Friday, November 13, 2009

နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာ။

Justify Full အခန်း(၅)
လုံခြုံရေးစိတ်ချရတဲ့ဒေသ၊
စိတ်ပူပင်စရာသိပ်မရှိ၊ တခုတော့သတိထားရမည်၊ ဖားဆောင်းဘက်မှ တခါတရံ ရန်သူ့ စစ်ကြောင်းလှည့်လျှင် ထိုနေရာသို့  ရောက် ရောက်လာတတ်သည်၊ သံလွင်မြစ်ထဲ လှေဖြတ်စီးပြီး ထောင့်ဖြတ် တောင်ကြောမျဉ်း အတိုင်း ဖြတ်လျှောက်လျှင် ယခု ထိထာရွာသို့  ရောက်သည်၊ သို့ သော် ရန်သူ့  စစ်ကြောင်း ထိထာရွာ့ ကြာ ကြာ စခန်းချ၍မရ၊ အဘယ့်ကြောင့်ဆိုသော် စစ်ရေးအမြင်အရ ချောင်ပိတ်အခင်းအကျင်းဖြစ်နေသော်ကြောင့်၊ ထိထာရွာတွင် ခေတ္တနားကြသည်၊ အိမ်ခြေ လေးဆယ်ကျော်။ ငါးဆယ်ခန့် ရှိမည်၊ ကုန်သည်တွေဖြစ်ကြ ဟန် တူသည်၊ တောင်ငူ။ လွိုင်ကော်။ မော်ချီး။ ဖားဆောင်း။ ဒေသများမှ ဖြစ်ကြ၍အချို့ မှာ မြန်မာပြည်တွင်းက နွားများ ကို ဈေးကြီးပေးပြီး အရှေ့ တောင် ထိုင်းနယ်စပ်သို့  မှောင်ခိုဈေးနှုန်းနှင့်ရောင်းကြသည်၊ မြန်မာငွေနှင့် ဝယ်သူပြီး ထိုင်းဘတ်ငွေနှင့်ပြန်ရောင်းရသည်မှာ အတော်လေး ထွက်ခြေကိုက်ကြသည်၊ ထိုင်းစီးပွားရေးသမားများမှ နွားတွေကို နွားသတ်ရုံထဲ မောင်းသွင်းပြီး ခေတ်မှီကရိယာများနဲ့  အမဲတင်းဗူး ထုတ်လုပ်ရောင်း ချကြသည်မှာ မြတ်သည်ဟု ကြားရသည်၊

တလျှောက်လုံး ယွန်းစလင်းချောင်း ဖြတ်လိုက်။ ကျော်လိုက်နှင့်ခြေထောက်မှာ ရေစို၍မခြောက်အား၊ ကရင်တိုင်းရင်းသားများနောက်လွယ် ပုလိုင်းကိုယ်စီနှင့် စားသောက်စရာ ဝယ်သူပြီး ရွာသို့ ပြန်လာကြပုံ၊ အဖွားအို'ကီးတစ်ယောက် ဆေးတံတိုကိုက်ပြီး တောင်ဝှေးတစ်ချောင်းနှင့် ကျနော်တို့ ကို စူးစမ်းနေပုံ၊ ယွန်းစလင်း ချောင်းမှ ရေမှာ ကြည်လင်စိမ်းမြနေသည်၊ တံတားအောက်တွင် သူတို့ . ရင်သွေးငယ်များကို ရေချိုးပေးနေသည့် မိခင်ကို မြင်တော့ အမေ့ ကို သတိရမိသည်၊ တံတားဆိုသည်မှာ ထိုရွာမှ ရွာသားများ စုပေါင်းပြီး ခိုင်ခိုင်ခန့် ခန့် လုပ် ထားကြသည့် ဝါးတွတား၊ွှတံတားမှ ဖြတ်သွားလျှင် တအိအိ၊ တကျွိကျွိမြည်တွန်တတ်သည်၊

တောတောင်ညို့ ညို့  အုပ်ဆိုင်းဆိုင်းထဲ နေပြောက်တွေ ဟိုတကွက်သည်တကွက်ာဖြာထွက်နေသည်မှာ ကြည့်၍ကောင်းသည်၊ သက်တန်း ရင့် သစ်ပင်'ကီးတွေ. လုံးပတ်မှာ ခန့် ခန့် ထည်ထည်နှင့် အရိပ်တွေကောင်း လှ သည်၊အတော်မြင့်မြင့် သစ်ပင်များ. ခွကြားတွင်ပွင့်ပြနေကြသည့် သစ်ခွပန်းများမှာ အရောင်မျိုးစုံ၊ တချို့ ပန်းက ခရမ်းနုပါးပါးအရောင်နှင့်၊ တချို့ ပန်းကြတော့ ကြက်တူရွေးနှုတ်သီးကဲ့သို့  ရဲရဲရင့်ရင့် ပွင့်ပြနေကြသည်၊ တော်လှန်ရေးကြီးအောင်မြင်သည့်တနေ့  အိမ်းပြန်ရတဲ့အချိန် ဒီလို သစ်ခွပန်းမျိုးခွာယူပြီး ကိုယ်ပိုင်အိမ်လေး တလုံးမှာ ယုယုစိုက်ဦးမယ်လို့ တွေးထား သည်၊

တော်လှန်ရေးမြေကွက်တခု၊

တပ်ရင်းက ယခင်နေရာတွင်မရှိတော့၊ ဒါးဂွင်သို့  ရွှေ့ ပြောင်းသွားသည်၊ ကျနော်တို့ အဖွဲ့  စခန်းဟောင်းမှာ တရက်။ နှစ်ရက် နားနေလိုက် ကြသည်၊ လူမနေတော့သည့် ဘားတိုက်ကြီးမှာ ဖုန်မှုန့် ။ အမှိုက်များဖြင့်၊ အမြဲ စိုပြေနေသည့် ထမင်းစားအဆောင်လည်း တိတ်ဆိတ်ငြိမ်သက်လို့ နေ သည်၊ အိမ်ထောင်သည်နှစ်ဦးနေသည့်  အိမ်ဘက်ကြည့်တော့လည်း နိုင်လွန်းကျိုးအဟောင်းနှင့် ရက်ထားသည့် ကလေးပုခက်လေးတလုံး၊ ဝါးဆစ် ငြုပ်စုံဟောင်းလေးတခု၊ ပန်းကန်ဆေးသည့်ရေဆိပ်မှ ရေတံလျှောက်ကတော့ ရေကျမြဲကျနေသည်၊ ကျောက်ခဲ တုံးကြီးသုံးလုံးနှင့် ဖိုခနှောက်မီးဖို၊ စိုက်ထားသည့် ပဲတိုင်ထောင်အပင်တွေက လဲသည့် အပင်ကလဲ။ ပိုးစားသည့် အပင်ကစား၊ ခြောက်သွေ့ ငြိမ်သက်သွားသည့် တပ်ရင်းအဟောင်းတခု၊ ခုတော့------၊
ဒါးဂွင်မှာ ယခင်တပ်ရင်းဟောင်းနေရာ. မြောက်ဘက် အတော်ဝေးသည်၊ သံလွင်မြစ်အထက် သော်လဲထဈေးအပေါ်ဘက်မှာဖြစ်သည်၊ စခန်းသစ်ကိုယခုမှ စ၍ဆောက်ရမှာဖြစ်သည်၊ ဝါးရုံပင်တွေ။ သစ်ပင်ခြုံနွယ်တွေ။ သစ်ငုတ်တိုတွေ ခုတ်ထွင်ရှင်းလင်း ဖော်ထုတ်ရသည်မှာ အတော်ပင် ပန်းသည်၊ တပ်ခွဲ။ တပ်စု။ တပ်စိတ်အလိုက် လူစုခွဲကြပြီး တဖွဲကဝါးခုတ်။ တဖွဲကထမင်းချက်။ တဖွဲ့ ကအဆောက်အဦ မြေနေရာ ညှိကြသည်၊ တချို့ က အဆောက်အဦမိုးရန် အတွက် လေးဆယ့်ငါးမိနစ်ခန့် သွားရသည့် အင်တိုင်းတောအတွင်း ဖက်ကောက်သွားကြသည်၊ ကောက်ယူ၍ရလာသော အငသ်ဖက်များကို အိမ်ထောင်သည်ရဲမေများက အင်ဖက် ပစ်ပေးကြသည်၊ အလုပ်နားချိန်။ ထမင်းစားချိန်ရောက်လျှင် ပန်းကန်ကမလောက်၍စောင့် နေ ရသည့်အဖွဲ့ က စောင့်၊ အလျှင်စားသည့်အဖွဲ့ က စားကြနှင့် ပျော်စရာကောင်းလှသည်၊ ထမင်းစားပြီးသည်နှင့် ဝါးရုံပင် ခြေရင်း၌ တချို့။ အရိပ်ကောင်းသည့် သစ်ပင်အောက့်တချို့  အနားယူနေကြသည်၊ တပ်ထောက်ရဲဘော်က သုခိတာ ဆေးလိပ် နှစ်လိပ်နှုန်းကျ စကေးဝေနေသည်၊ စခန်းသစ် ကြီးကို အောင်အောင်မြင်မြင် တည်ဆောက်နိုင် ခဲ့ကြသည်၊
တပ်ရင့်း တပ်ဖွဲ့ ဝ်ရဲဘော်များကို ခေါ်၍ တိုင်ပင်စည်းဝေးဍှိနxိင်းကြသည်၊ တဦးခြင်းအလိုက် ကိုယ်ယုံကြည် သည့် တပ်ဖွဲ့ ဝင်ရဲဘော်ကို ဆန္ဒမဲ ပေးကြရသည်၊ ဆန္ဒမဲများကိုကော်မရှင်မှ ရေတွက်ပြီး ဆန္ဒမဲအများဆုံး ရရှိ သည့် ရဲဘော်.အမည်နှင့် မဲအရေအတွက်ကို ဖတ်ကြားပြပြီး အားလုံး.အ ရှေ့  သင်ပုန်းပေါ်တွင် အစဉ်လိုက် ရေး ပေးသည်၊ တပ်ရင့်း မဲအများဆုံးရသည့်ရဲဘော်မှာ ရဲဘော်ဆန်းလင်းဖြစ်ကြောင်းသိရ၍ ဝမ်းပန်းတသာ ကြိုဆိုခြင်း လက်ခုတ်များတီးကြသည်၊
တပ်ရင်းတွင် ထိုအချိန်က အုပ်စုစွဲ။ ပုဂိုလ်စွဲ။ ဒေသစွဲမကင်းသေးသည့် ရဲဘော်များရှိကြသည်၊ တပ်ရင်း ရွေးကောက်ပွဲ ကိစ္စနှင့် သဘောမတွေ့ သူ တွေ မတွေ့ ဖြစ်ကြသည်၊ တပ်ရင်းတွင်အများအားဖြင့် တောင်ငူ။ ကညွှတ်ကွင်း ။ကျောက်ကြီး။ ဇေယျဝတီ စသည့်ေးသမှ ရဲဘော်များဖြစ်ကြသည်၊ သို့ သော် တပ်ရင်းမှာ တောင်ငူ မြို့ မှ ရဲဘော်အရေအတွက်မှာ အများဆုံးဖြစ်သည်၊ ကညွှတ်ကွင်း။ ကျောက်'ကီးဒေသမှ ရဲဘော်အတော်များများ မှာ လက်တွေ့ လုပ်ဆောင်မှုအားကောင်းမှုရှိသည်၊
တပ်ရင်းတွင် ရှေ့ တန်းမထွက်ရသေးသည့် အချိန်ဖြစ်သောကြောင့် ရဲဘော်တွေမှာ တောထဲမှ ပျဉ်းကတိုး အခြောက်တုံးတွေကို လွှဖြင့် ဖြတ်တောက်ကြပြီး မီးသွေးဖိုကြီးများ လုပ်၍မီးသွေးဖုတ်ကြသည်၊ ဖုတ်ပြီးရရှိလာ သည့် မီးသွေးများကို ဂုန်နီအိတ်ကြီးတွေထဲ ထည့်ပြီး သော်လဲထဈေးသို့  ရောင်းကြရသည်၊ ထိုအချိန်က မီးသွေး အိပ်ကြီးတအိပ်ကို ထိုင်းငွေ သုံးဆယ်ရောင်ကြရသည်၊ ရောင်းရသည့်ငွေကို မီးသွေးဖုတ်သည့်အဖွဲ့က တပ်ရင်းမီးဖိုချောင်တွင် ငါးတန် ကီလိုလိုက်ဝယ်ပြီး အားလုံးစားကြရသည်၊ သူတို့ လုပ်အားနှင့်ရလာသည့် ငွေစလေးအချို့ ကို ဆေးလိပ်ဝယ်သောက်။ ဆောင်တော်ကူး သနပ်ခါးဝယ်နှင့် အဖတ်မတင်ကြ၊ ကြပ်ကြပ်တည်းတည်းနှင့် ချွေတာစားသောက်နေကြရသည်၊ တပ်ရင်းစီးပွားရေးဆိုလို့  ပန်းပဲဖိုလေးတခု တည် ထောင်ထားသည်၊ ဆင်သမား။ တောင်ယာသမားတွေမှ ဓါး လာအပ်ကြ၍ငွေဝင်ပေါက်မှာမဆိုးလှ၊ ထိုအလုပ် ရုံမှရရှိသည့်ငွေကို ရှေ့ တန်းစစ်မျက်နှာ့ တာဝန်ကျနေသည့် ရဲဘော်များအတွက် သွားတိုက်ဆေး။ ခြေအိပ်။ ဆေးလိပ်။ စသည်တို့ ဝယ်နိုင်သလောက်ဝယ်ပြီး ပို့ ပေးကြသည်၊ ထိုပန်းပဲဖိုမှာလည်း ကြာကြာမခံ၊ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် အလုပ်မဖြစ်တော့ပါ၊

သတင်းကျွတ်လစောထတိုက်ပွဲ၊(၁၉၉၁-၉၂)

ဗဟို-အမိန့် စာကြောင့် ကျနော်တို့ တပ်ရင်း။ ရှေ့ တန်းထွက်ရမည်၊ အားလုံးပြင်ဆင်ထားကြဖို့ တပ်ရင်မှုးမှ ညွှန်ကြားသည်၊ ဘယ်ဒေသကို ထွက်ရပါ့မလဲ၊ ဘယ်နေရာမှာလဲ၊ ကျနော်သိချင်နေသည်၊ ရှေ့ တန်းထွက်ခါနီး တပ်ကိုတပ်ထွက်မိန့် ခွန်းပြောသည့်အချိန်ကျမှသိရသည်၊ ထွက်ရမည့်ဒေသမှာ စောထ၊ သေနတ်။ အီကွန့် မင့်။ ရေဗူး။ ကျည်ဆံ။စစ်ဘိနပ်။ကျည်ဘောက်၊ ရှေ့ ထွက်ရဲဘော်မျက်နှာများ ရွှင်လန်းတက်ကြွမှုများနှင့် လှေကြီးပေါ် သို့  တက်စဉ်--နောက်တန့်းကျန်ရစ်ခဲ့မည့်ရဲဘော်များ-- ရှေ့ တန်းသို့ သွားရတော့မည့်ရဲဘော်များ--။ မှာလိုက် သည့်အမှာတော်စကားများ၊ ဟေ့-အရာ ရာ သတိဝိရိယရှိကြကွနော်။ ငါ မင်းတို့ အတွက် ဘီဘီစီမှာ သီချင်းတောင်းပေးမယ်၊ စိတ်ချစမ်းပါကွ။ မင်းသိတယ်မဟုတ်လား- တချက်တကောင်ပစ်တာ- ကြိုးတုတ်ထားတဲ့ ဝက်ကိုလေ-ဟား-ဟား-ဟား၊ ဒါနဲ့  မင်းသီချင်းတောင်ရင် ငါတို့ အားလုံးအတွက် ကိုမွန်းအောင်ရဲ့  ငြိမ်းချမ်းရေးတိုက်ပွဲ အခွေထဲက သီချင်းတောင်းပေးကွာ။ ကျမ္မာရေးလည်းဂရုစိုက်ဦး၊ ငါ့--ဆေးလိပ်အကြွေး သုံးဘတ် ကရင်မဆိုင်ကို မဆပ်ရသေးဘူး၊ အဲဒါ မင်းဆပ်ပေးပါဦး၊

လှေကြီးက တရွေ့ ရွေ့ ထွက်စအပြု--သူတို့  ပြုံးပြ။ နှုတ်ဆက်။ ဒါပေမယ့် ရင်ထဲ။ အသဲထဲ။ မျက်ဝန်းအိမ်ထဲ ထိန်းသိမ်းရင်း ကျလာတော့မယ့် မျက်ရည်တွေကိုယ်စီ ရှိကြနေသည်ကိုတော့-------၊

စာရေးကွာ-- လက်ကလေးတွေ ဝှေ့ ယမ်း နှုတ်ဆက် ပုံရိပ်များ၊ ကမ်းစပ့် ကျန်ရစ်ခဲ့သူရင်ထဲမှာတော့ -ဝမ်းနည်းဆို့ တက်မျက်ရည်စတွေ ၊ သူသိပ်ချစ်တဲ့ရဲဘော်များ တရားသောစစ်အောင်မြင်ပါစေလို့  ဆုတောင်း ရုံကလွဲပြီး ဘာများတတ်နိုင်ဦးမှာလဲ၊

မြန်ပြည်သစ်ရဲ့  သားကောင်း ဒေါင်းစစ်သည်တွေ၊ ဒေါကြီးမောကြီးနဲ့  မောင်းအားပြင်း စက်လှေအသံ၊ စက် မောင်းသမားဘေးတွင် ဆေးတံ ကိုက်၍ တောတောင်တွေ. ပထဝီအနေအထား တည်နေပုံကိုကြည့်ရင်း စဉ်းစား နေသော ရဲဘော်ဆန်းလင်း၊ လှေကြီးပေါ်တွင် တချို့ ငိုက်မြည်းနေကြ၊ တချို့ ကင်းစောင့်နေကြ၊ ဝဲကြီးဂိတ် စခန်းသို့ ရောက်.၊ ရန်သူ့ တပ် လှုပ်ရှားမှု ။ ထူးရှားမှု။ ရှိမရှိကို စုံစမ်းစမ်းပြီး ခရီးဆက်လက်ထွက်ထွာလာ ကြ သည်၊ စောထသို့  ညနေ ငါးနာရီထိုးတွင် လှေစိုက်သည်၊ ရွာသူရွာသားများ တအံ့ တသြ ငေးမော ကြည့်ရှုနေကြ သည်၊ စေးမူဝါးများ အထမ်းအပိုးကိုယ်စီဖြင့် တစုံတခုကို'ကိုသိထားသည့်အလား စိုးရိမ်သောကများနှင့်၊
မဟာမိတ်ရုံးကြီးပေါ်သို့  စစ်ကြောင်းရောက်ပြီ ဖြစ်ကြောင်း တာဝန်ရှိသူအား သတင်းပို့ ခိုင်းသည်၊ စစ်ကြောင်း အသင့်နေရာယူနိုင်ရန် စောထရွာ အပြင်ဘက် တောင်ကုန်းများပေါ်တွင် လုံခြုံရေးစီစဉ်ထားကြပြီး ရဲဘော် များ ကို နေရာအသင့်ယူစေသည်၊ ရွာသားများသည် သူတို့ ပိုင်ဆိုင်ရာ အိုးခွက်ပစဏည်းများ ။ ကြက်။ ဝက်။ ဆိတ်များ ကို ခြင်းတောင်းကြီးတွေထဲထည့်ပြီး ရွှေ့ ပြောင်းနေကြသည်၊ သူတို့ ရွှေပြောင်းကြသည့်နေရာမှာ သံလွင်မြစ် တဘက် ကမ်း (ထိုင်း) အတော်ဝေးသည့် နေရာသို့  ဖြစ်သည်၊ တချို့ သယ်ယှူုမကုန်နိုင်သေး၊
အချိန်ကား-မိုးချုပ်မှောင်ရီပျိုးစ၊ ခြောက်နာရီထိုးပြီးလောက်တွင်၊ - ရန်သူ-၊ စူးရှပြတ်တောင်းသော အသံကြီးနှင့် အတူ အတွဲလိုက် အတွဲလိုက် ကုတိချလိုက်သော -အေကေ-သေနတ်သံက တတောလုံး။ တ တောင်လုံးကို မြည်ဟည်း ဟိန်းထွက်သွားစေသည်၊ တိုက်ပွဲစပြီ လို့ သိလိုက် ရသည်နှင့် အတိုင်းမသိ စောင့်တက် လာသည့် ရင်ခုန်သံကလည်း အောင့်ကနဲ ဖြစ်သွားသလို၊ တကိုယ်စာလုံခြုံဖို့ တူးထားသည့် ဝပ်ကျင်းးထဲ ကိုယ်ဟန် အနေအထား အမျိုးမျိုးပြင်ပြီး ရန်သူကို ကျီးကန်းတောင်းမှောက် မျက်လုံးနှင့် ရှာဖွေနေမိသည်၊ ကိုယ်က ရန်သူကိုမတွေ့ နိုင်သေးသော်လည်း ကိုယ့်ရဲ့  ညာဘက်က တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေရဲ့  သေနတ် သံတွေကတော့ ပေါက်ပေါက်ဖောက်သလို တရစပ်ပစ်ခတ်နေသည်၊ လက်နက်ငယ်တွေပစ်ခတ်လို့  ခေတ္တ အသံ တိတ်ချိန် မရှေးမနှောင်းမှာပဲ -အာပီဂျီ-သေနတ်အသံကြီးက တိုက်ပွဲတခုလုံးကို လွှမ်းမိုးနေတော့သည်၊
-ဟိုမှာ- ဟိုမှာ- သစ်ပင်နားပြေးကပ်ပြီ၊
ငါ့ကိုပေး-ငါ့ကိုပေး-ဆော်ထည့်လိုက်မယ်၊ ထုတ်---ဂျိမ်း၊ သစ်ပင်နားပြေးကပ်သည့်ရန်သူနှင့် အပေါ်စီးမှ ပစ်ချလိုက်သည့် လက်နက်ကြီး လုံးထွေးမဲမှောင်သွားသည်၊ ထိုနေရာမှ ရန်သူအသံမကြားရတော့၊ -ကျောင်း သားတပ်မတော်ကွ- ဘာမှတ်သလဲ-တက်ရဲတက်ခဲ့စမ်း- ရဲဘော် များမှာ အော်ဟစ်ဆူညံသံများနှင့်အတူ၊ တိုက်ပွဲအတွေ့ အကြုံရှိသည့် ရဲဘော်များနှင့် အတွေ့ အကြုံနုသေးသည့်ရဲဘော်များ တွဲထားပေးသည်၊ ရန်သူ ပစ်သည့်ကျည်ဆံလမ်းကြောင်းကို ကြည့်သည်၊ ကျည်လမ်းကြောင်းအတော်မြင့်မြင့်မှ ဖြစ်နေလျှင် ထိုအခွင့် အရေးကို အမိအရလှုပ်ရှားပြီး ကိုယ့်ရဲဘော်များ စိတ်ဓတ်ရေးရာ မကျဆင်းဘို့  တဘက်ကလည်း အားပေးမှု လုပ်ရသည်၊
မဲကနဲ- မဲကနဲ -အတင်းထိုးတက်လာသော ရန်သူများ၊ ကျွှဲအုပ်ကြီးမောင်းသွင်းလိုက်သလိုမျိုး၊ ထိုသို့ အတင်း ဖိပြီး ထိုး၍ တက်လာသည့် ရန်သူများကို ကျနော်တို့ ဘက်ကလည်း အတွဲလိုက်။ အတွဲလိုက်။ တရဟော ပစ်ချလိုက် သည်များမှာလည်း မထိသူမရှိနိုင်၊ မျက်စေ့ မှိတ်၍ပစ်ဦးတော့ အနည်းဆုံး အုပ်စုလိုက်တက်လာသည့် ရန်သူကြားထဲ ကျည်ရောက်သွားသည်နှင့် တယောက်။ နှစ်ယောက်ကတော့ထိစမြဲ၊
ရန်သူ့ ဘက်မှကျည်ပစ်အားကလည်းမသေးလှပါ၊ ရှေ့ ကဖိတက်လာသည့် အဖွဲ့ ကဖိတက်သလို ။ အနောက်မှ လက်နက်ကြီးနှင့် ပစ်ကူပေး သည့် လက်နက်'ကီးအသံကလည်း ကြောက်ရသေး.၊ ရန်သူသည်သူ.တပ်သားများ အတုံးအရုံးကျဆုံးနေသည်ကို ဂရုမစိုက်၊ အထက်က ညွှန်ကြား ထားသည့်အတိုင်း-စောထရွာကို ယနေ့ မဖြစ် မနေ ရအောင်သိမ်းရမည်ဆိုသည့် အမိန့် အတိုင်းလုပ်ဆောင်သည်၊
-ဂျိုင်း- ဆိုးရွားသည့်အသံနက်'ကီး ကျကွဲသံ၊ ကျနော်သည် ပစ်ကျင်းထဲ့ ဒူးနှင့်နဖူးကပ်ပြီး ဝပ်နေရ.၊ အသံကြီး ငြိမ်သွားသည့်အခါ လူသံများထွက်လာသည်၊ -ငါ့ထိသွားပြီ-၊ ဘယ်ကိုထိသွားတာလဲ၊ ငြိမ်ငြိမ်နေ။ ငါလာမယ်၊ ကျနော် တို့ ဘက်မှရဲဘော်နှစ်ယောက်မှာ-တစ်ရာ့နှစ်ဆယ် မမ လက်နက်ကြီးအစထိ၍သူတို့ ဦးခေါင်း ။ပေါင်။ နေရာများ၌ သွေးစများနီရဲပေကျံ၍ နေသည်၊ ထိုအချိန် တပ်ရင်းမxးဖြစ်သူရဲဘော်ဆန်းလင်းသည် တဘက် တောင်ကုန်း၌ ရဲဘော်များနှင့်အတူ ကြီးကြပ်ကွပ်ကဲနေသည်၊ အိုင်ကွန်စက်ငယ်ကို အချိန်ပြည့်ဖွင့်ထား သောကြောင့် စက်နာမည်ခေါ်သံသူကြား နေရ.၊
(ဆီးကျိုလောကွား)၂-ကြားလား(အကြောင်းပြန်)၂ ဒါပဲ၊
(ကြားတယ်)၂ ဘာရှိမလဲ ဒါပဲ၊
(ဒေါင်းနှစ်ကောင် ခွေးကိုက်ခံရတယ် ရလား ဒါပဲ)
(ရတယ်)၂ (တူးသရီးလုပ်မယ် ရထားဖြစ်လား ဒါပဲ)
တိုက်ပွဲမှာ လက်နက်ကြီး။လက်နက်ငယ် အသံများ ပျောက်သွားလိုက်။ ပြန်ပေါ်လိုက်နှင့် ထိုတိုက်ပွဲကား ညတိုက်ပွဲ၊ မဟာမိတ်ကေအန်ယူဘက်မှလည်း အောှ်ုပစ်နေကြသည်၊ တပ်ရင်းမှုရဲဘော်ဆန်းလင်းသည် သူ့ ရဲ ဘော်ကျည်ထိသွားတာသိ၍ ရန်သူ. ပစ်ခတ်နေသည့် ကျည်များပလူပျံသလိုဖြစ်နေ သည့်ကြားထဲ ဂရုမစိုက် အား ပဲ ဒဏ်ရာရ ရဲဘော်နှစ်ဦးထံသို့  အရောက်သွားသည်၊
(ဘယ်ထိသွားလဲ။ များလား၊ အစထိသွားသော်ရဲဘော်မှာ ဒ၏(တင်ထွန်း) ဖြစ်သည်၊ ခေါင့်းလက်နက်ကြီးအစထိ၍သွေးများပန်းထွက်နေသည့်အထဲ သူ.မျက်နှာပြုံးထားလျှက် တပ်ရင်းမှုးကို ပြော လိုက်သေး.-ဘာမှမဖြစ်ပါဘူး-ဆော်ကျည်ဒဏ်ရာလောက်ပါပဲ-ဟဲဟဲ၊ဆေးမှုးရဲဘော်မှ သူတို့ နှစ်ဦးအား သွေး တိတ်ပတ်တီးများစည်းထားပေးပြီး အရေးပေါ်ဆေးများ တလုံးပြီးတလုံး ထိုးနေပုံမှာ ကျွမ်းကျင်ပိုင်နိုင်လှသည်၊ တပ်ရင်းမှုက ဆေးမှုးရဲဘော်အား ထိုရဲဘော်နှစ်ဦးအား နောက်တန်းဌာနချုပ်သို့  အမြန်ဆုံးပို့ နိုင်ရန် ညွှန်ကြားနေ သည်၊
ရန်သူကတဘက်။ ကျနော်တို့ နှင့်အတူ မဟာမိတ်ကေအန်ယူကတဘက်၊ အပြင်းအထန်တိုက်ပွဲဝင် နေကြသည်၊ ကျနော်တို့ . နောကိတန်း ဗျူဟာမှုရုံးမှ တိုက်ပွဲဝင်နေသောရဲဘော်များအတွက် ရိက္ခာခြောက် ထုတ်များ တစ်ထုတ်စီပို့ ပေးသည့် အပြင် အခြား လက်နက်ကြီးကျည်ဆံများ။ လက် နက်ငယ်ကျည်ဆံများပါ အကန့် အသတ်နှင့် ပို့ ပေးသည်၊ မဟာမိတ်ကေအန်ယူရဲဘော်များမှလည်း -ဗမာအသံ မပီတပီနှင့်-ကျောသား တပ်မတော်ကွ ဟု အသံပြု၍ပစ်ခတ်နေကြသည်၊
ရန်သူစစ်ကြောင်းမှာ သတင်းအရ ဗျူဟာ သုံးခုပေါင်းပြီး ထိုးစစ်ဆင်ခြင်းဖြစ်သည်၊ ထိုစစ်ဆင်ရေးအမည်မှာ နဂါးမင်း စစ်ဆင်ရေးဟုသိရ သည်၊ ရန်သူသည် ၄င်းတို့ ရည်မှန်းချက်ကို အင်အားအတုံးအရုံးအဆုံးအရှုံခံပြီး နယ်မြေစိုးမိုးရန်အတွက် ကျားကုတ်ကျားခဲ မိုက်မဲပြနေ.၊
(ပြန်ဆုတ်)- အထက်မှညွှန်ကြားသောကြောင့် ကျနော်တို့ စစ်ကြောင်းပြန်ဆုတ်ကြသည်၊ ရန်သူသည်-ထီးမူးခီး-တိုက်ပွဲ့ ၄င်းတို့ ခံထားရ သောကြောင့် ယခုအခါ အခဲမကြေပဲ ပြန်လည်ပြီး စောထရွာကို စစ်ရေးအရစိုးမိုးရန်အတွက် လက်နက်ကြီးများကို မိုးကြိုးပစ်သလို တဝုန်းဝုန်း။ တဂျိမ်း ဂျိမ်း ဖြင့်ရွာထဲသို့ ပစ်သွင်းနေတော့သည်၊ ကရင်အဖိုးအို။ အဖွားအို ။ ကလေးတွဲလောင်းနှင့်မိခင်။ ငိုသံများ။ သေနတ်သံမျာွးှလောကကြီးတခုလုံး အကုသိုလ် လှိုင်းလုံးကြီးအလား
ကျနော်တို့ စစ်ကြောင်းသည် ရွာသားများ။ ရွာများ ထိုထက်အထိနာမည်စိုးသည့်အတွက်ကတကြောင်း။ ရန်သူ့ သတင်းက အချိန်တိုအတွင်း သိရသောကြောင့် ချက်ချင်းပြင်ဆင်နေချိန်အတွင်း မမျှော်လင့်ပဲ ရွာအနီးစပ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရသည်၊ စစ်ရေးအခင်းအကျင်းမကောင်းတာက တကြောင်း ၊ ကျနော်တို့ ဆုတ်လမ်းမှာ သံလွင် မြစ်ခံနေ၍ အချိန်မှီ အလျှင်အမြန်ဆုံးဖြတ်ချက်ချပြီး ခွာစစ်ဖြင့် စနစ်တကျဆုတ်ခွာနိုင်ခဲ့ကြသည်၊ တချို့  အဖွဲ့ မှာ ညမှောင်မဲ၍လူစုကွဲသွားကြသည်၊ အိုင်ကွန်စက်ငယ်များဖွင့်၍ ပြန်လည်ဆက်သွယ်မှုလုပ်ကြရသည်၊
ရန်သူနှင့် ကျနော်တို့ မှာ -ကိုက်ခြောက်ရာ အကွာအဝေးသို့  ရောက်ရှိလာခဲ့ကြသည်၊ သို့ သော်ရန်သူ. -နာတိုး စက်သေနတ်သံကြီးမှာ ဒုတ်-ဒုတ်-ဒုတ်-ဒုန်းဒုန်းဒုန်း-ဟူသော အသံများ မကြာခဏပစ်ခတ်နေသည်၊ မှောင်မဲ နက်သော ည၌ကောင်းကင်ယံတွင် -မီးကျည်သေနတ်များ ပစ်ဖောက်နေသည်များလည်းတွေ့ ရ.၊ သူတို့ လည်း လူစုကွဲကြ၍ ဤကဲ့သို့  အချက်ပြသေနတ်ပစ်ဖောက်တာ ဖြစ်လိမ့်မည်ဟု ထင်နေမိ.၊
အားလုံးမှာ ပင်ပန်းနွမ်းဟိုက်၍အနားယူသူက ယူကြ.၊ ကင်းစောင့်ကြရာတွင် မဟာမိတ်တပ်မှုးများနှင့် ညှိနှိုင်းဆွေးနွေးနေသည်၊ တချို့  ဟန်းကောဖြင့်ရေနွေးတည်နေသည်၊ တချို့ ရဲဘော်များ သေနတ်တိုက်နေသည်၊ တချို့  ညာသိုလ်ဆေးလိပ်သောက်နေသည်၊ တချို့ မှာ မှတ်တမ်းရေးမှတ် နေသည်၊
မနက်မိုးလင်း၍ကျနော်တို့ ရောက်နေသည့်နေရာမှာ သံလွင်ကမ်းနဘေး(ရာထာ) ဆိုသည့်ရွာပျက်ကြီး တရွာဖြစ်နေသည်၊ စိုက်ခင်းခြံကြီးထဲ့  ကြံခင်း။ ကစွန်း။ ခရမ်းသီးပင်များ။ ပြောင်းဖူးပင်များ။စိုက်ပျိုးထားသည်၊ ရွာသားများတယောက်မျှမရှိတော့ပါ၊ ထိုနေ့ ။ ထိုတစ်ည၊ ရန်သူနှင့် စစ်တလင်းပြင့်  ပွဲဦးထွက် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲပါလေတကား၊

ရာထာ ရွာပျက်ကြီး အတွင်း စစ်ကြောင်းများ အဖွဲ့ လိုက်။ အဖွဲ့ လိုက်စုစည်နေကြသည်၊ အေဘီအက်စ် ဒီအက်ဖ်မှ တပ်ရင်းစုစုပေါင်း ခြောက်ရင်းခန့် ရှိမည်၊ ထိုစစ်ကြောင်းကို ရဲဘော်ဆန်းလင်းနှင့် အခြားတပ်ရင်းမှ ခေါင်းဆောင်များ ညီညီညွှတ်ညွှတ်လက်တွဲပြီး တန်ပြန်တိုက်ပွဲဆင်ကြ သည်၊ မဟာမိတ်များဖြစ်ကြသည့် ကေအန်ယူ။ ကလလတ စသည့်အဖွဲ့ များမှလည်း လိုသလောက်အင်းအားများ ထုတ်၍စုပေါင်း ညှိနှိုင်း သဘောတူချက် များနှင့် လက်နက်အင်အားလိုသလောက်မှာယူ၍ တိုက်ကွက်များ တကွက်ပြီးတကွက် ဖော်နေကြသည့်အချိန်ဖြစ်သည်၊ ရွာထဲ့ အဖွဲ့ များခွှဲု မိမိတာဝန် ကျသည့် တောင်ကုန်းနံပါတ်များအလိုက် နေရာယူ=ကသည်၊ ကျနော်တို့ စစ်ကြောင်းတွင် မဟာမိတ် နယ်မြေခံရဲဘော်များ တွဲပေးထား၍အခက်အခဲ သိပ်မရှိပါ၊ ဘူဒိုဇာဖြင့် ဖောက်ထားသည့် သစ်ဆွဲလမ်းမကြီးအတိုင်း စတင်ချီတက်သည်၊ စစ်ကြောင်းမှာ လူမျာှးု ခမ်းလှမ်းလှမ်း(ငါးလှမ်းကျော်)မှ လျှေက်ရသည်မှာ အချိန်ကြာသလိုထင်ရ.၊ ရှေ့ ဆုံးပွိုင့်မှ ထူးခြား သည့် လက္ခဏာဖြစ်လျှင် အနောက်သို့ တယောက်ပြီးတယောက် သတင်းပို့ ဆက်သွယ် ရသည်၊ နေ့ လည်တွင် စပါး ပင်များစိုက်ထားသည့် တောင်ကြားသို့ ရောက်၍စခန်းချကြသည်၊ ကျနော်တို့ စခန်းချသည့်ဘယ်ဘက်တွင် ကျောက်တောင်အ မြင့်ကြီးတစ်လုံးရှိသည်၊ ညနေစောင်းလောက်တော့ ဗျူဟာရုံးမှ သတ်မှတ်ပေးထားသည့် တောင်ကုန်းများတွင် နေရာကိုယ်စီယူထားကြဘို့ အမိန့် လှမ်းပေး သည်၊
မူးကနော်လေး-
မူးကနော်လေးဆိုသည်မှာ ဗမာလို-အပျိုမလေး-ဟုအဓိပြါယ်ရသည်၊ ထိုတောင်ကုန်းတွင် ကျနော်တို့ အဖွဲ့ မှ တပ်စိတ်နှစ်စိတ် နေရာတက်ယူ ကြသည်၊ ကျနော်က ထိုကုန်းပေါ်သို့ မပါသွားဖြစ်၊
(ညနေ-၁၇-နာရီထိုးချိန်)
ဒိုင်း-ဒိုင်း-ဒိုင်း---သေနတ်သံများစတင်ကြားရသည်၊ တိုက်ပွဲဖြစ်လျှင်ဖြစ်ချင်း ရဲဘော်ဆန်းလင်း. စက်ငယ် ဖွင့်သံကို နားစွင့်နေမိသည်၊
ရန်သူတွေအဖွဲ့ ခွဲပြီး တောင်းကုန်းပေါ်ကို ကမ်းပါးယံက တက်နေတယ်၊ စိုးရိမ်စရာသိပ်မရှိဘူး၊

တိုက်ပွဲထပ်မံဖြစ်လိမ့်နိုးနှင့် တညလုံးမအိပ်နိုင်ပဲ သစ်ပင်ကြီးအောက်၌ ငုတ်တုတ်ထိုင်နေရသည်၊ အိပ်ချင် သည့်မျက်လုံးနှစ်လုံးမှာ အိပ်ရေးပျက် ဖန်များ၍လားမသိ တခါတခါသတိထားရက်က ငိုက်ကနဲ ငိုက်ကနဲ ငေါင်းစင်းစင်းဖြစ်သွားသည်၊ မနက်ကျရင်တိုက်ပွဲဖြစ်မှာပဲ လို့  တွေးတောသုံးသပ်ရင်း၊
နံနက်(ဝ၅းဝဝ)နာရီ အချိန်၊ ---- တိုက်ပွဲစချေပြီ၊ စက်ငယ်ထဲ့ စက်စကားပြောသံနှင့်အတူ အော်သံများ။ ကြုံးဝါးဆဲဆိုသံများ ညံနေ.၊ အပြင်မှာလည်း သေနတ်သံက အသာလေားကားနေရ.၊ မကြာပါ ခဏအကြာတွင် ကျနော်တို့ အဖွဲ့ မှ ရဲဘော်တစ်ယောက် ပျာပျာနှင့် ရောက်လာသည်၊ တပ်ရင်းမှုကိုခပ်လှမ်းလှမ်းသို့ ခေါ်သွားပြီး တီးတိုးပြောနေကြ.၊ မကြာပါ ကျနော့်ကိုပြင်ဆင်ခိုင်းပြီး သူနှင့်အတူလိုက်ခဲ့ရန် ရဲဘော်ဆန်းလင်းမှခေါ်သည်၊
ကျွန်းပင်ကြီးမှာ လူသုံးယောက်ဖက်ခန့် ရှိမည်၊ ထိုအပင်ကြီးခြေရင်း၌မြေကျင်းတူးနေကြသည့်ရဲဘော်အချို့ တွေ့ ရသည်၊ ဘယ်သူထိသွားပါ လိမ့်။ ဘယ်အဖွဲ့ အဖွဲ့ ကလဲ၊ တို့ အဖွဲက ဖြစ်နေမလားမသိဘူး၊ ဘုရား-ဘုရား-မဖြစ်ပါစေနဲ့  လို့ ဆုတောင်းရင်း၊ လူလေးယောက် စစ်ပုခက်ဖြင့် ထမ်းထွက်လာတာမြင်ရ၍သောကစိတ်နှင့် မည် သူများဖြစ်နေမလဲဟု ကြည့်လိုက်သောအခါ ကျနော့်ရင်ထဲ မယုံကြည်နိုင်သည့်ြ့မင်ကွင်း အသစ်စက်စက် ကိုတွေ့ ရ.၊ ဒုတိယအကြိမ်သေချာသွားအောင် ထပ်မံ၍ကြည့်မိသည်၊ သွေးနီသွေးစက်များ ပုခက်မှာစွန်းထင်းပြီး ဘယ် ဘက်နားထင်သို့  ကျည်ဖြတ်မှန် သွားသော ဒါဏ်ရာမှာ ဟင်းလင်းပွင့်၍နေချေပြီ ၊ သူကားအသက်မရှိတောပြီ၊ ကျဆုံးတယ်ဆိုတာ ဒါကိုခေါ်တာလား ဟုကြီးမားလေးနက်စွာ ငေးမော နေမိသည်၊ ထိုရဲဘော်မှာ ရဲဘော် ဇော်ဝင်းလှိုင်ပင်ဖြစ်တော့သည်၊ ကျနော်နှင့် သင်တန်းတပတ်စဉ်တည်း တက်ခဲ့ရသူ၊ သင်တန်းသား အားလုံးထဲမှာ အသက်အငယ်ဆုံးရဲဘော်၊ အရိုးအအဆုံးရဲဘော်၊ တာဝန်အကျေဆုံးရဲဘော်၊ အနစ်နာအခံဆုံးရဲဘော်၊
သူ.တော်လှန်ရေးရုပ်ပုံတွေကို ကျနော့်မျက်စေ့ထဲမြင်ယောင်ရင်း ၊ တပ်ရင်းမှုးရဲဘော်ဆန်းလင်း. အက်ကွဲကြေကွဲသံက-ရဲဘော်ဇော်ဝင်းလှိုင် ရဲဘော်ဟာတော်လှန်ရေးတာဝန်ကို ကျေပြွန်စွာထမ်းဆောင် သွား ခဲ့ပြီ။ ရဲဘော် သင်သွားလိုရာသွားနိုင်ပြီ၊ နောက်ထပ်သူ့ အတွက်ထပ်ထွက်လာတော့မည့် စကားအသံကို ကျနော် မကြားရက်နိုင်တော့ပါ၊ မကြားချင်ပါ၊ နောက်ဆုံး သေနတ်မြောက် အလေးပြုနေချိန်မှာ ကျနော့ တကိုယ်လုံးကို ကိုင်လှုပ်နေသလို ဘယ်တော့မှ အရှုံးမပေးနဲ့ -ဆိုသည့် အားပေးအသံက ကျနော့နားထဲသို့  စူးစူးနစ်နစ် ကြားနေရသလို ၊ ဒိုင်း-ဒိုင်း-ဒိုင်း-သေနတ်သံ သုံးချက်မှာ သူကကျနော်တို့ ကို ခွဲခွာသွားပြီဖြစ်သလို၊ ကျနော်တို့ က သူ့ ကို ဂုဏ်ပြုအသံတွေလည်းဖြစ်နေဦးမှာပါ၊
ရဲဘော်ဇော်ဝင်းလှိုင်ကတော့ တော်လှန်လှန်ရေးတာဝန်ကျေသွားပြီ ၊ တာဝန်မကျေသေးတဲ့ ကျနော်တို့ စစ် ကြောင်း ကတော့ မုကနော်လေး တောင်ကုန်းမှာ တိုက်ပွဲတွေဖြစ်လို့  ကောင်းတုန်း၊ ကျနော်တို့ စစ်ကြောင်း ။ မဟာမိတ်စစ်ကြောင်းများ တဖြည်းဖြည်းဆုတ်ပစ်ပစ်ပြီး မုကနော်လေးတောင် ကုန်းကို အဆုံးခံလိုက်သည်၊ တချို့ အဖွဲ့ က ဆုတ်၍မရသေး၊ ရန်သူက ပစ်လေတက်လေဖြစ်သည်၊ ကျနော်တို့ စစ်ကြောင်းသည်-ရာထာ- (သံလွင်ကမ်း- ဘေး)နှင့်တဆက်တည်း သစ်ဆွဲရန်ဖောက်လုပ်ထားသော မြေညီကားလမ်းတွင် ခေတ္တအနား ယူကြသည်၊ ကားလမ်းအတိုင်း ညနေလေးနာရီတွင် စစ်ကြောင်း ချီတက်ရသည်၊ မည်သည့်နေရာကို ချီတက် နေမှန်းမသိပါ၊ စစ်ကြောင်းမချီမှီ ရဲဘော်အားလုံးအား ရိက္ခာခြောက်များ ဝေပေးသည်ကို ရိက္ခာခြောက်မှန်းမသိ ၊ ငွေရောင်စက္ကူဖြင့် သေသေသပ်သပ်ထုတ်ထားသော ထိုရိက္ခာခြောက်ကို ဖြည်၍စားသည်၊ ငတ်နေ၍လားမသိ စား၍အလွန်မြိန်လှ.၊ ရိက္ခာခြောက်စားပြီးသည်နှင့် နောက်ကရေလိုက်ဖြည့်မှ ဗိုက်ထဲရောက်သွားသည်၊ ဗိုက်ထဲသို့ ရေနှင့်အတူရောက်သွားသော အခါ ဗိုက်ပွ၍ဗိုက်ဝသလိုခံစားရသည်၊ စစ်ကြောင်းချီတက်ရာတွင် မိမိ.အရှေ့ ။ အနောက်သတိအမြဲသတိပြုရသည်၊ ပွိုင့်မှရှေ့ တွင်ထူးခြားမှုရှိလျှင် နောက်သို့ ချက်ချင်း သတင်း တ ဆင့်ပြီးတဆင့် ပို့ ရသည်၊ ကျနော်တို့ စခန်းချရမည့်နေရာသို့  မှောင်ရီပြိုးစအချိန်တွင် ရောက်သည်၊ တောင်ခြေမှ လှန်တက်ရသော -သံခမောက်-ကုန်းကြီးပေါ်သို့  လေးဆယ့်ငါးမိနစ်ခန့် တက်ရသည်၊အီကွန့် မင့် ခါးပတ်က ခါး တွင်ကြပ်၍ တောင်တက်လျှင် ပေါင်ရင်း ကို ထောက်မိသည်၊ ထို့ ကြောင့်ခြေထောက်များမှာပူ၍ နားရွက်များ တွင် လေးများထွက်ကုန်သည်၊ -သံခမောက်ကုန်းပေါ်ရောက်မှ ကျောပိုးအိပ်ကို ပစ်ချပြီး အမောဖြေရသည်၊ ထိုည အင်တိုင်းပင်များမှ အင်အရွက်စိမ်းများ ခူးပြီး ကျောတနေရာစာအတွက်ခင်းကျင်းရသည်၊ စစ်ကြောင်းမှုးမှ မီးမမွှေးရန်။ သစ်ပင်မခုတ်ရန်။ စကားမကျယ်ကျယ်မပြောရန် ကြိုတင်စည်းကမ်းထုတ်ထားသည်၊ မကြာလိုက်ပါ၊ ရန်သူ့ စခန်းမှ မီးရောင် တွေ့ ရသည်ကို ပြသသောကြောင့် ရန်သူနှင့်မိမိတို့ စခန်းချသည့်နေရာ အနီးကလေး ပါလားဟု ပိုမိုစိတ်ချယုံကြည်သွားမိသည်၊

1 comment:

ကိုချစ်ဖေ said...

ကိုဂျာကြီး ကိုစောမိုးပြောလို့ အကုန်လာဖတ်သွားပါတယ် ဆက်ရေးမည်ကိုမျှော်နေပါတယ်.