Monday, July 26, 2010

 နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာ (၆)-

 နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာ (၆)-


ကျည်ဝေဖြိုး။

၂၆။ ဇူလိုင် ၂၀၁၀



၁၉၉၄-၉၅ခုနှစ် အစပိုင်းကာလ။ အခြေအနေတစ်ချို့ ။့ 

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ ဗဟိုဌာနချုပ်မှာ ဒါးဂွင်တွင်ဖြစ်သည်၊ ဒါးဂွင်သည် ယခင်က ရန်သူအခြေပြု တပ်စွဲထားသော နေရာဟောင်းဖြစ်သည်၊ ထိုနေရာဟောင့်း ကျနော်တို့  တပ်စခန်းများ အခြေပြုရသည်၊ ဥသုထ အထက်ဘက်တွင် ဖြစ်သည်၊ ထိုနေရာမှာ စရောက်၍လားမသိ ရဲဘော်များမှာ ငှက်ဖျားရောဂါဖြစ်ကြသည်၊

ကျနော်တို့ တပ်ရင်းဘေးတွင် မကဒတ ဗဟိုသင်တန်းကျောင်း တစ်ခုရှိသည် ထိုသင်တန်းကျောင်းဘေးတွင် (၂၁၂)တပ်ရင်းရှိသည်၊ ဒါးဂွင်းကို အမည်ပြောင်းပြီး ဒေါင်းဂွင်ဟုအမည်အသစ်ခေါ်တွင်စေခဲ့သည်၊ ဒေါင်းဂွင့်အခြေချနေထိုင် စဉ် အခြေခံစစ်ပညာသင်တန်း အမှတ်စဉ်တစ်မျဉ်းကိုးလေးကို ဖွင့်လှစ်နေချိန်ဖြစ်သည်၊

ထိုသင်တန်းသည်မကဒတဗဟိုမှစတင်ဖွင့်လှစ်သောသင်တန်းအမှတ်စဉ်(၁)ဖြစ်ပါသည်။ကျနော်တို့ မှာတပ်ရင်း ၌သင်တန်း တက်ခဲ့ရှု အပတ်စဉ်မရှိပါ။နောက်တစ်ကြိမ်ဗဟိုဌာနချုပ်ဆက်သွယ်ရေးတပ်ဖွဲ့ မှတစ်မျဉ်းကိုးလေး။ ဆက်သွယ်ရေးသင်တန်းပေးရန်အတွက်သက်ဆိုင်ရာတပ်ရင်းများမှ ရဲဘော်တစ်ယောက်စီဆင့်ခေါ်ပါသည်၊ ထိုသို့ ဆင့်ခေါ်ရာတွင် ထိုသင်တန်းသို့ (၁ဝ)တန်းအောင်။(သို့ )(၈)တန်း။ (၉)တန်း။စတဲ့အခြေခံရှိသည့် ရဲဘော်များ ဖြစ်ရမည်ဟု ခြွင်းချက်ပါရှိသည်၊တပ်ရေးဗိုလ်ကြီးမှ ကျနော့်အား ဆက်သွယ်ရေးသင်တန်းတက်ရန် ဆွေးနွေးလာပါသည်၊ ဆက်သွယ်ရေးဘာသာရပ်. အရေးကြီးပုံကို စိတ်ဝင်စားပြီး ယခုဖွင့်လှစ်မည့်ဆက်သွယ် ရေးသင်တန်းကို ကျနော်တက်ရောက်မည်ဟု ကတိပေးလိုက်သည်၊ တပ်ရေးဗိုလ်ကြီးမှ ကျနော်အားမကဒတ ဥက္ကဌထံခေါ် သွားပြီး ဥက္ကဌနှင့်တွေ့ ဆုံစေခဲ့ပါသည်၊
-ဥက္ကဌ ကျနော်တပ်ရင်း(၂၁ဝ)က ဆက်သွယ်ရေးရဲဘော်အဖြစ် ဒီရဲဘော်ကို စာရင်းပေးသွင်းပါတယ်ဟု သတင်းပို့ ပါသည်။ မကြာခင်တပ်ရင်းသို့ ပြန်၍ဘားတိုက်တွင်ကျနော့် အဝတ်အစား(၂)စုံနှင့်မုဒုံစောင် တစ်ထည်ကို ကြွပ်ကြွပ် အိပ်ထဲထည့်ပြီး။ဆက်သွယ်ရေးသင်တန်းကျောင်းသို့ သင်တန်းသားအဖြစ် သွားရောက်ကန့်သွင်းရပါသည်။
ဆက်သွယ်ရေးသင်တန်းသားစုစုပေါင်း(၁၂)ဦးခန့် ရှိမည်၊ သံလွင်ကမ်းဘေးတွင်ဖြစ်သည်၊ သင်တန်း ရဲဘော်များမှာ တပ်ရင်းအသီးသီးမှ ရဲဘော်များဖြစ်ကြ၍ တစ်ဦးအကြောင်းတစ်ဦးမသိကြရသေးပါ။ ထို့ ကြောင့် စကားပြောဆိုာကရာတွင် မာနလေးတွေ ကိုယ်စီရှိတတ်ကြသည်။ သင်တန်းကြီး ကြပ်သူမှ သင်တန်းသားများ ချစ်ခင်စွာနေထိုင်ကြရန်။

တစ်နေ့ တာလုပ်ငန်းအစီအစဉ်ဇယားများဆွဲပေးသည်၊ သင်တန်းသားများကို ကသ(ကျောင်းသား) နံပါတ်များကိုယ်စီထုတ်ပေးသည်၊ အုပ်စု တစ်အုပ်စုတွင် အလှည့်ကျခေါင်းဆောင်တာဝန် ထမ်းဆောင်ရသည်၊ သင်တန်း-ကသနံပါတ်များပေးရာတွင် ကျနော်.နံပါတ်မှာ(၄)ဖြစ်သည်၊ အလှည့်ကျအုပ်စု နေ့ စဉ် မိမိတာဝန်ကျရာ လုပ်ငန်းစဉ်များမှာ နံနက်စောစောတွင် အဖွဲ့ ခေါင်းဆောင်မှထှု ဝီဆယ်မှုတ် ပြီး သင်တန်းသားများကို နိုးရပါသည်၊ ထမင်းချက်တာဝန်ကျသူက ထမင်းချက်ရန်။

ထမင်းချက်ဘို့ ရေကို သံလွင် မြစ်ထဲသို့ (၅)ဂါလံပုံးဖြင့်ထမ်းတင်ရေခပ် ပေးကြရသည်၊

နံနက်(၇)နာရီထိုးပြီးအချိန်တွင် သင်တန်းသားများ စားသောက်ပြီးချိန်ဖြစ်ရမည်၊သတ်မှတ်ထားသည့်အချိန့် အဆင်သင့်မဖြစ်လျင် သင်တန်းမှုးမှ ထိုအုပ်စုကို အမှတ်ဖြတ်ပါသည်၊ တာဝန် မကျသေးသည့် အုပ်စုများမှာ ပေးထားသည့်သင်ခန်းစာများကို ပုရစ်အော်သည့် အလားလေ့ကျင့်နေ ကြရသည်။

သင်တန်းကာလ အချို့ အချိန်များတွင် မကဒတမှ နိုင်ငံရေးခေါင်းဆောင်။စစ်ရေးခေါင်းဆောင်အချို့ မှ နိုင်ငံရေးအခြေခံသင်ခန်းစာများ ။စစ်ဘက်စာရေး သားနည်းများ။ ရုံးလုပ်ငန်းအချို့ ကိုသင်ကြားပို့ ချပေးသည်၊
သင်တန်းကြားကာလတွင် သင်တန်းသားအချို့ မှာ ငှက်ဖျားဒါဏ်ကိုအလူး အလဲခံကြရ၍ သင်ခန်းစာ နောက်ကျ လျင် ထိုရဲဘော်ကို သင်တန်းသားအချင်းချင်းမှ လိုက်မှီနိုင်အောင် လက်တွဲခေါ်ဆောင်ရပါသည်၊ သင်တန်း ကာလမှာ (၆)လဖြစ်ပါသည်၊ထိုကာလအတွင်းဆက်သွယ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများကို မနည်းမှီအောင် ကြိုးစားကြရပါသည်။ဆက်သွယ်ရေးသင်တန်းဆင်းပွဲကို ၁၉၉၄ခုနှစ်။ ဇူလိုင်လမှာဆင်းဖြစ်ပါသည်၊ သင်တန်းဆင်းချိန်မှစပြီး မိခင်တပ်ရင်းမျာ့း အချိန်ပြည့်တာဝန် မထမ်းဆောင်နိုင်တော့ပဲ ဆက်သွယ်ရေးတပ်ဖွဲ့ ၏ ရေဒီယိုအော်ပရေတာ ရဲဘော်အဖြစ် စတင်တာဝန်ထမ်းဆောင်ရပါသည်၊လုပ်ငန်းများကို စက်ခန်းထဲ တွင် အချိန်ပြည့်အလုပ်လုပ်ရင်း -ဆက်သွယ်ရေးတပ်ဖွဲ့ မှုးမှ သက်ဆိုင်ရာတပ်ဆွယ်များတွင် တာဝန်ထမ်းဆောင်ရန် အမိန့် စာများ ကျလာပါသည်၊ကျနော် တာဝန်ကျသည့် တပ်ဆွယ်မှာ တပ်ဆွယ်(၂)တွင်ဖြစ်သည်၊အခြားရဲဘော်များမှာ သက်ဆိုင်ရာတပ်ဆွယ်များသို့  ခရီးထွက်ရန်ပြင်ဆင်နေကြသည်၊ခရီးထွက်ခါနီး ရဲဘော် အချင်းချင်း ဌာနချုပ် လဘက်ရည်ဆိုင့်လဘက်ရည်မှာသောက်ကြပြီး မကြာမီကမ်းဘေးသို့  ထိုးစိုက်လာသော စက်လှေပေါ် သို့  ကိုယ်စီ တက်သွားကြပြီး တာဝန်ကျရာ နေရာသို့  နှုတ်ဆက်လက်ပြပြီး သွားရောက်တာဝန် ထမ်းဆောင် ကြရ သည်။ကျနော်တာဝန်ကျသည့်နေရာမှာ ကေအန်ယူဗဟိုဌာနချုပ်ကြီးတည်ရှိရာ မာနယ်ပုလောတွင်ဖြစ်သည်၊ မာနယ်ပုလောဌာနချုပ်ကြီးအနီးတွင် လောကွား လူရုံးရှိသည်၊ထိုရုံးမှာ မကဒတ၏ မဟာမိတ်ဆက်ဆံရေး ဗဟိုဌာနချုပ် ရုံးခွဲဖြစ်သည်၊ မာနယ်ပုလောတွင် တာဝန်ကျစဉ် ထိုအချိန်က တော်လှန် ရေး အဖွဲ့ အစည်း အသီး သီးမှ ကျင်းပပြု လုပ်သည့် တိုင်းရင်းသားနှီးနှော ဖလှယ်ပွဲကျင်းပ ချိန်ဖြစ်သည်၊ မာနယ်ပုလော ဌာနချုပ်သည်အဖွဲ့  အစည်းအသီးသီး ရုံးအသီးသီး နှင့် စနစ်ကျစွာ တည်ရှို မြို့ ငယ်လေးတစ်ခုအလား ဖြစ်တည် နေပါသည်။သောင်ရင်းဖြစ်ရေ. အရောင်မှာလည်း မိုးမခအပင်များ ဝေဝေဆာ ဆာနှင့် စိမ်းမြ ကြည်လင်စွာ စီးဆင်း နေပါသည်။ ကရင်အမျိုးသားနေ့ ကို ထိုဌာနချုပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ ကြပါသည်။ တစ်ဘက်က ကရင်း အမျိုးသားနေ့ ကျင်းပနေသလို ထွီပါဝီကျိုး ခံစစ်တောင် ကြောများတွင် ရန်သူနှင့် တော်လှန် ရေးရဲဘော်တွေမှာလည်း တိုက်ပွဲက အရှိန်အဟုန် ပြင်းစွာ ဖြစ်ပေါ်နေပါသည်၊ ကျနော်တို့ ရုံးအရှေ့ မှ မကြာ ခဏဖြတ် သွားသော စက်လှေများ ပေါ်တွင် လက်နက်အပြည့် အစုံဖြင့် ပုဝါနီများဝှေ့ ယမ်း၍ နှုတ်ဆက်ထွက် ခွာ သွားကြသော ရဲဘော်များကိုတွေ့ နေရသည်။

ပအိုဝ့်လက်နက်ကိုင်အင်အားစုတစ်စုမှ ၄င်းတို့ မာနယ်ပုလောမှ ပြန်ရုတ်ပြီးခရီးထွက်ဖို့ ကျနော်တို့ ရုံး ရှေ့  တွင် စုရုံး ရောက်ရှိနေတာတွေ့ ရသည်၊ မကြာမီ ၄င်းတို့ အထဲမှ ခေါင်းဆောင် ဖြစ်ဟန်တူသူမှ ကျနော့်အား နှုတ်ဆက်သည်က စဉ်းစား စရာဖြစ်နေသည်၊ -ယောက်ဖရေ နှုတ်ဆက်ခဲ့တယ် ကွာ။ ရန်ကုန်မှာ ပြန်ဆုံ ကြသေးတာပေါ့-ဟုနှုတ်ဆက်ပြီး သူတို့ အလံကိုလှေဦးထိပ်တွင်ထောင်၍ ပအိုဝ့်ဝတ်စုံကိုယ်စီ ။ခေါင်းပေါင်း ကိုယ်စီနှင့်စက်လှေထွက် ခွာသွားတာကို အသက် မပါပဲ လက်ကနှုတ်ဆက်နေပုံက ဘယ်လိုနားလည်ရမလဲ ဟုစဉ်းစားရခက်နေသည်။

 ကေအန်ယူနှင့် ဒီကေဘီအေ-အရေးအခင်း။

သတင်းက သဲ့သဲ့ကြားနေရသည်။ မသေချာတော့ မပြောတတ်၊ ကေအန်ယူအဖွဲ့ အစည်းအတွင်း ပဌိပက္ခ ဖြစ်နေပြီတဲ့။ တဘက်မှာလည်း ရန်သူက ကေအန်ယူကို တဘက်သတ် အပစ်အခတ် ရပ်စဲရေး လုပ်နေပြီတဲ့။
ကျနော်တော့ မယုံ၊ ရန်သူသည် တဘက်လှည့်ဖြင့် ထွီပါဝီကျိုး ခံစစ်ကြော ကို ထိုးစစ်လုပ်၍ မရသည့် အဆုံး ပရိရာယ် ဆင်ပြီး ကေအန်ယူ တော်လှန်ရေး အဖွဲ့ အစည်းထဲသို့  ဘာသာရေး အရ စိတ်ဝမ်း ကွဲအောင် ပြုလုပ်ပြီး မာနယ်ပု လော ဌာနချုပ်ကြီးကို အပိုင်စီးသွားခဲ့သည်၊ သို့ သော် မာနယ်ပုလော ဌာချုပ်တွေ အများကြီး ရှိနေသေးသည် ကိုတော့ဖြင့်။ထိုသို့ အရေးအခင်းဖြစ်နေချိန်အတွင်း ကျနော်တို့ မကဒတ ဗဟိုဌာနချုပ်ဒေါင်းဂွင်သို့  စက်လှေဖြင့် ပြန်လာခဲ့ရသည်၊
ဒေါင်းဂွင်းဌာနချုပ်သို့ ရောက်၍ မကြာမီ ရန်သူနှင့်ဒီကေဘီအေပူးပေါင်းအဖွဲ့ တွေသည် သံလွင်မြစ်ရိုးအစိတ်အပိုင်းအတော်များများကို ဖြန့် ကျက်နေရာယူမှုများပြုပြီး မကြာခင် ကျနော်တို့ ဗဟို ဌာနချုပ်ကိုပါ စစ်ဆင်ရေးပြုလုပ်မည်ဆိုသည့်သတင်း အခိုင်အမာရသည့်အတွက် ဌာနချုပ်ကြီး ရွှေ့ ပြောင်းဘို့  အစီအစဉ်ကို စတင်ပြုလုပ် နေကြသည်။သက်ဆိုင်ရာတပ်ရင်းတွေမှလည်း တပ်ရင်းအလျှောက် တိုက်ခိုက်ရေးအင်အားထုပ်ပြီး ပူးပေါင်း စစ်ကြောင်းတွေဖွဲ့ ၊ဗဟိုလုံခြုံရေးအတွက် ဗဟိုနောက်ကျော့ စစ်ကြောင်းများနေရာယူကြရသည်၊ ဖြစ် လိုက် သည့်တိုက်ပွဲတွေမှာလည်း ညတိုက်ပွဲများဖြစ်ကြသည်၊ ရန်သူဘက်မှ အရှင်ဖမ်းမိသည့် ရန်သူ့  စစ်သား များကို သုံ့ ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာပြီး ထိမ်းသိမ်းလိုက်ကြသည်၊ကျောင်းသား တပ်မတော်တွင် ရှေ့  တန်း၌ တိုက်ပွဲဖြစ်ရင်း အရှင်ဖမ်းမိသူ (သို့ မဟုတ်) လက်နက်ချအလင်းဝင်သူများကို အရေးယူဆောင်ရွက်ခြင်း မပြုလုပ်ရန် ဗဟိုစစ်ကော်မရှင်မှ အတိအကျအမိန့် ထုတ်ထားပါ သည်၊ထို့ ကြောင့် ကျောင်းသား တပ်မတော် တွင် သုံ့ ပန်းပေါ်လစီကို ရိုသေစွာ ကျင့်သုံးခြင်းမှာ ဤအချက်တွေက သက်သေပြသည် မဟုတ် ပါလား။
ပြောင်းရွှေ့ ရေးအစီအစဉ့် စစ်ရေးတာဝန်ရှိသူမှ အမိန့် ထုတ်ရာတွင် အခြားတပ်ရင်းမှ အိမ်ထောင် သည်များ။ ဌာနများ။ ပစ္စည်းများ အားလုံး ပြောင်းရွှေ့ ပြီးမှ ဆက်သွယ်ရေးတပ်ဖွဲ့ မှာ နောက်ဆုံးမှ ဆုတ်ခွာ ရမည်ဟု အမိန့် ချထား၍ နောက်ဆုံး အချိန်အထိ စွန့် ခွာရတော့မည့် ဌာနချုပ်ကြီး၏ ခမ်းနားကြီးကျယ်မှု တွေကို တဝကြီးကြည့်ပြီးမှ ဆုတ်ခွာခြင်းအစီအစဉ်ကို ပြုလုပ်ရတော့သည်။တဘက်ကမ်းမှာတော့ ပုရွက်ဆိတ်တွေအစာချီပြီးစီတန်းနေသည့်အလား မြင်ကွင်းများက၊ တချို့  ဆိုလျှင် ကရင်လူမျိုးအချင်းချင်း အသွားအပြန် ပစ္စည်းတွေ ထမ်းရင်း သူ့ မယုံ။ ကိုယ့်မယုံအကြည့်တွေဖြင့် သံဿယတွေ ပွားပြီး သွားလာလှုပ်ရှားနေကြပုံ၊ မကဒတတပ်ဖွဲ့ ဝင်မိသားစုများ။ အိမ်ထောင် သည်များကို လုံခြုံဘေးကင်းရာ နေရာများတွင် ယာယီတဲစခန်းများချ၍ ခေတ္တနေကြရသည်၊အချို့ ဆိုလျှင် အပြင်းဖျား ဖျားနေကြသည်၊ အချို့ အိမ်ထောင် သည် အမျိုးသမီးများဆိုလျှင် မွေးခါနီး နေ့ စေ့။ လစေ့ကိုယ်ဝန်တွေပိုက်ပြီး ဘယ်နေရာမှာမွေးသွားမလဲ ဗိုက်တပြင်ပြင်တထင့်ထင့်ဖြင့်၊ လူတန်းရျည်ကြီး၏ ပစ္စက္ခဘဝအခြေအနေတွေက ထိုကဲ့သို့ ဖြတ်သန်း နာခံရင်း စစ်အာဏာရှင်စနစ် တော်လှန်ရေး ခရီးကြမ်းထဲတွင် ရင့်ကျက်ခဲ့ကြသည်။

၁၉၉၅ခုနှစ်-သြဂုတ်။

ဝဲကြီးစခန်း၊ ၊ ဝဲကြီးမှာ နာမည်နှင့်လိုက်သည်၊ သံလွင်မြစ်အတွင်း ရေဆန်သို့ ပြန်တက်သည့် မည့်သည့်စက်လှေမဆို ဝဲကြီးနေရာ သို့ ရောက်လျှင် လှေဦးမှာ ရပ်သွားပြီး စုတ်ဝဲ။ မှုတ်ဝဲများဆူပွက်၍ စက်လှေကြီးကို ဝဲလှည့ှ်ုနေသည်၊ဝဲလှည့်စဉ် အသဲထိတ်စွာ ရေတွေက လှေဝမ်းထဲသို့  တရောဟော ဝင်လာ သည်၊ ထို့ နောက် မှုတ်ဝဲ၏ မှုတ်ထုတ်လိုက်သည့် ရေကြောင်းအတိုင်း စက်ရှိန်ကိုမြှင့်တင်၍ လျှပ်တပြက်မောင်းထွက်ရသည့်နေရာ ဖြစ်သည်၊ သို့ သော်လှေမောင်း သမားက လိမ္မာကျွမ်းကျင်စွာဖြင့် လုပ်ကိုင်သွားလာ နေကြရသည်၊ ဘေးတဘက်တချက်တွင် ရှု့ မျှော်ခင်းတွေနှင့် ရေညှိ ရောင် တောင်တန်းကြီး တွေ ကာစီး ထားသည့်ပုံတွေအလား မြင့်မား တည်ရှိနေပုံကလည်း လျို့ ဝှက် ဆန်းကျယ်စွာ လှပနေသည်ကတော့ သူ့ သဘာဝနှင့်သူ၊ဝဲကြီးတွင်တာဝန်ကျရင်း တပ်ရင်းတပ်ဖွဲ့ များမှာ ခြေကုတ်စခန်းများကိုယ်စီဖြင့် ရှေ့ တန်းဧရိယာ များတွင် လှည့်လည်သွားလာကြရင်း နယ်မြေခံ မဟာမိတ် စစ်ကြောင်းများဖြင့် အေးအတူ ပူအမျှ တစ်ဘဝတည်း မှာ စုစည်း ညီညာစွာဖြင့် ဖြတ်သန်းကြရင်း၊ စစ်ရေးလှုပ်ရှားမှုများကို အကောင် အထည်ဖော်နေပုံက မကဒတ၏ စစ်ရေးအမြင်ရင့်ကျက်လာမှု။ နိုင်ငံရေးအသိနှင့်တော်လှန်ရေးသတိတွေကို ရင်ဝယ်ပိုက်ရင်း မြန်ပြည်သစ်. သားကောင်း ဒေါင်းစစ်သည်တွေ၏ ပေးဆပ်မှုက ရက်ရောတက်ကြွသည့် ခြေလှမ်းတွေကို မြင်ယောင်ရင်း၊ ထိုပုံရိပ်တွေကို မေ့၍ရနေဦးမည်မဟုတ်တာတော့ အသေ အခြာပြောနိုင်သည်ပါသည်၊ထိုသေခြာမှုများသည် မြန်မာပြည်ဒီမိုကရေစီ တော်လှန်ရေးကြီး. သမိုင်းတစ်ခုတွင် ကဏ္ဌတစ်ခုအဖြစ် ရှိနေရမည်ဟုမြင် ယောင်ရင်း၊ တော်လှန်ရေး ခြေထောက် တွေက ဆူးမကြောက်စွာလျှောက်လှမ်းနေပုံ၊

သြဂုတ်-၁၉၉၅၊

အမိန့် က ပုံမှန်အလိုမကျမှု။ စိတ်ဆင်းရဲမှုတွေကို ရုတ်တရက်ပုတ်နိုးလိုက်သည့်အလား ဝမ်းသာ ကြည်နူးမှုအမိန့် ပဲဖြစ်ပါသည်၊ သွားရမည့် ဒေသမှာ-ကေအန်ယူ တပ်မဟာ(၂)။ တောင်ငူခရိုင်။ သံတောင်မြို့  မြောက်ဘက်။ အခြေခံဒေသထိုးဖောက်ရေး၊ ထိုဒေသကိုအထူးဒေသဟုခေါ်သည်၊ဘယ်လောက်ဝေးပြီး။ ဘယ်လောက်ကြာမှ ရောက်နိုင်မည်ဆိုတာ မခန့် မှန်းနိုင်၊ လောလောဆယ်ခရီးထွက်ရမည်ဆိုခြင်းက ပျော်စရာ၊ ကြည်နူးစရာ၊ ဝပ်ကျင်းထဲ ဝပ်နေရသည့် ကြက်မတစ်ကောင်လို အညောင်းမိ နေသည့် ကျနော်တို့ နှစ်ယောက်၊ ဆက်သွယ်ရေး တာဝန်များဖြင့် ထိုဒေသကိုသွားရောက် တာဝန်ထမ်း ဆောင်ရမည်၊ ခရီးမထွက်မီ ကြိုတင် ပြင်ဆင်စရာရှိသည်များ ပြင်ဆင်နေမိသည်၊ဒါကရှေ့ တန်းထွက်ခါနီး ရဲဘော် တစ်ယောက်၏ ပုံမှန်လုပ်ရ မည့် အ လုပ်၊တောင်တက်လျင်ညောင်းမည်။ ဒီအတွက် အမောခံနိုင်အောင်။ အညောင်း ခံနိုင်အောင် ပထမ ထိုင်ထ လေ့ကျင့်ခန်း ဝင်ရသည်၊ ခရီးထွက်ခါနီးမှ လက်ပူတိုက်ရသလိုမျိုးလုပ်ရတော့ ခြေသလုံးတွေကြီးလာ သည်၊ ပေါင်ကြောတွေ တင်းလာသည်၊ လမ်းလျှောက်လျင်ကွတတ။
ကလို့ ပါဒုက္ခသည်ရွာလေးမှ လှေဖြတ်ကူးပြီး ခရီးထွက်ရသည်၊ ထိုအချိန်-ကရင်ဒီကေဘီအေနှင့်ရန်သူ့  တပ်များမှာ သံလွင်ကမ်းရိုးတစ် လျှောက် တပ်စွဲထားသဖြင့် လွတ်သည့်နေရာမှ ဗမာဘက်ကမ်းကို ကူး၍ ခရီးထွက်ရသည်၊ခရီးထွက်ရမည့်အဖွဲ့ မှာ (၅)ယောက်၊ကျနော်အပါအဝင် တပ်မဟာ(၅) အတွင်ဒီးပူးနိုရွာတွင် ကျန်ရစ်ခဲ့မည့် ထောက်ပို့ အဖွဲ့ တစ်ဖွဲ့ ၊ စစ်ဆင်ရေးအတွင်း ရန်သူ့ စစ်ကြောင်းမှ ပေါ်တာပြေး (၇)ယောက်၊ထိုပေါ်တာ ပြေးများသည် မုံရွာ။ ရေတာရှည်။ ပျဉ်းမနားဘက်မှ ဖြစ်ကြသည်၊သူတို့ သည် ကျနော်တို့  ကျောင်း သားတပ်မတော်သို့  သံလွင်မြစ်ကြောင်းအတိုင်း သစ်တုံးကြီးများဖြင့် စုန်ဆင်းပြီး တပ်ရင်းရှေ့ သို့ ရောက်လျင် ရေချိုး နေသော ကျနော်တို့ ရဲဘော်တွေထံသို့  -ကယ်တော်မူကြပါဗျို့ -ဟုအော်ခေါ်၍ ရဲဘော်များမှ စက်လှေဖြင့် သွားရောက် ဆယ်ယူပြီး တပ်ရင်း၌ခေတ္တထားပြီး သူတို့ ဆန္ဒအရ အိမ်သို့ ပြန်ချင်သည်ဆို၍ ယခုခရီးထွက်မည့် အဖွဲ့ တွင် လိုက်ပါလာခြင်းဖြစ်သည်၊ကျနော်တို့  အဖွဲ့ သည် ရန်သူလှုပ်ရှားမှုကို နားစွင့်ပြီး လမ်းကြောင်းအတိုင်း မသွားတော့ပဲ တောတိုး၍ တစ်ရွာဝင်။တစ်ရွာထွက် သတင်းထောက် သတင်းမထူးဘူးဆိုမှ ရှေ့ သို့ ခရီး ဆက် ကြရသည်၊အဘယ်ကြောင့်ဆိုသော် စစ်ဆင်ရေးဆိုင်ရာ စစ်ရေးပစ္စည်းများ။ လက်နက်ခဲယမ်း အချို့ ပါရှိ သောကြောင့်ဖြစ်သည်၊ မတော်တဆ လမ်းတွင် ရန်သူနှင့်ပက်ပင်းတိုှးု ရုတ်တရက်တိုက်ပွဲဖြစ်ခဲ့လျင် ဒီပစ္စည်း။ ဒီလူနှင့် ရှောင်ရ တိမ်းရနှင့် မလွယ်သောကြောင့်ဖြစ်သည်၊
ကျနော်တို့ အဖွဲ့ ဗူးသိုတောင်သို့ စတင်တက်နေပါသည်။ လမ်းကြောင်းအတိုင်းတက်တာမဟုတ်၍ အတော်ပင်ပန်းလှပါသည်၊ရဲဘော် တစ်ယောက်ဆိုလျင် တောင်တက်ရာတွင်မတက်နိုင်တော့ပါ၊
မျက်လုံးများ မူးဝေပြီး ခြေထောက်တွေမှာ ချိနေ၍ှု စစ်အီကွန့် မင့် နှင့် ကျောပိုးအိပ်များ မသယ်ဆောင်နိုင်တော့၊ တပ်ရင်းမှ တပ်စိတ်မှုးရဲဘော်ကျော်စိုးနှင့် ရဲဘော်ဒဿတို့ မှ ထိုရဲဘော်၏ပစ္စည်းများကို မျှသယ်၍ ဗူးသိုတောင်ကြောသို့  ဆက်လက်တက်သွားရပါသည်။ကျနော့် မှာတော့ သူတို့ ကို ကူသယ်ပေးဘို့ နေနေသာသာ ကိုယ်ပစ္စည်း နှင့်ကိုယ် ပစ်ချခဲ့ချင်စိတ်က မကြာမကြာပေါ် ပေါက်နေသည်၊ ခရီးသွားရင်း ခရီးထွက်နေရင်း ထိုရဲဘော်မှာ တောင်ကြီး ကိုကြည့်လိုက်။ လွယ်ထားသည့် စစ်ရေဗူးကို အဖုံးဖွင့်ပြီးသောက်လိုက်၊ ကြာတော့ စိတ်ဓါတ် ကျဟန်တူပါသည်၊ ရှေ့ ဆက် ခရီးမထွက်နိုင်တော့၊ ရဲဘော်ဒဿမှ ထိုရဲဘော်ကို ကျောပိုးပြီး ဗူးသိုတောင်ကြီး ပေါ်သို့  မှန်မှန်တက်သွား သည်၊ ထိုရဲဘော်.စိတ်ဓါတ်ကို ကျနော့်စိတ်ထဲ အသိအမှတ်ပြုရင်း လက်တွေ့ ဘဝ၏ ခက်ခဲမှုတွေကို သုံးသပ်ဆင်ခြင်ရင်း ရှေ့ ခရီးအတွက် ဒီပုံစံဖြင့် ဆက်သွားနိုင်ပါ့မလားဟု သံဿယတွေဖြစ်ရင်း။
 ဗူးသိုတောင်ပေါ်မှ စဆင်းပါသည်၊ သို့ သော် ဖာပွန်။ ကျောက်ညှပ်သို့  ဆက်သွယ်ဖောက်လုပ် ထား သော ရန်သူဆက်ရေးထောက်ပို့ လမ်းရှိနေ ၍ခရီးမဆက်နိုင်။ ရှေ့ သို့  နယ်မြေခံတစ်ယောက်မှ သတင်း ကြို တင်ထောက်လှမ်းပြီးမှ ထိုကားလမ်းကိုဖြတ်ရသည်၊ဖာပွန်-ကျောက်ညှပ်ကားလမ်းသည် ရန်သူမှ သံလွင် ကမ်းဘေးတွင် အခြေပြုတပ်ဆွဲထားသော တပ်စခန်းအသီးသီးသို့  ရိက္ခာများ။ ခဲယမ်း မီးကျောက်များကို စစ်ထရပ်ကားများဖြင့် လည်း ကောင်း။ ပေါ်တာအထမ်းသမား များဖြင့်လည်းကောင်း ဒေသခံကရင် တိုင်းရင်း သားများကို အဓမ္မခေါ်ယူ၍ဆက်သွယ်အသုံးပြုနေသော အဓိကလမ်း ကြောင်းဖြစ်သည်၊ တစ်ခါတစ်ရံ နယ်မြေခံ ကရင်တော်လှန်ရေး ပြောက်ကျားများ၏ အလစ် အငိုက်တိုက်ခိုက် ခြေမှုန်းခြင်း ခံရသည်၊ ဗိုလ်ဆေးဖိုးအဖွဲ့ မှ ရဲ ဘော်(၁)ယောက်မှ ဖာပွန်ကား လမ်းဖြတ်ပြီး လမ်းကာကင်းစောင့်ပေးသည်၊ ကားလမ်းသို့ ဖြတ်စဉ် ရဲဘော်များမှာ သေနတ်လုံခြုံရေးခလုတ်ကို ဖွင့်ပြီး တစ်ဦးခြင်းအလျင်အမြန်ကားလမ်း တစ်ဘက်ခြမ်းသို့ ကူးရ ပါသည်၊ထိုကားလမ်း.အကျယ်မှာ ခြောက်ပေသာသာကားလမ်းဖြစ်သည်။ ကားလမ်း တဘက်သို့  အားလုံး အဆင်ပြေစွာကူးပြီး တောင်ကြော အတိုင်း ပြေပြေတက်ရာ လတ်လတ်ဆတ်ဆတ် ရန်သူစခန်းချ သွားသည် များကို နယ်မြေခံရဲဘော်မှ ပြောပြ၍အံ့ သြမှင်သက်စွာဖြင့် အနီးပါတ်ဝန်း ကျင်ကို ဝှေ့ ဝိုက်ကြည့်မိသည်၊ ဝါးဆစ်ဗူးများ ခုတ်ပြီး ရေထည့်ထားသည့် ရေဗူးများ။ သစ်ရွက်သစ်ခက်များ ခင်းပြီး ညအိပ်သွားသည့်နေရာများ။ သုခိတာဆေးလိပ်တိုများ။ ညာသိုဆေးရွက်ကြီး ဆေးလိပ်တိုများ။ ထမင်းလုံးများ စသည်တို့ ကိုတွေ့ ရ၍မနေ့ က စခန်းချသွားသည်မှာ ဤအချက်များက သက်သေပြနေသည်။သတင်းအရ ရန်သူနှင့်ကျနော်တို့ မှာ ရှေ့ ဆင့် နောက်ဆင့်ဖြစ်နေသည်၊ ရန်သူ့ စစ်ကြောင်း မှာ နံနက်မိုးမလင်းခင် (၄)နာရီခန့် ၌စစ်ကြောင်းထွက်ပုံရသည်။
ကျနော်တို့ အဖွဲ့ မှာ ရန်သူ့ စစ်ကြောင်းထွက်သွားပြီးလို့  နာရီဝက်လောက်ခန့်ကြာမှ ရောက်လာသည်ဟု ထို ကားလမ်းဘေး၌ရှိသောရွာသားက ကရင် ဘာသာဖြင့် ပြောသံကြားနေရသည်။
ကျနော်တို့ အဖွဲ့  ယွန်ဆလင်းချောင်းကပ်းစပ်သို့  မွန်းတက်လောက်မှရောက်သည်၊ ယွန်းဆလင်း ချောင်းဘေးတွင် ကရင်ရွာများ တည်ဆောက် ရှိသည်၊ ချောင်ဘေး တစ်လျှောက်တွင် စိမ်းမြသည့် လယ်ကွင်း တွေထဲမှ ပျိုးပင်များမှာ ကတ္တီဘာ အစိမ်းရောင် ထနေသည်။လယ်ကွင်းတွေကြား ထဲတွင် ဝါးတဲငယ် လေးတွေ အတော်လှမ်း လှမ်းမှတွေ့ ရသည်။မျက်စေ့ တစ်ဆုံး၌ အုန်းပင်စိမ်းများအစုလိုက်။ ဝါးရုံပင်ကြီးများအစုလိုက်နှင့် ရွာတစ်ရွာကိုလှမ်းတွေ့  ရသည်၊ ချောင်းဘေး လမ်းကြောင်းအတိုင်း လျှောက်ပြီး တစ်နေရာအရောက်တွင် ယွန်းစလင်းချောင်း ကိုဖြတ်ကျော်ရန် ဝါးတံတားတစ်ခု။ညနေ(၅)နာရီ လောက်မှ ဒီပူးနိုရွာကို ရောက်သည်။ ရောက်လာမည်ကို ကြိုသတင်းရထားသော မဟာမိတ်ရဲဘော်များမှ ကျနော်တို့ အဖွဲ့ ကို ဝမ်းပမ်းတသာ ကြိုဆို၍ အနားယူစေသည်။ ကျနော်တို့ ခရီးထွက် သည့်အုပ်စုတွင် ငှက်ဖျားအပြင်း ဖျား၍ ငမ်းထနေသာ ပေါ်တာ တစ်ဦးပါလာသည်။ထိုသူကို ပုခက်ဖြင့် သွာရောက် ထမ်းပြီး မဟာမိတ်ဆေးမှုးများနှင့် ကျနော်တို့ ဆေးမှုးများမှ ဆေးထိုး။ ဆေးတိုက်ကြသည်၊ မကြာခင် မဟာမိတ်ရဲဘော်များချက်ကျွေးသောဖရုံသီးဟင်းနှင့် ငါးပိရည် ငြုပ်သီးစပ်စပ်ကို ဆာဆာနှင့်လွေးလိုက်ကြသည်။
တော်လှန်ရေးတွင်လက်တွေ့ ကွင်းဆင်းသည့်ကိစ္စများတွင် အတော်မလွယ်ပါ။ စာအုပ်ထဲမှ အနစ်နာ ခံခဲ့သည့်တော်လှန်ရေးသမိုင်းပုံရိပ်တွေကို အားကျ။ မွန်မြတ်သန့်  စင်သည့် လူထုအတွက် ကိုယ်ကျိုးမဖက်ပဲ မိမိအသက်ကိုပဓါဏမထားပဲ အများအကျိုးအတွက် အသက်ကိုပါမချန် ပေးဆပ်ခဲ့ကြ သည့် ခေါင်းဆောင်ကြီး တွေကို ကျိတ်အားကျပြီး လက်တွေ့ တော်လှန်ရေး'ကီး ခရီးတစ်ခုထဲသို့  ကိုယ်တိုင်လျှောက် လှမ်းရပြီဆိုတော့ လူတွေပေါင်းစုံနှင့် ဆက်ဆံလုပ်ကိုင်နေရသည်မှာ ကိုယ်စိတ်တစ်ခုတည်းနှင့်တော့ မလုံလောက်နိုင်။ အများနှင့်လျှောက်လှမ်းရသည့်ခရီးပန်းတိုင်တို့ တွင် အများသဘောတူညီ မှုကိုခံယူပြီး သဘောတူချက် ပန်းတိုင်တွေကို အတူတကွ လျှောက်လှမ်းရသည်။အရာရာတိုင်းတွင် ကိုယ့်စိတ်နှင့် မတွေ့ တာတွေဖြစ်လေ့ ရှိသည်၊ သို့ သော် တော်လှန်ရေးပါလားဟု သတိအကြိမ်ကြိမ်ချပြီး ထစ်ကနဲရှိ ဖြစ်တတ်သည့် မလိုအပ်သည့် ဒေါသတွေကို တဖြည်းဖြည်း ထိမ်းသိမ်းရင်း ရဲဘော်ရဲဘက်စိတ် ဆိုသည့် အေးအတူပူအမျှ နေထိုင်သည့် စိတ်ဓါတ်လေးကိုမွေးမြူတတ်ခဲ့သည်။အရွယ်က တော်လှန်ရေးတွင် ငယ်ရွယ်တက်ကြွသည့်အရွယ်၊ အရာရာကို ကိုယ်ထိလက်ရောက် ဝင်ရောက်လုပ်ကိုင်မှ ကျေနပ်ကြသည့်အချိန် တွေလည်းဖြစ်သည်။ မှန်သည်မှားသည်ဦးစားမပေးပဲ မှန်တယ် ထင်ရာကို ဆုံးဖြတ်ချက်ချ လိုက်တိုင်း မှန်သည့်အခါလည်း ရှိမည်။ မှားသည်အခါ လည်းရှိမည်။ဒီတစ်ခါ ဆုံးဖြတ် မှုကြီးကတော့အကြိမ်ကြိမ်မှားခဲ့သည့်ဆုံးဖြတ်ချက်တွေမှ အကြီးမြတ်ဆုံးဆုံးဖြတ်ချက်။ အမှန်ကန်ဆုံး ဆုံးဖြတ်ချက် ဖြစ်သည်ကိုတော့ ကျေနပ်၍မဆုံးအောင်ဖြစ် နေခဲ့သည်။သေနတ်ကြီးကိုထမ်း။ လူထုအတွက် ရအောင် တိုက်မည့် ဒီမိုကရေစီ နိုင်ငံတော် သစ်ကို ကျနော်တို့ အရွယ်တွေကောင်းသည့်အချိန်မှာ အဖြူစင်ဆုံး ပေးဆပ် ရတာကိုက မွန်မြတ်သန့် စင်သည့်လာခြင်းကောင်းခဲ့ သူလို့ ကျေနပ်နေခဲ့သည်။အသေမြတ်သော လက်တွေ့  လက်နက်ကိုင်တော်လှန် ရေးကြီးတွင် မွန်မြတ်သန့် စင်သည့် စိတ်ဓါတ်တွေ.မေတ္တာတရား တွေကို ခံယူ ထွေး ပိုက် ရင်း ကျနော်တို့ ခရီးကို ကျနော်တို့  စိတ်ကူးတွေ ကိုယ်စီ အတွေး နှော့ရင်း တောတောင်တွေ. အလွမ်း အငွေ့ တောင်တန်းကြီးတွေ။ မီးခိုးတိုင် လျှပ်စစ်မြို့ ပြတွေကို ချန်ထားပစ်ခဲ့ရင်း မိုင်ပေါင်း ရာချီ ဝေးလွန်းလှသည့် တောင်စိမ်းစိမ်း တွေ၏အတွင်း ကျကျ ကမ္ဘာမြေတစ်နေရာ ရာမှာ ခွပ်ဒေါင်း စစ်သည်အချို့  တစ် တောင်ပေါ် တစ် တောင်တက်ပြီး တောင်အမြင့်တွေ ပတ်ချန်ရံ ထားသည့် တောစိမ်းတောင်တန်း ရင်ခွင်ထဲမှာ ကျနော်တို့  တစ်တွေ ဆူးညှောင့် ခလုပ်တွေကို သတိကြီးစွာ ဖြတ်ကျော်ရင်း စိတ်ဓါတ်ခွန်းအားဖြင့် လိုအပ် ချက် ပန်း တိုင် တစ်ခုကို လက်တစ်ကမ်းသာလိုတော့သည့်ရွာမှာ ဒီညအိပ်ဖြစ်တော့မည်။
ကဗျာဆရာယောဟန်အောင်၏-ဗိုလ်ဆာကီးတောင်တန်းက ရေတံခွန်ကြီးရဲ့ ပုံက နဂါးစိမ်းကြီး တစ် ကောင်က သူ့ အမြီး သူပြန်မျိုနေသလိုမျိုး ကဗျာ စာသားလေးကို သဘောကျရင်း ပေါ့ပါး စိမ်းလန်းစွာ ထိုင်ငေးနေမိသည်။ ရွာသားတစ်ယောက် ကျနော်တို့ ထံပြေးလာသည်၊ အရေးကြီးသည့်ပုံ။ကျနော် တို့ အဖွဲ့  နေရာကိုယ်စီ ယူလိုက်ကြသည်၊ အေကေသေနတ် လုံးခြုံရေးခလုပ်ကို ဖွင့်ပြီး ဆေးပစ္စည်း ထမ်း ထား သည့် ဆတ် သားတစ်ယောက်ကို အနောက်တွင် လွတ်လွတ်ထား လိုက်သည်၊ တပ်စိပ်မှုးမှ ရွာသားနှင့် သစ်ပင်အကွယ်တွင် စကားတီးတိုး ပြောနေကြသည်၊မကြာပါ-တပ်စိပ်မှုးမှ-ဗိုလ်ဆာကီးတောင်ထိပ်မှာ ရန်သူ့  ဗျူဟာရုံး စိုက်ထား တယ်လိုသိရတယ်၊ အခုကျနော်တို့ နဲ့  နာရီဝက်သာသာခန့် မှာ အဲဒီတော့ လာလမ်းအတိုင်း နောက် ကိုပြန် ဆုတ်မယ်၊ ခရီးနှောက်နှေးမှုမဖြစ်ရအောင်။
ကျနော်တို့ အဖွဲ့  ဗိုလ်ဆာကီးတောင်ကြောမှဆင်းပြီး ရန်သူနှင့်လမ်းကြောင်းလွဲသည့်နေရာတစ်ခုတွင် ရွာသားမှလိုက်ပြပြီး တပ်မဟာ(၂)နယ် စပ်မှ ကာကွယ်ရေး တပ်များနှင့် သတင်းပေးဆက်သွယ်မှုပြုကြရသည်။ ထိုရွာမှာ ကျနော်တို့ စခန်းချသည်။ယခင်က ဗိုလ်ဆာကီးဂိတ်တွင်အကောက်အခွန်ဂိတ်ထားသည့် ကာကွယ်ရေး တပ်ဖွဲ့ပြန်ဆုတ်ပြီးယခုလိုကျနော်တို့ နှင့် ပြန်လည် ဆုံဆည်းမိခြင်း ဖြစ်သည်၊ ထိုဂိတ်တွင် ဗြိတိသျှ လက်ထက်က တည်းကတော်လှန်ရေးတာဝန်ထမ်းဆောင်ခဲ့ဘူးသည့် ကေအန်ဒီအိုခေါင်းဆောင် ဗိုလ်မှုး ဖူးငယ်တူးကိုတွေ့  သည်၊ အဖူးငယ်ထူးမှာအသက်ကြီးသွားသော်လည်း ယနေ့ အချိန်အထိဥပဓိရုပ်ကောင်းကောင်းနှင့် သန်သန်မာ မာတွေ့ ရသည်။အဖြူရောင် တစ်ဝက် ။ အနက်ရောင်တစ်ဝက်လုနေသည့်သူ။ဆံပင်များကိုသေသပ်စွာ ဖြီးလိမ်း ထားတာတွေ့ ရသည်။သူဝတ်ထားသည့် ပုဆိုးအုန်းသီးခြောက် အရောင်ပေါ်တွင် စစ်ခါးပတ်ကိုပတ်ပြီး သူ၏ရဲ ဘော်များနှင့်တောထဲ တောင်ထဲတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတာဝန်များကို တက်တက်ကြွကြွထမ်း ဆောင်နေတာမြင်ရတော့ ကျနော် အတိုင်းအဆမရှိ လေးစားနေမိသည်။အဖူးက ကျနော်တို့ ကိုကျောင်းသား တပ်မတော်ကမှန်းသိ၍ အစားအသောက်ဆင်း ရဲမှာစိုး၍ လားမသိ။ ကျနော်တို့ ရောက်လျင်ရောက်ခြင်း နွား တစ်ကောင်ပေါ်၍ သူ့  ရဲဘော်တွေကိုလည်း ခွဲတမ်းကျဝေ။ ကျနော်တို့ အဖွဲ့ ကိုလည်း ယခုချက် စားဘို့ ။ လမ်၌့ ရိက္ခာ ခြောက်လုပ် သွားဘို့ မှာပြီးမိဘ သဖွယ်ဆုံးမသြဝါဒ ပေး၏၊ သူ။အိပ်ဟာဘေးတွင်နေရှင်နယ်လေဒီယို အဟောင်းလေးတစ်လုံး။ ဟန်းကော ရေနွေးအိုးတစ်လုံး။ပါးစပ့်အမြဲလိုလို သောက်သည့် ပိတောက်သားရောင် ဆေးတံအိုးကို မကြာခဏ ဆေးတွေခြစ် ထုပ်ပြီး အေးဆေးတည်ငြိမ်စွာ ဖြင့် သူ၏ရှေးဟောင်း နှောင်းဖြစ် လေးတွေကို ရေနွေးသောက်ရင်း ကျနော်တို့ ကို ပြောပြနေသည်။ ရှေ့ ဆက်ခရီးထွက်မည်ပြုတော့ ကျနော်တို့  အဖူး တဲသိုသွားပြီး ဂါဝရပြု နှုတ်ဆက်ထွက်ခွာခဲ့သည်။

ဆက်လက်ဖော်ပြပါဦးမည်။။---

ကျည်ဝေဖြိုး။

No comments: