နိုင်ငံရေးအသိစိတ်မှ တော်လှန်ရေးခရီးဂိတ်သို့ 
ပြည်တွင်း၌နေထိုင်ခဲ့စဉ်က အသက်အရွယ်နုနယ်သေး၏။ တတိုင်းပြည်လုံး အုံကြွဆန္နပြကြတော့ ကျနော်က အလယ်တန်းကျောင်းသားဘဝ။ သို့ သော် ပြင်ပဗဟုသုတဖြစ်ဘွယ်စာပေကို လေ့လာဖြစ်သည်။ ကျနော်တို့ မြို့ မှာ ဝထ္တု၊ ကာတွန်း ငှားသည့်ဆိုင်များရှိသည်။ထိုအချိန်က တစ်အုပ်စ၊ နှစ်အုပ်စ လောက်ပဲငှားဖတ်ဖြစ်သည်။ စိတ်အဝင်အစားဆုံးက ရပ်ကွက်ထဲမှ ဦးမှတ်ကြီး ဆံပင်ညှတ်ဆိုင်မှ ရွှေသွေးစာစောင်၊တေဇစာစောင်တွေ ဖတ် ဖြစ်သည်။တခါတရံ အိမ်၌ အဖေငှားလာသည့် စာအုပ်အချို့ ကို ကောက်ကိုင်ဖတ်ရှုမိသည်။ အိမ်၌အဖေ့ မိတ်ဆွေများ မကြာဖဏစကားလက်ဆုံ ပြောဖြစ်ကြ ရာတွင် နိုင်ငံရေးဆိုသည့် ဝေါဟာရ အမြဲပါတတ်သည်။ ထိုအခါကျနော့်မှာ နိုင်ငံရေးဆိုသည်မှာအဘယ်နည်း၊ မည်သည့်အရာကိုဆိုလိုသနည်း ဆိုသည်ကို မသိခဲ့။ သို့ သော်ကျနော့်စိတ်ထဲတွင် တစ်နေ့ နိုင်ငံရေးဆိုသည့် ဝေါဟာရကို နားလည်အောင်ကြိုးစားရမည်ဟု တေးမှတ် ထားမိခဲ့သည်။ ကျနော်တို့ မြို့ တွင် အရေးအခင်းကာလ ဆန္ဒပြပွဲကို ပြန်အမှတ်ရမိနေ၏။ ရန်ကုန်မန္တလေး ကားလမ်းမကြီး ပေါ်တွင် လူအုပ်ကြီးများကြက်ပျံမကျအောင် စည်ကားလှသည်။ အမေမှ စိုးရိမ်သောကစိတ်နှင့် ထိုလူအုပ်ကြီးဆီသို့  မလွှတ်။ ကျနော်ကလည်းသွားချင်စိတ်ကတပြင်ပြင်။ တို့ အရေး-တို့ အရေး-ဟုအော်သံ၊ ဟစ်သံတွေ ကို ကျနော်အိမ်မှအတိုင်းသားကြားနေရ၏။ ထိုအခါကျနော့်မှာမနေနိုင်၊ မထိုင်နိုင်ဖြစ်ရပြန်သည်။ အမေ့ အလစ်တွင် မြင်းကြယ်ဖိနပ်အပြာကို ချွတ်၊ ဘယ်ဘက်လက်က ဆုတ်ကိုင်ပြီး တချီတည်း သုတ်ခြေတင်၍ လူအုပ်ကြီးရှိရာသို့  ရင်တထိတ်ထိတ်နှင့် ပြေူလှမ်းနေမိ၏။ ပထမ-လူအုပ်ကြီးကိုကြောက်ရွ့ံ စိုးထိတ်၍ ဘေးမှရပ်ကြည့်လိုက်၊ လိုက်ပါလိုက်လုပ်နေသည်။ နောက်တော့ ကြွေးကြော်သံတွေက ရင်းနှီးဖန် များလာ သောအခါ ကျနော်လည်းလူအုပ်ကြီး ထဲ တိုးဝင်ပြီး ကြွေးကြော်သံတွေနောက် ကောက်ကောက်ပါသွားသည်။ လူအုပ်ကြီးထဲတွင် ကျနော့်အသိရှိလိုရှိငြား ရှာဖွေမိ၏။ ကျောင်းဝတ်စုံ အဖြူ အစိမ်းဝတ်စုံတွေ ဝတ်ထားသည့်အထဲမှ လက်ရပ်ခေါ်နေသည့် အခန်းဖော်သူငယ်ချင်းကိုတွေ့ သောအခါ ကျနော်အားတက်သွားမိသည်။ ခဏအကြာ လမ်းလေးစုံအခွတွင် သပိတ်တရားဟောရန်အတွက် လူအုပ်ကြီးသည် ကား လမ်းမကြီးပေါ်တွင် တညီတညာတည်းထိုင်၍ သပိတ်တရားနာကြသည်။ -အင်္ဂလိပ်မင်း အရာရှိကြီးက ကျုပ်တို့ ဗိုလ်ချုပ်အောင်ဆန်းကိုပြောတယ်-လူကလေးအောင်ဆန်း အခုအချိန်မှာ မောင်မင်းအိပ်ကပ်ထဲက ရှိနေတဲ့ ဘောလ်ပင် တချောင်းကို ဟောဒီလိုယူရင် မောင်မင်လူကလေး ကျုပ်ကို ဘယ်လို့ ပြန်လုပ်မလဲ လို့ ပြောတယ်- အဲဒီအချိန်မှာ ကျုပ်တို့ ဗိုလ်ချုပ်က ဘော်လ်ပင်ပြန် ပေးပါလို့ တောင်တယ်၊ အင်္ဂလိပ်အရာရှိကြီးက မပေးနိုင်ဘူးလို့ ငြင်းတယ်၊ ဒုတိယအကြိမ်တောင်းတယ်။ ထပ်ငြင်းတယ်။ အဲဒီအခါမှာ- ဗိုလ်ချုပ်ကဘာ လုပ်သလဲဆိုတော့ -အေး အဲဒီလိုတောင်းလို့ မရရင်-ဟောဒီလိုလုယူတယ်ဆိုပြီးတော့ အင်္ဂလိပ် အရာရှိကြီး ထံမှာရှိတဲ့သူရဲ့ ဘောလ်ပင် ကိုပြန်လုယူနိုင်ခဲ့တယ်။-ဒီလိုပဲ ကျုပ်တို့ အားလုံးဟာ မဆလတစ်ပါတီ အာဏာရှင်စနစ်ကိုမကြိုက်လို့ ဒီမိုကရေစီပေးပါလို့ တောင်ဆိုတယ်၊ သူတို့ ကကျုပ်တို့ ကိုဒီမိုကရေစီမပေးဘူး၊ မတရားတိုင်းပြည်အာဏာကိုလုယူထားတယ်။ လူထုကတောင်းဆိုတဲ့ဒီမိုကရေစီကို မပေးတဲ့ မဆလတစ်ပါတီ အာဏာရှင်ကို ကျုပ်တို့ နဲ့ပြည်သူလူထုအားလုံးက ဘယ်လိုတောင်ဆိုကြမလဲ။ -ဗိုလ်ချုပ်လိုတိုက်ယူရမယ်၊တိုက်ယူရမယ်၊ထောက်ခံတယ်၊ ထောက်ခံ တယ်-လက်ခုတ်အသံများတဖြောင်းဖြောင်းကြားနေရသည်။ စကားပြောစင်မြင့်အပေါ်တွင် တက်တက်ကြွကြွတရားဟောပြောနေသော အဖေ့၏ သပိတ် တရားသံ တွေကြားရင်း ကျနော်ကြက်သီးတွေဖြာဝေနေမိ၏။ မျက်ရည်များပင်လည်နေမိတော့သည်။ အဖေ့၏ တစ်ခွန်းတည်းပြတ်သားလှသော စကားတစ်ခွန်းက ကျနော့်ပုခုံးပေါ်တင်ပေးလိုက်သလို ၊ အသဲထဲ၊ နှလုံးသားထဲ၊ အသိစိတ်ထဲ၊ စွဲမြဲသွားခြင်းက နိုင်ငံရေးအသိကို စတင်ပေးလိုက်သလို ဖြစ်နေပေတော့၏။ သို့ သော်ကျနော်နိုင်ငံရေးသမားမဖြစ်ခဲ့။ နိုင်ငံရေးအသိစိတ်သန္ဓြေွတည်သည်နှင့်တပြိုင်နက် စစ်အာဏာရှင်နှင့်ကျနော့်ရပ်တည်ချက် ဖြောင့်ဖြောင့်ကြီး ခွဲထွက်ဘို့  ကျနော့်အသိစိတ်က ပြဌာန်း တာဝန် ပေးလိုက်သည်ကား---------။
စစ်အာဏာရှင်တိုက်ဖျက်ရေး------
တော်လှန်ရေးဆိုသည်မှာ အမျိုးအစားစုံလင်လှသည်ဟု လေ့လညတွေ့ ရှိချက်အရသိရသည်။ သို့ သော်ကျနော်တို့ တော်လှန်ရေးကား စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ဖျက်သော တော်လှန်ရေးဖြစ်သည်။ စစ်အာဏာရှင်စနစ်ဆိုသည်ကား တိုင်းပြည်တစ်ပြည်ကို လူထုထောက်ခံမှု မရှိပဲ လက်နက်အားကိုးနှင့် အနိုင်ကျင့်၊ ဗိုလ်ကျ၊ သေနတ်မိုးအုပ်ချုပ်သော စစ်ယန္တယားတစ်ခုလုံးကိုဆိုလိုသည်။ အဓိပ္ပါယ်ဖွင့်သည်။ ထိုသို့ သောစစ် အာရှင်စနစ်ကို တော်လှန်ရာတွင် နိုင်ငံရေးအရ ဆန္ဒပြ၊ သပိတ်မှောက်၍ စစ်အာဏာရှင်စနစ် ကျဆုံးသွားမည်မဟုတ်။ ပိုမိုအတင့်ရဲလာမည်။ ပိုမိုလက်ရဲ၊ ဇက်ရဲဖြစ်လာမည်။ ထို့ ထက်ပို၍ ရက်ရက်စက်စက် ပေးဆပ်ခဲ့သည့်သာဓကတွေက ကျနော်တို့ လူထုကို သွေးထွက်သည့်နိုင်ငံရေးစစ် မျက်နှာကို ဖွင့်ပြီး စိန်ခေါ်လိုက်ခြင်းဖြစ်သည်။ ထိုသို့ သောစိတ်၊ ထိုသို့ သောအတွေး၊ ထိုသို့ သောရပ်တည်ချက်များသည် ကျနော်တို့ နှင့်လူထု ရင်ဆိုင်ခဲ့ ရသည့် မျက်မှောက်သမိုင်တွေထဲက ယနေ့ လူငယ်တွေ၏စိတ်ကို အနာဂါတ် အတွက် လှပဝေဆာဖွ့ံဖြိုးသော နိုင်ငံတော်သစ်ကို တည်ဆောက်ရန် တာဝန်ပေးလိုက်ခြင်းဖြစ်သည် ဟု ယုံကြည် နေခြင်းဖြစ်တော့သည်။
တော်လှန်ရေးတစ်ခုကိုလျှောက်လှမ်းတော့မည်ဆိုပါစို့ ။ ပထမဦးဆုံး-တော်လှန်ရေးဆိုသည့် စကားလုံး အတိမ်အနက်၊ အပေါ့ အလေးကို စဉ်းစားတွေးခေါ်ဘို့  လိုအပ်ပေလိမ့်မည်။ အကြောင်းအရာ တစ်ခုခုကို လုပ်ဆောင်တော့မည်ဆိုလျှင် ဦးတည်ချက်ရှိကြသလို။ ထိုဦးတည်ချက်အတိုင်း လိုက်ပါလုပ်ဆောင်၍ အောင်မြင်သွားကြသည့်သာဓကများစွာရှိကြပါသည်။ ကျနော်တို့ နှင့်ကျနော်တို့ ပါတ်ဝန်းကျင် အနီးအနား၌ ဖြစ်ပျက်ပြောင်လဲ နေသော လူမှုဘဝတွေကို မျက်စေ့မှိတ်၊ မသိချင်ယောင်ဆောင်၍မရတော့ပေ။ မကြားချင်ယောင်နေ၍လည်းမဖြစ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ယနေ့ ကျနော်တို့ နိုင်ငံအတွင်းမှာ မိမိက အဘယ်ကဲ့ သို့ သော ပြောင်းလဲမှုတွေပြောင်းလဲစေခဲ့မှုများဖြစ်ပေါ်လာခဲ့သနည်း။ အဆိုးဘက်ကိုဆုတ်ယုတ် စေသည့် ဆုတ်ယုတ်တိုးတက်မှုများသာ ရရှိခဲ့ခြင်းဖြစ်သည်။ ယနေ့ လူထုများသည် အမျိုးမျိုးသော အခွင့်အရေးများ ဆုံးရှုံးသည့်အပြင် နိုင်ငံသား တစ်ဦးဆိုသည့် အာမခံချက်အပြည့်အဝ မရရှိပဲ ဂျပိုးသူခိုးလို အထင်ခံရသည့် အဖြစ်မျိုးဟာမည်မျှရင်နာစရာကောင်းလိုက်သနည်း။ ထိုင်းမြန်မာနယ် စပ်က မြန်မာ အလုပ်သမားတွေရင်ခွင်ထဲ၊ ပြည်တွင်းလူထုတွေ၏ အလုပ်အကိုင်အစားအသောက်၊ လူနေမှု အဆင့်အတန်း၊ ပညာရေးအဆင့်အတန်း တွေကိုကြည့်လျှင်သိနိုင်သည်။ မြန်မာပြည်၏ စီးပွားရေးအခြေအနေသည် ကမ္ဘာ အလယ်မပြောနှင့် အာရှမှာတောင် စီးပွားရေး၊ ပညာရေး၊ ကျမ္မာရေး အစစ ရင်ဘောင်မတန်းနိုင်သည့်ဘဝသို့ ရောက်ရှိခဲ့ကြပြီ။ ကျနော်တို့ ကြားကြားနေရသည့်ပြည်ပမြန်မာ့အသံလွှင့်ဌာနများမှ စစ်အုပ်စု၏မြန်မာလူထု အပေါ် လူ့ အခွင့်အရေးချိုးဖောက်မှုများ၊ အိုင်အယ်အို မှ စစ်အုပ်စုကို ပြစ်ဒါဏ်ခတ်မှုစသည့်သတင်းများသည် တိုင်းပြည်ကိုလိမ်ညာပြီး မကောင်းမြင် ဝါဒနှင့် စစ်အုပ်စုကိုပုတ်ခတ်နေခြင်းမဟုတ်သည်ကို လူထုများက ရှင်းရှင်လင်းလင်းသိကြသလို-ကျနော်၏မိတ်ဆွေသူငယ်ချင်းများကပါ စဉ်းစားချက် အနေနှင့် တစ်ခု ထွက်ပေါ်လာခဲ့သည်။
ကျနော်တို့ ဟာ ကျနော်တို့ မိသားစု ဘဝ၊ ရပ်ကွက်ဘဝ၊ မြို့ နယ်ဘဝ၊ တိုင်းပြည်ဘဝတွေကို တစ်လွှာခြင်း ဆန်းစစ်ဖို့ လိုအပ်လာပါသည်။ အဝေးကိုမျှော်ကြည့်ပြီး မသိစိတ်တွေနှင့် သာယာနေသည့်ဘဝတွေ၊ ယနေ့ မိမိရဲ့ တိုင်းပြည်အခြေအနေကို ငုံ့ ကြည့်မိပြန်တော့ ခံပြင်းပူလောင်သည့် နာကျင်ဝေဒနာခံစားကြရသည်။ စာအုပ်တစ်အုပ်ထဲ၌ တော်လှန်ရေးဆိုသည့် ရိုးရှင်းသည့်အဓိပ္ပါယ်ကို ကျနော့်အသဲထဲထည့်၍ အသက်နှင့် ထပ်တူ ယူဆောင်ခဲ့ပါသည်။ တော်လှန်ရေးသည် မကောင်းမှုဟူသမျှကို အမြစ်က မကျန်တော်လှန်ချေဖျက်ပြီး ကောင်းမှုတွေနှင့် ထပ်ကာအုပ်မိုးရန် အတွက် တော်လှန်ရေးဖြစ်လာသည်။ တော်လှန်ရေးသည် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲရန်အတွက် ဘဝတွေအပေါ်မှာ မားမားမတ်မတ် သန့် ရှင်းအောင် တည်ဆောက်ပေးခဲ့သည်။ တော်လှန်ရေးသည် ဟိတ်ဟန်ထုတ်လုပ် လူတန်းစားတွေအတွက် ရေရှည်ရပ်တည်လှုပ်ရှားမှုကိုမပေး။ နိမ့်ကျကျိုးနွမ်ပြီး မြင့်မားသည့် တရားသမားပမာ ကျင့်ကြံပြီး အများကောင်းကျိုးအတွက် ဦးဆောင်ပေးဆပ်ရဲသူ။ လူသာ ကျဆုံးသွားသော်လည်း အမြဲတမ်း ရှင်သန် လှပသည့် တရားသံစဉ်တွေနှင့် အတူ ဖူးပွင့်နေကြသည့် အာဇာနည် အထောင်အသောင်းတို့ ၏ ရုပ်ပုံလွှာများသည် သွေးမှုန်တိုင်းတွေထဲမှ ရှင်းလင်းစွာ ပေါ်ထွက်လာမှုများ။ ကမ္ဘာကျော်တော်လှန်ရေးသမားများသည် မတရားဖိနှိပ်မှုကို ရုပ်ဘဝကျကျ တော်လှန်ခဲ့ကြပြီး ကိုယ်ကျိုးအတွက် တစ်စက်ကလေး မငဲ့ကွက်ပဲ ခရီးဆုံးပန်းတိုင်သို့  မမှိတ်မသုန်၊ တစိုက်မတ်မတ် လျှောက်လှမ်းပြီး အောင်ပွဲကို အရယူဆွတ်ခူးကြ၍ ၄င်းတို့ နှင့် ထိုက်တန်လှသည့် အမြင့်မားဆုံး တော်လှန်ရေးခေါင်းဆောင်၊ တော်လှန်ရေးသမားကောင်းဘဝကို သမိုင်း၌ အသန့် ရှင်းဆုံးပေးဆပ်ပြီး ထိုပေးဆပ်မှု၏ ပီတိ ကို ဂုဏ်ယူစွာ နှင့် ကျဆုံးသွားကြသူများဖြစ်ကြပေသည်။
ကျနော်တို့ ဟာ တော်လှန်ရေးသမားကောင်းတစ်ယောက်ဖြစ်ဘို့ လိုသည်။ မည်သူတွေမည်သို့ ပင်ပြောင်းလဲကြပါစေ-လက်ရှိပကတိ ဖြစ်ပျက်နေသည့် မြန်မာပြည်၏ အောက်ကျ၊ နောက်ကျမှုတွေအပေါ်မှာ မှေးမှီလိုက်၍ မဖြစ်ကြတော့ပေ။ လူထုယုံကြည်အားကိုးထိုက်သည့်တော်လှန် ရေးခေါင်းဆောင်များဖြစ်ဖို့ လိုအပ်သည်။ ရုပ်ဝတ္တုတွေ၏ခေါ်ဆောင်ရိုင်းပျမှုအောက်လိုက်ကြသည့် မလျှော်ကန် မသင့်မြတ်သည့် လုပ်ဟန်တွေကိုလည်း အနုစိတ်တော်လှန်ဖို့ လိုသည်။ ကျနော်တို့ က အကြောင်းအရာကိစ္စတခု မြင်သိနေလျှက်နှင့် မထောက်ပြမဝေဘန်ပဲ ထိုအတိုင်း လှစ်လျူရှုထားကြမည် ဆိုလျှင် ကျနော်တို့ နိုင်ငံ၌ မည်ကဲ့သို့ သော ခေါင်းဆောင်တွေထွက်ရှိလာတော့မည်နည်း။ အသွေးချွန်သည့် ခေါင်းဆောင်တွေရှိလာသလို ထိုခေါင်းဆောင် တွေ၏ ဦးဆောင်မှုနောက်သို့ လည်း ရဲရဲဝံ့ဝံ့လိုက်နိုင်သည့်ပြည်သူများလည်းလိုအပ်ပေသည်။ သို့ မှသာလျှင် နိုင်ငံ၏ တာဝန်ဆောင်ရွက်စရာများကို စည်းလုံးညီညွှတ်မှုရှိစွာ ဖြစ်တည်နေပြီး ရရှိလာမည့် တိုင်းပြည်တိုးတက်မှု၊ တောက်ပမှုများကို ထိုတိုင်းပြည်၏ ထိုခေါင်းဆောင်၊ ထိုပြည်သူတို့ ခံစားနိုင်ကြ လိမ့်မည်။ ကျနော်တို့ က အချက်အလက်များကို မည်သို့ မျှမစဉ်းစားပဲ ကျနော်တို့ နိုင်ငံ၏ ရေရှည်ခရီးရှည်ကြီး၌ မိမိကိုယ်ကိုမိမိ မည်ကဲ့သို့ တည်ဆောက်ရ မည်းနည်းဆိုတာကို တပ်တည်းသုံးသပ်စဉ်းစားနိုင်လိမ့်မည်။ တချိန်တည်းမှာပင် တော်လှန်ရေးသမားတစ်ဦးခြင်းဆီ၌ နိုင်ငံရေးအသိနိုးကြားမှုများ မရှိမဖြစ်လိုအပ်ပေသည်။ နိုင်ံရေးအတွေးအခေါ်မရှိသူသည် လူမဟုတ်။ အသိဥာဏ်နှင့်ယှဉ်တွဲနေထိုင်၍ မကောင်းမှု၊ ကောင်းမှုများကို ခွဲခြမ်းစိတ်ဖြာပြီး မိမိဘာလုပ်သင့်သည်၊ မိမိမည်ကဲ့သို့ အကောင်အထည်ဖော်သင့်သည်များကို များများ စဉ်းစားပြီး ထိုစဉ်းစားမှုတွေအပေါ် ယုံကြည်မှုအပြည့်အဝထားပြီး မိမိအသက်ဝိဥာဉ်တစ်စုံလုံး စွန့် လွှတ်ပေး ဆပ်နိုင်သည့် နိုင်ငံရေးခံယူချက်ရှိဖို့ လိုသည်။ ထိုသို့ သောလိုအပ်ချက်များသည် လက်ရှိဘဝတွေက ပေးအပ် လာ ၍ မလုပ်မဖြစ်လုပ်ဆောင်ရန် မိမိစိတ်ကို မိမိ လမ်းကြောင်းတည့်မတ်ပေးရာ ရောက်သည်။
လက်ရှိကာလ၌ ကျနော်တို့ သိကြသည့်အတိုင်း ကမ္ဘာကြီးက မည်သို့ မည်ပုံ တိုးတက်ပြောင်းလဲလာပါသည်ဟု ရေရွတ်နေကြပါစေဦး။ ထိုတိုးတက်မှုများသည် သူတို့ ဘဝနှင့်သူတို့  တိုးတက်ကြတာဖြစ်သည်။ ကျနော်တို့ က ကျနော်တို့ ဘဝနှင့်အတူ ရပ်တန့် နေသည့်လက်ရှိဘဝနှင့် အတူ အနာဂတ်အတွက် ကာလဒေသနှင့် လျှော်ညီသည့် ပုစ္ဆွာတပုဒ်ကို ဖြေရှင်းနိုင်ရန် တာဝန်တွေပိုမိုပြီး ထူထပ်လာပါသည်။ ထိုသို့ သောကိစ္စရပ်များကို မည် သို့ မျှ ဦးနှောက်ရှုတ်ထွေးမှုများမထားရန် လိုအပ်ပေသည်။ -လူတစ်ယောက်ဟာမြစ်တစ်ခုထဲကို နှစ်ခါခုန်မချနိုင်ပါဘူး-ဆိုသည့် ဟေရာကရိုက်တပ်အဆို အမိန့် အတိုင်း ပါပဲ။ သေချာသည်ကတော့ ကျနော်တို့ ဟာ မြန်မာနိုင်ငံအတွင်းက တရားမဝင်၊ လူထုထောက်ခံမှုမရှိသည့်စစ်အုပ်စုက လူထုအပေါ် သေနတ်မိုးပြီး အုပ်ချုပ်သည်။ တိုင်းပြည်အငတ်ငတ်အပြတ်ပြတ်ဖြစ်နေသည်။ တိုင်းပြည်တိုးတက်မှုမရှိ။ နိုင်ငံတကာ ၏ဖိအားပေးမှုများ ဆက်လက်ရှိလာခဲ့ သည်။ ထိုကဲ့သို့ ဖိအားပေးမှုများသည် အဖိနှိပ်ခံ လူထုအတွက် ရလဒ်ဖြစ်ပေသည်။ ထိုရလဒ်အပေါ် အားရနေ၍လည်းမဖြစ်။ ထိုရလဒ်အတွက်ပိုမို အရှိန်တိုးမြင့် ပြီး ယနေ့ မြန်မာ့ပြည်တွင်းစစ်ကြီး ပြီးဆုံး၍ တိုင်းပြည်ပြန်လည်အကောင်အထည်ပေါ်အောင် ဖော်ဆောင်နိုင်ရန်အတွက် လူထုများနှင့် တော်လှန်ရေးအဖွဲ့ အစည်းအသီးသီးမှ အိပ်မက်တွေမမက်ကြပဲ စစ်အုပ်စုကို တော်လှန်တိုက်ပွဲ ဝင်ရင်း၊ လက်ရှိဘဝတွေ၏ သာယာမှုတွေကို မမွှေ့ လျှော်ပဲ အားသွန်ခွန်စိုက် ဆက်လက်တိုက်ပွဲဝင်သွားဖို့ တိုက်တွန်းရင်း ကျနော်တို့ ၏ လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲသည် စစ်အုပ်စုနှင့် စစ်တပ်ကြီးဆိုးရေး၊ အတွေးအခေါ်များအပေါ် အနိုင်အယူအောင်ပွဲခံရင်း-ဒီမိုကရေစီအုပ်မြစ်ကို လူထုနှင့် တသားတည်း တည် ဆောက်နိုင်ရမည်ဟု ယုံကြည်မျှော်လင့်ရင်း တော်လှန်ရေး၏ ချိုမြိန်ဒုက္ခများ ထုသား၊တေသား ကျစွာ နာခံရင်း ကျဆုံးရပါလို၏။
တော်လှန်ရေးမှ တော်လှန်ရေးသို့ ။
တော်လှန်သို့ လက်တွေ့ ဖြတ်သန်းရင်ဆိုင် တွေ့ ကြုံလာတော့ တွေးထားသည့်အတွေးထဲကအတိုင်း ဖြစ်နေလိမ့်မည်ဟု ယုံကြည့်မိခဲ့ သည်။ဗမာပြည် ကွန်မြူနစ်ပါတီခေတ်တုန်းက ဗမာ့တော်လှန်ရေးရဲဘော်တွေ့ ၏ တော်လှန်ရေးအတွေ့ အကြုံစာအုပ်များ၊ မှတ်တမ်းမှတ်ရာများလေ့ လာဖတ်မှတ်ဘူးသည်။ ဗမာပြည်၏နိုင်ငံရေး အကြောင်းများကို လေ့လာလျှင် တို့ ဗနာအစည်းအရုံးကို မသိ၍မရ။ ကွန်မြူနစ်ပါတီ၏ နိုင်ငံရေး၊ တော်လှန်ရေးအတွေးအခေါ်၊ လူတန်းစားအမြင်၊စတင်ရှင်သန်ပေါက်ဖွားလာကတော့မတ်စ်ဝါဒဟု ပညာရှင်တို့ကဆိုခဲ့ကြသည်။ နယ်ချဲ့ ကို တော်လှန်သည့်ခေတ်တွင်လည်း အတွေးအခေါ်ပိုင်း ဆိုင်ရာ ပြဿနာများ၊ နည်းနာများ၊ စာပေအယူအဆများ၊ ရှိခဲ့ကြသည်။ နောက်ပိုင်းတွင် မတ်စ်ဝါဒက လူထုနှင့် တစ်သားတည်းဖြစ်တည်သည်ဟုယုံကြည်လာကြသည်နှင့် အမျိုးသားရေးတိုက်ပွဲအောင်မြင်ခဲ့သည်။ ထိုသို့ အောင်မြင်သော် လည်း နိုင်ငံအတွင်း၌ တန်ပြန်တော်လှန်ရေးတို့ က ဆက်လက်ရှိလာခဲ့သည်။ အချင်းချင်းအုပ်စုကွဲ၊ ဂိုဏ်းဖွဲ့ မှုများ၊ မညီမညွှတ်လုပ်ဟန်များ၇ှိခဲ့ကြ သည်။ ထိုသို့  မြားမြောင်ရှုပ်ထွေး သော် လည်း ဘုံအကျိုးတူလွပ်လပ်ရေးအောင်ပွဲကို အရယူနိုင်ခဲ့ကြသည်။ထို့ ထက်တိုးတက်သစ်လွင်သည့် လူထုအကျိုးပြုတော်လှန်ရေးစာပေများ ရှင်သန်ဖူးပွင့်ခဲ့ကြသည် မဟုတ်ပါလား။
ယခုမျိုးဆက်တစ်ဆက်မှာလည်း ရှေးကနိုင်ငံရေးခေါင်းဆောင်များ၏ သမိုင်းဖြတ်သန်းမှုတွေကို ရင်ဝယ်ပိုက်ပြီး ယနေ့ တောထဲ၊ တောင်ထဲ တွင် စစ်အာဏာရှင်တော်လှန်ရေးကို လက်နက်ကိုင်ရင်း ဒုတိယလွတ်လပ်ရေး တိုက်ပွဲကို ဆင်နွှဲနေကြသည့် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ အမျိုးအစားစုံလင်စွာ တိုက်ပွဲဝင်နေကြသည်။ ထိုသို့ တိုက်ပွဲဝင်ရင်းနှင့်ပင် တော်လှန်ရေးခရီးကြမ်းလမ်းအတွင်း မိမိကိုယ်မိမိ အနုစိတ်တန်ပြန် တော်လှန် ရသည့် တော်လှန်ရေးအနုပညာတွေလည်း တစ်စတစ်စမြင်စပြုလာသည်။ တော်လှန်ရေး အတွင်း ပြုပြင် ပြောင်းလဲရေးလုပ်ဟန်များ၊ အပြုသဘောဝေဘန်မှုများ လုပ်ကြသည်။ ထိုအချိန်တော်လှန်ရေး သက်တမ်း ကလည်းနုသေး၏။ တစ်ဦးအပေါ်တစ်ဦး သေဘန်သည့်ဆွေးနွေးပွဲများ တွင်နစ်နာလောက်သည့် ဝေဘန်မှုများပြုကြ၏။ တစ်ဦး၏အားနည်းချက်ကိုရှာပြီး တိုက်ခိုက်ဝေဘန်တတ်သည့် အမှုအကျင့်များသည် တော်လှန်ရေး တစ်ခုလုံးတွင် ယနေ့ တိုင်ရှိနေသေး၏။ တချို့ မှာ တော်လှန်ရေးရင်ပြင်ကြီးကို -တည်းခို ရိပ်သာတစ်ခုသဖွယ်-သဘောထား၍လားမသိ(သို့ မဟုတ်) တော်လှန်ရေး၏ကြမ်းတမ်းသည့်ဒုက္ခများ မခံနိုင်၍လားမပြောတတ်။ (သို့ မဟုတ်) တစ်စုံတစ်ဦးနှင့် ပုဂ္ဂိုလ်ရေးမကြည်လင်၊ မသင့်မြတ်၍လား မသိ အလျှိုလျှို တော်လှန်ရေးမှ ထွက်ခွာသွားကြသည်။ ထိုအခါ တစ်ချို့  စကားအပြောအဆို လိမ္မာ ကျွမ်းကျင်သူ များက ဤသို့ ဆို၏။ -တော်လှန်ရေးဆိုသည် မှာ ရထားကြီးတစ်စင်းနှင့် အလားသဏာန် တူသည်။ ထိုရထားပေါ်သို့ လိုက်ပါစီးနင်းမည့်ခရီးသည်များလည်းပါသည်။ ထိုအထဲတွင် ခရီးဆုံးသည်အထိ လိုက်ပါ ကြမည့်ခရီးသည်တွေလည်းပါသည်။ လမ်းခရီးတစ်ဝက် ဆင်းသွားကြမည့်ခရီးသည်လည်းပါသည်။ ရထားပျက်တာမစောင့်နိုင်၍ လမ်းဆင်းလျှောက် သွားမည့်ခရီးသည်တွေလည်းပါမည်-ဟု ၄င်းတို့ ကဆိုခဲ့ကြသည်။ မှန်သင့်သလောက်တော့မှန်၏။ သို့ သော် ဆိုသို့ ခွဲထွက်ဆင်းသွားကြသော သူများသည် မိမိ၏အတ္တအကျိုးစီးပွားအတွက် ဆင်းသွားကြသော သူများဖြစ်လိမ့်မည်။ ကျနော်တို့ ၏တော်လှန်ရေး လမ်းစဉ်သည် လူထုအပေါ်အခြေခံ၍ ပေါက်ဖွား လာသောလမ်းစဉ်ဖြစ်သည်။ အရှင်းဆုံးဆိုရလျှင် လူထု လမ်းစဉ်ဖြစ်သည်။ တရားသဘောအရ -ပရ-လမ်းစဉ်ဖြစ်သည်။ ထိုလမ်းစဉ်၌-အတ္တ-အတွက် ကိုယ်ကျိုး ရှာ၍မရ။ အများအတွက်မိမိ၏ ရပိုင်ခွင့်များစွန့် လွှတ်၊ အနစ်နာခံသည့်လမ်းစဉ်ဖြစ်သည်။ ထိုသို့ လျှောက်လှမ်းရသည့်လမ်းစဉ်ဖြစ်သည်ကို သတိမမူ ဂူမမြင်ပဲ ခုချက်ချင်းတော်လှန်ရေးထလုပ်ပြီး ခုချက်ချင်း တော်လှန်ရေးမအောင်မြင်တော့ အကြောင်းပြချက်မျိုးစုံဖြင့် ကောက်ရိုးမီးလို -ဝုန်းကနဲ-ငြိမ်းသွားသည့် မီးတောက်တစ်ခုလို တော်လှန်ရေးမှ ထွက်သွားကြသည်။ တော်လှန်ရေးအပေါ် အတွေးအခေါ်ရှင်သန်စေဘို့  ကျောင်းသားတပ်မတော်ရဲ လက်စွဲစာအုပ်ထဲမှ အဆိုအမိန့် တစ်ခုက ဤသို့ ဆို၏-လူတစ်ယောက်၏ တန်ဘိုးဟာ သူဖြတ်သန်းခဲ့ရတဲ့ သမိုင်းတစ်လျှောက်မှာ သူ့ ပုခုံးအပေါ်တင်ပေး လိုက်တဲ့ သမိုင်းပေးတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ် ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ-တဲ့။ (ဗန်းမော်တင်အောင်-၁၉၂ဝ-၁၉၇၈)။

No comments:
Post a Comment