တကယ်တော့ကျေးလက်နိုင်ငံတော်ဆိုတာ ပထမဦးဆုံး ပေါ် ပေါက်လာခဲ့တာပါ။ မြို့ ပြ နိုင်ငံတော်ဆိုတာ နောက်မှပေါ်ပေါက် လာခဲ့တာပါ။ ကျေးလက်နိုင်ငံတော်က အခြေခံတွေအပေါ်မြို့ ပြနိုင်ငံတွေက ဆင့်ကဲ ဆင့်ကဲပေါ်ပေါက်လာခဲ့တယ် မဟုတ် လား။ တကယ်တော့ ကျနော်တို့ အားလုံးဟာ ကျေးလက် နိုင်ငံ တော်က ဆင်းသက်ပေါက်ဖွားလာခဲ့ကြသည်မဟုတ်ပါလား။ ဒီကျေးလက်ကြောင့်ဆင့်ကဲဆင့်ကဲတိုးတက်ကြီးပွားလာခဲ့ကြသလို။ ဒီကျေးလက်ကြောင့် ဘယ်တော့မှ မပျောက်ပျက်တဲ့ ရိုးသားမှု၊
Tuesday, May 29, 2012
Saturday, May 26, 2012
ဦးကျော်သူနှင့်ဇနီးဒေါ်ရွှေဇီးကွက်တို့ရောက်ရှိစဉ် အမှတ်တရ။
အမေရိကန်နယူယောက်ပြည်နယ်၊အော်ဘာနီမြို့တွင်
ရန်ကုန်မြို့နာရေးကူညီမှုအသင်းဥက္ကဌ
ဦးကျော်သူနှင့်ဇနီးဒေါ်ရွှေဇီးကွက်တို့ရောက်ရှိစဉ်
အမှတ်တရ။

Wednesday, May 23, 2012
ဆန္ဒတွေကိုပြိုင်တူထွန်းညှိနေတာတွေတွေ့ရတယ်။
လျှပ်စစ်အကြောင်း၊ဖယောင်းတိုင်ေ တွသက်သေ
တကယ်တော့လျှပ်စစ်ကိုအယ်ဒီဆင်တွေ့ ခဲ့တာနောက်ကျပါတယ်။
မီးကိုမီးနဲ့တိုက်ယူရမယ်။
အမှောင်ကိုအလင်းနဲ့တိုက်ယူရမယ်။
ဆန္ဒတွေကိုပြိုင်တူထွန်းညှိနေတာေ တွတွေ့ရတယ်။
မြန်မာပြည်မှာအမှောင်တွေပိန်းပိ တ်နေပါသည်
တို့ပြည်သူကို-အမှောင်ကမ္ဘာထဲမှာ ထားတဲ့အစိုးရ
တို့ပြည်သူကို-ရေငတ်အောင်လုပ်တဲ့ အစိုးရ
တို့ပြည်သူကိုစာမတတ်အောင်လုပ်တဲ့ အစိုးရ
တို့အလုပ်သမားတွေဘက်မရပ်ပဲ အလုပ်ရှ င်တွေကိုကာကွယ်တဲ့အစိုးရ
လျှပ်စစ်သေတာကို ကချင်စစ်ကြောင့် လို့ပြောချင်တဲ့အစိုးရ
တို့ပြည်သူကိုဗွက်ရေတွေသောက်စေတဲ့အစိုးရ
တို့ပြည်သူကိုကျွန်ဖြစ်စေတဲ့အစိုးရ
တို့ပြည်သူကိုအလကားနေ-ဖမ်းဆီးထောင်ချနေတဲ့အစိုးရ
တို့ပြည်သူကိုမတရားဥပဒေတွေပြဌာန်းထားတဲ့အစိုးရ
တိုင်းပြည်အရင်းအမြစ်တွေကိုရောင်းစားနေတဲ့အစိုးရ
ဒီလို-ရက်စက်တဲ့အစိုးရကိုဘာလို့ များ
အကောင်းမြင်နေကြတာလဲ။
ကျည်ဝေဖြိုး။
ငံ့လင့်ကူသံ
ငံ့လင့်ကူသံ
မောင်လွမ်းဏီ
ကျစ်ကျစ်ဆုပ်ထား
လက်သီးများပေါ်က ဖယောင်းစက်တွေ
ချော်ရည်ပူလား၊ အေးခဲ မာကျောတဲ့အထိ။
ဖယောင်းတိုင်တွေက
အလင်းကိုပေးဖို့ သွေးကို မီးမြှိုက်ပေးသလို
တို့တတွေကလည်း အလင်းကို ၀င်းဖို့
ဘ၀ကို ရင်းနှီး လောင်မြှိုက်ရတဲ့အချိန်။
အမှောင်ထဲမှာ ကျင့်သားရ
အမှောင်ကပဲ ပိတ်ကွယ်စီး
မီးဆိုတာ အပူနဲ့အလင်း
တို့ရင်မှာ တင်ရှို့၊ တို့ရင်ကို ကင်
နေ၀င်စ ချိုးမရယ်ကူ။ ။
မောင်လွမ်းဏီ
၂၂-၅-၂၀၁၂
Friday, May 18, 2012
မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက် ( ရန်ကုန်) နှစ်ပတ်တာ တိုးတက်မှု စာရင်းရှင်းတမ်း

by Nay Myo Zin on Friday, May 18, 2012 at 7:04am ·
မေလ
၂ ရက်နေ့မှ စတင်ကာ သုံးခွမြို့ ရေရှားပါးခြင်း ပြသနာကို ကျနော်နှင့်
စိတ်တူကိုယ်တူ မိတ်ဆွေတချို့ ပူးပေါင်းပြီး တတ်နိုင်သမျှ
သွားရောက်ကူညီခဲ့ကြပါသည်။ ဦးစွာ ပန်းရဲ့လမ်း ကွန်ယက်ဖြစ်သော
ဦးရဲလွင်နှင့် အနုပညာသည်များ အဖွဲ့တို့နှင့် အတူ သုံးခွ မြို့သို့
ရေအလှူလိုက်ပါကူညီခဲ့သည်။ ထို့နောက်တွင်မူ စင်ကာပူမှ မိတ်ဆွေ တချို့က
စုပေါင်းကောက်ခံထားသော ငွေများဖြင့် ကျနော်တို့မှ တာဝန်ခံပြီး
သွားရောက်လှူဒါန်းပေးပါရန် အကူညီတောင်းခံလာသောကြောင့် မြန်မာ့လူမှုဘဝ
ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှ စတင်ကာ လူထု အကျိုးပြု လုပ်ငန်းများ
လုပ်ဆောင်လာခဲ့သည်။
ရက်ပေါင်း ၁၃ရက်တာ ကာလ တွင်း မိမိတို့ ကွန်ယက်ထံ ပေးပို့လှူဒါန်းလာသော ငွေပမာဏနှင့် လှူဒါန်းသူ စာရင်းကို တင်ပြပါမည်။
(၁) ဂျပန်နိုင်ငံမှ မနနာနှင့် သူငယ်ချင်းများ စုပေါင်းပေးပို့ လှူဒါန်းသောငွေ 616000
(၂) မမီးငယ်နှင့် သူငယ်ချင်းများ 300000
(၃) စင်ကာပူနိုင်ငံမှ ကိုကျော်ဇေယျာဝင်း 100000
(၄) အမေရိကန်မှ မယဉ်ယဉ်အေး နှင့် မိတ်ဆွေများ 1200000
(၅) စင်ကာပူမှ မိတ်ဆွေသူငယ်ချင်းများ မခိုင်ခိုင်မြင့်မှ တဆင့် လှူဒါန်းငွေ 4268500
(၆) အမေရိကန်နိုင်ငံမှ မခင်ဥမ္မာလင်း လှူဒါန်းငွေ 81000
(၇) ဦးရန်နိုင် ဒေါ်မြင့်မြင့်အေး မိသားစု 60000
(၈) ကိုဆန်းဦး ( နေပြည်တော်) 50000
(၉) ကိုအောင်ဆန်းမြင့် မခင်ဌေးဦး သားလေး အောင်ဗညားဟန် မိသားစု 200000
(၁၀) မလေးရှားမှ ညီမလေး ပိုးဟပ်ဖြူ ပေးပို့လှူဒါန်းငွေ 50000
(၁၁) Golden triangle မှ ပေးပို့လှူဒါန်းငွေ 115000
(၁၂) ဦးနေ၀င်း ဒေါ်ကြည်ကြည်ဝင်း 30000
(၁၃) မယမင်းအောင်နှင့် သူငယ်ချင်းများ 1200000
(၁၄) ကိုကျော်စွာမင်း နှင့် မနန်းမွန်ဇာသိန်း မင်္ဂလာဦးအလှူ 1247728
(၁၅) ကိုဖြိုးဝေထွန်း မခင်သူမြင့် သမီးလေး မြတ်ပန်းဝေခင် မိသားစု 100000
(၁၆) ကိုထွန်းလှိုင်+မ၀င်းမာစိုးနှင့်သားသားထူးအံ့အောင်တို့မိသားစု 81000 (ပေးပို့ထားပြီး မိမိမှ သွားမယူရသေးပါ)
(၁၇) စင်ကာပူမှ သူငယ်ချင်းများ မခိုင်ခိုင်မြင့်မှ တဆင့် ထပ်မံလှူဒါန်းငွေ 1730000
စုစုပေါင်း 11429228 ကျပ်ကို နှစ်ပတ်တာ ကာလအတွင်း လက်ခံရရှိခဲ့ပြီး ယနေ့ အထိ စက်ရေတွင်း အားဖြင့် စုစုပေါင်း ကိုးတွင်း တိတိ တူးဖေါ်ရန် ကြိုးပမ်းနိုင်ခဲ့သည်။
တွင်း အမှတ် (၁) မိချောင်းကန် ကျေးရွာ တွင် မေလ 10 ရက်နေ့က ရေချိုတူးဖေါ် ရရှိခဲ့
တွင်း အမှတ် (၂) ညောင်လေးပင် ကျေးရွာတွင် ရေငန်တူးဖေါ် တွေ့ရှိပြီး ထပ်မံ စမ်သပ် ရန် ပြင်ဆင်နေ
တွင်း အမှတ် (၃) ညောင်ပင်ကြီး ကျေးရွာ တွင် ရေချိုကို တူးဖေါ် ရရှိခဲ့သည်
တွင်း အမှတ် (၄) အောင်ပန်းစိန် တဲတန်းလေး ကျေးရွာ ရေချိုကို ရရှိသော်လည်း ရေထွက် နည်းနေသေးသောကြောင့် ထပ်မံ မွမ်းမံ
တွင်း အမှတ် (၅) တောစွန်းကျေးရွာ ရေချို ပေ ၄၂၀ တွင် တူးဖေါ်တွေ့ရှိသည်။
တွင်း အမှတ် (၆) ဇောတိက ကျေးရွာတွင် ရေချိုကို တူးဖေါ် တွေ့ရှိသည်။
တွင်း အမှတ် (၇) မှို့ကုန်းသာ ကျေးရွာတွင် ယနေ့ ညနေ ပေငါးရာခန့် တူးဖေါ် ပြီးစီးမည်ဖြစ်သည် ရေချို မချို မသိရသေးပါ။
တွင်း အမှတ် (၈) တင်းတောင်းချောင် ကျေးရွာတွင် ယနေ့ စတင် တူးဖေါ်နေပြီး ပေအနက် မသိရသေးပါ
တွင်း အမှတ် (၉) စစ်ကိုင်း ရွာသစ် ရွာစုတွင် ဆက်လက် တူးဖေါ်မည်ဖြစ်ပြီး လိုအပ်ကရိယာများ အသင့်ပြင်ဆင်ထားပြီး
တွင်းတစ်တွင်းလျှင် အနည်းဆုံး ကုန်ကျငွေ ကျပ် ၁၂ သိန်း ၀န်းကျင် ခန့်မှန်းကုန်ကျမည်ဖြစ်ပြီး သွားလာခက်ခဲမှု ပေါ် မူတည်ပြီး ပိုမို ကုန်ကျမှုသာ ရှိနိုင်ပါသည်။ ထို့ကြောင့် တွင်း ပေါင်း ကိုးတွင်းစာအတွက် သိန်း တစ်ရာကျော် ကုန်ကျခဲ့ပြီး အုတ်ရေကန် တစ်ကန်လျှင် အနည်းဆုံး ကျပ် နှစ်သိန်းခွဲမှ သုံးသိန်း အထက် ကုန်ကျမည်ဖြစ်ရာ လောလောဆယ် ဇောတိက ကျေးရွာ နှင့် ညောင်ပင်ကြီး ရွာ အတွက် အုတ်ကန် နှစ်ကန်၊ မိချောင်းကန် ကျေးရွာတွင် အုတ်ကန် အတွက် မတည် ငွေ ကျပ် တစ်သိန်း ဖြင့် အုတ်ကန်ဖိုး စုပေါင်း ကုန်ကျငွေ ခုနှစ်သိန်း ခန့် ထိ စိုက်ထုတ် အသုံးပြုထားပါသည်။ စက်ရေတွင်းများ အုတ်ကန်များ အားလုံးပြီးစီးသွားချိန်တွင် အသေးစိတ် စာရင်း တင်ပြပေးမည်ဖြစ်ပါသည်။ တဲတန်းလေး ကျေးရွာ ၊ တောစွန်းကျေးရွာနှင့် တင်းတောင်းချောင်ကျေးရွာတို့တွင် အုတ်ရေကန်များ ဆက်လက် ဆောက်လုပ် လှူဒါန်းရန် ပြင်ဆင်ထားပါသည်။ လောလောဆယ် ရေထွက်ရှိမှု အခြေအနေများ တိုးတက်ခိုင်မာသည် အထိ ရေမှုတ် စမ်းသပ်နေပါသည်။
မိမိထံ လှူဒါန်းထားသော ငွေများကို လိုအပ်သည့် အတိုင်းအတာအလျောက် တိကျမှန်ကန်စွာ သုံးစွဲပြီး ဒေသခံ ပြည်သူလူထု လူနေမှု ဘ၀ တိုးတက်ဖွံ့ဖြိုးရေး အထောက်အကူဖြစ်အောင် စေတနာထားပြီး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အလှူရှင် ညီအစ်ကိုမောင်နှမ အပေါင်းအား ဒေသခံ လူထုကိုယ်စား ကျေးဇူးတင်စကား လေးနက်စွာ ဆိုပါသည် ။ ကျေးဇူးတင်ပါသည်။

Subscribe to:
Posts (Atom)