Wednesday, May 23, 2012

ငံ့လင့်ကူသံ

ငံ့လင့်ကူသံ
မောင်လွမ်းဏီ

ကျစ်ကျစ်ဆုပ်ထား
လက်သီးများပေါ်က ဖယောင်းစက်တွေ
ချော်ရည်ပူလား၊ အေးခဲ မာကျောတဲ့အထိ။

ဖယောင်းတိုင်တွေက
အလင်းကိုပေးဖို့ သွေးကို မီးမြှိုက်ပေးသလို
တို့တတွေကလည်း အလင်းကို ၀င်းဖို့
ဘ၀ကို ရင်းနှီး လောင်မြှိုက်ရတဲ့အချိန်။

အမှောင်ထဲမှာ ကျင့်သားရ
အမှောင်ကပဲ ပိတ်ကွယ်စီး
မီးဆိုတာ အပူနဲ့အလင်း
တို့ရင်မှာ တင်ရှို့၊ တို့ရင်ကို ကင်
နေ၀င်စ ချိုးမရယ်ကူ။ ။

မောင်လွမ်းဏီ
၂၂-၅-၂၀၁၂

No comments: