Monday, October 24, 2011

မှုတ်သုံတော်လှန်ရေး

မှုတ်သုံတော်လှန်ရေး
(၁)
အချစ်ရေ
အမေရိကန်ပြည်ထောင်စုကြီးရဲ့
နယူးယောက်မြို့ ကြီးမှာ
အနည်းစုက အများစုကြီးကို
သွေးစုတ်နေတယ်ဆိုတဲ့
မှုတ်သုံတော်လှန်ရေးတိုက်ခိုက်နေတယ်။

(၂)
အချစ်ရေ
ကမ္ဘာကြီးမှာ
ဒီမိုကရေစီစနစ်ကြီးဟာ
စာရွက်ထဲမှာ
အနည်းစုက အများစုရဲ့ဆန္ဒကိုလိုက်နာရမယ်ဆိုတာက
ဒီမိုကရေစီလို့ ဆိုကြပေမယ့်
အနည်းစုရဲ့လက်ဝါးကြီးအုပ်ချုပ်မှုကို
အများစုကြီးကလက်ခံပေးနေရတဲ့စီးပွားရေးစနစ်တွေလား။

(၃)

အချစ်ရေ-ဟိုးမြောက်ဖျားမှာ
မှုတ်သုံမိုးတွေက
လူတွေ၊အသက်တွေ၊စည်းစိမ်တွေကိုတိုက်စားသွားခဲ့ကြပြီ။


(၄)

အချစ်ရေ
ဒီနေ့ပဲ
အာရပ်တိုင်းပြည်တွေမှာ
အာရပ်မှုတ်သုံတွေတိုက်ခိုက်ခဲ့လို့
ဒီမနက်မှာ
သူတို့လွတ်လပ်ရေးရခဲ့ကြပြီ။

(၅)

မြန်မာပြည်က
မှုတ်သုံလေတွေက
နိုင်ငံရေးမှုတ်သုံလေလား၊တော်လှန်ရေးမှုတ်သုံလေလား
အဲဒီလိုမှုတ်သုံလေတိုက်ခိုက်တိုင်းမှာ
လေပြေတွေက-
စိတ်ကူးယဉ်ဆန်စွာ
နေ့လည်အိပ်မက်တွေကိုတွေ့ ရမယ်။


ကျည်ဝေဖြိုး

No comments: