တရုတ်တွေ စစ်အသုံးစရိတ်ကို နှစ်စဉ်တိုးနေပါတယ်။ သို့ပေမယ့်လဲ စစ်အင်အားဆိုတာ နေ့ချင်း ညချင်း ပြောင်းလဲနိုင်တာ မဟုတ်ပါဘူး။ 

မော်စီတုန်း လက်ထက်က တရုတ်စစ်တပ်ဟာ လူအင်အား များပေမယ့် စစ်လက်နက်ပစ္စည်းမှာ အနောက်နိုင်ငံစစ်တပ်တွေနဲ့သော်လည်းကောင်း၊ ဆိုဗီယက်စစ်တပ်နှင့်သော်လည်းကောင်း ယှဉ်ဖို့ အဆင့်မမီပါ။ အရေအတွက်မှာသာပေမယ့် အရည်အချင်းတွင် အားနည်းပါတယ်။ 

စစ်တပ်တတပ်ရဲ့ အရည်အသွေးဆိုတာမှာ စစ်သားဦးရေအပြင် ခေတ်မီစစ်လက်နက်များ တပ်ဆင်နိုင်မှုနဲ့ အဆင်သင့်ဖြစ်မှု၊ စစ်သားများ လေ့ကျင့်မှုနဲ့ အဆင်သင့်ဖြစ်မှု၊ ကုန်းတပ် ရေတပ် လေတပ် အားလုံး တညီတညွတ်ထဲ ပူးတွဲတိုက်ခိုက်နိုင်မှု၊ ထောက်ပံ့ရေး စတဲ့ နည်းဗျူဟာ မဟာဗျူဟာ အချက်ပေါင်းများစွာပေါ် မူတည်နေပြန်ပါတယ်။

ဒါကြောင့် စစ်တပ်တိုင်းမှာ လက်နက်တပ်ဆင်မှု၊ လေ့ကျင့်ပြင်ဆင်မှု ဘက်ပေါင်းစုံ ပြည့်စုံမှ စစ်တပ်နဲ့တူတဲ့ စစ်တပ် Professional army လို့ မှတ်ကျောက်အတင်ခံနိုင်မှာပါ။ မော်လက်ထက်က တရုတ်စစ်တပ်ဟာ ကမ္ဘာ့ အဆင့်မရှိသေးပါ။ ကွန်မြူနစ် ပါတီ အာဏါတည်မြဲရေးအတွက် ထိန်းပေးနိုင်သော စစ်တပ်ဘဝသာသာရှိပါသေးတယ်။ တိန်လျောက်ပိန် တက်လာပြီး စီးပွားရေးအခြေကျ ချမ်းသာလာမှ စစ်တပ်နှင့်တူသောစစ်တပ် အဆင့်သို့ ရောက်ဖို့ ကြိုးပမ်းခဲ့တာမို့လို့ အနှစ် (၃ဝ) သာသာပဲ ရှိပါသေးတယ်။ 

Professional army ဘဝကို ကူးပြောင်းလျက်ရှိတဲ့ တရုတ်စစ်တပ်မှာ မော်ခေတ်ကလို နိုင်ငံရေးသဘောတရားဟာ အဓိက မဟုတ်တော့ပါ။ ကမ္ဘာ့အဆင့်အတန်းမီ စစ်တပ်ဖြစ်ဖို့၊ နိုင်ငံခြား စစ်တပ်တွေကိုယှဉ်ပြိုင် ခြေမှုန်းနိုင်ဖို့ ကြိုးစားခဲ့တာ ဒီကာလအတွင်းမှာ သိသိသာသာကို တိုးတက်လာပါတော့တယ်။

ဥပမာ မော်လက်ထက်က စစ်သားပေါတယ်၊ စစ်ပစ္စည်းရှားတယ်ဆိုတဲ့ အတွေးအခေါ်နဲ့ လူသားလှိုင်း (Human Wave) တိုက်ခိုက်နည်းကို တွင်တွင်သုံးခဲ့ကြပါတယ်။ အမေရိကန်တို့က စစ်ပစ္စည်းထက် လူကို တန်ဖိုးထားတဲ့ စနစ်ကို ဦးစားပေးသလို ဒီနေ့ တရုတ်စစ်တပ်လဲ စစ်သားကို တန်ဖိုးထားလာပါပြီ။

အမေရိကန် အုပ်ချုပ်မှုစံနစ်တွင် အစိုးရ၏ကဏ္ဍသည် သမ္မတ၏တာဝန်ဖြစ်၍ သမ္မတသည် စစ်သေနာပတိ Commander-in-Chief ဖြစ်သည်။ အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ် ပုံစံနစ်တွင် လွှတ်တော်ကသာ စစ်ကြေငြာခွင့်ရှိသည်။ စစ်ကြေညာပြီးလျှင် သမ္မတက လိုအပ်သလို စစ်နိုင်ရေးအတွက်ဆောင်ရွက်ရမည်။ သမ္မတတွင်အာဏာ အပြည့်ပေးထားသည်။ Embedded power of the President ဟုခေါ်ပါသည်။ ထို့ကြောင့် စစ်တပ်သည် သမ္မတအောက်တွင် လုံးလုံးတည်ရှိပါသည်။ အမေရိကန်စံနစ်တွင် လွှတ်တော်၏ အာဏာမှာ ငွေ ဖြစ်သည်။Power of the Purse ဟုခေါ်သည်။ စစ်တိုက်စားရိတ်၊ စစ်တပ်စားရိတ် အားလုံးကို လွှတ်တော်ကို ပြန်တောင်းခံရသည်။ ထို့ကြောင့် Balance of Power အရ သမ္မတတဦးထဲ၊ လွှတ်တော် တဖက်ထဲ၊ အာဏာဇောင်း မစောင်းရလေအောင် အာဏာကို ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေအရ ထိန်းထားပေးသည်။

ဒီနေရာမှာ အရေးကြီးသော အချက်ကို ထောက်ပြပါရစေ။ အမေရိကန်နိုင်ငံတွင် တဦးချင်း စွမ်းဆောင်မှု Individualism ကို အားပေးသည်။ ထို့ကြောင့် စစ်နိုင်ရေးသည် သမ္မတမှာ တာဝန်ရှိသည်။ 

သို့သော် ထိုမှတဆင့် နိုင်ငံတိုင်းတွင် စစ်တပ်က အာဏာမသိမ်းနိုင်ရန် အထိန်းအကွပ်ရှိရမည်။  အရေးကြီးသော ပညတ်ချက်မှာ စစ်တပ်၏ ဘတ်ဂျက်နှင့် စစ်ရာထူးခန့်မှုကို ထိန်းကွပ်ဖို့လိုသည်။ ဤနှစ်ခုလုံးတွင် သမ္မတ အပြင် လွှတ်တော်ကပါ ကိုင်တွယ်လာသည်။  အမေရိကန်စနစ်တွင် ဗိုလ်ချုပ် အဆင့် ရောက်သည်နှင့် ဥပဒေအရ သမ္မတက အဆိုပြုလာသော စစ်ဗိုလ်ကို လွှတ်တော်က အတည်ပြုပေးရပါသည်။ ထို့ကြောင့် အမေရိကန်စစ်ဗိုလ်တယောက် ဗိုလ်ချုပ်ဖြစ်ဖို့ရာ စစ်တပ်ထဲတွင်လည်း ဆရာရှိရသလို လွှတ်တော်တွင်လည်း ဆရာရှိရပါသည်။ တချိန်ထဲမှာ လွှတ်တော်ကလည်း စစ်ဗိုလ်ချုပ် ဖြစ်သင့်၊ မဖြစ်သင့် ချိန်ဆနိုင်မည်။ မလိုအပ်သူ များကိုဖယ်ရှားနိုင်မည်ဖြစ်သည်။

အမေရိကန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်တုန်းက ဥရောပမှာ ဂျာမနီ၊ အာရှမှာ ဂျပန် တို့နဲ့ တပြိုင်ထဲ စစ်မျက်နှာ နှစ်ဖက်ကို တိုက်ခဲ့ရတဲ့အတွက် တချိန်ထဲမှာ စစ်ပွဲ (၂) ပွဲ အနိုင်တိုက်နိုင်ရမယ်ဆိုတဲ့ စစ်အတွေးအခေါ်ကို ယနေ့အထိ ခံယူထားပါတယ်။ စစ်အေးကာလတွင် စစ်အင်အားကြီးသော ဆိုဗီယက်တို့ဦးဆောင်သည့် ဝါဆော စစ်အဖွဲ့ကြီးကို ရင်ဆိုင်နိုင်ရန် စစ်အင်အားကို ပြင်ဆင်ခဲ့သည်။ ထို့ပြင် အမေရိကန်နိုင်ငံသည် (၂ဝ) ရာစုဦးပိုင်းကာလကတည်းက ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်ခဲ့ရသောကြောင့် ၎င်း၏ စစ်ရေးအတွေးအခေါ် military doctrine မှာ တိုက်စစ် (offensive) ကိုဦးစားပေးသည်။ 

အမေရိကန်နိုင်ငံသည် လွတ်လပ်ရေးရပြီးသည်နှင့် ပြင်သစ်တို့နှင့် ရေတပ်တိုက်ပွဲဖြစ်သည်။ နောက်တခါ လူသိနည်းသော ၁၈၁၂ စစ် ခေါ်သော အင်္ဂလိပ်တို့နှင့် ဒုတိယ အကြိမ်စစ်တိုက်ရသည်။ ပြီး အမေရိကန်-မက်ဆီကို စစ်ပွဲဖြစ်သည်။ အမေရိကန်-စပိန် စစ်ပွဲဖြစ်သည်။ ဒိနောက် ပထမကမ္ဘာစစ်။ ဒုတိယကမ္ဘာစစ် ပြီးပြီးချင်း ကိုးရီးယားစစ်၊ ပြီးတော့ ဗီယက်နမ်စစ်၊ ပြီးတော့ အီရတ်စစ် (၂) ခါ။ ယခုလက်ရှိ အာဖဂန်စစ် ခေတ်အဆက်ဆက် စစ်တိုက်လာသော စစ်ကိုဦးစားပေးသော နိုင်ငံဖြစ်သည်။ ထို့ကြောင့် တိုက်စစ် (offensive) ကို အားသန်သော စစ်တပ်ဖြစ်သည်။ 

ယနေ့တရုတ်နိုင်ငံသည် ကွန်မြူနစ်နိုင်ငံဟု အမည်တတ်ထားသော်လည်း ဝါဒရေးရာအရ နာမည်ခံ ကွန်မြူနစ်များဖြစ်သည်။ တရုတ်ကွန်မြူနစ်များသည် ဝါဒထက် ပါတီ အာဏာတည်မြဲရေး၊ တရုတ်ပြည်နှင့် တရုတ်လူမျိုး ကောင်းစားရေးကို ဦးတည်သော လက်တွေ့သမားများ ဖြစ်ကြသည်။ တရုတ်ကွန်မြူနစ်များသည် ပါတီတည်ထောင်စ၊ ကနဦး ကာလကတည်းက စစ်တပ်ကို စစ်ကော်မရှင်ကဦးစီးခဲ့သည်။ ထို့ကြောင့် တရုတ်၏ စနစ်အောက်တွင် စစ်ကော်မရှင်ဟာ သီးခြား အာဏာမဏ္ဍိုင် လာဖြစ်သည်။ တရုတ်စစ်တပ်ဟာ အစိုးရ အာဏာအောက်မှာမရှိ၊ စစ်ကော်မရှင်အောက်မှာ သီးခြားရပ်တည်သည်။

ထို့ကြောင့် လက်ရှိ တိန်လျောက်ပိန် တည်ဆောက်ခဲ့သော ဖွဲ့စည်းပုံ စံနစ်အောက်တွင် ထိပ်ဆုံး ခေါင်းဆောင်မှာ ပါတီခေါင်းဆောင်ဖြစ်ကာ သမ္မတ၊ စစ်ကော်မရှင် ဥက္ကဋ္ဌ စသဖြင့် ရာထူး (၃) ခုစလုံးကို ရယူစေရမည်။ တိန်လျောက်ပိန် တဦးပဲ စစ်ကော်မရှင် ဥက္ကဋ္ဌ ရာထူးကိုကိုင်ထားပြီး နောက်ဆုံးမှ သမ္မတ ကျန်ဇီမင်းကို လွှဲပေးခဲ့သည်။ ကျန်ဇီမင်းကလည်း ဟူကျင်တောင်ကို လွှဲတော့ စစ်ကော်မရှင်ဥက္ကဋ္ဌရာထူးကို ကိုင်ထားရန် ကြိုးစားဖူးသေးသေးသော်လည်း နောက်ဆုံး လွှဲပေးခဲ့ရသည်။

တရုတ်စစ်ကော်မရှင်၏ ထူးခြားချက်မှာ တရုတ်စစ်တပ်၏ ဘတ်ဂျက်၊ စစ်တပ် လိုအပ်ချက်၊ စစ်ပစ္စည်း၊ စစ်လက်နက်အားလုံး စစ်ကော်မရှင်အောက်တွင် ရှိသည်။ ထို့ပြင် စစ်ဗိုလ်ချုပ်တွေ၊ စစ်ရာထူးခန့် အာဏာနဲ့ စစ်တပ်အရွှေ့အပြောင်းအားလုံးဟာ စစ်ကော်မရှင်လက်ထဲမှာ ရှိပါတယ်။  ဘတ်ဂျက်၊ စစ်ရာထူးခန့်အာဏာ နဲ့ စစ်တပ် အရွှေ့အပြောင်း အာဏာတွေဟာ စစ်တပ်ကို အာဏာမသိမ်းနိုင်အောင် ထိန်းကွပ်မှုတွေအတွက် အလွန်အရေးကြီးတဲ့ အာဏာထိန်းချုပ်မှု ယန္တရားတွေဖြစ်ပါတယ်။

မော်ဆုံးသွားပြီး (၄) ဦးဂိုဏ်းကို နှိမ်နှင်းဖို့ ဖမ်းမိန့်ပေးခဲ့တာ စစ်ကော်မရှင် အတွင်းရေးမှူး မာရှယ်ယိရှင်နင်း (Ye Jianying) ဖြစ်ပါတယ်။ မာရှယ်ယိရှင်နင်းဟာ တော်လှန်ရေးကတည်းကပါခဲ့တဲ့ စစ်သားဟောင်းကြီးဖြစ်လို့ တိန်လျောက်ပိန်ဟာ စစ်အတွင်းက အမှတ်(၄) တပ်မတော် (4th Route Army) ရဲ့ နိုင်ငံရေးမှူးဖြစ်ခဲ့တာကြောင့် စစ်တပ်က လေးစားမှု ရှိသည်။ တခါ ၁၉၈၉ တိန်အန်မင်ရင်ပြင်မှာ တရုတ်ကျောင်းသားတွေ ဆန္ဒပြကြတော့ စစ်ကော်မရှင် ဥက္ကဋ္ဌ အနေနဲ့ တိန်လျောက်ပိန်ကပဲ ပစ်မိန့်ပေးပြီး နှိမ်နင်း စေခဲ့တာပဲ။ 

မနှစ်က တရုတ်ပြည် အနောက်ဖက် ဇင်ကျင်းပြည်နယ်မှာ ဆန္ဒပြပွဲတွေဖြစ်တော့ သမ္မတဟူချင်တောင်ဟာ နိုင်ငံခြားခရီးစဉ်ကို ဖျက်ပြီးပြန်ခဲ့ရတယ်။ အဲဒီအချိန်က စစ်ကော်မရှင်မှာ ပါတီက ဟူချင်တောင်တယောက်ပဲ ပါဝင်တယ်။ လိုအပ်လို့ တပ်အရွှေ့အပြောင်းအမိန့်ကို သူတယောက်ပဲ ပေးနိုင်လို့ပါ။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးကမှ အိမ်ရှေ့စံ ဒုသမ္မတ ( Xi Ping ) ကို စစ်ကော်မီရှင်ရဲ့ ဒုဥက္ကဋ္ဌ ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

တရုတ်စနစ်အောက်မှာ ကာကွယ်ရေးဝန်ကြီးလက်အောက်မှာ စစ်တပ်မရှိပါ။ စစ်တပ်ဟာ စစ်ကော်မရှင်အောက်မှာပဲတည်ရှိပါတယ်။ ကာကွယ်ရေးဝန်ကြီးရဲ့တာဝန်က တခြားနိုင်ငံမှ  ကာကွယ်ရေးဝန်ကြီးများကတဆင့် တခြားနိုင်ငံတွေက စစ်တပ်များနဲ့ ဆက်ဆံရေးဖြစ်ပါတယ်။ 

သို့ပေမယ့်လည်း ကာကွယ်ရေးဝန်ကြီး (ဗိုလ်ချုပ်ကြီးအဆင့်)စစ်ကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် ပါသည်။ 

ကမ္ဘာပေါ်မှာ နိုင်ငံအများအားဖြင့်ဟာ စစ်တပ်ကို ကာကွယ်ရေးဝန်ကြီးအောက်မှာပဲ ထားလေ့ရှိပါတယ်။ တရုတ်နဲ့ တရုတ်ပုံစံကို အတုခိုးကြတဲ့ ကွန်မြူနစ်နိုင်ငံတွေမှာပဲ စစ်တပ်ကိုစစ်ကော်မရှင် အောက်မှာထားကြပါတယ်။ တရုတ်စစ်တပ်ဟာ ကနဦး အစကတည်းက ဗဟိုဦးစီး စနစ်အောက်မှာပေါက်ဖွားရတာကြောင့် ဗဟိုကချုပ်ကိုင်တဲ့ ပုံစံသဏ္ဌာန်ကိုယူခဲ့တယ်။ ဒါကြောင့် တရုတ်ဖွဲ့စည်းပုံမှာ ဗဟိုဌာနချုပ် (၃) ခုရှိပါတယ်။  တရုတ်စစ်တပ်မှာ နိုင်ငံရေးမှူးတွေ တွဲထားတဲ့ အလေ့အထ ရှိတာကြောင့် နိုင်ငံရေးဌာန၊ ဌာနချုပ်ဆိုတာရှိတယ်။ တခါ ထောက်ပံ့ရေး (Logistic) နဲ့ စစ်လက်နက်ဝယ်ယူရေးကို (Armaments) ဗဟိုကချုပ်ကိုင်တာကြောင့် ဒီဌာန (၂) အတွက် ဗဟိုဌာနချုပ် (၂) ခုရှိပြန်တယ်။

တရုတ် စစ်အင်အားက အန္တရာယ် ရှိလာပြီလား - အပိုင်း (၂) ။

တရုတ် စစ်အင်အားက အန္တရာယ် ရှိလာပြီလား - အပိုင်း (၂)


အမေရိကန်ရေတပ် တည်ဆောက်ပုံ

အမေရိကန်ရေတပ်တည်ဆောက်ပုံက ရှုပ်ထွေးပါတယ်။ အမေရိကန် စစ်ရေးအတွေးအခေါ်က စစ် (၂) ခုကို တပြိုင်ထဲတိုက်နိုင်ရမယ်ဆိုတဲ့ အတွေးအခေါ်ဖြစ်တဲ့အတွက် သူ့ရဲ့ရေတပ်ကို အတ္တလန်တစ်အုပ်စု Atlantic Fleet (Norfolk, Virginia) နဲ့ ပစိဖိတ်အုပ်စု Pacific Fleet (Pearl Harbour, Hawaii) ဆိုပြီး ခွဲထားပါတယ်။ ပြီးမှတခါ နံပါတ်တပ်ခေါ်တဲ့ Numbered Fleets ဆိုပြီး ကမ္ဘာကြီးရဲ့ ပထဝီအနေအထားရ လိုအပ်သလို ဖွဲ့ထားပြန်တယ်။ ဥပမာ အာရှ အတွက် 7th Fleet အမှတ် (၇) ရေတပ်မတော်၊ ဥရောပအတွက် 6th Fleet အမှတ် (၆) ရေတပ်မတော်။ အခုလိုအပ်လာလို့ 5th Fleet အမှတ် (၅) ရေတပ်မတော် ကို ဘာရိန်းမှာ ပြန်ထားတယ်။ နောက်ဆုံး 4th Fleet အမှတ် (၄) ရေတပ်မတော်ကို တောင်အမေရိက (Latin America) အတွက် ၂ဝဝ၈/၂ဝဝ၉ ကပြန်ဖွဲ့ခဲ့ပါတယ်။ ဒီ နံပါတ် ရေတပ်မတော်တွေက လှုပ်ရှားနေရတဲ့ ရှေ့ပြေးရေတပ်တွေ ဖြစ်တယ်။ ဥပမာ 5th Fleet အမှတ် (၅) ရေတပ်မတော်ဟာ သူ့နယ်မြေအောက်မှာရှိတဲ့ အိန္ဒိယ သမုဒ္ဒရာမှာ ကင်းလှည့်ရတယ်။ လိုအပ်တဲ့ သင်္ဘောနဲ့ ရေတပ်သားတွေကို အတ္တလန်တိတ်အုပ်စုနဲ့ ပစိဖိတ်အုပ်စုက Atlantic Fleet နဲ့ Pacific Fleet က အလှည့်ကျ ပို့ပေးရတယ်။ အမှတ် (၂) ရေတပ်မတော် က ဗာဂျီးနီးယားမှာရှိပြီး အတ္တလန်တိတ်သမုဒ္ဒရာ တောက်လျောက် မြောက်ကနေတောင်အထိ တာဝန်ရှိတယ်။ အမှတ် (၃) ရေတပ်မတော် ကယ်လီဖိုးနီးယားပြည်နယ် စင်ဒီရေးဂိုးမှာ ရှိတယ်။ အဝေးရောက် အမှတ်စဉ်နဲ့ ရေတပ်မတော်တွေက တကယ်ကင်းလှည့်ပြီး ရန်သူနဲ့ရင်ဆိုင်ရတဲ့ တိုက်ခိုက်ရေး တပ်တွေ၊ ဒီတပ်တွေ တိုက်ရည်ခိုက်ရည်ရှိအောင် ထောက်ပံ့ရေး Logistic နဲ့ ခဲယမ်းလက်နက် အပိုပစ္စည်းတွေ ပြည့်စုံအောင် အတ္တလန်တိတ်နဲ့ ပစိဖိတ်အုပ်စုတွေက တာဝန်ယူကြရပါတယ်။ ဥပမာ Shore Commanders ကမ်းခြေစစ်စခန်းမှူး တွေရှိပါတယ်။သူတို့က ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရတာပါ။

ဗမာ့ရေတပ်မတော်မှာတောင် Navy Seals (၃) ဦးရှိပါတယ် ။ ကျနော် မှတ်မိ သလောက် ဒုဗိုလ်မှူးကြီးအဆင့်တွေ ရောက်ကုန်ပါပြီ။
တခါ ရေတပ်နဲ့ အတူ ကမ်းခြေတက်တပ် မရိန်းMarines တွေရှိပါတယ်။ မရိန်းစစ်ဗိုလ်တွေဟာ ရေတပ် စစ်ဗိုလ် သင်တန်းကျောင်းမှာ အတူတူ တက်ကြရပါတယ်။ ပြီးမှ မရိန်း စစ်ဗိုလ်အဖြစ် ခွဲထွက် သွားကြပါတယ်။ သို့သော် Chain of Command လို့ခေါ်တဲ့ အဆင့်ဆင်အမိန့် လိုက်နာမှုကျတော့ မရိန်းတွေက သပ်သပ်၊ Marines Commandant အကြီးအကဲအောက်မှာရှိ ပြန်တယ်။ မရိန်းတွေမှာလဲ မရိန်းတွေကို ကူတိုက်ဖို့ မရိန်းလေတပ်အသေးစားရှိပြန်တယ်။ မရိန်းတွေဟာ ရက် (၆ဝ) အကူအညီမရဘဲ ကမ်းခြေတက်သိမ်းပြီးရင် ထိန်းထားဖို့ ပြင်ဆင်ထားပါတယ်။ ကမ်းခြေတက် မရင်းတွေ ဟာ တကိုယ်ထဲသွားလို့မရပါ။ ရေတပ် သင်္ဘောတွေက အကူပေးရတာကြောင့် ရေတပ်နှင့်အတူပါရတာကြောင့် မရိန်းတွေဟာ ရေတပ်နဲ့အတူ တွဲထားရပါတယ်။ ဒုတိယကမ္ဘာစစ်က ဂျပန်တွေနဲ့ တိုက်ရာမှာ မရိန်းတွေ နာမည်ကောင်း ရခဲ့ပါတယ် ။ ဒါကြောင့် မရိန်းတွေဟာ The Few, The Good, The Marines ဆိုပြီး ဂုဏ်ယူကြွေးကြော်ကြတာပါ။ လူနည်းတယ် သို့သော် တော်ကြတယ်ပေါ့။ အမေရိကန်မှာ လက်ရှိ မရင်းတပ်မ (၄) ခုရှိပါတယ်။ ကြည်းတပ်မှာ တပ်မ (၁ဝ) ခုရှိပါတယ်။

အမေရိကန်မှာ ရေတပ်အကြီးအကဲကို Chief of Naval Operation (CNO) လို့ခေါ်ပါတယ်။
အမေရိကန် တပ်မတော် ဖွဲ့စည်းပုံမှာ စစ်တပ်က အာဏာမသိမ်းနိုင်အောင် ကြည်း-ရေ-လေ-မရိန်းကို မျှမျှတတ လိုအပ်သလို ထူထောင်ပေးထားပါတယ်။ ဗမာနိုင်ငံမှာလို ကြည်းတပ်က လွှမ်းမိုးထားတာမျိုးမရှိပါ။ ဥပမာ ရေတပ်မှာ မရိန်းတပ်တွေရှိသလို လေယာဉ်တွေရှိတယ်။ အရေးအကြီးဆုံးက စစ်ဗိုလ်ချုပ်တယောက်ကို အကြမ်းဖျဉ်း (၄) နှစ်ထက်ပိုပြီး တနေရာမှာ မထားပါ။

အမေရိကန်ရေတပ်ဟာ တိုက်ပွဲထွက်ရင် မက်ထရစ် Matrix ပုံသဏ္ဌာန် သင်္ဘောတွေ လာစုပြီး task force အနေနဲ့ တိုက်ကြပေမယ့် သင်္ဘောအမျိုးအစားအလိုက် ထောင်လိုက် (Vertical) ခွဲပြီး ပဏာမအနေနဲ့ လေ့ကျင့်ကြရတယ် ။ ဥပမာ။ ။ ရေငုပ်သင်္ဘောအုပ်စုနဲ့ ရေပေါ် သဘောင်္အုပ်စုဆိုပြီးခွဲ ထားတယ်။ ရေပေါ်သင်္ဘောအုပ်စုအောက်မှာ လေယာဉ်တင်သင်္ဘောအုပ်စု၊ ဖျက်သင်္ဘောအုပ်စု၊ ခရူဇာအုပ်စု၊ ဖရီးဂိတ် အုပ်စုဆိုပြီး သင်္ဘောအမျိုးအစားလိုက်ခွဲပြီး လေ့ကျင့်ရတယ်။ ဒါတွေကို အုပ်ချုပ်ဖို့ type commanders တွေဆိုပြီးရှိတယ်။ သင်္ဘောအမျိုးအစားအလိုက် ကျွမ်းကျင်အောင် လုပ်ခြင်းဖြစ်တယ်။

လေယာဉ်တင်သင်္ဘောဟာ တစီးထဲ ကင်းလှည့်လေ့မရှိပါ ။ carrier group လို့ခေါ်တဲ့ အစောင့်အလျှောက်တွေ ခြံရံပြီး ကင်းလှည့်ရပါတယ် ။ ဥပမာ Aeigis system လို့ခေါ်တဲ့ ရေဒါစနစ်က မိုင် ၃ဝဝ အတွင်းရှိရှိသမျှသော သင်္ဘောတွေ၊ လေယာဉ်တွေကိုရှာပြီး လိုအပ်ရင် ပစ်ချနိုင်ဖို့အဆင်သင့် လုပ်ထားရပါတယ်။ လေယာဉ်ပစ်ဒုံးပျံတွေ၊ ရေငုပ်သင်္ဘောကိုပစ်ဖို့ depth charge တွေပေါ့။ ဒါပေမဲ့ အဝေးကရေအငုပ်သင်္ဘောကျတော့ ဆိုနာ sonar နဲ့ပဲရှာလို့ ရပါတယ်။ ဒါကြောင့် ရေငုပ်သင်္ဘောလဲ ပါရပြန်တယ်။ လိုအပ်ရင် တော်ပီတိုနဲ့ပစ် အကာအကွယ်ပေးမယ်။ ဒါကြောင့် ကိုယ့် သင်္ဘောအလိုက် ကျွမ်းကျင်မှုကို Type commander တွေက လေ့ကျင့်ပေးပြီး ဒုတိယ အဆင့် အားလုံးပါဝင် တိုက်ပွဲဝင်နိုင်အောင် လေ့ကျင့်ကြရပြန်တယ်။ ဥပမာ ဒီတာဝန်ကို Atlantic Fleet အတွက် 2nd Fleet က တာဝန်ယူလေ့ကျင့် ပေးရပြန်တယ်။

ရေငုပ်သင်္ဘောမှာလဲ မတူတဲ့ တာဝန်တွေရှိပြန်တယ်။ ရန်သူ ရေငုပ်သင်္ဘေတွေ၊ ရန်သူ့ သင်္ဘောတွေကို လိုက်ရှာပြီး ဖျက်စီးတိုက်ခိုက်နိုင်တဲ့ ရေငုပ်သင်္ဘောကို attack submarine (SSN) လို့ခေါ်ပါတယ်။ သူတို့ က အရွယ်အစားပိုသေးတယ်။ ပိုမြန်တယ်။ စစ်အေးတိုက်ပွဲခေတ်က ရန်သူက မိမိနိုင်ငံကို လက်ဦးမှုယူပြီး တိုက်ခိုက် ဖျက်ဆီးခဲ့သည်ရှိသော် ရန်သူကို ပြန်လည်ချေမှုန်းဖျက်ဆီးနိုင်ဖို့ အဝေးပစ် အနုမြူဒုံးပျံတွေ တင်ပြီး ကင်းလှည့်နေတဲ့ ရေငုပ်သင်္ဘောတွေကို Fleet ballistic missile submarines (SSBN) လို့ခေါ်ပါတယ်။ ဒါက MAD (Mutual Assured Destruction) ငါသေရင် မင်းလဲ သေမယ်ဆိုတဲ့ မဟာဗျူဟာအရပါ SSBN တွေ တခါတခါ တာဝန်ကျရင် လနဲ့ချီပြီး ရေအောက် မှာပျောက်နေတတ်ပါတယ်။

ရေငုပ်သင်္ဘောဟာ ဒီဇယ်ဆီနဲ့မောင်းရင် ဘက်ထရီကိုအားပြန်သွင်းဖို့ ရေပေါ်ပြန်တက်ရပါတယ်။ ဒါကြောင့် အမေရိကန် ရေငုပ် သင်္ဘောတွေ အားလုံးဟာ အနုမြူအားနဲ့မောင်းတဲ့ သင်္ဘောတွေချည်းပါပဲ။ ထို့အပြင် အခု cruise missile တွေပါတပ်ဆင်ထားတာပါတယ်။ ရေအောက်က ကုန်းကို ပစ်နိုင်စွမ်းရှိတာကြောင့် ရေငုပ်သဘောင်္တွေဟာပိုပြီး အရေးပါလာကြပါတယ်။ ရေငုပ်သင်္ဘောမှာ အသံမထွက်ဖို့က အဓိကကျပါတယ်။ ဆိုဗီယက်ခေတ်က ရေငုပ်သင်္ဘောတွေဟာ စက်သံဆူညံတာကြောင့် ဆိုနာနဲ့ လွယ်လွယ် ရှာနိုင်တယ်။ တရုတ်သင်္ဘောတွေဟာ အမေရိကန်ရေငုပ်သင်္ဘောတွေထက် ပိုဆူညံတာကတော့ မငြင်းနိုင်တဲ့ အားနည်းချက်ဖြစ်ပါတယ်။

ကျနော်တို့အရပ်သားတွေရဲ့ အားနဲချက်က (စစ်) ဆိုရင်မုန်းလိုက်တာ၊ ရေတောင်(စစ်) မသောက်ဘူးဆိုပြီး (စစ်) နဲ့ပတ်သက်ရင် ဘာမှ မသိချင်၊ မလေ့လာချင်ကြဘူး။
စစ်တပ်ဆိုတာဘာလုပ်လုပ် အမိန့်ပြန်တမ်းနဲ့ မှတ်တမ်းရေးရပါတယ်။ ဒါကြောင့် စစ်တပ်မှာ institutional knowledge လို့ခေါ်တဲ့ အဆက်ဆက် နားလည်မှု ရှိပါတယ်။ လေယာဉ်တင် သင်္ဘော တည်ဆောက်နိုင်တာ တပိုင်း၊ ပိုင်ပိုင်နိုင်နိုင်ကိုင်တွယ် တိုက်ခိုက်နိုင်တာတပိုင်းပါ။ ဒါကြောင့် တရုတ်ရေတပ်မတော်ဟာ လေယာဉ်တင် သင်္ဘောချင်း ယှဉ်နိုင်ဖို့ အနည်းဆုံး (၅) နှစ်ကနေ (၁ဝ) နှစ်၊ (၁၅) နှစ် ကြိုးစားရပါအုံးမယ်။

အမေရိကန်ရေတပ်ဟာ ဒုတိယကမ္ဘာစစ်က Midway တိုက်ပွဲမှာ ရာမာမိုတိုခေါင်းဆောင်တဲ့ ဂျပန်ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘော (၄)စီးကို ဖျက်ဆီးနိုင်ပြီးကထဲက လေယဉ်တင် သင်္ဘောချင်း တိုက်တဲ့ စစ်အတွေ့အကြုံကိုရခဲ့ပြီး ကိုရီးယားစစ်၊ ဗီယက်နမ်စစ်၊ အီရတ်စစ်တွေမှာ လေယဉ်တင်သင်္ဘောနဲ့တိုက်တဲ့ အတွေ့အကြုံတွေ တောက်လျောက် ရခဲ့ပါတယ်။ တရုတ်ဟာ အခုမှ စ လုံးရေ စ ရမှာ။

လေယဉ်တင်သင်္ဘောတွေဟာ ရန်သူ့ တော်ပီတိုကိုရှောင်ဖို့ ဒုတိယကမ္ဘာစစ်ကထဲက တိုက်ပွဲဝင်ရင် တည့်တည့်မမောင်းဘဲ ဘယ်လှည့်ညာလှည့် zig zag မောင်းရတာတွေ ရှိတယ် ။ အခုခေတ်မှာ အတတ်ပညာတွေ တိုးတက်တာကြောင့် ရန်သူပစ်လိုက်တဲ့ တိုပီတိုကို ရှောင်တိမ်းနိုင်တဲ့ နည်းပညာတွေ၊ လမ်းပြောင်းပေးနိုင်တဲ့ diversion techniques နည်းလမ်းတွေ ရှိပါတယ်။

ထို့ပြင် ခေတ်မီ စစ်တပ်တွေမှာ ညတိုက်ပွဲကို မကျွမ်းကျင်လို့ မရပါဘူး။ ဒါကြောင့် လေယာဉ်တင် သင်္ဘောတွေဟာ ည မှာ လေယာဉ် အဆင်းအတက်ကို မလေ့ကျင့်လို့မရပါ ။ အန္တရာယ်လဲ အလွန် ကြီးမားပါတယ်။ လေယဉ်တင်သင်္ဘောမှာ ဆင်းလာတဲ့ လေယာဉ်ကို သံမဏိချိတ်တွေနဲ့ချိတ်ပြီး လေယာဉ်ကို စောင့်ရပ်စေရတာပါတယ်။ Tail-Hook လို့ခေါ်ပါတယ်။ တက်တော့လဲ Catapult လို့ခေါ်တဲ့ သံမဏိလေးခွနဲ့ အရှိန်တချီထဲရအောင် တွန်းတင်ပေးလိုက်တာပါ။ ဒါကြောင့် အမေရိကန်လေယာဉ်တင်သင်္ဘောတွေမှာ အရောင်နဲ့ခွဲပြီး Color-coded သူ့နေရာ၊ သူ့တာဝန်ခွဲပြီး orchestra သီချင်းတီးဝိုင်းလို၊ ဟန်ချက်ညီညီ တာဝန်ယူကြရတာ။ တချက်လေးမှားတာနဲ့ လူအသေအပျောက်ဖြစ်တတ်ပါတယ်။ ဒါကြောင့် လေယာဉ်တင် သင်္ဘောတွေဟာ တချိန်လုံး လေ့ကျင့်နေကြရပါတယ်။

လေယာဉ်တင်သင်္ဘောဆိုတာက ရေတပ်အင်အားအပြင် လေတပ်အင်အားကိုပါ တင်ပြီး ပင်လယ်ပြင် တနေရာကနေ နောက်တနေရာကို သယ်ဆောင်ပြီး အင်အားပြ၊ အင်အားချဲ့တာကိုး။ လေတပ်၊ ရေတပ်တွေမှာ ဒုတိယကမ္ဘာစစ်ကထဲက fighter တိုက်လေယာဉ်နဲ့ fighter bomber (သို့) တော်ပီတို လေယာဉ် Torpedo plane ဗုံးကြဲတိုက်လေယာဉ်ဆိုတာတွေ ဆိုတာတွေ ရှိပါတယ်။ အခုခေတ်မှာတော့ multi-purpose fighter လို့ခေါ်ကြပါတယ်။ ကွာတာက fighter ရဲ့ ရည်ရွယ်ချက်က လေယာဉ်ကနေ မြေပြင်ကို ဗုံးကြဲဖို့မဟုတ် ရန်သူ့လေယာဉ်ကို ပစ်ချဖို့သက်သက် ဖြစ်ပါတယ်။

ယနေ့ခေတ် လေယာဉ်တိုက်ပွဲတွေမှာ ရေဒါရဲ့ အစွမ်းက သိပ်အရေးကြီးပါတယ်။ ရန်သူ့လေယာဉ်ကို အဝေးကြီးကထဲက မြင်နိုင်ရင် အစောကြီး ကိုယ်ကပစ်ချနိုင်မှာပေါ့။ ဒါကြောင့် နိုင်ငံတချို့က ရေဒါကို လေယာဉ်အပေါ် တင်ထားကြပါတယ်။ လေယာဉ်တင်သင်္ဘော အတွက် အသေးစား E-2C Hawkeye ဆိုတာရှိသလို လေတပ်အတွက် အကြီးစား AWACS ဆိုတာတွေရှိပါတယ်။ ရှေ့ဦးမှာ Fighter bomber တွေက ဗုံးကြဲဖို့ ရှေ့ကပျံသန်းပြီး တိုက်လေယာဉ် fighter တွေက နောက်ကစောင့်ရှောက်ပေး၊ အဲဒီနောက်ကမှ ရေဒါလေယာဉ်တွေက လမ်းကြောင်းထိန်းပေးရပါတယ်။ ဒါ့အပြင် ဗုံးတွေဟာ အရင်လို မတိမကျ မဟုတ်၊ ပစ်မှတ်ကို တည့်တည့်အတိအကျ အတိအကျ ပြစ်နိုင်တဲ့ Precision Guidance Bombsတွေ ဖြစ်တယ်။ ဒါကြောင့် လေယာဉ်တင်သင်္ဘောဆိုတာ လေကြောင်း တိုက်ပွဲတွေကို အနိုင်တိုက်နိုင်မယ့် လေယာဉ်မောင်းသမားတွေနဲ့ ခေတ်မီ လေယာဉ်တွေ တိုက်နည်းခိုက်နည်းတွေလိုလာပြန်တယ်။

အမေရိကန်မှာ F22 (Raptor) ဆိုတဲ့ 5th Generation Fighter ကို တပ်ဆင်ပြီးပါပြီ။ F35 ဆိုတဲ့ multi-purpose fighter ကို မကြာခင် ထုတ်ဝေဖြန့်ချိနိုင်တော့မှာပါ။ အမေရိကန်ရဲ့ လွှတ်တော်က ဥပဒေနဲ့ F22 ကို ဘယ်နိုင်ငံမှ မရောင်းရဆိုတဲ့ ဥပဒေနဲ့ ထိန်းချုပ်ထားပါတယ်။ F35 ကိုတော့ လေတပ်၊ ရေတပ်အပြင် မိတ်ဆွေနိုင်ငံတွေ၊ နေတိုးနိုင်ငံတွေကိုရောင်းချမှာပါ ။ အကြောင်းက အမေရိကန် တနိုင်ငံပဲ မိမိထုတ်လိုက်တဲ့ 5th Generation multi-purpose fighter ကို ပစ်ချနိုင်တဲ့ (စွမ်းအင်) ရှိအောင် တကွက်ချန်ထားတာပါ။ ရှားဘုရင်လက်ထက်က အီရန်ဟာ အမေရိကန်ရဲ့ အရင်းနီးဆုံးမိတ်ဆွေနိုင်ငံဖြစ်တော့ အဲဒီတုန်းက ခေတ်အမီဆုံး F14 Tomcat ဆိုတဲ့ လေယာဉ်တွေကို ရောင်းချခဲ့တယ်။ ရုတ်တရက် ရှားဘုရင် ပြုတ်ကျသွားပြီး ခိုမေနီတက်လာတော့ ရန်သူ့ဆီမှာ ခေတ်အမီဆုံး လက်နက်တွေရောက်ကုန်တယ်။ F14 Tomcat ကို ပစ်ချဖို့ သူ့ထက်သာတဲ့ လေယာဉ်မရှိဖြစ်သွားရော။ ဒါကြောင့် အခုတော့ အဲဒီသင်ခန်းစာယူပြီး သြတေးလျားလို မိတ်ဆွေနိုင်ငံကတောင် F22 ဝယ်ချင်တာ မရောင်းတော့ဘူး။ အခု Top Gun အဆင့်မြင့် ရေတပ်၊ လေကြောင်း သင်ကြားရေးကျောင်းမှာ လက်ရှိ F18-E/FHornet တွေနဲ့ F22 တို့ကို စီးချင်း တိုက်စေရာ F22 ကအမြဲအနိုင်ရတယ်လို့ စစ်ရေးကျွမ်းသူတွေက မိန့်ဆိုကျေနပ်နေကြပါတယ်။

ဒါကြောင့် လေယဉ်တင်သင်္ဘောရဲ့ လေယာဉ်စွမ်းအင်မှာလဲ အမေရိကန်ရေတပ်က အသာရလျက်ရှိပါတယ်။

အမေရိကန်ရေတပ်မှာ သင်္ဘောတွေ စစ်မှုထမ်းသက်တန်းကျော်သွားရင် mothballs လုပ်ပြီး အနားပေးလိုက်ပြီ ဆိုပေမယ့် စွန့်ပစ်လိုက်တာမဟုတ်ပါ။ စစ်လက်နက်တွေကိုဖြုတ် ဂိုထောင်ထဲမှာသိမ်းထားပြီး သင်္ဘောတွေကို သံချေးမတက်အောင် ကျကျနန သိမ်းထားပြီး Reserve fleet အနေနဲ့ ထိန်းသိမ်းထားတာပါ။ ဥပမာ ဒုတိယကမ္ဘာစစ်ကထဲက battle ship တွေကို ရော်နယ်ရေဂင်ခေတ်မှာ ဆွဲထုတ်လာပြီး Cruise missile တွေတပ်ဆင်ပြီး လက်ဘနွန်မှာ ပြဿနာပေါ်တော့ USS New Jersey နဲ့ အင်အားပြ အမြောက်ကြီးတွေနဲ့ လှမ်းထုတာကိုး။ သင်္ဘော ဆိုတာက လိုမှ ချက်ချင်းဆောက်လို့မရတာ မဟုတ်လား။

တိုက်ပွဲဗျူဟာ strategy ကို စိတ်ဝင်စားမှု မရှိ၊ မသိ။ အစွန်းရောက် အတွေးနဲ့တွေးရင် ဒါတွေဟာ သတ္တိမရှိတာလို့စွပ်စွဲကြမှာပေါ့။
ရော်နယ်ရေဂင်ခေတ်က စစ်အင်အားထူထောင်တာမှာ “600 ships navy” သင်္ဘော ၆ဝဝ ရှိတဲ့ရေတပ်ဆိုပြီး ကြိမ်းဝါးခဲ့ပေမယ့် ထိန်းသိမ်းရတဲ့ စရိတ် ကြီးမားလွန်းတာကြောင့် အခု သင်္ဘော ၂၈၉ စီး၊ ရေတပ်သားဦးရေ ၃၂,၈၅၁၆ - အရံတပ်သား ၁ဝ၁,၆၈၉ နဲ့လေယာဉ် ၃,၇ဝဝ ရှိတဲ့ ရေတပ် ပြန်ဖြစ်သွားပါပြီ။ လက်ရှိအစီအမံအရ သင်္ဘော ၃ဝ၃ စီး ရှိဖို့ ရည်မှန်းထားပါတယ်။

အမေရိကန်ရေတပ်ဟာ ပြည်ပအန္တရာယ်ကိုပဲ တာဝန်ရှိပါတယ်။ ပြည်တွင်းအတွက် ကမ်းရိုးတန်းလုံခြုံရေး (Coast Guard) ဆိုတာရှိပါတယ်။ ပြည်တွင်းကိစ္စတွေကို ဒီတပ်ဖွဲ့က တာဝန်ယူရပါတယ်။ အရင်က ဒီတပ်ဖွဲ့ကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနအောက်မှာထားပြီး ယခု ပြည်တွင်းလုံခြုံရေး Homeland Security ဝန်ကြီးဌာနအောက်မှာထားပါတယ်။

ရေတပ်မှာ Military Sealift Command – United States Naval Special Warfare Command - NSW - Naval Intelligence စတဲ့ဌာနနဲ့ တပ်ဖွဲ့တွေ အမြောက်အများ ရှိပါသေးတယ်။ ကမ္ဘာကျော် Navy Seals ဟာ NSW အောက်မှာရှိတာပါ။ Navy Seals ၂၄၅ဝ နဲ့ အရန် ၃၂၅ ဦးရှိပါတယ်။ ဗမာ့ရေတပ်မတော်မှာတောင် Navy Seals (၃) ဦးရှိပါတယ် ။ ကျနော် မှတ်မိသလောက် ဒုဗိုလ်မှူးကြီးအဆင့်တွေရောက်ကုန်ပါပြီ။ ပထမနီးစပ်ရာတွေ လွှတ်ရာ ကျကျလာလို့ အောင်ကာစ လူငယ်တွေ လွှတ်မှ အောင်လာကြတယ်လို့ သိရတယ်။ အမေရိကန်တွေတောင် (၄) ယောက်မှာ (၁) ယောက်ပဲ အောင်ကြပါတယ်။ ထိုင်းရေတပ်မှာ အမေရိကန်စနစ်အတိုင်း လေ့ကျင့်ပေးတဲ့ Navy Seals သင်တန်းရှိပါတယ်။ အမေရိကန် ရေတပ်ဖွဲ့စည်းပုံကို စံနစ်တကျ လေ့လာရင် တော်တော်ရှုပ်ပါတယ်။

Saturday, December 11, 2010

ယနေ့ ကာလ-နိုင်ငံရေးတိုက်ပွဲ၊တော်လှန်ရေးတိုက်ပွဲကိုသုံးသပ်အဖြေရှာခြင်း။

2007ခုနှစ်၊ရွှေဝါရောင်တော်လှန်ရေးကိုသုံးသပ်ခြင်း။
၁၉၉၄ခုနှစ်မှ စစ်အုပ်စုနှင့်အပစ်ရပ်ခဲ့သော အဖွဲ့ များကိုသုံးသပ်ခြင်း။
ယနေ့ ကာလ-နိုင်ငံရေးတိုက်ပွဲ၊တော်လှန်ရေးတိုက်ပွဲကိုသုံးသပ်အဖြေရှာခြင်း။

(၁)၂၀၀၇ခုနှစ်အတွင်းမှာ-သံဃာတော်တွေ မြန်မာနိုင်ငံ၊ ပခုက္ကုမြို့  မှာ ဗုဒဘာသာ ရဟန်းသံဃာတွေကို ဓါတ်တိုင်မှာကြိုးချည်ပြီး စစ်ယူနီဖောင်းဝတ်စစ်သားတွေက ရိုင်းစိုင်းစွာညှင်းပန်းနှိပ်စက်ရာမှ စပြီး တနိုင်ငံ လုံမှာရှိသည့် ဗုဒဘာသာရဟန်းတော်တွေက အာဏာပိုင်တွေကို ပခုက္ကူကိစ္စ ၀န်ချတောင်းပန်ဘို့  တောင်းဆိုရာကစပြီး အာဏာပိုင်ဘက်က ၀န်ချတောင်းပန်မှုမလုပ်တဲ့အပြင် သံဃာတော်တွေစုပေါင်း မေတာပို့ စီတန်းလမ်းလျှောက်နေမှုကို ငြိမ်းချမ်းစွာမဖြေရှင်းဘဲ သံဃာတော်တွေကိုဓမ္မစက်နှင့်မရလျှင် အာဏာစက်ဖြင့်နှိမ်နှင်းရလိမ်မည်ဟုဆုံးဖြတ်ပြီးငြိမ်းချမ်းစွာစီတန်းလမ်းလျှောက်နေသည့်သံဃာထုကြီးကို ရက်ရက်စက်စက်ပစ်သတ်နှိမ်နှင်းခဲ့သည်။ ဗုဒဘာသာကျောင်းတွေထဲဝင်ပြီး ဆရာတော်တွေ၊သံဃာတော် တွေ။သာသာနာပိုင်ဗုဒအမွေအနှစ်တွေကိုဖောက်ခွဲ လုယက်။ တိုက်ခိုက်၊သတ်ဖြတ်ပြီးအဓမ္မအမှုတွေကို ကျူးလွန်ခဲ့တယ်။
(က)အဖြေကစစ်အုပ်စုကိုနိုင်ငံရေးအရငြိမ်းချမ်းစွာတောင်းဆိုလို့မရတော့တာကိုလက်တွေအရပြလိုက်တာပဲ။
(ခ)စစ်အုပ်စုဟာ-တရားမ၀င်သည့်အစိုးရဖြစ်သည့်အတွက်ကြောင့်မတရားသည့်ဥပဒေတွေထုတ်ပြီးအဓမ္မအ မှု့တွေကိုကျူးလွန်ခဲ့သည်။
(ဂ)မြန်မာပြည်မှာ- သံဃာအင်အား(၅)သိန်းနီးပါးရှိသည်။ မြန်မာပြည်မှာစစ်တပ်အင်အား(၅)သိန်းနီးပါးရှိ သည်။
(ဃ)သံဃာအင်အား(၅)သိန်း၏လက်နက်သည်-မေတာ လက်နက်(တနည်းအားဖြင့်)ဓမ္မလက်နက်။
(င)စစ်တပ်အင်အား(၅)သိန်း၏လက်ထဲတွင်-လူသတ်လက်နက်တွေရှိတယ်၊အဓမ္မအမှုတွေကျင့်သုံးသည့် စရိုက်ရှိသည်။ဒီတော့-မြန်မာပြည်၏လက်တွေ့ရင်ဆိုင်နေရသည့်နိုင်ငံရေးပြသာနာကို-ဒီလိုယုတ်မာသည့်စစ်အုပ်စုနှင့်နိုင်ငံရေးအရဖြေရှင်း၍အဆင်ပြေပါ့မလား။နိုင်ငံရေးအရဖြေရှင်းလျှင်အဆင်ပြေမယ်လို့ကောယုံကြည်ထားကြသလား။နိုင်ငံရေးအရဖြေရှင်း၍မရတော့သည့်အခြေအနေအားလုံးနီးပါးဖြစ်ခဲ့လို့နိုင်ငံပြသာနာတွေမပြေမလည်ခဲ့ရင်-နိုင်ငံရေးနည်း လမ်းအရဖြေရှင်းမည်ဆိုသည့်အင်အားစုတွေနောက်ဆုံးဘာကိုရွေးချယ်မလဲ(သို့မဟုတ်)လူထုကိုပြတ်ပြတ်သားသားဦးဆောင်ဘို့ ဘယ်လိုပြင်ဆင်ထားပါသလဲ။
(၂)၁၉၉၄-ခုနှစ်ကစပြီးန၀တလက်ထက်မှာဗိုလ်ခင်ညွန့်ဦးဆောင်ပြီးအပစ်ရပ်ကမ်းလှမ်းခဲ့တာကြောင့်- တိုင်းရင်းသားလက်နက်ကိုင်အင်အားစု(၃၀)နီးပါးန၀တတဖြစ်လဲနအဖစစ်အုပ်စုနှင့်အပစ်ရပ်ခဲ့ကြတယ်။ နအဖကအပစ်ရပ်အဖွဲ့တွေကို(၁)ခင်ဗျားတို့နဲ့အပစ်ရပ်ရင်ခင်ဗျားတို့ရဲ့ဒေသတွင်းလမ်းပန်းဆက်သွယ် ရေးတွေကိုဖောက်ပေးမယ်။(၂)ဆေးရုံ၊ကျောင်းဆောက်ပေးမယ်၊(၃)ခင်ဗျားတို့ဒေသထဲမှာရှိသည့်လူတွေ ကိုပေါ်တာမဆွဲတော့ဘူး။(၄)ခင်ဗျားတို့ရဲ့တောင်ယာကောင်းကောင်းခုတ်နိုင်မယ်။(၅)နိုင်ငံရေးစကားကို တော့ အခုလိုကာလမှာကျနော်တို့ကိုလာမပြောပါနဲ့။သင့်တော်သည့်အချိန်ကာလရောက်မှပြောခွင့်ပြုမှာပါ-ဆိုပြီး အပစ်ရပ်အဖွဲ့တွေကိုအကျိုးစီးပွားတွေပေး။မက်လုံးတွေပေးပြီးအပစ်ရပ်ကာလတွေထဲမှာသေနတ်ပန်ပေါက် လို့မရအောင်အချိန်တွေဆွဲပြီးအဖွဲ့အတွင်းကွဲပြဲအောင်လုပ်ခဲ့တယ်။အပစ်ရပ်အဖွဲ့တွေအတွင်းအကျိုးစီးပွား တွေကြောင့်နအဖရဲ့စနစ်တကျဖြိုခွဲမှုကိုအပစ်ရပ်တွေခံနေကြရသည်။စစ်ရေးအရပြန်လည်တိုက်ခိုက်နိုင်ဘို့ ရာနှုန်းနီးပါးမရှိသလောက်ဖြစ်လာတာတွေ့ ရသည်။
အပစ်ရပ်တွေအနေနှင့်မိမိတို့လူမျိုးလွတ်မြောက်ရေးအတွက်လက်နက်စွဲကိုင်ပြီးရွံ့ရွံ့ချွံချွံတော်လှန်ခဲ့သည့် နှစ်ကာလများနှင့်တိုင်းရင်းသားလူထုရဲ့နိုင်ငံရေးအရအားကိုးအားထားပြုရလောက်အောင်ယနေ့ကာလမှာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေအနေဖြင့်ရှေ့ဆက်ပြီးမိမိတို့လူမျိုးများအတွက်-တန်းတူရေး၊ ကိုင်ပြဌာန်းပိုင်ခွင့်ကိုယခုလို-ဘာသာ။သာသာနာကိုစော်ကား၊တိုင်းရင်းသားလူမျိုးစုတွေရဲ့အသက်အိုးအိမ် စည်းစိမ်တွေကိုသတ်ဖြတ်၊ဖျက်ဆီး၊လုယူ၊မုဒိန်းကျင့်နေသည့်အဓမ္မ၀ါဒီစစ်အုပ်စုနှင့်နိုင်ငံရေးပြသာနာကို နိုင်ငံရေးနည်းလမ်းအရဖြေရှင်းလျှင်ကောင်းပါတယ်လို့ယနေ့ပြောဆိုနေသော-စကားသည်နိုင်ငံတကာ မှာရော၊လူထုထဲမှာပါအများနားထောင်၍အလွန်ကောင်းသောစကားလုံးဖြစ်ပါသည်။သို့သော်လက်တွေ့ လိုကာလတွေမှာစစ်အုပ်စုဟာသူ့အာဏာကိုထိပါးလာသူမှန်သမျှကိုသုတ်သင်ရှင်းလင်းဘို့အထိစနစ် တကျပြင်ဆင်ထားသည့်လက္ခဏာများကိုသိလျှက်နှင့်မိမိဘာလုပ်ရမည်။လူထုကိုနိုင်ငံရေး၊တော်လှန်ရေးအရ ဘယ်လိုဦးဆောင်ရမလဲကိုပြတ်ပြတ်သားသားဆုံးဖြတ်လှုပ်ရှားမှုများကိုတော်လှန်ရေးအတွင်း၊ဒီမိုကရေစီ အင်အားစုတွေအတွင်းလှုပ်ရှားနေတာမတွေ့ရပါ။အကယ်၍ပြတ်ပြတ်သားသားဆုံးဖြတ်ဆောင်ရွက်မည်ဟု ထုတ်ပြန်ထားမှုများသည်စာရွက်ပေါ်မှာသာရှိပြီးပကတိလက်တွေ့ပိုင်းတွေအရသိသာထင်ရှားသည့်တိုက်ပွဲ ၀င်မှုတွေကို ဦးဆောင်တာမတွေ့ ရသည့်အထိပါ။
ဒါဆိုဘာတွေလုပ်နေကြသလဲ?--------
ဒီမိုကရေစီအင်အားစုတွေဘက်ကအတိုက်အခံအဖွဲ့တွေမှာဦးဆောင်နေသည့်ဦးဆောင်သူများသည်-NGO များ၏သတ်မှတ်ပြဌာန်းထားသည့် ဘတ်ဂျက်တွေထဲမှာမလွတ်မလပ်ဖြင့် နိုင်ငံရေးအသက်ဆက်နေရသည်။
နိုင်ငံတကာNGOများ၏ဖိအားကြောင့်နယ်စပ်မှာရှိသည့်(ဆရာလူထုစိန်ဝင်ပြောသလို)အတိဒုက္ခရောက်နေ သည့်အမှန်တကယ်ရိုးသားဖြူစင်သည့် တော်လှန်ရေးရဲဘော်များ၊ တိုင်းရင်းသားပြည်သူလူထုများအားလုံးကို ပရိုပိုဂရမ်တွေ၊ ဂရပ်ကွက်အပြည့်ချ၍ မျောက်အဖြစ်သွပ်သွင်းပြီး အသွပ်သွင်းခံရသည့်မျောက် တွေကိုယ်စား မိမိကိုယ်ကိုမိမိမျောက်ဖြစ်လို့ဖစ်မှန်းမသိတော့သည့်မျောက်ကြီးများကNGO၀ဲဂရက်ထဲတွင်ကိုယ်စီးသည့် မြင်းအထီးလား၊ အမလား မသိလောက်အောင် မိုက်တွင်းနက်စွာ လုပ်စားနေတာကို တွေ့ နေရပြန်သည်။
ပြည်သူလူထုကြီးခင်ဗျား-
ခင်ဗျားတို့၏လွတ်လပ်ရေးကိုခင်ဗျားတို့ကိုယ်တိုင်တိုက်ပွဲဝင်ပြီးမှခင်ဗျားတို့ရဲ့လွတ်လပ်ရေးကိုရမှာဖြစ် တယ်။ဒီအချိန်မှာနိုင်ငံရေးသမားတွေကတော့အာဏာကိုဘယ်လိုရယူရမလဲလို့ဆိုတာကျားကုတ်ကျားခဲ စဉ်းစားနေတယ်။နိုင်ငံရေးအာဏာကိုနိုင်ငံရေးသမားတိုင်းကြိုက်ကြပါတယ်။သူတို့မှာ ဗိုလ်ချုပ်အောင်ဆန်းလို တည်ကြည်ဖြောင့်မတ်၊သစ္စာရှိသည့်၊ရိုးသားသည့်စိတ်ဓါတ်အခြေခံများမရှိတာကိုတွေ့နေရသည်။ အမျိုးသားထုကိုရဲရဲရင့်ရင့်ပြတ်ပြတ်သားသားဦးဆောင်နိုင်သည့်အမျိုးသားခေါင်းဆောင်ဟာကျုပ်တို့နိုင်ငံမှာ မတွေ့ရသေးပါဘူး။ပေါ်ထွက်မလာသေးပါဘူး။အမျိုးသားခေါင်းဆောင်၊လူထုခေါင်းဆောင်ဆိုတာတိုက်ပွဲတွေကြားထဲကပေါ်ထွက်လာတာပါ။ကျုပ်တို့အားလုံးစစ်အာဏာရှင်စနစ်ကျုပ်တို့ ခေတ်မှာ အလျှဉ်းမရှိရအောင် ကျုပ်တို့တတိုင်းပြည်လုံးတိုက်ပွဲတိုက်ဘို့လိုအပ်ပါပြီ။ဒီလိုတိုက်ပွဲတွေကြားထဲကကျုပ်တို့ရဲ့အမျိုးသားခေါင်း ဆောင်ကိုကျုပ်တို့ရှာဖွေကြပါစို့။စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးသည်ခင်ဗျားတို့ကျုပ်တို့ရဲ့သမိုင်းပေးတာ ၀န်ပဲဖြစ်သည်။ဒီသမိုင်းပေးတာဝန်ဟာခင်ဗျားတို့၊ကျုပ်တို့ပုခုံးပေါ်ကိုတင်ပေးလိုက်သည့်သမိုင်း၏တာဝန် ဖြစ်သည်။ကျုပ်တို့ အားလုံး တိုက်ပွဲဝင်ကြပါစို့ ။

မိုးဝေး

Tuesday, November 10, 2009

၂၀၁၀ ရွေးကောက်ပွဲနဲ့ အပစ်အခတ်ရပ်စဲရေးအဖွဲ့များ ကံကြမ္မာ

၂၀၁၀ ရွေးကောက်ပွဲနဲ့ အပစ်အခတ်ရပ်စဲရေးအဖွဲ့များ ကံကြမ္မာ

ဗိုလ်ထက်မင်း


နအဖရဲ့  အခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲပြီးရင် တခုတည်းသော တပ်မတော် ရှိရမည်ဆိုတဲ့ သတ်မှတ်ချက် ရှိတာမို့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တွေကို လက်နက်ဖြုတ်သိမ်းခိုင်းမလား၊ ဒါမှမဟုတ် တပ်မတော်ရဲ့ ကွပ်ကဲမှု အောက်ထဲကို ဆွဲထည့်မလားဆိုတာ နအဖအနေနဲ့ အကျပ်အတည်း ဖြစ်နေတာ တွေ့ရပါတယ်။
နအဖဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပထမဦးဆုံး ငြိမ်းချမ်းရေး ယူခဲ့စဉ်က ပေါ်ပေါ်တင်တင် မလုပ်ရဲဘဲ သံသယ ရှိစွာနဲ့ တိုးတိုးတိတ်တိတ် လုပ်နေရာမှ နိုင်ငံရေး အမြတ်ထုတ်တဲ့အနေနဲ့ စိတ်ဓာတ် စစ်ဆင်ရေးနဲ့ ၀ါဒဖြန့် နည်းဗျူဟာ တရပ်အဖြစ် အဲဒီသတင်းကို ဦးစားပေး ခေါင်းကြီးပိုင်းတွေမှာ တခမ်းတနား လုပ်လာကြပါတော့တယ်။
တကယ်တမ်းကျတော့ နအဖရဲ့  သဘောထား မမှန်တာတွေ၊ ကတိပျက်ကွက်တာတွေ၊ တိုင်းရင်းသား အဖွဲ့အချင်းချင်း အခွင့်အရေးပေးရာမှာ ဘက်လိုက်မှု ရှိတာတွေ၊ လက်နက်နဲ့ ငြိမ်းချမ်းရေးဆိုပြီး အမှန်တော့ ဦးကျိုးအောင် နာမ်နှိမ်အောင် လုပ်ခဲ့ပုံတွေ၊ တိုင်းရင်းသားအဖွဲ့တွေက ဘိန်းကြောင့် ရရှိလာတဲ့ တရားမ၀င် ငွေမည်းများကို ငွေဖြူဖြစ်ရေး စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ကြပုံတွေ၊ ငြိမ်းချမ်းရေးအဖွဲ့နဲ့ နအဖရဲ့  သဘောတူညီထားချက် (၁၄) ချက်မှာ အများစုကို ဖောက်ဖျက်ကြပုံ စတာတွေကို တင်ပြသွားပါမယ်။
ပထမဦးဆုံး ငြိမ်းချမ်းရေး လုပ်ခဲ့တဲ့ ဖုံကျားရှင်း ဦးစီးသော ရှမ်းမြောက် အထူးဒေသ (၁) ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ ဦးစိုင်းလင်း ခေါင်းဆောင်တဲ့ ရှမ်းအရှေ့ မိုင်းလားဒေသ အထူးဒေသ (၄) အပစ်အခတ် ရပ်စဲရေးအဖွဲ့တို့ဟာ သူတို့ကို မြန်မာတပ်မတော် လက်အောက်သို့ တပ်ရင်းအလိုက် စုစုစည်းစည်း သွင်းပါ။ တပ်ရဲ့  အဆင့်၊ ရာထူး၊ လစာများကို ခံစားပြီး မြန်မာစစ်တပ်ရဲ့  အမိန့်အတိုင်း နာခံမယ်လို့ အဆိုပြုခဲ့ဖူးပါတယ်။
စစ်ရုံးမှာ ရှိနေတဲ့ မျိုးဆက်သစ် လူငယ်တပ်မတော် အရာရှိများက ဒီအတိုင်းဆို လက်ခံသင့်ကြောင်း မျှော်လင့်နေကြပေမယ့် မူလက မယုံသင်္ကာတွေ ရှိနေကြတဲ့ တင်းမာတဲ့ ဗိုလ်ချုပ်အချို့ က လက်မခံဘဲ တဦးချင်း ခွဲထုတ်ကာ မြန်မာတပ်မတော် တပ်ရင်းတွေရဲ့  လက်အောက်ကို ဖြန့်ခွဲစေလွှတ်မှာ ဖြစ်ကြောင်း ပြန်ကြားခဲ့ပါ တယ်။ ကိုးကန့်နဲ့ ရှမ်းတပ်တွေက တပ်ရင်းအလိုက်သာ တာဝန်ထမ်းဆောင်လိုတဲ့အတွက် ညှိမရဘဲ စိတ်ပျက်စရာ ပျက်ပြယ်သွားခဲ့ရပါတယ်။
နအဖဟာ ၂၀၀၇ သံဃာ့အရေးအခင်း မတိုင်ခင်က အန္တရာယ် အရှိဆုံး အနီးကပ်ရန်သူ စာရင်း (၅) မျိုး သတ်မှတ်ထားပါတယ်။
နံပါတ် (၁) ကတော့ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် နှင့် ထောက်လှမ်းရေးပြုတ်များ၊
နံပါတ် (၂) ကတော့ KNU, KNPP နှင့် လက်နက်ကိုင် သောင်းကျန်းသူများ၊
နံပါတ် (၃) ကတော့ အပစ်ရပ် လက်နက်ကိုင် အဖွဲ့အစည်းများ၊
နံပါတ် (၄) ကတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အဖွဲ့ဝင်များ၊
နံပါတ် (၅) ကတော့ မင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားများတို့ပဲ ဖြစ်ကြပါတယ်။
ဒါကြောင့် အဆင့် နံပါတ် (၃) အဖြစ် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား လျှို့ ဝှက်စွာ သတ်မှတ်ထားတာကိုက သံသယစိတ်ရှိပြီး သတိထားနေတာ သိသာလွန်းလှပါတယ်။
အဲဒီ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ထဲမှာ နအဖရဲ့  အကြောက်ရွံ့ဆုံး အဖွဲ့ကတော့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA “၀” အဖွဲ့ပင် ဖြစ်ပါတယ်။
ရန်သူတွေ ဖြစ်ခဲ့တဲ့ UWSA “၀” အဖွဲ့က တကယ်တော့ ဗကပ ကွန်မြူနစ် အမာခံတွေ ဖြစ်ခဲ့ကာ မိုင်းယောင်း သိမ်းပိုက်ခဲ့စဉ်က ချင်း (၃) တပ်ရင်း အိမ်ထောင်သည် လိုင်းရဲမေများကို မုဒိမ်းကျင့်ခဲ့သူများဖြစ်ပြီး ဒီမိုကရေစီကို မလိုလားသူများ ဖြစ်ပါတယ်။
န၀တ တက်လာစဉ်က ဘိန်းဘုရင် ခွန်ဆာရဲ့ MTA တပ်ဖွဲ့ဝင်များဟာ အင်အားကြီးမားတာကြောင့် နအဖက အသေအလဲ တိုက်ခိုက်နေခဲ့ရပါတယ်။ ဒီအချိန်မှာ “၀” တပ်ဖွဲ့တွေဟာ မရိုးသားတဲ့ အကြံအစည်များနဲ့ နအဖဘက်ကို ၀င်ရောက်ကူညီပြီး MTA ခွန်ဆာတပ်ဖွဲ့များကို တိုက်ခိုက်ပေးခဲ့ပါတယ်။
တဖန် နအဖကလည်း မရိုးသားတဲ့ အကြံအစည်များဖြင့် ခွန်ဆာ လက်နက်ချပြီးတဲ့အခါမှ “၀” တပ်ဖွဲ့တို့ကို ထိုင်းနိုင်ငံအား Buffer Zone ကြားခံထားလို၍ လည်းကောင်း၊ MTA မှ ခွဲထွက် SSA ဗိုလ်မှူးကြီး ရွက်ဆစ် တပ်ဖွဲ့တွေကို တိုက်ခိုက်ခိုင်းလို၍လည်းကောင်း ထိုးကျွေးခဲ့ပြန်ပါတယ်။
UWSA တပ်ဖွဲ့တွေရဲ့  အကြံအစည်များကတော့ ပြည်နယ် ဖွဲ့လို့ရအောင် (၆) မြို့ နယ် ရရှိရေးအတွက် ရှမ်းအမျိုးသမီးများကို ငွေကြေး အင်အားသုံး၍ တမျိုး၊ လက်နက်အားကိုး အနိုင်ကျင့်၍တဖုံ အတင်းအကျပ် ပေါင်းသင်းဆက်ဆံရာမှ လူဦးရေ တိုးပွားစေပြီး “၀” အင်ပါယာကို တိုးချဲ့စေပါတယ်။
UWSA “၀” တွေဟာ ရှမ်းပြည်နယ်ကို “၀ါး” မျိုရန် ကြံစည်နေပြီး အမျိုးသားညီလာခံမှာ ရှမ်းပြည်နယ်မကြီးရဲ့  တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် မနေလိုကြောင်းနှင့် ဗဟိုက တိုက်ရိုက်အုပ်ချုပ်တဲ့ ရှမ်းပြည်နယ်မှ ခွဲထွက်ပြီး သီးခြားပြည်နယ် သတ်မှတ်ပေးဖို့ အမျိုးသားညီလာခံကျင်းပနေချိန် တောင်းဆိုခဲ့ပါတယ်။ တနည်းပြောရရင် ၀ပြည်နယ်ခွဲထွက်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စစ်အစိုးရဘက်က လက်မခံခဲ့ပါဘူး။
တဖန် ရှမ်းပြည်နယ်တောင်ပိုင်း ထိုင်း-မြန်မာ နယ်စပ်တွေမှာ ချထားတဲ့ “၀” တပ်ဖွဲ့တွေဟာ သူတို့ရဲ့  အင်အားကို တိုးချဲ့ ကာ အခိုင်အမာ ခြေကုပ်စခန်းများ တည်ဆောက်ခဲ့တာမို့ နအဖလည်း လန့်ဖြန့်ကာ နယ်စပ်က UWSA တွေ ပြန်ရုပ်သိမ်းဖို့ တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူးက အမိန့်ပေးတာတောင် ပထမဦးဆုံးအကြိမ် “အာခံ” ခဲ့သူများဖြစ်ပါတယ်။
တဖန် AK – 47 လက်နက်စက်ရုံများနဲ့ လေယာဉ်ပစ် ဒုံးပျံများ အပါအ၀င် လက်နက်များ တပ်ဆင်ကာ UWSA “၀” တပ်ဖွဲ့ဝင် အင်အား (၂၀,၀၀၀) ကျော် ရှိလာဖို့ ယောက်ျားလေးတွေကို အရွယ်ရောက်သူတိုင်း စစ်မှုထမ်း ခိုင်းခဲ့ပါတယ်။ တရုတ်နိုင်ငံနှင့် နီးစပ်စွာ ထိတွေ့ဆက်ဆံခဲ့ရာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရခဲ့ရင်တောင် ထကြွသောင်းကျန်းမယ့် အရင်ဆုံး သူပုန်များလို့ ဆိုရမှာ ဖြစ်ပါတယ်။
တကယ်တော့ နအဖဟာ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်တာ ခံနေရပြီး နိုင်ငံတကာမှ မူးယစ်ဆေးဝါး ပြစ်မှုအဖြစ် ၀ရမ်းထုတ် ဆုငွေထုတ်ထားတာတောင် ပေါက်ယူချမ်း၊ ဝေရှောက်ခန်း စတဲ့ “၀” ခေါင်းဆောင်များကို ဖမ်းဖို့ တာဝန် ပျက်ကွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ နအဖနဲ့ ပေါင်းပြီး “၀” အဖွဲ့တွေရဲ့  စီးပွားရေး သောင်းကျန်းပုံ တွေကို ဆက်လက်တင်ပြသွားပါ့မယ်။ တကယ်တော့ နအဖဟာ ဘိန်းဘုရင် ခွန်ဆာဆီမှ “ငွေမည်း” များ ရရှိခဲ့လို့ အလိုတူ အလိုပါ အကြိုက်တွေ့သွားပြီ ဖြစ်ပါတယ်။
နအဖ ဒုတိယခေါင်းခဲတဲ့ အဖွဲ့ကတော့ မွန်ပြည်သစ်ပါတီ (NMSP) ဖြစ်ပြီး အမျိုးသား ညီလာခံမှာကတည်းက တင်းမာစွာ တုံ့ပြန်တာ ခံခဲ့ရပါတယ်။ ငြိမ်းချမ်းရေး လုပ်ခဲ့စဉ်က NMSP ဥက္ကဋ္ဌ နိုင်ရွှေကျင်ကို တပ်ချုပ် ဗိုလ်သန်းရွှေ ကိုယ်တိုင် လက်ခံ ကြိုဆိုခဲ့ရခြင်းမှာ KNU ကို ထိန်းချုပ်နိုင်အောင် မျှော်မှန်းတာရယ်၊ ထိုင်းနယ်စပ် နှင့် ဆက်စပ်နေပြီး ပင်လယ်ကမ်းခြေ ထွက်ပေါက်ကို ပိုင်စိုးတာရယ်၊ KIA နှင့် UWSA ကဲ့သို့ နောက်ပိုင်း မလုံခြုံတဲ့ အနေအထား မရှိတာကြောင့် အချိန်မရွေး တောထဲ ပြန်ရောက်သွားနိုင်တာမို့ စည်းရုံးခြင်း ဖြစ်ပါတယ်။
ယခုလည်း အမျိုးသားညီလာခံမှာ နအဖက တိုင်းရင်းသားအဖွဲ့တွေ (အပစ်အခတ်ရပ်စဲရေး ၁၃ ဖွဲ့) တင်ပြခဲ့တဲ့ ကိုယ်ပိုင်အခွင့်အရေး ပြဋ္ဌာန်းချက်များကို မလိုက်လျှောခဲ့လို့ တိုင်းရင်းသားအဖွဲ့တွေရဲ့  ကိုယ်စီ ရင်ထဲမှာတော့ မကျေနပ်မှုတွေ အသီးသီး အနည်းနဲ့အများ ရှိနေကြပါတယ်။
နအဖရဲ့  တတိယ အစိုးရိမ်ရဆုံး နောက်တဖွဲ့ကတော့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း KIA တပ်ဖွဲ့ဝင်တွေကို နအဖ စစ်တပ်က အကြောင်းမဲ့ ပစ်သတ်တဲ့ ကိစ္စမှာ အစာမကြေ ဖြစ်ခဲ့ပါတယ်။
KIA ဟာ အမျိုးသားညီလာခံတက်နေတဲ့ အချိန်အခိုက်အတန့်မှာ အဲဒီကိစ္စ ဖြစ်တာရယ်၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ MI အဖွဲ့ အရေးယူ ဖျက်သိမ်းခဲ့ရလို့ အသစ်ဖွဲ့စည်းလိုက်တဲ့ “စရဖ” အကြီးအကဲ ဗိုလ်မြင့်ဆွေရဲ့  ကိုင် တွယ်ဖြေရှင်းမှု ညံ့ဖျင်းတာရယ်ကြောင့် ကျေနပ်မှု မရှိဘဲ တင်းမာမှု အထွဋ်အထိပ် ရောက်နေခဲ့ပါတယ်။
KIA မှ ဒု-ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာကိုယ်တိုင် နအဖ အကြီးအကဲတွေကို စစ်ရုံးမှာ တွေ့ခွင့်ရဖို့ အချိန်ကြာမြင့်စွာ စောင့်နေရလို့ စိတ်မရှည်နိုင်တော့ဘဲ ဒေါသတကြီး တုံ့ပြန်တော့မှ ဒု-တပ်ချုပ် ဗိုလ်မောင်အေးက ၀င်ရောက် ဖြေရှင်းပေးလိုက်ရပါတယ်။
နအဖရဲ့  မပြေလည်နိုင်သေးတဲ့ KNU နှင့် Gentleman Agreement လည်း ယခုအခါ အလှမ်းဝေးသွားပြီ ဖြစ်ပါတယ်။
KNU ရဲ့  ဗဟိုဌာနချုပ် မာနယ်ပလောကို တိုက်ခိုက်နိုင်ရန် လမ်းပြပေးရတဲ့ ကျေးဇူးကို ထောက်ထားပြီး DKBA ကိုတော့ နယ်စပ်ဂိတ်များမှာ “အစာ” ချကြွေးကာ မြှောက်စားလိုက်ပြန်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် KNU မှာ ယခင်က အရာခံဗိုလ် အဆင့်သာရှိခဲ့ပြီး DKBA မှာ စစ်ဦးစီးချူပ် ဖြစ်နေတဲ့ ဗိုလ်ချုပ်ကျော်သန်းနဲ့ ယခင်က ဆရာ့ ဆရာကြီးများဖြစ်ခဲ့တဲ့ နအဖနဲ့ ပူးပေါင်းထားသော ဗိုလ်ချုပ်ထိန်မောင်၊ ရင်းမှူး ဒု-ဗိုလ်မှူးကြီး သမူဟဲ၊ ဖဒို အောင်ဆန်း စတဲ့အဖွဲ့တွေရဲ့  ရပ်တည်ရေး၊ စားဝတ်နေရေး၊ ကရင်ပြည်နယ် လုပ်ပိုင်ခွင့် အာဏာခွဲဝေမှု ပြဿနာများကို နအဖဟာ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
တကယ်တော့ ရင်းမှူး ဒု-ဗိုလ်မှူးကြီး စောသမူဟဲနဲ့ အဖွဲ့တွေ လက်နက်အားလုံးချပြီးမှ အလုံးစုံ အလင်းဝင်ခဲ့တဲ့ ဖြစ်စဉ်အပေါ် နအဖက တအံ့တသြ ဖြစ်ခဲ့ရပြီး တဂူထဲက ခြင်္သေ့နှစ်ကောင် ဖြစ်သော ဗိုလ်မောင်အေးနဲ့ ဗိုလ်ခင်ညွန့်တို့ကတောင် တခါမှ မတွဲစဖူးတွဲလာကာ သူ့အား ကြိုဆိုခဲ့ရဖူးပါတယ်။
စောသမူဟဲကိုတောင် ဦးစားမပေးဘဲ DKBA ဟာ “ဖား” တာ တော်လွန်းရာမှာ ကရင်အချင်းချင်းတောင် သတ်ပေးလို့ နအဖက မျက်နှာသာပေး ဘက်လိုက်တာ သိသာလှပါတယ်။
နအဖအနေနဲ့ အပစ်ရပ်အဖွဲ့တွေကို ကိုင်တွယ်ရာမှာ ဘက်လိုက်မှုများနဲ့ သွေးခွဲမှုများ ရှိနေပါတယ်။ အခွင့်အရေး နည်းနည်း ပေးမိရင်တောင် သတင်းပေါက်ကြားမှု ရှိတာကြောင့် တချို့ကို ဒီထက်ပိုပြီး သာသာထိုးထိုး အခွင့်အရေး ပိုပေးထားလို့ အပစ်ရပ် အဖွဲ့အတွင်းမှာလည်း မကျေနပ်မှု ရှိနေကြကြောင်း သိရပါတယ်။
နအဖရဲ့  One Army group အရ အပစ်ရပ်အဖွဲ့ကို မြန်မာတပ်မတော်မှာ လက်ခံမယ်ဆိုရင် လည်း သူတို့အား အဆင့်တူပေးဖို့ အခက်အခဲတွေ ရှိနေပါသေးတယ်။
သူတို့ရဲ့  ဗိုလ်ကြီးတဦးကို မြန်မာ့တပ်မတော်မှာ တပ်ခွဲမှူးရာထူး ဗိုလ်ကြီးအဆင့် ပေးမယ်ဆိုရင် စစ်နည်းဗျူဟာ သင်ခန်းစာများ စနစ်တကျ မသင်ခဲ့ရလို့ မကျွမ်းကျင်မှု အပြင် ပညာရေး အဆင့်အတန်း၊ ဘာသာစကား ကလည်း စကားပြောပြီး မြန်မာစစ်သားများရဲ့ ကြည်ညိုလေးစားမှုကို ရရန် တော်တော် ခက်ခက်ခဲခဲ တည်ဆောက်ရဖို့ ရှိပါတယ်။
အချို့အပစ်ရပ်အဖွဲ့တွေဆိုရင် ပါတီတရပ်အသွင်ကူးပြောင်းပြီး သူတို့ရဲ့ လူမျိုးစုဆိုင်ရာ ပါတီမရှိခဲ့တာကြောင့် ရွေးကောက်ပွဲဝင်ဖို့ စိုင်းပြင်းနေကြပါတယ်။ လွှတ်တော်မှာ တရားဝင် ပြောရေးဆိုခွင့် အခွင့်အရေး လက်လွှတ်သွားကြမှာ စိုးရိမ်ဟန် ရှိပါတယ်။
ဒါပေမယ့် ကချင်ပြည်နယ်မှာပင် ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (KIA) က လုပ်မယ့်ပါတီတရပ်ကို စခုန်တိန်ယိန်း ဦးစီးတဲ့ ဒီမိုကရေစီသစ်တပ်မတော်-ကချင် NDA (K) နဲ့ KIA ခွဲထွက် ဗိုလ်မှူးကြီး လဆန်အောင်ဝါတို့ အဖွဲ့တွေ ပူးပေါင်းပါဝင်မှု ရှိ မရှိ မသေချာသေးကြောင်း သိရပါတယ်။
နအဖက လက်နက်ကိုင် အပစ်ရပ်အဖွဲ့တွေကို လက်နက်ဖြုတ်သိမ်းဖို့ ကြိုးစားတဲ့နေရာမှာ အပစ်ရပ်အဖွဲ့တွေက ပါတီတရပ်အဖြစ် ၀င်မယ်ဆိုရင် အခြေခံဥပဒေအရ လက်နက်ကိုင် မိခင်တပ်က အပြီးအပိုင် ထွက်ရမှာဖြစ်လို့ သူ့အလိုလို လက်နက် ဖြုတ်ခိုင်းပြီးသား ဖြစ်သွားမှာကိုလည်း အပစ်ရပ်အဖွဲ့တွေက စိုးရိမ်နေကြပါတယ်။ ဒါကြောင့် အချို့အပစ်ရပ်အဖွဲ့တွေက လက်နက်ဖြုတ်ခိုင်းတာ မခံချင်တာကြောင့် ရွေးကောက်ပွဲ မ၀င်ဘူးလို့ ပြောနေသံလည်း ကြားနေရပါတယ်။
တချို့ အားနည်းတဲ့ အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေကို ရှမ်းပြည်နယ်မှာ နအဖက အင်အားသုံး ခြိမ်းခြောက်လက်နက်ဖြုတ်ဖို့ သွေးထိုးစမ်းကြည့်တဲ့အခါမှာ အင်အားကြီး အပစ်ရပ်အဖွဲ့တွေရဲ့  ဝေဖန်သံ ပွက်လောရိုက်သွားလို့ နအဖလည်း အရှိန်တန့်သွားပါသေးတယ်။
နအဖနဲ့ ငြိမ်းချမ်းရေး ရယူထားခဲ့တဲ့ ထဲဘူးဖဲ ဦးစီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ စိုင်းရီ ဦးစီး ရှမ်းပြည်အမျိုးသားတပ်မတော် (SSNA) (တပ်မဟာ ၁၁၊ ၁၉) အဖွဲ့၊ ခွန်သူရိန် ဦးစီး (ပင်မအဖွဲ့တချို့  မပါ) ရှမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) အဖွဲ့တို့ဟာလည်း နအဖနဲ့ ပဋိပက္ခဖြစ်ပြီး တောထဲ ပြန်ဝင်သွားကြပါတယ်။
ဒါကြောင့် အဖွဲ့ဝင်အားလုံးပါတဲ့ KNPP နဲ့ SSNA နှစ်ဖွဲ့ နုတ်လိုက်ပါက လက်ကျန်အဖွဲ့ စုစုပေါင်း (၃၄) ဖွဲ့ရှိရာ အပစ်ရပ် လက်နက်ကိုင်အဖွဲ့နှင့် လက်နက်ကိုင် စွန့်လွှတ် ထားသော အဖွဲ့များ အပါအ၀င် အုပ်စုအမျိုးအစားအနေနဲ့ အင်အားကြီးအဖွဲ့ (၁၅) ဖွဲ့နဲ့ အင်အားငယ်သော အဖွဲ့ငယ် (၁၉) ဖွဲ့ပါဝင်ပါတယ်။ အဲဒီ အဖွဲ့တွေရဲ့  ခေါင်းဆောင်များ၊ အဖွဲ့အမည်တွေနဲ့ ငြိမ်းချမ်းရေး စတင်ဝင်ရောက်ခဲ့စဉ်က အင်အား (လက်နက်စာရင်း အမှန်မရှိနိုင်၍ မဖော်ပြတော့ပါ) စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

မှတ်ချက်။ ။ ဂျော်နီထူး ဦးစီး ကရင် God's Army (၁၀ ဦး)၊ ဒေးမူး KNPP၊ စောဘေးဘေ KNPP နဲ့ တိတ်စိုး/သန်းစိုးအောင် ရခိုင်အမျိုးသားညီညွတ်ရေးပါတီ (NUPA) တို့ဟာ အင်အားနည်းပြီး တဦးချင်း ၀င်၍ အဖွဲ့အနေနဲ့ မဖော်ပြတော့ပါ။
အင်အား (၁) ထောင် အထက်ရှိလို့ အနက်လိုင်း တင်ထားတဲ့ အင်အားကြီးအဖွဲ့ (၁၅) ဖွဲ့ထဲမှ မော်ထိုင်းတပ်မတော် (MTA) အဖွဲ့အား လက်နက်အချို့  ပြန်လည်ထုတ်ပေးပြီး ဒေသ ပြည်သူ့စစ် အဖွဲ့အနေနဲ့ ရှမ်းပြည်နယ် တောင်ပိုင်းမှာ (၉) ဖွဲ့ ဖြန့်ခွဲထားပါတယ်။
ဒါ့အပြင် နအဖက လက်နက်တပ်ဆင် ဖွဲ့စည်းပေးထားသော သီးခြားအဖွဲ့သစ်အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြည်သူ့စစ်အဖွဲ့ (၉) ဖွဲ့ ရှိပါသေးတယ်။ အဲဒီ ပြည်သူ့စစ်အဖွဲ့ အမည်များမှာ မုံးကိုး၊ ဖောင်းဆိုင်း၊ သိန္နီ၊ တာမိုးညဲ၊ ကွတ်ခိုင်၊ မုံးပေါ်၊ မူဆယ်၊ နမ့်ခမ်း၊ မိုင်းငေါ့ တို့ ဖြစ်ပါတယ်။
အဲဒီလို အဖွဲ့ပေါင်းများစွာကို ကိုင်တွယ်နိုင်ဖို့ နအဖက ငြိမ်းချမ်းရေး ရယူခဲ့စဉ်မှာ သဘောတူညီချက် (၁၄) ချက် ထားရှိပေမယ့် အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေက နအဖရဲ့ မရိုးသားမှုကို သိရှိလာတာရယ်၊ အချင်းချင်း မယုံသင်္ကာ သံသယစိတ် ရှိတာရယ်ကြောင့် စည်းကမ်းချက်တွေအား မထိန်းဘဲ ဖောက်ဖျက်မှုတွေ ရှိကြပါတယ်။
အဲဒီ (၁၄) ချက်အနက် ဖောက်ဖျက်ခဲ့တဲ့အချက်အများစုကို ရှင်းပြရရင်
-အစိုးရ ဆန့်ကျင်တဲ့ အဖွဲ့အစည်းများနှင့် လုံးဝ မဆက်သွယ်ရန် ဆိုတာကို လျှို့ဝှက်စွာ ဆက်သွယ်နေကြခြင်း၊
-လက်ရှိ တပ်အင်အားအပြင် ထပ်မံတိုးချဲ့ ခြင်း၊ လူသစ် မစုရန်ဆိုတာကို မလိုက်နာဘဲ KIA နဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်ဖွဲ့ အင်အားများ တိုးချဲ့ နေကြခြင်း၊
-သင်တန်းဖွင့်လှစ်၍ စစ်ရေးလေ့ကျင့်မှုများ မပြုလုပ်ရန် ဆိုတာကို နားမထောင်ဘဲ UWSA၊ KIA၊ မွန်ပြည်သစ်ပါတီ (NMSP) အပစ်ရပ်အဖွဲ့များ စစ်ရေးပြ သင်တန်းဆင်းပွဲများ အကြိမ်ကြိမ် ပြုလုပ်ကြခြင်း၊
-လူ လက်နက် ခဲယမ်း ဖွဲ့စည်းပုံစာရင်း အသေးစိတ်ပေးရန် ဆိုတာကို နှိပ်ကွပ်မှာ စိုးလို့ အင်အားကို လျော့ပြီး မမှန်မကန် ပေးထားခြင်း၊
-ဆက်ကြေးကောက်ခြင်း၊ ဘိန်းခွန်ကောက်ခြင်း၊ ဘိန်းလုပ်ငန်းကို လုပ်ကိုင်ခြင်း၊ လူထုကို အနိုင်ကျင့်ခြင်း စတာတွေ လုံးဝမပြုရ ဆိုတဲ့အချက်တွေ ဖြစ်ပါတယ်။
ဒါပေမယ့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) အပါအ၀င် ရှမ်းပြည်နယ်ရှိ အပစ်ရပ် တိုင်းရင်းသားအဖွဲ့ အများစုက အလေးအနက် လိုက်နာခြင်း မပြုဘဲ လုပ်ကိုင်ဆောင်ရွက်နေကြခြင်း၊ သတ်မှတ်နယ်မြေတွင် သွားလာ၍ ရသော်လည်း အခြားနေရာများ သွားလာလိုပါက တပ်စခန်းများသို့ သတင်းပို့၍ လက်နက်မဲ့ သွားလာရန် ဆိုတာကို နားမထောင်ဘဲ မန္တလေးမြို့ တော်အထိ ပစ္စတိုကဲ့သို့ လက်နက်တိုများ ယူဆောင်သွားရာ စားသောက်ဆိုင်များတွင် ပြဿနာ တက်ရာမှ တိုင်းမှူးနှင့် ထိပ်တိုက် တွေ့ခြင်း၊ နိုင်ငံရေးပါတီများနှင့် ကင်းရှင်းစွာ နေထိုင်ရန် ဆိုတာကို တရားမ၀င်ရော၊ တရားဝင်ပါ ဆက်သွယ်ကြခြင်း၊ အစိုးရရဲ့  အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ တရားစီရင်ရေး အပိုင်းများမှာ ၀င်ရောက်စွက်ဖက်ခြင်း မပြုရန် ဆိုတာကို အပစ်ရပ်အဖွဲ့များက မြို့များ ပေါ်တွင် သူတို့ရဲ့  တပ်ဖွဲ့ဝင်တွေ ပြဿနာ ဖြစ်ပွားတာနဲ့ ရဲနဲ့ တရားသူကြီးအား ခြိမ်းခြောက်ခြင်းနဲ့ စစ်ထောက်လှမ်းရေး အကာအကွယ်သုံးပြီး ဆွဲထုတ်ခြင်း စတဲ့ ဖောက်ဖျက် ကျူးလွန်နေကြတာတွေ အားလုံးကို နအဖက အတွင်းကြိတ်ပြီး ဖြေရှင်းနေရတာတွေ အများကြီး ရှိပါတယ်။
အရေးကြီးဆုံး အချက်ဖြစ်တဲ့ အချက် နံပါတ် (၂) အရ အပစ်ရပ်အဖွဲ့တွေအနေနဲ့ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ် စွန့်လွှတ်ရန်ဆိုတဲ့ အချက်ကို စစ်အာဏာရှင်တွေ မလုပ်နိုင်သေးတာ တွေ့ရပါတယ်။
စရဖ မှ ဗိုလ်ရဲမြင့်ဟာ အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေနဲ့ ညှိနှိုင်းနေပြီး နည်းလမ်း ရှာဖွေ နေကြပါတယ်။ ဗိုလ်ရဲမြင့်ဟာ ရှမ်းအရှေ့  မိုင်းလားဒေသ အထူးဒေသ (၄) အပစ်အခတ် ရပ်စဲရေး အဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်းကို တွေ့ဆုံကာ လာမယ့်ရွေးကောက်ပွဲမှာ ခေါင်းဆောင်များအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် တိုက်တွန်းခဲ့ပါတယ်။
အချို့သော တိုင်းရင်းသား အပစ်အခတ်ရပ်စဲရေး ခေါင်းဆောင်များအနေနဲ့ စစ်အစိုးရ ချဉ်းကပ်လာတဲ့ “အပစ်အခတ်ရပ်စဲရေး ပုံစံအသစ်” အား လက်ခံလိုတဲ့ သဘောရှိဟန်တူပါတယ်။ သူတို့က လိုချင်တဲ့ နိုင်ငံရေး အခွင့်အရေးတချို့ကိုလည်း ရမယ်။ မိမိတို့ရဲ့ လက်နက်ကိုင်တပ်ကိုလည်း ဖျက်သိမ်းဖို့ မလိုတဲ့အတွက် စစ်အစိုးရ ကမ်းလှမ်းလာတဲ့ ထိုအပစ်အခတ် ရပ်စဲရေးပုံစံသစ်အား သဘောကျကောင်း ကျနိုင်ပါတယ်။
လက်ခံမယ်ဆိုရင် စစ်အစိုးရ အထိုက်အလျောက်ခွဲပေးတဲ့ နိုင်ငံရေးနှင့် စီးပွားရေး အခွင့်အရေးတချို့ကို ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့  လက်နက်ကိုင်တပ်ဖွဲ့တွေကို စစ်အစိုးရက ပြုပြင်ပြောင်းလဲ ဖွဲ့စည်းမှာကိုတော့ လက်ခံရမှာ ဖြစ်ပါတယ်။
အဲဒါကတော့ အပစ်ရပ် အဖွဲ့တွေရဲ့ တပ်တွေကို ပြည်နယ်စောင့် အထူးရဲများအဖြစ် အသွင်ပြောင်းထားရှိဖို့နဲ့ တိုင်းမှူးရဲ့ ကွပ်ကဲမှု အောက်ထဲသို့ ထည့်သွင်းစေရေး နည်းလမ်း ဖြစ်ပါတယ်။
စစ်တပ်ရဲ့  ကွပ်ကဲမှုအောက် အခြေခံယူနစ်ဖြစ်တဲ့ တပ်ရင်းတွေထဲ တိုက်ရိုက်ထည့်ပြန်ရင်လည်း အထက်မှာ တင်ပြခဲ့သလို အခက်အခဲများ ရှိလာနိုင်တာမို့ နည်းလမ်းအသစ် ရွေးချယ်နေဟန် တူပါတယ်။
ဒါပေမယ့် ပြည်နယ်စောင့် ရဲတပ်ဖွဲ့အနေနဲ့ သူတို့ကို ဖွဲ့စည်းခွင့် ပေးရင်တောင် ရဲတပ်ဖွဲ့ရဲ့  ဖွဲ့စည်းပုံ သတ်မှတ်ချက်အရ ဆက်ထားခွင့် မရနိုင်တဲ့ လေယာဉ်ပစ် ဒုံးပျံများ၊ စွမ်းအားမြှင့် ပေါက်ကွဲမှု ပြင်းထန်တဲ့ လက်နက်ကြီးများ၊ ဗုံးများ၊ မိုင်းဗုံးများ လုံခြုံရေးနဲ့ ဆက်သွယ်ရေးစက်များကို မြန်မာစစ်တပ်က ပြန်သိမ်းလို့ ရ၊ မရ ဆိုတဲ့ပြဿနာများလည်း ရှိနေပါတယ်။
တဖန် အပစ်ရပ် အဖွဲ့ခေါင်းဆောင်တွေက တိုင်းမှူးရဲ့  အမိန့်အတိုင်း နာခံမှုအပိုင်းမှာ နာခံမှု မရှိနိုင်ဘဲ တိုင်းမှူးရဲ့  လုပ်ပိုင်ခွင့် အာဏာနဲ့ ဆုံးဖြတ်ပေးနိုင်မှု နိမ့်ပါးလာနိုင်တာမို့ အာခံနိုင်ကြောင်း “၀” တပ်ဖွဲ့တွေရဲ့ ဖြစ်စဉ်ကလည်း သက်သေပြနေပါတယ်။
ဒါ့အပြင် အချို့  တိုင်းလက်အောက်ခံ တိုင်းမှူးရဲ့  ကွပ်ကဲမှုအောက် တပ်အင်အားမှာ အပစ်ရပ်အဖွဲ့ရဲ့  အင်အားနဲ့ နှိုင်းယှဉ်ပါက အင်အားချည့်နဲ့နေတာလည်း ထည့်သွင်းစဉ်းစားစရာ ဖြစ်နေပါတယ်။
အချုပ်ဆိုရရင် နအဖရဲ့  လက်နက်ကိုင် အပြီးစွန့်လွှတ်နိုင်ရေး “မူ” ကို အပစ်ရပ် အဖွဲ့တွေက တင်းမာစွာ တုံ့ပြန်ကြမယ့် သဘောရှိပါတယ်။
ဒါကြောင့် အပစ်ရပ်အဖွဲ့တွေဟာ စစ်အာဏာရှင်တွေအတွက် စိန်ခေါ်မှုတရပ် ဖြစ်နေပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး တက်လာမယ့် ရုပ်သေးအရပ်သားအစိုးရသစ်အတွက် လည်း ခေါင်းခဲစရာ ပြဿနာတရပ်အဖြစ် ရှိနိုင်ပါတယ်။
“အင်္ဂလိပ်အခက် ဗမာ့အချက်” ဆိုပြီး မြန်မာ့လွတ်လပ်ရေးအတွက် တနိုင်ငံလုံး တိုက်ပွဲဝင်ခဲ့ကြပါတယ်။ “နအဖရဲ့  အခက် ပြည်သူတွေရဲ့ အချက်” ဆိုတာကို သတိထားပြီး မပြီးဆုံးသေးတဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှု တရားမျှတမှုတို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ဆက်လက်တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။

နအဖ စစ်အာဏာရှင်တွေဟာ အပစ်ရပ်လက်နက်ကိုင် တိုင်းရင်းသားတွေ အချင်းချင်း ရန်ဖြစ်ကြ၊ တိုက်ပွဲဖြစ်ကြပြီဆိုရင် ဖျန်ဖြေ ပေးသလိုလိုနဲ့ အမြတ်ထုတ် အခွင့်အရေး ယူကြတာတွေ၊ နိုင်ထက်စီးနင်း လုပ်ကြတာတွေ၊ ကိုယ်ကျိုးစီးပွား အဓိကထား အဂတိ လိုက်စား အကျိုးအမြတ် ရယူတာတွေကို တင်ပြသွားပါမယ်။ ကိုးကန့် အပစ်ရပ် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ဟာ နအဖနဲ့ အရင်ဦးဆုံး ငြိမ်းချမ်းရေး ယူလိုက်တဲ့ အဖွဲ့ဖြစ်သလို နအဖရဲ့  နိုင်ထက်စီးနင်း လုပ်ပုံကဖြင့် သူတို့မှာ မရှုမလှ ခံခဲ့ရပါတယ်။ ဖြစ်စဉ်မှာ ကိုးကန့်ခေါင်းဆောင် ဖုံကြားရှင်နဲ့ ဖုံကြားဖူး တို့ဟာ ရန်မိုးလျန် ညီအစ်ကို နှစ်ဦးက ကိုးကန့် ပင်မတပ်ကို စည်းရုံးပြီး အာဏာသိမ်းလိုက်တာကြောင့် ဦးစိုင်းလင်းတို့ထံ ထွက်ပြေးခဲ့ရတာကို စတင်ပြောပြရမှာ ဖြစ်ပါတယ်။

အထူးဒေသ (၄) အဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်းဟာ ဖုံကြားရှင်ရဲ့  သမီးကို ယူထားလို့ အမျိုးတော်တာမို့ ယောက္ခမအရေး ရတက်မအေးနိုင်ဘဲ “၀” တပ်အင်အား (၃,၀၀၀) စစ်ကူပေးလိုက်ပါတယ်။ ဖုံကြားရှင်တို့ တပ်ဟာ ရန်မိုးလျန် တပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေ ချိန်မှာတော့ မြန်မာတပ်အနေနဲ့ “ကြားနေ” နေဖို့ ပထမတုန်းက မှာထားတယ်လို့ သိရပါတယ်။ ဒီနေရာမှာ ကုန်းကြမ်း၊ ကွမ်းလုံ၊ ချင်းရွှေဟော် တခွင်က အပစ်ရပ် အဖွဲ့တွေဟာ ဘိန်းချက်၊ ဘိန်းရောင်းဝယ်မှုများအပေါ် ချုပ်ကိုင်ထားပါတယ်။ သူတိုရဲ့  လာဘ်လာဘ ထိုးထားမှုကြောင့် ဗျူဟာမှူးမှ ရမခ တိုင်းမှူး အဆက်ဆက် ယခု ထိပ်ပိုင်း စစ်အာဏာရှင်တွေအထိ အဂတိ လိုက်စားကြတာမို့ တိုင်းရင်းသား အဖွဲ့တွေက သူတို့ကို အိတ်ကပ်ထဲ ထည့်ထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ရမခ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမောင်မောင်သိမ်း တယောက် ကိုးကန့်တွေ အပေါ် ပြောဆိုလို့ မပြီးတော့ဘဲ ဘေးကျပ် နံကျပ် ဖြစ်ခဲ့ရပါတယ်။
ဒီဖြစ်စဉ်အရ ရမခ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မောင်မောင်သိမ်း (ယခု ၀န်ကြီး မွေးမြူရေးနှင့်ရေလုပ်ငန်း ၀န်ကြီးဌာန) တွေရဲ့  တပ်တွေဟာ ချင်းရွှေဟော်မှာ ဖုံကြားရှင်တို့ တပ်တွေနဲ့ လမ်းသာခြားပြီး ကပ်နေတဲ့ အနေအထားအတိုင်း ပထမတော့ အေးအေး ဆေးဆေးသာ ရှိနေခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မောင်အေးဟာ နွားကွဲရင် ကျားဆွဲမယ်ဆိုတဲ့ အကြံကြီးစွာနဲ့ ကက (ကြည်း) ကိုအမိန့် ထုတ်ခိုင်းပါတော့တယ်။ အဲဒီနောက် လားရှိုး ရမခမှ (၁၀၅) မမ၊ (၇၆) မမ အမြောက်ကြီးများ တင်ထားတဲ့ ယာဉ်တန်း (၂၀) စီးခန့်ကို ကိုးကန့်နယ်မြေ လုံခြုံရေးအတွက်ဆိုကာ စေလွှတ်ပြီး လောက်ကိုင်ကို ချင်းရွှေဟော်မှတဆင့် ဖြတ်သန်းရန်နဲ့ ဖြတ်ခွင့်မရပါက တားဆီးတဲ့ ကိုးကန့် အဖွဲ့ကို တိုက်ခိုက်ချေမှုန်းရန်ပါ ညွှန်ကြားလိုက်ပါတယ်။
အပစ်ရပ် အဖွဲ့တွေနဲ့ နအဖတို့ ငြိမ်းချမ်းရေး ညှိနှိုင်းထားချက်အရ ချင်းရွှေဟော်မှ သူတို့ နယ်မြေကို ဖြတ်သန်းမယ်ဆိုရင် လက်နက်ဆိုလို့ အပ်တချောင်းမှ မယူရလို့ ပါရှိလေရာ ဒီအတိုင်းဆိုပါက အခြေအနေမှာ တော်တော် တင်းမာနေကြပြီ ဖြစ်ပါတယ်။ ဒီအတိုင်းဆို လက်အောက်ခံတပ်က ကြားနေလို့ မရတော့ဘဲ ကိုးကန့်နယ်မြေဟာ စစ်တလင်း ဖြစ်မယ့် အခြေအနေ ရှိနေပြီ ဖြစ်ပါတယ်။ ကိုးကန့်အဖွဲ့ (၂) ဖွဲ့ကို ညှိနှိုင်းဖို့ စေလွှတ်ထားတဲ့ စစ်မဟာဗျူဟာ လေ့လာရေးဌာနမှ ဒုဗိုလ်မှူးကြီး သန်းအေးနဲ့ ကကလှမ်းမှ ဗိုလ်မှူး အောင်လင်းထွဋ်တို့ကို ကွမ်းလုံ အရာရှိ ရိပ်သာမှာ ညနက်သန်းခေါင် နှိုးပြီး စကခ (၁) တပ်မမှူး ဗိုလ်မှူးချုပ် သီဟသူရတင်အောင်မြင့်ဦး (ယခု အတွင်းရေးမှူး (၁) ) က သူနဲ့ အရေးပေါ် တွေ့ဆုံဖို့ ခေါ်ယူလိုက်ပါတယ်။
စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မောင်မောင်သိမ်းကတော့ ဖုံကြားရှင်တို့ရဲ့  ဘိန်းကရတဲ့ အခွန်အကောက်နဲ့ ပေးကြွေးခွံ့ထားလို့ ကိုးကန့်နယ်မြေ ဖြတ်သန်းခွင့်ကို ပြောဆိုဖို့ မရနိုင်တော့ဘဲ “ချ” တိုက် ရမယ့် အခြေအနေ ရှိနေတာမို့ စေ့စပ်ကူညီပေးရန် တပ်မမှူးက ကကလှမ်း အဖွဲ့အား ပြောရပါတော့တယ်။ ကကလှမ်းအနေနဲ့လည်း ကကကြည်းရဲ့  အကြံ အစည်ကို အကောင်အထည်ဖော်ဖို့ မှာထားတာရှိတဲ့အတွက် ညတွင်းချင်း ကားဖြင့် ကိုသန်းအေးနဲ့ ကိုအောင်လင်းထွဋ် တို့နှစ်ဦး ချင်းရွှေဟော်သို့ ထွက်လာခဲ့ကြပါတယ်။ ဖုံကြားရှင်တို့ကို ကကလှမ်း အဖွဲ့က ယုံကြည်လာအောင် စည်းရုံးသိမ်းသွင်း ခဲ့ပါတယ်။ အဲဒီနောက် တိုင်းရင်းသားတွေဟာ ရိုးသားကြတာမို့ ဖုံကြားရှင်က ကိုသန်းအေးတို့ကို ယုံကြည်လာပြီး ဖုံကြားရှင်က ပြောဆိုရာမှာ “လက်အောက်ခံ ရဲဘော်တွေ အပေါ် အခြားတပ်များ မိမိနယ်မြေသို့ လက်နက်ကိုင်ဆောင် ဖြတ်သန်းခွင့် မပြုရ” ဆိုတဲ့ စည်းကမ်းချက်ကို ဖောက်ဖျက်ပြတာမျိုးနဲ့ ကိုးကန့် လူမျိုးတွေရဲ့ တရားခံ အဖြစ်မခံနိုင် တာကြောင့် ဗိုလ်မှူးကြီးတို့ရဲ့  တပ်ကားပေါ်က အမြောက်တွေကို မိုးကာနဲ့ ဖုံးအုပ် ထားဖို့ သိသာသိ မမြင်စေဖို့ ပြောရင်း သူကိုယ်တိုင် ဂိတ်ကို လိုက်ပို့ကာ သူ့ရဲဘော်တွေကို ဖြတ်သန်းခွင့် အမိန့်ပေးခဲ့ပါတယ်။
အဲဒီမှာ ဗိုလ်မှူးကြီး မောင်မောင်သိမ်းဟာ ကိုးကန့်နဲ့ ထိပ်တိုက်မတွေ့ဘဲ အထက် အမိန့်ကိုလည်း အကောင်အထည် မဖော်နိုင်လို့ မျက်ရည်တွေ ကျလာပြီး ၀မ်းသာလို့လား၊ ၀မ်းနည်းလို့လား ဆိုတာကတော့ သူသာ အသိဆုံးဖြစ်တာမို့ ကိုသန်းအေးနဲ့ ဖုံကြားရှင် တို့ကို ဖက်ကာ ငိုပါတော့တယ်။ သူက ဖုံကြားရှင်တို့ရဲ့  ကျွေးမွေးတာကို မျိုဆို့ထားတာမို့ သူ့ရဲ့  ပါးစပ်က “ဆွံ့အ” နေတာကိုတော့ ဆရာဝန်ထံ ပြရမလို ဖြစ်နေခဲ့ပါတယ်။ အဲဒီလိုနဲ့ စစ်တပ်ယာဉ်တန်းကြီးဟာ လောက်ကိုင်သို့ ရောက်ရှိသွားပြီး အမြောက်လုံခြုံရေး အကြောင်းပြကာ စကခ (၁) မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဌေး ဦးစီး တပ်ရင်း (၃) ရင်းလည်း လိုက်ပါ သွားခဲ့ပါတယ်။ အခုဆိုရင် ကိုးကန့်နယ်မြေကို နအဖက အမြတ်ထုတ် သိမ်းပိုက်လိုက်ပြီး လောက်ကိုင် စစ်ဗျူဟာအဆင့်မှ လောက်ကိုင် (ဒကစ) အဆင့်အထိ တပ်များ တိုးချဲ့ ကာ ခြေကုပ်ယူ အခိုင်အမာ တပ်တွေ တည်ဆောက် နိုင်ခဲ့ပါတော့တယ်။
ဒီသင်ခန်းစာ ရယူပြီး UWSA ဟာ နောက်ပိုင်းမှာ မြန်မာ တပ်တွေကို ယုံကြည်မှု မရှိတော့ဘဲ “၀” ရဲ့  နယ်မြေတွေကို မြန်မာတပ်များအား လုံးဝ အ၀င်မခံတော့တာ တွေ့ရပြီး မြန်မာတပ်တွေ ရွေ့ ပြောင်းတိုင်းလိုလို ပြဿနာ တက်နေတာကို တွေ့ရပါတယ်။ လောက်ကိုင်မှာ မြန်မာတပ် အခိုင်အမာ တပ်စွဲရခြင်းရဲ့  တရားခံဟာ ဖုံကြားရှင် ဖြစ်ပေမယ့် ဖုံကြားရှင်ကို အသုံးချခံ ဘ၀ရောက်အောင် စစ်အာဏာရှင်တွေက စည်းရုံးဖျားယောင်း သိမ်းသွင်းပြီး နိုင်ထက်စီးနင်း လုပ်နေတာတွေ သမိုင်း စာမျက်နှာ တရပ်အနေနဲ့ ဖော်ထုတ်ကာ အပစ်ရပ် တိုင်းရင်းသား အဖွဲ့များ အားလုံး သုံးသပ်နိုင်အောင် တင်ပြလိုက်ရပါတယ်။
ချင်းရွှေဟော်၊ လောက်ကိုင် ကုန်းကြမ်းနယ်မြေတွေမှာ ဖုံကြားရှင် ကိုးကန့်အဖွဲ့၊ ရန်မိုးလျန် ကိုးကန့်အဖွဲ့၊ ကချင်မှ မုန်ဆာလတို့ အဖွဲ့ဆိုပြီး သုံးဖွဲ့ ရှိရာ မုန်ဆာလက ပထမတော့ ကိုးကန့်နှစ်ဖွဲ့လုံးကို လက်မခံခဲ့ပါ။ ရန်မိုးလျန်ဘက်မှ အားကိုးရတဲ့ ကိုးကန့် တပ်မမှူး ပိန်ဆောက်ချိန်က သစ္စာဖောက်ပြီး ဖုံကြားရှင်ဘက် ပြောင်းသွားလို့ နောက်ပိုင်းမှာ ရန်မိုးလျန်တို့ နေလို့မရတော့ဘဲ ဆရာကြီး ဘိန်းဘုရင် လော်စစ်ဟန်က ရန်ကုန်ကို ခေါ်ယူ စောင့်ရှောက်ခဲ့ရပါတယ်။
ဒီဖြစ်စဉ်ကို လေ့လာကြည့်ပါ။ တိုင်းရင်းသားတွေ အချင်းချင်း ရန်ဖြစ်ကြ၊ တိုက်ပွဲ ဖြစ်ကြပြီ ဆိုရင် စစ်အာဏာရှင် တွေဟာ ကြိတ်ပြီး ၀မ်းသာကြပြီး ရတဲ့အခွင့်အရေး နှိုက်ယူကာ နိမ့်ပါးနေတဲ့ တိုင်းရင်းသားတွေအပေါ် နိုင်ထက်စီးနင်း ပြုမူတာကို တွေ့ရပါတယ်။ န၀တဟာ ပထမတော့ စေ့စပ်ဆွေးနွေး ပေးမယ်ဆိုပြီး ပျားရည်နဲ့ ၀မ်းချသလိုနဲ့ သူ့တပ်တွေကို ချော့သွင်းကာ နောက်ပိုင်း ကိုးကန့်တွေက မြန်မာစစ်တပ်ကို ပြန်ဖယ်ခိုင်းပေမယ့် မရတော့တာ တွေ့ရမှာဖြစ်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် နအဖဟာ အခုတော့ ကိုယ့်အတတ်ကိုယ်စူး အရူးမီးဝိုင်းသလို ဖြစ်နေပြီး ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပဖို့တောင် မ၀ံ့မရဲ ဖြစ်နေပြန်ပါတယ်။ နအဖဟာ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ဘယ်လိုပုံစံမျိုးနဲ့ နှမ်းဖြူးကာ ပံ့ပိုးမှု ဆောင်ရွက်ပေးတယ်၊ ရေရှည်မှာ တိုင်းရင်းသားတွေအပေါ် ပံ့ပိုးမှု မပေးနိုင်ပုံ၊ နအဖရဲ့ စုပ်လဲစူး စားလဲရူး ဘ၀၊ UWSA နဲ့ နအဖ အကြား တင်းမာမှု ဖြစ်လာရတဲ့ အကြောင်းရင်းနဲ့ နအဖရဲ့  အကျပ်အတည်း စတာတွေကို ဆက်လက်တင်ပြ သွားပါမယ်။

ဒီအပိုင်းမှာတော့ နအဖဟာ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ်မှာ ကိုယ်ကျိုးအသုံးချဖို့အတွက် ဘယ်လိုပုံစံမျိုးနဲ့ နှမ်းဖြူး ကာ ပံ့ပိုးမှု ဆောင်ရွက်ပေးခဲ့တယ်။ ရေရှည်မှာ နအဖဟာ တိုင်းရင်းသားတွေအပေါ် ပံ့ပိုးမှု မပေးနိုင်ပုံ၊ နအဖက UWSA ကို အသုံးချပုံ စ တာတွေကို တင်ပြပါအုံးမယ်။ နအဖက နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စည်ပင်သာယာရေး ၀န်ကြီးဌာနမ ဖွင့်လှစ်ခင် စစ်ရုံးမှ နတလ G1 ဒု-ဗိုလ်မှူးကြီး သိန်းဟန်ကို တာဝန်ပေးပြီး “နယ်စပ်ဒေသဖွံ့ဖြိုးရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ” အဖြစ် ဗိုလ်သန်းရွှေ ဦးစီးကာ ပထမတော့ နယ်စပ်ဒေသဖွံ့ဖြိုးရေးကို ယောင်ပြစတင်လုပ်ပေးပါတယ်။

နတလ G1 ပြုတ်သွားရာ ယခင်က ရမခတိုင်းမှူး ဗိုလ်မောင်သင့်အား နယ်စပ် စည်ပင်ဝန်ကြီးဌာန ၀န်ကြီးအဖြစ် တာဝန်ပေးကာ သီးခြား ဖွင့်လှစ်ပြီးတဲ့အချိန်မှာ တိုင်းရင်းသားတွေကို ပံ့ပိုးပေးမှု အစီအစဉ်ဟာ တိုးတက်မလာဘဲ ပိုမိုဆုတ်ယုတ်လာခဲ့ပါတယ်။ ဒုတိယတပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မောင်အေးကလည်း တိုင်းမှူးတွေကို အပစ်ရပ် တိုင်းရင်းသားအဖွဲ့ ကိစ္စဆိုရင် အားလုံးသိထားရမယ် ဆိုပြီး စွက်ဖက်ခိုင်းလို့ တပ်တွင်း အာဏာအားပြိုင် လွန်ဆွဲမှု ဖြစ်ပွားလာတာကြောင့် တိုင်းမှူးတွေရဲ့  ကွပ်ကဲမှုအောက်ကို နတလ၀န် ထမ်းတွေ ရောက်ခဲ့ပါတယ်။

နတလ ၀န်ထမ်းတွေဟာ တိုင်းမှူး၊ ၀န်ကြီးနဲ့ ကကလှမ်းတို့အကြား ကြားညှပ်ရတဲ့အဖြစ်မျိုး ရောက်ရှိပြီး နယ်စပ်တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေးဟာ အိပ်မက်ပမာ ဖြစ်ခဲ့ရပါတယ်။ တိုင်းမှူးတွေကလည်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ပါ ဘတ်ဂျက် ငွေများကို အလွဲ သုံးစား လုပ်ခဲ့လို့ တိုင်းရင်းသားအဖွဲ့တွေရဲ့  ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်တွေကို ထိထိရောက်ရောက် မလုပ်ပေးနိုင်တာ တွေ့ရပါ တယ် ။ ဥပမာ ကျောင်းနှင့် ဆေးရုံတို့ဆိုရင် သင်ထောက်ကူပစ္စည်း၊ ဆရာဝန်၊ ဆရာမ၊ ခွဲစိတ်ခန်းနှင့် ခွဲစိတ်ကိရိယာ၊ ကွန်ပျူတာ၊ မီးစက် ဘာဆိုဘာမှ မရှိဘဲ အဆောက်အဦသာ ဟန်ပြရှိတဲ့ အနေအထားဖြစ်နေရပါတယ်။ လုပ်ပိုင်ခွင့်တွေကို တိုင်းမှူးတွေက ချုပ်ကိုင်ထား တာလည်း ပါပါတယ်။

အပစ်ရပ်အဖွဲ့တွေက စစ်သည်အင်အားတွေရဲ့  စားဝတ်နေရေး၊ ရပ်တည်ရေး စတာတွေကို ဖြည့်စွက်ပေးဖို့ တောင်းဆိုပေမယ့် နအဖဟာ ကတိပျက်ခဲ့ပါတယ်။ ဘိန်းလုပ်ငန်း စွန့်လွှတ်ဖို့ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရန် နိုင်ငံတကာက ထောက်ပံ့တာကိုလည်း ထိရောက်အောင် နအဖဟာ အကောင်အထည် ဖော်ပေးခြင်းမရှိခဲ့ပါ။ ဒါကြောင့် တိုင်းရင်းသား အပစ်ရပ်အဖွဲ့တွေဟာ စားဝတ်နေရေးအတွက် ဘိန်းလုပ် ငန်းကို လုပ်ရတာမျိုးရှိပါတယ်။ နအဖကလည်း သူတို့အကျိုးစီးပွားနဲ့ အသုံးချဖို့အတွက် မသိဟန်ဆောင်ထားတာမျိုးလည်း ရှိပါတယ်။

ကိုးကန့်၊ “၀” တို့လိုမျိုး အပစ်ရပ် အဖွဲ့တွေဟာ မပခ၊ ရမခ၊ ရပခ၊ ရတခ၊ တြိဂံတိုင်းတို့မှ တိုင်းမှူးများနဲ့ ထိပ်ပိုင်း စစ်အာဏာရှင် မိသားစု တွေအထိ နည်းမျိုးစုံ ချဉ်းကပ် လာဘ်ထိုးပြီး ဘိန်း ကူးသန်းရောင်းဝယ်ခွင့် ကြိုးစားရယူခဲ့ပါတယ်။ ရတခ ဧရိယာ၊ ရေးမြို့နယ် ပင်လယ် ကမ်းစပ်မှ နိုင်ငံတကာ ရေပြင်ကို ထွက်မယ့် စက်လှေတစီးအား သတင်းရလို့ ရှာဖွေခြင်း မဟုတ်ဘဲ အမှုမဲ့ အမှတ်မဲ့ အကောက်လိုချင်လို့ ရဲက ရှာဖွေမိရာမှ ဒေါ်လာသန်း (၇၀) တန်ဖိုး ရှိတဲ့ ဘိန်းဖြူ ဘလောက်တုံးများ ဖမ်းမိသွားပါတယ်။ အဲဒီ ဘိန်းတွေဟာ ရန်ကုန်၊ မန္တလေး မြန်မာပြည်မလမ်းအတိုင်း ဧရာဝတီမြစ်အတွင်း ရေကြောင်း၊ ကုန်းကြောင်း၊ ဂိတ်တွေကို ပေးကမ်းကာ ဖြတ်ကျော်လာတာ တွေ့ရပါတယ်။ ဘိန်းတွေဘယ်နှကြိမ်ထွက်သွားခဲ့တယ်ဆိုတာကိုတော့စဉ်းစားကြည့်ရင်သိနိုင်ပါတယ်။

ထူးဆန်းတာကတော့ ဒီစက်လှေတွေဟာ ဖမ်းဆီးရမိတဲ့ ထိုင်းစက်လှေတွေဖြစ်ပြီး လေလံတင်တယ်ဆိုပေမယ့် ထိပ်ပိုင်းစစ်အာဏာရှင် ဗိုလ်မောင်အေးရဲ့  သမီးအပါအ၀င် စစ်အာဏာရှင် မိသားစုကသာ ပိုင်ဆိုင်သွားခြင်းဖြစ်လို့ ဒီစက်လှေတွေကို “၀” နဲ့ ကိုးကန့် အဖွဲ့ထံ တန်ဖိုးကြီးကြီးရယူကာ ငှားရမ်းထားတာပဲ ဖြစ်ပါတယ်။ ဘိန်းဖြူ သယ်တာကို သိမသိ ဆိုတာကိုတော့ ပိုင်ရှင်တွေသာ အသိဆုံးဖြစ် ပါတယ်။

ဆက်သွယ်ရေး ၀န်ကြီးဌာနမှာ GSM၊ Hand Phone ဒေါ်လာ သန်း (၁၀၀) ကန်ထရိုက်ကို ဦးနေ၀င်းသမီး ဒေါ်ခင်စန္ဒာဝင်းက ရရှိပေမယ့် ငွေမတတ်နိုင်လို့ (၈၀) ရာခိုင်နှုန်း ရှယ်ယာ ထည့်မယ့် UWSA “၀” ခေါင်းဆောင်တွေနဲ့ ပူးပေါင်းပြီး လုပ်လာပါတယ်။ ဖုန်းဖိုးကို ပြည်သူတွေဆီမှာ တဦးလျှင် ကျပ် (၅) သိန်းစီ ကြိုတင်ကောက်ပြီး တော်တော်နဲ့ မလုပ်ဖြစ်တာရယ်၊ လုပ်ဖြစ်ပြန်တော့လည်း ဈေး ကွက် ကို ချုပ်ကိုင်ချင်တဲ့ ဒေါ်ခင်စန္ဒာဝင်းက လောဘဇောတိုက်လာလို့ ရယ်ကြောင့် “၀” တွေက မကျေနပ်ကြရာမှ ကကလှမ်း ဒု-ညွှန်မှူး ဗိုလ် ကျော်ဝင်းမှတဆင့် ဗိုလ်သန်းရွှေထံ တိုင်တောလို့ ပြဿနာဖြစ်ကာ ၀န်ကြီးဗိုလ်ဝင်းတင်လည်း ပြုတ်သွားခဲ့ပါတယ်။

ဒီနေရာမှာ တိုင်းရင်းသားတွေရဲ ငွေကြေးဆုံးရှုံးနစ်နာမှု ကြီးမားသွားခဲ့ပြီး စစ်အာဏာရှင်တွေ အချင်းချင်း လောဘဇောတိုက်မှုမှာ ကြား ညှပ်ခဲ့ရတဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။ ဒီကိစ္စအတွက် UWSA “၀” ခေါင်းဆောင်တွေဟာ ဗိုလ်သန်းရွှေရဲ့  တပည့်အရင်း ကကလှမ်း ဒု-ညွှန်မှူး ဗိုလ်ကျော်ဝင်းကို ပေးကမ်းစည်းရုံးရတယ်လို့ သိရပါတယ်။

န၀တ တက်ခါစမှာ နိုင်ငံခြားငွေအပါအ၀င် သုံးစွဲငွေ အလုံအလောက် မရှိတာမို့ ဘိန်းစိုက်ပျိုးပြီး ရောင်းဝယ်ခွင့်တွေကို မသိချင်ယောင်ဆောင်ပေးလိုက်သလို အပစ်ရပ်အဖွဲ့ အချို့ရဲ့  တရားမ၀င် ငွေမဲများကို ငွေဖြူအဖြစ် ဖန်တီးပေးကာ ပတ်သက်ရာ ပတ်သက်ကြောင်း ရှိနေခဲ့ပြန်တယ်။

နအဖဟာ စစ်ရေးအင်အားကိုလည်း တိုးချဲ့ ချင်တာကြောင့် သူတို့ရဲ့  နိုင်ငံခြားငွေ နည်းပါးချိန်မှာ တရားမ၀င် ငွေမဲတွေပိုင်ထားတဲ့ အပစ်ရပ်အဖွဲ့တွေနဲ့ လျှို့ ဝှက်စွာ ပူးပေါင်းလှုပ်ရှားလာပါတယ်။

UWSA ခေါင်းဆောင်တဦးဖြစ်တဲ့ ဝေရှောက်ခန်းရဲ့  ဟုန်ပန်း ကုမ္ပဏီကို မိုင်းဆတ်၊ တာချီလိတ်နဲ့ ကျိုင်းတုံ ကားလမ်းမကြီးတွေ ဖောက်လုပ်ရေး ကန်ထရိုက် ပေးလာပါတယ်။ အလားတူ သံမဏိစက်ရုံလိုမျိုး စက်မှုလက်မှုလုပ်ငန်း ကန်ထရိုက်တွေ ပေးလိုက်ပြီး “၀” ခေါင်းဆောင်တွေက ဟုန်ပန်းကုမ္ပဏီ ထောင်ကာ စက်မှုလက်မှု ဟန်ပြလုပ်လာပါတယ်။

အဲဒီလုပ်ငန်းတွေနဲ့ ရေနက်ကွင်း စီမံကိန်းလိုမျိုး စီမံကိန်းတွေ အကြောင်းပြပြီး ဂျပန်နိုင်ငံလိုမျိုး နိုင်ငံတကာမှာ ရှိနေတဲ့ သူတို့ရဲ့  မူးယစ်ဆေးဝါး ရောင်းရတဲ့ငွေမဲများကို ငွေဖြူဖြစ်အောင် ဖန်တီးကာ ပြည်ပမှ ဘူဒိုဇာ ထွန်စက်တွေ၊ စက်ပစ္စည်းတွေ တင်သွင်းလာသလို တောင်ကိုရီးယားနှင့် ဒေ၀ူးကုမ္ပဏီမှ စီမံကိန်းပစ္စည်းတွေနဲ့ ရောပြီး စစ်တပ်အတွက် လက်နက်ခဲယမ်းပစ္စည်းများ ရောသွင်းလာလို့ တောင်ကိုရီးယားအစိုးရနဲ့ လွှတ်တော်မှာ ပြဿနာတက်ခဲ့ရပါသေးတယ်။

စစ်အာဏာရှင်တွေဟာ စစ်တပ်သုံး ရဟတ်ယာဉ်ကဲ့သို့ အပိုပစ္စည်းများ တင်သွင်းဖို့ နိုင်ငံခြားငွေ ခက်ခဲချိန်မှာ “၀” တွေဆီက ပိုက်ဆံတောင်းစားတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။

ခေတ်ပြိုင်ဝက်ဆိုဒ်မှာ ဖော်ပြချက်အရ ၂၀၀၈ ခုနှစ် ဇွန်လမှာ အမေရိကန် ကွန်ဂရက်သို့ နိုင်ငံခြားရေးရာ ကာကွယ်ရေးနဲ့ ကုန်သွယ်ရေးဌာနခွဲမှ တင်သွင်းတဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးရောင်းရငွေ တန်ဖိုးမှာ ၁၉၉၀ ပြည့်နှစ်ကတည်းကပင် အမေရိကန် ဒေါ်လာသန်း (၉၀၀) ကျော်ရှိခဲ့ပြီး ယနေ့မှာတော့ ဒေါ်လာသန်း (၂,၀၀၀) ကျော်ရှိကြောင်း သိရပါတယ်။ UWSA အနေနဲ့ ဘိန်းဖြူတခုတည်း ရောင်းရငွေ တန်ဖိုးမှာ ၂၀၀၂ ခုနှစ်က အမေရိကန် ဒေါ်လာသန်း (၃၀၀) ခန့် ရှိတယ်လို့ သိရပါတယ်။

စီးပွားရေး လုပ်ငန်းတွေအတွက် သုံးစွဲတဲ့ ငွေကြေးအများစုဟာ ဝေရှောက်ခန်း၊ ပေါက်ယူချမ်းတို့ရဲ့ ကိုယ်ပိုင်ငွေ ကြေးသာဖြစ်ပြီး “၀” အဖွဲ့အစည်းပိုင် ငွေကြေးမဟုတ်တာ တွေ့ရပါတယ်။

UWSA “၀” ခေါင်းဆောင်တွေရဲ့  စီးပွားရေးလုပ်ငန်းတွေဟာ ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းတို့အပြင် သိမ်ကြီးဈေး အပေါ်ထပ်က နိုက်ကလပ်၊ အနှိပ်ခန်းတွေကအစ အနှံ့အပြား မြှုပ်နှံထား ရှိတာမို့ နအဖက သူတို့ကို ခြိမ်းခြောက် နိုင်တဲ့ အခြေအနေရှိပါတယ်။

“၀” ခေါင်းဆောင်တွေဟာ သေနတ်ကိုင်ပြီး မန္တလေးမြို့ တော်အထိ သွားလာခဲ့တဲ့ အကြိမ်များမှာ တိုင်းမှူးတွေနဲ့ ပြဿနာတက်ခဲ့ပြီး ဝေရှောက်ခန်းကို စိန်ဝင်း နာမည်နဲ့ မှတ်ပုံတင် နိုင်ငံသားကတ်တခု ကကလှမ်းက လုပ်ပေးရတဲ့အထိ ခြေလှမ်းကြဲခဲ့ပါတယ်။

ရန်ကုန် UWSA ကိုယ်စားလှယ် ကျော်စိန်ဆိုသူဟာလည်း ၀န်ကြီးတွေ ပါးစပ်ဟရင် ခွံ့ပေးရသူ ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာက သတင်းပေးလာတော့မှ ဇန်န၀ါရီလ (၂၅) ရက်နေ့မှာ ရန်ကုန် အေရှားဝေါပိုင် ဆိပ်ကမ်းမှာ ဘိန်းဖြူကီလိုဂရမ်များစွာကို ရန်ကုန် စင်ကာပူသွား “KOTA TEGET” ကုန်တင် သင်္ဘောထွက်မယ့်ဆဲဆဲ မူးယစ်ဗဟိုက ဖမ်းမိသွားခဲ့ပါတယ်။

သတင်းကွင်းဆက် ဖော်ထုတ်ချက်အရ လှိုင်သာယာ FMI အိမ်ရာမှာ လိုက်လံရှာဖွေခဲ့ရာက ဘိန်းဖြူ ကီလိုဂရမ်ပေါင်း မြောက်မြားစွာကို ထပ်မံဖမ်းဆီးရခဲ့ပြန်ပါတယ်။ အဲဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး ကျော်စိန်ကို ဖမ်းထားပေမယ့် အိုက်ဟော့ကတော့ UWSA ဧရိယာအတွင်း ရှောင်တိမ်းပုန်းခိုနေကြောင်း သိရပါတယ်။

စားတုန်းက ပေါင်းစားပြီး ပေါ်တော့မှ အရေးယူဖမ်းဆီးလို့ “၀” တွေဟာ နအဖနဲ့ မကျေမလည် တင်းမာမှု ဖြစ်နေပါတယ်။ ပေါက်ယူချမ်းရဲ့ သမီးနဲ့ မရခင် ၁၉၉၃ ခုနှစ်ကတည်းက အိုက်ဟော့ဟာ မောင်းမောကုမ္ပဏီ၊ Tetkham ကုမ္ပဏီ၊ BME ကလပ်၊ ရန်ကုန်အဲယားဝေး လေကြောင်းနဲ့ ကျောက်မျက်၊ ဟိုတယ်၊ ဆောက်လုပ်ရေး လုပ်ငန်းများပိုင်ဆိုင်မှု အကြောင်းပြကာ မူးယစ်ဆေးဝါး အကြီးအကျယ်လုပ်ကိုင်ခဲ့ပြီး ရမခတိုင်းမှူး အဆက်ဆက် ဘိန်းအကောက်ပေးကာ လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။

နအဖက “၀” တွေကို လက်နက်ကိုင် စွန့်လွှတ်ဖို့ ဖိအားပေးနေခြင်းအား “၀” တို့ အနေနဲ့ မလိုက်လျောခဲ့ရင် မူးယစ်ဆေးဝါး အကြောင်းပြကာ “၀” ကို မုန်းတီးနေတဲ့ ဗိုလ်မောင်အေးက “ချ” ဖို့ ဟန်ရေးတပြင်ပြင် စစ်ပြင်လျက် ရှိနေပါတော့တယ်။

ဒါပေမယ့် နအဖဟာ ပိုက်ဆံမရှိလို့ “၀” တွေက တိတ်တိတ်ပုန်း ငွေမဲတွေနဲ့ ပိုက်ဆံ ချေးပေးလိုက်ရပြီး လက်နက်တွေ ခိုးသွင်းရတဲ့ ကိစ္စရယ်၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး စစ်အာဏာရှင်တွေကိုယ်တိုင်တနည်းတဖုံ ပါဝင်ပတ်သက်နေတာရယ်ကို “၀” တွေက ဖော်ထုတ်လိုက်ရင်လည်း နိုင်ငံတကာ မျက်နှာစာမှာ အရှက်တကွဲ အကျိုးနည်းဖြစ်သွားမှာကို နအဖ အနေနဲ့ စိုးရိမ်ပူပန်နေရပါတယ်။ ဒါ့ကြောင့် နအဖအနေနဲ့ အခုချိန်မှာ စုပ်လဲစူး စားလဲရူး ဘ၀မျိုးကို ရင်ဆိုင်နေရပါတယ်။

ဒါဟာ ကိုယ်ကျိုးစီးပွားအတွက်သာ ရည်ရွယ်ပြီး အာဏာရှင်စနစ်ကို မှားယွင်းစွာ တည်ဆောက်တဲ့အတွက် နအဖအနေနဲ့ အကျပ်အတည်း တွေ့နေရခြင်း ဖြစ်ပါတယ်။ နယ်စပ်ဒေသ တိုးတက်ဖွံ့ဖြိုးရေးနဲ့ စားဝတ်နေရေး ချောင်လည်ရေးတို့အတွက် လက်ရှိ ကျင့်သုံးနေတဲ့ မူဝါဒကို နအဖဟာ မလွှဲမသွေ ပြောင်းလဲဖို့လိုပါတယ်။

၂၀၀၄- ၂၀၀၅ အမျိုးသားညီလာခံ ကျင်းပခဲ့စဉ် တိုင်းရင်းသားအဖွဲ့တွေ တင်ပြခဲ့တဲ့ တိုင်းရင်းသားအခွင့်အရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စတာတွေကို နအဖက အထိုက်အလျောက် မလိုက်လျောသရွေ့  ၂၀၁၀ ရွေးကောက်ပွဲဟာ တိုင်းရင်းသားတွေအတွက် ကံကြမ္မာငင်မယ့် ရွေးကောက်ပွဲသာ ဖြစ်ပါကြောင်းနဲ့ တိုင်းရင်းသား ပြည်သူလူထု တရပ်လုံး နအဖရဲ့  ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်ဖို့လိုကြောင်း တင်ပြလိုက်ရပါတယ်။

နောက်အပိုင်းမှာတော့ UWSA “၀” တွေကို နအဖက နိုင်ထက်စီးနင်းလုပ်ခဲ့ပုံ၊ နအဖဟာ UWSA နဲ့ MTA ဘိန်းဘုရင် ခွန်ဆာတို့အပေါ် နိုင်ငံရေးအမြတ်ထုတ် လှည့်စားအသုံးချသွားပုံတွေကို ဆက်လက်တင်ပြသွားပါအုံးမယ်။