Friday, March 12, 2010

နှင်ဆီရောင်တော်လှန်ရေး ရုပ်ပုံလွှာအပိုင်း(၇)




နှင်ဆီရောင်တော်လှန်ရေး ရုပ်ပုံလွှာအပိုင်း(၇)
တောသီးခို(နတ်တောင်)
တောသီးခို(နတ်တောင်)တောင်ကြောပေါ်မှဖြတ်ရမည်၊နတ်တောင်မှာတပ်မဟာ(၂)နယ်မြေတစ်ဝိုက်တွင်အ မြင်ဆုံးတောင်ကြီးဖြစ်သည်။ ဗမာပြည်မှအင်္ဂလိပ်တပ်တွေဆုတ်ပြေးတုန်းကနတ်တောင်ကြောပေါ်တွင်စခန်းချ သွားဖူးသည်ဟုအဖူးပြောပြထားသည်။နတ်တောင်မှာကေအန်ယူနယ်မြေနှင့်ကရိန်နီနယ်မြေတို့ ၏နယ်စပ် တောင်ကြောဖြစ်သည်။နတ်တောင်ကြောအပေါ်မှ အရှေ့ ဘက်သို့ လှမ်းကြည့်လိုက်လျှင်မော်ချီးမြို့ကိုခေတ္တ မျှမြင်ရသည်။နတ်တောင်ကြောမှာအလျားအရရှည်လျှားသကဲ့သို့ အနံအရကျဉ်းသောတောင်ကြောဖြစ်သည်။ ဆီးနှင်းများဖုံးလွမ်းနေ၍တစ်နေရာနှင့်တစ် နေရာသဲကွဲစွာမမြင်ရ။ ထိုတောင်ကြောပေါ်တွင်ဆေးဘက်ဝင်ပန်း ခါးပင်များအလေ့ကျပေါက်နေတာတွေ့ ရ၍ကျနော်တို့ နှုတ်၍ကျောပိုးအိပ်ထဲကိုစီထည်လာကြသည်။ယခင်တုန်း ကအင်္ဂလိပ်တွေစခန်းချသွားသည့်နေရာတွင်ကော်ပန်းဝါကြီးတွေတမျှဖူးပွင့်နေသောပန်းပွင့်များအကြား တွင်စစ်ကားဘော်ဒီ အဟောင်းများ။ ကတုတ်ကျင်းကြီးများ။ ဆင်ထောင်ဖမ်းသည့် မြေကျင်းနက်ကြီးများ။တွေ့ ရ သည်၊ ကျနော်တို့ အဖွဲ့ မှာတောင်ထိပ်သို့ မရောက်နိုင်သေး။တောင်ကြောကြီးမှာနှင်းမြူပင်လယ်ကြီးအကြား တွင်ရှိ၍တခါတခါ တစ်ယောက်နှင့်တစ်ယောက်အကွာတောင်မမြင်ရ။ အတော်အေးစိမ့်၍နေသည်။ရေခိုးရေငွေ့ များမှာ ပြောင်းပြန်ကျနေသည့်အလားရှိုမြောင်တွေထဲတွင်၊နယ်မြေခံလမ်းပြမှာဒီခရီးနှင့်အတော်ရင်းနှီးပုံရ သည်။ကျနော်တို့ ထမင်းချက်ဘို့ အချိန်ရောက်တော့ညခုနှစ်နာရီထိုးချေပြီ။ ရေလည်းရှိလိမ့်မည်ဟုမထင်။လမ်း ပြမှာကျနော်တို့ နှင့်မလှမ်းမကမ်းသို့ သွားပြီးတောင်ကမ်းပါးယံသို့ ဆင်းသွားပြီးမကြာမီထိုသူမှလက်ရပ် ခေါ်၍သူ့ လက်ဖြင့်ယက်ထားသည့်မြေကျင်းထဲမှရေတွေထွက်နေသည်ကိုကြည့်ပြီးထိုသူကို ကျေးဇူးတင်၍မဆုံးအောင် ဖြစ်မိသည်၊ မိမိ၏ပထဝီကို မိမိပိုင်သည်ဆိုသည်မှာ ထိုအချက်တွေပဲဖြစ်သည်။ ကျနော်တို့ အဖွဲ့ ထမင်းတည်ပြီး ပါလာသည့်ရိကျှာခြောက်များဖြင့် ညစာထမင်းကိုအားပါးတရစားပြီး နတ်တောင်ကြီး၏ တိတ်ဆိတ်မှု။ နှင်းခိုးမှုန် တွေကိုစစ်မိုးကာဖြင့်ခုခံရင်းသုံးယောက်သားတစ်ယောက်ကိုတစ်ယောက်ကျောခြင်းကပ်ရင်းရေဒီယိုနား ထောင်ကြရင်းအိပ်ပျော်သွားကြသည်။ နံနက်မိုးသောက်တော့ပစ္စည်းတွေသိမ်းတော့ ရေဒီယိုပျောက်နေသည်။ အကျီကျီနှင့် အော်သံကြား၍လိုက်ရှာကြည့်ရာ ရေဒီယိုမှာ မြေပျော့ထဲတွင်ညကဖိနပ်ဖြင့်မမြင်မစမ်းနင်းမိ၍နစ် ဝင်နေသည်။

အခြေခံဒေသထိုးဖောက်ရေး
စစ်အာဏာရှင်စနစ်ကို တော်လှန်ပြီး လူထုအုပ်ချုပ်ရေးစနစ်ဖြင့် ပြောင်းလဲဘို့ ဆိုသည်မှာကျနော်တို့ နိုင်ငံအ တွင်းနိုင်ငံရေးလွတ်လပ်ခွင့်ရှိမှ ဖြစ်မည်။ လက်ရှိကြုံတွေ့ နေရသည့်အခြေအနေများတွင်တိုင်ပြည်အာဏာ အလုံးစုံကိုစစ်အုပ်စုမှအကြွင်းမဲ့ ချုပ်ကိုင်လွှမ်းမိုးထားသည့်အပေါ်ကျနော်တို့ ၏နိုင်ငံရေးလွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့် ပြန့် မလှုပ်ရှားနိုင်ပါ။ထိုအချက်တွေကကျနော်တို့ ကိုတော်လှန်ရေးလက်တွေ့ ဘဝထဲသို့ တွန်း ပို့ ပေးနေသည်။ ထို့ ကြောင့်ကျနော်တို့သည်စစ်အုပ်စုကိုလက်နက်ကိုင်တိုက်မှဒီမိုကရေစီနိုင်ငံတစ်ခုကိုတည် ထောင်နိုင်မှာဖြစ်သည်။ လက်နက် ကိုင်တော်လှန်ရေးနယ်မြေများ၏တော်လှန်ရေးအင်အားစုများနှင့်စုပေါင်းပြီး နိုင်ငံရေးဆိုင်ရာလုပ်ငန်းများကိုချမှတ်ခဲ့ကြသည်။တော်လှန်ရေးအခြေခံဒေသတစ်ခုတည်ဆောက်နိုင်ဘို့ အ တွက်စစ်ရေးမဟာမိတ်အဖွဲ့ အစည်းတွေနှင့် ညှိနှိုင်းဆွေးနွေးမှုပြုကြရသည်။တဘက်မှလည်းရဲဘော်တွေ အားလုံးအတွေးအခေါ်အရတည်ဆောက်ရေး။သဘောတရားအရတည်ဆောက်ရေး။ အမိန့် နာခံမှုအရတည် ဆောက်ရေးဆိုပြီးတပ်တည်ဆေညက်ရေးကိုပြုကြရ သည်။ထိုသို့ အသားကျထားပြီးသားရဲဘော်တွေကိုစီစစ် ရွေးချယ်ပြီး ယခုလိုအခြေခံဒေသထိုးဖောက်ရေးခရီးစဉ်ကိုမကဒတခေါင်းဆောင်များမှဦးဆောင်ပြီးစတင် ထိုးဖောက်ဘို့ ဖြစ်လာခဲ့သည်။
ယခု ကျနော်တို့ အဖွဲ့ အခြေခံဒေသထိုးဖောက်ရေး ရောက်ရှိခဲ့ကြပြီ။ အစဦ့း ဒီဒေသကိုရောက်ရောက်ခြင်း ဒီဒေသ၏လူထုအခြေအနေ။ အခြေခံဒေသ၏ပထဝီအနေအထား။ ရန်သူ့ တပ်လှုပ်ရှားမှု စသည်တို့ ကိုလေ့လာ ရသည်။ကျနော်တို့ ထိုးဖောက်သည့်အခြေခံဒေသမှာမြန်မာနိုင်ငံမြေပုံတွင်ထောက်ကြည့်လိုက်လျှင်အချက် အခြာဒေသကြီးတစ်ခုဖြစ်တည်နေတာကိုတွေ့ ရမည်၊ ၁၉၆၂ခုနှစ် ဗိုလ်နေဝင်းစစ်အုပ်စုတိုင်းပြည်ကိုမတရား သိမ်းပိုက်၍မကြာခင် လက်နက်ကိုင်ပုန်ကန်မှုများဖြစ်ပေါ်လာသည်။ထိုလက်နက်ကိုင်ပုန်ကန်မှုကြီးအရှိန်အ ဟုန်ကြီးချိန် ပြည်တွင်းစစ်ဖြစ်နေချိန်အတွင်းဗမာပြည်ကွန်မြူနစ်ပါတီရဲဘော်များထိုဒေသအတွင်းစစ်ရေးအရ၊ စည်းရုံးရေးအရ အခိုင်အမာတည်ဆောက်ခဲ့ကြသည့်အခြေခံဒေသကြီးဖြစ်သည်။ထိုဒေသအတွင်း ရှိလူထုမှာ တော်လှန်ရေးအဖွဲ့ အစည်းများနှင့် အသားကျထားပြီးသားဖြစ်၍ကျနော်တို့ မှတဖန်ပြန်လည်ထိုးဖောက်သည့် အချိန်တွင်လည်းလူထုမှတက်ကြွစွာပူးပေါင်းဆောင်ရွက်ကြဘို့  အဆင်သင့်ဖြစ်နေတာတွေ့ ရခြင်းအားဖြင့် ကျနော့မှာအံ့သြလေးစား၍မဆုံးဖြစ်နေမိသည်။
ထိုဒေသရှိလူထုမှာအများအားဖြင့် ကရင်တိုင်းရင်းသားအများစုနေထိုင်ကြသည်။ ကရင်းလူမျိုးများစွာရှိသည့် အနက်ထိုဒေသအတွင်းနေထိုင် ကြသည့်ကရင်လူမျိုးအများစုမှာဂေခို၊ ဂေဘား၊သာမိတိုက်လူမျိုးများဖြစ်ကြ သည်၊ ပထဝီအနေအထားအရ လက်ရှိဒေသ၏အရှေ့ နှင့်အနောက်မှာ အလျားအရရှည်လျှား၍ တစ်ရက်ခရီး ခန့် ရှိမည်။အရှေ့ ဘက်တောင်ကြောအဆုံးတွင်တောင်ငူလွိုင်ကော် ခြောက်ပေကားလမ်းတစ်ခု တည်ရှိသည်။ ကားလမ်း၏အရှေ့ ဘက်ကို ကြားဒေသဟုခေါ်တွင်ပြီး ကျနော်တို့ ယခုရောက်ရှိသည့်ဒေသကို အခြေခံဒေသ တည်ဆောက်ရေး. အထူးဒေသဟုခေါ်သည်။
အထူးဒေသတွင်ရွာပေါင်း (၁ဝဝ)ကျော်ရှိသည်။ဘာသာစကားပြောကြရာတွင်တစ်ရွာနှင့်တစ်ရွာစကားပြောဆို မှုမတူအနည်းငယ်ကွဲပြားကြ သည်။အထူးဒေသတောင်တန်း၏အနောက်မြောက်ဘက်တွင်ရန်ကုန်မန္တလေး လမ်းမကြီးကိုလှမ်းမြင်တွေ့ နေရသည်။မကြာခင်ကမှရန်သူနှင့်အပစ်ရပ်ထားသည့်ကယန်းပြည်သစ်ပါတီအုပ် ချုပ်ရေးနယ်မြေနှင့်ကေအန်ယူအုပ်ချုပ်ရေးနယ်မြေနယ်နိမိတ်နှစ်ခုကို နန်းချိုချောင်းနှင့် ခွဲခြားသတ်မှတ်ထား သည်။အနောက်တောင်ခြေတည့်တည့် စစ်တောင်းမြစ်ကြီးကို လှမ်းမြင်တွေ့ ရသည်။ စစ်တောင်းမြစ်အရှေ့ ဘက် ကမ်းပေါ်ရှိဧရိယာကို မဒညတ( မြန်မာပြည်ဒီမိုကရက်စီညီညွှတ်ရေးတပ်ဦး)နယ်မြေဟုသတ်မှတ်ထားကြ သည်။အထူးဒေသအတွင်း(၄၅)ဒီဂရီမျဉ်း အရှေ့ ဘက်တွင် ဂေဘားလူမျိုး အများစုနေထိုင်ကြပြီး အများအားဖြင့် ဥယျာဉ်ခြံလုပ်ငန်းဖြင့် (၄၅)ဒီဂရီမျဉ်း.မြောက်ဘက်တွင်တောင်ငူလယ်သမားမိသားစုအများအပြားနေထိုင်ကြ သည်။တောင်ယာခုတ်ခြင်း။ လယ်ကျင်းများတွင်စပါးစိုက်ပျိုးခြင်းများဖြင့်အသက်မွေးဝမ်းကြောင်းပြုကြသည်။မြို့ ပြနှင့်လမ်းပန်းဆက်သွယ်ရေးအတော်ခက်ခဲ၏။ အထူးဒေသအနောက်ဘက်တောင်ခြေအစပ်တွင်ပျဉ်းမနား ဘက်မှဖြစ်ဟန်တူသောကရင်တိုင်းရင်းသားအများစု နေထိုင်ကြသည်။ ၄င်းတို့ ကိုသာမိတိုက်လူမျိုးဟုခေါ်သည် ။အားလုံးလိုလိုမှာ ဗုဒ္ဒဘာသာဝင်များဖြစ်ကြပြီးနှမ်းခင်းများ၊ လယ်ကွက်၊ ဥယျာဉ်ခြံမြေ၊မြေပဲခင်းများစိုက်ပျိုးကြ ပြီးအသက်မွေးဝမ်းကြောင်းပြုကြသည်။ အောက်ကွင်းမှ ဗမာများမှ ဈေးကုန်များ၊ အထမ်း၊ အရွက်များဖြင့် တောင်ပေါ်သို့ ကွမ်း၊ကွမ်းသီးများဖြင့်လဲလှယ်၍အသက်မွေးဝမ်းကြောင်းပြုကြသည်။အထူးဒေသအတွင်းကိုး ကွယ်သည့်ဘာသာများမှာ-ခရစ်ယာန်။ အင်္ဂလီဂန်။ ဗြဟ္မစို။ အာစီ။ ဗုဒ္ဒဘာသာစသည်တို့ ဖြစ်ကြသည်။
အထက်မှာဖော်ပြခဲ့သလို၎င်းဒေသ့ရွာပေါင်း(၁၅ဝ)ခန့် ရှိကြသည့်အနက်ထိုရွာများကိုအုပ်စုလိုက်ခွဲခြားသတ် မှတ်ထားကြသည်။ ရှမ်းလယ် ပြင်အုပ်စု၊ ချဉ်ပတောင်အုပ်စု၊သာမိတိုက်အုပ်စု၊ထမုံအုပ်စုစသည်များဖြင့်ခွဲခြား သတ်မှတ်ထားကြသည်။


ကျည်ဝေဖြိုး


ဆက်လက်ဖော်ပြပါမည်။

Monday, March 8, 2010

နှင်းဆီရောင်တော်လှန်ရေး ရုပ်ပုံလွှာ အပိုင်း(၆)

နှင်းဆီရောင်တော်လှန်ရေး ရုပ်ပုံလွှာ အပိုင်း(၆)
ကျနော်တို့ အဖွဲ့ ယွန်ဆလင်းချောင်းကပ်းစပ်သို့  မွန်းတက်လောက်မှရောက်သည်၊ယွန်းဆလင်းချောင်းဘေးတွင်ကရင်ရွာများတည် ရှိသည်၊ ချောင်ဘေးတစ်လျှောက်တွင် စိမ်းမြသည့်လယ်ကွင်းတွေထဲမှ ပျိုးပင်များမှာကတ္တီဘာအစိမ်းရောင်ထနေသည်။လယ်ကွင်း တွေကြားထဲတွင် ဝါးတဲငယ်လေးတွေ အတော်လှမ်းလှမ်းမှတွေ့ ရသည်။ မျက်စေ့တဆုံး အုန်းပင်စိမ်းများအစုလိုက်။ဝါးရုံပင်ကြီးများ အစုလိုက်နှင့် ရွာတစ်ရွာကိုလှမ်းတွေ့ရသည်၊ချောင်းဘေးလမ်းကြောင်းအတိုင်းလျှောက်ပြီးတစ်နေရာအရောက်တွင်ယွန်းစလင်း ချောင်းကို ဖြတ်ကျော်ရန် ဝါးတံတားတစ်ခု။ ညနေ(၅)နာရီ လောက်မှ ဒီပူးနိုရွာကိုရောက်သည်။ ရောက်လာမည်ကိုကြို သတင်းရထား သောမဟာမိတ်ရဲဘော်များမှကျနော်တို့အဖွဲ့ကိုဝမ်းပမ်းတသာကြိုဆိုအနားယူစေသည်။ကျနော်တို့ခရီးထွက်သည့်အုပ်စုတွင် ငှက်ဖျားအပြင်းဖျား၍ငမ်းထနေသာပေါ်တာတစ်ဦးပါလာသည်။ထိုသူကိုပုခက်ဖြင့်သွာရောက်ထမ်းပြီးမဟာမိတ်ဆေးမှုး များနှင့် ကျနော်တို့ ဆေးမှုးများမှ ဆေးထိုး။ဆေးတိုက်ကြသည်။မကြာခင် မဟာမိတ်ရဲဘော်များချက်ကျွေးသော ဖရုံသီးဟင်းနှင့် ငါးပိရည် ငြုပ်သီး စပ်စပ်ကို ဆာဆာ နှင့်လွေးလိုက်ကြသည်။
တော်လှန်ရေးတွင်လက်တွေ့ ကွင်းဆင်းသည့်ကိစဏများတွင်အတော်မလွယ်ပါ။စာအုပ်ထဲမှအနစ်နာ ခံခဲ့သည့်တော်လှန်ရေးသမိုင်းပုံ ရိပ်တွေကိုအားကျ။ မွန်မြတ်သန့်စင်သည့်လူထုအတွက်ကိုယ်ကျိုးမဖက်ပဲမိမိအသက်ကိုပဓါဏမထားပဲအများအကျိုးအတွက်အ သက်ကိုပါမချန် ပေးဆပ်ခဲ့ကြသည့်ခေါင်းဆောင်ကြီးတွေကိုကြိတ်အားကျပြီးလက်တွေ့ တော်လှန်ရေးကြီးခရီးတစ်ခုထဲသို့  ကိုယ်တိုင်လျှောက်လှမ်းရပြီဆိုတော့ လူတွေပေါင်းစုံနှင့် ဆက်ဆံလုပ်ကိုင်နေရသည်မှာ ကိုယ်စိတ်တစ်ခုတည်းနှင့်တော့မလုံလောက် နိုင်။ အများနှင့် လျှောက်လှမ်းရသည့်ခရီးပန်းတိုင်တို့ တွင်အများသဘောတူညီမှုကိုခံယူပြီးသဘောတူချက်ပန်းတိုင်တွေကိုအတူတကွ လျှောက်လှမ်းရသည်၊အရာရာတိုင်းတွင်ကိုယ့်စိတ်နှင့်မတွေ့တာတွေဖြစ်လေ့ရှိသည်၊သို့ သော်တော်လှန်ရေးပါလားဟုသတိ အကြိမ်ကြိမ်ချပြီး ထစ်ကနဲရှိ ဖြစ်တတ်သည့်မလိုအပ်သည့်ဒေါသတွေကိုတဖြည်းဖြည်းထိမ်းသိမ်းရင်းရဲဘော်ရဲဘက်စိတ်ဆိုသည့် အေးအတူပူအမျှနေထိုင်သည့် စိတ်ဓါတ် လေး ကိုမွေး မြူတတ်ခဲ့သည်။
အရွယ်က တော်လှန်ရေးတွင် ငယ်ရွယ်တက်ကြွသည့်အရွယ်။ အရာရာကို ကိုယ်ထိလက်ရောက် ဝင်ရောက် လုပ်ကိုင်မှကျေ နပ်ကြသည့် အချိန် တွေလည်းဖြစ်သည်။ မှန်သည်မှားသည်ဦးစားမပေးပဲ မှန်တယ်ထင်ရာကို ဆုံးဖြတ်ချက်ချလိုက်တိုင်း မှန်သည့်အခါလည်း ရှိ မည်။ မှားသည်အခါလည်းရှိမည်။ ဒီတစ်ခါဆုံးဖြတ်မှုကြီး ကတော့ အကြိမ်ကြိမ် မှားခဲ့သည့် ဆုံးဖြတ် ချက်တွေမှ အကြီးဖြတ်ဆုံး။ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ဖြစ်သည် ကိုတော့ ကျေနပ်၍မဆုံးအောင် ဖြစ် နေခဲ့သည်။ သေနတ်ကြီးကိုထမ်း။ လူထုအတွက်ရအောင်တိုက်မည့် ဒီမို ကရေစီနိုင်ငံတော်သစ်ကို ကျနော်တို့ အရွယ်တွေကောင်းသည့် အချိန်မှာ အဖြူစင်ဆုံးပေးဆပ်ရတာကိုက မွန်မြတ်သန့် စင်သည့် လာခြင်းကောင်းခဲ့သူလို့ ကျေနပ်နေခဲ့သည်။ အသေမြတ် သော လက်တွေ့ လက်နက်ကိုင် တော်လှန် ရေးကြီးတွင် မွန်မြတ်သန့် စင်သည့် စိတ်ဓါတ်တွေ၏မေတ္တာတရားတွေကိုခံယူထွေးပိုက်ရင်းကျနော်တို့ ခရီးကို ကျနော်တို့ စိတ်ကူးတွေကိုယ်စီအတွေးနှော့ရင်းတော တောင်တွေ၏အလွမ်းအငွေ့တောင်တန်းကြီးတွေ။ မီးခိုးတိုင်လျှပ်စစ်မြို့ ပြတွေကို ချန်ထားပစ်ခဲ့ရင်း မိုင်ပေါင်းရာချီဝေးလွန်းလှသည့် တောင်စိမ်းစိမ်းတွေ၏အတွင်းကျကျကမြာမြေတစ်နေရာရာမှာ ခွပ်ဒေါင်းစစ်သည်အချို့ တစ်တောင်ပေါ်တစ်တောင်တက်
ပြီးတောင် အမြင့်တွေ ပတ်ချန်ရံ ထားသည့် တောစိမ်းတောင်တန်း ရင်ခွင်ထဲမှာ ကျနော်တို့ တစ်တွေ ဆူးညှောင့်ခလုပ်တွေကို သတိကြီးစွာ ဖြတ် ကျော်ရင်း စိတ်ဓါတ်ခွန်းအားဖြင့် လိုအပ် ချက် ပန်းတိုင်တစ်ခုကို လက် တစ်ကမ်းသာလိုတော့သည့်ရွာမှာ ဒီညအိပ်ဖြစ်တော့မည်။
ကဗျာဆရာယောဟန်အောင်၏-ဗိုလ်ဆာကီးတောင်တန်းကရေတံခွန်ကြီးရဲ့ ပုံကနဂါးစိမ်းကြီးတစ်ကောင်ကသူ့အမြီးသူပြန်မျိုနေ သလိုမျိုး ကဗျာစာသားလေးကိုသဘောကျရင်းပေါ့ပါးစိမ်းလန်းစွာထိုင်ငေးနေမိသည်။ ရွာသားတစ်ယောက်ကျနော်တို့ ထံပြေးလာသည်။ အရေးကြီးသည့်ပုံ။ကျနော်တို့အဖွဲ့နေရာကိုယ်စီယူလိုက်
ကြသည်။ အေကေသေနတ်လုံးခြုံရေးခလုပ်ကိုဖွင့်ပြီးဆေးပစ္စည်း ထမ်းထားသည့် ဆတ်သားတစ်ယောက်ကို အနောက်တွင် လွတ်လွတ်ထားလိုက်သည်၊တပ်စိပ်မှုးမှ ရွာသားနှင့်သစ်ပင်အကွယ်တွင်စကားတီးတိုးပြော နေကြသည်၊မကြာပါ-တပ်စိပ်မှုးမှ-ဗိုလ်ဆာကီးတောင်ထိပ်မှာရန်သူ့ဗျူဟာရုံ စိုက်ထားတယ်လို့သိရသည်။အခုကျနော်တို့နဲ့  နာရီဝက်သာသာခန့် မှာ အဲဒီတော့ လာလမ်းအတိုင်းနောက် ကိုပြန်ဆုတ်မယ်။ ခရီးနှောက်နှေးမှုမဖြစ်ရအောင်။
ကျနော်တို့ အဖွဲ့  ဗိုလ်ဆာကီးတောင်ကြောမှဆင်းပြီး ရန်သူနှင့်လမ်းကြောင်းလွဲသည့်နေရာတစ်ခုတွင် ရွာသားမှ လိုက်ပြပြီး တပ်မဟာ(၂)နယ် စပ်မှ ကာကွယ်ရေးတပ်များနှင့် သတင်းပေးဆက်သွယ်မှုပြုကြရသည်။ ထိုရွာမှာ ကျနော်တို့ စခန်းချသည်။
ယခင်ကဗိုလ်ဆာကီးဂိတ်တွင် အကောက်အခွန်ဂိတ်ထားသည့် ကာကွယ်ရေးတပ်ဖွဲ့ပြန်ဆုတ်ပြီး ယခုလို ကျနော်တို့ နှင့်ပြန်လည်ဆုံ ဆည်းမိခြင်း ဖြစ်သည်။ ထိုဂိတ်တွင်ဗြိတိသျှလက်ထက်ကတည်းကတော်လှန်ရေးတာဝန်ထမ်းဆောင်ခဲ့ဘူးသည့်ကေအန်ဒီအိုခေါင်း ဆောင်ဗိုလ်မှုးဖူးငယ်တူးကိုတွေ့သည်။ အဖူးငယ်ထူးမှာအသက်ကြီးသွားသော်လည်းယနေ့ အချိန်အထိဥပဓိရုပ်ကောင်းကောင်းနှင့် သန်သန်မာမာတွေ့ ရသည်။အဖြူရောင်တစ်ဝက်၊အနက်ရောင်တစ်ဝက်လုနေသည့်သူ၏ဆံပင်များကိုသေသပ်စွာဖြီးလိမ်းထားတာတွေ့ ရသည်။ သူဝတ်ထားသည့်ပုဆိုးအုန်းသီးခြောက် အရောင်ပေါ်တွင် စစ်ခါးပတ်ကိုပတ်ပြီးသူ၏ရဲဘော်များနှင့်တောထဲတောင်ထဲတွင်ကရင် အမျိုးသားလွတ်မြောက်ရေးတာဝန်များကိုတက်တက်ကြွကြွထမ်းဆောင်နေတာမြင်ရတော့ ကျနော်အတိုင်းအဆမရှိလေးစားနေမိသည်။ အဖူးမှ ကျနော်တို့ ကို ကျောင်းသားတပ်မတော်ကမှန်းသိ၍အစားအသောက်ဆင်း ရဲမှာစိုး၍လားမသိ။ကျနော်တို့ရောက် လျင်ရောက်ခြင်း နွားတစ်ကောင်ပေါ်၍သူ့ ရဲဘော်တွေကိုလည်းခွဲတမ်းကျဝေ။ကျနော်တို့အဖွဲ့ ကိုလည်းယခုချက်စားဘို့။လမ်းတွင်ရိက္ခာခြောက်လုပ်သွား ဘို့ မှာပြီးမိဘသဖွယ်ဆုံးမသြဝါဒပေး၏။သူ၏အိပ်ယာဘေးတွင်နေရှင်နယ်လေဒီယိုအဟောင်းလေးတစ်လုံး။ဟန်းကောရေနွေးအိုး တစ်လုံး။ပါးစပ်တွင်အမြဲလိုလိုသောက်သည့်ပိတောက်သားရောင်ဆေးတံအိုးကိုမကြာခဏဆေးတွေခြစ်ထုတ်ပြီးအေးဆေးတည်ငြိမ်စွာ ဖြင့်သူ၏ရှေးဟောင်းနှောင်းဖြစ်လေးတွေကိုရေနွေးသောက်ရင်းကျနော်တို့ကိုပြောပြနေသည်။ရှေ့ ဆက်ခရီးထွက်မည်ပြုတော့ ကျနော်တို့ အဖူးတဲသိုသွားပြီး ဂါဝရပြု နှုတ်ဆက်ထွက်ခွာခဲ့သည်။
ကျည်ဝေဖြိုး
ဆက်လက်ဖော်ပြသွားပါမည်။

Wednesday, March 3, 2010

နှင်းဆီရောင်တော်လှန်ရေး ရုပ်ပုံလွှာအပိုင်း(၅)

နှင်းဆီရောင်တော်လှန်ရေး ရုပ်ပုံလွှာအပိုင်း(၅)
၁၉၉၄-၉၅ခုနှစ် အစပိုင်းကာလ၊ အခြေအနေတစ်ချို့ ။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ ဗဟိုဌာနချုပ်မှာ ဒါးဂွင်တွင်ဖြစ်သည်။ ဒါးဂွင် သည် ယခင်က ရန်သူအခြေပြု တပ်စွဲထားသော နေရာဟောင်းဖြစ်သည်။ ထိုနေရာဟောင်း၌ ကျနော်တို့ တပ် စခန်းများ အခြေပြုရသည်။ ဥသုထ အထက်ဘက်တွင် ဖြစ်သည်။ ထိုနေရာမှာ စရောက်၍လားမသိ။ ရဲဘော် များမှာ ငှက်ဖျားရောဂါဖြစ်ကြသည်။ ကျနော်တို့ တပ်ရင်းဘေးတွင် မ.က.ဒ.တ.ဗဟို သင်တန်းကျောင်း တစ်ခု ရှိ သည် ထိုသင်တန်းကျောင်းဘေးတွင် (၂၁၂)တပ်ရင်းရှိသည်။ ဒါးဂွင်းကို အမည်ပြောင်းပြီး ဒေါင်းဂွင်ဟု အမည် အသစ်ခေါ်တွင်စေခဲ့သည်။ ဒေါင်းဂွင်၌အခြေချနေထိုင် စဉ် အခြေခံစစ်ပညာသင်တန်း အမှတ်စဉ်၁/၉၄ကို ဖွင့်လှစ်နေချိန်ဖြစ်သည်။ ထိုသင်တန်းသည် မကဒတဗဟိုမှ စတင်ဖွင့်လှစ်သော သင်တန်းအ မှတ်စဉ်(၁)ဖြစ် သည်။ ကျနော်တို့ မှာ တပ်ရင်း၌သင်တန်းတက်ခဲ့ရ၍ အပတ်စဉ်မရှိပါ။
နောက်တစ်ကြိမ်ဗဟိုဌာနချုပ် ဆက်သွယ်ရေးတပ်ဖွဲ့ မှ တစ်မျဉ်းကိုးလေး၊ ဆက်သွယ်ရေးသင်တန်းပေးရန် အတွက် သက်ဆိုင်ရာတပ်ရင်းများမှ ရဲဘော်တစ်ယောက်စီဆင့်ခေါ်ပါသည်။ ထိုသို့ ဆင့်ခေါ်ရာတွင် ထိုသင်တန်းသို့ (၁ဝ)တန်းအောင်၊(သို့ )(၈)တန်း၊ (၉)တန်း၊စတဲ့အခြေခံရှိသည့်ရဲဘော်များ ဖြစ်ရမည်ဟု ချွင်း ချက်ပါရှိသည်။ တပ်ရေးဗိုလ်ကြီးမှ ကျနော့်အား ဆက်သွယ်ရေးသင်တန်းတက်ရန်ဆွေးနွေးလာပါသည်။ ဆက်သွယ်ရေးဘာသာရပ်၏ အရေးကြီးပုံကို စိတ်ဝင်စားပြီး ယခုဖွင့်လှစ်မည့်ဆက်သွယ်ရေးသင်တန်းကို ကျနော်တက်ရောက်မည်ဟု ကတိပေးလိုက်သည်။ တပ်ရေးဗိုလ်ကြီးမှ ကျနော်အားမ.က.ဒ.တ.ဥက္ကဌ ထံခေါ်သွားပြီး ဥက္ကဌနှင့်တွေ့ ဆုံစေခဲ့ပါသည်။ -ဥက္ကဌ ကျနော်တပ်ရင်း(၂၁ဝ)က ဆက်သွယ်ရေးရဲဘော်အဖြစ် ဒီရဲဘော်ကို စာရင်းပေးသွင်းပါတယ်ဟု သတင်းပို့ ပါသည်။ မကြာခင်တပ်ရင်းသို့ ပြန်၍ ဘာတိုက်တွင် ကျနော့်အဝတ်အစား(၂)စုံနှင့်မုဒုံစောင်တစ်ထည်ကို ကြွပ်ကြွပ် အိပ်ထဲထည့်ပြီး၊ ဆက်သွယ်ရေး သင်တန်း ကျောင်းသို့  သင်တန်းသားအဖြစ်သွားရောက်ကန့် သွင်းရပါသည်။
ဆက်သွယ်ရေးသင်တန်းသားစုစုပေါင်း(၁၂)ဦးခန့် ရှိမည်။ သံလွင်ကမ်းဘေးတွင်ဖြစ်သည်။ သင်တန်းရဲဘော် များမှာ တပ်ရင်းအသီးသီးမှ ရဲဘော်များဖြစ်ကြ၍ တစ်ဦးအကြောင်းတစ်ဦးမသိကြရသေးပါ။ ထို့ ကြောင့် စကားပြောဆိုကြရာတွင် မာနလေးတွေကိုယ်စီရှိတတ်ကြသည်။ သင်တန်းကြီး ကြပ်သူမှ သင်တန်းသားများ ချစ်ခင်စွာနေထိုင်ကြရန်၊ တစ်နေ့ တာလုပ်ငန်းအစီအစဉ်ဇယားများဆွဲပေးသည်။ သင်တန်းသားများကို ကသ(ကျောင်းသား) နံပါတ်များကိုယ်စီထုတ်ပေးသည်။ အုပ်စုတစ်အုပ်စုတွင် အလှည့်ကျခေါင်းဆောင်တာဝန် ထမ်း ဆောင်ရသည်။ သင်တန်း-ကသနံပါတ်များပေးရာတွင် ကျနော်၏နံပါတ်မှာ(၄)ဖြစ်သည်။ အလှည့်ကျအုပ်စု နေ့ စဉ် မိမိတာဝန်ကျရာလုပ်ငန်းစဉ်များမှာ နံနက်စောစောတွင် အဖွဲ့ ခေါင်းဆောင်မှထ၍ ဝီဆယ်မှုတ် ပြီး သင် တန်းသားများကို နိုးရပါသည်။ ထမင်းချက်တာဝန်ကျသူက ထမင်းချက်ရန်၊ ထမင်းချက်ဘို့ ရေကို သံလွင်မြစ်ထဲသို့ (၅)ဂါလံပုံးဖြင့်ထမ်းတင်ရေခပ် ပေးကြရသည်။ နံနက်(၇)နာရီထိုးပြီးအချိန်တွင် သင်တန်းသားများ စားသောက်ပြီးချိန်ဖြစ်ရမည်။သတ်မှတ်ထားသည့်အချိန်၌ အဆင်သင့်မဖြစ်လျင် သင်တန်းမှုးမှ ထိုအုပ်စုကို အမှတ်ဖြတ်ပါသည်။ တာဝန်မကျသေးသည့်အုပ်စုများမှာ ပေးထားသည့် သင်ခန်း စာများကို ပုရစ်အော်သည့်အလားလေ့ကျင့်နေ ကြရသည်။
သင်တန်းကာလ အချို့ အချိန်များတွင် မကဒတမှ နိုင်ငံရေးခေါင်းဆောင်၊စစ်ရေးခေါင်းဆောင်အချို့ မှ နိုင်ငံရေးအခြေခံသင်ခန်းစာများ ၊ စစ်ဘက်စာရေးသားနည်းများ၊ ရုံးလုပ်ငန်းအချို့ ကိုသင်ကြားပို့ ချပေးသည်။ သင်တန်းကြားကာလတွင် သင်တန်းသားအချို့ မှာ ငှက်ဖျားဒါဏ်ကိုအလူး အလဲခံကြရ၍ သင်ခန်းစာ နောက်ကျလျင် ထိုရဲဘော်ကို သင်တန်းသားအချင်းချင်းမှ လိုက်မှီနိုင်အောင် လက်တွဲခေါ်ဆောင်ရပါသည်။ သင်တန်းကာလမှာ (၆)လဖြစ်ပါသည်။ ထိုကာလအတွင်းဆက်သွယ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများကို မနည်းမှီအောင်ကြိုးစားကြရပါသည်။
ဆက်သွယ်ရေးသင်တန်းဆင်းပွဲကို ၁၉၉၄ခုနှစ်၊ ဇူလိုင်လမှာဆင်းဖြစ်ပါသည်။ သင်တန်းဆင်းချိန်မှစပြီး မိခင်တပ်ရင်းများ၌ အချိန်ပြည့်တာဝန် မထမ်းဆောင်နိုင်တော့ပဲ ဆက်သွယ်ရေးတပ်ဖွဲ့ ၌ ရေဒီယိုအော်ပရေတာ ရဲဘော်အဖြစ် စတင်တာဝန်ထမ်းဆောင်ရပါသည်။ လုပ်ငန်းများကို စက်ခန်းထဲ တွင် အချိန်ပြည့်အလုပ်လုပ်ရင်း -ဆက်သွယ်ရေးတပ်ဖွဲ့ မှုးမှ သက်ဆိုင်ရာတပ်ဆွယ်များတွင် တာဝန်ထမ်းဆောင်ရန် အမိန့် စာများကျလာ ပါသည်။ ကျနော်တာဝန်ကျသည့်တပ်ဆွယ်မှာ တပ်ဆွယ်(၂)တွင်ဖြစ်သည်။ အခြားရဲဘော်များမှာ သက်ဆိုင်ရာ တပ်ဆွယ်များသို့  ခရီးထွက်ရန်ပြင်ဆင်နေကြသည်။ ခရီးထွက်ခါနီး ရဲဘော်အချင်းချင်း ဌာနချုပ် လဘက်ရည် ဆိုင်၌လဘက်ရည်မှာသောက်ကြပြီး မကြာမီကမ်းဘေးသို့  ထိုးစိုက်လာသော စက်လှေပေါ်သို့ ကိုယ်စီ တက်သွားကြပြီး တာဝန်ကျရာနေရာသို့  နှုတ်ဆက်လက်ပြပြီး သွားရောက်တာဝန် ထမ်းဆောင်ကြရသည်။
ကျနော်တာဝန်ကျသည့်နေရာမှာ ကေအန်ယူဗဟိုဌာနချုပ်ကြီးတည်ရှိရာ မာနယ်ပုလောတွင်ဖြစ်သည်။ မာနယ်ပုလောဌာနချုပ်ကြီးအနီးတွင် လောကွားလူရုံးရှိသည်။ ထိုရုံးမှာ မကဒတ၏ မဟာမိတ်ဆက်ဆံရေး ဗဟိုဌာနချုပ်ရုံးခွဲဖြစ်သည်။ မာနယ်ပုလောတွင် တာဝန်ကျစဉ် ထိုအချိန်ကတော်လှန် ရေး အဖွဲ့ အစည်းအသီးသီးမှ ကျင်းပပြုလုပ်သည့် တိုင်းရင်းသားနှီးနှောဖလှယ်ပွဲကျင်းပချိန်ဖြစ်သည်။ မာနယ်ပုလော ဌာနချုပ်သည်အဖွဲ့ အစည်းအသီးသီး ရုံးအသီးသီး နှင့် စနစ်ကျစွာတည်ရှိ၍ မြို့ ငယ်လေးတစ်ခု အလား ဖြစ် တည်နေပါသည်။ သောင်ရင်းဖြစ်ရေ၏ အရောင်မှာလည်း မိုးမခအပင်များဝေဝေဆာ ဆာနှင့် စိမ်းမြ ကြည်လင်စွာစီးဆင်းနေပါသည်။ ကရင်အမျိုးသားနေ့ ကို ထိုဌာနချုပ်တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပကြပါသည်။ တစ်ဘက်ကကရင်း အမျိုးသားနေ့ ကျင်းပနေသလို ထွီပါဝီကျိုးခံစစ်တောင်ကြောများတွင် ရန်သူနှင့် တော်လှန်ရေးရဲဘော်တွေမှာလည်း တိုက်ပွဲက အရှိန်အဟုန်ပြင်းစွာ ဖြစ်ပေါ်နေပါသည်။ကျနော်တို့  ရုံးအရှေ့ မှ မကြာခဏဖြတ်သွားသောစက်လှေများပေါ်တွင် လက်နက်အပြည့်အစုံဖြင့် ပုဝါနီများဝှေ့ ယမ်း၍နှုတ်ဆက်ထွက် ခွာသွားကြသော ရဲဘော်များကိုတွေ့ နေရသည်။
ပအိုဝ့်လက်နက်ကိုင်အင်အားစုတစ်စုမှ ၄င်းတို့ မာနယ်ပုလောမှ ပြန်ရုတ်ပြီးခရီးထွက်ဖို့ ကျနော်တို့ ရုံးရှေ့  တွင် စုရုံးရောက်ရှိနေတာတွေ့ ရသည်။ မကြာမီ၎င်းတို့ အထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသူမှ ကျနော့်အား နှုတ်ဆက်သည်က စဉ်းစားစရာဖြစ်နေသည်။ -ယောက်ဖရေ နှုတ်ဆက်ခဲ့တယ် ကွာ၊ ရန်ကုန်မှာ ပြန်ဆုံကြ သေး တာပေါ့-ဟုနှုတ်ဆက်ပြီး သူတို့ အလံကိုလှေဦးထိပ်တွင်ထောင်၍ ပအိုဝ့်ဝတ်စုံကိုယ်စီ ၊ခေါင်းပေါင်း ကိုယ်စီနှင့်စက်လှေထွက် ခွာသွားတာကို အသက်မပါပဲ လက်ကနှုတ်ဆက်နေပုံက ဘယ်လိုနားလည် ရမလဲ ဟု စဉ်းစားရခက်နေသည်။

ကေအန်ယူနှင့် ဒီကေဘီအေ-အရေးအခင်း။
သတင်းက သဲ့သဲ့ကြားနေရသည်။ မသေချာတော့မပြောတတ်။ ကေအန်ယူအဖွဲ့ အစည်းအတွင်း ပဌိပက္ခ ဖြစ်နေပြီတဲ့။ တဘက်မှာလည်း ရန်သူက ကေအန်ယူကို တဘက်သတ်အပစ်အခတ်ရပ်စဲရေးလုပ်နေပြီတဲ့။ ကျနော်တော့မယုံ။ ရန်သူသည်တဘက်လှည့်ဖြင့် ထွီပါဝီကျိုး ခံစစ်ကြောကို ထိုးစစ်လုပ်၍ မရသည့်အဆုံး ပရိရာယ်ဆင်ပြီး ကေအန်ယူတော်လှန်ရေးအဖွဲ့ အစည်းထဲသို့  ဘာသာရေးအရ စိတ်ဝမ်းကွဲအောင် ပြုလုပ်ပြီး မာနယ်ပု လော ဌာနချုပ်ကြီးကို အပိုင်စီးသွားခဲ့သည်။ သို့ သော် မာနယ်ပုလော ဌာချုပ်တွေ အများကြီး ရှိနေ သေးသည်ကိုတော့ဖြင့်။
ထိုသို့ အရေးအခင်းဖြစ်နေချိန်အတွင်း ကျနော်တို့ မကဒတ ဗဟိုဌာနချုပ်ဒေါင်းဂွင်သို့  စက်လှေဖြင့် ပြန်လာ ခဲ့ ရသည်။ ဒေါင်းဂွင်းဌာနချုပ်သို့ ရောက်၍ မကြာမီ ရန်သူနှင့်ဒီကေဘီအေပူးပေါင်းအဖွဲ့ တွေသည် သံလွင်မြစ်ရိုး အစိတ်အပိုင်းအတော်များများကို ဖြန့် ကျက်နေရာယူမှုများပြုပြီး မကြာခင် ကျနော်တို့ ဗဟိုဌာနချုပ်ကိုပါ စစ် ဆင်ရေးပြုလုပ်မည်ဆိုသည့်သတင်း အခိုင်အမာရသည့်အတွက် ဌာနချုပ်ကြီး ရွှေ့ ပြောင်းဘို့  အစီအစဉ်ကို စ တင်ပြုလုပ် နေကြသည်။
သက်ဆိုင်ရာတပ်ရင်းတွေမှလည်း တပ်ရင်းအလျှောက် တိုက်ခိုက်ရေးအင်အားထုပ်ပြီး ပူးပေါင်း စစ်ကြောင်း တွေဖွဲ့ ။ဗဟိုလုံခြုံရေးအတွက် ဗဟိုနောက်ကျော၌ စစ်ကြောင်းများနေရာယူကြရသည်။ ဖြစ်လိုက်သည့် တိုက်ပွဲတွေမှာလည်း ညတိုက်ပွဲများဖြစ်ကြသည်။ ရန်သူဘက်မှ အရှင်ဖမ်းမိသည့် ရန်သူစစ်သားများကို သုံ့ ပန်း အဖြစ် ဖမ်းဆီးခေါ်ဆောင်လာပြီး ထိမ်းသိမ်းလိုက်ကြသည်။ ကျောင်းသားတပ်မတော်တွင် ရှေ့ တန်း၌ တိုက်ပွဲဖြစ်ရင်း အရှင်ဖမ်းမိသူ (သို့ မဟုတ်) လက်နက်ချအလင်းဝင်သူများကို အရေးယူ ဆောင်ရွက်ခြင်း မပြု လုပ်ရန် ဗဟိုစစ်ကော်မရှင်မှ အတိအကျအမိန့် ထုတ်ထားပါ သည်။ ထို့ ကြောင့် ကျောင်းသားတပ်မတော်တွင် သုံ့ ပန်းပေါ်လစီကို ရိုသေစွာကျင့်သုံးခြင်းမှာ ဤအချက်တွေက သက်သေပြသည်မဟုတ်ပါလား။
ပြောင်းရွှေ့ ရေးအစီအစဉ်၌ စစ်ရေးတာဝန်ရှိသူမှ အမိန့် ထုတ်ရာတွင် အခြားတပ်ရင်းမှ အိမ်ထောင်သည်များ၊ ဌာနများ၊ ပစ္စည်းများအားလုံး ပြောင်းရွှေ့ ပြီးမှ ဆက်သွယ်ရေးတပ်ဖွဲ့ မှာ နောက်ဆုံးမှဆုတ်ခွာရမည်ဟု အမိန့် ချထား၍ နောက်ဆုံးအချိန်အထိ စွန့် ခွာရတော့မည့်ဌာနချုပ်ကြီး၏ ခမ်းနားကြီးကျယ်မှုတွေကို တဝကြီး ကြည့် ပြီးမှ ဆုတ်ခွာခြင်းအစီအစဉ်ကို ပြုလုပ်ရတော့သည်။
တဘက်ကမ်းမှာတော့ ပုရွက်ဆိတ်တွေအစာချီပြီးစီတန်းနေသည့်အလား မြင်ကွင်းများက။ တချို့ ဆိုလျှင် ကရင် လူမျိုးအချင်းချင်း အသွားအပြန် ပစ္စည်းတွေထမ်းရင်း သူ့ မယုံ၊ ကိုယ့်မယုံအကြည့်တွေဖြင့် သံဿယတွေပွားပြီး သွားလာလှုပ်ရှားနေကြပုံ။ မကဒတတပ်ဖွဲ့ ဝင်မိသားစုများ၊ အိမ်ထောင် သည်များကို လုံခြုံဘေးကင်းရာ နေရာများတွင် ယာယီတဲစခန်းများချ၍ ခေတ္တနေကြရသည်။ အချို့ ဆိုလျှင် အပြင်းဖျားဖျားနေကြသည်။ အချို့ အိမ်ထောင် သည် အမျိုးသမီးများဆိုလျှင် မွေးခါနီး နေ့ စေ့၊ လစေ့ကိုယ်ဝန်တွေပိုက်ပြီး ဘယ်နေရာမှာ မွေး သွားမလဲ ဗိုက်တပြင်ပြင်တထင့်ထင့်ဖြင့်။ လူတန်းရျည်ကြီး၏ ပစ္စက္ခဘဝအခြေအနေတွေက ထိုကဲ့သို့ ဖြတ်သန်း နာခံရင်း စစ်အာဏာရှင်စနစ်တော်လှန်ရေးခရီးကြမ်းထဲတွင် ရင့်ကျက်ခဲ့ကြသည်။
၁၉၉၅ခုနှစ်-သြဂုတ်။
ဝဲကြီးစခန်း။ ။ ဝဲကြီးမှာ နာမည်နှင့်လိုက်သည်။ သံလွင်မြစ်အတွင်း ရေဆန်သို့ ပြန်တက်သည့် မည့်သည့် စက်လှေမဆို ဤဝဲကြီးနေရာ သို့ ရောက်လျှင် လှေဦးမှာရပ်သွားပြီး စုတ်ဝဲ၊ မှုတ်ဝဲများဆူပွက်၍ စက်လှေကြီးကို ဝဲလှည့်၍နေသည်။ ဝဲလှည့်စဉ် အသဲထိတ်စွာ ရေတွေက လှေဝမ်းထဲသို့  တရောဟော ဝင်လာသည်။ ထို့ နောက် မှုတ်ဝဲ၏ မှုတ်ထုတ်လိုက်သည့် ရေကြောင်းအတိုင်း စက်ရှိန်ကိုမြှင့်တင်၍ လျှပ်တပြက် မောင်း ထွက်ရသည့်နေရာ ဖြစ်သည်။ သို့ သော်လှေမောင်းသမားက လိမ္မာကျွမ်းကျင်စွာဖြင့် လုပ်ကိုင်သွားလာ နေကြရသည်။ ဘေးတဘက်တချက်တွင် ရှုမျှော်ခင်းတွေနှင့် ရေညှိ ရောင် တောင်တန်းကြီးတွေ ကာစီး ထားသည့်ပုံတွေအလား မြင့်မားတည်ရှိနေပုံကလည်း လျှို့ ဝှက်ဆန်းကျယ်စွာ လှပနေသည်ကတော့ သူ့ သဘာဝနှင့်သူ။
ဝဲကြီးတွင်တာဝန်ကျရင်း တပ်ရင်းတပ်ဖွဲ့ များမှာ ခြေကုတ်စခန်းများကိုယ်စီဖြင့် ရှေ့ တန်းဧရိယာများတွင် လှည့်လည်သွားလာကြရင်း နယ်မြေခံမဟာမိတ်စစ်ကြောင်းများဖြင့် အေးအတူပူအမျှ တစ်ဘဝတည်းမှာ စုစည်းညီညာစွာဖြင့် ဖြတ်သန်းကြရင်း။ စစ်ရေးလှုပ်ရှားမှုများကို အကောင် အထည်ဖော်နေပုံက မ.က.ဒ.တ.၏ စစ်ရေးအမြင်ရင့်ကျက်လာမှု။ နိုင်ငံရေးအသိနှင့်တော်လှန်ရေးသတိတွေကို ရင်ဝယ်ပိုက်ရင်း မြန်ပြည်သစ်၏ သားကောင်း ဒေါင်းစစ်သည်တွေ၏ ပေးဆပ်မှုက ရက်ရောတက်ကြွသည့် ခြေလှမ်းတွေကို မြင်ယောင်ရင်း။ထိုပုံရိပ်တွေကို မေ့၍ရနေဦးမည်မဟုတ်တာတော့ အသေ အခြာပြောနိုင်သည်ပါသည်။ ထိုသေခြာမှုများသည် မြန်မာပြည်ဒီမိုကရေစီ တော်လှန်ရေးကြီး၏ သမိုင်းတစ်ခုတွင် ကဏ္တတစ်ခုအဖြစ် ရှိနေရမည်ဟုမြင် ယောင်ရင်း။ တော်လှန်ရေးခြေထောက်တွေက ဆူးမကြောက်စွာလျှောက်လှမ်းနေပုံ။
သြဂုတ်-၁၉၉၅။

အမိန့် က ပုံမှန်အလိုမကျမှု၊ စိတ်ဆင်းရဲမှုတွေကို ရုတ်တရက်ပုတ်နိုးလိုက်သည့်အလား ဝမ်းသာကြည်နူးမှုအမိန့် ပဲဖြစ်ပါသည်။ သွားရမည့် ဒေသမှာ-ကေအန်ယူ တပ်မဟာ(၂)၊ တောင်ငူခရိုင်၊သံတောင်မြို့ မြောက်ဘက်၊ အခြေခံဒေသထိုးဖောက်ရေး။ ထိုဒေသကိုအထူးဒေသဟုခေါ်သည်။ ဘယ်လောက်ဝေးပြီး၊ဘယ်လောက်ကြာမှ ရောက်နိုင်မည်ဆိုတာ မခန့် မှန်းနိုင်။ လောလောဆယ်ခရီးထွက်ရမည်ဆိုခြင်းက ပျော်စရာ။ ကြည်နူးစရာ။ ဝပ်ကျင်းထဲ ဝပ်နေရသည့်ကြက်မတစ်ကောင်လို အညောင်းမိနေသည့် ကျနော်တို့ နှစ်ယောက်။ ဆက်သွယ်ရေး တာဝန်များဖြင့် ထိုဒေသကိုသွားရောက် တာဝန်ထမ်းဆောင်ရမည်။ ခရီးမထွက်မီ ကြိုတင်ပြင်ဆင်စရာ ရှိသည်များပြင်ဆင်နေမိသည်။ ဒါကရှေ့ တန်းထွက်ခါနီး ရဲဘော်တစ်ယောက်၏ ပုံမှန်လုပ်ရ မည့် အလုပ်။တောင်တက်လျင်ညောင်းမည်၊ ဒီအတွက် အမောခံနိုင်အောင်၊ အညောင်ခံနိုင်အောင် ပထမ ထိုင်ထ လေ့ကျင့် ခန်းဝင်ရသည်။ ခရီးထွက်ခါနီးမှ လက်ပူတိုက်ရသလိုမျိုးလုပ်ရတော့ ခြေသလုံးတွေကြီးလာသည်။ ပေါင်ကြော တွေတင်းလာသည်။ လမ်းလျှောက်လျင်ကွတတ။

ကလို့ ပါ-ဒုက္ခသည်ရွာလေးမှ လှေဖြတ်ကူးပြီး ခရီးထွက်ရသည်။ ထိုအချိန်-ကရင်ဒီကေဘီအေနှင့်ရန်သူ့ တပ်များမှာ သံလွင်ကမ်းရိုးတစ် လျှောက် တပ်စွဲထားသဖြင့် လွတ်သည့်နေရာမှ ဗမာဘက်ကမ်းကို ကူး၍ ခရီးထွက်ရသည်။ ခရီးထွက်ရမည့်အဖွဲ့ မှာ (၅)ယောက်။ကျနော်အပါအဝင် တပ်မဟာ(၅)အတွင်ဒီပူးနိုရွာတွင် ကျန်ရစ်ခဲ့မည့် ထောက်ပို့ အဖွဲ့ တစ်ဖွဲ့ ။ စစ်ဆင်ရေးအတွင်း ရန်သူ့ စစ်ကြောင်းမှ ပေါ်တာပြေး(၇)ယောက်။ ထိုပေါ်တာ ပြေးများသည် မုံရွာ၊ ရေတာရှည်၊ ပျဉ်းမနားဘက်မှ ဖြစ်ကြသည်။ သူတို့ သည် ကျနော်တို့  ကျောင်းသားတပ်မတော်သို့  သံလွင်မြစ်ကြောင်းအတိုင်း သစ်တုံးကြီးများဖြင့် စုန်ဆင်းပြီး တပ်ရင်းရှေ့ သို့ ရောက်လျင် ရေချိုးနေသော ကျနော်တို့ ရဲဘော်တွေထံသို့  -ကယ်တော်မူကြပါဗျို့ -ဟုအော်ခေါ်၍ ရဲဘော်များမှ စက်လှေဖြင့် သွားရောက်ဆယ်ယူ၍ တပ်ရင်း၌ခေတ္တထားပြီး သူတို့ ဆန္ဒအရ အ်သို့ ပြန်ချင်သည်ဆို၍ ယခုခရီးထွက်မည့်အဖွဲ့ တွင် လိုက်ပါလာခြင်းဖြစ်သည်။ ကျနော်တို့ အဖွဲ့ သည် ရန်သူလှုပ်ရှားမှုကို နားစွင့်ပြီး လမ်းကြောင်းအတိုင်း မသွားတော့ပဲ တောတိုး၍ တစ်ရွာဝင်၊တစ်ရွာထွက် သတင်းထောက် သတင်းမထူးဘူး ဆိုမှ ရှေ့ သို့ ခရီးဆက်ကြရသည်။ အဘယ်ကြောင့်ဆိုသော် စစ်ဆင်ရေးဆိုင်ရာ စစ်ရေးပစ္စည်းများ၊ လက်နက်ခဲယမ်း အချို့ ပါရှိသောကြောင့်ဖြစ်သည်။ မတော်တဆ လမ်းတွင် ရန်သူနှင့်ပက်ပင်းတိုး၍ ရုတ်တရက်တိုက်ပွဲဖြစ်ခဲ့လျင် ဒီပစ္စည်း၊ ဒီလူနှင့် ရှောင်ရ တိမ်းရနှင့် မလွယ်သောကြောင့်ဖြစ်သည်။
ကျနော်တို့ အဖွဲ့ ဗူးသိုတောင်သို့ စတင်တက်နေပါသည်။ လမ်းကြောင်းအတိုင်းတက်တာမဟုတ်၍ အတော်ပင်ပန်းလှပါသည်။ ရဲဘော် တစ်ယောက်ဆိုလျင် တောင်တက်ရာတွင်မတက်နိုင်တောယ့ပါ။ မျက်လုံးများမူးဝေပြီး ခြေထောက်တွေမှာ ချိနေ၍ စစ်အီကွန့် မင့် နှင့် ကျောပိုးအိပ်များ မသယ်ဆောင်နိုင်တော့။ တပ်ရင်းမှတပ်စိတ်မှုးရဲဘော်ကျော်စိုးနှင့် ရဲဘော်ဒဿတို့ မှ ထိုရဲဘော်၏ပစ္စည်းများကို မျှသယ်၍ ဗူးသိုတောင်ကြောသို့  ဆက်လက်တက်သွားရပါသည်။ ကျနော့် မှာတော့ သူတို့ ကို ကူသယ်ပေးဘို့ နေနေသာသာ ကိုယ်ပစ္စည်းနှင့်ကိုယ် ပစ်ချခဲ့ချင်စိတ်က မကြာမကြာပေါ် ပေါက်နေသည်။ ခရီးသွားရင်း ခရီးထွက်နေရင်း ထိုရဲဘော်မှာ တောင်ကြီးကိုကြည့်လိုက်၊ လွယ်ထားသည့် စစ်ရေဗူးကို အဖုံးဖွင့်ပြီးသောက်လိုက်။ ကြာတော့ စိတ်ဓါတ်ကျဟန်တူပါသည်။ ရှေ့ ဆက် ခရီးမထွက်နိုင်တော့။ ရဲဘော်ဒဿမှ ထိုရဲဘော်ကိုကျောပိုးပြီး ဗူးသိုတောင်ကြီးပေါ်သို့  မှန်မှန်တက်သွား သည်။ ထိုရဲဘော်၏ စိတ်ဓါတ်ကို ကျနော့်စိတ်ထဲ အသိအမှတ်ပြုရင်း လက်တွေ့ ဘဝ၏ ခက်ခဲမှုတွေကို သုံးသပ်ဆင်ခြင်ရင်း ရှေ့ ခရီး အတွက် ဒီပုံစံဖြင့် ဆက်သွားနိုင်ပါ့မလားဟု သံဿယတွေဖြစ်ရင်း။
ဗူးသိုတောင်ပေါ်မှ စဆင်းပါသည်။ သို့ သော် ဖာပွန်၊ ကျောက်ညှပ်သို့  ဆက်သွယ်ဖောက်လုပ်ထားသော ရန်သူ့ ဆက်သွယ်ရေးထောက်ပို့ လမ်းရှိနေ ၍ ခရီးမဆက်နိုင်။ ရှေ့ သို့  နယ်မြေခံတစ်ယောက်မှ သတင်းကြိုတင် ထောက်လှမ်းပြီးမှ ထိုကားလမ်းကိုဖြတ်ရသည်။ ဖာပွန်-ကျောက်ညှပ်ကားလမ်းသည် ရန်သူမှ သံလွင်ကမ်းဘေး တွင် အခြေပြုတပ်ဆွဲထားသော တပ်စခန်းအသီးသီးသို့  ရိက္ခာများ၊ ခဲယမ်းမီးကျောက်များကို စစ်ထရပ်ကား များဖြင့် လည်း ကောင်း၊ ပေါ်တာအထမ်းသမားများဖြင့်လည်းကောင်း ဒေသခံကရင်တိုင်းရင်းသားများကို အဓမ္မ ခေါ်ယူ၍ ဆက်သွယ်အသုံးပြုနေသော အဓိကလမ်း ကြောင်းဖြစ်သည်။ တစ်ခါတစ်ရံ နယ်မြေခံ ကရင့် တော်လှန်ရေးပြောက်ကျားများ၏ အလစ်အငိုက်တိုက်ခိုက်ခြေမှုန်းခြင်းခံရသည်။ ဗိုလ်ဆေးဖိုးအဖွဲ့ မှ ရဲဘော်(၁)ယောက်မှ ဖာပွန်ကားလမ်းဖြတ်ပြီး လမ်းကာကင်းစောင့်ပေးသည်။ ကားလမ်းသို့ ဖြတ်စဉ် ရဲဘော်များမှာ သေနတ်လုံခြုံရေးခလုတ်ကို ဖွင့်ပြီး တစ်ဦးခြင်းအလျင်အမြန်ကားလမ်းတစ်ဘက်ခြမ်းသို့ ကူးရပါသည်။ ထိုကားလမ်း၏အကျယ်မှာ ခြောက်ပေသာသာမြေညီကားလမ်းဖြစ်သည်။ ကားလမ်း တဘက်သို့  အားလုံး အ ဆင်ပြေစွာကူးပြီး တောင်ကြောအတိုင်း ပြေပြေတက်ရာ လတ်လတ်ဆတ်ဆတ် ရန်သူစခန်းချသွားသည်များကို နယ်မြေခံရဲဘော်မှ ပြောပြ၍ အံ့ သြမှင်သက်စွာဖြင့် အနီးပါတ်ဝန်းကျင်ကို ဝှေ့ ဝိုက်ကြည့်မိသည်။ ဝါးဆစ်ဗူးများ ခုတ်ပြီး ရေထည့်ထားသည့်ရေဗူးများ၊ သစ်ရွက်သစ်ခက်များ ခင်းပြီး ညအိပ်သွားသည့်နေရာများ၊ သုခိတာ ဆေးလိပ်တိုများ။ ညာသိုဆေးရွက်ကြီးဆေးလိပ်တိုများ၊ ထမင်းလုံးများ၊ စသည်တို့ ကိုတွေ့ ရ၍ မနေ့ က စခန်းချ သွားသည်မှာ ဤအချက်များကသက်သေပြနေသည်။ သတင်းအရ ရန်သူနှင့်ကျနော်တို့ မှာ ရှေ့ ဆင့် နောက်ဆင့်ဖြစ်နေသည်။ ရန်သူ့ စစ်ကြောင်း မှာ နံနက်မိုးမလင်းခင် (၄)နာရီခန့် ၌ စစ်ကြောင်းထွက်ပုံရသည်။ ကျနော်တို့ အဖွဲ့ မှာ ရန်သူ့ စစ်ကြောင်းထွက်သွားပြီးလို့  နာရီဝက်လောက်ခန့်ကြာမှ ရောက်လာသည်ဟု ထို ကားလမ်းဘေး၌ရှိသောရွာသားများ ကရင်ဘာသာဖြင့် ပြောသံကြားနေရသည်။
ကျည်ဝေးဖြိုး
အပိုင်း(၆)ကို-ဆက်လက်ဖော်ပြသွားပါမည်။