Wednesday, January 26, 2011

အင်ဒိုနီးရှားဖြစ်စဉ်နှင့်လူထုအခြေပြု လူမှုအဖွဲ့အစည်းဆိုရာဝယ်။

အင်ဒိုနီးရှားဖြစ်စဉ်နှင့်လူထုအခြေပြု လူမှုအဖွဲ့အစည်းဆိုရာဝယ်။
(၁)
သမိုင်းကိုလေ့လာကြည့်လျှင်(သို့မဟုတ်)လူ့အဖွဲ့အစည်းတွေမှာ-(က)အစိုးရ၊(ခ)အရင်းရှင်(Market)၊လူထု-စသည်တို့ရှိကြပါတယ်။ဘုရင်တွေအုပ်စိုးစဉ်က-ဘုရင်တွေလက်ထက်မှာနယ်ချဲလာသူအများစုကတော့-အရင်းရှင်တွေပဲဖြစ်တယ်။ဥပမာ-ဗြိတိသျှတွေဟာ-ပထမဦးဆုံးအနေနဲ့အိန္ဒိယနိုင်ငံမှာအခြေစိုက်တယ်။ ၀င်ငွေကောင်းလာတဲ့အခါဘုရင်မထံချဉ်းကပ်ပြီးဈေးကွက်ကို၎င်းတို့ကပဲControလုပ်သည့်သာဓကရှိခဲ့သည်။
(၂)
၁၉၄၈-ခုနှစ်ကအင်ဒိုနီးရှားနိုင်ငံမှာဒတ်ခ်ျလူမျို(နယ်သာလန်)တွေကြီးစိုးခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံကိုဘုရင်
ကအုပ်ချုပ်ခဲ့တာမဟုတ်ဘူး။ကုမ္မဏီတွေကအုပ်ချုပ်သွား ခဲ့တယ်။အစိုးရနဲ့ဈေးကွက်ကြားမှာ-အချင်းချင်း ဆက်ဆံရေးတွေရှိခဲ့တယ်။သမိုင်းကိုကြည်လျှင်နိုင်ငံရေး+အာဏာ+ဈေးကွက်စသည့်တိုကိုယူထားတာသတိ
ချပ်သင့်ပါတယ်။လူထုဟာအစိုးရရဲ့ထိန်းချုပ်မှုအောက်မိမိကိုယ်မိမိလုံခြုံတယ်ထင်လို့ပဲဖြစ်တယ်။လူထုဟာ
အစိုးရတွေကိုပဲယုံကြည်လေ့ရှိကြတယ်။လူ့အဖွဲ့အစည်းကိုControလုပ်တဲ့နေရာမှာအစိုးရကအဓိကကျနေ
တယ်မဟုတ်ပါလား။အစိုးရတွေဟာလူမှုကိစ္စမှာသူတို့အာဏာရှိသလို၊အရင်းရှင်(Market)တွေလည်းအစိုးရကို
Controလုပ်ချင်ကြပါတယ်။ငွေကြေးအာဏာ(money Power)နှင့်Contro လုပ်ခိုင်းတတ်ကြပါတယ်။
(၃)
ဒီမိုကရေစီနိုင်ငံမှာအာဏာသည်လူထုဆီကသွားရမည်။ဒါကြောင့်လူထုကိုအခြေခံပြီးလူမှုအဖွဲ့အစည်းတွေကို
ဖွဲ့စည်းထားရမည်ဖြစ်သည်။လူမှုအဖွဲ့အစည်းတွေဟာအများသောအားဖြင့်ဒီမိုကရက်တစ်နိုင်ငံတွေမှာပဲရှိ
တယ်။ဒီမိုကရေစီရဲ့သင်္ကေတတခုဟာCivilSocietyလို့(လူထုအခြေ့ပုလူမှုအဖွဲ့အစည်းလို့ပဲသတ်မှတ်ထားကြတယ်။
ဥပမာ-တောင်သူလယ်သမား၊ကျောင်းသား၊အလုပ်သမားစတဲ့လွတ်လပ်တဲ့အဖွဲ့အစည်းတွေလိုအပ်လှပါတယ်။
တတ်သိပညာရှင်တွေကဖော်ထုတ်နိုင်မှသာ ဒီမိုကရေစီနိုင်ငံတနိုင်ငံပီသမှာဖြစ်ပါတယ်။
(1)Organization Group.
(2)Asosiation Group.
(3)Net Work.
(4)Profectional Group.
(5)Lawer councial group.
စတဲ့အဖွဲ့အစည်းတွေဖြစ်တယ်။အဲဒီမှာFront, NGO,-စတဲ့အဖွဲ့အစည်းတွေဟာ Civil Society အဖွဲ့တွေမှာ ပါဝင်ပါတယ်။ဒီမိုကရေစီစနစ်အောက်မှာ-ရပိုင်ခွင့် အခွင့်အရေးအမျိုးမျိုးဟာတန်းတူရည်တူဖြစ်လာမှက ဒီမိုကရေစီစနစ်ဖြစ်ပါတယ်။နိုင်ငံရေးပါတီတွေကိုCivilsocietyလိုခေါ်၍မရပါ။အဘယ့်ကြောင့်ဆိုသော်၎င်းတို့
သည် အာဏာကိုရယူဘို့အတွက်ဖွဲ့စည်းထားသည့်အဖွဲ့အစည်းတွေဖြစ်တာကြောင့် Civil Society လို့ခေါ်၍ မရပါ။
(၄)
ဥပမာ(၁)ခုအနေနှင့်အင်ဒိုနီးရှားနိုင်ငံရဲ့အတွေ့အကြုံကိုအကျဉ်းချုံးတင်ပြချင်ပါတယ်။အင်ဒိုနီးရှားနိုင်ငံရဲ့နိုင်ငံ
ရေးဖြစ်စဉ်တွေဟာအများသောအားဖြင့်မြန်မာ့နိုင်ငံရေးနဲ့တိုက်ဆိုင်တာတွေ့ရပါတယ်။အင်ဒိုနီးရှားနိုင်ငံရဲ့
ဘိုးဘေးတွေဟာမြန်မာပြည်ဘက်က လွန်ခဲ့တဲ့နှစ်ပေါင်း(၁၀၀၀)ခန့်ကပြောင်းရွှေ့လာခဲ့ကြတယ်လို့ ခန့်မှန်း ရပါတယ်။အဲဒီနိုင်ငံမှာအဓိကလူမျိုးဟာ-မလေးလူမျိုးတွေဖြစ်တယ်။သူတို့ဟာ-မြန်မာပြည်မြောက်ပိုင်း ဒေသ ကထွက်လာတာဖြစ်ပါတယ်။ပညာရေးဘက်မှာဆိုလည်းမူလတန်းကျောင်းတွေမှာ-အင်ဒိုနီးရှားသမိုင်း ဘာသာရပ်ကိုသင်ကြားကြတာ တွေ့ရပါတယ်။အထူးသဖြင့်အင်ဒိုနီးရှားလူမျိုးတွေရဲ့ရုပ်လက္ခဏာဟာ-မြန်မာတွေနဲ့ဆင်တူးပါတယ်။(လူမျိုးတူမှု)။
အင်ဒိုနီးရှားနိုင်ငံမှာလူမျိုးစု(၂)စုရှိပါတယ်။(၁)။Detro-မလေး၊(၂)Proto-မလေးတို့ဖြစ်ပါတယ်။လူဦးရေသန်း (၂၀၀)ကျော်ရှိပါတယ်။ကမ္ဘာမှာစတုထ္ထလူဦးရေအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။လူသီးရေအများဆုံးလူမျိုးကတော့-ဒက်ထရိုမလေးတွေပဲဖြစ်တယ်။လူတွေကိုခွဲခြားလျှင်-လူမျိုးစုပေါင်း(၈၄၀)ရှိတယ်။ ဗမာပြည်လိုပဲလူမျိုးစုတွေ များလှပါတယ်။အဲဒီလိုကွဲပြားတဲ့လူမျိုးတွေကိုအမျိုးသား အနေနဲ့စည်းရုံဘို့အတော်လေး အခက်အခဲရှိတာ တွေရပါတယ်။အင်ဒိုနီးရှားနိုင်ငံမှာဒတ်ခ်ျတွေကနှစ်ပေါင်း(၃၄၀)စိုးမိုးအုပ်ချုပ်ခဲ့ပါတယ်။ဒါ့အပြင်ဂျပန်
လက်အောက်မှာလည်းကျရောက်ခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံဟာ-၁၉၄၅ခုနှစ်မှာ-လွတ်လပ်ရေးရပါတယ်။ လွတ်လပ်ရေးရဘို့ကာလရှည်ကြာစွာတိုက်ပွဲဝင်ခဲ့ကြရပါတယ်။၁၉၀၈ခုနှစ်မှာ-အမျိုးသားတော်လှန်ရေး စခဲ့ပါတယ်။ ဒတ်ခ်ျနဲ့ဂျပန်ကို-နိုင်ငံရေးအရ၊လက်နက်ကိုင်တော်လှန်ရေး အရပါတော်လှန်ဆင်နွှဲ ခဲ့ပါ တယ် ။ ၁၉၃၀-၁၉၄၄ခုနှစ်အတွင်းတွေကလွတ်လပ်ရေးတိုက်ပွဲဝင် နေချိန်ကာလတွေမှာမြန်မာနဲ့နီးကပ်တဲ့ ဆက်ဆံ မှုတွေရှိခဲ့ပါတယ်။
ဥပမာ-ဂျပန်လက်ထက်သေမင်းတမန်လမ်းဖောက်လုပ်တဲ့နေရာမှာ-အင်ဒိုနီးရှားနိုင်ငံကလူမျိုးတွေ ပါဝင်ခဲ့ ပါ တယ်။အဲဒီမှာထောင်နှင့်ချီပြီးအသက်ဆုံး၇ှုံးမှုတွေရှိခဲ့ပါ တယ်။၁၉၄၅-မှာလွတ်လပ်ရေးရရှိပြီး ၁၉၄၈ခုနှစ် လွတ်လပ်ရေးရခါစမှာအင်ဒိုနီးရှားအင်ဒိုနီးရှားနိုင်ငံဟာစီးပွားရေကြပ်တည်းမှု၇ှိခဲ့ပါတယ်။၁၉၄၇-ခုနှစ်မှာ မြန်မာနိုင်ငံမှ ပထမဦးဆုံးဆန်တန်ချိန်ပေါင်း(၁၀၀၀)ကူညိခဲ့ပါတယ်။ဒါဟာကမ္ဘာမှာ ပထမဦးဆုံးကူညီမှုကို မြန်မာနိုင်ငံမှရရှိခဲ့ပါတယ်။အိဂျစ်နဲ့မြန်မာဟာအင်ဒိုနီးရျားကိုပထမဥိးဆုံး ကူညီမှုဖြစ်တယ်လို့အသိအမှတ် ပြုခဲ့ကြပါတယ်။လွတ်လပ်ရေးရပြီးနောက်ပိုင်းအင်ဒိုနီးရှားနဲ့မြန်မာ့နိုင်ငံရေးအရတူညိမှုတွေများစွာရှိခဲ့ပါတယ်။
၁၉၄၅-၁၉၅၀၀န်းကျင်အထိပထမဥိးဆုံးသောဒိမိုကရေစီအစိုးရရှိခဲ့ပါတယ်။ထိုအချိန်ကလစ်ဘရယ်ဒီမိုကရက်
တစ်ပါတီ၊၁၉၆၅နှင့်၁၉၈၈ခုကြားမှာ-ကျောင်းသားလှုပ်ရှားမှုအတော်အားကောင်းလာခဲ့တယ်။ ၁၉၇၄ခုနှစ်မှာ ကျောင်းသားတွေစည်းရုံးမှုရှိလာခဲ့တယ်။ကျောင်းသားတွေရဲ့နိုင်ငံရေးတောင်းဆိုမှုတွေကို အင်ဒိုနိးရှား စစ် တပ်ကနှိမ်နှင်းခဲ့ကြတယ်။ဒါပေမယ့်ကျောင်းသားလှုပ်ရှားမှုတွေကရပ်မသွားပဲဆက်လက်ပြီးမြေအောက်လှုပ်ရှားမှုတွေရှိခဲ့တယ်။၁၉၇၈ခုနှစ်မှာ-ကျောင်းသားလှုပ်ရှားမှုကြီးကဆူဟာတိုကိုနှုတ်ထွက်ပေးဘို့တောင်းဆိုတိုက်ပွဲဝင်မှုတွေလုပ်ခြ့ကြပါတယ်။စစ်တပ်ကအဲဒိလိုတောင်းဆိုမှုကိုနှိမ်နှင်းကွပ်မျက်ခဲ့ကြတယ်။ ရာပေါင်းများစွာကျောင်းသား၊လူထုတေါအသတ်ခ့ခဲ့ရပါတယ်။ရာပေါင်းများစွာအချုပ်ခန်းတွေထဲ၊အကျဉ်းထောင်တွေထဲထည့်သွင်းခြင်းခံခဲ့ကြတယ်။ ကျောင်းသားလှုပ်ရှားမှု(၂)ကြိမ်တိတိအရေးနိမ့်သွားခဲ့တယ်။နောက်ပိုင်းမှာကျောင်းသားတွေဟာလှုပ်ရှားမှုတွေကိုနည်းဗျူဟာအရပြောင်းလာခဲ့ကြပါတယ်။ နောက်ဆိုလျှင်ကျောင်းသားတွေသက်သက်မပါသင့်ဘူး။အခြားလူတန်းစားတွေပါလာအောင်လုပ်ဆောင်လာခဲ့ကြတယ်။၁၉၇၄-မှာယူဂျီစည်းရုံးမှုလုပ်ခဲ့တယ်။ အလုပ်သမားလယ်သမားတွေက သူတို့ဗျူဟာတွေကိုစပြီးလုပ်လာခဲ့ကြတယ်။၁၉၈၄-ခုနျစ်အင်ဒိုနီးရှားမှာတတိယအကြိမ်မြောက်လူထုအုံကြွမှုကြီးဖြစ်ပွားခဲ့ပါတယ်။ အဲဒီမှာလယ်သမား၊အလုပ်သမားလူတန်းစားတွေ၊အခြားအတန်းစားတွေအားလုံးပါဝင်လာခဲ့ကြတယ်။ဒီတကြိမ်မှာလည်းအရေးနိမ့်သွားခဲ့တယ်။ရာထောင်ချီပြီး
သေဆုံးခဲ့ရတယ်။
၁၉၈၈-ခုနှစ်မှာလှုပ်ရှားမှုအသစ်ဖြစ်ပေးလာခဲ့တယ်။အဲဒါကအစိုး၇မဟုတ်တဲ့အဖွဲ့အစည်းများရဲ့အရေးတော်ပုံကြီးဖြစ်တယ်။NGOဆိုတာလူ့အလွှာအသီးသီးကဖွဲ့စည်းထားတဲ့
NGO-ဆိုတာသိထားဘို့လိုပါတယ်။အဲဒိမှာလူ့အခွင့်အ ရေးတွေပါဝင်လာခဲ့ပါတယ်။အင်ဒိုနီးရှားမှာရှိတဲ့NGOအများစုဟာ နိုင်ငံတကာအဖွဲ့အစည်းကလူတွေနဲ့ပါဝင်ဖွဲ့ စည်းထားတာတွေ့ရပါတယ်။လူ့အခွင့်အရေးကိစ္စ၊သဘာဝပါတ်ဝန်းကျင်ထိမ်းသိမ်းရေးကိစ္စ၊အမျိုးသမီးကိစ္စ၊အကြွေးအများဆုံးနိုင်ငံစသည်တို့ပါဝင်တယ်။
အင်ဒိုနီး၇ှားနိုင်ငံတိုးတက်သွားတာဟာနိုင်ငံခြားရဲ့အကူအညီကြောင့်တိုးတက်သွားတယ်လို့ဆို၍ရမည်။သို့သော်အဲဒီနိုင်ငံမှာဆင်းရဲ၊ချမ်းသာကွာဟမှု
ပိုမိုများပြားလာတာတွေ့ရပါတယ်။၁၉၇၂မှာဆင်းရဲချမ်းသာကွာဟမှုအပါအ၀င် အချက်(၅)ချက်ပေါင်းကူးသွားခဲ့ကြပါတယ်။အင်ဒိုနီးရှားနိုင်ငံ၁၉၈၈ခုနှစ်နောက်ပိုင်း
အရေးတော်ပုံအခြေခံဟာCivilSocietyဖြစ်ပါတယ်။၁၉၉၆ခုနှစ်အရေးတော်ပုံပြန်လည်ပေါက်ကွဲလာပြန်ပါတယ်။ဂျကာတာလမ်းမကြီးမှာကျောင်းသားတွေဟာလမ်းမကြီး
ပေါ်ထွက်ပြီးဆန္ဒပြခဲ့ကြတယ်။ လူထုလည်းပါဝင်ခဲ့ကြတယ်။အရေးတော်ပုံဟာအထွဠ်ထိပ်ကိုရောက်ရှိခဲ့တယ်။အဲဒီမှာအလွှာအသီးသီးကNGOတွေစုပြီး ဆန္ဒပြခဲ့ကြတယ်။လူဦးရေ(၅)သောင်းနီးပါး(၁၀)ရက်တိတိပါလီမန်အဆောက်အဥိကိုထိမ်းထားနိုင်ခဲ့ကြတယ်။အဲဒီအရေးတော်ပုံကတော့ဆူဟာတိုရဲ့ နောက်ဆုံးနေ့တွေပဲဖြစ်ပါတယ်။
အာဏာရှင်စနစ်ကနေဒိမိုကရေစီစနစ်ကိုပြောင်းလဲစေအောင်အဓိကတွန်းအားအဖြစ်လုပ်ဆောင်ခဲ့ကြတာကတော့Civil Society တွေဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံရဲ့ နောက်ထပ်သမ္မတဖြစ်လာတဲ့သူကတော့-NGO(အစိုးရမဟုတ်တဲ့အဖွဲ့အစည်း)ကဖြစ်ပါတယ်။ဒါ့အပြင်အင်ဒိုနီးရှားမှာအစိုးရကထိမ်းချုပ်မှုမရှိတဲ့သတင်းစာ ထောင်ပေါင်းများစွာရှိပါတယ်။သမ္မတကိုလွတ်လပ်စွာဝေဘန်ခွင့်ရှိတယ်။လွတ်လပ်တဲ့တရားစီရင်ခွင့်ရှိတယ်။ပါလီမန်ဥက္ကဌကိုတရားစွဲနိုင်တယ်။ဝန်ကြီးချုပ်ကိုလည်း တရားရုံးကိုတင်ပြီးစစ်ဆေးနိုင်ပါကြောင်းတင်ပြအပ်ပါတယ်ခင်ဗျား။

ကျည်ဝေဖြိုး

No comments: