Sunday, June 13, 2010

နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာအပိုင်း(၁၄)


ကယန်းပြည်သစ်ရောက်မကဒတတပ်ဖွဲ့ဝင်အချို့ သည်လွိုင်ကော်ထောက်လှမ်းရေး(၂၇)၏ဖိအားပေးမှုကြောင့် (၂၅)ရက်၊အောက်တိုဘာ၁၉၉၈တွင်ကားဖြင့်လွိုင်ကော်နှင့်လိပ်သိုလ်အကြားကားလမ်းသို့လိုက်ပို့ပေးသည်။ ထိုကားလမ်းမှကျနော်တို့ ဖြတ်ဆင်းပြီးဒေါလီရွာသို့ရောက်သည်။၎င်းရွာတွင်တညအိပ်ပြီးနံနက်မိုးမလင်းမှီခရီး ထွက်ဘို့ ပြင်ဆင်ကြသည်။ကျနော်တို့ခရီးထွက်ရမည့်လမ်းကြောင်းမှာကလလတအုပ်ချုပ်ရေးနယ်မြေသို့  ဖြစ်သည်။ မူရ်ငးလမ်းအတိုင်းသွားလျင်နေ့ဝက်နှင့်ရည်မှန်းချက်သို့ရောက်နိုင်သည်။သို့သော်သတင်းပေါက်မည် စိုး၍လမ်းကြောင်းအတိုင်းမသွားပဲတောတိုး၍ခရီးတွက်ရသည်။ကယန်းပြည်သစ်ဒေသအစပ်နှင့်ကလလတဒေ သအစပ်အကြား တောင်များမှာ မြင့်မားမို့ မောက်လှသည်။ တခါတရံမတ်စောက်လှ၍ အတက်ဆိုးလှသော တောင်များမှတဆင့်ခက်ခက်ခဲခဲပြန်ဆင်းပြီးချောင်းကြို၊ချောင်ကြားတွေကို ဖြတ်ကျော်ရပြန်သည်။ကျနောတို့ခ ရီးထွက်တွင်ဒီနေ့အဖို့ အရောက်ချီတက်ရမည့်နေရာမှာကလလတအတွင်းရေးမှုး ဗိုလ်မှုးရွှေဝါသစ်တောရုံးသို့ ဖြစ်သည်။ ကျနော်တို့အဖွဲ့ အားလမ်းပြအဖြစ်ကယန်းပြည်သစ်ဥက္ကဌရုံးမှရဲဘော်အောင်ကျော်မှဦးဆောင်သည်။ တောင်ကြောရေစပ်များတွင်ကျွန်းသစ်တုံးကြီးများ အစီအရီတွေ့ ရသည်။ ခရီးထွက်နေစဉ်အတွင်း ခပ်ဝေးဝေး တောင်ကြောများအပေါ်မှကားသံအချို့ ကြားရသည်။ထိုကားသံသည်ရာဒိုသို့ သွားသောကားဖြစ်ကြောင်း လမ်းပြ ရဲဘော်မှရှင်းပြသည်။ ကျနော် တို့ အဖွဲ့ တွင် အိမ်ထောင်သည်(၂)ဦးပါသဖြင့်ခရီးထွက်ရာတွင်အတော်အခက် အခဲဖြစ်ရသည်။ရဲဘော်တစ်ဦး၏ဇနီးမှာကိုယ်လေးလက်ဝန်ကြီးဖြင့်။ကလလတသစ်တောရုံးသို့ည(၁၉းဝဝ)နာရီ လောက်မှရောက်ကြသည်။သစ်တောရုံးသို့ မရောက်မှီ ရေစီးကြမ်းသည့်ထူးချောင်းကြီးကိုဖြတ်ကူးရသည်မှာအ သဲတအေးအေးဖြစ်မိသည်။ ချောင်းအကျယ်မှာကျဉ်းသော်လည်း ချောင်းတဘက်ကမ်းသို့ ကူးရန် သစ်တုံး တစ် တုံးတည်းဖြင့်ကန့်လန့်ဖြတ်ခင်းထားသည်။ဘေးတဘက်တချက်တွင် လက်ကိုင်စရာတစုံတခုမှမရှိ။ ကူးရသည်မှာ မလွယ်ကူလှ။ ပြုတ်ကျသွားလျင်ထိုရေစီး၏သယ်ဆောင်ရာသို့ တဟုန်ထိုးပါသွားနိုင်သည်။ကျနော်တို့ အဖြေင့် ကူးနိုင်သော်လည်း အိမ်ထောင်သည်ရဲမေ(၂)ဦးကူးမှကူးနိုင်ပါ့မလားလို့ရင်တမမဖြင့် တဘက်ကမ်းမှစောင့်ရင်း ကြည့်နေမိသည်။ရဲဘော်များမှရဲမေ(၂)ဦး အထုတ်အပိုးများကိုခွဲဝေယူဆောင်ကြပြီး၎င်းတို့ (၂)ဦး အလွယ်အပိုး မပါ ဒီအတိုင်းကူးစေသည်။ရဲမေ(၂)ဦးမှာစိတ်ဓါတ်ခိုင်မာစွာဖြင့် ထူးချောင်း၏ရေစီးကြမ်းလှသောအခက်အခဲကို ကျော်လွှားနိုင်ခဲ့ကြသည်။ထိုတစ်ညပင်ပန်းနွမ်းနယ်စွာအိပ်စက်အနားယူလိုက်ကြသည်။

ကျနော်တို့ အဖွဲ့မှာကလလတသစ်တောရုံးတွင်(၅)ရက်မျှနေထိုင်အနားယူကြပြီးအောက်တိုဘာလ(၂၉)ရက်နေ့၊ နံနက်(၉းဝဝ)နာရီတွင်ရှေ့ ခရီးဆက်ကြသည်။လမ်းခရီးလုံခြုံရေးအတွက်သေနတ်(၅)လက်ကိုယူဆောင်ခဲ့သော် လည်းထိုသစ်တောရုံးမှထားခဲ့ရမည်ဆိုပြန်သောကြောင့်ထားခဲ့ရပြန်သည်။မြတ်နိုးယုယစွာထွေးပိုက်ခဲ့ရသော သေနတ်နှင့်ကျည်ဘောက်အချို့ ကို နောက်ဆုံးအလေးပြု၍ပေးလိုက်ရပြန်သည်။ စိတ်ထဲနစ်နစ်သည်းသည်း ခံစားလိုက်ရသည်။လမ်းပြမှာယခင်လမ်းပြမဟုတ်ပဲရဲဘော်တစ်ယောက်မှ ပို့ ပေးမည် ဖြစ်ကြောင်းသိရသည်။ အုပ်ချုပ်ရေးဒေသအတွင်းရှိရွာများ၏အမည်များကိုမေးရင်းစကားတပြောပြောနှင့်တောတွေကို တတောပြီး တတောတတောင်ပြီးတတောင်ကျော်ဖြတ်နေရသည်။ဟာအို(ပလဲ့)၊ဝယ်ဒိုးသာ(ရွာသစ်၊ရွာဟောင်း)၊ယူလီးခို (ဂေကော)ဂိတ်စခန်းစသည့်ရွာများဖြတ်ပြီးယူလီးခိုတွင်ကျနော်တို့အဖွဲ့ နားကြသည်။ယူလီးခိုရွာအရှေ့ဘက်တွင် နွားကုန်သည်များစခန်းချအနားယူသည့်ဝါးတဲတစ်ခုတွင် စခန်းချစေသည်။ညဘက်အိပ်လို့တိတ်ဆိတ်၍ အိပ်မော ကျချိန်လောက်တွင်ဝါးတဲတဘက်တချက်မှချုံနွယ်များကိုတိုးပြီးအုပ်လိုက်တောတိုးသံ ကြားရ၍ ရဲဘော်များ အားလုံးအလန့် တကြားဝါးတဲပေါ်မှထ၍လွတ်ရာလွတ်ကြောင်းထွက်ပြေးကြကုန်သည်။အမှန်ကချုံတိုးလာသော အသံမှာရန်သူမဟုတ်ပဲနွားများဖြစ်နေ၍ငိုအားထက်ရယ်အားသန်နေမိသည်။သို့သော်ထိုသို့ အဖြစ်မျိုး နွားမ ဟုတ်ပဲရန်သူသာအမှန်တကယ်ဖြစ်ခဲ့မည်ဆိုလျင်ကျနော်တို့၏ဘဝမှာရန်သူ၏သေနတ်သံအောက်မှာအသက် အားလုံးပျောက်သွားကြမည်ကိုတွေးရင်းဖြင့်ဝမ်းနည်းအားငယ်မှုများဖြစ်ခဲ့ရသည်။
ကျနော်တို့အဖွဲ့သည်ယူလီးခို(ဂေကော)ဂိတ်စခန်းမှ နိုဝင်ဘာလ(၃)ရက် ၁၉၉၈၊နံနက်(၇းဝဝ)နာရီတွင်ခရီး ဆက်ကြရာလို့ဒေး၊ဘေခီး၊လပါခီးရွာများသို့ ဖြတ်ကျော်ရသည်။ကလလတဒေသသည်လည်း ကယန်းပြည်သစ် ဒေသလိုပဲတောင်များမှာတောင်ယာများအထပ်ထပ်ခုတ်ထား၍သစ်ကြီးဝါးကြီးပင်များမတွေ့ ရသလောက်ရှားပါး သည်။ဘရယ်စော်ရွာဝသို့ကျနော်စတင်ဝင်ရောက်ရာတွင်စစ်ယူနီဖောင်းနှင့်အဖွဲ့တဖွဲ့ကိုအိမ်တစ်အိမ်၌တွေ့နေ ၏။ပထမရင်ထဲထိတ်သွားသည်။ရန်သူ့တပ်များဖြစ်နေမလား၊လေးဆယ်မမကျည်တွဲ အီကွန့်မင့်ကို တဲ၏ဝါးအစွန်း တွင်ချိတ်ထားသည်ကိုတွေ့ရသည်။အီကွန့်မင့်တွင်ပုဝါအနီကိုလည်းတွေ့ရသည်။ကျနော့်မှာရှေ့သို့ဆက်မတိုးရဲပဲ လမ်းပြဖြစ်သူအား နောက်လှည့်သတင်းပို့ သည်။လမ်းပြမှစက်ဖွင့်၍ ထိုအဖွဲ့ အား ဆက်သွယ်ရာထိုအဖွဲ့မှာရန် သူ့အဖွဲ့မဟုတ်ပဲကေအန်ပီပီမှလှုပ်ရှားတပ်ဖွဲ့ ဖြစ်နေမှန်းသိရသည်။တပ်ကြပ်ကြီးဖြစ်သူရဲဘော်မှာယခင်က မကဒတတပ်ရင်း(၃ဝ၃)တွင် တာဝန်ထမ်းဆောင်ခဲ့ဘူးသောရဲဘော်ဖြစ်မှန်းနောက်မှသိရသည်။ ထိုရဲဘော်များမှကျနော်တို့၏ဖြစ်စဉ်များကိုနားလည်ပြီးအစစကူညီပေးရှာသည်။ကျနော်တို့အားယခုလာသည့် လမ်းကြောင်းအတိုင်းရှေ့ဆက်မတိုးဖို့အကြံပေးသည်။ဖားဆောင်းဂွင်တွင်ကျနော်တို့သတင်းကိုအတိအကျရထား သောရန်သူမှတပ်များအခိုင်အမာချထားကြောင်းသိရ၍ထိုခရီးကိုရှေ့ဆက်ဖို့ မစဉ်းစားတော့ရန်ကျနော်တို့ဆွေး နွေးတိုင်ပင်ကြသည်။ထို့ကြောင့်ထိုခရီးမဆက်ပဲလမ်းဘေးတောင်ယာတဲ၌တညနားလိုက်ကြသည်။ ထိုတစ်ညရေမရှိ၍တမင်းတရက်ငတ်ခဲ့ကြသေးသည်။
ထိုဒေသတွင်ကေအန်ပီပီမှနယ်မြေခံများနှင့်ကလလတနယ်မြေတာဝန်ခံများမှာနားလည်မှုရယူထားကြသည်။ ကေအန်ပီပီကလည်းကလလတရဲဘော်များကိုမလွဲမရှောင်သာမှတွေ့ခဲ့ရင်တောင်တိုက်ပွဲမဖြစ်ရန်။ ကလလတ ကလည်းကေအန်ပီပီတပ်များလှုပ်ရှားသွားလာကြတာကိုတွေ့လျင်တိုက်ပွဲမဖော်ဆောင်ရန် ညွှန်ကြားထားသည် ဟုသိရသည်။ထိုနယ်မြေမှာကေအန်ပီပီနှင့်ကလလတ(၂)ဖွဲ့ ၏ဆုံချက်အကောက်အခွန်ဒေသများဖြစ်ကြသည်။ ထို့ ကြောင့်အကျိုးစီးပွားအရရေရှည်အကျိုးကိုမျှော်ကိုးပြီးတိုက်ပွဲမဖြစ်ကြခြင်းဖြစ်သည်။
ကျနော်တို့ကရိန်နီလမ်းကြောင်းအတိုင်းခရီးထွက်ဖို့သဘောတူဆုံးဖြတ်ချက်ချလိုက်သည်။နောက်ထပ်လမ်း ကြောင်းစဉ်းစားရာတွင်ယခုကရိန်နီနယ်စပ်တောင်ကြောများကိုဖြတ်ပြီးအနောက်တောင်ထောင့်ကေအန်ယူ ဒေသသို့ ဖြတ်ချိုးဝင်ရန်စဉ်းစားဆုံးဖြတ်ခဲ့ကြသည်။ယခုကျနော်တို့စခန်းချသည့်နေရာမှာကလလတအုပ်ချုပ် ရေးဒေသအတွင်းမှတောသီးဖိုရွာတွင်ဖြစ်သည်။တောသီးဖိုရွာ၏အောက်တွင်ဖဲလော်ချောင်းရှိသည်။ဖဲလော် ချောင်းကိုကျော်ပြီးမှကေအန်ယူနယ်စပ်ကိုရောက်မည်။လမ်းခရီးမှာရက်ပိုင်း၊လပိုင်းလောက်အထိကြာနိုင်မည် ဟုခန့် မှန်းကြသည်။ အဘယ်ကြောငါ့ဆိုသော် ရန်သူ့ အခြေအနေနှင့်ကျနော်တို့၏ခရီးစဉ်ကိုသတင်းမပေါက် ကြားအောင်လျို့ ဝှက်စွာထွက်ခွာရန်အတွက်ကြောင့်ဖြစ်သည်။(၂၇)ရက်၊နိုဝင်ဘာ၁၉၉၈နေ့တောသီးဖိုရွာမှ စထွက်ရာ(၂၉)ရက် နိုဝင်ဘာ၁၉၉၈နေ့ တွင်ကရိန်နီထိန်းချုပ်ရာမီးခါးတဲရွာသို့ ရောက်ရှိသည်။လမ်းခရီးတွင် ရွာအချို့ မှာရန်သူမှမီးရှို့ထား၍အိမ်တိုင်များမှာမီးကျွမ်းထား၍မီးသွေးချောင်ကြီးတွေအလားတွေ့ရ၏။ခရစ် ယာန်ဘုရားကျောင်းများမှာယိုယွင်းပျက်စီး၍ချုံနွယ်များအကြားတည်ရှိနေတာတွေ့ရပြန်သည်။ဘုရားကျောင်း ထဲတွင်အိမ်မွေးဆိတ်များ၏ချေတုံးများ၊သခင်ယေရှု့ ရုပ်ပုံကားချပ်မှာယိုယွင်းပျက်စီးနေတာတွေ့ရ၍ စိတ်မ ကောင်းဖြစ်မိရုံကလွဲပြီးဘာများတတ်နိုင်ဦးမှာလဲ။နာမည်ကြီးလှသည့်ဘွီးကော်ဘွားခီးတောင်ကြောကိုအဝေးမှ လှမ်းတွေ့နေရသည်။ကျနော်တို့အဖွဲ့ဘွီးကော်ဘွားခီးသို့(၂းဝဝ)နာရီကျော်မျှသွားရသည်။ထိုတောင်သို့မရောက် မှီမီခါးဒေး(ရွာပုန်း)ရွာမှာပဲစခန်းချဖြစ်သည်။
မီးခါးဒေးရွာတွင်စခန်းချစဉ်။ရွာထဲလှည့်ပတ်အကဲခတ်လေ့လာရာတွင်ကရင်တိုင်းရင်းသားများမှာဆင်းရဲကြတ် တည်းစွာဖြင့်လုပ်ကိုင်စားသောက်နေထိုင်ရသည်ကိုတွေ့ ရသည်။ရွာတွေကိုစစ်တပ်မှမီးရှို့ ပြီးနောက်ရွာသားများ မှာယခင်ရွာထဲ၌မနေလိုကြတော့ပဲရွာပုန်းများအဖြစ်စုဖွဲ့နေထိုင်ကြရသည်။ရွာပုန်းများတွင်အခြေခံပညာရှိသော ကျောင်းဆရာ၊တစ်ယောက်စ၊နှစ်ယောက်စ၊နှစ်ယောက်စမှရွာထဲမှကလေးများကိုပညာသင်ပေးကြရသည်။ ထိုကလေးများမှာကျနော်တို့ကိုတွေ့လျင်ကျနော်တို့မှဗမာစကားပြော၍အတော်ကြောက်ရွံ နေပုံရသည်။ ခေတ်၏ဆိုးကြိုးများကိုဤကလေးတွေခါးသည်းနာကျည်းစွာခံစားနေရသည်ကိုကြည့်ရင်းကျနော်၏ရင်ထဲ နင့်သည်းစွာခံစားရသည်။ရွာသားများမှာ၎င်းတို့တောင်ယာထွက်သီးနှံများကိုနောက်လွယ်ပုလိုင်းထဲသို့ကိုယ်စီ ထည့်၍မနက်ခရီးထွက်ဘို့ ပြင်ဆင်နေကြသည်ကိုကြည့်ရင်းမေးမြန်းကြည့်မိရာမနက်တွင်ရာဒိုသို့ခရီးထွက်ပြီး ယခုသီးနှံများကိုမြို့ပေါ်တွင်ဆားဖြင့်လည်းကောင်း၊လဲလှယ်ရန်အတွက်ဖြစ်သည်ဟုသိရ၍ ဆက်သွယ်ရေး လမ်းကြောင်း၏အခက်အခဲကိုဤဒေသတွင်တွေ့ရပြန်သည်။မူခါဒေးရွာ၏အရှေ့တည့်တည့်ဘွေမိုခီးဆိုသည့် တောင်ကြောပေါ်တွင်ကားလမ်းဖောက်လုပ်ထားသည်ဟုသိရသည်။ထိုကားလမ်းမှာတောင်ငူ၊မော်ချီး၊ ဖားဆောင်း၊လွိုင်ကော်စသည်မြို့ များသို့စစ်သုံးကားလမ်းအဖြစ်ဖောက်လုပ်ထားသည်။
မီးခါးဒေးရွာတွင်နေစဉ်။ကေအန်ယူဒေသ၊ခရီးလမ်းကြောင်းစကားစမြည်မေးမြန်းတီးခေါက်ကြည့်သည်။ လက်ရှိရွာနှင့်ကေအန်ယူတပ်မဟာ(၂)သံတောင်မြို့နယ်အတွင်းရှိရှိုခိုရွာမှာခြေကျင်လျှောက်သော်(၆)နာရီခန့်  သွားရမည်ဟုဒေသခံတစ်ဦးမှပြောပြသည်။ရှိုခိုနှင့်အနီးတဝိုက်မောသူးတဲရွာဘက်တွင်သံတောင်မြို့ နယ် ကေအန်ယူလှုပ်ရှားတပ်ဖွဲ့များလှုပ်ရှားနေသည်ဟုသတင်းရသည်။ထိုဒေသများမှာကျနော်ကျင်လည်ခဲ့ဘူးသော ဒေသများဖြစ်၍စိတ်ထဲဝမ်းသာမိသည်။
ကျနော်တို့အဖွဲ့ သည်(၂၁)ရက်၊ ဒီဇင်ဘာ၁၉၉၈နေ့တွင်တပ်မဟာ(၂)တောင်ငူခရိုင်သို့ရောက်ရှိသည်။ ထိုအချိန် တောင်ငူခရိုင်အတွင်းရေးမှုးမှာဗိုလ်လှငွေဖြစ်ပါသည်။ကျနော်တို့အဖွဲ့ထဲမှအချို့သည်နောက်တန်းသို့ ပြန်ရန်ပြင် ဆင်ကြသည်။၎င်းတို့သည်ကေအန်ယူအုပ်ချုပ်ရေးနယ်မြေများမှဖြတ်သန်းရင်းကေအန်ယူနယ်မြေတာဝန်ရှိ တပ်မှုးများနှင့်တိုင်ပင်ပြီးနောက်တန်းဗဟိုဌာနချုပ်သို့ဒီဇင်ဘာလအတွင်းမှာပဲခရီးဆက်ထွက်သည်။ကျနော့်မှာ အလုပ်အဖွဲ့တာဝန်ရှိသူများ၏တာဝန်ပေးချက်အရလက်ရှိတပ်တပ်မဟာ(၂)ကေအန်ယူ ခရိုင်ရုံးတွင်နေခဲ့ရန် ဖြစ်သည်။ရန်သူမှကေအန်ယူတပ်မဟာ(၂) အုပ်ချုပ်ရေးဒေသများကိုစစ်ကြောင်းများဖြင့် ရွာတွေထဲဝင်ပြီးအမျိုး သမီးများတွေ့လျင်အဓမ္မပြုကျင့်၊ရွာတွေကိုမီးရှို့ ၊ရွာသားများကိုကေအန်ယူအမာခံများဟုစွပ်စွဲပြီး ရက်ရက်စက် စက်သတ်ဖြတ်ကြသည်။ရွာသားများမှာကြောက်ရွံ့ ကြ၍ ရွာတွေထဲ၌မနေလိုကြပဲရွာပုန်းများဖြင့် နေထိုင်ကြရ သည်။ထိုသို့အုပ်ချုပ်ရေးအခြေအနေဆိုးရွားနေချိန်အတွင်းကေအန်ယူမှနိုင်ငံရေး၊ စည်းရုံးရေးဗဟိုတာဝန်ရှိသူ များမှကစဥ့်ကလျားရှိနေသောရွာသူ၊ရွာသားများကိုပြန်လည်စုစည်းပြီးရွာသားများလုံခြုံမှုရှိစွာ နေထိုင်နိုင်ရန် အတွက်ဒေသအတွင်းစည်းရုံးရေးကော်မီတီများဖွဲ့ ကြသည်။ကေအန်ယူဗဟိုမှပဒိုကနဲလေမှာ စည်းရုံးရေးတာဝန် ဖြင့်ကြောင်းသိရသည်။၎င်းမှကျနော့်အားအေဘီအက်စ်ဒီအက်ဖ်အဖွဲ့ အစည်းကိုယ်စား ယခုစည်းရုံးရေးခရီးစဉ် တွင်၎င်းတို့နှင့်လိုက်ပါပေးရန်ဆို၍ကျနော်လည်း၎င်းတို့နှင့်အတူရွာများသို့စည်းရုံးရေးခရီးဆင်းဖြစ်ကြသည်။ ရွာသားများမှာကေအန်ယူ၊အေဘီအက်စ်ဒီအက်ဖ်ပူးတွဲစည်းရုံးရေးခရီးဆင်းလာ၍ အားတက်ဝမ်းသာကြတာတွေ့ ရသည်။လက်ရှိနိုင်ငံရေးအခြေအနေ၊ကေအန်ယူ၏တော်လှန်ရေးအခြေအနေ၊အေဘီအက်စ်ဒီအက်ဖ်၏လက် နက်ကိုင်တော်လှန်ရေးနှင့်ရှစ်လေးလုံးအတွေ့ အကြုံရှင်းလင်းချက်များကိုရွာလူထုနှင့်အတူပြောကြဆိုကြ၊ ဆွေးနွေးကြ၍ပျော်စရာကောင်းလှပါသည်။
၁၉၉၉ခုနှစ်၊ ဖေဖော်ဝါရီ(၁၆)ရက်နေ့။ကျနော်သည်ကေအန်ယူတပ်မဟာ(၂)ခရိုင်ရုံးမှနောက်တန်းအေဘီ အက်စ်ဒီအက်ဗဟိုသို့ ပြန်ခဲ့ပါသည်။ ပြန်ခဲ့ရခြင်းရည်ရွယ်ချက်မှာ-တော်လှန်ရေးတွင်ဖြတ်သန်းမှုအတွေ့အကြုံ များ၊ရှေ့ဆက်လုပ်ငန်းစဉ်များ၊ဆက်လုပ်နိုင်ရန်အတွက်ပြင်ဆင်မှုတွေနှင့်အတူလုပ်ငန်းစဉ်အသေးစိတ်များ စီစဉ်ရေးဆွဲပြီးအထက်တာဝန်ရှိသူများထံတင်ပြအစီရင်ခံမည်ဟုရည်ရွယ်ချက်များနှင့်ပြန်လာခဲ့ခြင်းဖြစ်သည်။ မတ်လ(၁၆)ရက်နေ့တွင်ဌာနချုပ်သို့ရောက်သည်။ထိုအချိန်။အေဘီအက်စ်ဒီအက်ဖ်၏ပဉ္စမအကြိမ်ညီလာခံ ကျင်းပနေသောအချိန်ဖြစ်ပါသည်။ထိုညီလာခံတွင်နိုင်ငံရေးသဘောမတိုက်ဆိုင်မှုများကြားရ၍အတော်အား ပျော့သွားခဲ့ရသည်။

ကျည်ဝေဖြိုး
ဆက်လက်ကြိုးစားပါဦးမည်။

No comments: