Saturday, October 2, 2010

နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာ (၁၁)။

                           နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာ (၁၁)




သင်တန်းတက်ပြီးသည်နှင့်ရဲဘော်ဆန်းလင်းမှ(အဘ)ရဲနိုင်ဦးစီးသောမိမိအပါအဝင်(၅)ယောက်သည်ကေအန်
ယူတပ်မဟာ(၂)မုံးခရိုင်သို့စေလွှတ်၍ရှေ့တန်းတာဝန်များထမ်းဆောင်နေစဉ်နောက်တန်းမှကြေးနန်းဖြင့်အမြန် ပြန်လာရန်ဆို၍မိမိတို့သည်ရဲဘော်အသစ်(၂)ဦးနှင့်ကေအန်ယူတပ်မဟာ(၇)အုပ်ချုပ်ရေးဒေသဖြစ်သောစောထ အကောက်အခွန်စခန်းမှမိမိကိုင်ဆောင်သောလက်နက်များသိမ်းဆည်းခြင်းကိစ္စကိုနောက်တန်းမှခွင့်ပြုသည်ဆို၍
သိမ်းဆည်းခွင့်ပေးခဲ့ရသည်။

နောက်တန်းသို့ပြန်ရောက်ပြီးယခင်သံလွင်မြစ်ဘေးသဲသာထ၌မိမိတို့စခန်းအားပြောင်းရွှေ့ရန်ယခုလက်ရှိနေရာ မှအထက်ဓါးဂွင်ဒေသသို့စခန်းပြောင်းရွှေ့ရမည်ဟုအမိန့်ကျ၍မိမိတို့ပြောင်းရွှေ့ပြီးတပ်တည်ဆောက်ရေးများပြု လုပ်ကြရသည်။
ထိုအချိန်၌မကဒတနှစ်ခြမ်းကွဲနေချိန်ဖြစ်၍ရဲဘော်များမှာရဲဘော်မိုးသီးဇွန်ဘက်သို့ပြောင်းရွှေ့တာဝန်ယူမှုများပြု လုပ်ကြသည်၊ထို့ကြောင့်တပ်ရင်းတွင်ရွေးကောက်ပွဲပြုလုပ်ကြသည်။သဘောတူရွေးကောက်ပွဲ့ရွေးကောက်ရန် တာဝန်များ ကိုယ်စီဖြင့်တာဝန်ကျရဲဘော်များအမည်စာရင်းကိုအောက်ပါအတိုင်းတွေ့ ရှိနိုင်သည်။
(၁)ရဲဘော်ဆန်းလင်း(တပ်ရင်းမှူး)
(၂)ရဲဘော်လဘန်(ခ)ဇော်လွင်ဦး(ဒု-တပ်ရင်းမှူး)
(၃)ရဲဘော်သန့် ဇင်(တပ်ရေး)
(၄)ရဲဘော်သင်းသူရကျော်(တပ်ထောက်)
(၅)ရဲဘော်မောင်လှ(တပ်ခွဲမှူး)
(၆)ရဲဘော်မင်းသိန်း(တပ်စုမှူး)
(၇)ရဲဘော်ကျင်သဏ်းဦး (တပ်ရင်းအရာခံဗိုလ်)
(၈)ရဲဘော်ရဲနိုင်(တပ်စုတပ်ကြပ်ကြီး)
(၉)ရဲဘော်တိုင်းကျော်(တပ်ကြပ်ကြီး) တပ်ကြပ်များမှာ- --
ရဲဘော်နွေအောင်
ရဲဘော် စိုးချိုငြိမ်း
ရဲဘော် ပေါ်ဦး
ရဲဘော်သန်းဌေး တို့ ဖြစ်သည်၊
ထိုအချိန်ကာလ၌စစ်ဒေသများဖွဲ့ပြီးလုပ်ငန်းများအကောင်ထည်ဖော်ဆောင်ရွက်ကြသည်တွင်အမှတ်(၂၁ဝ)တပ် ရင်းမှရဲဘော်မြင့်ဆွေ(စစ်ဒေသ)တာဝန်များအသီးသီးထမ်းဆောင်ကြသည်။
၁၉၉၂ခုနှစ်။ကျောင်းသားတပ်မတော်(ဗဟို)၀၁/၉၂အခြေခံစစ်ပညာသင်တန်းကိုတပ်ရင်း(၂၁ဝ)မှရဲဘော်သစ် များပါဝင်တက်ရောက်ကြပါသည်။
ထိုသင်တန်းသို့ တက်ရောက်ကြသည့် ရဲဘော်များ၏ အမည်စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်၊ --
(၁)ရဲဘော်ကျော်ဆန်းလွင်
(၂)ရဲဘော်လှအေး
(၃)ရဲဘော်ဝင်းစိန်(မဲကြီး)
(၄)ရဲဘော်ဝင်းမောင်
(၅)ရဲဘော်ဝင်းအောင်(ဂေါ်)
(၆)ရဲဘော်လှဌေး(ဖာကမာ)
(၇)ရဲဘော်မြင့်ဦး
(၈)ရဲဘော်စိုးအောင်
(၉)ရဲဘော်တင်ဆန်း
(၁ဝ)ရဲဘော်ဇော်ဝမ်း
(၁၁)ရဲဘော်စိုးလှိုင်
(၁၂)ရဲဘော်မောင်နိုင်
(၁၃)ရဲဘော် မှုန်တိုင်(ခ)အောင်နိုင်
စုစုပေါင်းသင်တန်းသား(၁၄)ဦးဖြစ်ပါသည်။
ကေအန်ယူတပ်မဟာ(၂)သို့အခြေခံဒေသထိုးဖောက်ရေးတွင်ပထမဦးဆုံးထိုးဖောက်ကြသောရဲဘော်များများမှာ အောက်ပါ အတိုင်းဖြစ်သည်၊--
(၁)ရဲဘော်ဆန်းလင်း(တပ်ရင်းမှူး)
(၂)ရဲဘော်လဘန်(ဒုရင်းမှူး)
(၃)ရဲဘော်ကျင်သဏ်းဦး(ရင်းအရာခံဗိုလ်) (၄)ရဲဘော်မောင်လှ(တပ်ခွဲမှူး)
(၅)ရဲဘော်မင်းသိန်း(တပ်စုမှူး)
(၆)ရဲဘော်ရဲနိုင်(တပ်ကြပ်ကြီး)
(၇)ရဲဘော်ဝင်းသူရကျော်(တပ်ထောက်)
(၈)ရဲဘော်တိုင်းကျော်(တပ်ကြပ်ကြီး)
(၉)ရဲဘော် စိုးချိုငြိမ်း(တပ်ကြပ်)
(၁ဝ)ရဲဘော်ကျော်ထူး(ရဲဘော်)
(၁၁)ရဲဘော်တင်ကို(ဆေးမှူး)
(၁၂)ရဲဘော်လှအေး
(၁၃)ရဲဘော်ဝင်းအောင်
(၁၄)ရဲဘော်ဝင်းမောင်
(၁၅)ရဲဘော်ဇေယျာမင်း
(၁၆)ရဲဘော်ငပွေး
(၁၇)ရဲဘော်မြင့်ဦး
(၁၈)ရဲဘော်တင်ဆန်း
(၁၉)ရဲဘော်အောင်မိုးမြင့်(ဆက်သွယ်ရေး)
(၂ဝ)ရဲဘော်စိုးအောင်
(၂၁)ရဲဘော်အောင်ဝင်း
(၂၂)ရဲဘော်သန်းထွဌ်ဆေ (အလုပ်အဖွဲ့ ခေါင်းဆောင်)
(၂၃)ရဲဘော်ကျော်ဆန်းလွင်
(၂၄)ရဲဘော်နွေအောင်
(၂၅)ရဲဘော်ရဲထိုက်(ကုလား)
(၂၆)ရဲဘော်မောင်နိုင်
(၂၇)ရဲဘော်မှုန်တိုင်း
(၂၈)ရဲဘော်မျိုးသန့် (ကိုရင်)
(၂၉)ရဲဘော်ဝင်းအောင်(ဂေါ်)
(၃ဝ)ရဲဘော်သန်းဝင်းအောင်
(၃၁)ရဲဘော်လှဌေး(ဖာကမာ)
(၃၂)ရဲဘော်စိုးလှိုင်
(၃၃)ရဲဘော်ဝင်းစိန်(မဲကြီး)
(၃၄)ရဲဘော်ဇော်ဝမ်း
(၃၅)ရဲဘော်မြင့်ဆွေ
(၃၆)ရဲဘော်တာဇံ(သိန်းလွင်)
(၃၇)ရဲဘော်ကျော်စိုး(တပ်စိတ်မှူး)
(၃၈)ရဲဘော်သန်းဌေး(တပ်ကြပ်)
(၃၉)ရဲဘော်ထွန်းလှိုင်(ဆက်သွယ်ရေး)
(၄ဝ)ရဲဘော်နိုင်ဝင်း
စုစုပေါင်းအင်အား(၄၂)ဦးဖြစ်ပါသည်။
အခြေခံဒေသထိုးဖောက်ရင်း ရန်သူ့ ထံအညံ့ ခံသွားသော အမည်စာရင်းများမှာအောက်ပါအတိုင်းဖြစ်ပါသည်၊ --
(၁)မောင်လှ(ဦးဆောင်သောအဖွဲ့ )
(၂)ဝင်းအောင်(ဂေါ်)
(၃)မြင့်ဦး
(၄)စိုးအောင်
(၅)ဇေယျာမင်း
(၆)ငပွေး
စုစုပေါင်း(၆)ဦးသည်လက်နက်ခဲယမ်းအပြည့်အစုံဖြင့်အညံ့ခံသွားသည်။ --
(၁)ဝင်သူရကျော်(ဦးဆောင်သောအဖွဲ့ )
(၂)မြင့်သန်း(ပြန်လည်ထွက်ပြေးလွတ်မြောက်လာ)
(၃)ဝင်းစိန်(မဲကြီး)
               စုစုပေါင်း(၃)ဦးလက်နက်ခဲယမ်းကိုယ်စီဖြင့်အညံ့ခံသွားသည်၊ --
(၄)နိုင်ဝင်း(လက်နက်အတိုဖြင့်အညံ့ ခံ)
(၅)ကျော်ထူး
(၆)မင်းသိန်း(လက်နက်အတိုဖြင့်)
(၇)လှအေး
(၈)မျိုးလွင်(မြဝတီတွင်အညံ့ခံ)
စုစုပေါင်း(၁၈)ဦးဖြစ်သည်၊
၁၉၉၅ခုနှစ်။ ဒီကေဘီအေအရေးအခင်းကာလ၌တော်လှန်ရေးတာဝန်မထမ်းဆောင်လိုတော့ပဲနိုင်ငံခြားနှင့် အခြားအဖွဲ့ အစည်းများသို့ရောက်ရှိသွားသောစာရင်းမှာအောက်ပါအတိုင်းဖြစ်ပါသည်၊--
(၁)ချိုငြိမ်း
(၂)တိုင်းကျော်
(၃)ကျော်ဆန်းလွင် (၄)ဝင်းထိန်
(၅)ဒေါ့ဂျက်
(၆)ဝင်းအောင်
(၇)သန်းထွဌ်ဆွေ
(၈) မြင့်လွင်(ဒီကေဘီအေသို့ ဝင်သွားကြောင်း သိရသည်၊)
(၉) တင်ကို
(၁ဝ) ဖိုးဇော်
(၁၁) မြင့်သန်း
(၁၂) စိုးလှိုင်
(၁၃) အောင်မိုးမြင့်
(၁၄) လှမြင့်ဦး
(၁၅) သန်းဌေး
(၁၆) ဝင်းဗိုလ်
(၁၇) တင့်ရွှေ
(၁၈) ဖိုးဆိတ်
(၁၉) အေးကို
(၂ဝ) သန့် ဇင်
စုစုပေါင်း(၂ဝ)ဦးဖြစ်ပါသည်။
သက္ကရာဇ်၂ဝဝဝခုနှစ်အထိတပ်ရင်း(၂၁ဝ)စောထစခန်းမှကျန်ရှိနေသေးသောရဲဘော်များမှာအောက်ပါအတိုင်း ဖြစ်ပါသည်၊--
(၁) ရဲဘော်ထွန်းလှိုင်
(၂) ရဲဘော်မြင့်ဆွေ
(၃) ရဲဘော်ကြင်သဏ်းဦး
(၄) ရဲဘော်နွေအောင်
(၅) ရဲဘော်ရဲထိုက်(ကုလား)
(၆) ရဲဘော်ဇော်ဝမ်း
(၇) ရဲဘော်စံမင်း
(၈) ရဲဘော်မောင်နိုင်
(၉) ရဲဘော်အောင်နိုင်(မှုန်တိုင်း)
(၁ဝ) ရဲဘော်အောင်ကျော်မင်း-စုစုပေါင်း(၁ဝ)ဦးဖြစ်ပါသည်၊
အမှတ်(၂၁ဝ)တပ်ရင်းမှတိုက်ပွဲဝင်ရင်းကျဆုံးသွားသောရဲဘော်များ၏အမည်စာရင်းများမှာအောက်ပါအ တိုင်းဖြစ်ပါသည်၊ --
(၁) ရဲဘော်ဇော်ဝင်းလှိုင် (စောထတိုက်ပွဲတွင် ကျဆုံးသည်၊)
(၂)ရဲဘော်လဘန်(ဝါ)ဇော်လွင်ဦး(ဒု-တပ်ရင်းမှူး)-(တပ်မဟာ(၂)တောင်ငူခရိုင်။အထူးဒေသမိတ်သလင် တောင်တိုက်ပွဲတွင် ကျဆုံးသည်၊
(၃)ရဲဘော်ရဲစိုး(အဘ)-(တပ်မဟာ(၂)တောင်ငူခရိုင်။အထူးဒေသ။ကျွဲကျရွာတွင်ရန်သူခလရ(၃၄)လှုပ်ရှားစစ် ကြောင်းမှ၁၉၉၅ခုနှစ်။ သြဂုတ်လ(၂၉)ရက်တွင်ဖမ်းမိ၍သတ်ပစ်ခြင်ခံရသည်၊
(၄)ရဲဘော်မင်းကိုအောင်(မျိုးသန့်)-တပ်မဟာ(၂)တောင်ငူခရိုင်။အထူးဒေသ။မဲချိုကျေးရွာတွင်ရန်သူ၏အ လစ်အငိုက်ပစ်သတ်ခြင်းခံ၍ကျဆုံးသွားပါသည်။
(၅)ရဲဘော်ကျော်စိုးတပ်မဟာ(၂)။အထူးဒေသ။မဒညတနယ်မြေ။ဝါးရုံလှဲရွာတွင်ရင်ဆိုင်တိုက်ပွဲဖြစ်ရင်းကျဆုံး သွားပါသည်၊(၁၉၉၆ခုနှစ်။ နိုဝင်ဘာ(၁)ရက်နေ့ ၊
(၆)ရဲဘော်တာဇံ(ခ)ရဲဘော်သိန်းလွင်-၁၉၉၄ခုနှစ်။ဒီဇင်ဘာ(၄)ရက်။၁၇း၃၄နာရီ-တပ်မဟာ(၂)တောင်ငူ ခရိုင်။အထူးဒေသ။ချဉ်ပတောင်ရွာနှင့်အမယာရွာအကြားမိမိမိုင်းအားပြန်ဖြုတ်စဉ်(၁၈)မိုင်းကွဲ၍ကျဆုံး သွားသည်၊
(၇)ရဲဘော်ဒသာ(ခ)တင်ထွန်း-တပ်မဟာ(၂)။ထန်းတပင်ခရိုင်။သံတောင်မြို့နယ်တွင်တော်လှန်ရေးတာဝန် ထမ်းဆောင်ရင်းကျဆုံးသွားပါသည်။
(၈)ရဲဘော်ဆန်းလင်း(တပ်ရင်းမှူး)-တပ်မဟာ(၂)အခြေခံဒေသတည်ဆောက်ရေးထိုးဖောက်ရင်းရန်သူမှအ ရှင်ဖမ်းမိ၍သတ်ပစ်ခဲ့သည်၊စုစုပေါင်း(၈)ဦးဖြစ်သည်၊
အမှတ်(၂၁ဝ)တပ်ရင်း တွင်ဒဏ်ရာရသူများ၏ အမည်စာရင်းမှာ အောက်ပါ အတိုင်းဖြစ်သည်၊--
(၁)ရဲဘော်ဖိုးဇော် (စောထတိုက်ပွဲတွင် ရန်သူ့ လက်ပစ်ဗုံး(၂)လုံးထိ)
(၂)ရဲဘော်ဒသာ(စောထတိုက်ပွဲတွင်လက်နက်ကြီး အစထိ)
(၃)ရဲဘော်ထွန်းလှိုင်
(၁၉၉၆ခုနှစ်။နိုဝင်ဘာ(၁)ရက်နေ့ ။ မဒညတနယ်မြေ။ ဝါးရုံလှဲတိုက်ပွဲ့ ခွင်းဗုံးအစထိ) စုစုပေါင်း(၄)ဦးဖြစ်ပါသည်၊
(၁) ရဲဘော်မင်းကိုအောင်(ခ)ကိုရင်(သို့ )မျိုးသန့် 
၂၃။ ၁၁။ ၉၄ခုနှစ်။ ညနေ-၁၂း၃ဝနာရီ၊
တပ်ရင်း(၂၁ဝ)။စောထစခန်း
ကိုယ်ပိုင်အမှတ်-
တာဝန်-တပ်စိတ်မှူး
သူ၏အမည်မှာရဲဘော်မင်းကိုအောင် ဖြစ်ပါသည်။တပ်ရင်းမှရဲဘော်အများစုမှသူ့ ကိုကိုရင်ဟုခေါ်ကြသည်၊
၁၉၈၈ခုနှစ်။စက်တင်လာတွင်စစ်တပ်မှအာဏာသိမ်းပြီးရက်ပိုင်းအတွင်းတောခိုခဲ့သည့်ရဲဘော်တစ်ယောက် ဖြစ်ပါသည်။ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးလှုပ်ရှားမှု၌ပဲခူးတိုင်း။တောင်ငူမြို့မှရဟန်းပျိုတစ်ပါးအဖြစ်တက် ကြွစွာပါဝင်လှုပ်ရှားခဲ့သည်။တောထဲသို့ရောက်ရှိလာသည့်တိုင်သင်္ကန်းဝတ်ဖြင့်၊ကေအန်ယူနယ်စပ်။ဥသုထ စခန်းတွင်ကေအန်ယူမှပေးသောအခြေခံစစ်ပညာတွင်သင်္ကန်းချွတ်၍စစ်ဝတ်ဖြင့်စစ်သင်တန်းတက်ရောက် ခဲ့သည်၊သူ၏ကိုယ်ပိုင်နံပါတ်မှာ-()ဖြစ်ပါသည်။မင်းကိုအောင်သည်ရဟန်းဘဝဖြင့်ကျင်လည်ခဲ့ရသူဖြစ်၍  တပ်ရင်း၌အရပ်ဝတ်ဖြင့်နေရသည့်အခါများတွင်အထာမကျတတ်ပါ။တော်လှန်ရေးစာပေများကိုလေ့လာမှုအထူး ပြုသည်၊ထီပါဝီကျိုးတိုက်ပွဲ။ စောထတိုက်ပွဲ။ ဇရပ်ကြီးတိုက်ပွဲ။ဒီအေဘီစစ်ကြောင်းများတွင်ပါဝင်ခဲ့သည်၊
စောထတိုက်ပွဲကာလအတွင်းမုကနော်လေးတောင်ကုန်းတိုက်ပွဲ့ ရန်သူနှင့်တိုက်ပွဲဖြစ်ရင်းညာဘက်ခြေသလုံးကို ရန်သူ့ကျည်ဆံဖြတ်မှန်၍ဒါဏ်ရာရခဲ့သည်။တပ်ရင်းမှူးရဲဘော်ဆန်းလင်းမှထိုရဲဘော်ကိုနောက်တန်းဌာနချုပ် သို့ပြန်လည်အနားယူစေခဲ့သည်။၁၉၉၂ခုနှစ်။ကေအန်ယူ။တပ်မဟာ(၂)။အလယ်ပိုင်း။အခြေခံဒေသထိုးဖောက် ရေး။မကဒတ(ဗဟိုအလုပ်အဖွဲ့ )တွင်ပါဝင်ခဲ့သည်။တောင်ငူခရိုင်သံတောင်မြို့ နယ်မြောက်ဘက်အထူးဒေသဂွင် အတွင်းမဲချို(အထက်)ကျေးရွာမှပြန်လာစဉ်လမ်းမှအသင့်စောင့်နေသောရန်သူတပ်(၃၄)၌ ချုံခိုတိုက်ခိုက်မှု ကြောင့်ပြန်လည်တုံ့ ပြန်တိုက်ခိုက်ရင်းကျဆုံးခဲ့ပါသည်။
ကျဆုံးသည့်ရက်စွဲမှာ-၂၃။ ၁၁။ ၁၉၉၄ခုနှစ်။ ညနေ-၁၂း၃ဝတွင်ဖြစ်သည်၊
ရဲဘော်တာဇံ(ခ)ရဲဘော်သိန်းလွင်
ကိုယ်ပိုင်အမှတ်-
တပ်ရင်း(၂၁ဝ) စောထစခန်း
ကျဆုံးသည့်ရက်စွဲ-ဝ၄။ ၁၂။ ၁၉၉၄နေ့ ။ ညနေ၁၇း၃ဝနာရီ၊
ရဲဘော်သိန်းလွင်သည်၁၉၉ဝခုနှစ်တွင်ကျောင်းသားတပ်မတော်။တပ်ရင်း(၂၁ဝ)သို့ ရောက်ရှိခဲ့သည်၊
ထန်းတပင်ခရိုင်။ဇရပ်ကြီးမြို့ ။ဂွအိုင်ရွာသားဖြစ်ပါသည်၊
သူ၏မိဘများမှာတောင်သူလယ်သမားများဖြစ်သည်။တပ်ရင်းတွင်ဖွင့်လှစ်သည့်အခြေခံစစ်ပညာသင်တန်းကို တက်ရောက်ခဲ့သည်၊၁၉၉၄ခုနှစ်တပ်မဟာ(၂)။အလယ်ပိုင်း။အခြေခံဒေသထိုးဖောက်ရေးအလုပ်အဖွဲ့၌တက်ကြွ စွာပါဝင်ခဲ့သည်။အခြေခံဒေသထိုးဖောက်ရေးအလုပ်အဖွဲ့တွင်မိုင်းဆရာအဖြစ်တာဝန်ယူခဲ့သည်။
အထူးဒေသဂွင်အတွင်းချဉ်ပတောင်ရွာနှင့်အမယာရွာနှစ်ရွာအကြား၌မိုင်ဆင်ရင်းမိမိ-ဆယ့်ရှစ်မိုင်းကိုပြန်လည် ဖြုတ်စဉ်မိုင်းကွဲ၍ကျဆုံးခဲ့သည်။ရဲဘော်သိန်းလွင်(ခ)ရဲဘော်တာဇံ။ကျဆုံးသည့်ခုနှစ်မှာ-ဝ၄။ ၁၂။ ၁၉၉၄နေ့ ။ ညနေ-၁၇း၃ဝနာရီ တွင်ဖြစ်ပါသည်၊
ရဲဘော် ရဲစိုး(ခ)ရဲနိုင်(ဝါ)အဘ
ကိုပိုင်အမှတ်-
တာဝန်-တပ်ကြပ်ကြီး
တပ်ရင်း-(၂၁ဝ)။ စောထစခန်း
ကျဆုံးသည့်ခုနှစ်။(၃ဝ။ ၈။၁၉၉၅)
ရဲဘော်ရဲစိုးမှာပဲခူးတိုင်း။ကညွတ်ကွင်းမြို့မှဖြစ်သည်။ရှစ်လေးလုံးကာလအတွင်းကညွှတ်ကွင်းမြို့။တက်ကြွသည့် လူငယ်များတွင်တစ်ဦးပါအဝင်ဖြစ်သည်။စက်တင်ဘာလ။စစ်တပ်အာဏာသိမ်းပြီးရက်ပိုင်းအတွင်းကညွတ်ကွင်း မြို့မှထွက်ခွာလာပြီးကေအန်ယူအခြေစိုက်ရာတပ်မဟာ(၃)သို့တောခိုသပိတ်အဖွဲ့နှင့်အတူတောခိုခဲ့သည်။ ကျောင်းသားတပ်မတော်။တပ်ရင်း(၂၁ဝ)စတင်ဖွဲ့စည်းစဉ်တွင်စောထစန်းတွင်ရဲဘော်။တပ်စိပ်မှူး။တပ်စုမှူး။ တာဝန်အဆင့်ဆင့်ယူခဲ့သည်။ဇရပ်ကြီးတိုက်ပွဲ။စေထတိုက်ပွဲ။ထီပါဝီကျိုးတိုက်ပွဲများတွင်ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့ သည်။
ဆက်လက်ဖော်ပြပါဦးမည်။
မှတ်ချက်။   ။ဟစ်တိုင်ဝက်ဆိုက်မှပြန်လည်ကူးယူဖော်ပြသည်။
ကျည်ဝေဖြိုး။

No comments: