Saturday, November 13, 2010

မီးထဲကကြာ ပေး မေတ္တာစာ

မီးထဲကကြာ ပေး မေတ္တာစာ




မောင်လွမ်းဏီ

မြို့လုလင်သူ
နင့်ပြည်သူက ကြိမ်မီးအုန်း
မီးဟုန်းဟုန်းကို တောက်စေအံ့။

ခင်ကြည့်သမီးထွေး
ဧရာသွေးပ
အရေးတော်ပုံ အောင်ရမည်။

တရားမဲ့မှုနဲ့ တရားမှု
အံတုစစ်ပွဲ၊ မြဲတဲ့သစ္စာ
လူထုကဗျာ၊ လူထုပိုစတာ။

၅ ယောက်ထက်ကျော်
၆ ယောက်ဆင့်ကမ်း
အောင်ဆန်းသွေးတွေ၊ ကမ္ဘာမြေအနှံ့။

ထောင်ကျဉ်းငရဲ
အမှောင်ထဲမှာ
တိုက်ပွဲလူထု၊ လူထုတိုက်ပွဲ
ရဲရင့်သူတို့ပြောတဲ့ သမိုင်းတွေ။

မြို့လုလင်သူ
ဘိုးတူဘမျိုး၊ မညှိုးသရေ
မကြေကမ္ဘာ၊ ကျူးရင့်ပါလင့်
နင့်ပြည်သူတွေ နိုးပြီဟ။ ။

မောင်လွမ်းဏီ





No comments: