Friday, September 30, 2011

                                                          တကိုယ်တော်အညတြရသူရဲကောင်း။

မြစ်မင်းဧရာရင်ခွင်လွှာက သန္ခေခမွေးဖွား
ကျွန်းညိုဒေါနပုခုံးကျော်တလျှောက် 
ကျည်ပေါက် မိုးလျှံကြား ရင်ကော့ခဲ့သူ ။

ရေဆန်သောင်းရင်း သွေးစီးမှာ မာန်တင်း
ရေရိုင်းသံလွင် နှလုံးနံရံကမ်းပါးမှာ
ပန်းပဲသံ မြိုင်ဖြိုင်ဝေသျှံ ရံပုံငွေချွေးရင်းရှာပေးသူ ။

ပွဲတိုင်းကျော် တိုက်တိုင်းပါ
အမောအလွမ်းကို အပျော်အပြုံးဖွဲ့ 
သောကဒေါသတွေကို ယစ်မူးမျို ခဝါချ
သွေးသောက်ရောင်းရင်း ဖော်တသင်းနဲ့ အတူ
အလံမလဲ အာခံရဲတဲ့ တော်လှန်ဒေါင်းစစ်သည်တော်။

အညတြရ ရဲဘော် စောထာသူရဲကောင်း
မြို့ ပြ နေ့ ညအပေါင်း ကဲ့ရဲ့ ခါးသီးမှုဒဏ်
ကြံ့ ကြံ့ ခံ ဥပက္ခာပြု ချီတက်
ဦးတည်ချက် ( ၄ ) ရပ်ဘက် မမှိတ်မသုန်ရပ်
ရန်ငါစည်း ရဲရဲတင်းတင်းပြတ်လာခဲ့သူ - သူ။

ခုတော့ ရုတ်တစ်ရက် ကြွေလွင့် ခွဲခွာ သွားရရှာလေပေါ့ ။
ညီငယ် ရဲဘော်ရဲဘက် ဒေါဂျက် ( တောကြက် )

အဝေးနယ်မြေခြား မိဘ ညီဖွား ကိုယ်စား
စို့ နင့်ကြေကွဲစွာ နှုတ်ဆက်ပြန်တန်းဝေ။


ကျန်နေတဲ့ ယုံကြည်ချက် ခရီးရှည်ရက်တွေ
ငါတို့  လက်ဆင့်ကမ်းဝေ လျှောက်လှမ်း
မင်း   ရောက်ရာ ဘုံဘဝ တိုက်ပွဲတိုင်း
ပန်းလို လန်းလို့  ရေလို အေးမြရပါစေသား ရဲဘော် ၊  ၊


ဒေါင်းနီ
စောထာဖောင်ဒေးရှင်း

No comments: