Monday, February 14, 2011

ရဲဘော်မဲလေး(ခ) ညွန့်ဝင်း၏ နောက်ဆုံး ခရီးစဉ် ။

ဲဘော်မဲလေး(ခ) ညွန့်ဝင်း၏ နောက်ဆုံး ခရီးစဉ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး
ကျောင်းသားတပ်မတော်
အမှတ်(၂ဝ၇)တပ်ရင်း
မှကိုယ်ပိုင်အမှတ် (၃၈၆၉) တပ်ကြပ်နှင့်-ယာယီတပ်စုတပ်ကြပ်ကြီးဟောင်း ရဲဘော်ညွှန့်ဝင်း၏ တော်လှန်ရေးရာဇဝင်အကျဉ်း။
ရဲဘော်ညွှန့်ဝင်းသည်-
          ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးတောင်းဆိုတိုက်ပွဲတွင် ဆန္ဒပြသူတစ်ဦးအဖြစ် ပါဝင် ဆင်နွှဲခဲ့သည်။ စစ်တပ်မှ အာဏ...ာသိမ်းပြီးနောက် မပြီးဆုံးသေးသော ဒီမိုကရေစီရရှိရေးတိုက်ပွဲအား ဆက်လက်ဆင်နွှဲရန်အတွက်  ၁၉၈၉ ခုနှစ်တွင် နယ်စပ်သို့ထွက်ခွာခဲ့ပြီး ကျောင်းသားတပ်မတော် အမှတ်(၂၀၇) တပ်ရင်းသို့ တပ်သားအဖြစ် ဝင်ရောက်ကာ တာဝန်ထမ်းဆောင်ခဲ့သည်။
          သူသည် အသက်ငယ်ရွယ်သေးသူဖြစ်သော်လည်း ခိုင်မာသောစိတ်ဓါတ် ယုံကြည်ချက်တို့ဖြင့် တိုက်ပွဲဝင်ရင်း တပ်ကြပ်နှင့် ယာယီတပ်စုတပ်ကြပ်ကြီးအဖြစ် စစ်မြေပြင်၌ပင် ခန့်အပ်ခြင်းခံခဲ့ရသည်။
          သူသည်        - ထိုးစစ်တိုက်ပွဲ
                             - စခန်းသိမ်းတိုက်ပွဲ
                             - ခံစစ်တိုက်ပွဲ
                             - ခွာစစ်တိုက်ပွဲ
- ပျောက်ကျားစစ်တိုက်ပွဲတို့ကိုဆင်နွှဲခဲ့ပြီးအထူးသဖြင့်ကမ္ဘာကျော်တိုက်ပွဲစာရင်းဝင်သည့်ဝမ်ခတိုက်ပွဲ(ဝမ်ခဟောင်း - ဝမ်ခသစ်) ထွီးပါးဝီကြိုးတိုက်ပွဲ (ခွေးအိပ်တောင်) တို့ကိုပါ(နှစ်ပတ်လည်တိုက်ပွဲများ)ဆင်နွှဲခဲ့သည်။
ထိုတိုက်ပွဲများတွင် မျက်စေ့ကို ယမ်းငွေ့ရိုက်မိခြင်းနှင့်၊ ရန်သူ့လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ရင်ဘတ်ကို ရိုက်ခတ်မိသော ဒဏ်ရာဖြင့် ၁၉၉၅/၉၆ ခုနှစ်တွင် တပ်မှ အနားယူခဲ့ရသည်။
 ယ္ခုအခါ သူသည် ဦးနှောက်သွေးကြောပြတ်ရောဂါဖြင့် အုန်းဖျံဆေးရုံ၌ပင်( 12 ၊ 2 ၊ 2011) ရက်နေ့၌ ကျဆုံးခဲ့သည်။
ကျဆုံးချိန်၌-
                   ဇနီး           - မငယ်(ခ)ခိုင်ခိုင်ဝင်း
                   သားကြီး      - မောင်အောင်ဖြိုးဇင် သားငယ်များ(အမွှာ)  - မောင်ဇင်မင်းနိုင် နှင့် မောင်ဇင်မင်းထက် တို့ကျန်ရစ်ခဲ့ရှာသည်။
ထို့အပြင်-သူချစ်သော ဒီမိုကရေစီရရှိရေးအတွက် လက်တွဲတိုက်ပွဲဝင်ခဲ့ကြသည့် တိုက်ဖော်တိုက်ဖက် သေဖော်သေဘက် ရဲဘော်များအားလည်း ချန်ရစ်ခဲ့ရှာသည်။
သို့သော်- သူကိုယ်ပိုင်အမှတ် ၃၈၆၉ -တပ်ကြပ်နှင့်ယာယီတပ်စုတပ်ကြပ်ကြီးဟောင်း ညွှန့်ဝင်း(ခ)မဲလေးသည် လူသေသော်လည်း ဘယ်သောအခါမှ နာမည်နှင့် သမိုင်းမသေသော ဒီမိုကရေစီရဲဘော်ကြီးတစ်ဦးအဖြစ် သမိုင်းတွင် တွင်ကျန်ရစ်ခဲ့သည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။
ရဲဘော်ညွှန့်ဝင်း(ခ)မဲလေး
`ကောင်းရာသုဂတိလားပါစေ’
 ကျန်ရစ်သော မိသားစုနှင့် ရဲဘော်ရဲဘက်များ           
ရက်စွဲ 2011 ခုနှစ် ၊ဖေဖော်ဝါရီလ၊(  ၁၄ )ရက်။

No comments: