Saturday, September 4, 2010

“နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာ (၁၀)”

                                        “နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာ (၁၀)”
                                                                                         -၄ စက်တင်ဘာ ၂၀၁၀
ကျနော်တို့အဖွဲ့သည်(၂၁)ရက်။ဒီဇင်ဘာ၁၉၉၈နေ့တွင်တပ်မဟာ(၂)တောင်ငူခရိုင်သို့ရောက်ရှိသည်။ထိုအချိန် တောင်ငူခရိုင်အတွင်းရေးမှူး မှာဗိုလ်လှငွေဖြစ်ပါသည်။
ကျနော်တို့အဖွဲ့ထဲမှအချို့သည်နောက်တန်းသို့ပြန်ရန်ပြင်ဆင်ကြသည်။၎င်းတို့သည်ကေအန်ယူအုပ်ချုပ်ရေး နယ်မြေများမှဖြတ်သန်းရင်းကေအန်ယူနယ်မြေတာဝန်ရှိတပ်မှူးများနှင့်တိုင်ပင်ပြီးနောက်တန်းဗဟိုဌာနချုပ်သို့ဒီ ဇင်ဘာလအတွင်းမှာပဲခရီးဆက်ထွက်သည်။ကျနော့်မှာအလုပ်အဖွဲ့တာဝန်ရှိသူများ၏တာဝန်ပေးချက်အရ လက်ရှိတပ်တပ်မဟာ (၂) ကေအန်ယူခရိုင်ရုံးတွင်နေခဲ့ရန်ဖြစ်သည်။
ရန်သူမှကေအန်ယူတပ်မဟာ(၂)အုပ်ချုပ်ရေးဒေသများကိုစစ်ကြောင်းများဖြင့်ရွာတွေထဲဝင်ပြီးအမျိုးသမီးများ တွေ့လျင်အဓမ္မပြုကျင့်၊ရွာတွေကိုမီးရှို့ရွာသားများကိုကေအန်ယူအမာခံများဟုစွပ်စွဲပြီးရက်ရက်စက်စက် သတ်ဖြတ်ကြသည်။ရွာသားများမှာကြောက်ရွံ့ ကြ၍ ရွာတွေထဲ၌မနေလိုကြပဲရွာပုန်းများဖြင့်နေထိုင်ကြရသည်။
ထိုသို့အုပ်ချုပ်ရေးအခြေအနေဆိုးရွားနေချိန်အတွင်းကေအန်ယူမှနိုင်ငံရေး၊စည်းရုံးရေးဗဟိုတာဝန်ရှိသူများမှ ကစဥ့်ကလျားရှိနေသောရွာသူ၊ရွာသားများကိုပြန်လည်စုစည်းပြီးရွာသားများလုံခြုံမှု ရှိစွာနေထိုင်နိုင်ရန်အတွက် ဒေသအတွင်းစည်းရုံးရေးကော်မီတီများဖွဲ့ကြသည်။ကေအန်ယူဗဟိုမှပဒိုကနဲလေမှာစည်းရုံးရေးတာဝန်ဖြင့် ကြောင်းသိရသည်။
၎င်းမှကျနော့်အားအေဘီအက်စ်ဒီအက်ဖ်အဖွဲ့အစည်းကိုယ်စားယခုစည်းရုံးရေးခရီးစဉ်တွင်၎င်းတို့နှင့်လိုက်ပါပေး ရန်ဆို၍ကျနော်လည်း၎င်းတို့နှင့်အတူ ရွာများသို့ စည်းရုံးရေးခရီးဆင်းဖြစ်ကြသည်။ရွာသားများမှာကေအန်ယူ။ အေဘီအက်စ်ဒီအက်ဖ် ပူးတွဲစည်းရုံးရေးခရီးဆင်းလာ၍ အားတက်ဝမ်းသာကြတာတွေ့ ရသည်၊
လက်ရှိနိုင်ငံရေးအခြေအနေ၊ကေအန်ယူ၏တော်လှန်ရေးအခြေအနေ၊အေဘီအက်စ်ဒီအက်ဖ်၏လက်နက်ကိုင် တော်လှန်ရေးနှင့်ရှစ်လေးလုံးအတွေ့အကြုံရှင်းလင်းချက်များကိုရွာလူထုနှင့်အတူပြောကြဆိုကြ၊ဆွေးနွေးကြ၍ ပျော်စရာကောင်းလှပါသည်။
၁၉၉၉ခုနှစ်။ဖေဖော်ဝါရီ(၁၆)ရက်နေ့၊ကျနော်သည်ကေအန်ယူတပ်မဟာ(၂)ခရိုင်ရုံးမှနောက်တန်းအေဘီ အက်စ်ဒီအက်ဗဟိုသို့ ပြန်ခဲ့ပါသည်။ပြန်ခဲ့ရခြင်းရည်ရွယ်ချက်မှာ-တော်လှန်ရေးတွင်ဖြတ်သန်းမှုအတွေ့အကြုံ များ၊ရှေ့ ဆက်လုပ်ငန်းစဉ်များ၊ဆက်လုပ်နိုင်ရန်အတွက်ပြင်ဆင်မှုတွေနှင့်အတူလုပ်ငန်းစဉ်အသေးစိတ်များစီစဉ် ရေးဆွဲပြီးအထက်တာဝန်ရှိသူများထံတင်ပြအစီရင်ခံမည်ဟုရည်ရွယ်ချက်များနှင့်ပြန်လာခဲ့ခြင်းဖြစ်သည်။မတ်လ(၁၆ရက်နေ့တွင်ဌာနချုပ်သို့ရောက်သည်ထိုအချိန်အေဘီအက်စ်ဒီအက်ဖ်၏ပဉ္စမအကြိမ်ညီလာခံကျင်းပနေသော အချိန်ဖြစ်ပါသည်။ထိုညီလာခံတွင်နိုင်ငံရေးသဘောမတိုက်ဆိုင်မှုများကြားရ၍ အတော်အားပျော့သွားခဲ့ရသည်။
၂ဝဝဝခုနှစ်။ စက်တင်ဘာ(၁၉)ရက်၊
အေဘီအက်စ်ဒီအက်ဖ်၏ပဉ္စမအကြိမ်မြောက်-ပထမအကြိမ်ဗဟိုကော်မီတီအစည်းအဝေးစတင်ခဲ့သည်။ ထိုအစည်းအဝေးတွင်-အေဘီအက်စ်ဒီအက်ဖ်၊ကျောင်းသားတပ်မတော်အဖြစ်ဆက်လက်ရပ်တည်ပြီးစစ်ရေး လုပ်ငန်းများကိုဦးစားပေးဆောင်ရွက်သွားရေး၊နိုင်ငံရေးပါတီအဖြစ်ဆက်လက်ဖွဲ့စည်းပြီးထိုနိုင်ငံရေးအဖွဲ့ဖွဲ့စည်း မည့်ပုဂ္ဂိုလ်များသည်အေဘီအက်စ်ဒီအက်ဖ်အဖွဲ့အစည်းမှနှုတ်ထွက်ပြီးသီးသန့်နိုင်ငံရေးလုပ်ငန်းများလုပ်နိုင်ရန် အတွက်နှုတ်ထွက်ခွင့်ပြုသည်။
ထိုပြဿနာ(၂)ခုအတွက်လက်ရှိဗဟိုကော်မီတီအချို့မှာအေဘီအက်စ်ဒီအက်ဖ်မှနှုတ်ထွက်ကြမည်။ထိုလစ်ဟာ သွားသည့်တာဝန်အဆင့်နေရာများကိုလောလောဆယ်ကာလအတွင်းအစားထိုးခန့်အပ်တာဝန်ပေးမှုများကိုယခု ဗဟိုကော်မီတီအစည်းအဝေးမှဆုံးဖြတ်မည်။အစားထိုးမှု။ တာဝန်ပေးမှုများသည်နောင်လာမည့်ဆဌမအကြိမ် ညီလာခံအထိတည်မြဲနေမည်။ပါတီနိုင်ငံရေးဖွဲ့စည်းမည့်ပါတီအဖွဲ့အား(၁)လအတွင်းတပ်တွင်းများသို့လှည့်လည် စည်းရုံးခွင့်ပြုသည်။ကျန်ရှိနေသည့်အေဘီအက်စ်ဒီအက်ဖ်အင်အားကိုစနစ်တကျဖွဲ့ စည်းပြီးခိုင်မာကျစ်လစ်သော ကျောင်းသားတပ်မတော်ဖြစ်ပေါ်လာရေးအတွက်အဖက်ဖက်မှစုစည်းတည်ဆောက်သွားမည်ဟုထိုအစည်း အဝေးကြီးမှဆုံးဖြတ်ခဲ့ကြသည်။(၂၇)ရက်။ စက်တင်ဘာ။၂ဝဝဝတွင်အေဘီအက်စ်ဒီအက်ဗဟိုကော်မီတီအစည်း ဝေးပြီးဆုံးသည်။
တပ်မဟာ(၂)။ အလယ်ပိုင်း။
တော်လှန်ရေးအခြေခံဒေသထိုးဖောက်ရင်းကျဆုံးဆုံးခဲ့သည့်တိုက်ပွဲနှင့်ကျနော်လက်လှမ်းမှီခဲ့သည့်ရဲဘော်အချို့ ၏ ပုံရိပ်မှတ်တမ်းများ။
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊ကျောင်းသားတပ်မတော်ကို၁၉၈၈ခုနှစ်၊နိုဝင်ဘာ(၁ရက်နေ့တွင်စတင်မွေးဖွားတည်ထောင်ခဲ့ကြသည်မကဒတတပ်ဦးမတည်ထောင်မှီအကြိုကာလများတွင်မြန်မာ ပြည်အတွင်းပြည်သူလူထုအလွှာအသီးသီးမှာ-၁၉၆၂၊ဦးနေဝင်းစစ်အုပ်စုမှတိုင်းပြည်အာဏာကိုပြည်ထောင်စု ဝန်ကြီးချုပ်(ပထစ)ဦးနုထံမှအဓမ္မလုယူပြီးအတုအယောင်ဆိုရှယ်လစ်ပါတီကိုဖွဲ့စည်းပြီးတိုင်းပြည်ကို သေနတ်မိုး၍အုပ်ချုပ်ခဲ့သည်။ဦးနုလက်ထက်တွင်ပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးခဲ့စဉ်အတွင်းတိုင်းပြည်၏ လူမှုရေး၊စီးပွားရေး၊အခြေအနေတို့မှာ၁၉၆၂ခုနှစ်အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်နေဝင်းတက်လာသည့် အခြေအနေလောက်အထိမဆိုးရွားခဲ့။ဗိုလ်နေဝင်းအစိုးရတက်လာသည့်အခါ၌တိုင်းပြည်အတွင်းရှိလူထုမှာ အထွေထွေကြပ်တည်းပြီးတိုင်းပြည်၏စီးပွားရေးမှာကျဆင်းခဲ့သည်။တိုင်းပြည်အတွင်းနိုင်ငံရေးအနိုးကြားဆုံး ဖြစ်သည့်တက္ကသိုလ်ကျောင်းသားများကိုခေါင်းမထောင်နိုင်အောင်အမျိုးမျိုး နှိပ်ကွပ်ခဲ့သည်။
၁၉၆၂ခုနှစ်၊ဇူလိုင်(၇)ရက်နေ့တွင်ဗိုလ်နေဝင်းနှင့်ဗိုလ်အောင်ကြီးတို့လက်ချက်ဖြင့်ရန်ကုန်မြို့တက္ကသိုလ် အဆောက်အဦကြီးကိုဒိုင်းနမိုက်ဖြင့်ဖောက်ခွဲဖျက်ဆီးပြီးနှိပ်ကွပ်ခဲ့သည်။ထိုတိုက်ပွဲတွင်ကျောင်းသား ခေါင်းဆောင်များနှင့်နိုင်ငံရေးတက်ကြွသူအများအပြားကျဆုံးခဲ့ကြသည်။ဗိုလ်နေဝင်းက-"တိုင်းပြည်ကိုဆူဆူပူ ပူဖြစ်အောင်မလုပ်နဲ့။နောင်ကိုဆူဆူပူပူဖြစ်အောင်လုပ်မယ်ဆိုရင်-စစ်တပ်ဆိုပစ်ရင်မှန်အောင်ပစ်တယ်။တပ်မ တော်ကို အာခံရင် ဒါးဒါးချင်းလှံလှံချင်းတုံ့ ပြန်သွားမယ်-"လို့ ရုပ်မြင်သံကြားမှာပြောကြားသွားခဲ့ပါတယ်။
ထို(ရ)ရက်၊ဇူလိုင်အရေးအခင်းကာလအတွင်းတိုက်ပွဲ၌-တက္ကသိုလ်ကျောင်းသားခေါင်းဆောင်မြောင်းမြ ကျောင်းသားကိုကျော်ဝင်းက စစ်တပ်ကပစ်သတ်သွားသည့် သေနတ်ဒါဏ်ရာများနှင့်မန္တလေးကျောင်းဆောင်နံရံ တွင်သွေးဖြင့်-"၇-၇-၆၂-မမေ့ကြနဲ့"-ဟုရေးထိုးခဲ့သည်။ထိုနေ့ကိုအစွဲပြုပြီးဆဲဗင်းဇူလိုင်အရေးတော်ပုံဟုသတ် မှတ်ခဲ့ကြသည်။ထိုကာလနောက်ပိုင်းစစ်တပ်နှင့်ကျောင်းသားထုအကြားဒီမိုကရေစီအရေး၊လူ့အခွင့်အရေး တိုက်ပွဲတို့ စတင်ခဲ့ချေပြီ။
တဖန်-၁၉၇၄ ဦးသန့်(ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုး)ဈာပန၌ငြိမ်းချမ်းစွာဖြင့်ဦးသန့်ဈာပနအခမ်း အနားသို့လိုက်ပါပို့ဆောင်ကြသည့်လူထုများနှင့်ကျောင်းသားလူငယ်များကိုစစ်အုပ်စုမှမတရားဖမ်းဆီးနှိပ်စက်၊ အကျဉ်းချခဲ့သည်။မြန်မာပြည်အင်းစိန်ထောင်အတွင်းနိုင်ငံရေးအကျဉ်းသားအမြောက်အမြားကိုစစ်အုပ်စုမှ ဖမ်းဆီးချုပ်နှောင်ထားသည်မှာယနေ့တိုင်ပင်ဖြစ်သည်။
၁၉၈၈ခုနှစ်၊မြန်မာပြည်တပြည်လုံး၊လူထုအလွှာအတန်းစားပေါင်းစုံမှအာဏာသိမ်းစစ်အုပ်စုကိုစီတန်းလှည့်လည် ဆန္ဒပြ၊သပိတ်မှောက်သည့်အပေါ်စစ်အုပ်စုမှအကြမ်းဖက်ပစ်ခတ်နှိမ်နင်းမှုကြောင့်ပြည်သူလူထုနှင့်ရဟန်းရှင်၊လူ၊ကျောင်းသားပြည်သူများအပါအဝင်အများအပြားထောင်နှင့်ချီကျဆုံးခဲ့ကြသည်။နိုင်ငံရေးခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များကို-တိုင်းပြည်မငြိမ်မသက်ဖြစ်အောင်သွေးထိုးလှုံ့ဆော်သည်-ဟုမတရားပုဒ်မများ တပ်၍ထောင်သွင်းအကျဉ်းချနှိပ်စက်ခဲ့ကြသည်။ထိုကာလအတွင်းစစ်အုပ်စုမှစစ်တပ်အင်အား၊လက်နက် အင်အားကို လိုသလို အသုံးချပြီး တိုင်းပြည်အာဏာကို ဒုတိယအကြိမ် အတိအလင်းသိမ်းယူခဲ့ပြန်ပါသည်။
စစ်ခေါင်းဆောင်ဗိုလ်နေဝင်းကနောက်ကွယ်မှကြိုးကိုင်ပြီး မဆလပါတီကိုရုတ်သိမ်းပြီး-၄င်းတို့လက်ကိုင်ဒုတ် အဖြစ်အသုံးချခဲ့သူ-လူသတ်ခေါင်းဆောင်-ဗိုလ်စိန်လွင်ကို ရက်ပိုင်းအတွင်းနိုင်ငံတော်အာဏာ အပြည့်အဝပေး၍ ဆန္ဒပြသည့်လူထုကြီးကို နှိပ်ကွပ်စေခဲ့သည်။စစ်အုပ်စုမှဗိုလ်စိန်လွင်ကိုရာထူးမှမကြာခင်ဖယ်ရှားပြီးသမတ ဒေါက်တာမောင်မောင်တက်လာသည်။၁၉၈၈စက်တင်ဘာ၁၈တွင်ဗိုလ်စောမောင်ကိုစစ်အာဏာသိမ်းစေကာ တပြည်လုံးပစ်ခတ်နှိမ်နင်းပြန်သည်။ဗိုလ်စောမောင်ကရွေးကောက်ပွဲပြီးပါကတိုင်းပြည်အာဏာလွှဲအပ်ပေး မည်ဟုပြောပြီး-၁၉၉ဝပြည့်ပြည်လုံးကျွတ်ဆန္ဒခံယူရွေးကောက်ပွဲကျင်းပစေခဲ့ပြနသည်။၁၉၉ဝခုနှစ်၊မေလရွေး ကောက်ပွဲ၌တရားဝင်လူထုဆန္ဒဖြင့်ရွေးကောက်ခဲ့သည့်ရွေးကောက်ပွဲ၌အန်အယ်လ်ဒီပါတီမှာအပြတ်အသတ် မဲအများဆုံးအနိုင်ရခဲ့သော်လည်း-ယနေ့အထိတိုင်းပြည်အာဏာကိုအန်အယ်လ်ဒီပါတီလက်ထဲသို့လွှဲအပ်မပေး သည်မှာစစ်တပ်၏ဒီမိုကရေစီကျင့်စဉ်အပေါ်မည်မျှမလိုက်နာသည်ကိုကြည့်လျှင်သိနိုင်ပါသည်။ထိုအချိန်က စစ်ခေါင်းဆောင်အကြီးအကဲဗိုလ်စောမောင်မှပြောရာတွင်-"ဒီရွေးကောက်ပွဲပြီးလို့အနိုင်ရတဲ့ပါတီကို ဒီမိုကရေစီ နည်းကျကျတိုင်းပြည်အာဏာကိုလွှဲအပ်ပေးဘို့တပ်မတော်မှာတာဝန်ရှိပါတယ်-"လို့ပြောကြားသွားခဲ့သည်ကို သတိရနေစေပါသည်။
အထက်ပါအကြောင်းအရာများသည် မြန်မာပြည်ဒီမိုကရေစီ၊လူ့အခွင့်အရေးဆိတ်သုဉ်းခဲ့ရမှုများကို အကျဉ်းမျှထိုးပြခြင်းဖြစ်ပါသည်။ယနေ့မကဒတသည်လည်းလက်နက်ကိုင်တော်လှန်ရေး တစ်ရပ်ဆင်နွှဲခဲ့ရသည် များမှာလည်းထိုသမိုင်းကာလများကလက်ညိုးထိုးပြနေသည်မှာအမှန်ပင်ဖြစ်ပါသည်။စက်တင်ဘာလအတွင်း စစ်တပ်မှတိုင်းပြည်အာဏာကိုသိမ်းသည့်ကာလများတွင်နိုင်ငံရေးအရစုဖွဲ့ထားသည့်နိုင်ငံရေးအင်အားစုများကို မြေလှန်ရှာပြီးလိုက်လံနှိပ်ကွပ်နေပါသည်။မကဒတသည်ထို-၁၉၈၈ခုနှစ်၊ကာလကတည်းကတက်ကြွစွာလှုပ်ရှား ခဲ့ကြသည့် ရှစ်လေးလုံးမျိုးဆက်များဖြင့်ဖွဲ့စည်းထားခဲ့ခြင်းဖြစ်သည်။
မြန်မာပြည်တွင်-
(၁)နယ်ချဲ့ ဆန့် ကျင်ရေး
(၂)ဖက်ဆစ်စနစ်တိုက်ထုတ်ရေး
(၃)အမျိုးသားလွတ်မြောက်ရေး

တိုက်ပွဲများမှသည်လွတ်လပ်ရေးတိုက်ပွဲများအထိကိုယ့်အမျိုးသားလက္ခဏာများကိုရယူပြီးလွတ်လပ်ရေးကို ရယူခဲ့ကြသည်။ထိုလွတ်လပ်စအခြေအနေများတွင် မြန်မာနိုင်ငံသည် ပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးနိုင်ခဲ့ သော်လည်းဒီမိုကရေစီစနစ်အရအပြည့်အဝဟုမဆိုနိုင်။၁၉၆၂ခုနှစ်ဗိုလ်နေဝင်းစစ်အုပ်စုတက်လာသည့်အချိန် နောက်ပိုင်းကာလ၁၉၈၈ခုနှစ်ပြည်သူ့အရေးတော်ပုံကာလများအထိတိုင်းပြည်အတွင်းဒီမိုကရေစီစနစ် ဆိတ်သုဉ်းခြင်းနှင့်လူ့ အခွင့်အရေးအချိုးဖောက်ဆုံးနိုင်ငံတနိုင်ငံဖြစ်ပေါ်လာခဲ့သည်။
 ထို့ ကြောင့်တချိန်တွင် တိုင်းပြည်ပြန်ထူထောင်နိုင်ရန်၊-
(၁)အဖိနှိပ်ခံပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး။
(၂)ဒီမိုကရေစီနှင့်လူ့ အခွင့်အရေးရရှိရေး။
(၃)ပြည်တွင်းငြိမ်းချမ်းရေး။
(၄)ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာနိုင်ဘို့အတွက်မကဒတသည်မြန်မာပြည်အတွက်မွေးဖွား လာခြင်းဖြစ်သည်။
ပြည်တွင်းနိုင်ငံရေးလှုပ်ရှားမှုများကိုနှိပ်ကွပ်ကြ၍တောတွင်း၌လက်နက်ကိုင်တော်လှန်ရေးတစ်ရပ်ဆင်နွှဲရန် တညီတညွတ်တည်းဆုံးဖြတ်ခဲ့ကြသည်။အထက်ပါဦးတည်ချက်(၄)ရပ်ကိုဦးထိပ်ထားပြီးလက်နက်ကိုင် တော်လှန်ရေးတစ်ရပ်ကို ဖွဲ့ စည်းထူထောင်ခဲ့ခြင်းဖြစ်သည်။
ယနေ့မြန်မာပြည်၏အထူးအခြားဆုံးမှာ-ကျောင်းသားတပ်မတော်တစ်ရပ်ပေါ်ပေါက်လာရခြင်းဖြစ်သည်။ ကရင်ပြည်နယ်ကေအန်ယူထိမ်းချုပ်ရာနယ်စပ်တောင်ကြောများပေါ်တွင်မကဒတ၏တပ်ရင်း၊တပ်ဖွဲ့များကို စနစ်တကျဖွဲ့စည်းပြီးယနေ့စစ်အာဏာရှင်စနစ်ကိုတိုက်ပွဲတွေကြားကစိန်ခေါ်မှုတွေနှင့်လက်တွေ့ကျကျ တော်လှန်တိုက်ပွဲဆင်နွှဲနေဆဲဖြစ်သည်။နိုင်ငံရေးတက်ကြွသည့်လူငယ်တွေဖြစ်ကြသည့်အပေါ်ရံဖန်ရံခါ သဘောတရားအရ မညီညွတ်မှုများ လည်းရှိခဲ့သည်။သို့သော်မူနှင့်ပေါ်လစီတို့သည်လူအပေါ်မှာအခြေမခံဘဲ မူအပေါ်မှာအခြေခံပြီးလျှောက်လှမ်းနိုင်ခဲ့ကြသည်။တတိယအကြိမ်ညီလာခံ၌မကဒတအဖွဲ့အစည်းထိပ်ပိုင်း ခေါင်းဆောင်များသဘောထားကွဲခဲ့ကြသည်။ထိုကွဲလွဲကြသည်များသည်တော်လှန်ရေးအပေါ်၌ရပ်တည်ရင်း ကွဲခဲ့ကြပါသည်။တပ်ရင်းတပ်ဖွဲ့ များသည် ရှေ့ တန်းစစ်မျက်နှာများ၌ ရန်သူကို စစ်ရေးအရတိုက်ပွဲကြီးတိုက်ပွဲငယ် များဖြင့်ကေအန်ယူမဟာမိတ်လူမျိုးစုလက်နက်ကိုင်အဖွဲ့များနှင့်လက်တွဲပြီးမာနယ်ပလောတိုက်ပွဲ၊ထီပါဝီကျိုး တိုက်ပွဲ၊စောထတိုက်ပွဲ စသည့်တိုက်ပွဲကြီးများအပြင် အခြားနယ်မြေများ၌ ရန်သူကို ရွပ်ရွပ်ချွံချွံခုခံတိုက်ပွဲဝင်ရင်း၊ တော်လှန်ရေးအခြေခံဒေသများတည်ဆောက်ရင်း အသက်ပေးဆပ်သွားခဲ့ကြသည့် ရဲဘော်အများအပြားရှိကြပါ သည်။ထိုရဲဘော်များသည်ဗမာပြည်စစ်အာဏာရှင်စနစ်ကိုတော်လှန်တိုက်ပွဲဝင်ရင်းရှေ့တန်းနယ်များတွင် ကျဆုံးခဲ့ရသည့်ရဲဘော်များဖြစ်ကြသည်။ထိုရဲဘော်များ၏ဂုဏ်ရောင်ထွန်းပြောင်စွာပေးဆပ်ရင်းကျဆုံးခဲ့ရမှု များကိုသမိုင်းမှတ်တမ်းများတွင်မရှိမဖြစ်လိုအပ်သည်ဟုစာရေးသူတယောက်အနေနှင့်ခံစားနားလည်မိသည်။ထို့ ကြောင့်စာရေးသူအနေနှင့်လက်လှမ်းမှီခဲ့သည့်ရဲဘော်များ၏ရုပ်ပုံလွှာအချို့ကိုလက်လှမ်းမှီသလောက်ကြိုးစား မှတ်တမ်းပြုခြင်းဖြစ်ပါသည်။
ကျောင်းသားတပ်မတော်၊ တပ်ရင်း(၂၁ဝ)မှတ်တမ်းအချို့ 
လူမှုပတ်ဝန်းကျင်(သို့ မဟုတ်)လူ့အဖွဲ့အစည်းတခုခု၊ဒါမှမဟုတ်လူသားတစ်ယောက်ချင်းစီ၌သူဖြတ်သန်းခဲ့ကြ သောမေ့မရသည့်နေ့ ရက်တွေထဲမှအထူးခြားဆုံးသောနေ့ရက်များကိုလူသည်မှတ်တမ်းအဖြစ်ပြုလေ့ရှိကြသည်။
ဒီနေ့ဒီအချိန်မှာလည်းကျနော်တို့သည်ကျနော်တို့လူ့အဖွဲ့အစည်းအတွက်မည်သည့်အရာတွေပြုလုပ်ပေး ခဲ့ကြသနည်း။
မည်သည့်အရာတွေအားနည်းချက်ရှိခဲ့ကြသနည်းဆိုသည်ကိုမှန်ကန်စွာကြည့်မြင်ရာတွင် ဖြစ်စဉ်များနှင့် ဖြတ်သန်းလာခဲ့သည့်အတိတ်သမိုင်းတွေကိုပြန်လှန်စစ်ဆေးပြီးမိမိတို့ ဖြစ်စဉ်နှင့်ရှေ့ဆက်တိုးတက်သည့် အမြင်များ၊လုပ်ဟန်များကိုလည်းတိုးတက်သည်ထက်တိုးတက်အောင်၊မှားယွင်းချက်၊အားနည်းချက်များကိုလည်း ပြုပြင်ရှု့မှတ်ပြီးနောင်အနာဂတ်မျိုးဆက်သစ်များအတွက်ကောင်းမွန်မှန်ကန်သည့်လမ်းကြောင်းတစ်ခုဖြစ်ရန် သမိုင်းမှတ်တမ်းများကိုထားရှိကြပေသည်။
ကျနော်တို့သည်မြန်မာပြည်ဖွားသားသမီးများဖြစ်ကြသည်။ထိုသားသမီးများသည်အတွေးအခေါ်၊ဗဟုသုတ ရှိစေရန်အတွက်ကျနော်တို့မိဘများကသင်ပြပေးခွင့်မရသည့်ကျောင်းနေပညာရေးစနစ်ကိုကျနော်တို့အားလုံး လူမမယ်မှသည်တက္ကသိုလ်ကျောင်းသားကြီးများအထိပညာဆည်းပူးကြ၍ဘွဲ့ရပညာတတ်များထွန်းကားပြီး အသွေးချွန်သောအသစ်အသစ်ခေါင်းဆောင်ကောင်းများကိုမွေးထုတ်ပေးခဲ့ကြသလို-၁၉၈၈ခုနှစ်ကာလများက နောင်မျိုးဆက်သစ်များကိုမီးမောင်းထိုးပြခဲ့သည့်အရေးတော်ပုံကြီးကသက်သေပြုပါလိမ့်မည်။ထိုအရာများသည် ယနေ့ကာလမျိုးဆက်သစ်များအတွက်သမိုင်းအမှန်ကိုထွန်းတောက်စွာဖော်ပြနိုင်ခဲ့ပေသည်။ထိုအရေး တော်ပုံကာလမှသည် ယနေ့ တောထဲ၊တောင်ထဲလျှိုထဲ၊ချိုင့်ဝှမ်းထဲဝေးလံခေါင်သီသည့်အရပ်ဒေသများ၌မနေ့က အကျီအဖြူ၊လုံချည်အစိမ်းဖြင့်ကျောင်းတက်ခဲ့သောကျနော်တို့သည်ချစ်ခင်တွယ်တာခဲ့သောသံယောဇဉ် အမျှဉ်တန်းများကိုမျက်ရည်များကြားမှဖြတ်တောက်ပြီးအမိမြန်မာနိုင်ငံနှင့်တိုင်းရင်းသားလူမျိုးများအတွက် ခက်ခဲနက်နဲသောခရီးကြမ်းကြီးကိုဆယ်စုနှစ်ကျော်အထိရင်ဆိုင်ဖြတ်နေရဆဲဖြစ်သည်။ထိုခရီးကြမ်းကြီးဆိုသည်မှာ စစ်အာဏာရှင်စနစ်နှင့်စစ်တပ်ကြီးစိုးမင်းမူသောဝါဒအလုံးစုံကိုတိုက်ထုတ်ရန်ဆိုလိုခြင်းဖြစ်သည်။ထိုသို့သောခရီးကြမ်းကြီးကို ရင်ဆိုင်ဖြတ်သန်းရင်းတော်လှန်ရေးခရီးတဝက်၌အကြောင်းအမျိုးမျိုးကြောင့်တော်လှန်ရေး၏ခရီးပန်းတိုင် ဆုံးခန်းတိုင်အောင်မရောက်ရှိဘဲကျဆုံးခဲ့ရသည့်အာဇာနည်ရဲဘော်အပေါင်းတို့၏သမိုင်းရုပ်ပုံလွှာများကို ကျနော်တို့ချန်လှပ်ထား၍မရစကောင်းပါ။ထိုအာဇာနည်များ၏စွန့်လွှတ်မှု၊အနစ်နာခံမှု၊ဇွဲရှိမှုစသည့်အလုံးစုံသော တည်ဆောက်ခဲ့သည့်သက္ကရာဇ်နှစ်များသည်လည်းယနေ့အချိန်မှာလွန်စွာမှလိုအပ်ပေလိမ့်မည်ဟုကျနော်မြင် ပါသည်။ ထို့ ကြောင့် ကျနော်ဖြတ်သန်းခဲ့စဉ်ကာလအမှတ်တရနှင့်မမေ့နိုင်ခဲ့သည့်အဝန်းအဝိုင်းလေးတစ်ခု၏ မှတ်တမ်းပြုစုမှုဆိုလျှင်မှားလိမ့်မည်မထင်ပါ။
ကရင်ပြည်နယ်၊သံလွင်မြစ်တလျှောက်တပ်စွဲအခြေပြုထားသောကရင်တော်လှန်ရေးအင်အားစုများ၏အုပ်ချုပ် ရေးဒေသများ(သို့ မဟုတ်)မြန်မာပြည်ဒီမိုကရေစီအရေးအတွက်တော်လှန်တိုက်ပွဲဝင်နေကြသောအင်အားစုများ တည်ရှိရာကျောင်းသားတပ်မတော်သို့ ရောက်ရှိစ အချိန်။ရောက်ရှိသည့်တပ်ရင်းမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊ ကျောင်းသားတပ်မတော်တပ်ရင်း(၂၁ဝ)တွင်ဖြစ်သည်။
၁၉၉၁ခုနှစ်၊ဇွန်လ(၅)ရက်နေ့ ။
ထိုအချိန်ကာလသည် ကျောင်သားတပ်မတော်၊အမှတ်(၂၁ဝ)စောထစခန်းသို့စတင်ရောက်ရှိလာချိန်ဖြစ်ပါ သည်။ထိုအချိန်ကာလ၌တပ်ရင်း(၂၁ဝ)သည်နှစ်ခြမ်းကွဲသောအချိန်ဖြစ်သည်။ထိုအချိန်ကာလသည် ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော-ရဲဘော်မိုးသီးဇွန်နှင့်ရဲဘော်နိုင်အောင်တို့နှစ်ခြမ်းကွဲနေချိန်ဖြစ်ပါ သည်။ထို့ကြောင့်(၂၁ဝ)စေထစခန်းတွင်ထိုအချိန်ကတိုက်ခိုက်ရေးအင်အား(၅ဝ)ကျော်ခန့်ရှိသည်။တပ်ရင်း၌ ခေါင်းဆောင်ဖြစ်သောတပ်ရင်းမှုးမှာရဲဘော်ဆန်းလင်းဖြစ်၍ကျန်သည့်တပ်ရင်းရဲဘော်များ၏တာဝန်များကို ထိုအချိန်ကာလကသေချာစွာမသိရသေး။အမှတ်(၂၁ဝ)တပ်ရင်းသို့ရဲဘော်သစ်များရောက်ရှိ၍တပ်ရင်းတွင် အခြေခံစစ်ပညာသင်တန်းပေးရန်တပ်ရင်းမှ သင်တန်းနည်းပြများနှင့်အခြေခံစစ်သင်တန်းကို(၆)လခန့်တက် ရောက်ခဲ့ရသည်။ထိုသင်တန်းတွင်ရဲဘော်သစ်များသာဖြစ်ပြီးထိုရဲဘော်များ၏အမည်များမှာအောက်ပါ အတိုင်းဖြစ်သည်။
(၁)ရဲဘော်ထွန်းလှိုင်
(၂)ရဲဘော်ဝင်းအောင်(ဂီ)
(၃)ရဲဘော်မြင့်သန်း
(၄)ရဲဘော်သန်းဝင်းအောင်
(၅)ရဲဘော်ရဲထိုက်(ကုလား)
(၆)ရဲဘော်စံမင်း(နားပိတ်)
(၇)ရဲဘော်တာဇံ(သိန်းလွင်)
(၈)ရဲဘော်ဇေယျာမင်း
(၉)ရဲဘော်သန်းဝင်း(ကီလို)
(၁ဝ)ရဲဘော်ဂေါက်လေး
(၁၁)ရဲဘော်ငပွေး
(၁၂)ရဲဘော်ဇော်ဝင်းလှိုင်
(၁၃)ရဲဘော်လှမြင့်ဦး-
စုစုပေါင်း(၁၃)ယောက်ဖြစ်သည်။ထိုစစ်ပညာသင်တန်းကို အောင်မြင်စွာတက်ရောက်နိုင်ခဲ့ကြသည်။
တပ်ရင်း(၂၁ဝ)ကွဲပြီး ယခင်ရဲဘော်များနှင့်အမည်စာရင်းမှာအောက်ပါအတိုင်းဖြစ်သည်။
(၁)ရဲဘော်ဆန်းလင်း
(၂)ရဲဘော်နိုင်ဝင်း
(၃)ရဲဘော်လဘန်(ဇော်လွင်ဦး)
(၄)ရဲဘော်ဝင်းသူရကျော်
(၅)ရဲဘော်တင်ကို
(၆)ရဲဘော်မင်းသိန်း(အာလူး)
(၇)ရဲဘော်ရဲနိုင်(အဘ)
(၈)ရဲဘော်မောင်လှ
(၉)ရဲဘော်မြင့်ဆွေ
(၁ဝ)ရဲဘော်သန်းထွဋ့်ဆွေ
(၁၁)ရဲဘော်အောင်မိုးမြင့်
(၁၂)ရဲဘော်တာကြီး
(၁၃)ရဲဘော်ဝင်းထိန်
(၁၄)ရဲဘော်သန့် ဇင်
(၁၅)ရဲဘော်ကျင်သဏ်းဦး
(၁၆)ရဲဘော်အေးကို
(၁၇)ရဲဘော်အောင်ကျော်မင်း
(၁၈)ရဲဘော်ဆင်ပေါက်
(၁၉)ရဲဘော်နွေအောင်
(၂ဝ)ရဲဘော်မြင့်လွင်(ကော်လာသူ)
(၂၁)ရဲဘော်မျိုးသန့် (ကိုရင်)
(၂၂)ရဲဘော်ဒဿ(တင်ထွန်း)
(၂၃)ရဲဘော်ပေါ်ဦး
(၂၄)ရဲဘော်မျိုးလွင်
(၂၅)ရဲဘော်ကျော်စိုး
(၂၆)ရဲဘော်ဆွေဦး
(၂၇)ရဲဘော်သက်နိုင်ဝင်း(ဂေါက်ကြီး)
(၂၈)ရဲဘော်စိုးချိုငြိမ်း
(၂၉)ရဲဘော်ဒေါ့ဂျက်
(၃ဝ)ရဲဘော်တိုင်းကျော်
(၃၁)ရဲဘော်ကျော်ထူး
(၃၂)ရဲဘော်ဝင်းဗိုလ်
(၃၃)ရဲဘော်ဝင်းမောင်
(၃၄)ရဲဘော်ဖိုးဆိတ်
စုစုပေါင်း(၃၄)ဦးဖြစ်၍ ကျန်နေသည့်အမည်များမသိပါ။
သင်တန်းတက်ပြီးသည်နှင့်ရဲဘော်ဆန်းလင်းမှ(အဘ)ရဲနိုင်ဦးစီးသောမိမိအပါအဝင်(၅)ယောက်သည် ကေအန်ယူတပ်မဟာ(၂)မုံးခရိုင်သို့စေလွှတ်၍ရှေ့တန်းတာဝန်များထမ်းဆောင်နေစဉ်နောက်တန်းမှကြေးနန်း ဖြင့်အမြန်ပြန်လာရန်ဆို၍မိမိတို့သည်ရဲဘော်အသစ်(၂)ဦးနှင့်ကေအန်ယူတပ်မဟာ(၇)အုပ်ချုပ်ရေးဒေသ ဖြစ်သောစောထအကောက်အခွန်စခန်းမှမိမိကိုင်ဆောင်သောလက်နက်များသိမ်းဆည်းခြင်းကိစ္စကိုနောက်တန်း မှခွင့်ပြုသည်ဆို၍သိမ်းဆည်းခွင့်ပေးခဲ့ရသည်။
နောက်တန်းသို့ပြန်ရောက်ပြီးယခင်သံလွင်မြစ်ဘေးသဲသာထ၌မိမိတို့စခန်းအားပြောင်းရွှေ့ရန်ယခုလက်ရှိနေရာ မှ အထက်ဓါးဂွင်ဒေသသို့စခန်းပြောင်းရွှေ့ရမည်ဟုအမိန့်ကျ၍မိမိတို့ပြောင်းရွှေ့ ပြီးတပ်တည်ဆောက်ရေးများ ပြုလုပ်ကြရသည်။ထိုအချိန်၌မကဒတနှစ်ခြမ်းကွဲနေချိန်ဖြစ်၍ရဲဘော်များမှာရဲဘော်မိုးသီးဇွန်ဘက်သို့ပြောင်းရွှေ့   တာဝန်ယူမှုများပြုလုပ်ကြသည်။ထို့ကြောင့်တပ်ရင်းတွင်ရွေးကောက်ပွဲပြုလုပ်ကြသည်။သဘောတူရွေး ကောက်ပွဲ၌ရွေးကောက်ရန်တာဝန်များကိုယ်စီဖြင့်တာဝန်ကျရဲဘော်များအမည်စာရင်းကိုအောက်ပါအတိုင်း တွေ့ရှိနိုင်သည်။
(၁)ရဲဘော်ဆန်းလင်း(တပ်ရင်းမှုး)
(၂)ရဲဘော်လဘန်(ခ)ဇော်လွင်ဦး(ဒု-တပ်ရင်းမှုး)
(၃)ရဲဘော်သန့် ဇင်(တပ်ရေး)
(၄)ရဲဘော်သင်းသူရကျော်(တပ်ထောက်)
(၅)ရဲဘော်မောင်လှ(တပ်ခွဲမှုး)
(၆)ရဲဘော်မင်းသိန်း(တပ်စုမှုး)
(၇)ရဲဘော်ကျင်သဏ်းဦး(တပ်ရင်းအရာခံဗိုလ်)
(၈)ရဲဘော်ရဲနိုင်(တပ်စုတပ်ကြပ်ကြီး)
(၉)ရဲဘော်တိုင်းကျော်(တပ်ကြပ်ကြီး)
တပ်ကြပ်များမှာ-
ရဲဘော်နွေအောင်
ရဲဘော်စိုးချိုငြိမ်း
ရဲဘော်ပေါ်ဦး
ရဲဘော်သန်းဌေးတို့ ဖြစ်သည်။
ထိုအချိန်ကာလ၌စစ်ဒေသများဖွဲ့ပြီးလုပ်ငန်းများအကောင်ထည်ဖော်ဆောင်ရွက်ကြသည်တွင်အမှတ်(၂၁ဝ)တပ်ရင်းမှရဲဘော်မြင့်ဆွေ(စစ်ဒေသ)တာဝန်များအသီးသီးထမ်းဆောင်ကြသည်။၁၉၉၂ခုနှစ်၊ကျောင်းသား တပ်မတော်(ဗဟို)၁မျဉ်း၉၂အခြေခံစစ်ပညာသင်တန်းကိုတပ်ရင်း(၂၁ဝ)မှရဲဘော်သစ်များပါဝင်တက်ရောက် ကြပါသည်။ထိုသင်တန်းသို့ တက်ရောက်ကြသည့် ရဲဘော်များ၏အမည်စာရင်းမှာအောက်ပါအတိုင်းဖြစ်ပါသည်။
(၁)ရဲဘော်ကျော်ဆန်းလွင်
(၂)ရဲဘော် လှအေး
(၃)ရဲဘော်ဝင်းစိန်(မဲကြီး)
(၄)ရဲဘော်ဝင်းမောင်
(၅)ရဲဘော်ဝင်းအောင်(ဂေါ်)
(၆)ရဲဘော်လှဌေး(ဖာကမာ)
(၇)ရဲဘော်မြင့်ဦး
(၈)ရဲဘော်စိုးအောင်
(၉)ရဲဘော်တင်ဆန်း
(၁ဝ)ရဲဘော်ဇော်ဝမ်း
(၁၁)ရဲဘော်စိုးလှိုင်
(၁၂)ရဲဘော်မောင်နိုင်
(၁၃)ရဲဘော်မှုန်တိုင်း(ခ)အောင်နိုင်
စုစုပေါင်းသင်တန်းသား(၁၄)ဦးဖြစ်ပါသည်။ကေအန်ယူတပ်မဟာ(၂)သို့ အခြေခံဒေသထိုးဖောက်ရေးတွင် ပထမဦးဆုံးထိုးဖောက်ကြသောရဲဘော်များများမှာအောက်ပါအတိုင်းဖြစ်သည်။
(၁)ရဲဘော်ဆန်းလင်း(တပ်ရင်းမှုး)
(၂)ရဲဘော်လဘန်(ဒုရင်းမှုး)
(၃)ရဲဘော်ကျင်သဏ်းဦး(ရင်းအရာခံဗိုလ်)
(၄)ရဲဘော်မောင်လှ(တပ်ခွဲမှုး)
(၅)ရဲဘော်မင်းသိန်း(တပ်စုမှုး)
(၆)ရဲဘော်ရဲနိုင်(တပ်ကြပ်ကြီး)
(၇)ရဲဘော်ဝင်းသူရကျော်(တပ်ထောက်)
(၈)ရဲဘော်တိုင်းကျော်(တပ်ကြပ်ကြီး)
(၉)ရဲဘော်စိုးချိုငြိမ်း(တပ်ကြပ်)
(၁ဝ)ရဲဘော်ကျော်ထူး(ရဲဘော်)
(၁၁)ရဲဘော်တင်ကို(ဆေးမှုး)
(၁၂)ရဲဘော်လှအေး
(၁၃)ရဲဘော်ဝင်းအောင်
(၁၄)ရဲဘော်ဝင်းမောင်
(၁၅)ရဲဘော်ဇေယျာမင်း
(၁၆)ရဲဘော်ငပွေး
(၁၇)ရဲဘော်မြင့်ဦး
ဆက်လက်ဖော်ပြပါဦးမည်။။---
မှတ်ချက်။      ။ဟစ်တိုင်ဝက်ဆိုက်မှကူးယူဖော်ပြသည်။
ကျည်ဝေဖြိုး။

No comments: