အင်းကြီးပေါက်တိုက်ပွဲ။(၁၉၉၇)။
အလုပ်အဖွဲ့၏အခြေခံဒေသထိုးဖောက်ရေးကာလမှာတစတစကြာမြင့်လာခဲ့ချေပြီ။လူထုသည်တော်လှန်ရေးအဖွဲ့
အစည်းနှင့်စည်းမျဉ်းကမ်းတွေအပေါ်၌နေသားကျစွာအခြေကျနေချိန်ဖြစ်၏။ရဲဘော်တွေ၏လူထုအတွေ့အကြုံမှာ
နည်းလှသည်မဟုတ်တော့။သို့သော်ထိုကဲ့သို့အချိန်ကောင်းနေချိန်အတွင်းဌာနချုပ်နှင့်ကျနော်တို့မှာ ဆက်သွယ် ရေးနှင့်ထောက်ပံ့ရေးလမ်းကြောင်းအရလွန်စွာအခက်အခဲရှိနေပေသည်။လက်ရှိဒေသ၏အရှေ့မြောက်
ဘက်တွင်ရန်သူနှင့်အပစ်ရပ်ထားသောတိုင်းရင်းသားလက်နက်ကိုင်ကယန်းပြည်သစ်ပါတီအဖွဲ့အစည်းရှိသည်။
ကယန်းပြည်သစ်နယ်မြေ၏အရှေ့တောင်ထောင့်တွင်(ကလလတ)ကယန်းလူမျိုးလွတ်မြောက်ရေးတပ်မတော် အဖွဲ့အစည်းရှိသည်။ထိုအဖွဲ့အစည်းမှာလည်း-၁၉၉၄ခုနှစ်ကာလောက်ကတည်းကရန်သူနဝတနှင့်အပစ်ရပ်ထား သည့်အဖွဲ့ဖြစ်သည်။တရားဝင်အရကျနော်တို့အဖွဲ့အစည်းများနှင့်အဆက်အသွယ်ပြုလုပ်၍မရပါ။ရန်သူ့ ထောက်လှမ်းရေးမှထိုအဖွဲ့အစည်းတာဝန်ရှိသူများကိုမကြာခဏခေါ်ယူမေးမြန်းမှုများပြုလုပ်သည်ဟုကြားသိရ၍အ
ဆက်အသွယ်မပြုလုပ်လိုကြ။တိုင်းရင်းသားလက်နက်ကိုင်အင်အားစုအချင်းချင်းနားလည်မှုလွဲမှားစေအောင် ရန်သူမှတစိုက်မတ်မတ်ပြုလုပ်နေတာတွေကိုတွေ့ရသည်။အထူးသဖြင့်ရပ်တည်နေရသည့်ဒေသသည်ကေအန် ယူလက်နက်ကိုင်အဖွဲ့အစည်း၏အုပ်ချုပ်ရေးနယ်မြေဖြစ်သည်။ရန်သူမှအပစ်ရပ်စဲထားသည့်ကယန်းပြည်သစ် ပါတီနှင့်ပဌိပက္ခဖြစ်အောင်ဖန်တီးနေသည်။ထိုနှစ်ဖွဲ့စလုံးတဖွဲ့နှင့်တဖွဲ့အမြင်မကြည်လင်မှုများဖြစ်ကြရသည်။ထိုအခါကျနော်တို့မကဒတအဖွဲ့အစည်းအနေနှင့်တော်လှန်ရေးအဖွဲ့အစည်းတွေ၏ညီညွှတ်ရေးအပေါ်မှာအခြေ ခံပြီးမဖြစ်သင့်တာမဖြစ်ရလေအောင်ကြားဝင်စေ့စပ်ပေးမှုများကိုအထက်ညွှန်ကြားချက်အရတာဝန်ယူပေးခဲ့ကြရ သည်။ထိုသို့သောအခြေအနေများဖြစ်နေချိအတောအတွင်းအထူးဒေသထိုးဖောက်ရေး၊စည်းရုံးရေးကိစ္စများ လုပ်ဆောင်ရန်အတွက်အောက်ကွင်းမှအင်းကြီးပေါက်ရွာသို့ရွေးချယ်လိုက်ကြသည်။ဒီတစ်ကြိမ်မှာလည်းယခင် လိုပုံစံအတိုင်းမဟုတ်ပဲအလုပ်အဖွဲ့(၂)ဖွဲ့ စုပေါင်းပြီးဆင်းရန်ဖြစ်သည်။ရဲဘော်ဒိုးဒိုးမှအလုပ်အဖွဲ့(၁)ဖြစ်ပြီးရဲဘော် အောင်ကျော်ဦးဆောင်သောအဖွဲ့မှာအလုပ်အဖွဲ့(၂)အဖြစ်ခွဲ၍ထိုးဖောက်ရေးရွာသို့ညအချိန်ကြီးဆင်းကြရသည်။ ရဲဘော်ဒိုးဒိုးဦးဆောင်သောအဖွဲ့ သည်ရေကန်ဒိုရွာစပ်မှစထွက်သည်။ကျန်အဖွဲ့မှာပိတောက်ကုန်းရွာနားမှဖြတ်ပြီး မြောက်မျဉ်းကြောင်းအတိုင်းဆင်းလာမည်။သစ်ဆွဲထားသည့်ကားလမ်းအတိုင်းသတင်းထောက်၍ဆင်းကြရ သည်။ဤလမ်းတွင်အောက်ကွင်းမှရွာသားအချို့တောင်ပေါ်သို့ညဘက်ရောက်မှတက်ရောက်ဈေးရောင်းကြ သည်။နေ့ဘက်တွင်မတက်ရခြင်းမှာရန်သူ့စစ်တပ်မှတောစပ်တွင်ကြိုစောင့်၍ဈေးတက်ရောင်းသူရွာသားများ ထံမှဓါးပြတိုက်သောကြောင့်ဟုသိရသည်။ကျနော်တို့အဖွဲ့အင်းကြီးပေါက်ရွာသို့ည(၇)နာရီကျော်ခန့်တွင်ရောက် သည်။ရွာအဝင်ဝ၌အင်းကြီးပေါက်ဘုန်းကြီးကျောင်းတစ်ကျောင်းရှိသည်။ကျောင်းရှေ့တည့်တည့်တွင်လူနှစ်ဘက် သာသာခန့်ရှိသောထန်းပင်ကြီးတစ်ပင်။စက်ငယ်ဖွင့်၍ပိတောက်ကုန်းဘက်မှထွက်လာမည့် ရဲဘော်အောင်ကျော် တို့အဖွဲ့ကိုကျနော်တို့စောင့်နေ၏။မကြာခင်နှစ်ဖွဲ့ပေါင်းမိသွားသည်။တပ်ခွဲတစ်ခွဲခန့်ရှိမည်။အင်းကြီးပေါက်ရွာမှာ အိမ်ခြေ(၁ဝဝ)ကျော်ခန့်ရှိမည်။ရွာသားများ၊လူထုများ၊တစ်ဘက်မှလည်းရန်သူနှင့်တိုက်ပွဲဖြစ်လိမ့်မည်စိုးရိမ်စိတ် နှင့်ကြောက်နေကြသည်ကတစ်ကြောင်း။တဘက်မှလည်းတော်လှန်ရေးအဖွဲ့အစည်းတွေကိုသူတို့ကိုယ်တိုင် မြင်ချင်၊တွေ့ချင်၍တကြောင်းနှင့်။လူထုကြီးမှာကလေးငယ်မှအစကျောင်းသားအလယ်၊ကာလသား၊ကာလသမီး အဆုံးတွေဆုံကြသည်။ယခင်လိုတိုက်ပွဲမဖြစ်စေရန်အတွက်အချိန်ကိုတန်ဖိုးထားပြီးအင်းကြီးပေါက်ရွာမှကျနော် တို့အဖွဲ့ အမြန်ဆုံးထွက်ရန်ပြင်ဆင်ကြသည်။
ဖြစ်ချင်တော့-အင်းကြီးပေါက်ရွာမှစစ်ကြောင်းစစ်ရေးသတိအထူးရှိစွာနှင့်ဖြတ်ရန်ရဲဘော်ဒိုးဒိုးမှပွိုင့်ထွက်ရဲဘော် ရှန်သိုကြီးအားမှာကြားနေသည်။မကြာမီစစ်ကြောင်းစထွက်ပြီ။အင်းကြီးပေါက်ရွာအထွက်--ဘုန်းကြီးကျောင်း ထန်းပင်ကြီးအနားအရောက်--အမှောင်ထဲမှစူးရှပြတ်တောက်သည့်အသံထွက်ပေါ်လာသည်။
----ဟေ့--ရပ်----ဘယ်သူလဲ
ထိုအခါပွိုင့်ထွက်ရဲဘော်မှကိုယ်လူမဟုတ်မှန်းသိ၍လမ်းမကြီးပေါ်၌အသာအယာထိုင်ချလိုက်သည်။အေကေ မောင်းပြန်သေနတ်ကိုလုံခြုံရေးခလုတ်အသာလေးဖွင့်လိုက်သည်။ရှေ့တွင်ရန်သူ့စစ်ကြောင်းအမြီးနှင့်ကျနော် တို့စစ်ကြောင်းခေါင်းတည်မိနေပြီ။ရဲဘော်ရှန်သိုသည်အေကေသေနတ်၏နဂိုချိန်ရွယ်ချက်ကိုပြင်လိုက်သည်။သေနတ်ကိုအပြားလိုက်အနေအထားထားလိုက်ပြီးရန်သူ့စစ်ကြောင်းကိုအမှောင်ထဲမှဝှေ့ဝိုက်၍တရပ်စပ်ကုတ်ချ လိုက်သည်။ထိုအခါသေနတ်သံများလယ်ကွင်းထဲတွင်ဝက်ဝက်ကွဲဆူညံကုန်သည်။တိုက်ပွဲကညတိုက်ပွဲ။ ရဲဘော်ရှန်သို၏နောက်မှကုလားကြီးမှာခွန်ကိုးမမကိုမတ်တပ်ရပ်ပြီးရန်သူ့စစ်ကြောင်းရပ်နေသည့်နေရာ၊သစ်ပင်ကြီး
ရှိရာသို့တည့်တည့်ပစ်ထုတ်လိုက်သည်။လက်နက်ကြီးကျကွဲသံများဝက်ဝက်ညံကုန်သည်။ယခုတိုက်ပွဲဖြစ်နေ သည့်ရန်သူ့စစ်ကြောင်းမှာရေတာရှည်လေးဘက်မှတိုက်ကင်းထွက်လာသောရန်သူခလရ(၂၃၄)တပ်ဖြစ်သည်။ ရန်သူများသည်တွေ့ ရာချုံထဲခေါင်းထိုးပြီး ---
---အရှင်ဖမ်း
---အရှင်ဖမ်း---ဟုအော်သံကြားနေရသည်။မကြာမီရန်သူ့ထံမှပစ်ထုတ်လိုက်သောဂျီသရီကျည်ဆံတစ်တောင့် ရဲဘော်ရှန်သို၏ဘယ်ဘက်ခြေထောက်သို့ ဖြတ်မှန်သွားသည်၊
---ထိပြီ
---ထိပြီ--
ငါ့ကိုထိပြီ--ဟုအနီးအနားမှရဲဘော်ကိုတီးတိုးပြောလိုက်သည်။ကျနော်တို့အဖွဲ့မှာရန်သူနှင့်ဘတပြန်။ကျားတပြန် တိုက်ပွဲဖြစ်နေသည်။ရန်သူသည်ကျနော်တို့ အဖွဲ့ ရွာထဲရှိမည်အထင်နှင့်လက်နက်ကြီးများတစ်လုံးပြီးတစ်လုံး ပစ်သွင်းနေသည်။
-----ဟေ့ကောင်---အရှင်ဖမ်းမယ်ဆိုတဲ့အကောင်--တက်ခဲ့ စမ်း။
----ကျောင်းသားတပ်မတော်ကွ။ မင်းတို့ ကို မကြောက်လို့ --တော်လှန်ရေးလုပ်နေတာကွ။
--ငါ့ကိုထားခဲ့--အေကေသေနတ်နဲ့ ကျည်ငါးတောင့်ထားခဲ့။
ရဲဘော်ရှန်သို၏စိတ်ဓါတ်ကျသံ။သူစိတ်ဓါတ်ကျမည်ဆိုလည်းကျလောက်ပါသည်။ဒါဏ်ရာရထားသည့်နေရာနှင့် အရှေ့ တောင်မှာ(၃)နာရီ ခန့်ဝေးသည်။
---ဘာပြောတယ်။ ထားခဲ့ ရမယ်ဟုတ်လား။
---မင်းကိုလုံးဝမထားခဲ့နိုင်ဘူး။
--မင်းနဲ့ အတူ ဒီတိုက်ပွဲမှာငါတို့ အသေခံမယ်-အားမငယ်နဲ့ --
ငါတို့ ရှိတယ်။
ကျနော့်မျက်ရည်တို့အတိုင်းမသိစို့တက်လာသည်။ရဲဘော်ရဲဘက်စိတ်ဆိုတာဒီလိုတိုက်ပွဲတွေမျိုးမှာတွေ့ခဲ့ရ သည်။ဒေါသလည်းထွက်။အင်းကြီးပေါက်ဘုန်းကြီးကျောင်းဝင်းထဲမှဖြတ်၍လယ်ကွင်းအစပ်တွင်ရှိသောတဲကုတ် ထဲမှ တဲတိုင်ကို ဇောဖြင့်နှုတ်နေမိသည်။
--ဘာမှစိတ်မပူနဲ့-ဒါဏ်ရာကဘာမှမဖြစ်ဘူး-ဟုရဲဘော်ပံသုမှပြောလည်းပြော။လက်တဘက်မှလည်းဆေးထိုး အပ်ဖြင့်ကျွမ်းကျင်စွာထိုးနေပုံ။ရဲဘောရှန်သို၏ဒါဏ်ရာမှာညာဘက်ခြေထောက်ခြေသလုံးအရိုးမကြီးကိုဖြတ်မှန် ထားရာထိုအရိုးမကြီးမှာကျိုး၍အသားစများဖွာလန်ကျဲနေပြီးသွေးများပန်းထွက်နေသည်။စိတ်ထဲ၌သိလိုက်ရတာက
တော့ခြေထောက်ဖြတ်ရတော့မည်။ဒီအတွေးတွေတွေးပြီးတိတ်တဆိတ်ငိုကြွေးသံများညယံ၌တီးတိုးကြားနေရသ လို။
ရန်သူသည်သူ့ဘက်တွင်အထိနာ၍ရှေ့ဆက်မတိုးနိုင်ဘဲစစ်ကူးခေါ်သံအတိုင်းသားကြားနေရသည်။ကျနော်တို့ယာ
ယီပစ်ခတ်နေသည့်နေရသည်နေရာမှာလယ်ကစင်းရိုးကိုအကာအကွယ်ယူပြီးပစ်နေရသည်။
ရဲဘော်ရှန်သိုကိုစစ်ပုခက်ဖြင့်ထမ်းပိုးကြသည်။လရောင်ကမိုးလင်းလုနီးမို့လားမပြောတတ် လယ်ကွင်းပြင်တခုလုံး ထိန်ဝါနေသည်။စိုးရိမ်သောကစိတ်တွေဖြင့်အရှေ့တောင်သို့အမြန်ရောက်စေချင်သည်။
----ဟေ့ --ရှေ့ ကလယ်ကွင်းကြီးကိုဖြတ်လိုက်--ဆိုတော့လမ်းပြက--
---အဲဒါလယ်ကွင်းမဟုတ်ဘူးဆရာ--အင်းကြီးပါ--
ဒီအင်းကိုအင်းကြီးပေါက်လို့ခေါ်တယ်။ဒီအင်းကြီးကဆင်တောင်သေတယ်-ဆိုတော့-ကျနော်လည်းဘာမျှပြန်မ ပြောနိုင်တော့။အင်းကြီး၏ဘေးပတ်ပတ်လည်မှကွင်း၍နှောက်ချေးခြောက်တောင်ခြေသို့အရောက်ထမ်းကြ သည်။ရဲဘော်ရှန်သို၏ခန္ဒာကိုယ်မှာပုခက်ဖြင့်ထမ်းသည့်အခါအတော်လေး၏။မကြာခင်လူလဲ၍ထမ်းကြရသည်။ရှေ့ကပွိုင့်ထွက်သူများကကြိုတင်ကာကင်းယူပေးရသည်။ဖြတ်လျှောက်ရသည့်လမ်းများမှာကျောက်တောင်တွေ ဖြစ်သည်။တခါတရံတောင်နံရံများကိုအထမ်းဖြင့်တက်သည့်အခါများတွင်ခက်ခက်ခဲခဲနိုင်လှသည်။လမ်း တစ်လျှောက်တွင်သွေးစများအင်ဖက်ခြောက်များပေါ်တွင်ကျခဲ့၏။ထိုအင်ဖက်များကိုရန်သူမှခြေရာကောက်ပြီး ကျနော်တို့နောက်သို့ခြေရာခံလိုက်လာနိုင်သည်။ထို့ကြောင့်ခြေရာခှုံမရအောင်ခြောက်သွေ့နေသောတောကြီးကို မီးရှို့ခဲရသည်။
မိုးလင်းစပြုပြီ။ဘယ်နေရာရောက်နေသည်မသိ။ပါတ်ဝန်းကျင်တခုလုံးတောမီးခိုးတွေဖြင့်အူ၍ဖုံးလွှမ်းနေသည်။မကြာမကြာတောကြက်တွန်သံကြားရသည်။လှည်းလမ်းကြောင်းပေါ်၌တောင်ပေါ်တက်သည့်နွားလှည်းမောင်း သံကြားနေရသည်။ကျနော်တို့အဖွဲ့မှာလမ်းကြောင်းအတိုင်းမဖြတ်တော့-တောတိုး၍စခန်းရှိရာသို့တဖြည်း ဖြည်းနှင်ကြရသည်။တညလုံးမအိပ်ပဲတိုက်ပွဲဖြစ်ခဲ့သည်။ခရီးနှင်ခဲ့သည်။ရေကမရှိနွမ်းဟိုက်၏။တယောက် မျက်နှာတယောက်ကြည့်ဟန်ဆောင်အပြုံးများဖြင့်အပူအပင်တွေကိုအကာအကွယ်ယူရင်းရဲဘော်ရှန်သိုအား စိတ်ဓါတ်မကျရလေအောင်ရယ်မောစရာများပြော၍နှစ်သိပ်ကြ။
ရွက်စည်ပိုင်းရွာမှရွာသားအချို့ကျနော်တို့ရှိရာသို့ရောက်လာကြသည်။ထမင်းထုတ်များ၊ရေဗူးကိုယ်စီဖြင့်၊ ကျနော်တို့အားတက်ဝမ်းသာမိသည်။သူတို့မှယခုနေရာတွင်ကြာကြာမနေရန်နှင့်ယခင်စခန်းသို့အရောက်သွား ရန်တိုက်တွန်းကြသည်။ရဲဘော်ရှန်သိုအားရွာသားများမှတလှည့်စီထမ်းထုတ်သွားကြသည်။စခန်းဟောင်းသို့ ရောက်မှစိတ်ဒုန်းဒုန်းချ၍အနားယူလိုကြသည်။ရဲဘော်ရှန်သိုကြီးကိုတော့ဆေးမှုးမှဒိုင်ယာစီဗင်ထိုးပေးပြီးသက် သောင့်သက်သာအနားယူစေသည်။
နောက်တစ်နေ့-နံနက်တွင်မနေ့ကတိုက်ပွဲဖြစ်ခဲ့သည့်သတင်းပြန့်နှံ့သွားသည်။ခလရ(၂၃၂)စစ်ကြောင်းနှင့်ကျ နော်တို့အလုပ်အဖွဲ့ တိုက်ပွဲဖြစ်ရာတွင်ရန်သူ့ဘက်မှတပ်ကြပ်ကြီး(၁)ဦးမှာခွန်းကိုးမမထိ၍သေဆုံးသွားကြောင်း။ တပ်သား(၂)ဦးပါကျဆုံးကြောင်း။အချို့ဒါဏ်ရာအနည်းအငယ်စီရသွားကြောင်းသိရသည်။ပိုမိုခိုင်မာသည်က နံနက်ခင်းတွင်-အင်းကြီးပေါက်ရွာထဲသို့ကားဖင်ထိုး၍ရန်သူမှဒါဏ်ရာရသူများကိုကားဖြင့်တောင်ငူဘက်သို့ သယ်ဆောင်သွားကြောင်းသိလိုက်ရသည်။
ကျည်ဝေဖြိုး
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment