မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
(စောထစခန်း)
ဤနေ့အခါသာမယသည် (တပ်ရင်း ၂၁ဝ၊ ၂၁၄ စောထစခန်း) ရှိရဲဘော်များအားလုံးအတွက်နှစ်
ကျနော်တို့အတွင်း အမြင်သဘောထား ကွဲလွဲမှုများစွာ ရှိခဲ့သည်၊ ရှိနေသည်၊ ရှိနေမြဲ ဖြစ်သည်။ မည်သို့ဆိုစေ တစ်မိုးအောက်၊ တစ်ခရီး တည်း သွားကြသူများဖြစ်သည်။ မလွတ်မြောက်သေးသော နိုင်ငံတော်အတွက် ကျရာနေရာက တာဝန်ထမ်းဆောင်သောသူများအဖြစ် အနှစ် (၂ဝ) ကျော်လာသည့်တိုင် ရင်ထဲမှာ ခိုင်မြဲစွာတည်ရှိနေ၏။ ကျနော်တို့ ပိုရင့်ကျက် သဘောထားကြီးရမည်။ ညီညွတ်ရမည်။ ပေးဆပ်အနစ်နာခံခဲ့သော အာဇာနည်အပေါင်း၏ ကျေးဇူးတန်ဖိုးကို လေးစားပေးရမည်။ တိုက်ပွဲအရှိန် မြှင့်ရမည်။ သမိုင်းအမွေကို ဂုဏ်သိက္ခာရှိစွာ လက်ပြောင်းလွှဲအပ်ရမည်။ တိုတောင်းလွန်းသည့် ဘဝတို့၏ မနက်ဖြန်ကို ကောင်းခြင်းမင်္ဂလာနှင့် ပြည်စုံစေချင်သည်။
ကျနော်တို့ သမိုင်းတစ်လျှောက်လုံးတွင်လည်း အကြောက်တရား၊ ရက်စက်ယုတ်မာမှုများ၊ ခြိမ်းခြောက်လိမ်ညာမှုများ၊ အကျဉ်းချ သတ် ဖြတ်မှုများ၊ ငတ်မွတ်ဆင်းရဲမှုများဖြင့် သားစဉ်မြေးဆက် လူ့ဂုဏ်သိက္ခာရှိရှိ ရှင်သန်နေထိုင်ခွင့် ပြည့်ဝစွာနေခွင့်မရခဲ့ပါ။ ထို့အတွက် နည်းလမ်းမျိုးစုံ ဖြင့် တော်လှန်တိုက်ပွဲဝင်ခဲ့ကြပြီး မလွတ်မြောက်သရွေ့ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်
စောထစခန်းရဲ့သုဿန်တစပြင်တွင် ကျနော်တို့၏ မျက်ရည်၊ သွေး၊ ချွေး၊ ရဲဘော်သူငယ်ချင်းဝိဥာဉ်တိုဖြင်
ကျနော်တို့သည် ဒီမိုကရေစီရေးတိုက်ပွဲတွင် ကျဆုံးပျောက်ကွယ်သွားကြသော အာဇာနည်သူရဲကောင်း ရဲဘော်/ရဲမေများ၏ ကျေးဇူး ဂုဏ်သိက္ခာကို လေးစားစွာဦးညွတ် အလေးပြုပါ၏။ ထိုအာဇာနည်များ၏ လွှင့်ထူခဲ့သောအလံကို မျိုးဆက်သစ်များနှင့်အတူ မြဲမြဲဆုပ်ကိုင်ရင်း အမြင့် ဆုံးထိ လွှင့်ထူတိုက်ပွဲဝင်သွားမည်ဖြစ်
- ရှစ်ဆယ့်ရှစ် ဝိဥာဉ်များ ၏သစ္စာကိုစောင့်သိလျှက်
- ဒီမိုကရေစီအရေးတော်ပုံ အောင်ရမည်။
နိုင်ငံတကာရောက် တပ်ရင်း ၂၁ဝ၊၂၁၄
(စောထစခန်း) ရဲဘော်/ရဲမေ များ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး
ဆက်သွယ်ရန်- ဒေါင်းနီ (၃၃ဝ) ၈၆၁ ၈၈၈၃
မောင်မောင်ဇင် (၅၁ဝ) ၆၈၄ ၅၃၇၁
1 comment:
ဖတ်ရတာ မင်္ဂလာပါပဲဗျာ..
Post a Comment