Tuesday, November 2, 2010

                နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာအပိုင်း(၁၃)
၁၉၉၅ခုနှစ်၊ကေအန်ယူ၊တပ်မဟာ(၂)၊အလယ်ပိုင်းအခြေခံဒေသထိုးဖောက်ရေးအလုပ်အဖွဲ့တွင်တပ်စုမှုး တာဝန်ယူခဲ့သည်။အထူးဒေသအလုပ်အဖွဲ့၌ယူဂျီတာဝန်များထမ်းဆောင်စဉ်အတွင်း၎င်းနှင့်အတူတပ်ရင်း(၆ဝ၁)မှရဲဘော်ညိုထွန်းအောင်နှင့်အတူအရပ်ဝတ်ဖြင့်လှည်းစခန်းရွာမှပြန်လာစဉ်ရန်သူခလရ(၂၃၂)(သို့ )(၃၄)မှကျွဲ ကျအောက်ရွာအထွက်ကွမ်းသီးခြံ၌အသင့်စောင့်ပြီးရန်သူမှသေနတ်ဖြင့်ချိန်ရွယ်၍ရဲဘော်ရဲနိုင်နှင့်ရဲဘော် ညိုထွန်းအောင်တို့နှစ်ဦးအားလကိနက်ချခိုင်းရာရဲဘော်ရဲနိုင်မှရန်သူအားပြန်လည်ခုခံရန်အသင့်ပါလာသော နောက်လွယ်ပုလိုင်းထဲမှပစ္စတိုအားထုတ်ယူစဉ်ရန်သူမှကာဘိုင်သေနတ်ဖြင့်ထိုးချိန်ပစ်လိုက်ရာရဲဘော်ရဲနိုင် မှာထိုနေရာမှာပင်ကျဆုံးသွားသည်။၎င်းနှင့်အတူပါလာသောရဲဘော်ညိုထွန်းအောင်မှာအရှင်ဖမ်းမိ၍-၃ဝ၊ ၈၊၁၉၉၅နေ့၊တွင်ရဲဘော်ညိုထွန်းအောင်ရန်သူ၏ညှဉ်းပန်းနှိပ်စက်မှုအမျိုးမျိုးခံရပြီးနောက်ရန်သူ၏ရက်စက်စွာ သတ်ဖြတ်ခြင်းခံလိုက်ရသည်။
ရဲဘော်မောင်ဇွဲ
ကိုယ်ပိုင်အမှတ်( )
တပ်ရင်း (၃ဝ၃)
တာဝန်- တိုက်ခိုက်ရေးရဲဘော်။
ကျဆုံးသည့်ရက်စွဲ- ၁၅၊ ၈၊ ၁၉၉၃။
၁၉၉၃ခုနှစ်၊သံတောင်မြို့နယ်မြောက်ဘက်၊အထူးဒေသ(သို့)အခြေခံဒေသထိုးဖောက်ရေးအလုပ်အဖွဲ့များ လှုပ်ရှားရာတွင်ယခင်တပ်ရင်းများ စုပေါင်းပြီးအလုပ်အဖွဲ့ များအဖြစ် အခြေခံဒေသထိုးဖောက်တည်ဆောက် ရေးတွင် ရဲဘော်မောင်ဇွဲမှာ(၃ဝ၃)တပ်ရင်းမှကယားတိုင်းရင်းသားရဲဘော်တစ်ယောက်ဖြစ်ပါသည်။တပ်ရင်းမှုး ရဲဘော်ဒိုးဒိုး(ဝါ)ဒဲနစ်ဂျွန်ဦးဆောင်သည့်အလုပ်အဖွဲ့ တွင်ေ၇ှ့ တန်းတိုက်ခိုက်ရေးတာဝန်များကိုထမ်းဆောင် နေစဉ်အထူးဒေသအတွင်းညောင်ပင်တောင်ရွာနှင့်တပ်တောင်ရွာအကြား၊တောင်ယာအဟောင်းတွင်ကေအန် ယူနှင့်မိမိတို့အလုပ်အဖွဲ့ ပူးပေါင်းပြီးရန်သူခလရ(၂၃၂)တို့ရင်ဆိုင်တိုက်ပွဲဖြစ်ပွားကြသည်။ထိုတိုက်ပွဲတွင်ရဲဘော် မောင်ဇွဲ၏ဘယ်ဘက်ရင်အုံတည့်တည့်သို့ လေးဆယ်မမလက်နက်ကြီးအစထိ၍ကျဆုံးခဲ့သည်။ ရဲဘော်မောင်ဇွဲ၏ အလောင်းကိုချဉ်ပတောင်ရွာသစ်၊အရိုးတောင်တွင်မြုတ်နှံခဲ့ရသည်။ရဲဘော်မောင်ဇွဲမှာတိုင်းရင်းသားကယား လူမျိုးဖြစ်၍ရိုးအေးသည်။အမိန့်နာခံမှုအပြည့်ရှိသည်။
ရဲဘော်လဘန်(ဝါ)ဇော်လွင်ဦး
တပ်ရင်း- (၂၁ဝ) စောထစခန်း
တာဝန်- ဒုတိယ တပ်ရင်းမှုး
ကျဆုံးသည့်ရက်စွဲ- ၁၉၉၃ခုနှစ်၊ ဒီဇင်ဘာ(၁၉)ရက်။
ကိုယ်ပိုင်အမှတ်- ( )
၁၉၉၃ခုနှစ်၊အခြေခံဒေသထိုးဖောက်ရေးအလုပ်အဖွဲ့တွင်ဒုတပ်ရင်းမှုးတာဝန်ဖြင့်အထူးဒေသတွင်ပထမဦးဆုံး ထိုးဖောက်ခဲ့သည်။ရဲဘော်လဘန်မှာထီပါဝီကျိုးတိုက်ပွဲ၊စောထတိုက်ပွဲ၊ကျန်သည့်ကရင်ပြည်နယ်တပ်ပေါင်းစု တိုက်ပွဲများတွင်ဆေးမှုးတာဝန်ဖြင့်လည်းကောင်း၊တပ်စိတ်မှုးတာဝန်ဖြင့်လည်းကောင်း၊တပ်ရင်းတွင်ဒုတပ်ရင်းမှုး တာဝန်ဖြင့်လည်းကောင်း၊အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
၁၉၉၃ခုနှစ်၊ဒီဇင်ဘာ(၁၉)ရက်နေ့တွင်အထူးဒေသ၌စစ်ကြောင်းမှုးတာဝန်ထမ်းဆောင်နေစဉ်တပ်ရင်းမှုး ရဲဘော်ဆန်းလင်းအားရန်သူမှဖမ်းမိစဉ် ပြန်လည်ပြီးရန်သူ့လက်တွင်းမှကယ်ထုတ်ရန်ရန်သူ့အားမိတ်သလင် တောင်၌စောင့်၍ရင်ဆိုင်တိုက်ပွဲဖြစ်ပွားစဉ်၎င်း၏အေကေစက်လတ်အားပိုက်ပြီး ရန်သူအားတရစပ်ပစ်ခတ်စဉ် ရန်သူ့ထံမှကျည်ထိ၍ ကျဆုံးခဲ့သည်။ရဲဘော်လဘန်မှာတိုက်ခိုက်ရေးကောင်းသောရဲဘော်ကြီးတစ်ဦးဖြစ်ပါ သည်။တောင်ငူမြို့ဇာတိဖြစ်သည်။၁၉၈၈ခုနှစ်တောင်ငူမြို့လူထုအုံကြွမှုကြီးတွင်ကျောင်းသားသပိတ်တိုက်ပွဲဝင် ရဲဘော်တစ်ဦးအဖြစ်လည်းကောင်းတက်ကြွစွာဦးဆောင်ပါဝင်ခဲ့သည်။၁၉၈၈ခုနှစ်၊စက်တင်ဘာလအတွင်း စစ်တပ်မှအာဏာသိမ်းပြီးရက်ပိုင်းအတွင်းတောင်ငူသပိတ်တပ်နှင့်အတူတောစခိုခဲ့သည်။တပ်ရင်း(၂၁ဝ)စတင်ဖွဲ့  စည်းစဉ်မှာလည်းပါဝင်ဦးဆောင်ခဲ့သူဖြစ်သည်။ဤကဲ့သို့လက်နက်ကိုင်တော်လှန်ရေးအတွင်းတပ်ဦး၏ပေး အပ်သောတာဝန်များကိုဦးလည်မသုန်ထမ်းဆောင်ခဲ့သည့်ရဲဘော်ကြီးတစ်ဦးဖြစ်ပါသည်။ရဲဘော်ကြီးလဘန်၏ အလောင်းအားတိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းရဲဘော်များမှတိုက်ပွဲကြားမှသယ်ဆောင်လာပြီး မိတ်သလင်တောင်၊ တောင်ကုန်းပေါ်တွင်မြုတ်နှံထားခဲ့ရသည်။
ရဲဘော်ကျော်စိုး(ခ)ဇော်လွင်
ကိုယ်ပိုင်အမှတ်-
တပ်ရင်း-(၂၁ဝ)စောထစခန်း
တာဝန်- တပ်စိတ်မှုး
ကျဆုံးသည့်ရက်စွဲ-ဝ၁၊ ၁၁၊ ၁၉၉၆။
ရဲဘော်ကျော်စိုး၏ဇာတိမှာပဲခူးတိုင်း၊ကညွှတ်ကွင်းမြို့ မှ ဖြစ်ပါသည်။ မိဘများမှာတောင်သူလယ်သမားများဖြစ် ကြသည်။၁၉၈၈ခုနှစ်၊တနိုင်ငံလုံးအုံကြွဆန္ဒပြသည့်အရေးတော်ပုံတွင်ကညွှတ်ကွင်းမြို့မှတက်ကြွသောသပိတ် ရဲဘော်တစ်ယောက်ဖြစ်ပါသည်။စက်တင်ဘာလအတွင်းစစ်တပ်မှနိုင်ငံတော်အာဏာကိုသိမ်းပိုက်ပြီးရက်ပိုင်း အတွင်းကညွှတ်ကွင်းမြို့မှထွက်ခွာပြီးအရှေ့ဘက်ကေအန်ယူ၊တပ်မဟာ(၃)ဒေသသို့ကညွှတ်ကွင်းသပိတ် ရဲဘော်များနှင့်အတူထွက်ခွာလာပြီးထိုင်းမြန်မာနယ်စပ်၌အခြေစိုက်ထားသောတပ်ရင်း(၂၁ဝ)စောထစခန်းမ တည်ထောင်ရသေးခင်အတွင်းကေအန်ယူမှပေးသောအခြေခံစစ်ပညာသင်တန်းကိုတက်ရောက်ခဲ့သည်။တပ်ရင်း(၂၁ဝ)စောထစခန်းဖွဲ့စည်းချိန်မှာလည်းရဲဘော်အဖြစ်လည်းကောင်း၊တပ်စိတ်မှုးတာဝန်အဖြစ်လည်းကောင်း၊တာ ဝန်ထမ်းဆောင်ခဲ့သည်။ထိုင်းမြန်မာနယ်စပ်ရွာတစ်ရွာဖြစ်သောစောထရွာသို့ရန်သူမှတပ်အလုံးအရင်းဖြင့် တိုက်ခိုက်နေချိန်အတွင်းတပ်ရင်းမှုးရဲဘော်ဆန်းလင်းဦးဆောင်သောတပ်ရင်း(၂၁ဝ)စစ်ကြောင်းတွင် တိုက်ခိုက်ရေးတာဝန်များကိုထမ်းဆောင်ခဲ့သည်။ထို့အပြင်ကရင်ပြည်နယ်ကေအန်ယူဌာနချုပ်ထီပါဝီကျိုး တိုက်ပွဲတွင်လည်းကောင်း၊ဒီအေဘီတပ်ပေါင်းစုစစ်ကြောင်းတွင်လည်းကောင်း၊ကေအန်ယူ၊တပ်မဟာ(၂)၊ ဇရပ်ကြီးစခန်းတိုက်ပွဲတွင်လည်းကောင်း၊ပါဝင်ခဲ့သည်။
၁၉၉၆ခုနှစ်၊အထူးဒေသသို့ထိုးဖောက်ရေးတွင်အလုပ်အဖွဲ့ခေါင်းဆောင်(ဒု)စစ်ရေးတာဝန်အဖြစ်လည်းကောင်း၊ အခြားပြောက်ကျားတိုက်ပွဲငယ်များတွင်ပါဝင်ခဲ့သည်။ထိုသို့တိုက်ခိုက်ရေးတာဝန်များထမ်းဆောင်အတွင်း ရဲဘော်အောင်ကျော်ဦးဆောင်သောအလုပ်အဖွဲ့တွင်စစ်တောင်းမြစ် အရှေ့ဘက်ဝါးရုံလှဲရွာသို့စည်းရုံးရေးခရီး လှည့်လည်စဉ်အတွင်းရန်သူလေ့ကျင့်ရေး(၅)၏အလစ်အငိုက်ချုံခို တိုက်ခိုက်မှုကြောင့်တိုက်ပွဲတွင်ကျဆုံးခဲ့သည်။ရဲဘော်ကျော်စိုး၏အလောင်းကိုတိုက်ပွဲဖြစ်စဉ်အတွင်းမသယ်ဆောင်နိုင်ခဲ့ပါ။အဘယ့်ကြောင့်ဆိုသော်တိုက်ပွဲ ဖြစ်ပွားသည့်နေရာမှာရန်သူ၏နယ်မြေအတွင်းစည်းတွင်ဖြစ်သည်ကတစ်ကြောင်းရန်သူ၏အင်အားအလုံး အရင်းဖြင့်ခြေမှုန်းစဉ်အအတွင်းမည်သို့ မျှမသယ်ဆောင်နိုင်ခဲ့။

ဆက်လက်ဖော်ပြသါားပါမည်။
ကျည်ဝေဖြိုး










No comments: