Saturday, September 11, 2010

ဝင်းတင့်ထွန်း(ဗမာပြည်နိုင်ငံရေးပါတီအဖွဲ့အစည်းအသင်းအပင်းများအညွှန်း)

 မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ)(ABSDF)ဟာ ၁၉၈၈ ခုနှစ်၊ နိုဝင်
ဘာလ-၁ ရက်နေ့မှာစတင်ဖွဲ့စည်းပေါ်ထွန်းလာခဲ့ပါတယ်။ရှစ်လေးလုံးအရေးတော်ပုံကြီးကိုစစ်တပ်ကနေလက် နက်နဲ့ အကြမ်းဖက်ဖြိုခွင်းလိုက်တဲ့အတွက်ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းရှေ့တန်းကနေတက်တက် ကြွကြွပါဝင်ခဲ့ကြတဲ့ကျောင်းသားလူငယ်များစွာဟာKNUဌာနချုပ်ရှိရာမာနယ်ပလောဒေသကိုလဲအစုလိုက်အပြုံ လိုက်ရောက်ရှိလာခဲ့ကြပါတယ်။စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးမပြီးဆုံးသေးတဲ့ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အဆုံးသတ်အောင်ပွဲကိုရယူနိုင်ရေးတွေအတွက်ဆက်လက်ပြီးတော်လှန်ရေးကိုဆင်နွဲသွားကြဖို့အတွက်မြန်မာ နိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ)ကိုမာနယ်ပလောရှိ ‘မဒတ’ဌာနချုပ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ပထမဆုံး စတင်ဖွဲ့စည်းစက
(၁) ထွန်းအောင်ကျော် - ဥက္ကဋ္ဌ
(၂) ဝင်းမိုး - ဒု-ဥက္ကဋ္ဌ
(၃) သန်းဝင်း - အထွေထွေအတွင်းရေးမှူး
(၄) အောင်နိုင် - တွဲဖက် အထွေထွေအတွင်းရေးမှူး (၁)
(၅) ကိုကိုဦး - တွဲဖက် အထွေထွေအတွင်းရေးမှူး (၂)
(၆) စိုင်းမျိုးဝင်းထွန်း - အတွင်းရေးမှူး (နိုင်ငံခြားရေးရာ ကော်မတီ)
(၇) ထွန်းဦး - အတွင်းရေးမှူး (စည်းရုံးရေးနှင့် ဝါဒဖြန့်ချိရေး)
(၈) ကိုကိုလေး - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး
(၉) ကြည်မိုး - ထောက်ပံ့ရေး ကော်မတီ
(၁ဝ) မောင်မောင်သိန်း - လုပ်ငန်းစစ်ဆေးရေး
(၁၁) ကျော်လင်း - စည်းကမ်းထိန်းသိမ်းရေး
(၁၂) ကျော်ထင် - ဘဏ္ဍာရေး
(၁၃) ဒေါက်တာစံသာဦး - ကျန်းမာရေးနှင့် လူမရေး ဆိုပြီး ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့အဆုံးသတ်အောင်ပွဲကိုအရယူနိုင်ရေးအတွက်ပေါ်ထွန်းလာခဲ့ရတဲ့အဖွဲ့အစည်း တရပ်ဖြစ်တာနဲ့အညီ အရေးတော်ပုံကြီးရဲဥန အမြင့်ဆုံးကြွေးကြော်သံဖြစ်ခဲ့တဲ့‘ရရင်ရ မရရင်ချ’ဆိုတဲ့ကြွေး ကြော် သံကို လူထုလမ်းညွှန်အဖြစ်ခံယူကာ မကဒတ(ကျောင်းသားတပ်မတော်)ပေါ်ထွန်းလာခဲ့ရပါတယ်။ဗမာပြည် သမိုင်းမှာဘယ်တုန်းကမှမပေါ်ပေါက်ခဲ့ဖူးသေး။မရှိဖူးသေးတဲ့ အမျိုးအစားသစ်တော်လှန်ရေးတပ်မတော်အဖြစ် ‘ကျောင်းသားတပ်မတော်’ကြီးမွေးဖွားပေါ်ထွန်းလာခဲ့ပါတယ်။ရ-၁၁-၁၉၈၈ နေ့မှာထုတ်ပြန်လိုက်တဲ့ABSDFရဲ့ ကြေညာချက် (၁)ထဲမှာကို‘စစ်အုပ်စု၏လက်အောက်တွင်ငြိမ်းချမ်းသောနည်းအားဖြင့်ဒီမိုကရေစီအခွင့်အရေး များကိုရရှိနိုင်လိမ့်မည်မဟုတ်ဟုဗမာပြည်နိုင်ငံရေးပါတီအဖွဲ‹အစည်းအသင်းအပင်းများအညွှန်းယုံကြည်ခံယူကာ နေဝင်းစစ်အုပ်စုအား အပြီးအပြတ်ချေမန်းဖျောက်ဖျက်မည့်လက်နက်ကိုင်တော်လှန်ရေးကြီးကိုအောင်မြင်သည် အထိဆင်နွှဲသွားမည်ဖြစ်ကြောင်း’လို့ အတိအလင်းဖော်ပြကာလက်နက်ကိုင်တော်လှန်ရေးကိုဆင်နွှဲသွားမယ့်အဖွဲ့ အစည်း၊လက်နက်ကိုင်တော်လှန်ရေးကိုဖော်ဆောင်သွားမယ့်တပ်မတော်အဖြစ်ABSDFထူထောင်ပေါ်ပေါက် ခဲ့တာ ဖြစ်ပါတယ်။အရေးတော်ပုံကြီးအတွင်းမှာရှေဥနဆုံးတန်းကပါဝင်ခဲ့ကြတဲ့ကျောင်းသားလူငယ်များကနေ တောခိုကျောင်းသားလူငယ်အဖြစ်အသွင်ကူးပြောင်းလာရခဲ့ရသူတွေပီပီကျောင်းသားသမဂ္ဂရဲ့အစဉ်အလာ အတိုင်း ခွပ်ဒေါင်းအလံကို လွှင့်ထူကာမကဒတ(ကျောင်းသားတပ်မတော်)ကိုထူထောင်ခဲ့ကြခြင်းဖြစ်ပါတယ်။မကဒတ(ကျောင်းသားတပ်မတော်)တပ်ရင်းတွေအသီးသီးဆက်လက်ပေါ်ပေါက်လာခဲ့ပါတယ်။၁၉၈၉ခုနှစ်၊ဇန်န ဝါရီ-၁ ရက်နေ့ကစပြီးတပ်ရင်းတရင်းအင်အား(၃ဝဝ)ကျော်ပါဝင်တဲ့လက်နက်ကိုင်တပ်ရင်းတွေ ဖွဲ့စည်းထူထောင် ပေါ်ပေါက်လာခဲ့ရာမှာ တပ်ရင်း (၁ဝ၁)၊(၁ဝ၂)၊ (၂ဝ၁)၊ (၂ဝ၂)၊ (၂ဝ၃)၊ (၂ဝ၄)၊ (၂ဝ၆)၊ (၂ဝ၇)၊ (၂ဝ၈)၊ (၂ဝ၉)၊(၂၁ဝ)တို့အပြင်တပ်ရင်း (၃ဝ၃)၊(၄ဝ၁)၊(၈ဝ၁)၊ (၉ဝ၁)တို့အထိ ဒေသအသီးသီးမှာအဆက်မပြတ်ဖွဲ့စည်း ပေါ်ပေါက်လာခဲ့ပါတယ်။ ပေါ်ပေါက်လာချိန်ကစပြီးမကဒတ(ကျောင်းသားတပ်မတော်)ဟာမဒတတို့နဲ့တွဲဖက်ပြီး ပူးတွဲစစ်ဆင်ရေးတွေအတွင်းတက်တက်ကြွကြွပါဝင်လပ်ရှားခဲ့ပါတယ်။၁၉၉ဝပြည့်နှစ်အတွင်းကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူမိုးသီးဇွန်တောခိုရောက်ရှိလာခဲ့ပြီးနောက်မကဒတရဲ့ခေါင်းဆောင်တဦးအဖြစ်နေရာ အပေးခံခဲ့ရကာနောက်ပိုင်းမှာမကဒတရဲ့ဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတခေါ်ABSDFကျောင်းသားတပ်မတော်ဟာမြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ် အဖွဲ့ချုပ်(ခေါ် )DABအဖွဲ့ကြီးရဲ့အဖွဲ့ဝင်နိုင်ငံရေးပါတီတရပ်အဖြစ်နဲ့လဲနိုင်ငံရေးလှုပ်ရှားမှုတွေအတွင်းအရေးပါတဲ့ အခန်းတွေကနေ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ABSDF(ခေါ် )မကဒတ အဖွဲ့ကြီးဟာအဖွဲ့အစည်းရဲဥန အာဘော်အဖြစ် ‘ဒေါင်းအိုးဝေ’စာစောင်ကို၁၉၈၉ ခုနှစ်-မတ်လကတည်းကစပြီးအောင်အောင်မြင်မြင်ထုတ်ဝေဖြန့်ချိနိုင်ခဲ့သလို အင်္ဂလိပ်ဘာသာနဲDAWNကိုထုတ်ဝေဖြန့်ချိနိုင်ခဲ့ပြီး အဖွဲ့အစည်းရဲ့နိုင်ငံရေးလမ်းစဉ်၊စစ်ရေးလမ်းစဉ်နဲ့အမြင် အယူအဆသဘောထားတွေကိုထင်ဟပ်ပြသနိုင်ခဲ့ပါတယ်။တဖက်ကအောင်မြင်မတွေရှိခဲ့သလို၊အခြားတဖက် ကလဲအဖွဲ့အစည်းကြီးအတွင်း အခြေခံအတွေးအခေါ်အမြင်အယူအဆများအရ၊ပုဂ္ဂိုလ်ရေးဆိုင်ရာများအရ မတူခြားနားကွဲပြားကွာဟတာတွေပေါ်ပေါက်လာခဲ့ပါတယ်။၁၉၉၁ခုနှစ်၊မကဒတတတိယအကြိမ်ညီလာခံမှာ ‘မိုးသီးဇွန်ABSDFအဖွဲ့နဲ့‘ဒေါက်တာနိုင်အောင်အစုABSDFအဖွဲ့ဆိုပြီးနှစ်စုနှစ်မွှာကွဲသွားခဲ့ရပါတယ်။ABSDတပ်ရင်း တွေလဲလိုက်ပြီးကွဲသွားရရာမှာတပ်ရင်းတော်တော်များများကဒေါက်တာနိုင်အောင်အဖွဲ့ဖက်ပါသွားကြပြီး၊ တပ်ရင်းတချို့ကတော့မိုးသီးဇွန်အဖွဲ့ဖက်ကပါဝင်ရပ်တည်ခဲ့ကြပါတယ်။ဒေါက်တာနိုင်အောင်ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့
အဖွဲ့နဲ့ မိုးသီးဇွန် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့အဖွဲ့ရယ်လို့ အတိအလင်းပေါ်ပေါက်လာခဲ့ရပါတယ်ရဲ့အာဘော်ဖြစ်တဲ့ ‘ဒေါင်းအိုးဝေ’စာစောင်မှာတောင်မိုးသီးဇွန်ဘက်ကထုတ်ဝေတဲ့ဒေါင်းအိုးဝေနဲ့ဒေါက်တာနိုင်အောင်ဘက်ကထုတ် တဲ့ဒေါင်းအိုးဝေဆိုပြီးဒေါင်းအိုးဝေနှစ်မျိုး-နှစ်စောင်ထွက်ပေါ်လာခဲ့ရပါတယ်။မိုးသီးဇွန်ဘက်ဒေါင်းအိုးဝေက အယ်ဒီတာအဖြစ်မောင်လွမ်းဏီကတာဝန်ခံခဲ့ပြီး၊ ဒေါက်တာနိုင်အောင်ဘက်ကဒေါင်းအိုးဝေရဲဥနအယ်ဒီတာက မိဆူးပွင့်ဖြစ်ခဲ့ပါတယ်။ အတွင်းက ညီညွတ်ရေးကိုလိုလားသူများရဲဥန တိုက်တွန်းနိးဆော်မတွေကြောင့် ၅-၉-၁၉၉၆နေ့မှာ(၂)ခြမ်း(၂)ဖွဲ့ဟာပြန်လည်ပေါင်းစည်းမတွေလူသိရှင်ကြားလုပ်ဆောင်နိုင်ခဲ့ကြပြန်ပါတယ်။ ပြန်လည်ပေါင်းစည်းရေးလုပ်ဆောင်ကြပြီးတဲ့နောက်တခုတည်းသောအဖွဲ့ကြီးမှာဥက္ကဋ္ဌဒေါက်တာနိုင်အောင်၊ဒု-ဥက္ကဋ္ဌအဖြစ် မိုးသီးဇွန်ဆိုပြီး ဖြစ်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့ညီညွတ်ရေးဟာအပေါ်ယံသဘောသာဆောင်နေခဲ့ပြီး အမြင်သဘောထားခြားနားကွာဟမတွေကတော့သဏ္ဍာန်မျိုးစုံနဲ့ဆက်လက်ဖြစ်ပေါ်တည်ရှိနေခဲ့ပါတယ်။
၂ဝရာစုအကုန်၂ဝဝဝပြည့်နှစ်အတွင်းကာလတွေထဲမှာတော့စစ်အေးခေတ်ကြီးအခြေခံအားဖြင့်အဆုံးသတ် သွားရမတွေနဲ့အတူ၊နိုင်ငံတကာရေစီးကြောင်းကြီးပေါ်ကပလုံစီဂယက်ထမှုအလီလီတွေရဲ့အောက်မှာ၊အမြင် အယူအဆအဖုံဖုံသဘောထားခံယူချက်တွေအမျိုးမျိုး သိသိသာသာထပ်ဆင့်ပေါ်ပေါက်လာခဲ့ရပြီးတဲ့ နောက်၊အဖွဲ့ကြီးအတွင်းမှာလဲခံယူချက်နဲ့ရပ်တည်ချက်တွေအလိုက်မတူခြားနားတဲ့ကွဲပြားကွာဟမတွေပေါ်ပေါက်ဖြစ်တည် ဖော်ပြလာခဲ့ပါတယ်။ အဓိကကတော့ လက်နက်ကိုင်တော်လှန်ရေးအပေါ်အောင်ပွဲရတဲ့အထိလက်နက်ကိုင် တော်လှန်ရေးကိုဆက်လက်ဆုပ်ကိုင်ဆင်နွှဲသွားရေးအပေါ်မတူခြားနားတဲ့အမြင်နဲ့ ရပ်တည်ချက်တွေကိုဖော်ပြ လာခဲ့ကြပြီး၊အဖွဲ့အစည်းကြီးရဲ့တစည်းတလုံးတည်းရှိရေးနဲ့သွေးစည်းညီညွတ်မတွေပါ ထိခိုက်ယိုင်နဲ့လာခဲ့ရပါတယ်။
တကယ်ကABSDF(ကျောင်းသားတပ်မတော်ကြီး)စတင်ပေါ်ပေါက်လာခဲ့ရတာကိုက‘စစ်အစိုးရရဲ့လက်နက်နဲ့ အကြမ်းဖက်နှိပ်ကွပ်လာမကြောင့်လက်နက်နဲ့ဖိနှိပ်နှိပ်ကွပ်လာသူကိုလက်နက်နဲ့ပဲပြန်လည်တုန့်ပြန်ရင်ဆိုင် တိုက်ပွဲဆင်ဖို့စစ်အာဏာရှင်အစိုးရကိုလက်နက်ကိုင်တော်လှန်ရေးနည်းနဲ့ ပြတ်ပြတ်သားသားတိုက်ခိုက် ချေမှုန်းသွားဖို့’ဆိုတဲ့ကြွေးကြော်သံနဲ့ လက်နက်ကိုင်တော်လှန်ရေး တပ်ဦးအဖွဲ့အစည်းတခုအဖြစ်ထူထောင်ဖွဲ့စည်းခဲ့ကြတာဖြစ်ပါလျက်နဲ့ လက်နက်ကိုင်တော်လှန်ရေးအပေါ် မေးခွန်းထုတ်စရာဖြစ်လာခဲ့ကြ၊လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကိုဖယ်ရှားစွန့်ပယ်လိုသူတွေပေါ်ပေါက်လာခဲ့ရတာဟာသမိုင်းရဲ့သရော်ချက်ပြင်းပြင်း တခုပမာဖြစ်ခဲ့ရပါတယ်။အခြေခံအကျဆုံးမူအပေါ်မှာကိုမူအရမတူခြားနားကွဲပြားကွာဟမတွေပေါ်ပေါက်လာခဲ့ရ ပါတယ်။လက်နက်ကိုင်တော်လှန်ရေးကိုဆက်လက်ဆင်နွဲသွားရေးအစု၊လက်နက်ကိုင်တော်လှန်ရေးကိုဖယ်ရှား ပစ်လိုတဲ့အစုနဲ့ ကြားနေအစုတွေပေါ်ပေါက်လာခဲ့ပြီးABSDFအဖွဲ့ကြီးအတွင်းကြီးမားတဲ့òပိကွဲမကြီးတခုဖြစ်ပေါ် ခဲ့ရပါတယ်။ ဒေါက်တာနိုင်အောင်ဦးစီးတဲ့အစုက၊လက်နက်ကိုင်တော်လှန်လမ်းကြောင်းကနေဖယ်ခွာ သွားရေးလမ်းကိုလိုက်ခဲ့ပါတယ်။ABSDFအဖွဲ့ကြီးမှဒေါက်တာနိုင်အောင်ကိုလဲဥက္ကဋ္ဌအဖြစ်မှဖယ်ခွာခွင့်ပြု လိုက်သလို၊မိုးသီဇွန်ကိုလဲဥက္ကဋ္ဌအဖြစ်မထားတော့ပဲABSDFအဖွဲ့ကြီးကိုမူလရည်မှန်းချက်တွေအတိုင်း ပြန်လည်တည်ဆောက်နိုင်ရေးကိုဖော်ဆောင်ခဲ့ကြပါတယ်။
‘စိုင်းမြင့်သူ’ကယာယီဥက္ကအဖြစ်ကာလတိုတခုတာဝန်ယူခဲ့ပြီးဝဝခုနှစ်ထဲမှာအဖွဲကြီးရဲ့ဥက္ကသစ်အဖြစ်ရွေးချယ်တင်
မြောက်ခံရသူကတော့‘ရဲဘော်သံခဲ’ဖြစ်လာခဲ့ပါတယ်။ဒေါက်တာနိုင်အောင်ခေါင်းဆောင်တဲ့ အုပ်စုကတော့မှ ဖယ်ခွာသွားပြီး‘ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်’အဖြစ် အဖွဲ့အစည်းသစ်တရပ်ကိုထူထောင်ဖွဲ့စည်းလိုက်ကြပါတော့တယ်။(၂)ဖွဲ့ ဖြစ်သွားခဲ့ရပါတော့တယ်။ဒေါက်တာနိုင်အောင်ဦးဆောင်တဲ့နောက်ကိုလိုက် ပါသွားသူတွေကတွေဖြစ်သွားကြပြီးABSDFအဖြစ်ဆက်လက်ရပ်တည်ကျန်ရစ်ခဲ့ကြသူတွေကတော့(ကျောင်း သား တပ်မတော်)ရဲ့မူလအလံတော်ကို ဆက်လက်သယ်ဆောင် လွှင့်ထူခဲ့ကြရင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တိုက်ပွဲတွေအတွင်း‘လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်း’အတိုင်းအခက်အခဲမျိုးစုံကြား မှာဆက်လက်ရပ်တည်လပ်ရှားခဲ့ကြပါတယ်။ ဒီကြားထဲကပဲတော်လှန်ရေးဒီရေသိသိသာသာမြင့်တက်မလာ နိုင်မနဲ့ အကြောင်းအမျိုးမျိုးတွေကြောင့် တတိယနိုင်ငံတွေဆီ ထွက်ခွာသွားကြသူတွေတော်လှန်ရေးကနေအနား ယူသွားကြသူတွေလဲပေါ်ပေါက်ခဲ့ရပြီး အင်အားအရယုတ်လျော့သွားရမတွေသိသိသာသာရှိခဲ့ပေမဲ့ABSDF (ကျောင်းသားတပ်မတော်) ရဲ့တော်လှန်ရေးအလံကို မြင့်မြင့်မားမားဆက်လက်ဆုပ်ကိုင်လွှင့်ထူရင်းဇွဲနပဲကြီးစွာ ရုန်းကန်လပ်ရှားတိုက်ပွဲဝင်နေကြသူတွေလဲ အမြောက်အများရှိနေခဲ့ပါတယ်။
ကျောင်းသားတပ်မတော်ရဲ့ချမှတ်ထားတဲ့ စစ်ရေးလမ်းစဉ်၊နိုင်ငံရေးလမ်းစဉ်၊မူဝါဒပေါ်လစီများနဲ့အညီ၊မဟာမိတ် တော်လှန်ရေး အဖွဲ့အစည်း၊နိုင်ငံရေးအဖွဲ့အစည်းများနဲ့အတူ တက်တက်ကြွကြွဆက်လက်ပူးပေါင်းပါဝင်လှုပ်ရှား ရင်း၊အဖွဲ့ကြီးရဲ့တော်လှန်ရေးသက်တမ်းနဲ့နိုင်ငံရေးအတွေ့အကြုံ ဖြတ်သန်းမှုတွေဟာလဲတစတစမြင့် တက်ရင့်မာလာခဲ့ပါတယ်။ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနဲ့ ဒီမိုကရေစီရေးတိုက်ပွဲတွေအတွင်း(ကျောင်း သားတပ်မတော်)ဟာအရေးပါတဲ့အဖွဲ့အစည်းတရပ်အဖြစ်လက်နက်ကိုင်တော်လှန်ရေးကိုသတ္တိရှိရှိဆက်လက် ဆင်နွဲနေတဲ့တော်လှန်ရေးအဖွဲ့အစည်းတရပ်အဖြစ်ဆက်လက်ကမ္ပျည်းတင်နိုင်ခဲ့ပါတယ်။အချိန်ကာလ အလျောက်၊လိုအပ်ချက်အလျောက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ) ရဲ့‘ညီလာခံ’တွေကိုလဲခေါ်ယူကျင်းပနိုင်ခဲ့ပြီးလိုအပ်တဲ့ နိုင်ငံရေးလမ်းစဉ်၊စစ်ရေးလမ်းစဉ်နဲ့ မူဝါဒပေါ်လစီတွေကို ဆွေးနွေးသုံးသပ်ချမှတ်ဆုံးဖြတ်နိုင်ခဲ့ကြတဲ့အပြင်‘ဗဟိုကော်မတီ’ကိုလဲ ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့အညီအစဉ်အလာမပျက်ရွေးချယ်တင်မြောက်ဖွဲ့စည်းတာတွေလုပ်ဆောင်အကောင်အထည်ဖော်နိုင်ခဲ့ကြ ပါတယ်။မကဒတဗဟိုဌာနချုပ်‘ဒေါင်းဂွင်’မှာ၂ဝဝ၆ ခုနှစ်၊ဒီဇင်ဘာ-၇ ရက်နေ့မှ၁၇ရက်နေ့အထိကျင်းပပြု လုပ်ခဲ့တဲ့မကဒတရဲ့အဌမအကြိမ်မြောက်ညီလာခံကြီးကနေရွေးချယ်ပေးလိုက်တဲ့ဗဟိုကော်မတီကတော့‘ ရဲဘော်သံခဲ’ပဲဥက္ကဋ္ဌအဖြစ်ထပ်မံရွေးချယ်တင်မြောက်ခံခဲ့ရပြီးဒု-ဥက္ကဋ္ဌအဖြစ်ရဲဘော်မျိုးဝင်း၊အထွေထွေအတွင်း ရေးမှူးရဲဘော်ဆန်နီ၊အတွင်းရေးမှူး(၁)ရဲဘော်ဆလိုင်းယောအောင်၊အတွင်းရေးမှူး(၂)ရဲဘော်ခင်ကျော်၊ ရဲဘော်ဝေလင်းဇင်၊ရဲဘော်မြင့်ဟိန်းစတဲ့ဗဟိုဦးဆောင်အဖွဲ့ဝင်တွေပါဝင်တဲ့(၁၅)ဦးပါဗဟိုကော်မတီဖြစ်ပါတယ်။ အဋ္ဌမအကြိမ်မြောက်ညီလာခံကနေရွေးချယ်တင်မြောက်လိုက်တဲ့ဒီဗဟိုကော်မတီကလဲ“မကဒတကိုင်စွဲရပ်တည် ထားသောတိုက်ပွဲသဏာန်သည်လူထုတိုက်ပွဲနဲ့လက်နက်ကိုင်တိုက်ပွဲပေါင်းစပ်တိုက်ပွဲဝင်ရေးဖြစ်သည်။ဒီမိုကရေ စီနှင့်အခြေခံလူ့အခွင့်အရေးများလုံးဝဆိတ်သုဉ်းနေသည့်အခြေအနေအောက်တွင်လူထုတိုက်ပွဲကိုဘက်ပေါင်း စုံမှထောက်ခံပူးပေါင်းရင်းစစ်အာဏာရှင်အားလက်နက်ကိုင်တိုက်ပွဲအပါအဝင် တိုက်ပွဲသ¿ာန်ပေါင်းစုံဖြင့် တိုက်ပွဲဝင်ရေးမှာပကတိလိုအပ်ချက်ဖြစ်သည်”လို့ အတိအလင်းခံယူထားခဲ့ပါတယ်။၁ဝ-၂ဝဝ၇ ခုနှစ်-စက်တင်ဘာလမှာပေါ်ပေါက်လာခဲ့တဲ့ ရဟန်းသံဃာတော်များကဦးဆောင်တဲ့ရွှေဝါရောင်တော်လှန်ရေးကြီးကို မကဒတကအလေးအနက်ထားဂုဏ်ðပóကိဆိုလိုက်ပြီး၊မကဒတအပါအဝင်တော်လှန်ရေး၊နိုင်ငံရေးအဖွဲ့အစည်း များအနေနဲ့ လူထုတိုက်ပွဲများနဲ့အတူထိထိရောက်ရောက်ပူးပေါင်းပါဝင်ပြီးစစ်အာဏာရှင်စနစ်ကိုပြတ်ပြတ် သားသားတော်လှန်တိုက်ပွဲဝင်သွားကြရန်လှုံ့ဆော်လပ်ရှားခဲ့ပါတယ်။မကဒတ(ကျောင်းသား တပ်မတော်)ဟာ နအဖ စစ်အုပ်စုရဲ့လမ်းပြမြေပုံ(၇)ချက်ကိုလဲအဆင့်တိုင်းမှာတိုက်ဖျက်သွားဖို့ လုပ်ငန်းစဉ်ချမှတ်ထားပြီး၊ နအဖစစ်အစိုးရကတဖက်သတ်ရေးဆွဲအတည်ပြုလိုက်တဲ့၂ဝဝ၈ ခုနှစ်၊ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုလဲဆန့်ကျင်ရှုတ်ချခဲ့ပါတယ်။ နအဖစစ်အစိုးရကအသံပေးလာတဲ့‘၂ဝ၁ဝ ရွေးကောက်ပွဲ’ကိုလဲလက်မခံနိုင်ကြောင်း ပြတ်ပြတ်သားသားဖော်ပြခဲ့သလို၊စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးအား အမျိုးသားရေးတာဝန်တရပ်အနေဖြင့် ခံယူကာဆန့်ကျင်တိုက်ပွဲဝင်သွားကြဖို့ကိုလဲနိုးဆော်ခဲ့ပါတယ်။ မကဒတကိုယ်တိုင်လဲတိုက်ပွဲဝင်သွားမယ်ဆိုတာ အလေးအနက်ဖော်ပြခဲ့ပါတယ်။ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့အဆုံးသတ်အောင်ပွဲကိုရယူနိုင်ရေး၊စစ်အာဏာ ရှင်စနစ်ဖျက်သိမ်းရေးတွေအတွက်သမိုင်းရဲ့တောင်းဆိုချက်နဲ့အညီပေါ်ထွန်းလာခဲ့ရတဲ့မကဒတ (ကျောင်းသား တပ်မတော်)ဟာအနှစ်(၂ဝ)ကျော်လာချိန်အထိလဲလက်နက်ကိုင်တော်လှန်ရေးအလံကို ဆက်လက် လွှင့်ထူ ထားနိုင်ခဲ့ပြီးဘုံရန်သူစစ်အစိုးရတိုက်ဖျက်ရေးကိုခိုင်ခိုင်မာမာဆက်လက်အကောင်အထည်ဖော်ရင်းတက်ကြွ တဲ့အခန်းကနေ ပါဝင်လပ်ရှားနိုင်ခဲ့ပါတယ်။ဒါ့ကြောင့်နဝတ-နအဖစစ်အစိုးရကလဲ(ကျောင်းသားတပ်မတော်) အပေါ်အညိုးတကြီးလက်တုန့်ပြန်နှိပ်ကွပ်နိုင်ဖို့ကြိုးစားရင်းအမျိုးမျိုးသောစွပ်စွဲပုတ်ခတ်မတွေကိုလဲလုပ်ခဲ့ပါတယ်။ မကဒတအဖွဲ့ကိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ်ဗုံးခွဲလုပ်ကြံရေးလူသတ်အဖွဲ့အစည်းအဖြစ်တံဆိပ်အမျိုးမျိုး ကပ်ပေးခဲ့ပါတယ်။အသက်ပေးလှူကျဆုံးသွားခဲ့ကြတဲ့အာဇာနည်သူရဲကောင်းတွေအပေါ်သစ္စာရှိခဲ့ကြပြီး ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့သားကောင်းရတနာတွေပီသခဲ့ကြတဲ့မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်)ရဲ့မူလအခြေခံလက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်း အပေါ်မှာပဲစွဲစွဲမြဲမြဲသစ္စာရှိရှိဆုပ်ကိုင်ချီတက်ခဲ့ကြတဲ့မကဒတ(ကျောင်းသားတပ်မတော်)အဖွဲ့ကြီးကတော့ စစ်အစိုးရကိုဘယ်တော့မှဒူးမထောက်အလျှော့မပေးမစေ့စပ်စတမ်းဆက်လက်ဆန့်ကျင်တိုက်ပွဲဝင်သွားရင်းအဖွဲ့ကြီးရဲ့သမိုင်းဝင်အောင်လံတော်ကိုဆက်လက်လွှင့်ထူလပ်ရှားနေဆဲဖြစ်ပါတယ်။စတင်ပေါ်ပေါက်စကာလကနဲ့ နှိုင်းယှဉ်ကြည့်ရင်အင်အားအရယုတ်လျော့ကျဆင်းနည်းပါးသွားခဲ့ရတာအမှန်ပဲဖြစ်ပေမဲ့စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတော်လှန်ရေးခရီးကြမ်းကြီးပေါ်မှာအကွေ့အကောက်အဖုအထစ်ပေါင်းများစွာကိုကျော်ဖြတ်ရင်း တော်လှန်ရေးအလံတော်ကိုဂုဏ်ပြောင်ပြောင်ဆက်လက်လွှင့်ထူဆုပ်ကိုင်ချီတက်နေဆဲဖြစ်တာကိုကအဖွဲ့ကြီးရဲ့လေးစားအပ်ဖွယ်ဂုဏ်ရောင်ဖြစ်ပါတယ်။ (ကျောင်းသားတပ်မတော်) ဟာ၂ဝဝ၉ ခုနှစ်အထိ ABSDFအဖွဲ့
ကြီး ၂၁ နှစ်မြောက်အထိ) အတွင်း တော်လှန်ရေးကိုဆင်နွှဲရင်းတပ် ဖွဲ့ဝင်ရဲဘော် (၃၅၃) ဦးကျဆုံးခဲ့ရပြီး၊ (၂၆၉) ဦးသေဆုံးခဲ့ရကာကိုယ်ခန္ဓြွာထိခိုက်ဒဏ်ရာရသူပေါင်း (၃၉၇)ဦးရှိခဲ့တဲ့အထိစွန့်လွှတ်ပေးလှူခဲ့ရမရှိခဲ့တဲ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတခု ဖြစ်ခဲ့ပါတယ်။အောင်ပွဲကို လက်ဝယ်ပိုင်ပိုင်ရယူနိုင်ခြင်းမရှိသေး ပေမဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (မကဒတ)ခေါ်ABSDFအဖွဲ့ကြီးကို ဗမာပြည်နိုင်ငံရေးလပ်ရှားမသမိုင်းမှာအရင်ကတကြိမ်တခါမှမပေါ်ပေါက်ခဲ့ဖူးသေးမရှိဖူးသေးတဲ့အမျိုးအစားသစ် ‘ကျောင်းသားတပ်မတော်’ကြီးတရပ်အဖြစ် အနေနဲ့ရော၊လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းကိုပဲ အခိုင်အမာဆုပ်ကိုင်ထားရင်းဖောက်ပြန်ဆိုးဝါးလှတဲ့စစ်အာဏာရှင်အစိုးရကိုဘယ်တော့မှဒူးမထောက်ကြေး လက်နက်ကိုင်တော်လှန်တိုက်ပွဲဝင်နေကြတဲ့ရှားရှားပါးပါးလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းကြီးတွေကြား ကခိုင်မာထူးခြားတဲ့ သမိုင်းဝင်တော်လှန်ရေးအဖွဲ့ကြီးတရပ်အနေနဲ့ပါလေးလေးနက်နက်မှတ်တမ်းတင်ပေး ရပါလိမ့်မယ်။

ဝင်းတင့်ထွန်း
မှတ်ချက်။ ။ဝင်းတင့်ထွန်း၏(ဗမာပြည်နိုင်ငံရေးပါတီအဖွဲ့အစည်းအသင်းအပင်းများအညွှန်း-စာအုပ်မှပြန်လည်ကောက်နှုတ်ဖော်ပြလိုက်ရပေသည်။

No comments: