Friday, September 17, 2010

ကုလသမဂ္ဂနှင့်ဘန်ကီးမွန်းသို့-အိပ်ဖွင့်ပေးကဗျာ

ကုလသမဂ္ဂနှင့်ဘန်ကီးမွန်းသို့-အိပ်ဖွင့်ပေးကဗျာ

(၁)
ကျန်းခန်းသာလို့မာပါစ-
အားကြီးတဲ့သူက အားနည်းတဲ့သူတွေကို
လူသားချင်းစာနာပြီး ပြသာနာတွေကို
အညီအမျှဖြစ်စေရမယ်-ဆိုတဲ့ဂုဏ်နဲ့
နေထိုင်နေတတ်တယ်လိုထင်ရတဲ့
ဂျမ်းတဲလ်မဲင်းကြီးရေ----။
(၂)
ကျုပ်တိုဗမာနိုင်ငံကို
သင်တို့ကဘောလုံးပွဲတစ်ပွဲကြည့်သလို
သဘောထားပြီး
ဝမ်းနည်းပါတယ်၊ စိတ်မသက်မသာဖြစ်ရတယ်၊စောင့်ကြည့်နေတယ်၊ မျှော်လင့်ပါတယ်-တွေနဲ့ပဲ
ကျုပ်တို့လူထုဒုက္ခရောက်နေပြီဗျ။
(၃)
ဒီလောက်-ဘာသာတရားကိုစော်ကားတဲ့
လူသတ်ကောင်၊လူမုဒိန်းကောင်တွေကို
ခင်ဗျားတို့က လူရာသွင်းဖျာခင်းဦးမလို့လား။
(၄)
ဒါဆို------
ခင်ဗျားတို့ရဲ့-ဂျမ်းတဲ့လ်မင်းဆိုတဲ့
ဝေါဟာရကို---
ကျုပ်နားမလည်နိုင်တော့ဘူး။
(၅)
သင်တို့ရဲမျက်စေ့ရှေ့မှာပဲ
အရှင်လတ်လတ်ကြီး သေနတ်နဲ့ပစ်သတ်ခံရတာကိုပဲ
မြင်နေရက်နဲ့စောင့်ကြည့်ဦးမယ်ဆိုတာ
ခင်ဗျားတို့ရဲ့-ဒီပလိုမေစီလား
ဒါဆို-----
ကုလသမဂ္ဂရဲ့ဒီပလိုမေစီကို
ကျုပ်---ရင်သတ်ရှု့မောလိုက်ပါရဲ့။
(၆)
လူသားမျိုးနွယ်အပေါ်
သတ်ဖြတ်တဲ့ပြစ်ချက်တွေနဲ့
လူသားအားလုံးအတွက်ဒုက္ခရောက်စေမယ့်
ပြစ်မှုတွေကျတော့--
ဗီတိုအာဏာမရဘူးလို့ ပိတ်ထားမှတော့-
ကုလသမဂ္ဂရဲ့ပဓ်ဥာဏ်စာတမ်းက
အားကြီးတဲ့သူ ကိုးကွယ်ရေး ဆိုတဲ့
ချာတာကြီးကိုသွားတွေ့တယ်။
(၇)
တကမ္ဘာလုံးရဲ့ ယုံကြည်အားကိုမှုတွေကို
ကုလသမဂ္ဂကြီးကမျက်ကွယ်ပြုထားတယ်--
ပထ၀ီနိုင်ငံရေးအရတို့၊ အကျိုးစီးပွားအရတို့
ကွန်မြူနစ်အရင်း၇ှင်တွေအုပ်စုနဲ့
အရင်းရှင် ကွန်မြူနစ်နယ်ချဲ့တို့
ဘုရင်ဝင်လုနေတာကိုတွေ့ရမယ်။
(၈)
ကျုပ်တို့ဗမာပြည်လူထုက
ခင်ဗျားတို့ရဲ့လှည့်ကွက်ထဲမှာပဲ
ဘ၀ပေါင်း၊အသက်ပေါင်းများစတေးခဲ့ရပြီ--
(၉)
ဒါလား---
အလားအလာကောင်းတဲ့နိုင်ငံရေးအခြေအနေ
ကျုပ်နားလည်လိုက်တာကတော့
ခင်ဗျားတို့ရဲ့
လူသားချင်စာနာတယ်ဆိုတဲ့
အနက်အဓိပ္ပါယ်ကိုပါပဲ။


ထူးအံ့

No comments: