တကယ်တော့ကျေးလက်နိုင်ငံတော်ဆိုတာ ပထမဦးဆုံး ပေါ် ပေါက်လာခဲ့တာပါ။ မြို့ ပြ နိုင်ငံတော်ဆိုတာ နောက်မှပေါ်ပေါက် လာခဲ့တာပါ။ ကျေးလက်နိုင်ငံတော်က အခြေခံတွေအပေါ်မြို့ ပြနိုင်ငံတွေက ဆင့်ကဲ ဆင့်ကဲပေါ်ပေါက်လာခဲ့တယ် မဟုတ် လား။ တကယ်တော့ ကျနော်တို့ အားလုံးဟာ ကျေးလက် နိုင်ငံ တော်က ဆင်းသက်ပေါက်ဖွားလာခဲ့ကြသည်မဟုတ်ပါလား။ ဒီကျေးလက်ကြောင့်ဆင့်ကဲဆင့်ကဲတိုးတက်ကြီးပွားလာခဲ့ကြသလို။ ဒီကျေးလက်ကြောင့် ဘယ်တော့မှ မပျောက်ပျက်တဲ့ ရိုးသားမှု၊
Friday, May 28, 2010
Friday, May 21, 2010
Tuesday, May 18, 2010
နှင်းဆီရောင်တော်လှန်ရေး ရုပ်ပုံလွှာအပိုင်း(၁၁)
အင်းကြီးပေါက်တိုက်ပွဲ။(၁၉၉၇)။
အလုပ်အဖွဲ့၏အခြေခံဒေသထိုးဖောက်ရေးကာလမှာတစတစကြာမြင့်လာခဲ့ချေပြီ။လူထုသည်တော်လှန်ရေးအဖွဲ့
အစည်းနှင့်စည်းမျဉ်းကမ်းတွေအပေါ်၌နေသားကျစွာအခြေကျနေချိန်ဖြစ်၏။ရဲဘော်တွေ၏လူထုအတွေ့အကြုံမှာ
နည်းလှသည်မဟုတ်တော့။သို့သော်ထိုကဲ့သို့အချိန်ကောင်းနေချိန်အတွင်းဌာနချုပ်နှင့်ကျနော်တို့မှာ ဆက်သွယ် ရေးနှင့်ထောက်ပံ့ရေးလမ်းကြောင်းအရလွန်စွာအခက်အခဲရှိနေပေသည်။လက်ရှိဒေသ၏အရှေ့မြောက်
ဘက်တွင်ရန်သူနှင့်အပစ်ရပ်ထားသောတိုင်းရင်းသားလက်နက်ကိုင်ကယန်းပြည်သစ်ပါတီအဖွဲ့အစည်းရှိသည်။
ကယန်းပြည်သစ်နယ်မြေ၏အရှေ့တောင်ထောင့်တွင်(ကလလတ)ကယန်းလူမျိုးလွတ်မြောက်ရေးတပ်မတော် အဖွဲ့အစည်းရှိသည်။ထိုအဖွဲ့အစည်းမှာလည်း-၁၉၉၄ခုနှစ်ကာလောက်ကတည်းကရန်သူနဝတနှင့်အပစ်ရပ်ထား သည့်အဖွဲ့ဖြစ်သည်။တရားဝင်အရကျနော်တို့အဖွဲ့အစည်းများနှင့်အဆက်အသွယ်ပြုလုပ်၍မရပါ။ရန်သူ့ ထောက်လှမ်းရေးမှထိုအဖွဲ့အစည်းတာဝန်ရှိသူများကိုမကြာခဏခေါ်ယူမေးမြန်းမှုများပြုလုပ်သည်ဟုကြားသိရ၍အ
ဆက်အသွယ်မပြုလုပ်လိုကြ။တိုင်းရင်းသားလက်နက်ကိုင်အင်အားစုအချင်းချင်းနားလည်မှုလွဲမှားစေအောင် ရန်သူမှတစိုက်မတ်မတ်ပြုလုပ်နေတာတွေကိုတွေ့ရသည်။အထူးသဖြင့်ရပ်တည်နေရသည့်ဒေသသည်ကေအန် ယူလက်နက်ကိုင်အဖွဲ့အစည်း၏အုပ်ချုပ်ရေးနယ်မြေဖြစ်သည်။ရန်သူမှအပစ်ရပ်စဲထားသည့်ကယန်းပြည်သစ် ပါတီနှင့်ပဌိပက္ခဖြစ်အောင်ဖန်တီးနေသည်။ထိုနှစ်ဖွဲ့စလုံးတဖွဲ့နှင့်တဖွဲ့အမြင်မကြည်လင်မှုများဖြစ်ကြရသည်။ထိုအခါကျနော်တို့မကဒတအဖွဲ့အစည်းအနေနှင့်တော်လှန်ရေးအဖွဲ့အစည်းတွေ၏ညီညွှတ်ရေးအပေါ်မှာအခြေ ခံပြီးမဖြစ်သင့်တာမဖြစ်ရလေအောင်ကြားဝင်စေ့စပ်ပေးမှုများကိုအထက်ညွှန်ကြားချက်အရတာဝန်ယူပေးခဲ့ကြရ သည်။ထိုသို့သောအခြေအနေများဖြစ်နေချိအတောအတွင်းအထူးဒေသထိုးဖောက်ရေး၊စည်းရုံးရေးကိစ္စများ လုပ်ဆောင်ရန်အတွက်အောက်ကွင်းမှအင်းကြီးပေါက်ရွာသို့ရွေးချယ်လိုက်ကြသည်။ဒီတစ်ကြိမ်မှာလည်းယခင် လိုပုံစံအတိုင်းမဟုတ်ပဲအလုပ်အဖွဲ့(၂)ဖွဲ့ စုပေါင်းပြီးဆင်းရန်ဖြစ်သည်။ရဲဘော်ဒိုးဒိုးမှအလုပ်အဖွဲ့(၁)ဖြစ်ပြီးရဲဘော် အောင်ကျော်ဦးဆောင်သောအဖွဲ့မှာအလုပ်အဖွဲ့(၂)အဖြစ်ခွဲ၍ထိုးဖောက်ရေးရွာသို့ညအချိန်ကြီးဆင်းကြရသည်။ ရဲဘော်ဒိုးဒိုးဦးဆောင်သောအဖွဲ့ သည်ရေကန်ဒိုရွာစပ်မှစထွက်သည်။ကျန်အဖွဲ့မှာပိတောက်ကုန်းရွာနားမှဖြတ်ပြီး မြောက်မျဉ်းကြောင်းအတိုင်းဆင်းလာမည်။သစ်ဆွဲထားသည့်ကားလမ်းအတိုင်းသတင်းထောက်၍ဆင်းကြရ သည်။ဤလမ်းတွင်အောက်ကွင်းမှရွာသားအချို့တောင်ပေါ်သို့ညဘက်ရောက်မှတက်ရောက်ဈေးရောင်းကြ သည်။နေ့ဘက်တွင်မတက်ရခြင်းမှာရန်သူ့စစ်တပ်မှတောစပ်တွင်ကြိုစောင့်၍ဈေးတက်ရောင်းသူရွာသားများ ထံမှဓါးပြတိုက်သောကြောင့်ဟုသိရသည်။ကျနော်တို့အဖွဲ့အင်းကြီးပေါက်ရွာသို့ည(၇)နာရီကျော်ခန့်တွင်ရောက် သည်။ရွာအဝင်ဝ၌အင်းကြီးပေါက်ဘုန်းကြီးကျောင်းတစ်ကျောင်းရှိသည်။ကျောင်းရှေ့တည့်တည့်တွင်လူနှစ်ဘက် သာသာခန့်ရှိသောထန်းပင်ကြီးတစ်ပင်။စက်ငယ်ဖွင့်၍ပိတောက်ကုန်းဘက်မှထွက်လာမည့် ရဲဘော်အောင်ကျော် တို့အဖွဲ့ကိုကျနော်တို့စောင့်နေ၏။မကြာခင်နှစ်ဖွဲ့ပေါင်းမိသွားသည်။တပ်ခွဲတစ်ခွဲခန့်ရှိမည်။အင်းကြီးပေါက်ရွာမှာ အိမ်ခြေ(၁ဝဝ)ကျော်ခန့်ရှိမည်။ရွာသားများ၊လူထုများ၊တစ်ဘက်မှလည်းရန်သူနှင့်တိုက်ပွဲဖြစ်လိမ့်မည်စိုးရိမ်စိတ် နှင့်ကြောက်နေကြသည်ကတစ်ကြောင်း။တဘက်မှလည်းတော်လှန်ရေးအဖွဲ့အစည်းတွေကိုသူတို့ကိုယ်တိုင် မြင်ချင်၊တွေ့ချင်၍တကြောင်းနှင့်။လူထုကြီးမှာကလေးငယ်မှအစကျောင်းသားအလယ်၊ကာလသား၊ကာလသမီး အဆုံးတွေဆုံကြသည်။ယခင်လိုတိုက်ပွဲမဖြစ်စေရန်အတွက်အချိန်ကိုတန်ဖိုးထားပြီးအင်းကြီးပေါက်ရွာမှကျနော် တို့အဖွဲ့ အမြန်ဆုံးထွက်ရန်ပြင်ဆင်ကြသည်။
ဖြစ်ချင်တော့-အင်းကြီးပေါက်ရွာမှစစ်ကြောင်းစစ်ရေးသတိအထူးရှိစွာနှင့်ဖြတ်ရန်ရဲဘော်ဒိုးဒိုးမှပွိုင့်ထွက်ရဲဘော် ရှန်သိုကြီးအားမှာကြားနေသည်။မကြာမီစစ်ကြောင်းစထွက်ပြီ။အင်းကြီးပေါက်ရွာအထွက်--ဘုန်းကြီးကျောင်း ထန်းပင်ကြီးအနားအရောက်--အမှောင်ထဲမှစူးရှပြတ်တောက်သည့်အသံထွက်ပေါ်လာသည်။
----ဟေ့--ရပ်----ဘယ်သူလဲ
ထိုအခါပွိုင့်ထွက်ရဲဘော်မှကိုယ်လူမဟုတ်မှန်းသိ၍လမ်းမကြီးပေါ်၌အသာအယာထိုင်ချလိုက်သည်။အေကေ မောင်းပြန်သေနတ်ကိုလုံခြုံရေးခလုတ်အသာလေးဖွင့်လိုက်သည်။ရှေ့တွင်ရန်သူ့စစ်ကြောင်းအမြီးနှင့်ကျနော် တို့စစ်ကြောင်းခေါင်းတည်မိနေပြီ။ရဲဘော်ရှန်သိုသည်အေကေသေနတ်၏နဂိုချိန်ရွယ်ချက်ကိုပြင်လိုက်သည်။သေနတ်ကိုအပြားလိုက်အနေအထားထားလိုက်ပြီးရန်သူ့စစ်ကြောင်းကိုအမှောင်ထဲမှဝှေ့ဝိုက်၍တရပ်စပ်ကုတ်ချ လိုက်သည်။ထိုအခါသေနတ်သံများလယ်ကွင်းထဲတွင်ဝက်ဝက်ကွဲဆူညံကုန်သည်။တိုက်ပွဲကညတိုက်ပွဲ။ ရဲဘော်ရှန်သို၏နောက်မှကုလားကြီးမှာခွန်ကိုးမမကိုမတ်တပ်ရပ်ပြီးရန်သူ့စစ်ကြောင်းရပ်နေသည့်နေရာ၊သစ်ပင်ကြီး
ရှိရာသို့တည့်တည့်ပစ်ထုတ်လိုက်သည်။လက်နက်ကြီးကျကွဲသံများဝက်ဝက်ညံကုန်သည်။ယခုတိုက်ပွဲဖြစ်နေ သည့်ရန်သူ့စစ်ကြောင်းမှာရေတာရှည်လေးဘက်မှတိုက်ကင်းထွက်လာသောရန်သူခလရ(၂၃၄)တပ်ဖြစ်သည်။ ရန်သူများသည်တွေ့ ရာချုံထဲခေါင်းထိုးပြီး ---
---အရှင်ဖမ်း
---အရှင်ဖမ်း---ဟုအော်သံကြားနေရသည်။မကြာမီရန်သူ့ထံမှပစ်ထုတ်လိုက်သောဂျီသရီကျည်ဆံတစ်တောင့် ရဲဘော်ရှန်သို၏ဘယ်ဘက်ခြေထောက်သို့ ဖြတ်မှန်သွားသည်၊
---ထိပြီ
---ထိပြီ--
ငါ့ကိုထိပြီ--ဟုအနီးအနားမှရဲဘော်ကိုတီးတိုးပြောလိုက်သည်။ကျနော်တို့အဖွဲ့မှာရန်သူနှင့်ဘတပြန်။ကျားတပြန် တိုက်ပွဲဖြစ်နေသည်။ရန်သူသည်ကျနော်တို့ အဖွဲ့ ရွာထဲရှိမည်အထင်နှင့်လက်နက်ကြီးများတစ်လုံးပြီးတစ်လုံး ပစ်သွင်းနေသည်။
-----ဟေ့ကောင်---အရှင်ဖမ်းမယ်ဆိုတဲ့အကောင်--တက်ခဲ့ စမ်း။
----ကျောင်းသားတပ်မတော်ကွ။ မင်းတို့ ကို မကြောက်လို့ --တော်လှန်ရေးလုပ်နေတာကွ။
--ငါ့ကိုထားခဲ့--အေကေသေနတ်နဲ့ ကျည်ငါးတောင့်ထားခဲ့။
ရဲဘော်ရှန်သို၏စိတ်ဓါတ်ကျသံ။သူစိတ်ဓါတ်ကျမည်ဆိုလည်းကျလောက်ပါသည်။ဒါဏ်ရာရထားသည့်နေရာနှင့် အရှေ့ တောင်မှာ(၃)နာရီ ခန့်ဝေးသည်။
---ဘာပြောတယ်။ ထားခဲ့ ရမယ်ဟုတ်လား။
---မင်းကိုလုံးဝမထားခဲ့နိုင်ဘူး။
--မင်းနဲ့ အတူ ဒီတိုက်ပွဲမှာငါတို့ အသေခံမယ်-အားမငယ်နဲ့ --
ငါတို့ ရှိတယ်။
ကျနော့်မျက်ရည်တို့အတိုင်းမသိစို့တက်လာသည်။ရဲဘော်ရဲဘက်စိတ်ဆိုတာဒီလိုတိုက်ပွဲတွေမျိုးမှာတွေ့ခဲ့ရ သည်။ဒေါသလည်းထွက်။အင်းကြီးပေါက်ဘုန်းကြီးကျောင်းဝင်းထဲမှဖြတ်၍လယ်ကွင်းအစပ်တွင်ရှိသောတဲကုတ် ထဲမှ တဲတိုင်ကို ဇောဖြင့်နှုတ်နေမိသည်။
--ဘာမှစိတ်မပူနဲ့-ဒါဏ်ရာကဘာမှမဖြစ်ဘူး-ဟုရဲဘော်ပံသုမှပြောလည်းပြော။လက်တဘက်မှလည်းဆေးထိုး အပ်ဖြင့်ကျွမ်းကျင်စွာထိုးနေပုံ။ရဲဘောရှန်သို၏ဒါဏ်ရာမှာညာဘက်ခြေထောက်ခြေသလုံးအရိုးမကြီးကိုဖြတ်မှန် ထားရာထိုအရိုးမကြီးမှာကျိုး၍အသားစများဖွာလန်ကျဲနေပြီးသွေးများပန်းထွက်နေသည်။စိတ်ထဲ၌သိလိုက်ရတာက
တော့ခြေထောက်ဖြတ်ရတော့မည်။ဒီအတွေးတွေတွေးပြီးတိတ်တဆိတ်ငိုကြွေးသံများညယံ၌တီးတိုးကြားနေရသ လို။
ရန်သူသည်သူ့ဘက်တွင်အထိနာ၍ရှေ့ဆက်မတိုးနိုင်ဘဲစစ်ကူးခေါ်သံအတိုင်းသားကြားနေရသည်။ကျနော်တို့ယာ
ယီပစ်ခတ်နေသည့်နေရသည်နေရာမှာလယ်ကစင်းရိုးကိုအကာအကွယ်ယူပြီးပစ်နေရသည်။
ရဲဘော်ရှန်သိုကိုစစ်ပုခက်ဖြင့်ထမ်းပိုးကြသည်။လရောင်ကမိုးလင်းလုနီးမို့လားမပြောတတ် လယ်ကွင်းပြင်တခုလုံး ထိန်ဝါနေသည်။စိုးရိမ်သောကစိတ်တွေဖြင့်အရှေ့တောင်သို့အမြန်ရောက်စေချင်သည်။
----ဟေ့ --ရှေ့ ကလယ်ကွင်းကြီးကိုဖြတ်လိုက်--ဆိုတော့လမ်းပြက--
---အဲဒါလယ်ကွင်းမဟုတ်ဘူးဆရာ--အင်းကြီးပါ--
ဒီအင်းကိုအင်းကြီးပေါက်လို့ခေါ်တယ်။ဒီအင်းကြီးကဆင်တောင်သေတယ်-ဆိုတော့-ကျနော်လည်းဘာမျှပြန်မ ပြောနိုင်တော့။အင်းကြီး၏ဘေးပတ်ပတ်လည်မှကွင်း၍နှောက်ချေးခြောက်တောင်ခြေသို့အရောက်ထမ်းကြ သည်။ရဲဘော်ရှန်သို၏ခန္ဒာကိုယ်မှာပုခက်ဖြင့်ထမ်းသည့်အခါအတော်လေး၏။မကြာခင်လူလဲ၍ထမ်းကြရသည်။ရှေ့ကပွိုင့်ထွက်သူများကကြိုတင်ကာကင်းယူပေးရသည်။ဖြတ်လျှောက်ရသည့်လမ်းများမှာကျောက်တောင်တွေ ဖြစ်သည်။တခါတရံတောင်နံရံများကိုအထမ်းဖြင့်တက်သည့်အခါများတွင်ခက်ခက်ခဲခဲနိုင်လှသည်။လမ်း တစ်လျှောက်တွင်သွေးစများအင်ဖက်ခြောက်များပေါ်တွင်ကျခဲ့၏။ထိုအင်ဖက်များကိုရန်သူမှခြေရာကောက်ပြီး ကျနော်တို့နောက်သို့ခြေရာခံလိုက်လာနိုင်သည်။ထို့ကြောင့်ခြေရာခှုံမရအောင်ခြောက်သွေ့နေသောတောကြီးကို မီးရှို့ခဲရသည်။
မိုးလင်းစပြုပြီ။ဘယ်နေရာရောက်နေသည်မသိ။ပါတ်ဝန်းကျင်တခုလုံးတောမီးခိုးတွေဖြင့်အူ၍ဖုံးလွှမ်းနေသည်။မကြာမကြာတောကြက်တွန်သံကြားရသည်။လှည်းလမ်းကြောင်းပေါ်၌တောင်ပေါ်တက်သည့်နွားလှည်းမောင်း သံကြားနေရသည်။ကျနော်တို့အဖွဲ့မှာလမ်းကြောင်းအတိုင်းမဖြတ်တော့-တောတိုး၍စခန်းရှိရာသို့တဖြည်း ဖြည်းနှင်ကြရသည်။တညလုံးမအိပ်ပဲတိုက်ပွဲဖြစ်ခဲ့သည်။ခရီးနှင်ခဲ့သည်။ရေကမရှိနွမ်းဟိုက်၏။တယောက် မျက်နှာတယောက်ကြည့်ဟန်ဆောင်အပြုံးများဖြင့်အပူအပင်တွေကိုအကာအကွယ်ယူရင်းရဲဘော်ရှန်သိုအား စိတ်ဓါတ်မကျရလေအောင်ရယ်မောစရာများပြော၍နှစ်သိပ်ကြ။
ရွက်စည်ပိုင်းရွာမှရွာသားအချို့ကျနော်တို့ရှိရာသို့ရောက်လာကြသည်။ထမင်းထုတ်များ၊ရေဗူးကိုယ်စီဖြင့်၊ ကျနော်တို့အားတက်ဝမ်းသာမိသည်။သူတို့မှယခုနေရာတွင်ကြာကြာမနေရန်နှင့်ယခင်စခန်းသို့အရောက်သွား ရန်တိုက်တွန်းကြသည်။ရဲဘော်ရှန်သိုအားရွာသားများမှတလှည့်စီထမ်းထုတ်သွားကြသည်။စခန်းဟောင်းသို့ ရောက်မှစိတ်ဒုန်းဒုန်းချ၍အနားယူလိုကြသည်။ရဲဘော်ရှန်သိုကြီးကိုတော့ဆေးမှုးမှဒိုင်ယာစီဗင်ထိုးပေးပြီးသက် သောင့်သက်သာအနားယူစေသည်။
နောက်တစ်နေ့-နံနက်တွင်မနေ့ကတိုက်ပွဲဖြစ်ခဲ့သည့်သတင်းပြန့်နှံ့သွားသည်။ခလရ(၂၃၂)စစ်ကြောင်းနှင့်ကျ နော်တို့အလုပ်အဖွဲ့ တိုက်ပွဲဖြစ်ရာတွင်ရန်သူ့ဘက်မှတပ်ကြပ်ကြီး(၁)ဦးမှာခွန်းကိုးမမထိ၍သေဆုံးသွားကြောင်း။ တပ်သား(၂)ဦးပါကျဆုံးကြောင်း။အချို့ဒါဏ်ရာအနည်းအငယ်စီရသွားကြောင်းသိရသည်။ပိုမိုခိုင်မာသည်က နံနက်ခင်းတွင်-အင်းကြီးပေါက်ရွာထဲသို့ကားဖင်ထိုး၍ရန်သူမှဒါဏ်ရာရသူများကိုကားဖြင့်တောင်ငူဘက်သို့ သယ်ဆောင်သွားကြောင်းသိလိုက်ရသည်။
ကျည်ဝေဖြိုး
ဆက်လက်ဖော်ပြပါမည်။
Tuesday, May 11, 2010
နှင်းဆီရောင်တော်လှန်ရေး ရုပ်ပုံလွှာအပိုင်း(၁၀)
တော်လှန်ရေးနှင့်လူထုအတွေ့ အကြုံ။
(၁၉၉၇-ခုနှစ်။နှစ်ဦးပိုင်း)
လက်ရှိရပ်တည်လှုပ်ရှားနေရသည့်ဒေသသည်လက်နက်ကိုင်တော်လှန်ရေးတရပ်အနေနှင့်မရှိမဖြစ်တော် လှန်ရေးအခြေခံဒေသကြီးတစ်ခုဖြစ်သည်။လက်တွေ့ရပ်တည်လှုပ်ရှားရင်းဤကဲ့သို့တန်ဘိုးထားနားလည် နေမိသည်။လူထုဆိုရာဝယ်ယခင်ကသိရှိထားသည့်လူထုဆိုသည်မှာတမျိုးတစားတည်းပဲဖြစ်လိမ့်မည်ဟု တွေးထင်ထားခဲ့မှုများအလွဲလွဲအမှားမှားဖြစ်ခဲ့ရသည်။ဆင်းရဲသား၊လူမျိုးရေး၊အဆင့်အတန်းကွာခြားမှု၊ဘဝ ပေးအခြေအနေတွေ၊အသိပညာခေါင်းပါးဝေလံမှုပြသာနာကြီးများတနေ့တခြားပိုမိုဆိုးရွားလာတာတွေ့ရ သည်။တဘက်မှာလည်းချစ်ခင်စရာကောင်းသည့်ရိုးသားမှု၊ပျူငှာမှုတွေကိုလည်းတွေ့ ရသည်။တချို့ ကြတော့ အတွေးအခေါ်အရသံသာယတွေနှင့်တော်လှန်ရေးရဲဘော်တွေကိုနိုင်ငံရေးအသိရေချိန်ဘယ်အဆင့် အထိရှိပြီလဲ-ဆိုတဲ့စမ်းသပ်မှုတွေလည်းတော်လှန်ရေးရဲဘော်များထံရိုက်ခတ်လာမှုတွေကလည်းဒုနဲ့ဒေး။
ဒီမိုကရေစီဆိုတာဘာလဲ၊ ဒီမိုရေစီကိုဘယ်လိုအဓိပါယ်ဖွင့်ဆိုမလဲ။မောင်ရင်ကတော်လှန်ရေးသမားဆိုရ လောက်အောင်မောင်ရင့်မှာတော်လှန်ရေးသမားနဲ့ ထိုက်တန်တဲ့ အရည်အချင်းတွေလုံလုံလောက် လောက် ရှိပြီလား-စသည့်မေးခွန်းတွေကကျနော်တို့ ၏ပတ္တမြားအရည်အသွေးတွေကိုပြောင်မြောက်အောင်သွေးပေး နေသည်ဟုခံစားနားလည်ပြီးရှေ့ဆက်တော်လှန်ရေးခရီးတွေထဲ့ အတွေးအခေါ်အရရှင်ပြန်ထမြောက် နေနိုင်ဘို့ကြိုစားရင်းလူထု၏ယုံကြည်ကိုးစားမှုကိုဦးထိတ်ထားပြီးမိမိကိုယ်ကိုယ်တည်ဆောက်ရေးဆိုသည့် လုပ်ဟန်ကိုအခြေခံဒေသကြီးမှာတည်ဆောက်ခဲ့ကြသည်။
လူထုဆိုသည်မှာသူရဲကောင်းဝါဒကိုလက်ခံလက်ခံယုံကြည်နေကြဆဲရှိသည်ဟုတွေ့မြင်ခဲ့ရသည်။သမိုင်း ကြောင်းတွေအရနောက်လှန်ကြည့်မည်ဆိုလျှင်ကမ္ဘာ့ရာဇဝင်းသမိုင်းတွေမှာလွတ်လပ်ရေးသူရဲကောင်းများ ထွန်းကားခဲ့ကြသည်။ကျောင်းပညာရေးသမိုင်းသင်ခန်းစားများ၏လွတ်လပ်ရေးသူရဲကောင်းများကိုကျနော် တို့ အားကျနှစ်သက်ခဲ့သည်မှာငြင်းဖွယ်မရှိပေ။ဒီနေ့ဒီဒေသမှာလည်းလူထုအများစုဟာသူရဲကောင်းဝါဒကို လက်ခံယုံကြည်နေကြသည်ဆိုတာငြင်းဖွယ်ရာမဟုတ်ဟုတွက်ချက်နေမိသည်။
တခါကအခြေခံဒေသထိုးဖောက်ရေးရွာထဲမှစကားစမြည်ပြောဖြစ်ခဲ့ကြသည်ကိုမြင်ယောင်နေမိသည်။ထို လူငယ်မှာခေတ်ပညာတတ်လူငယ်တစ်ယောက်ဖြစ်သည်။စားနိုင်၊သောက်နိုင်မိသားစုမှဖြစ်မည်။ထိုလူငယ် ကကျနော်တို့နှင့်သွားရင်းလာရင်းသိကျွမ်းခင်မင်သည်မှာကြာပြီဖြစ်သည်။ရေနွေးဝိုင်း၌စကားလက်စုံပြုရင်း ထိုလူငယ်ပါးစပ်မှထွက်ပေါ်လာသောစကားတချပ်အပေါ်မှာသတိတွေရရင်း-နိုင်ငံရေးကိုမသိဘူး။နိုင်ငံရေး လည်းစိတ်မဝင်းစားဘူး၊နိုင်ငံရေးအကြောင်းလည်းမသိချင်ဘူး-တဲ့ခင်ဗျား။အဲဒါသာကြည့်ပါတော့။ထို စကားလုံးသည်ယနေ့ လူငယ်အချို့လူလတ်အချို့လူကြီးအချို့အတွင်းမှာရေပန်းစားနေသော စကားဖြစ်သည်။ယနေ့ မြန်မာနိုင်ငံအတွင့်း စစ်တပ်ကြီးစိုးသည့် အချိန်ကာလနောက်ပိုင်းပြည်တွင်းနိုင်ငံရေးပါတီတွေ၏တဖွဲ့  နှင့်တဖွဲ့ ထိုးနှက်တိုက်ခိုက်ကြသည့်အမွေများကိုသင်ကြားသိခဲ့ရ၍ထိုအသိ၏ နောက်၌အစွဲအလန်း အတေးအမှတ်ထားကြ၍နိုင်ငံရေးကိုစိတ်မဝင်းစားဘူးဟုပြောနေသည်မှာမှားမည်မဟုတ်။
တဘက်မှာ-သမိုင်းကိုစိတ်ကုန်၍အလွယ်နည်းနှင့်အခက်ကြီးလုပ်ပြီး နိုင်ငံရေးကိုစိတ်မဝင်စားဘူးပြောတာ ဖြစ်မည်။ဤသို့ဆိုလျှင်အခြားတဘက်ကတွေးကြည့်မည်ဆိုလျှင်ထိုသူတို့၏မူရင်းစိတ်ထဲ၌အမှန်မြင်ထား သည်မှာနိုင်ငံရေးဆိုသည်မှာအဖိုးထိုက်တန်လှသည့်ရိုးသားသည့်သစ္စာတရားဟုမှတ်ယူဟန်ရှိသည်ကိုသူ တို့ ၏မသိစိတ်ထဲမှစံပြုနေသည်ကိုတော့ဖြင့်။
လူထုအများကြီးရှိကြသည်အထဲ၌အုပ်ချုပ်ရေးဆိုင်ရာများတွင်အထူးသဖြင့်လူထုသည်ရန်သူ့ဘက်ကို ယိမ်းယိုင်သည့်အချို့ရှိကြသလို၊တော်လှန်ရေးလက်တွေ့ကျကျရုပ်ပိုင်း၊စိတ်ပိုင်းပါဝင်ကြသည့်လူထုများ လည်းရှိသည်၊အများအားဖြင့်တော်လှန်ရေးလက်တွေ့ဘဝထဲသို့တစုံလုံးပါဝင်လာကြသည့်လူထုမှာဆင်းရဲ သား၊တောင်သူလယ်သမားတွေကအများစုဖြစ်သည်၊လက်ရှိဒေသ၌စစ်တပ်မှလူထုတွေ၏ဥယျာဉ် ခြံ၊မြေ၊တောင်ယာ၊လယ်ယာများကိုမတရားအခွန်ကောက်ခံ၍ပင်ပန်းမှု၏အကျိုးကျေးဇူးကို ထိုက်ထိုက် တန်တန်မခံစားရပဲယခုလိုခေါင်းပုံဖြတ်ပြီးအနိုင်ကျင့်အကောက်ခံနေရမှုများအပေါ်မခံမရပ်နိုင်ပဲရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာကအစ တောင်သူလယ်သမား၊ဆင်းရဲသားလူထုများကစစ်တပ်ကိုရသလိုနည်းဖြင့်တော်လှန်တိုက်ပွဲဝင်နေကြတာ တွေ့ ရ၍အားတက်မဆုံးဖြစ်ခဲ့ရသည်။
ရွာတစ်ရွာ့ ရန်သူ့စစ်ကြောင်းဝင်လာရာယခင်လိုရွာတိုင်းလိုလိုကလဘက်သုတ်၊ရေနွေး၊အခြားကောင်းနိုးရာ ရာဒေသထွက်သီးနှံများဖြင့်တည်ခင်းဧည့်ခံလေ့ရှိကြသည်။တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေ ထိုဒေသကိုရောက်ရှိချိန်နောက်ပိုင်း-ရန်သူ့စစ်တပ်ကိုရေနွေးတောင်ချမတိုက်ပဲဗြောင်အနုနည်းဖြင့် စစ်တပ်ကိုဆန့်ကျင်တော်လှန်တိုက်ပွဲဝင်နေကြသည်ကိုထိုဒေသ၌တွေ့မြင်ခဲ့ရသည်။ရန်သူ့ဘက်တွင်လည်း-ဆက်ဆံရေးမပျက်ရလေအောင်၊တော်လှန်ရေးအင်အားစုဘက်တွင်လည်းဆက်ဆံရေးမပျက်ရလေ အောင်နှစ်ဘက် ပေါ်လစီပုံစံဖြင့် ဆက်ဆံကြသည့်အချို့ သောလူနည်းစုကိုလည်း ထိုဒေသ၌တွေ့ ခဲ့ရသည်။၎င်းတို့ကတခါတရံတော်လှန်ရေးအင်အားစုများကိုခြိမ်းခြောက်အကြပ်ကိုင်သည့်နည်းတွေဖြင့်ပြုမှုလုပ် ဆောင်တတ်ကြသည်။တော်လှန်ရေးအဖွဲ့အစည်းများမှထိုကဲ့သို့သောလူများကိုနိုင်ငံရေးအသိ၊စစ်ရေး သတိအထူးရှိစွာစောင့်ကြပ်ရင်းလူထုနောက်မြီးဆွဲဖြစ်မသွားရလေအောင်တည်ဆောက်မှုပြုရသည်။ -ရန်သူစစ်တပ်တွေရွာထဲရောက်နေပြီဗိုလ်ကြီး-စစ်ကြောင်းမှုးကကျနော်တို့ကိုပြောတယ်ရွာအနီးပတ်ဝန်း ကျင်မှာရှိတဲ့နေရာတွေကို မြေလှန်ရှာမယ်တဲ့-အဲဒါဗိုလ်ကြီးတို့ ဒီနေရာကဆုတ်ပေးဘို့လာပြောတာပါ။ထိုကဲ့  သို့စကားအမြဲပြောလေ့ရှိသူများကိုကျနော်တို့မှအလိမ်မာနည်းဖြင့်သော်လည်းကောင်း၊တခါတရံနဂါး မှန်းသိအောင်အမှောက်ထောင်ပြရသည်များကိုပြုလုပ်ပေးရသည်။ထိုအခါထိုလူထုမှာနောင်ဆိုရင်ထို စကားမျိုးနှင့်တော်လှန်ရေးအဖွဲ့ အစည်းကို ခြိမ်းခြောကှ်ုမရကြောင်းသိလာခဲ့ ကြသည်။
တော်လှန်ရေးအဖွဲ့အစည်းများတွင်လည်းအားနည်းချက်ရှိကြသည့်ခေါင်းဆောင်များလည်းရှိပါသည်။ ထိုခေါင်းဆောင်များသည်ကျော်ကြားမှုဂုဏ်ကိုအထူးနှစ်သက်မြတ်နိုးကြသည်။ခေါင်းဆောင်များ၌ နှစ်သက်မြတ်နိုးမှုကိုလေးစားသော်လည်းတခါတရံမိမိကျော်ကြားအောင်မြင်ရေးအတွက်တလွဲအယူအဆ များဖြင့်မိမိယူထားသည့်တာဝန်ကိုအလွဲသုံးစားပြုတတ်ကြသည်။ထိုအခါထိုခေါင်းဆောင်များသည်ဝေဖန် ထောက်ရှုမှုကိုလက်မခံပဲနိုင်ငံရေးအမှားကိုကျူးလွန်ပြီးစစ်ဘုရင်ဝါဒ၊တကိုယ်တော်တည်ဆောက်ရေးဝါ
ဒကိုအသုံးပြုတတ်ကြသည်။ထိုသူတို့ ၏ဦးနှောက်ထဲတွင်တော်လှန်ရေးဘဝနှင့်အခြေအနေကိုမရိပ်စားပဲ မိမိတပ်ကိုပြောက်ကျားဗျူဟာအရမစဉ်းစားပဲလက်လှမ်းမမှီသည့်နိုင်ငံတကာတပ်ကြီးလို တည်ဆောက်ချင် တတ်ကြသည်။တခါတရံတွင်ဗျူရိုကရက်ဆန်စွာတည်ဆောက်ကြပြီးလက်တွေ့လုပ်ငန်းအရအကျိုးမပေး သည့်လုပ်ဟန်များကို အချိန်ကုန်လူပန်းတည်ဆောက်ကြ သည်။
တော်လှန်ရေး.အခြေခံဒေသထိုးဖောက်မှုဧရိယာသည်အမှန်တကယ်ရန်သူမှမြေပုံဂရပ်ကွက်အပြည့် ဗျူဟာချပြီးစစ်ဆင်ရေးလုပ်လျင်မိမိတို့ အခြေအနေနှင့်ဆက်လက်ရပ်တညှ်ုရမည်မဟုတ်ချေ။ယခင့် ယခင်ကဗမာပြည်ကွန်မြူနစ်ပါတီများဤဒေသတွင်ကာလပေါင်းများစွာထိုးဖောက်ရေးလုပ်စဉ်ကစစ်တပ်မှ ဖြတ်လေးဖြတ်ပုံစံဖြင့်အနောက်ပဲခူးရိုးမနှင့်လက်ရှိဒေသတွေင်မဟာဗျူဟာမြောက်စစ်ဆင်ရေးပြုလုပ်ခဲ့ ကြသည်။ထို့ကြောင့်ဤဒေသတွင်လူထုကိုတော်လှန်ရေးအတွေးအခေါ်တရပ်တည်ဆောက်မှု၊စစ်ရေးအရ ရန်သူ့တပ်တွေကိုပြောက်ကျားတိုက်ပွဲများဖြင့်အကောင်အထည်ဖော်မှု၊လူထုလက်တွေ့ ဘဝ၊လူ့ အခွင့် အရေးချိုးဖောက်မှု များ၊လူထုအကျိုးစီးပွားကိုရှေ့ရှု့ပြီးကာကွယ်စောက်ရှောက်မှုများဖြင့်အလုပ်အကျွေး ပြုခြင်းအားဖြင့်လူထုနှင့်တော်လှန်ရေးအဖွဲ့ အစည်းများတဘဝတည်းသဘာဝကျစွာတည်ဆောက်ခြင်းကို တပြိုင်နက်တည်ဆောက်ခြင်းကြောင့်လူထု၏ယုံကြည်လေးစားမှုကိုထိုအခြေခံဒေသကြီးတွင်တည်ဆောက် နိုင်ခဲ့ကြသည်။
အုပ်ချုပ်ရေးကိစဏများတွင် ကျနော်တို့ နှင့်မဟာမိတ်အဖွဲ့ အစည်းများ ညှိနှိုင်းပြုလုပ်ခဲ့ကြသည်။နှစ်ဖွဲ့ အုပ် ချုပ်ရေးဒေသသည် လက်ရှိအခြေခံ ဒေသကြီးဖြစ်ပြီး ထိုအုပ်ချုပ်ရေးကို ပူးတွဲအုပ်ချုပ်ရေးဒေသဟုသတ်မှတ် ခဲ့ကြသည်။ကျနော်တို့၏အထူးဒေသကိုနိုင်ငံရေးအရအုပ်ချုပ်ရာမှာတော့ကျနော်တို့ကိုယ်တိုင်ပြီးစစ်ရေးအရ မဟာမိတ်ပိုင်းဆိုင်ရာကိုနှစ်ဖွဲ့၏မူလသဘောတူညီချက်များအတိုင်းဆက်လက်ထားရှိခဲ့ကြသည်။ထို့ကြောင့် စစ်တောင်းမြစ်ဒေသဘက်မှအရှေ့တောင်သို့ကူးသန်းသွားလာကြသည့်အောက်ကွင်းမှဗမာများကိုကျနော် တို့အဖွဲ့မှအုပ်ချုပ်ရေးအရကိုင်တွယ်၍လုပ်ငန်းကိုယ်စီဖြင့်ဤဒေသ၌အားသွန်ခွန်စိုက်တာဝန်ထမ်းဆောင်ခဲ့ကြရ သည်။
ကျည်ဝေဖြိုး
ဆက်လက်ဖော်ပြပါမည်။
Saturday, May 8, 2010
ရဲဘော်ဆန်းလင်း(သို့ မဟုတ်)တွန့်ခေါက်တောင်တန်းခြေရာ။
ရဲဘော်ဆန်းလင်း(သို့ မဟုတ်)
တွန့် ခေါက်တောင်တန်းခြေရာ။
(၁)
တွန့် ခေါက်တောင်တန်းခြေရာ။
(၁)
စစ်ကြောင်းခရီး
မောပန်းနွမ်းဟိုက်
မလိုက်နိုင်တော့--
ဂရုဏာအကြည့်နဲ့ 
စစ်ရေဗူးလေးထိုးပေးခဲ့တာ----သူ။
(၂)
ဒါဏ်ရာရတုန်း
မိခင်တယောက်လို ဖွယ်ဖွယ်ရာရာ
စေတနာ၊ အနစ်နာတိုက်ကျွေးခဲ့တာ----သူ။
(၃)
တခါတခါ--
ကဗျာတွေရေး
ကြိုးကြာငှက်တို့ ရဲ့  မိုင်ထောင်ချီသီချင်း
ဖွဲ့ နွှဲ့ နွှဲ့  သံစဉ်တွေကြား
တုန်ခါအောင် ဖွဲ့ ဆိုပြတတ်---သူ။
(၄)
၁၉၅၈-
၁၉၆၂-
၁၉၇၄-
၁၉၈၈-
၁၉၉၆-သမိုင်းတိုင်းမှာ
ဒေါင်း--အိုးဝေ--အိုးဝေလို့ 
တွန်သံကျူးရင့်ခဲ့---သူ။
(၅)
သေအံ့မူးမူး၊ သွေးတွေလူး
နောက်ဆုံးမျက်လုံး၊ အသိမဖုံးခင်
လွပ်လပ်မှု၊ တရားမျှတမှု၊
ညီမျှခြင်းထပ်စေချင်---သူ။
(၆)
တခုနဲ့  တခုလုံးအတွက်
သဘောထားအပေးပို--သူ။
(၇)
အချစ်ကိုနစ်၊ စစ်ကိုချစ်ခဲ့
စစ်ကိုမုန်းတဲ့သူတွေအထဲ
အမုန်းဆုံးကို အလေးပိုပေး--သူ။
(၈)
စောစောထ၊ မျက်နှာသစ်
ဘ၀မျက်နှာစာကနေ
ဟိုး-----အဝေးဆုံး
တောင်ယာတဲလေးတွေအထိ
(၉)
"ကျိုးဖိုး"ဆိုတဲ့
တောင်တွင်း"ဒီပလိုမာ"
ရယူပေးဆပ်ခဲ့----သူ။
(၁၀)
သူ့ ပင်ကိုယ်က
ကမ္ဘာကြီးနဲ့ မေတ္တာမျှ
သူ့ ခရီးဟာ
အမျှော်တွေ တနံတလျား ဆွဲထုတ်ထားတဲ့ 
"ဒီမိုကရေစီ"
သူ့ ရင်ခုန်သံတွေက
"ဖက်ဒရယ်မုဒ်ဦး"။
(၁၁)
သမရိုးကျ ဖြစ်တည်မှု ဘ၀ထဲ
သူ့ ရပိုင်ခွင်တွေ
သူ့ လှပိုင်ခွင့်တွေ
ရိတ်သိမ်းခွင့်ပေးခဲ့တယ်။
(၁၂)
သူဟာ----
မာနယ်ပလောနဲ့  မေတ္တာမျှ
သံလွင်မြစ်ရိုးနဲ့  ခရီးသွား
ဗိုလ်ဆာကီးနဲ့  မိဘဖြစ်
စောထညတွေမှာ
ကဗျာပုလဲတွေ လက်ကုန်ပွင့်ခဲ့---သူ။
(၁၃)
ခုတော့-----
သူလက်ခံရရှိထားတာတွေက
အစာအိမ်၊လိပ်ခေါင်း၊ ငှက်ဖျား၊ ကျောက်ကပ်၊ ကင်ဆာ၊
မသမာသူတွေရဲ့  ထောင်ချောက်တွေထဲ
တပြုံတမကြီး နှိပ်စက်ခံစားရရင်း-----
သူချစ်တဲ့-လူထု
သူမြတ်နိုးတဲ့ လက်နက်ကိုင်တော်လှန်ရေး
လျှောက်လှမ်းလို့  အားမရခင်မှာပဲ------------------။
ကျည်ဝေဖြိုး။
(မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး။ ကျောင်းသားတပ်မတော်။စောထတပ်ရင်း၊ အမှတ်(၂၁၀)၊တပ်ရင်းမှုး ရဲဘော်ဆန်းလင်း၊ ABSDF-အခြေခံအထူးဒေသတည်ဆောက်ရေးတာဝန်များ(အလယ်ပိုင်း)ထမ်းဆောင်ရင်း ရန်သူ၏အလစ်အငိုက်ဖမ်းဆီးခြင်းခံလိုက်ရသောရဲဘော်ဆန်းလင်းအား သတိတရ တမ်းတဖွဲ့ ဆိုထားသော ကဗျာဖြစ်ပါသည်။)
Labels:
ကဗျာ
Thursday, May 6, 2010
စာပေ/သမိုင်း-မိတ်ဆက်
စာရေးဆရာရဲ့ အလုပ်(၂)မျိုး
စာရေးဆရာဟာ အမှန်တရားကိုရှာဖွေနေတဲ့ အနုပညာရှင် အဘိဓမ္မာဆရာဖြစ်တယ်။
အမှန်တရားကိုရှာတဲ့နေရာမှာ အဘိဓမ္မာဆရာရဲ့အလုပ်ကိုလုပ်နေပြီး တင်ပြတဲ့နေရာမှာအနုပညာရှင်ရဲ့အလုပ်
ကိုလုပ်နေသူဖြစ်တယ်။
(မြသန်းတင့်)။
သဇင်သင်းပြန်တော့
-၁၉၄၅ခုနှစ်မတ်လတွင်-ဖဆပလသည် ဂျပန်ဖက်ဆစ်တို့ အားခုခံတိုက်ပွဲဆင်ခဲ့သည်။
-အမျိုးသားလွတ်မြောက်ရေး၏အဓိပါယ်ကား အမှီခိုကင်းလိုခြင်းဖြစ်သည်။
၁၉၄၆-ခုနှစ်အောက်တိုဘာလတွင် ဗမာပြည်ကွန်မြူနစ်ပါတီကို ဖဆပလမှ ထုတ်ပယ်လိုက်သည်။အမြဲတမ်းစည်း လုံးလာခဲ့သောအမျိုးသားညီညွှတ်ရေးတပ်ပေါင်းစုကြီးထိုအချိန်မှစ၍ပြိုကွဲလာခဲ့သည်။
(ဒဂုန်တာရာ)
၁၉၃၉-၁၃၀၀ပြည့်အရေးတော်ပုံခေတ်၊အလုပ်သမား၊လယ်သမား၊ကျောင်းသားပညာရှင်များလက်တွဲ ခဲ့သောခေတ်က----
နယ်ချဲ့အစိုးရအလိုမရှိ။
ဓနရှင်စနစ် ပျက်စီးပါစေ။
မီးဒုတ်၊ မီးဒုတ်၊ ရှို့ ရှို့ 
သူပုန် သူပုန် ထ ထ
အရေးတော်ပုံအောင်ပါစေ---ဟုကြွေးကြော်ခဲ့ကြသည်။
စာရေးဆရာဟာ အမှန်တရားကိုရှာဖွေနေတဲ့ အနုပညာရှင် အဘိဓမ္မာဆရာဖြစ်တယ်။
အမှန်တရားကိုရှာတဲ့နေရာမှာ အဘိဓမ္မာဆရာရဲ့အလုပ်ကိုလုပ်နေပြီး တင်ပြတဲ့နေရာမှာအနုပညာရှင်ရဲ့အလုပ်
ကိုလုပ်နေသူဖြစ်တယ်။
(မြသန်းတင့်)။
သဇင်သင်းပြန်တော့
-၁၉၄၅ခုနှစ်မတ်လတွင်-ဖဆပလသည် ဂျပန်ဖက်ဆစ်တို့ အားခုခံတိုက်ပွဲဆင်ခဲ့သည်။
-အမျိုးသားလွတ်မြောက်ရေး၏အဓိပါယ်ကား အမှီခိုကင်းလိုခြင်းဖြစ်သည်။
၁၉၄၆-ခုနှစ်အောက်တိုဘာလတွင် ဗမာပြည်ကွန်မြူနစ်ပါတီကို ဖဆပလမှ ထုတ်ပယ်လိုက်သည်။အမြဲတမ်းစည်း လုံးလာခဲ့သောအမျိုးသားညီညွှတ်ရေးတပ်ပေါင်းစုကြီးထိုအချိန်မှစ၍ပြိုကွဲလာခဲ့သည်။
(ဒဂုန်တာရာ)
၁၉၃၉-၁၃၀၀ပြည့်အရေးတော်ပုံခေတ်၊အလုပ်သမား၊လယ်သမား၊ကျောင်းသားပညာရှင်များလက်တွဲ ခဲ့သောခေတ်က----
နယ်ချဲ့အစိုးရအလိုမရှိ။
ဓနရှင်စနစ် ပျက်စီးပါစေ။
မီးဒုတ်၊ မီးဒုတ်၊ ရှို့ ရှို့ 
သူပုန် သူပုန် ထ ထ
အရေးတော်ပုံအောင်ပါစေ---ဟုကြွေးကြော်ခဲ့ကြသည်။
Monday, May 3, 2010

ကျည်ကဗျာ ကွဲကြေကျဆုံးခန်း
လူထုအပူ နှစ်ကူးမှာ မမျှော်လှူ
ပြည်သူကို သွေးခင်းပေးဆပ် ကာကွယ်လိုသူ
ရဲဘော်မောင်ငြိမ်းလူ ( ဟယ်လပင်)
ပုန်ကန်သူဖော်တသင်းကိုချန်
ဝိညာဉ်တပ်တော် အားဖြည့်တွဲရံဖို့ 
ရုတ်တရက် ထွက်ခွာသွားပြီကော။
သူရဲကောင်းတို့ မည်သည်
သူ့ အသက်ထက် ယုံကြည်ချက်ကိုတွယ်
လောကနံနက်ခင်းကို ရင်နှင့်ရင်းဖတ်သူပါ။
မင်းဟာ ရဲရဲတောက် စွန့် ပြီး
ရန် ငါ စည်းပြတ်
ကျည်ပေါက်သံချွေ
ကဗျာပန်းတွေ ဝေနိုင်ခဲ့သူ
စစ်တလင်းကို မငြင်းခဲ့သူ
ရဲဘော်တွေကို သွေးချင်းထက် တွယ်တာသူပါ။
မင်း နဲ့  ငါ
သံလွင်၊သောင်ရင်းရေ အတူသောက်
ဒေါနနဲ့ တနင်္သာရီတောင်တန်း အတူလှမ်း
သောက်စားအတွေးပွား အတူစကားမာခဲ့
မာနယ်ပလော၊ထူးရာစိုးကဖေး
လူဘောင်သစ်၊အန်အယ်လ်ဒီရုံး
ဂရင်းကုန်း၊ရဟန်းပျိုကုန်း
စာပေကလပ်၊မယ်တုက္ခိချောင်းလမ်း
သေနတ်တစ်လက်၊စာသကာတစ်ဖက် အတူမက်ခဲ့ကြ။
မင်းနဲ့ ငါ
အတိတ်ကို ပြန်ထမ်းပိုးတဲ့အခါ
ငါက လသာ(စင်ထရယ်)ကျောင်း
မင်းက ဗိုလ်တစ်ထောင် (စိန်ပေါလ်)ကျောင်း
ရန်ဟောင်းတွေကို ပြန်ရီမောဖတ်ကြ။
ပကတိဘဝမှာ ယုံကြည်တူခရီးသည်တွေဖြစ်ကြ။
အနာဂတ်ကို ငါတို့ တည်ဆောက်မယ်လို့ ခံယူခဲ့ကြ။
ခုတော့
သွားနှင့်ပေးဦးတော့
ရဲဘော်ကြီးသူငယ်ချင်းရေ
မင်းရဲ့ သမိုင်းလမ်းမှာ
တာဝန်ကျေစွာ ကြွေလွင့်ခြင်းကို
နောက်ကျမှ သိရှိတုန်လှုပ်ရ
နှုတ်ဆက် အမျှဝေခွင့်မရ
ဟိုး-ဝေးဝေးကသာ
အလေးပြုခွင့်ပေးပါ သူငယ်ချင်း၊ ၊
ဒေါင်းနီ
(ဧပြီလ (၂၉)ရက်။၂ဝ၁ဝခုနှစ်။နံနက်(၃)နာရီတွင် ရုတ်တရက်ကျဆုံးကြွေလွင့်သွားသော သူငယ်ချင်းရဲဘော်ကြီး
ကဗျာဆရာမောင်ငြိမ်းလူ (ဟယ်လ်ပင်)အတွက် )
Labels:
ကဗျာ
Saturday, May 1, 2010
နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာအပိုင်း(၉)
ရဲဘော်ဇော်လွင်(ခ)ရဲဘော်ကျော်စိုး
ဝါးရုံလှဲတိုက်ပွဲ။
၁၉၉၆ခုနှစ်။ နိုဝင်ဘာ(၁)ရက်၊
မှတ်မှတ်ရရသတိတွေရနေမိသည်။၁၉၉၆ခုနှစ်။ အောက်တိုဘာ(၃ဝ)ရက်နေ့ ဖြစ်သည်၊ ကျနော်တို့ (မိုးကြိုး)အလုပ်အဖွဲ့မှာသာမိတိုက် တောင်ခြေရှိ ဆင်အံတောင်ရွာကလေ့း စခန်းချဖြစ်ကြသည်။ထိုနေ့သည်ခါတိုင်းနေ့  တွေလိုပဲမည်သည့်သတင်းမှထူးခြားမှုမရှိသောကြောင့်ယာယီပုခက်တဲကိုယ်စီ နေရာယူကြသည်။တပ်စိတ်မှုးရဲဘော်ဇော်လွင်မှာပဲခင်းထဲမှငြုပ်သီးစိမ်းအချို့ ။ချဉ်ပေါင်ရွက်အချို့ ခူးလာသည်။သူ၏တဲဘေး၌ရဲဘော်အားလုံးအတွက်ထမင်းချက်ရန်မီးမွှေးနေသည်။ကျနော်က-ဘာဟင်းချက်မလဲမေးတော့-သူက -ချဉ်ပေါင်ရွက်နဲ့  ငြုပ်သီးရောပြီးချဉ်စပ်လေးချက်မလို့ ဟုပြန်ပြောသည်။ညနေထမင်းချက်ချိန်ကမိုးချုပ်စပြုပြီ၊ အင်တိုင်းပင်များအပေါ်မှ ရှဥ့်ကြွက်ကလေးများ မိုးချုပ်စမှာဟိုကူး။ ဒီကူးနှင့်တွေ့ နေရသည်။အင်တိုင်ပျိုပင်များအပေါ်မှအရွက်ဖားဖားကြီးတွေက ဆင်နားရွက်ကြီးတွေလို မလှုပ်မခတ်ငြိမ်သက်လျှက်။တချို့ ရေဒီယိုဖွင့်သံကြားနေရသည်။ထမင်းချက်သည့်နေရာနှင့်မလှမ်းမကမ်းချုံနွယ်စပ့် တပ်မှုးအချို့ တီးတိုးတီးတိုးဆွေးနွေးနေသံကြားနေရသည်။ထမင်းဟန်းကောသုံးလုံးကျပြီးဟင်းအိုးတည်ချိန့် ရဲဘော်ဇော်လွင်မှ အင်ဖက်တွေခူးလာပြီး ထမင်းစားကြရန် ပြင်ဆင်နေသည်။တဲတိုက်ဘေးမှနှုတ်လာသည့်စပယ်လင်ပင်ကို ငါးပိဖုတ် နှင့် ရောထောင်းနေသည်။ ရဲဘော်တွေကိုထမင်းစားကြရန်လှမ်းခေါ်ပြီးမြေဝိုင်းထမင်းပွဲလေး၌လက်ရည်တပြင်တည်း ထမင်းလက်စုံစားကြ သည်။မိုးသားတိမ်လိမ့်တို့ က တောစပ်အရောင်နှင့် မဲမှောင်နေလိုက်တာများ။
ရဲဘော်ဂျာ ပြင်ဆင်ထားပါ-ခရီးထွက်မယ်--------
သတင်းထူးတာဖြစ်လိမ့်မည်။ရန်သူမိအိ'ကီးအောက်ရွာ။ ဒါမှမဟုတ် ကြို့ ချောင်းရွာမှာများ ရန်သူ့ တပ်ရောက် နေပြီလား။ခါတိုင်းလိုပဲ ခေတ္တစခန်းပြောင်းရွှေ့တာပဲလား။
မလိုအပ်တဲ့ပစ္စည်းတွေသိမ်းခဲ့၊ ခရီးဝေးမယ်။
ဟုတ်ပါပြီရန်သူရောက်ရင်ရောက် မဟုတ်ရင် တခုခုတော့တခုခုပဲ။ကျနော်တို့ ငြိမ်သက်စွာခ၇ီးထွက်ကြသည်။နာရီဝက်လောက်ခန့် သွားရ သည့်နေရာရောက်တော့ လယ်ကွင်းနှင့် အင်တိုင်းတောစပ်။အရှေ့ ၊အနောက်။တောင်၊မြောက်ကို စိတ်မှန်းဖြင့် ခန့် မှန်းနေမိသည်။ကျနော်တို့ ကျောပေး ထားသည့်ဘက်သို့ ကြည့်လိုက်တော့ တောင်တန်းကြီးက ကျနော်တို့ ကျောဘက်မှာ၊ ဒါဆိုကျနော်တို့ ခရီးထွက်နေသည်မှာ အောက်ကွင်း(မဒညတ) နယ် မြေပဲဖြစ်ရမည်။
ခြောက်သွေ့ ၍သစ်ရွက်ခြောက်များအပေါ် ဖြတ်နင်းသွားသည့် စစ်ဖိနပ်ခြေရာအသံတွေက သစ်ရွက်ခြောက် တွေကြေမွသွားသည့်အသံနှင့် တပြေးညီစွာဆူညံရိုက်ပုတ်ရင်း သက်ငယ်တောကြီးထဲ့ စစ်ကြောင်းခေတ္တရပ် နားကြသည်။
မိုးကြိုးအလုပ်အဖွဲ့ ခေါင်းဆောင် ရဲဘော်အောင်ကျော်မှ ရဲဘော်အားလုံးစုစည်းစေပြီး ပြောင်သလင်းခါသည့် မြေညီပေါ်၌ဝိုင်းဖွဲ့ ထိုင်စေပြီး ယခုထွက်လာသည့်ခရီးစဉ်ရည်ရွယ်ချက်ကို ဆွေးနွေးတင်ပြသည်။
မနက်ဖြန်ဟာနိုဝင်ဘာလ(၁)ရက်နေ့ ဖြစ်တယ်၊ အဲဒီနေ့ ဟာ မကဒတမွေးဖွားသန့် စင်ခဲ့သည့် (၉)နှစ်မြောက် နေ့ ဖြစ်တယ်။ဒါ့ကြောင့် ဒီလိုအခါကြီး။ နေ့ ကြီးမယ် ကျနော်တို့ ရဲဘော်အားလုံး ဝါးရုံလှဲရွာကိုချီတက်ပြီး လူထုကို ချပြဆွေးနွေးရမယ်။လူထုကိုတော်လှန်ရေးထဲပါဝင်လာအောင် ဆွေးနွေးစည်းရုံးရမယ်။တော်လှန်ရေးရဲ့ အခက် အခဲတွေကို လူထုကိုချပြပြီး လူထုနဲ့ တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး လိုအပ်တဲ့ကူညီပံ့ပိုးမှုတွေကို တောင်းခံသင့်သလောက်တောင်းခဲရလိမ့်မယ်။ ဒီတော့ -ဒီခရီးမှာ စစ်ရေးအရအထူးသတိဝီရိယရှိဖို့ ကျနော်ပြော ချင်တယ်။ကျနော်တို့ ယခုစည်းရုံးရေး ဆင်းမယ့်နေရာက ရန်သူ့ အုပ်ချုပ်ရေးနယ်မြေဖြစ်တယ်။သိပ်အန္တရယ်ကြီးပါတယ်။သို့ သော်စိုးရိမ်စရာမလိုပါဘူး။ကျနော်ဘက်မှာနယ်မြေခဲလူကြီးတွေ ပါတယ်။သူတို့ က ကျနော်တို့ နှင့်အတူ လှို့ ဝှက်စွာတိုက်ပွဲဝင်ဘို့ ကတိပြုထားပြီးကြပြီ။ဒါ့ကြောင့် ကျနော်တို့ မိုးကြိုးအလုပ်အဖွဲ့ ကို (၂)ဖွဲ့ ခွဲပြီး ချီတက်လှုပ်ရှားကြမယ်။ကျနော်နဲ့ အတူ ရဲဘော်ဂျာ။ ရဲဘော်ဆေး။ နောက်ထပ်ရဲဘော်(၄)ယောက် အတူထွက်မယ်။အုပ်စု(၂)က ရဲဘော်ဇော်လွင်နဲ့ အတူခရီးထွက်မယ်။ပထမခရီးထွက်မယ့်အဖွဲ့ က ကျနော်နဲ့ အ တူထွက်မယ်၊ ထူးခြားရင် အချက်ပြသင်္ကေတတွေသုံးပါ။စက်နံပါတ်ကတော့ ယခင်ပုံမှန် အတိုင်းရှိထားမယ်။လိုအပ်ရင်ညှိနှိုင်းတားတဲ့နံပါတ်တွေကိုအသုံးပြုမယ်။နာရီဝက်တစ်ကြိမ်စက်ဖွင့်ပါ။ရန်သူ့ သတင်းကတော့ ထူးခြားမှုမရှိသေးဘူး။ယခုထွက်မယ့်ခရီးက မြေညီလမ်းဖြစ်တယ်။ကွင်းပြင်တွေ၊တောစပ်တွေ၊ နှမ်းခင်းတွေ၊ပဲခင်းတွေ၊ရေချောင်းတွေဖြတ်ရမယ်၊ စစ်ကြောင်းထွက်ရင်ဆေးလိပ် မသောက်ပါနှင့် အားလုံးအဆင်သင့် ဖြစ်ရင် ခရီးစထွက်မယ်။
ညသည်မှောင်မိုက်လွန်းလှသည်။မည်သည့်နေရာမှမမြင်ရ။ သစ်ငုတ်တိုတွေတိုက်မိ၊ တောစီးစစ်ဖိနပ်မှာ ရေထဲ ဖြတ်ရ၍ရိဆွေးစပြုနေသည်မှာ တစ်ပတ်လောက်ရှိပြီ။စစ်ဖိနပ်ခြေဖျားအောက်ခြေနှင့် ပိတ်စမှာ ဟပြဲနေ၍ ခရီး ထွက်ရသည်မှာအဆင်မပြေလှ။နှမ်းခင်းထဲဖြတ်လျှောက်စဉ် သစ်ငုတ် တစ်ခု ကျနော့်ဝမ်းဗိုက်အထိရှိမည်။ထို သစ်ငုတ်တိုကိုမမြင်ပဲ ဗိုက်နှင့်သစ်ငုတ်ထိပြီး ရှေ့ သို့ ကျွမ်းပစ်သွားသည်။မတတ်နိုင်ပါ ချက်ချင်းပြန်ထပြီး ရှေသို့ မနည်းမှီအောင်လိုက်ရသည်။
အင်တိုင်းတောထဲသို့ ဖြတ်စဉ် ရွာလူကြီးမှ လမ်းဆုံ လမ်းခွရောက်တိုင်း မိတ်ဆက်ပေးသည်။လမ်းခွရောက်၍ ဘယ်ညာလမ်းနှစ်ခွပြသည့်နေရာ အရောက် -ဒီဘက်လမ်းက ဝါးရုံလှဲရွာကိုသွားတာ၊ ဒီညာဘက်လမ်းက ရဲကုန်း ရွာကိုသွားတာပါ။
ကျနော်တို့ နှစ်ဖွဲ့ စလုံး အင်တိုင်းတောစပ်လမ်းနှစ်ခွ့ ကင်းချ၍မြေပြင်အနေအထားကိုစောင့်နားထောင်ရင်း ခေတ္တအနားယူကြသည်။ရုတ်တရက်မိုးကတပြုံတမကြီးရွာချလိုက်ပါသည်။ကျနော်တို့ သည်အင်ဖက်များခူး၍ တစ်ကိုယ်စာလုံအောင်စောင်းရင်း မိုးတိတ်သည့်အထိစောင့်နေ၏။မိုးကလည်းနိုဝင်ဘာလမှရွာရတယ်လို့ စိတ်ထဲ တစ်မျိုးဖြစ်နေမိသည်။ရာသီဥတုဖောက်ပြန်လို့ ပဲဖြစ်မှာပါလို့ ဖြေသိမ့်ရင်း -ဟိုးဝေးဝေးက မှိတ်တုတ်မှိတ် တုတ် မီးရောင်များ၊ အသံချဲ့ စက်မှသီချင်းသံများကြားနေရ၏၊ ဆောင်းတွင်းမို့ မပြောတတ်အေးလိုက်သည်မှာလွန်ရော၊ သွေးပူနေတုန်းမို အေးလို့ အေးမှန်း မသိ။
ကျနော်တို့ ဝါးရုံလှဲရွာ၏အရှေ့ တည့်တည့်ကို စစ်ကြောင်းရောက်နေပြီ။ရေတာရှည်သကြားစက်ဥသြဆွဲသံကအနီးကလေးမှအော်နေသည့် အလားအောက်မေ့ရသည်။ ရန်ကုန်မန္တလေး အမြန်ရထားကြီး ဟိုးခပ်ဝေးဝေးမှ ခုတ်မောင်းပြေးဆွဲသံကြားနေရသည်။ဝါးရုံလှဲရွာမှာ တောင်နှင့်မြောက်ရှည် လျှားသည်၊ ထို့ ကြောင့်ရွာကို တောင်ဘက်ရွာ၊မြောက်ဘက်ရွာဟူ၍ခေါ်ကြသည်။ကျနော်တို့ အဖွဲ့ စဝင်သည့် ဘက်မှာ မြောက်ဘက်ရွာဖြစ်သည်။ရဲကုန်းရွာမှာ ဝါးရုံလှဲရွာ၏မြောက်ဘက်တွင်တည်ရှိသည်။တစ်နာရီလောက်အသာလေးသွားရသည်ဟု နယ်ခံလူကြီးမှပြောပြသည်။ရွာထဲသို့ ဝင်ဝင်ခြင်း ရွာလူကြီးမှ ရွာသူ ရွာသားတွေကိုခေါ်ယူစုဆောင်းစေပြီး ကျနော်တို့ နှင့်တွေ့ ဆုံမိတ်ဆက်ပေးနေသည်။ ရွာသူရွာသားများမှာ တောထဲမှသူပုန်တွေကို အသေအချာစူးစမ်းနေ၏၊ ရယ်မောစကားဖွဲ့ ကြ။ကျနော်တို့ မှတဖန်တော်လှန်ရေး အ ကြောင်းရှင်းပြကြသည်။တစ်ဦးနှင့်ရင်းနှီးစွာဖြင့်။ ရွာလူထုမှ ဆေးလိပ်၊ရေနွေး၊ မုန့် ပဲသားရည်စာများတည်ခင်း ကျွေးမွေးကြသည်။
-ကိုလှမြင့်မရှိတော့ဘူး-ထွက်ပြေးသွားပြီး-
ဒီကောင်ရဲကုန်းရွာဘက်ကိုထွက်ပြေးသွားတာဖြစ်ရမယ်။
အဲဒီရွာမှာဟိုခွေးကောင်တွေရှိတယ်၊။
လှမြင့်သည် ဝါးရုံလှဲရွာတွင် ရန်သူ၏လက်ကိုင်ဒုတ်ဖြစ်သည်။ ရန်သူမှ ထိုသူကို ရွာသားတွေထံမှ ပေါ်တာကြေး ကောက်ခိုင်း၊ ကင်းကြေး၊ မီးကြေး၊ဘာကြေး၊ညာကြေးကောက်ခိုင်းသည်။ရန်သူနှင့်ပေါင်းပြီး ရွာသူရွာသားတွေ အပေါ်နှိပ်စက်မှုများပြုလုပ်ကြောင်း၊ ထို့ အပြင် တော်လှန်ရေးအဖွဲ့ အစည်းများ၏လှုပ်ရှားသွားလာမှုများကို ရန်သူ့ ထံသတင်းအမြဲပေးသည်ဟုလည်း ကြားဖူးသည်။ ယခုလိုတော်လှန်ရေးအဖွဲ့ အစည်းများ ရွာထဲရောက် လာတာသိ၍ သူ့ ကိုဖမ်းလိမ့်မည်အထင်နှင့် ရွာမှထွက်ပြေးသွားတာလည်း ဖြစ်လိမ့်မည်ဖြစ်ကြောင်း ရွာခံလူကြီး များပြောပြ၍သိရသည်။ထို့ ကြောင့် ကျနော့်တို့ အဖွဲ့ ယခုရောက်ရှိနေသည့် ရွာမှ အမြန်ဆုံးပြန်ထွက်နိုင်အောင် ကြိုးစားမှ ဖြစ်မည်ဟု ရဲဘော်ဇော်လွင်မှ အကြံပေးသည်။ကျနော်တို့ လည်းထိုရွာထဲတွင် (၃)နာရီခန့် မျှကြာ သွားသည်။အဖွဲ့ ခေါင်းဆောင်ရဲဘော်အောင်ကျော်မှရွာမိရွာဖများအားနှုတ်ဆက်ပြီး ရွာမှထွက်ခွာရန်မိမိတို့  အားတိုင်ပင်ထားသည်။ရန်သူသည်ကျနော်တို့ ၏ ဆုတ်လမ်းကိုမည်သည့်နည်းနှင့်မဆို စောင့်၍တိုက်ခိုက် နိုင်သည်။တိုက်ပွဲဖြစ်လိမ့်မည်ဟုစိတ်ထဲမှာတော့ တထင့်ထင့်။တိုက်ပွဲဖြစ်လျှင်ကျနော်တို့ တွင်ပါလာသည့် ရဲဘော်အချို့ မှာရဲဘော်သစ်သုံးလေးယောက်ပါသည်။ရဲဘော်သစ်များကိုစိတ်မချ၍ကျနော် ကိုယ်တိုင်ရဲဘော် ဇော်လွင်တို့ အဖွဲ့ နှင့် လိုက်ပါခွင်ပြုရန် ခွင့်တောင်းပြီး လိုက်ပါခဲ့သည်။ကျနော့်ထံမှ မီဇူဟို (ဆက်သွယ်ရေး စက်ကြီး) တစ်လုံးကို ရဲဘော်တစ်ဦးထံအပ်ပြီးပွိုင့်ထွက်သည်။
ကျနော်တို့ သည်တစ်ယောက်နှင့်တစ်ယောက်ငါးလံကွာမျှခွှာုလျှောက်ကြသည်။ဝါးရုံလှဲရွာမှစထွက်ထွက်ခြင်း ကွင်းပြောင်ကြီးတစ်ခုကိုဖြတ်ကျော်ရမည်။
နေဦးဟေ့- ရဲဘော်အောင်ကျော်တို့ အဖွဲ့ ကိုစောင့်ဦး၊ (ရဲဘော်ဇော်လွင်)
ဟေ့-မိုးစင်စင်လင်းတော့မယ်ကွ၊ငါတော့လူထုနှင့်တွေ့ ရလို့ ပျော်တယ်ကွာ(ရဲဘော်နွမ်ဂျာ)
အေကေမှ ဇင်ယော်ကြားလားဒါပဲ(ရဲဘော်ဇော်လွင်)
ကြားတယ်။ ကြားတယ် သုံးငါးရှိနေမယ် ရထားဖြစ်လား( ရဲဘော်အောင်ကျော်)
ကြားတယ် ကတုံးကြီးမှာဖြစ်နေတယ်။ အတိုလေးနဲ့ နှစ်သုံးလုပ်မယ်-သုံးငါးနဲ့ ဆက်ရှိမယ်၊
ရဲဘော်ဇော်လွင်စက်ပိတ်ပြီး သူကိုယ်တိုင်ရှေ့ မှပွိုင့်ထွကှ်ု ကျနော်က သူ့ နောက်မှ လိုက်ရသည်။ကွင်းပြင်ကိုငါးမိနစ်ခန့် ဖြတ်ရသည်။ကွင်းပြင်ထိတ်ရောက်သည့်နေရာတွင် နောက်ကအဖွဲ့ ကိုစောင့်မည်ဟု ရဲဘော်ဇော်လွင်မှပြောသည်။နေရာအကွက်အကွင်းမကောင်း၍အတွင်ဘက်မှာနားမည်ဟုထပ်ပြော၍ရှေ့  အတွင်းဘက်ကို တိုးလိုက်ကြသည်။
တကယ်လို့ တိုက်ပွဲဖြစ်ရင် အရင်ဆုံးမှောက်ချလိုက်၊ ဒါမှရန်သူပစ်ထုတ်လိုက်တဲ့ကျည်ဆံဟာ ကိုယ်ရဲ့ ချက် ကောင်းကိုမထိနိုင်မှာကွ။(ရဲဘော် ဇော်လွင်)။
လှည်းလမ်းကြောင်းအတိုင်းချီတက်လာစဉ်၊ တိတ်စိတ်မှုတစ်ခုကိုဖြိုခွင်းလိုက်သည်ကတော့-မိုးကြိုးပစ်သလို ဒိုင်း-ဒိုင်း-ဒိုင်း-ဒိုင်း-ဝုန်း-ဂျိမ်း-။
အလိုသေနတ်သံပါလား။ ရဲဘော်ဇော်လွင်သေနတ်ပေါက်တာလား၊ --ဟာမဟုတ်ဘူး--ရန်သူပစ်တာ--၊ ရန်သူမှကျနော်တို့ ကို နှစ်ဦးစလုံးကိုလက်နက် ကြီး၊လက်နက်ငယ်များဖြင့်တရစပ်ပစ်ခတ်နေတော့သည်။ဂငယ်ပုံစံဝိုင်းထား၍မည်သို့ မျှလှုပ်၍မရပါ။အင်တိုင်းတောလှည်းလမ်းကြောင်းကို ခွပြီး ဝိုင်းထားတော့မှ သေဖို့  ပဲရှိတော့မည်။သေနတ်တကမ်းပဲရှိတော့သည်၊
----အရှင်ဖမ်း--အရှင်ဖမ်း---အရှင်ဖမ်း--မလွှတ်စေနဲ့ --
ရဲဘော်ဇော်လွင်မှာ မီးခိုးမှိုင်းလုံးကြီးတွေထဲ ပျောက်လိုက်ပေါ်လိုက်နဲ့ ။
အလို--ကျနော့်ခေါင်းထဲ--ပူကနဲဖြစ်သွားသည်။-သွေးတွေဖြာကျ---အရည်တွေစေးကပ်ကပ်--ရန်သူ့ လက်တွင်းထဲ--သေပွဲဝင်ဖို့ --အချိန်ရောက်ပါရော့လား--ကျနော့်စိတ်တွေလေးနေ.၊ ကျောပြင်-အောင့်သက်သက်--အသက်ရှုဖို့ အခက်တွေ့ နေ၏၊
ကျနော်သေနတ်သံမှာလည်းရန်သူ့ ထံကို ပြန်လည်ပစ်နေပုံက --ဘာတွေဖြစ်ကုန်ပြီလဲ--စိတ်တို့ ငြိမ်သက်စပြုပြီ၊ တစ်ဘက်ရန်သူက တိုက်ပွဲ ဖြစ်သံတွေအပေါ်--လွှမ်းမိုးမင်းမူးနေ၏၊ --မကြာခင်သေရတော့မည်။အမေ့ဘုရားပန်းအိုး--ကျကွဲလောက်ရောပေါ့---နိမိတ်စိမ်းတွေမြင်လိုက်ပုံက။
--ကျား--နောက်ဆုံးပွဲသိမ်းလိုက်ပုံက၊ လှံစွပ်တွေ--ကျနော့်အနားကပ်လာပြီ--ရန်သူတစ်ယောက်--ကျနော့်ကို လှံစွပ်နဲ့ ထိုးဘို့ --လက်ကို အသာအယာ မလိုက်--ထို့ နောက်--ငါတို့ ရွာထဲကို ဆက်ကြည့်မယ်ဟေ့--လာကြ--လာကြ၊
နဖူးပြင်မှသွေးတို့ က --ရဲကနဲ--ရဲကနဲ--ကျလာလိုက်ပုံများ--အိမ်မက်တွေလား--တကယ်ဖြစ်တာလား--ဝေခွဲမတတ်---ဝေခွဲမတတ်။
ရဲဘော်ဇော်လွင် --သွေးတွေ--သွေးတွေ---သွေးတွေ၊ နွမ်းယဲ့ယဲ့။ ခန္ခာကိုယ်ကြီး--ကျနော်ပြေးပွေ့ မိ--သူစကားပြန်မပြောနိုင်တော့ဘူး။--ကျနော်မယုံဘူး--အာငွေ့ ထည့်လေမှုတ်ထုတ်--ဒါပေမယ့်--သူတော်လှန်ရေးအတွက် --လူထုအတွက်--အသက်ပေးဆပ်သွားခဲ့---။
ကြာကြာနေ၍မဖြစ်။အနောက်အဖွဲ့ အဆက်ပြတ်ပြီး အခြားလမ်းကြောင်းက ဆုတ်ခွာသွားလိမ့်မည်။အချိန်ကိုကြည့်လိုက်တော့ နိုဝင်ဘာလ တစ်ရက်။ နံနက်(၃)နာရီ၊ ရဲဘော်ဇော်လွင်--ကျုပ်ခင်ဗျားကိုအလေးနီပြုလိုက်ပါတယ်။
---မပြီးဆုံးသေးတဲ့ --စစ်အာဏာရှင် ပျက်သုန်းရေး တိုက်ပွဲကို --ဆက်လက်သယ်ဆောင်တိုက်ပွဲဝင်သွားဘို့ --ကျုပ်အလေးအနက်ဂတိပြုလိုက်ပါတယ်။
သူ့ ကိုနောက်ဆုံးအလေးပြုလိုက်တော့ --အံကြိတ်ထားရင်း---ကျလာသည့်မျက်ရည်ပူတို့ ကိုသုတ်--အလောင်းကိုစွန့် ခွာခဲ့ ရသည်။
သြော်--ဒီနှစ်ဆို ၂ဝဝ၃ခုနှစ်။ နိုဝင်ဘာလ(၁)ရက်ပါလား။မကဒတ(၁၅)နှစ်မြောက်။နှစ်ပတ်လည်နေ့  တောင်ရောက်ပြီ။ရဲဘော်နှင့်အတူ တော်လှန်ရေးမှာကျဆုံးခဲ့ရတဲ့ အညတရတော်လှန်ရေး ရဲဘော်တွေရဲ့  ဈာပနကိုဒီနေ့ အချိန်အထိကောင်းကောင်းမွန်မွန်ဆွမ်းသွပ်အမျှပေးဝေနိုင်မှုလုပ်မပေးနိုင်သေးပါလား။ရဲဘော်
ဇော်လွင်ရေ---သတိတွေအကြိမ်ကြိမ်ရနေတယ်ဗျာ။ဒီလိုနေ့ ကိုရောက်တိုင်း --ခင်ဗျားကိုတော်လှန်ရေး သစ္စာတွေ --အထပ်ထပ်ပြုရင်း--သူရဲကောင်းတို့ ဥဒါန်း--မကျဆုံးရစတမ်း--ကျုပ်ရွတ်ဆို ဦးညွှတ်နေတယ်ဗျာ။
ကျည်ဝေဖြိုး။
ဆက်လက်ဖော်ပြသွားပါမည်။
Subscribe to:
Posts (Atom)