ရဲဘော်ဇော်လွင်(ခ)ရဲဘော်ကျော်စိုး
ဝါးရုံလှဲတိုက်ပွဲ။
၁၉၉၆ခုနှစ်။ နိုဝင်ဘာ(၁)ရက်၊
မှတ်မှတ်ရရသတိတွေရနေမိသည်။၁၉၉၆ခုနှစ်။ အောက်တိုဘာ(၃ဝ)ရက်နေ့ ဖြစ်သည်၊ ကျနော်တို့ (မိုးကြိုး)အလုပ်အဖွဲ့မှာသာမိတိုက် တောင်ခြေရှိ ဆင်အံတောင်ရွာကလေ့း စခန်းချဖြစ်ကြသည်။ထိုနေ့သည်ခါတိုင်းနေ့  တွေလိုပဲမည်သည့်သတင်းမှထူးခြားမှုမရှိသောကြောင့်ယာယီပုခက်တဲကိုယ်စီ နေရာယူကြသည်။တပ်စိတ်မှုးရဲဘော်ဇော်လွင်မှာပဲခင်းထဲမှငြုပ်သီးစိမ်းအချို့ ။ချဉ်ပေါင်ရွက်အချို့ ခူးလာသည်။သူ၏တဲဘေး၌ရဲဘော်အားလုံးအတွက်ထမင်းချက်ရန်မီးမွှေးနေသည်။ကျနော်က-ဘာဟင်းချက်မလဲမေးတော့-သူက -ချဉ်ပေါင်ရွက်နဲ့  ငြုပ်သီးရောပြီးချဉ်စပ်လေးချက်မလို့ ဟုပြန်ပြောသည်။ညနေထမင်းချက်ချိန်ကမိုးချုပ်စပြုပြီ၊ အင်တိုင်းပင်များအပေါ်မှ ရှဥ့်ကြွက်ကလေးများ မိုးချုပ်စမှာဟိုကူး။ ဒီကူးနှင့်တွေ့ နေရသည်။အင်တိုင်ပျိုပင်များအပေါ်မှအရွက်ဖားဖားကြီးတွေက ဆင်နားရွက်ကြီးတွေလို မလှုပ်မခတ်ငြိမ်သက်လျှက်။တချို့ ရေဒီယိုဖွင့်သံကြားနေရသည်။ထမင်းချက်သည့်နေရာနှင့်မလှမ်းမကမ်းချုံနွယ်စပ့် တပ်မှုးအချို့ တီးတိုးတီးတိုးဆွေးနွေးနေသံကြားနေရသည်။ထမင်းဟန်းကောသုံးလုံးကျပြီးဟင်းအိုးတည်ချိန့် ရဲဘော်ဇော်လွင်မှ အင်ဖက်တွေခူးလာပြီး ထမင်းစားကြရန် ပြင်ဆင်နေသည်။တဲတိုက်ဘေးမှနှုတ်လာသည့်စပယ်လင်ပင်ကို ငါးပိဖုတ် နှင့် ရောထောင်းနေသည်။ ရဲဘော်တွေကိုထမင်းစားကြရန်လှမ်းခေါ်ပြီးမြေဝိုင်းထမင်းပွဲလေး၌လက်ရည်တပြင်တည်း ထမင်းလက်စုံစားကြ သည်။မိုးသားတိမ်လိမ့်တို့ က တောစပ်အရောင်နှင့် မဲမှောင်နေလိုက်တာများ။
ရဲဘော်ဂျာ ပြင်ဆင်ထားပါ-ခရီးထွက်မယ်--------
သတင်းထူးတာဖြစ်လိမ့်မည်။ရန်သူမိအိ'ကီးအောက်ရွာ။ ဒါမှမဟုတ် ကြို့ ချောင်းရွာမှာများ ရန်သူ့ တပ်ရောက် နေပြီလား။ခါတိုင်းလိုပဲ ခေတ္တစခန်းပြောင်းရွှေ့တာပဲလား။
မလိုအပ်တဲ့ပစ္စည်းတွေသိမ်းခဲ့၊ ခရီးဝေးမယ်။
ဟုတ်ပါပြီရန်သူရောက်ရင်ရောက် မဟုတ်ရင် တခုခုတော့တခုခုပဲ။ကျနော်တို့ ငြိမ်သက်စွာခ၇ီးထွက်ကြသည်။နာရီဝက်လောက်ခန့် သွားရ သည့်နေရာရောက်တော့ လယ်ကွင်းနှင့် အင်တိုင်းတောစပ်။အရှေ့ ၊အနောက်။တောင်၊မြောက်ကို စိတ်မှန်းဖြင့် ခန့် မှန်းနေမိသည်။ကျနော်တို့ ကျောပေး ထားသည့်ဘက်သို့ ကြည့်လိုက်တော့ တောင်တန်းကြီးက ကျနော်တို့ ကျောဘက်မှာ၊ ဒါဆိုကျနော်တို့ ခရီးထွက်နေသည်မှာ အောက်ကွင်း(မဒညတ) နယ် မြေပဲဖြစ်ရမည်။
ခြောက်သွေ့ ၍သစ်ရွက်ခြောက်များအပေါ် ဖြတ်နင်းသွားသည့် စစ်ဖိနပ်ခြေရာအသံတွေက သစ်ရွက်ခြောက် တွေကြေမွသွားသည့်အသံနှင့် တပြေးညီစွာဆူညံရိုက်ပုတ်ရင်း သက်ငယ်တောကြီးထဲ့ စစ်ကြောင်းခေတ္တရပ် နားကြသည်။
မိုးကြိုးအလုပ်အဖွဲ့ ခေါင်းဆောင် ရဲဘော်အောင်ကျော်မှ ရဲဘော်အားလုံးစုစည်းစေပြီး ပြောင်သလင်းခါသည့် မြေညီပေါ်၌ဝိုင်းဖွဲ့ ထိုင်စေပြီး ယခုထွက်လာသည့်ခရီးစဉ်ရည်ရွယ်ချက်ကို ဆွေးနွေးတင်ပြသည်။
မနက်ဖြန်ဟာနိုဝင်ဘာလ(၁)ရက်နေ့ ဖြစ်တယ်၊ အဲဒီနေ့ ဟာ မကဒတမွေးဖွားသန့် စင်ခဲ့သည့် (၉)နှစ်မြောက် နေ့ ဖြစ်တယ်။ဒါ့ကြောင့် ဒီလိုအခါကြီး။ နေ့ ကြီးမယ် ကျနော်တို့ ရဲဘော်အားလုံး ဝါးရုံလှဲရွာကိုချီတက်ပြီး လူထုကို ချပြဆွေးနွေးရမယ်။လူထုကိုတော်လှန်ရေးထဲပါဝင်လာအောင် ဆွေးနွေးစည်းရုံးရမယ်။တော်လှန်ရေးရဲ့ အခက် အခဲတွေကို လူထုကိုချပြပြီး လူထုနဲ့ တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး လိုအပ်တဲ့ကူညီပံ့ပိုးမှုတွေကို တောင်းခံသင့်သလောက်တောင်းခဲရလိမ့်မယ်။ ဒီတော့ -ဒီခရီးမှာ စစ်ရေးအရအထူးသတိဝီရိယရှိဖို့ ကျနော်ပြော ချင်တယ်။ကျနော်တို့ ယခုစည်းရုံးရေး ဆင်းမယ့်နေရာက ရန်သူ့ အုပ်ချုပ်ရေးနယ်မြေဖြစ်တယ်။သိပ်အန္တရယ်ကြီးပါတယ်။သို့ သော်စိုးရိမ်စရာမလိုပါဘူး။ကျနော်ဘက်မှာနယ်မြေခဲလူကြီးတွေ ပါတယ်။သူတို့ က ကျနော်တို့ နှင့်အတူ လှို့ ဝှက်စွာတိုက်ပွဲဝင်ဘို့ ကတိပြုထားပြီးကြပြီ။ဒါ့ကြောင့် ကျနော်တို့ မိုးကြိုးအလုပ်အဖွဲ့ ကို (၂)ဖွဲ့ ခွဲပြီး ချီတက်လှုပ်ရှားကြမယ်။ကျနော်နဲ့ အတူ ရဲဘော်ဂျာ။ ရဲဘော်ဆေး။ နောက်ထပ်ရဲဘော်(၄)ယောက် အတူထွက်မယ်။အုပ်စု(၂)က ရဲဘော်ဇော်လွင်နဲ့ အတူခရီးထွက်မယ်။ပထမခရီးထွက်မယ့်အဖွဲ့ က ကျနော်နဲ့ အ တူထွက်မယ်၊ ထူးခြားရင် အချက်ပြသင်္ကေတတွေသုံးပါ။စက်နံပါတ်ကတော့ ယခင်ပုံမှန် အတိုင်းရှိထားမယ်။လိုအပ်ရင်ညှိနှိုင်းတားတဲ့နံပါတ်တွေကိုအသုံးပြုမယ်။နာရီဝက်တစ်ကြိမ်စက်ဖွင့်ပါ။ရန်သူ့ သတင်းကတော့ ထူးခြားမှုမရှိသေးဘူး။ယခုထွက်မယ့်ခရီးက မြေညီလမ်းဖြစ်တယ်။ကွင်းပြင်တွေ၊တောစပ်တွေ၊ နှမ်းခင်းတွေ၊ပဲခင်းတွေ၊ရေချောင်းတွေဖြတ်ရမယ်၊ စစ်ကြောင်းထွက်ရင်ဆေးလိပ် မသောက်ပါနှင့် အားလုံးအဆင်သင့် ဖြစ်ရင် ခရီးစထွက်မယ်။
ညသည်မှောင်မိုက်လွန်းလှသည်။မည်သည့်နေရာမှမမြင်ရ။ သစ်ငုတ်တိုတွေတိုက်မိ၊ တောစီးစစ်ဖိနပ်မှာ ရေထဲ ဖြတ်ရ၍ရိဆွေးစပြုနေသည်မှာ တစ်ပတ်လောက်ရှိပြီ။စစ်ဖိနပ်ခြေဖျားအောက်ခြေနှင့် ပိတ်စမှာ ဟပြဲနေ၍ ခရီး ထွက်ရသည်မှာအဆင်မပြေလှ။နှမ်းခင်းထဲဖြတ်လျှောက်စဉ် သစ်ငုတ် တစ်ခု ကျနော့်ဝမ်းဗိုက်အထိရှိမည်။ထို သစ်ငုတ်တိုကိုမမြင်ပဲ ဗိုက်နှင့်သစ်ငုတ်ထိပြီး ရှေ့ သို့ ကျွမ်းပစ်သွားသည်။မတတ်နိုင်ပါ ချက်ချင်းပြန်ထပြီး ရှေသို့ မနည်းမှီအောင်လိုက်ရသည်။
အင်တိုင်းတောထဲသို့ ဖြတ်စဉ် ရွာလူကြီးမှ လမ်းဆုံ လမ်းခွရောက်တိုင်း မိတ်ဆက်ပေးသည်။လမ်းခွရောက်၍ ဘယ်ညာလမ်းနှစ်ခွပြသည့်နေရာ အရောက် -ဒီဘက်လမ်းက ဝါးရုံလှဲရွာကိုသွားတာ၊ ဒီညာဘက်လမ်းက ရဲကုန်း ရွာကိုသွားတာပါ။
ကျနော်တို့ နှစ်ဖွဲ့ စလုံး အင်တိုင်းတောစပ်လမ်းနှစ်ခွ့ ကင်းချ၍မြေပြင်အနေအထားကိုစောင့်နားထောင်ရင်း ခေတ္တအနားယူကြသည်။ရုတ်တရက်မိုးကတပြုံတမကြီးရွာချလိုက်ပါသည်။ကျနော်တို့ သည်အင်ဖက်များခူး၍ တစ်ကိုယ်စာလုံအောင်စောင်းရင်း မိုးတိတ်သည့်အထိစောင့်နေ၏။မိုးကလည်းနိုဝင်ဘာလမှရွာရတယ်လို့ စိတ်ထဲ တစ်မျိုးဖြစ်နေမိသည်။ရာသီဥတုဖောက်ပြန်လို့ ပဲဖြစ်မှာပါလို့ ဖြေသိမ့်ရင်း -ဟိုးဝေးဝေးက မှိတ်တုတ်မှိတ် တုတ် မီးရောင်များ၊ အသံချဲ့ စက်မှသီချင်းသံများကြားနေရ၏၊ ဆောင်းတွင်းမို့ မပြောတတ်အေးလိုက်သည်မှာလွန်ရော၊ သွေးပူနေတုန်းမို အေးလို့ အေးမှန်း မသိ။
ကျနော်တို့ ဝါးရုံလှဲရွာ၏အရှေ့ တည့်တည့်ကို စစ်ကြောင်းရောက်နေပြီ။ရေတာရှည်သကြားစက်ဥသြဆွဲသံကအနီးကလေးမှအော်နေသည့် အလားအောက်မေ့ရသည်။ ရန်ကုန်မန္တလေး အမြန်ရထားကြီး ဟိုးခပ်ဝေးဝေးမှ ခုတ်မောင်းပြေးဆွဲသံကြားနေရသည်။ဝါးရုံလှဲရွာမှာ တောင်နှင့်မြောက်ရှည် လျှားသည်၊ ထို့ ကြောင့်ရွာကို တောင်ဘက်ရွာ၊မြောက်ဘက်ရွာဟူ၍ခေါ်ကြသည်။ကျနော်တို့ အဖွဲ့ စဝင်သည့် ဘက်မှာ မြောက်ဘက်ရွာဖြစ်သည်။ရဲကုန်းရွာမှာ ဝါးရုံလှဲရွာ၏မြောက်ဘက်တွင်တည်ရှိသည်။တစ်နာရီလောက်အသာလေးသွားရသည်ဟု နယ်ခံလူကြီးမှပြောပြသည်။ရွာထဲသို့ ဝင်ဝင်ခြင်း ရွာလူကြီးမှ ရွာသူ ရွာသားတွေကိုခေါ်ယူစုဆောင်းစေပြီး ကျနော်တို့ နှင့်တွေ့ ဆုံမိတ်ဆက်ပေးနေသည်။ ရွာသူရွာသားများမှာ တောထဲမှသူပုန်တွေကို အသေအချာစူးစမ်းနေ၏၊ ရယ်မောစကားဖွဲ့ ကြ။ကျနော်တို့ မှတဖန်တော်လှန်ရေး အ ကြောင်းရှင်းပြကြသည်။တစ်ဦးနှင့်ရင်းနှီးစွာဖြင့်။ ရွာလူထုမှ ဆေးလိပ်၊ရေနွေး၊ မုန့် ပဲသားရည်စာများတည်ခင်း ကျွေးမွေးကြသည်။
-ကိုလှမြင့်မရှိတော့ဘူး-ထွက်ပြေးသွားပြီး-
ဒီကောင်ရဲကုန်းရွာဘက်ကိုထွက်ပြေးသွားတာဖြစ်ရမယ်။
အဲဒီရွာမှာဟိုခွေးကောင်တွေရှိတယ်၊။
လှမြင့်သည် ဝါးရုံလှဲရွာတွင် ရန်သူ၏လက်ကိုင်ဒုတ်ဖြစ်သည်။ ရန်သူမှ ထိုသူကို ရွာသားတွေထံမှ ပေါ်တာကြေး ကောက်ခိုင်း၊ ကင်းကြေး၊ မီးကြေး၊ဘာကြေး၊ညာကြေးကောက်ခိုင်းသည်။ရန်သူနှင့်ပေါင်းပြီး ရွာသူရွာသားတွေ အပေါ်နှိပ်စက်မှုများပြုလုပ်ကြောင်း၊ ထို့ အပြင် တော်လှန်ရေးအဖွဲ့ အစည်းများ၏လှုပ်ရှားသွားလာမှုများကို ရန်သူ့ ထံသတင်းအမြဲပေးသည်ဟုလည်း ကြားဖူးသည်။ ယခုလိုတော်လှန်ရေးအဖွဲ့ အစည်းများ ရွာထဲရောက် လာတာသိ၍ သူ့ ကိုဖမ်းလိမ့်မည်အထင်နှင့် ရွာမှထွက်ပြေးသွားတာလည်း ဖြစ်လိမ့်မည်ဖြစ်ကြောင်း ရွာခံလူကြီး များပြောပြ၍သိရသည်။ထို့ ကြောင့် ကျနော့်တို့ အဖွဲ့ ယခုရောက်ရှိနေသည့် ရွာမှ အမြန်ဆုံးပြန်ထွက်နိုင်အောင် ကြိုးစားမှ ဖြစ်မည်ဟု ရဲဘော်ဇော်လွင်မှ အကြံပေးသည်။ကျနော်တို့ လည်းထိုရွာထဲတွင် (၃)နာရီခန့် မျှကြာ သွားသည်။အဖွဲ့ ခေါင်းဆောင်ရဲဘော်အောင်ကျော်မှရွာမိရွာဖများအားနှုတ်ဆက်ပြီး ရွာမှထွက်ခွာရန်မိမိတို့  အားတိုင်ပင်ထားသည်။ရန်သူသည်ကျနော်တို့ ၏ ဆုတ်လမ်းကိုမည်သည့်နည်းနှင့်မဆို စောင့်၍တိုက်ခိုက် နိုင်သည်။တိုက်ပွဲဖြစ်လိမ့်မည်ဟုစိတ်ထဲမှာတော့ တထင့်ထင့်။တိုက်ပွဲဖြစ်လျှင်ကျနော်တို့ တွင်ပါလာသည့် ရဲဘော်အချို့ မှာရဲဘော်သစ်သုံးလေးယောက်ပါသည်။ရဲဘော်သစ်များကိုစိတ်မချ၍ကျနော် ကိုယ်တိုင်ရဲဘော် ဇော်လွင်တို့ အဖွဲ့ နှင့် လိုက်ပါခွင်ပြုရန် ခွင့်တောင်းပြီး လိုက်ပါခဲ့သည်။ကျနော့်ထံမှ မီဇူဟို (ဆက်သွယ်ရေး စက်ကြီး) တစ်လုံးကို ရဲဘော်တစ်ဦးထံအပ်ပြီးပွိုင့်ထွက်သည်။
ကျနော်တို့ သည်တစ်ယောက်နှင့်တစ်ယောက်ငါးလံကွာမျှခွှာုလျှောက်ကြသည်။ဝါးရုံလှဲရွာမှစထွက်ထွက်ခြင်း ကွင်းပြောင်ကြီးတစ်ခုကိုဖြတ်ကျော်ရမည်။
နေဦးဟေ့- ရဲဘော်အောင်ကျော်တို့ အဖွဲ့ ကိုစောင့်ဦး၊ (ရဲဘော်ဇော်လွင်)
ဟေ့-မိုးစင်စင်လင်းတော့မယ်ကွ၊ငါတော့လူထုနှင့်တွေ့ ရလို့ ပျော်တယ်ကွာ(ရဲဘော်နွမ်ဂျာ)
အေကေမှ ဇင်ယော်ကြားလားဒါပဲ(ရဲဘော်ဇော်လွင်)
ကြားတယ်။ ကြားတယ် သုံးငါးရှိနေမယ် ရထားဖြစ်လား( ရဲဘော်အောင်ကျော်)
ကြားတယ် ကတုံးကြီးမှာဖြစ်နေတယ်။ အတိုလေးနဲ့ နှစ်သုံးလုပ်မယ်-သုံးငါးနဲ့ ဆက်ရှိမယ်၊
ရဲဘော်ဇော်လွင်စက်ပိတ်ပြီး သူကိုယ်တိုင်ရှေ့ မှပွိုင့်ထွကှ်ု ကျနော်က သူ့ နောက်မှ လိုက်ရသည်။ကွင်းပြင်ကိုငါးမိနစ်ခန့် ဖြတ်ရသည်။ကွင်းပြင်ထိတ်ရောက်သည့်နေရာတွင် နောက်ကအဖွဲ့ ကိုစောင့်မည်ဟု ရဲဘော်ဇော်လွင်မှပြောသည်။နေရာအကွက်အကွင်းမကောင်း၍အတွင်ဘက်မှာနားမည်ဟုထပ်ပြော၍ရှေ့  အတွင်းဘက်ကို တိုးလိုက်ကြသည်။
တကယ်လို့ တိုက်ပွဲဖြစ်ရင် အရင်ဆုံးမှောက်ချလိုက်၊ ဒါမှရန်သူပစ်ထုတ်လိုက်တဲ့ကျည်ဆံဟာ ကိုယ်ရဲ့ ချက် ကောင်းကိုမထိနိုင်မှာကွ။(ရဲဘော် ဇော်လွင်)။
လှည်းလမ်းကြောင်းအတိုင်းချီတက်လာစဉ်၊ တိတ်စိတ်မှုတစ်ခုကိုဖြိုခွင်းလိုက်သည်ကတော့-မိုးကြိုးပစ်သလို ဒိုင်း-ဒိုင်း-ဒိုင်း-ဒိုင်း-ဝုန်း-ဂျိမ်း-။
အလိုသေနတ်သံပါလား။ ရဲဘော်ဇော်လွင်သေနတ်ပေါက်တာလား၊ --ဟာမဟုတ်ဘူး--ရန်သူပစ်တာ--၊ ရန်သူမှကျနော်တို့ ကို နှစ်ဦးစလုံးကိုလက်နက် ကြီး၊လက်နက်ငယ်များဖြင့်တရစပ်ပစ်ခတ်နေတော့သည်။ဂငယ်ပုံစံဝိုင်းထား၍မည်သို့ မျှလှုပ်၍မရပါ။အင်တိုင်းတောလှည်းလမ်းကြောင်းကို ခွပြီး ဝိုင်းထားတော့မှ သေဖို့  ပဲရှိတော့မည်။သေနတ်တကမ်းပဲရှိတော့သည်၊
----အရှင်ဖမ်း--အရှင်ဖမ်း---အရှင်ဖမ်း--မလွှတ်စေနဲ့ --
ရဲဘော်ဇော်လွင်မှာ မီးခိုးမှိုင်းလုံးကြီးတွေထဲ ပျောက်လိုက်ပေါ်လိုက်နဲ့ ။
အလို--ကျနော့်ခေါင်းထဲ--ပူကနဲဖြစ်သွားသည်။-သွေးတွေဖြာကျ---အရည်တွေစေးကပ်ကပ်--ရန်သူ့ လက်တွင်းထဲ--သေပွဲဝင်ဖို့ --အချိန်ရောက်ပါရော့လား--ကျနော့်စိတ်တွေလေးနေ.၊ ကျောပြင်-အောင့်သက်သက်--အသက်ရှုဖို့ အခက်တွေ့ နေ၏၊
ကျနော်သေနတ်သံမှာလည်းရန်သူ့ ထံကို ပြန်လည်ပစ်နေပုံက --ဘာတွေဖြစ်ကုန်ပြီလဲ--စိတ်တို့ ငြိမ်သက်စပြုပြီ၊ တစ်ဘက်ရန်သူက တိုက်ပွဲ ဖြစ်သံတွေအပေါ်--လွှမ်းမိုးမင်းမူးနေ၏၊ --မကြာခင်သေရတော့မည်။အမေ့ဘုရားပန်းအိုး--ကျကွဲလောက်ရောပေါ့---နိမိတ်စိမ်းတွေမြင်လိုက်ပုံက။
--ကျား--နောက်ဆုံးပွဲသိမ်းလိုက်ပုံက၊ လှံစွပ်တွေ--ကျနော့်အနားကပ်လာပြီ--ရန်သူတစ်ယောက်--ကျနော့်ကို လှံစွပ်နဲ့ ထိုးဘို့ --လက်ကို အသာအယာ မလိုက်--ထို့ နောက်--ငါတို့ ရွာထဲကို ဆက်ကြည့်မယ်ဟေ့--လာကြ--လာကြ၊
နဖူးပြင်မှသွေးတို့ က --ရဲကနဲ--ရဲကနဲ--ကျလာလိုက်ပုံများ--အိမ်မက်တွေလား--တကယ်ဖြစ်တာလား--ဝေခွဲမတတ်---ဝေခွဲမတတ်။
ရဲဘော်ဇော်လွင် --သွေးတွေ--သွေးတွေ---သွေးတွေ၊ နွမ်းယဲ့ယဲ့။ ခန္ခာကိုယ်ကြီး--ကျနော်ပြေးပွေ့ မိ--သူစကားပြန်မပြောနိုင်တော့ဘူး။--ကျနော်မယုံဘူး--အာငွေ့ ထည့်လေမှုတ်ထုတ်--ဒါပေမယ့်--သူတော်လှန်ရေးအတွက် --လူထုအတွက်--အသက်ပေးဆပ်သွားခဲ့---။
ကြာကြာနေ၍မဖြစ်။အနောက်အဖွဲ့ အဆက်ပြတ်ပြီး အခြားလမ်းကြောင်းက ဆုတ်ခွာသွားလိမ့်မည်။အချိန်ကိုကြည့်လိုက်တော့ နိုဝင်ဘာလ တစ်ရက်။ နံနက်(၃)နာရီ၊ ရဲဘော်ဇော်လွင်--ကျုပ်ခင်ဗျားကိုအလေးနီပြုလိုက်ပါတယ်။
---မပြီးဆုံးသေးတဲ့ --စစ်အာဏာရှင် ပျက်သုန်းရေး တိုက်ပွဲကို --ဆက်လက်သယ်ဆောင်တိုက်ပွဲဝင်သွားဘို့ --ကျုပ်အလေးအနက်ဂတိပြုလိုက်ပါတယ်။
သူ့ ကိုနောက်ဆုံးအလေးပြုလိုက်တော့ --အံကြိတ်ထားရင်း---ကျလာသည့်မျက်ရည်ပူတို့ ကိုသုတ်--အလောင်းကိုစွန့် ခွာခဲ့ ရသည်။
သြော်--ဒီနှစ်ဆို ၂ဝဝ၃ခုနှစ်။ နိုဝင်ဘာလ(၁)ရက်ပါလား။မကဒတ(၁၅)နှစ်မြောက်။နှစ်ပတ်လည်နေ့  တောင်ရောက်ပြီ။ရဲဘော်နှင့်အတူ တော်လှန်ရေးမှာကျဆုံးခဲ့ရတဲ့ အညတရတော်လှန်ရေး ရဲဘော်တွေရဲ့  ဈာပနကိုဒီနေ့ အချိန်အထိကောင်းကောင်းမွန်မွန်ဆွမ်းသွပ်အမျှပေးဝေနိုင်မှုလုပ်မပေးနိုင်သေးပါလား။ရဲဘော်
ဇော်လွင်ရေ---သတိတွေအကြိမ်ကြိမ်ရနေတယ်ဗျာ။ဒီလိုနေ့ ကိုရောက်တိုင်း --ခင်ဗျားကိုတော်လှန်ရေး သစ္စာတွေ --အထပ်ထပ်ပြုရင်း--သူရဲကောင်းတို့ ဥဒါန်း--မကျဆုံးရစတမ်း--ကျုပ်ရွတ်ဆို ဦးညွှတ်နေတယ်ဗျာ။
ကျည်ဝေဖြိုး။
ဆက်လက်ဖော်ပြသွားပါမည်။
No comments:
Post a Comment