ကချင်တပ်နှင့် စစ်အစိုးရတပ် တိုက်ပွဲဖြစ်
ချင်းမိုင် (မဇ္စျိမ) ။ ။ အပစ်ရပ် ပျက်ပြားပြီးနောက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် စစ်အစိုးရတပ်အကြား ပထမဆုံးတိုက်ပွဲ ယနေ့မနက် ဖြစ်ပွားခဲ့ရာ ဗဟိုအစိုးရတပ် တပ်ရင်းမှူး အပါအဝင် ၈ ဦး ဒဏ်ရာရခဲ့သည်ဟု KIO က ပြောသည်။
ကချင်ပြည်နယ် ဗန်းမော်မြို့ အနောက်မြောက်ဘက် မန်စီမြို့နယ်အတွင်း ခလရ ခြေလျင်တပ်ရင်း ၁၅ နှင့် KIO တပ်ရင်း ၂၇ အကြား မိနစ် ၂ဝ ခန့်ကြာ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
“တိုက်ပွဲတော့ ဖြစ်နေပြီ။... ဒီမနက် ဖြစ်တာ။ ၁ဝ

စစ်ဖြစ်လာနိုင်သော စိုးရိမ်ချက်ဖြင့် စစ်ရေးပြင်ဆင်မှုများ ကေအိုင်အေက ပြုလုပ်နေခဲ့သည်
KIO ထိန်းချုပ်ထားသော နယ်မြေအတွင်း တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ယဉ်ထွေး ဦးဆောင်သော စစ်သည် ၁၅ ဦးပါ စစ်ကားတစီးက ဝင်ရောက်လာခဲ့ရာ မိုင်းနင်းမိခဲ့သည်။ ထို့နောက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
KIO က ၎င်းတို့နယ်မြေအတွင်း မဝင်ရောက်လာရန် နှုတ်အားဖြင့် အကြိမ်ကြိမ် ပြောဆိုထားခဲ့သည်ဟု KIO အရာရှိတဦးက ပြောဆိုသည်။
ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း အရာရှိတဦးကလည်း KIO နှင့် အစိုးရတပ်များအကြား တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။
ခလ၇ ၁၅ တပ်များမှာ ပြီးခဲ့သည့်လ ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့သော မိုးမောက်မြို့နယ် တာပိန် ၁ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအတွက် လုံခြုံရေး ယူထားသည့် တပ်များဖြစ်ကြောင်း နယ်စပ် စစ်ဘက်သတင်းရပ်ကွက်တခု အဆိုအရ သိရသည်။

စစ်ဖြစ်လာနိုင်သော စိုးရိမ်ချက်ဖြင့် စစ်ရေးပြင်ဆင်မှုများ ကေအိုင်အေက ပြုလုပ်နေခဲ့သည်
ကေအိုင်အိုကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ၂ဝဝ၉ ခုနှစ်ထဲတွင် စစ်အစိုးရက ကြိုးပမ်းလာရာမှ အပစ်ရပ် သဘောတူညီချက် ပျက်ပြယ်ခဲ့သည်။
ယခုအခါ ဒေသတွင်း စစ်ရေးတင်းမာမှု ပိုမြင့်လာပြီး ဗန်းမော်မြို့တွင် အစိုးရဖွဲ့စည်းထားသော ပြည်သူ့စစ်အင်အား ၁ဝဝ ကျော်မှာ ယမန်နေ့စ၍ လက်နက်အပြည့်အစုံဖြင့် စစ်ပြင်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံတဦးက ပြောသည်။
No comments:
Post a Comment