Saturday, July 31, 2010

ကျနော်ဖြတ်သန်းခဲ့သောရှစ်လေးလုံးအတွေ့အကြုံ(၂)

                          ၈.၈.၈၈
၁၉၈၈ ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသားလှုပ်ရှားမှုများဆက်လက်ဖြစ်ပွားလာခဲ့ပြီး နောက် တနိုင်ငံလုံးအနှံ့ရှိတက္ကသိုလ်များ ကောလိပ်များနှင့် အခြေခံပညာကျောင်းများသို့ပါ ကူးစက်သွားကာ ဇွန်လ အလယ်လောက်မှာပင် ကျောင်းများကို ပြန်ပိတ်လိုက်ပါသည်။ ဇွန်လ တွင်မူ ဇွန် ၂၁ မြေနီကုန်းအရေးအခင်းမှာ သမိုင်းမှတ်တမ်းတင်လောက်အောင်ပင် မဆလ စစ်အုပ်စု၏ ဖိနှိပ်ရက်စက်မှုက ပြင်းထန်ခဲ့ပေသည်။ ကျနော့် မှာမူ ယင်းလှုပ်ရှားမှုတွင် ကိုယ် တိုင်ကိုယ်ကျမပါဝင်ခဲ့ပါ။ ဤသို့ဖြင့် ဇွန်အရေးအခင်းပြီးသွားပြီးနောက် နယ်မှသွားတက်သော ကျောင်းသားများလည်း ကိုယ်မြို့ကိုယ်ရွာအသီးသီးသို့ ပြန်လည်ရောက်ရှိလာ ခဲ့ပြန်ပါသည်။ ထို ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံမတိုင်ခင် တက္ကသိုလ်ကျောင်းများသည် ဖွင့်လိုက်ပိတ် လိုက်ကျောင်းသားများကလည်း သွားလိုက်ပြန်လိုက်ဖြစ်နေခဲ့သည်။ ထိုသို့ကျောင်းများပြန် ပိတ်ပြီးနောက် မင်းကိုနိုင် အမည်ဖြင့်ရေးသားသော ကျောင်းသားလှုပ်ရှားမှုကဗျာများ ဦး အောင်ကြီး၏ ၄၁ မျက်နှာပါ ဦးနေ၀င်းသို့ ဗိုလ်ချုပ်ကြီးခင်ဗျား ဟု အမည်ခေါ်ဝေါ်သုံးစွဲကာ ရေးသားသောစာများနယ်များအထိ ပျံ့နှံ့လာခဲ့သည်။ ဦးအောင်ကြီး၏စာမှာ အဓိကအားဖြင့် ၁၉၆၂ က တက္ကသိုလ်သမဂ္ဂဗုံးဖေါက်ခွဲဖျက်ဆီးမှုတွင် သူမပါဘူးဟု ငြင်းချက်ထုတ်သွား တာသာ တွေ့လိုက် ရပါသည်။ ဦးနေ၀င်းကလည်း ဇူလိုင်လ ၂၃ ရက်မဆလပါတီ အရေးပေါ် ညီလာခြုံပုလုပ်သောအခါ ယင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦ ဗုံးဖေါက်ခွဲမှု သည် ၄င်းတွင်လဲတာဝန်မရှိသလိုလို ဦးအောင်ကြီးနှင့် အပြန်အလှန် ဘောလီဘောပုတ် နေခဲ့သည်။ ထိုနောက်ဦးနေ၀င်းက နောင်ဆူဆူပူပူလုပ်တဲ့သူတွေ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ် မိုးပေါ်ထောင်ချောက်တာမပါဘူး ဟု ဒုတ်ကြိမ်းဒါးကြိမ်း ကြိမ်းသွားသည့် သမိုင်းဝင်မိန့်ခွန်းကို ပြောသွားကာ သူ့ရဲ့နိုင်ငံရေးခရီးကို နိဂုံးချုပ်သွားခဲ့သည်။ ဇူလိုင်လ အကုန်ပိုင်းလောက်တွင် ရန်ကုန်၌ ရွှေတိဂုံရင်ပြင် ပေါ်တွင် ၀ါဆိုလပြည့်နေ့တွင် ပြောက် ကျားဆန္ဒပြပွဲများ ဆက်လက်ပေါ်ပေါက်ခဲ့ပြီး ၈ ရက် ၈ လ ၈၈ တွင် တနိုင်ငံလုံးဆန္ဒပြပွဲများ ပြုလုပ်မည်ဟုလည်းသတင်းများပေါ်ထွက်လာခဲ့သည်။ မိမိတို့နယ်များသို့ပြန်လည်ရောက်ရှိနေသောကျောင်းသားများ လည်းကိုယ်နယ် အတိုင်းအတာနှင့်ကိုယ် တတ်နိုင်သမျှလှုပ်ရှားနိုင်ရန် စိတ်တူကိုယ်တူသူများ ကြိုတင်ညှိနှိုင်းမှု များ ပြုလုပ်ပြင်ဆင်ကြသည်။ ကျနော်တို့မှာ ကျောင်းပိတ်ရက်များတွင် နယ်သို့ပြန် ရောက် သည့်အချိန်တိုင်းလိုလို၌ တခါတရံစကားလက်ဆုံကျတတ်သော မော်လမြိုင် တက္ကသိုလ်မှ ရုက္ခှဗေဒ တတိယနှစ် ကျောင်းသားကိုတင်လေး အပါအ၀င် နိုင်ငံရေးစိတ်ပါဝင်စားသော ထားဝယ်မှ မော်လမြိုင် တက္ကသိုလ် ရန်ကုန်တက္ကသိုလ်တို့တွင် တက္ကသိုလ် ကောလိပ် အသီး သီးသွားတက်နေကြသူ အချို့တို့ စုစည်းမိကြသည်။ ကျနော်မှတ်မိသလောက်ပြောရလျှင် ကျ နော်တို့အိမ်သို့သြဂုတ်လ ၁ ရက်နေ့တွင် ကိုတင်လေး နှင့် နောင်ကျနော်အမည်မဖေါ်ပြနိုင် သူ တယောက်တို့ ကျနော့်အိမ်သို့ေ၇ာက်ရှိလာပြီး ကျော်ထင်ဘယ်လိုလဲ ဘယ်လိုလုပ်ကြမ လဲဟု မေးသည်။ ကျနော်က ကျနော်အနေဖြင့် လှုပ်ရှားရန်ဆန္ဒရှိကြောင်း သဘောတူကြောင်း ပြောပါသည်။ သို့သော် ယခုပြင်ဆင်နေစဉ်ကာလတွင် ကျနော့်အနေဖြင့် သိတ်ပေါ်ပေါ်တင် တင်မလုပ်ဆောင်နိုင်ကြောင်း ကျနော့်မှာ ကျောင်းထုတ်ခံထားရတာ တမြို့လုံးသိကြောင်း အာဏာပိုင်တွေလည်းသိကြောင်း ကျနော်လှုပ်ရှားတာနဲ့ အဖမ်းခံသွားရနိုင်ကြောင်း သို့သော်တကယ်တန်း ရှစ်ရက်နေ့ရောက်လို့ဆန္ဒပြပွဲများဖြစ်ပွားလာလျှင် မပါမှာမပူနဲ့ဟု ပြောပါသည်။ ကိုတင်လေးက သိတ်အားမရပါ။ သူက ဒါဆိုရင် ပြင်ဆင်ရေးကာလမှာ မင်းဘာ တွေပါမလဲဟု မေးပါသည်။ (ဒီကကြည့်လျှင်မြေအောက်ပေါ့) အစည်းအဝေးများလုပ်လျှင် တက်ပေးမည် အကြံအဉာဏ်များပေးမည်ဟု ပြောရာ ကျနော်တို့ အစည်းအဝေးတခုလုပ်ရ အောင်ဟု သူကပြောပြီးဘယ်မှာ လုပ်ကြမလဲဟု မေးပါသည်။ ပထမဆုံးအကြိမ်အစည်းအဝေး ကို ကျနော်တို့ နောက်ပိုင်းတွင်သပိတ်စခန်းလုပ်ဖြစ်ခဲ့သည့် ထားဝယ်မြို့ဇေယျဝတီကျောင်း တိုက်တောင်ဘက်စောင်းတန်းတွင် သြဂုတ်လ ၃ ရက်နေ့၌ ဆုံရန် အဲဒီမသွားမီ သွားရန်လမ်း မှ လက်ဘက်ရည်ဆိုင်တဆိုင်တွင် ၉ နာရီကျော်ကျော်ခန့်တွင် ဆုံရန် သူနှင့်ကျနော်က ကျနော်တို့ယုံကြည်စိတ်ချသူ အကြံအဉာဏ်လည်းပေးနိုင်သူ တယောက်စီကို ခေါ်ခဲ့ရန် သဘောတူညီခဲ့ကြသည်။
သြဂုတ်လ ၃ ရက်နေ့တွင် ကျနော်တို့ ၉ နာရီခန့်တွင် သတ်မှတ်ထားသည့် လက် ဘက်ရည်ဆိုင်၌ တွေ့ဆုံ၍ နောက်တဆင့်သတ်မှတ်ထားသည့် ဇေယျဝတီကျောင်းဝင်း တောင်ဘက်စောင်းတန်းသို့သွားကာ အစည်းအဝေးပြုလုပ်ကြသည်။ ကျနော်က ကျနော်တို့ RIT တက်ဘက် ရဲဘော်မျိုးသိန်း (နောက်ပိုင်းတွင် ABSDF နှင့် ယခု ကနေဒါနိုင်ငံ တွင်အခြေချနေထိုင်) အားခေါ်သွားခဲ့ပြီး ရဲဘော်တင်လေးက ကိုအောင်မျိုးမြတ် (သွားဘက် ဆိုင်ရာဆေးတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသား) တို့ကို ခေါ်လာခဲ့ကြသည်။ ကျနော် တို့ပြင်ဆင်ရေးအတွက် ဘာတွေပြုလုပ်ကြမည်နည်းဟု ဆွေးနွေးညှိနှိုင်းကြသည်။ လက်ကမ်း ကြော်ငြာများရေးသားဖြန့်ချိလှုံ့ဆော်ရန် သဘောတူကြသည်။ ကိုတင်လေးက ယင်းအတွက် ၄င်းတို့လုပ်ထားမည်ဟု ပြောပါသည်။ နောက်ထပ်တကြိမ် ထပ်မံတွေ့ဆုံရန်လည်း သဘော တူခဲ့ကြပြီး ၅ ရက်နေ့တွင် လောကမာရဇိန် ဘုရားကြီးဝင်း (နောင်ဆန္ဒပြပွဲစတင်သောနေရာ နှင့် ဟောပြောပွဲများ အချိန်အတော်အကြာပြုလုပ်သောနေရာ) မြောက်ဖက်စောင်းတန်းတွင် ထပ်မံတွေ့ဆုံရန်သဘောတူခဲ့ကြသည်။ ၅ ရက်နေ့တွင် ထပ်မံတွေ့ဆုံသောအခါ ဆန္ဒပြပွဲ များပြုလုပ်မည့်အချိန်အတိအကျကို ၈ ရက်နေ့မနက် ၈ နာရီတွင် စတင်ပြုလုပ်ရန် သဘော တူညီခဲ့ကြသည်။ ကိုတင်လေးက ကျနော့်ရဲ့ပါဝင်မှုကို ထိုထက် ထဲထဲဝင်ဝင်ပိုဖြစ်စေချင်နေ သည်။ ကျနော်က အစည်းအဝေးများတွင်သာ တက်ပြီးနောက်ပိုင်းလုပ်ဆောင်မှုတွင် ပါဝင်မှု နည်းနေသေးခြင်းကိုသူကသိတ်အားမရ။ ကျနော်က ကျနော်အခုအခြေအနေမှာ ဒီလောက်အ တိုင်းအတာသာပါထားနိုင်မယ် ဆန္ဓပြပွဲမဖြစ်ခင် ကျနော်အဖမ်းမခံနိုင်သေးဘူးဟု ပြောပါ သည်။ ၆ ရက်နေ့ညနေပိုင်းသို့ရောက်သောအခါ လမ်းတွင် စက်ဘိန်းစီးသွားရင်တွေ့ကြ တော့ ကိုတင်လေးက ဘယ်လိုလဲ ငါတို့တော့လုပ်ထားပြီးပြီဟု ပြောပါသည်။ မင်းပါမှာသေ ချာတယ်မဟုတ်လား ဟု ထပ်မေးပါသည်။ စိတ်သာချဗျာ ဟုကျနော်ကပြောလိုက်ပါသည်။ ကျနော်လည်းကျနော်နည်းကျနော့်ဟန်ဖြင့် ဆက်လက်စည်းရုံးရေးဆင်းနေခဲ့ပါသည်။ ရန်ကုန်တွင် ကျောင်းတက်ဘက် RIT ကျောင်းသားများသို့သွားသည်။ ကိုစိုးတင့်မှာ ထောင်မှပြန်လွတ်လာ၍ ထားဝယ်အိမ်တွင် ပြန်ရောက်လာပြီဖြစ်၍ သူ့ဆီသို့ ၇ ရက်နေ့ည တွင်သွားသည်။ သူ့အမေက လာခေါ်ပြန်ပြီဟု ဆိုသည်။ စိုးတင့်ကတော့ ထွက်တွေ့ပါသည်။ မနက်ဖြန်ကျရင်တော့ ငါကတော့ ဆက်လက်လှုပ်ရှားမှာဖြစ်တဲ့အကြောင်း မင်းးဆန္ဒရှိရင်လာခဲ့ ဖို့ ဟုပြောပါသည်။ မင်းဘာသာမင်းဆုံးဖြတ်ပါဟု ပြောပြီးပြန်လာခဲ့သည်။ လမ်းတွင် RIT ကျောင်းသားငယ်တဦးနှင့် တွေ့၍ အစ်ကိုဘယ်လိုလဲ စာတွေ့တော့ပျံ့နှံ့နေပြီ မနက်ဖြန် ၈ နာရီ ဖြစ်လားဟု မေးပါသည်။ ဖြစ်ဖို့များတယ် အစ်ကိုတော့လှုပ်ရှားဖြစ်ဖို့များတယ်ဟု ပြော လိုက်ပါသည်။ ကိုမျိုးဝင်းဆီကိုတော့ မသွားဖြစ်ပါ။ သူကလည်း သူ့အမေက တားသည်ဟုသာ သတင်းသဲ့သဲ့ကြားပါသည်။ ကျနော်အိမ်ပြန်ေ၇ာက်ရေမိုးချိုး ထမင်းစားပြီးနောက် အိပ်ရာခင်း နေချိန်တွင် ကိုမျိုးသိန်းရောက်လာသည်။ ဘယ်လိုလဲဟုမေးပါသည်။ အဲဒီအချိန်မှာ အဖမ်းခံ ထားရတာ ၂ ယောက်ရှိနှင့်နေရာ အဲဒီကိစ္စကို ကိုမျိုးသိန်းကမေးတော့ အဲဒီ ၂ ယောက်က တော့ ကိုတင်လေးရဲ့ လူတွေပဲ သူကလည်း ငါ့ကို ငါမလှုပ်ရှားတော့ဘူးပဲထင်နေတယ်။ ငါက လည်း မင်းသိတဲ့အတိုင်း အခြေအနေကြည့်လှုပ်ရှားရတာပေါ့ကွာ။ မနက်ဖြန်တော့လှုပ်ရှားဖြစ် မှာပါ။ ဖြစ်ရင်တော့မင်းလာခဲ့ပေါ့ဟုပြောလိုက်ပါသည်။ ကိုမျိုးသိန်းလည်း အိမ်ပြန်သွားခဲ့ပါ သည်။ ထို ရှစ်လေးလုံးသပိတ်မစခင် ကာလများတွင်ကျနော်က မြေအောက်အစည်းအဝေး များသို့သာ သွားပြီး အဓိကအားဖြင့် လှုံ့ဆော်ရေးကြော်ငြာရေးသားဖြန့်ချိမှုများကို ကိုတင် လေး အဖွဲ့မှသာ တာဝန်ယူလုပ်ဆောင်သွားခဲ့ပါသည်။ ထိုကြောင့်လည်း ကိုတင်လေးက ကျနော့နှင့် ပတ်သက်၍လှုပ်ရှာရန်အလားအလာနည်းကြောင်း ကိုခင်မောင်ချိုနှင့် ပြောဆိုခဲ့မှုကို ကိုခင်မောင်ချို (ခ) ကိုရာမန် (နောင် ABSDF ယခု အမေရိကန်ပြည်ထောင်စု အခြေချနေထိုင်) က ကျနော်တို့၏ ABSDF ဖြတ်သန်းမှုနေ့ရက်များအတွင်း ပြန်၍ ဇာတ် ကြောင်းပြန်ပြောပြခဲ့ပါသည်။ ငါက ၆ ရက်နေ့ညနေက မင်းတို့ အိမ်နားက လဘက်ရည်ဆိုင်မှာ ထိုင်ရင်းနဲ့ မင်း ခြင်းခတ်ရာက ခြင်းလုံးလေး ကိုင်ပြီးပြန်လာတာကိုတွေ့ တော့ မင်းဒီလိုအေးအေးဆေးဆေးနေပုံထောက်ရင်တော့ ကိုတင်လေးပြောသလိုပဲ မလှုပ် ရှားနိုင်ဘူးလို့ငါက တွက်ခဲ့တာကွ။ တကယ်တန်း ရှစ်လေးလုံးနေ့ ဆန္ဒပြပွဲများမစတင်မီလေး မှာပင် ကျနော့နှင့် ကိုမင်းဇော်ရွှေ (နောင် ABSDF ယခု နယူးဇီးလန်အခြေချနေထိုင်) ရှစ်နာရီ ထိုး ၁၀ မီနစ်လိုလောက်ကတည်းက ဆန္ဒပြပွဲစတင်ရန်အချိန်းအချက်ပြုထားသည့် ဘုရားကြီး ၀င်း (လောကမာရဇိန်) အတွင်းသို့ စက်ဘိန်းဖြင့် နှစ်ယောက်သားသွား၍ အခြေအနေကြည့် ရာ လောကမာရဇိန်ဘုရား၏ တောင်ဘက်စောင်းတန်းတွင် ရဲများ နံပါတ်တုတ်များကိုင်၍ ထိုင် နေသည်ကို တွေ့ရသည်။ ကျနော်တို့က ကပ်လျက်ရှိသည့် ရွှေတောင်စားစေတီအားပတ်၍ ရှာရာ တောင်ဘက်စောင်းတန်းတွင် ကျနော်တို့ကျောင်းသားအရွယ် ၇ဲဘော်တချို့ထိုင်နေ သည်ကိုတွေ့ရသည်။ သူတို့က ကျနော့်နှင့်မသိ ကိုမင်းဇော်ရွှေနှင့်သိရာ သူကမေးပါသည်။ ဘယ်လိုလဲ ဆန္ဒပြပွဲအခြေအနေ အထာလေးနှင့်မေးသည်။ ဖြစ်မဖြစ်။ သူတို့က ထားဝယ်ကောလိပ်ကျောင်းသားများဖြစ်သည်ဟု တော့ မှတ်မိပါသည်။ သိတ်မကြာမှီမှာပင် လောကမာရဇိန်အရှေ့ဘက်စောင်းတန်း ရဲ့အရှေ့ အုတ်တံတားပေါ်မှ ရဲဘော်လှစိုး (နောင် ABယခု အမေရိကန်ပြည်ထောင်စု အခြေချနေထိုင်) နှင့် ရဲဘော်အောင်သန့် (နောင် AB ယခု ကနေဒါအခြေချနေထိုင်) တို့က ဆန္ဒပြပွဲကို မဆလပါတီအလိုမရှိ တပါတီစနစ်ဖျက်သိမ်းပစ် ဒီမိုကရေစီရရှိရေး ဒို့အရေး ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး ဒို့အရေး ကြွေးကြော်သံများဖြင့် စတင် ခဲ့ကြပြီး ကျနော်လည်းစတင်ဝင်ရောက်ကာ ထိုမှတဆင့် သပိတ်က ကျောင်းသား များအများစုရှိနေရာ အထက ၁ ဘက်သို့ ဦးတည်သွားပြီး ကျနော်က အထက ၁ ကျောင်းဝင်းရှေ့အရောက်တွင် ကျောင်းဝင်းရှေ့က အုတ်တံတိုင်ပေါ်တက်၍ ကြွေးကြော်သံ များ တိုင်တည်ကြွေးကြော်၍၄င်း ရဲဘော်ဖုန်းမော်ကျဆုံးမှုအကြောင်းအနည်းအကျဉ်း ပြော ကြား၍ လည်းကောင်းသပိတ်ထဲသို့ ပြောင်ပြောင်တင်းတင်းဝင်ရောက်ခဲ့ပါသည်။ စကားမှာ လည်း အများကြီးဟောပြောနေရန်အချိန်သိတ်မရသေးပဲ ကိုတင်လေး မျက်နှာပိတ်နှင့်က အထက ၁ ကျောင်းဝင်အလွန် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ရဲများ မြို့နယ်ကောင်စီဥက္ကဌ ဦးစောရွှေတို့နှင့် သွားရောက်ညှိုနှိုင်းနေပါသည်။ ခဏအကြာတွင်တော့ အာဏာပိုင်များမှ ပိတ်ဆို့သွားသည်များရုတ်သိမ်းပေးလိုက်ပါသည်။ ကျနော်တို့တမြို့လုံးအနှံ့ဆန္ဒပြကြပါ သည်။ ရဲစခန်းတွင် စာရွက်ဖြန့်၍ အဖမ်းခံထားရသူ ၂ ဦးကိုသွားထုတ်ပါသည်။ ထိုရဲစခန်း အုတ်နံရံတွင် နောင် ထားဝယ်တမြို့နယ်လုံးဆိုင်ရာကျောင်းသားသမဂ္ဂဒုဥက္ကဌဖြစ်လာသူ ကိုအတာ (ရန်ကုန်တက္ကသိုလ်) ကတ၇ားတက်ဟောပါသည်။ ထိုနောက်ကိုတင်လေးက ကျနော်နှင့်လာတွေ့ပြီးဘယ်လိုဆက်လုပ်ရင်ကောင်းမလဲဟု ဆွေးနွေးပါသည်။ ကျနော်က သပိတ်ကို ဘုရားကြီးဝင်းအတွင်းသို့သာ ဦးဆောင်ခေါ်ယူသွားရန်နှင့် ထိုနေရာတွင် ဟော ပြောပွဲကျင်းပကာ လမ်း၏အရှေ့ဘက်ခြမ်းရှိ ကျနော်တို့ အစည်းအဝေးလုပ်တဲ့နေရာ ဇေယျဝတီကျောင်းတိုက်တွင် ညအိပ်၍ စခန်းချရန် ကျနော်က အကြံပြုရာ မင်းဦးဆာင်ပြီး တော့ လုပ်နှင့်ဦးဟု သူကပြောပါသည်။ ကျနော်သည် ရဲစခန်းမှအပြန် ဘုရားကြီးဝင်းအတွင်း မ၀င်ခင် အုတ်တံတားကြီးလမ်းဆုံ (နောင်တွင် သပိတ်ခေါင်းဆောင်များဖြစ်သည့် ဦးပန်းကျော်ဦးချမ်းလှ နှင့် ကျောင်းသားဟောင်းများအဖွဲ့မှ ကို----(ကျနော်အမည် မမှတ်မိ ဘဲဖြစ်နေ။ ကျနော်တောထဲမထွက်ခင်တွေ့ဆုံခဲ့သူ။ ) နှင့် အရပ်သားအမျိုးသမီး တဦးဈေးမှအပြန်သေနတ်ထိမှန်ကျဆုံး စသူတို့ အာဏာသိမ်းပြီးနောက်တနေ့တွင် ကျဆုံးခဲ့ကြသည့်နေရာ) တွင်လည်းကောင်း ကျနော်တက်ခဲ့သည့် အထက ၄ စသည်တို့တွင် တရားဟောခဲ့ပါသည်။ နောက်ဆုံးတွင် လောကမာရဇိန် နှင့် ရွှေတောင်စားစေတီ ဘုရားကြီး ၀င်းအတွင်းသို့ ရောက်ရှိလာကာ ကျနော်က ယင်းဝင်းအတွင်းသို့ရောက်ရှိစဉ်တွင်မှ ဖုန်းမော်အရေးအခင်းအကြောင်း အကျယ်တ၀င့်ဟောပြောခဲ့ပါသည်။ ထိုအချိန်ကပင် ဆန္ဒပြပွဲသို့ရောက်ရှိလာသူအရေအတွက်မှာ ထောင်သောင်းချီနေခဲ့ပါသည်။ ကျနော့်ဘ၀တွင် ထိုကဲ့သို့ ထောင်ချီသော သူများကို တခါမှမိန့်ခွန်းမပေးဖူးပါ။ ပြောချင်လွန်း၍ စကားများပင် အဆင်ပြေပြေပြောနိုင်အောင်အတော်ကြိုးစားရပါသည်။ လူထု၏ လက်ခုပ်သံများကို ယနေ့တိုင်ကြားယောင်နေဆဲဖြစ်ပါသည်။ ကျနော်ဟောပြောပွဲစင်မြင့်ပေါ်မှ ဦးဆောင်ကြွေး ကြော်ပေးသော တပါတီအာဏာရှင်စနစ်ဆန့်ကျင်ရေး ဒီမိုကရေစီရရှိရေးကြွေးကြော်သံများ ကို တက်ရောက်လာသောလူထုကြီးက တပြိုင်နက်ကြွေးကြော်လိုက်သည့် ဘ၀ဂ်ညံသွားသော ကြွေးကြော်သံများ ယနေ့တိုင် ပဲ့တင်ရိုက်ခတ်နေဆဲဖြစ်ပါသည်။
ကျော်ထင်

Thursday, July 29, 2010

ကျနော်ဖြတ်သန်းခဲ့သောရှစ်လေးလုံးအတွေ့အကြုံ(၁)။

                                                       ၈.၈.၈၈
ကျနော်၁၉၈၈မတ်လအရေးအခင်းပြီးတော့ ဧပြီလ ၂၀ ရက်နေ့တွင် ကျောင်းအထုတ် ခံရသည့်စာကို လက်ခံရရှိခဲ့ပါသည်။ ကျနော်တို့ထားဝယ်ကနေ RIT သွားတက်ခဲ့သည့် ကျောင်း သား ၁၀ ယောက်ခန့်အထဲ တွင် ၃ ယောက်အထုတ်ခံရရာ ကျနော်ရယ် ကိုမျိုးဝင်း (အဲဒီအ ချိန်က သူက စက်မှုနောက်ဆုံးနှစ်ကျောင်းသား ယခု ABSDF ဒုဥက္ကဌ) (ကျနော်က ပဉ္စမ နှစ်လျှပ်စစ်စွမ်းအား) နောက်ကိုစိုးတင့်(အဲဒီ ၈၈ ခုနှစ်တုန်းက သူက စတုတ္ထနှစ် စက်မှု ကျောင်းသား ဖြစ်ပြီး ကျနော်တို့ကျောင်းထုတ်သည့်စာလက်ခံရရှိသည့်အချိန်တွင်သူက မတ် လအရေးအခင်းအပြီး 141 အဖြစ်နာမည်ကြီးခဲ့သည့် အဖမ်းခံရသည့်အုပ်စုတွင်ပါသွားခဲ့ ရာထားဝယ်တွင်မရှိ ရန်ကုန်ရှိ အင်းစိန်ထောင်တွင်ရောက်ရှိအကျဉ်းကျနေ) (ယခု ပြည်တွင်း နေထိုင်)ပေါင်း ၃ ဦးကျောင်းအထုတ် ခံခဲ့ရသည်။ ကျောင်းအထုတ်ခံရတော့စိတ်မကောင်း တော့ဖြစ်မိသည်။ သို့သော် မိမိတို့ထက်ပို၍စွန့်လွှတ် အနစ်နာခံသွားကြသည့် ရဲဘော်တွေရဲ့ မျက်နှာကိုကြည့်၍ အမှန်တရားအတွက် ပြည်သူအတွက် ရဲရဲကြီးဆက် လက်တိုက်ပွဲဝင်ရန်အ တွက်သာ စိတ်ကိုဆုံးဖြတ်ပြင်ဆင်ထားခဲ့သည်။

ဇွန်လဆန်းတွင် ကျောင်းများပြန်လည်ဖွင့်လှစ်ခဲ့ရာ ကျနော်တို့မှာ ကျောင်းပြန်သွား တက်ခွင့်မရတော့ သူများတွေအလျှိုလျှိုကျောင်းပြန်သွားတက်ရန် ရန်ကုန် မော်လမြိုင်တို့သို့ ကျနော်တို့ကျောင်းတက်စဉ်က သွားနေသလို သွားကုန်ကြသည်။ သို့သော် ကျနော်တို့စိတ် ကသိနေသည့် ဒီတခါကျောင်းပြန်ဖွင့်လည်း ဟုတ်တိပတ်တိ ပြန်ဖွင့်နိုင်လိမ့်မည်မဟုတ်။ ကျောင်းသားလှုပ်ရှားမှုဆက်ဖြစ်လိမ့်မည်ဟု ယုံကြည်နေခဲ့သည်။ သူများတကာတွေ လေ ယာဉ်ခရီးစဉ်အသီးသီးဖြင့် ကျောင်းသွားတက်ကြသောအခါ ၀မ်းနည်းစိတ်ဖြစ်နေနိုင် မည်ဆို သည်ကို တွက်ချက်မိ၍လားမသိ၊ အာဏာပိုင်များက ကျနော်ရယ် ကိုမျိုးဝင်းရယ်ကို အသနား ခံစာတင် ရန် ချဉ်းကပ်လာပါသည်။ ထားဝယ်မြို့နယ်ပညာရေးမှုးရုံးသည် မိမိတို့နှင့်သိကျွမ်းသူ ဆ၇ာတဦးမှတဆင့် အသနားခံစာတင်ရန်လာရောက်ကမ်းလှမ်းလာပါသည်။ မြို့နယ်ပညာရေး မှုးရုံးသည် ထိုကဲ့သို့သောကိစ္စမျိုးကို အာဏာပိုင်တို့ထံမှလာသော အကြံအဉာဏ်မဟုတ်ပါ ဘဲလျက်မပေးရဲပါ။ မကမ်းလှမ်းရဲပါ။ ထားဝယ်ရှိထောက်လှမ်းရေး ၁၉ (MI 19) မှလာသော အကြံအဉာဏ်သာဖြစ်ပေလိမ့်မည်ဟု ရိပ်စားမိခဲ့ပါသည်။ ထိုအချိန်က သူငယ်ချင်းတွေက လည်းကျောင်းပြန်တက်ဖို့သွားတော့ ကိုယ်ကတက်ခွင့်မရ သွားခွင့်မရတော့ ခါတိုင်းလိုပဲသွား ချင်လာသဖြင့် အသနားခံစာရေးသားတင်ပြရန်သူတို့ခေါ်ယူတွေ့ဆုံသည့် အထက ၁ ကျောင်းဝင်းအတွင်းရှိ ဆရာများအဆောင်တခုသို့သွားရောက်ကာ မည်သို့အသနားခံစာရေး သား တင်ပြရမည်နည်းဟူသည်ကို ပြပေးမည်ဆရာတချို့နှင့်သွားရောက်တွေ့ဆုံခဲ့ရပါသည်။ ထိုဆရာတချို့က ရေးသားပုံရေးသားနည်း ရေးသားရန်စိတ်ကူး စသည်တို့ကိုပြောဆိုကာ ကျနော်တို့ကရေးသားခဲ့ကြပါသည်။ ကျနော်ရယ် ကိုမျိုးဝင်းရယ် သွားရောက်တွေ့ဆုံကာရေး သားခဲ့ခြင်းဖြစ်သည်။ ထိုဆရာများက နောက်ဆုံးတွင် မြို့နယ်ရဲစခန်းထောက်ခံစာ ယူရမည်ဟု ဆိုလာပါသည်။ ထိုကျောင်းပိတ်နေစဉ်ကာလတ လျှောက်လုံးတွင် စည်းကမ်းနှင့်အညီ ထားဝယ်တွင်နေထိုင်ကြောင်း မည်သည့်ဆူပူလှုပ်ရှားမှုမှ မလုပ်ကြောင်း ရဲစခန်းထောက်ခံစာ နှင့်ပူးတွဲတင်ပြရမည်ဟု ဆိုလာပါသည်။ ထိုတောင်းပန်စာ ရေးရန် ၂ ရက်လောက်သွားဖြစ်ခဲ့ ပြီး ရဲစခန်းထောက်ခံစာယူရမလားဟု စဉ်းစားနေမိပါသည်။ နောက်ဆုံးတွင် ကျနော်တိတိ ကျကျ ဆုံးဖြတ်လိုက်ပါသည်။ ရဲစခန်းထောက်ခံစာလည်း မယူ တော့၊ ဒီတောင်းပန်စာလည်း မတင်တော့ဘူးဟု။ ထိုအချိန်က ကျောင်းသားလှုပ်ရှားမှုများနှင့် ပတ်သက်၍ ကျောင်းသားလှုပ် ရှားမှုကြောင့် တစုံတရာကျောင်းသားထုတွင်ထိခိုက်နစ်နာမှုများ ရှိနှင့်ခဲ့ပြီးဖြစ်သော်လည်း ကျယ်ကျယ်ပြန့်ပြန့်ကြီးကြီးမားမားကြီးတော့မရှိသေးဟု ဆိုချင်ဆိုနိုင်ပေသေးသော အချိန် ကာလပင်ဖြစ်နေသေးသည်။ ဇွန်လအရေးအခင်းပင်ကောင်း ကောင်းဖြစ်မလာသေး။ ငါမှန်လို့လုပ်ခဲ့တာ ဘာလို့တောင်းပန်ရမှာလဲ၊ ဆိုပြီး ငါ့အနာဂါတ်ထိခိုက်ရင်ထိခိုက်ပါစေကွာ ဆိုပီး မတင်တော့ရန် ဆုံးဖြတ်ချက်ချပြီး မတင်တော့ပါ။ အဖေနဲ့အမေက မေးတော့တင် လိုက်ပြီဟု ပြောလိုက်ပါသည်။ သူတို့စိတ်ချမ်းသာအောင်ပေါ့။ ကျနော် ထိုကဲ့သို့ဆုံးဖြတ်ပြီး သိတ်ပင်မကြာလိုက်ပါ ဇွန်လဆန်းတွင် ရန်ကုန်တက္ကသိုလ်တွင် ဇွန်အရေးအခင်းစတင် ဖြစ်ပွားလာခဲ့ပါသည်။
ရှစ်လေးလုံးမတိုင်ခင် ကျနော့်၏ မဆလ အစိုးရကို ဆန့်ကျင်သော နိုင်ငံရေးစိတ်ဓါတ် နှင့်နိုင်ငံရေးလုပ်ဆောင်မှုတို့နှင့်ပတ်သက်၍ ကျနော်ဂုဏ်ယူဝင့်ကြွားမိသော လုပ်ဆောင်ချက် ၃ ခုရှိပါသည်။ နံပါတ် ၁ လမ်းစဉ်လူငယ် လုံးဝမ၀င်ခဲ့ပါ။ ကျနော် ၁၀ တန်းနှစ်တွင် ကျောင်းက လမ်းစဉ်လူငယ်ဝင်ရမည်ဟု ပြောသည်။ သို့သော်ရပ်ကွက်တွင် ၀င်ထားပြီးသူ ကျောင်းမှာ ထပ်လျှောက်စရာမလိုဘူးဟု ဆရာမက ပြောသောအခါ ကျနော်က ရပ်ကွက်တွင် တကယ် တန်းမ၀င်ထားရပါဘဲလျက် ရပ်ကွက်တွင် ၀င်ထားနှင့်ပြီဟုပြောပါသည်။ မင်းမှာနံပါတ်ရှိလား ဟုမေးသောအခါ ဒီနွေကျောင်းပိတ်တုန်းကပဲ ရပ်ကွက်လမ်းစဉ်လူငယ်ခေါင်းဆောင်က မေး ရန် form ဖြည့်ပြီးပေးထားပါသည်။ နံပါတ်မကျသေးပါဟုပြောလိုက်ပါသည်။ ဆရာမက လမ်း စဉ်လူငယ်ဝင်ထားရန် နောင်အလုပ်တွေဘာတွေလျှောက်ရင်ကောင်းသည်ဟု ပြောပါသည်။ မင်းမှာအဲဒီနံပါတ်တွေဘာတွေမရှိရင် မင်းနစ်နာမှာစိုးလို့ပါဟု ဆရာမကပြောပါသည်။ ရပါ တယ်။ ကျနော်ရပ်ကွက်မှာလျှောက်ထားတာ နောင်နံပါတ်ရလာမှာပါ ဆရာမဟု ပြောကာ ကျနော်လမ်းစဉ်လူငယ်လုံးဝမလျှောက်ခဲ့ပါ။ အဲဒါ ၁၉၈၂ နှစ်လည်ပိုင်းလောက်သာရှိပါသေး သည်။ ကျနော်ဘာဖြစ်လို့လည်းမသိ လမ်းစဉ်လူငယ်ရယ် မီးသတ်ရယ်ကို သိတ်အမြင်ကတ် ခဲ့ပါသည်။ သူများယောင်၍ ကိုယ်ယောင်ကလုပ်နေကြသည့်သူများသာ များပြီး ဘာမှဟုတ်တိ ပတ်တိအဓိပ္ပါယ်ရှိတာတွေမတွေ့ရ၍ဖြစ်သည်။ ကျနော်ရဲ့ လမ်းစဉ်လူငယ်မ၀င်ခဲ့သည့် လမ်းစဉ်လူငယ်မဖြစ်ခဲ့သည့် အဖြစ်ကို ယနေ့တိုင် ကျနော်ဂုဏ်ယူနေပါသည်။ နောင်တခုမှာ ကျနော်အထက်က ပြောသကဲ့သို့ မတ်လ ကိုဖုန်းမော်အရေးအခင်းတွင် တက်ကြွစွာပါဝင်မှု ကြောင့် ကျောင်းအထုတ်ခံရခြင်းဖြစ်ပြီး နောက်ဆုံးတခုမှာ ကျောင်းပြန်တက်ခွင့်ရဖို့အတွက် အသနားခံစာတင်ရန် ပြောဆိုလာခဲ့မှုအား မတင်ခဲ့ရန် ဆုံးဖြတ်နိုင်ခဲ့မှုပင်ဖြစ်သည်။
 
ကျော်ထင်

Monday, July 26, 2010

 နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာ (၆)-

 နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာ (၆)-


ကျည်ဝေဖြိုး။

၂၆။ ဇူလိုင် ၂၀၁၀



၁၉၉၄-၉၅ခုနှစ် အစပိုင်းကာလ။ အခြေအနေတစ်ချို့ ။့ 

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ ဗဟိုဌာနချုပ်မှာ ဒါးဂွင်တွင်ဖြစ်သည်၊ ဒါးဂွင်သည် ယခင်က ရန်သူအခြေပြု တပ်စွဲထားသော နေရာဟောင်းဖြစ်သည်၊ ထိုနေရာဟောင့်း ကျနော်တို့  တပ်စခန်းများ အခြေပြုရသည်၊ ဥသုထ အထက်ဘက်တွင် ဖြစ်သည်၊ ထိုနေရာမှာ စရောက်၍လားမသိ ရဲဘော်များမှာ ငှက်ဖျားရောဂါဖြစ်ကြသည်၊

ကျနော်တို့ တပ်ရင်းဘေးတွင် မကဒတ ဗဟိုသင်တန်းကျောင်း တစ်ခုရှိသည် ထိုသင်တန်းကျောင်းဘေးတွင် (၂၁၂)တပ်ရင်းရှိသည်၊ ဒါးဂွင်းကို အမည်ပြောင်းပြီး ဒေါင်းဂွင်ဟုအမည်အသစ်ခေါ်တွင်စေခဲ့သည်၊ ဒေါင်းဂွင့်အခြေချနေထိုင် စဉ် အခြေခံစစ်ပညာသင်တန်း အမှတ်စဉ်တစ်မျဉ်းကိုးလေးကို ဖွင့်လှစ်နေချိန်ဖြစ်သည်၊

ထိုသင်တန်းသည်မကဒတဗဟိုမှစတင်ဖွင့်လှစ်သောသင်တန်းအမှတ်စဉ်(၁)ဖြစ်ပါသည်။ကျနော်တို့ မှာတပ်ရင်း ၌သင်တန်း တက်ခဲ့ရှု အပတ်စဉ်မရှိပါ။နောက်တစ်ကြိမ်ဗဟိုဌာနချုပ်ဆက်သွယ်ရေးတပ်ဖွဲ့ မှတစ်မျဉ်းကိုးလေး။ ဆက်သွယ်ရေးသင်တန်းပေးရန်အတွက်သက်ဆိုင်ရာတပ်ရင်းများမှ ရဲဘော်တစ်ယောက်စီဆင့်ခေါ်ပါသည်၊ ထိုသို့ ဆင့်ခေါ်ရာတွင် ထိုသင်တန်းသို့ (၁ဝ)တန်းအောင်။(သို့ )(၈)တန်း။ (၉)တန်း။စတဲ့အခြေခံရှိသည့် ရဲဘော်များ ဖြစ်ရမည်ဟု ခြွင်းချက်ပါရှိသည်၊တပ်ရေးဗိုလ်ကြီးမှ ကျနော့်အား ဆက်သွယ်ရေးသင်တန်းတက်ရန် ဆွေးနွေးလာပါသည်၊ ဆက်သွယ်ရေးဘာသာရပ်. အရေးကြီးပုံကို စိတ်ဝင်စားပြီး ယခုဖွင့်လှစ်မည့်ဆက်သွယ် ရေးသင်တန်းကို ကျနော်တက်ရောက်မည်ဟု ကတိပေးလိုက်သည်၊ တပ်ရေးဗိုလ်ကြီးမှ ကျနော်အားမကဒတ ဥက္ကဌထံခေါ် သွားပြီး ဥက္ကဌနှင့်တွေ့ ဆုံစေခဲ့ပါသည်၊
-ဥက္ကဌ ကျနော်တပ်ရင်း(၂၁ဝ)က ဆက်သွယ်ရေးရဲဘော်အဖြစ် ဒီရဲဘော်ကို စာရင်းပေးသွင်းပါတယ်ဟု သတင်းပို့ ပါသည်။ မကြာခင်တပ်ရင်းသို့ ပြန်၍ဘားတိုက်တွင်ကျနော့် အဝတ်အစား(၂)စုံနှင့်မုဒုံစောင် တစ်ထည်ကို ကြွပ်ကြွပ် အိပ်ထဲထည့်ပြီး။ဆက်သွယ်ရေးသင်တန်းကျောင်းသို့ သင်တန်းသားအဖြစ် သွားရောက်ကန့်သွင်းရပါသည်။
ဆက်သွယ်ရေးသင်တန်းသားစုစုပေါင်း(၁၂)ဦးခန့် ရှိမည်၊ သံလွင်ကမ်းဘေးတွင်ဖြစ်သည်၊ သင်တန်း ရဲဘော်များမှာ တပ်ရင်းအသီးသီးမှ ရဲဘော်များဖြစ်ကြ၍ တစ်ဦးအကြောင်းတစ်ဦးမသိကြရသေးပါ။ ထို့ ကြောင့် စကားပြောဆိုာကရာတွင် မာနလေးတွေ ကိုယ်စီရှိတတ်ကြသည်။ သင်တန်းကြီး ကြပ်သူမှ သင်တန်းသားများ ချစ်ခင်စွာနေထိုင်ကြရန်။

တစ်နေ့ တာလုပ်ငန်းအစီအစဉ်ဇယားများဆွဲပေးသည်၊ သင်တန်းသားများကို ကသ(ကျောင်းသား) နံပါတ်များကိုယ်စီထုတ်ပေးသည်၊ အုပ်စု တစ်အုပ်စုတွင် အလှည့်ကျခေါင်းဆောင်တာဝန် ထမ်းဆောင်ရသည်၊ သင်တန်း-ကသနံပါတ်များပေးရာတွင် ကျနော်.နံပါတ်မှာ(၄)ဖြစ်သည်၊ အလှည့်ကျအုပ်စု နေ့ စဉ် မိမိတာဝန်ကျရာ လုပ်ငန်းစဉ်များမှာ နံနက်စောစောတွင် အဖွဲ့ ခေါင်းဆောင်မှထှု ဝီဆယ်မှုတ် ပြီး သင်တန်းသားများကို နိုးရပါသည်၊ ထမင်းချက်တာဝန်ကျသူက ထမင်းချက်ရန်။

ထမင်းချက်ဘို့ ရေကို သံလွင် မြစ်ထဲသို့ (၅)ဂါလံပုံးဖြင့်ထမ်းတင်ရေခပ် ပေးကြရသည်၊

နံနက်(၇)နာရီထိုးပြီးအချိန်တွင် သင်တန်းသားများ စားသောက်ပြီးချိန်ဖြစ်ရမည်၊သတ်မှတ်ထားသည့်အချိန့် အဆင်သင့်မဖြစ်လျင် သင်တန်းမှုးမှ ထိုအုပ်စုကို အမှတ်ဖြတ်ပါသည်၊ တာဝန် မကျသေးသည့် အုပ်စုများမှာ ပေးထားသည့်သင်ခန်းစာများကို ပုရစ်အော်သည့် အလားလေ့ကျင့်နေ ကြရသည်။

သင်တန်းကာလ အချို့ အချိန်များတွင် မကဒတမှ နိုင်ငံရေးခေါင်းဆောင်။စစ်ရေးခေါင်းဆောင်အချို့ မှ နိုင်ငံရေးအခြေခံသင်ခန်းစာများ ။စစ်ဘက်စာရေး သားနည်းများ။ ရုံးလုပ်ငန်းအချို့ ကိုသင်ကြားပို့ ချပေးသည်၊
သင်တန်းကြားကာလတွင် သင်တန်းသားအချို့ မှာ ငှက်ဖျားဒါဏ်ကိုအလူး အလဲခံကြရ၍ သင်ခန်းစာ နောက်ကျ လျင် ထိုရဲဘော်ကို သင်တန်းသားအချင်းချင်းမှ လိုက်မှီနိုင်အောင် လက်တွဲခေါ်ဆောင်ရပါသည်၊ သင်တန်း ကာလမှာ (၆)လဖြစ်ပါသည်၊ထိုကာလအတွင်းဆက်သွယ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများကို မနည်းမှီအောင် ကြိုးစားကြရပါသည်။ဆက်သွယ်ရေးသင်တန်းဆင်းပွဲကို ၁၉၉၄ခုနှစ်။ ဇူလိုင်လမှာဆင်းဖြစ်ပါသည်၊ သင်တန်းဆင်းချိန်မှစပြီး မိခင်တပ်ရင်းမျာ့း အချိန်ပြည့်တာဝန် မထမ်းဆောင်နိုင်တော့ပဲ ဆက်သွယ်ရေးတပ်ဖွဲ့ ၏ ရေဒီယိုအော်ပရေတာ ရဲဘော်အဖြစ် စတင်တာဝန်ထမ်းဆောင်ရပါသည်၊လုပ်ငန်းများကို စက်ခန်းထဲ တွင် အချိန်ပြည့်အလုပ်လုပ်ရင်း -ဆက်သွယ်ရေးတပ်ဖွဲ့ မှုးမှ သက်ဆိုင်ရာတပ်ဆွယ်များတွင် တာဝန်ထမ်းဆောင်ရန် အမိန့် စာများ ကျလာပါသည်၊ကျနော် တာဝန်ကျသည့် တပ်ဆွယ်မှာ တပ်ဆွယ်(၂)တွင်ဖြစ်သည်၊အခြားရဲဘော်များမှာ သက်ဆိုင်ရာတပ်ဆွယ်များသို့  ခရီးထွက်ရန်ပြင်ဆင်နေကြသည်၊ခရီးထွက်ခါနီး ရဲဘော် အချင်းချင်း ဌာနချုပ် လဘက်ရည်ဆိုင့်လဘက်ရည်မှာသောက်ကြပြီး မကြာမီကမ်းဘေးသို့  ထိုးစိုက်လာသော စက်လှေပေါ် သို့  ကိုယ်စီ တက်သွားကြပြီး တာဝန်ကျရာ နေရာသို့  နှုတ်ဆက်လက်ပြပြီး သွားရောက်တာဝန် ထမ်းဆောင် ကြရ သည်။ကျနော်တာဝန်ကျသည့်နေရာမှာ ကေအန်ယူဗဟိုဌာနချုပ်ကြီးတည်ရှိရာ မာနယ်ပုလောတွင်ဖြစ်သည်၊ မာနယ်ပုလောဌာနချုပ်ကြီးအနီးတွင် လောကွား လူရုံးရှိသည်၊ထိုရုံးမှာ မကဒတ၏ မဟာမိတ်ဆက်ဆံရေး ဗဟိုဌာနချုပ် ရုံးခွဲဖြစ်သည်၊ မာနယ်ပုလောတွင် တာဝန်ကျစဉ် ထိုအချိန်က တော်လှန် ရေး အဖွဲ့ အစည်း အသီး သီးမှ ကျင်းပပြု လုပ်သည့် တိုင်းရင်းသားနှီးနှော ဖလှယ်ပွဲကျင်းပ ချိန်ဖြစ်သည်၊ မာနယ်ပုလော ဌာနချုပ်သည်အဖွဲ့  အစည်းအသီးသီး ရုံးအသီးသီး နှင့် စနစ်ကျစွာ တည်ရှို မြို့ ငယ်လေးတစ်ခုအလား ဖြစ်တည် နေပါသည်။သောင်ရင်းဖြစ်ရေ. အရောင်မှာလည်း မိုးမခအပင်များ ဝေဝေဆာ ဆာနှင့် စိမ်းမြ ကြည်လင်စွာ စီးဆင်း နေပါသည်။ ကရင်အမျိုးသားနေ့ ကို ထိုဌာနချုပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ ကြပါသည်။ တစ်ဘက်က ကရင်း အမျိုးသားနေ့ ကျင်းပနေသလို ထွီပါဝီကျိုး ခံစစ်တောင် ကြောများတွင် ရန်သူနှင့် တော်လှန် ရေးရဲဘော်တွေမှာလည်း တိုက်ပွဲက အရှိန်အဟုန် ပြင်းစွာ ဖြစ်ပေါ်နေပါသည်၊ ကျနော်တို့ ရုံးအရှေ့ မှ မကြာ ခဏဖြတ် သွားသော စက်လှေများ ပေါ်တွင် လက်နက်အပြည့် အစုံဖြင့် ပုဝါနီများဝှေ့ ယမ်း၍ နှုတ်ဆက်ထွက် ခွာ သွားကြသော ရဲဘော်များကိုတွေ့ နေရသည်။

ပအိုဝ့်လက်နက်ကိုင်အင်အားစုတစ်စုမှ ၄င်းတို့ မာနယ်ပုလောမှ ပြန်ရုတ်ပြီးခရီးထွက်ဖို့ ကျနော်တို့ ရုံး ရှေ့  တွင် စုရုံး ရောက်ရှိနေတာတွေ့ ရသည်၊ မကြာမီ ၄င်းတို့ အထဲမှ ခေါင်းဆောင် ဖြစ်ဟန်တူသူမှ ကျနော့်အား နှုတ်ဆက်သည်က စဉ်းစား စရာဖြစ်နေသည်၊ -ယောက်ဖရေ နှုတ်ဆက်ခဲ့တယ် ကွာ။ ရန်ကုန်မှာ ပြန်ဆုံ ကြသေးတာပေါ့-ဟုနှုတ်ဆက်ပြီး သူတို့ အလံကိုလှေဦးထိပ်တွင်ထောင်၍ ပအိုဝ့်ဝတ်စုံကိုယ်စီ ။ခေါင်းပေါင်း ကိုယ်စီနှင့်စက်လှေထွက် ခွာသွားတာကို အသက် မပါပဲ လက်ကနှုတ်ဆက်နေပုံက ဘယ်လိုနားလည်ရမလဲ ဟုစဉ်းစားရခက်နေသည်။

 ကေအန်ယူနှင့် ဒီကေဘီအေ-အရေးအခင်း။

သတင်းက သဲ့သဲ့ကြားနေရသည်။ မသေချာတော့ မပြောတတ်၊ ကေအန်ယူအဖွဲ့ အစည်းအတွင်း ပဌိပက္ခ ဖြစ်နေပြီတဲ့။ တဘက်မှာလည်း ရန်သူက ကေအန်ယူကို တဘက်သတ် အပစ်အခတ် ရပ်စဲရေး လုပ်နေပြီတဲ့။
ကျနော်တော့ မယုံ၊ ရန်သူသည် တဘက်လှည့်ဖြင့် ထွီပါဝီကျိုး ခံစစ်ကြော ကို ထိုးစစ်လုပ်၍ မရသည့် အဆုံး ပရိရာယ် ဆင်ပြီး ကေအန်ယူ တော်လှန်ရေး အဖွဲ့ အစည်းထဲသို့  ဘာသာရေး အရ စိတ်ဝမ်း ကွဲအောင် ပြုလုပ်ပြီး မာနယ်ပု လော ဌာနချုပ်ကြီးကို အပိုင်စီးသွားခဲ့သည်၊ သို့ သော် မာနယ်ပုလော ဌာချုပ်တွေ အများကြီး ရှိနေသေးသည် ကိုတော့ဖြင့်။ထိုသို့ အရေးအခင်းဖြစ်နေချိန်အတွင်း ကျနော်တို့ မကဒတ ဗဟိုဌာနချုပ်ဒေါင်းဂွင်သို့  စက်လှေဖြင့် ပြန်လာခဲ့ရသည်၊
ဒေါင်းဂွင်းဌာနချုပ်သို့ ရောက်၍ မကြာမီ ရန်သူနှင့်ဒီကေဘီအေပူးပေါင်းအဖွဲ့ တွေသည် သံလွင်မြစ်ရိုးအစိတ်အပိုင်းအတော်များများကို ဖြန့် ကျက်နေရာယူမှုများပြုပြီး မကြာခင် ကျနော်တို့ ဗဟို ဌာနချုပ်ကိုပါ စစ်ဆင်ရေးပြုလုပ်မည်ဆိုသည့်သတင်း အခိုင်အမာရသည့်အတွက် ဌာနချုပ်ကြီး ရွှေ့ ပြောင်းဘို့  အစီအစဉ်ကို စတင်ပြုလုပ် နေကြသည်။သက်ဆိုင်ရာတပ်ရင်းတွေမှလည်း တပ်ရင်းအလျှောက် တိုက်ခိုက်ရေးအင်အားထုပ်ပြီး ပူးပေါင်း စစ်ကြောင်းတွေဖွဲ့ ၊ဗဟိုလုံခြုံရေးအတွက် ဗဟိုနောက်ကျော့ စစ်ကြောင်းများနေရာယူကြရသည်၊ ဖြစ် လိုက် သည့်တိုက်ပွဲတွေမှာလည်း ညတိုက်ပွဲများဖြစ်ကြသည်၊ ရန်သူဘက်မှ အရှင်ဖမ်းမိသည့် ရန်သူ့  စစ်သား များကို သုံ့ ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာပြီး ထိမ်းသိမ်းလိုက်ကြသည်၊ကျောင်းသား တပ်မတော်တွင် ရှေ့  တန်း၌ တိုက်ပွဲဖြစ်ရင်း အရှင်ဖမ်းမိသူ (သို့ မဟုတ်) လက်နက်ချအလင်းဝင်သူများကို အရေးယူဆောင်ရွက်ခြင်း မပြုလုပ်ရန် ဗဟိုစစ်ကော်မရှင်မှ အတိအကျအမိန့် ထုတ်ထားပါ သည်၊ထို့ ကြောင့် ကျောင်းသား တပ်မတော် တွင် သုံ့ ပန်းပေါ်လစီကို ရိုသေစွာ ကျင့်သုံးခြင်းမှာ ဤအချက်တွေက သက်သေပြသည် မဟုတ် ပါလား။
ပြောင်းရွှေ့ ရေးအစီအစဉ့် စစ်ရေးတာဝန်ရှိသူမှ အမိန့် ထုတ်ရာတွင် အခြားတပ်ရင်းမှ အိမ်ထောင် သည်များ။ ဌာနများ။ ပစ္စည်းများ အားလုံး ပြောင်းရွှေ့ ပြီးမှ ဆက်သွယ်ရေးတပ်ဖွဲ့ မှာ နောက်ဆုံးမှ ဆုတ်ခွာ ရမည်ဟု အမိန့် ချထား၍ နောက်ဆုံး အချိန်အထိ စွန့် ခွာရတော့မည့် ဌာနချုပ်ကြီး၏ ခမ်းနားကြီးကျယ်မှု တွေကို တဝကြီးကြည့်ပြီးမှ ဆုတ်ခွာခြင်းအစီအစဉ်ကို ပြုလုပ်ရတော့သည်။တဘက်ကမ်းမှာတော့ ပုရွက်ဆိတ်တွေအစာချီပြီးစီတန်းနေသည့်အလား မြင်ကွင်းများက၊ တချို့  ဆိုလျှင် ကရင်လူမျိုးအချင်းချင်း အသွားအပြန် ပစ္စည်းတွေ ထမ်းရင်း သူ့ မယုံ။ ကိုယ့်မယုံအကြည့်တွေဖြင့် သံဿယတွေ ပွားပြီး သွားလာလှုပ်ရှားနေကြပုံ၊ မကဒတတပ်ဖွဲ့ ဝင်မိသားစုများ။ အိမ်ထောင် သည်များကို လုံခြုံဘေးကင်းရာ နေရာများတွင် ယာယီတဲစခန်းများချ၍ ခေတ္တနေကြရသည်၊အချို့ ဆိုလျှင် အပြင်းဖျား ဖျားနေကြသည်၊ အချို့ အိမ်ထောင် သည် အမျိုးသမီးများဆိုလျှင် မွေးခါနီး နေ့ စေ့။ လစေ့ကိုယ်ဝန်တွေပိုက်ပြီး ဘယ်နေရာမှာမွေးသွားမလဲ ဗိုက်တပြင်ပြင်တထင့်ထင့်ဖြင့်၊ လူတန်းရျည်ကြီး၏ ပစ္စက္ခဘဝအခြေအနေတွေက ထိုကဲ့သို့ ဖြတ်သန်း နာခံရင်း စစ်အာဏာရှင်စနစ် တော်လှန်ရေး ခရီးကြမ်းထဲတွင် ရင့်ကျက်ခဲ့ကြသည်။

၁၉၉၅ခုနှစ်-သြဂုတ်။

ဝဲကြီးစခန်း၊ ၊ ဝဲကြီးမှာ နာမည်နှင့်လိုက်သည်၊ သံလွင်မြစ်အတွင်း ရေဆန်သို့ ပြန်တက်သည့် မည့်သည့်စက်လှေမဆို ဝဲကြီးနေရာ သို့ ရောက်လျှင် လှေဦးမှာ ရပ်သွားပြီး စုတ်ဝဲ။ မှုတ်ဝဲများဆူပွက်၍ စက်လှေကြီးကို ဝဲလှည့ှ်ုနေသည်၊ဝဲလှည့်စဉ် အသဲထိတ်စွာ ရေတွေက လှေဝမ်းထဲသို့  တရောဟော ဝင်လာ သည်၊ ထို့ နောက် မှုတ်ဝဲ၏ မှုတ်ထုတ်လိုက်သည့် ရေကြောင်းအတိုင်း စက်ရှိန်ကိုမြှင့်တင်၍ လျှပ်တပြက်မောင်းထွက်ရသည့်နေရာ ဖြစ်သည်၊ သို့ သော်လှေမောင်း သမားက လိမ္မာကျွမ်းကျင်စွာဖြင့် လုပ်ကိုင်သွားလာ နေကြရသည်၊ ဘေးတဘက်တချက်တွင် ရှု့ မျှော်ခင်းတွေနှင့် ရေညှိ ရောင် တောင်တန်းကြီး တွေ ကာစီး ထားသည့်ပုံတွေအလား မြင့်မား တည်ရှိနေပုံကလည်း လျို့ ဝှက် ဆန်းကျယ်စွာ လှပနေသည်ကတော့ သူ့ သဘာဝနှင့်သူ၊ဝဲကြီးတွင်တာဝန်ကျရင်း တပ်ရင်းတပ်ဖွဲ့ များမှာ ခြေကုတ်စခန်းများကိုယ်စီဖြင့် ရှေ့ တန်းဧရိယာ များတွင် လှည့်လည်သွားလာကြရင်း နယ်မြေခံ မဟာမိတ် စစ်ကြောင်းများဖြင့် အေးအတူ ပူအမျှ တစ်ဘဝတည်း မှာ စုစည်း ညီညာစွာဖြင့် ဖြတ်သန်းကြရင်း၊ စစ်ရေးလှုပ်ရှားမှုများကို အကောင် အထည်ဖော်နေပုံက မကဒတ၏ စစ်ရေးအမြင်ရင့်ကျက်လာမှု။ နိုင်ငံရေးအသိနှင့်တော်လှန်ရေးသတိတွေကို ရင်ဝယ်ပိုက်ရင်း မြန်ပြည်သစ်. သားကောင်း ဒေါင်းစစ်သည်တွေ၏ ပေးဆပ်မှုက ရက်ရောတက်ကြွသည့် ခြေလှမ်းတွေကို မြင်ယောင်ရင်း၊ ထိုပုံရိပ်တွေကို မေ့၍ရနေဦးမည်မဟုတ်တာတော့ အသေ အခြာပြောနိုင်သည်ပါသည်၊ထိုသေခြာမှုများသည် မြန်မာပြည်ဒီမိုကရေစီ တော်လှန်ရေးကြီး. သမိုင်းတစ်ခုတွင် ကဏ္ဌတစ်ခုအဖြစ် ရှိနေရမည်ဟုမြင် ယောင်ရင်း၊ တော်လှန်ရေး ခြေထောက် တွေက ဆူးမကြောက်စွာလျှောက်လှမ်းနေပုံ၊

သြဂုတ်-၁၉၉၅၊

အမိန့် က ပုံမှန်အလိုမကျမှု။ စိတ်ဆင်းရဲမှုတွေကို ရုတ်တရက်ပုတ်နိုးလိုက်သည့်အလား ဝမ်းသာ ကြည်နူးမှုအမိန့် ပဲဖြစ်ပါသည်၊ သွားရမည့် ဒေသမှာ-ကေအန်ယူ တပ်မဟာ(၂)။ တောင်ငူခရိုင်။ သံတောင်မြို့  မြောက်ဘက်။ အခြေခံဒေသထိုးဖောက်ရေး၊ ထိုဒေသကိုအထူးဒေသဟုခေါ်သည်၊ဘယ်လောက်ဝေးပြီး။ ဘယ်လောက်ကြာမှ ရောက်နိုင်မည်ဆိုတာ မခန့် မှန်းနိုင်၊ လောလောဆယ်ခရီးထွက်ရမည်ဆိုခြင်းက ပျော်စရာ၊ ကြည်နူးစရာ၊ ဝပ်ကျင်းထဲ ဝပ်နေရသည့် ကြက်မတစ်ကောင်လို အညောင်းမိ နေသည့် ကျနော်တို့ နှစ်ယောက်၊ ဆက်သွယ်ရေး တာဝန်များဖြင့် ထိုဒေသကိုသွားရောက် တာဝန်ထမ်း ဆောင်ရမည်၊ ခရီးမထွက်မီ ကြိုတင် ပြင်ဆင်စရာရှိသည်များ ပြင်ဆင်နေမိသည်၊ဒါကရှေ့ တန်းထွက်ခါနီး ရဲဘော် တစ်ယောက်၏ ပုံမှန်လုပ်ရ မည့် အ လုပ်၊တောင်တက်လျင်ညောင်းမည်။ ဒီအတွက် အမောခံနိုင်အောင်။ အညောင်း ခံနိုင်အောင် ပထမ ထိုင်ထ လေ့ကျင့်ခန်း ဝင်ရသည်၊ ခရီးထွက်ခါနီးမှ လက်ပူတိုက်ရသလိုမျိုးလုပ်ရတော့ ခြေသလုံးတွေကြီးလာ သည်၊ ပေါင်ကြောတွေ တင်းလာသည်၊ လမ်းလျှောက်လျင်ကွတတ။
ကလို့ ပါဒုက္ခသည်ရွာလေးမှ လှေဖြတ်ကူးပြီး ခရီးထွက်ရသည်၊ ထိုအချိန်-ကရင်ဒီကေဘီအေနှင့်ရန်သူ့  တပ်များမှာ သံလွင်ကမ်းရိုးတစ် လျှောက် တပ်စွဲထားသဖြင့် လွတ်သည့်နေရာမှ ဗမာဘက်ကမ်းကို ကူး၍ ခရီးထွက်ရသည်၊ခရီးထွက်ရမည့်အဖွဲ့ မှာ (၅)ယောက်၊ကျနော်အပါအဝင် တပ်မဟာ(၅) အတွင်ဒီးပူးနိုရွာတွင် ကျန်ရစ်ခဲ့မည့် ထောက်ပို့ အဖွဲ့ တစ်ဖွဲ့ ၊ စစ်ဆင်ရေးအတွင်း ရန်သူ့ စစ်ကြောင်းမှ ပေါ်တာပြေး (၇)ယောက်၊ထိုပေါ်တာ ပြေးများသည် မုံရွာ။ ရေတာရှည်။ ပျဉ်းမနားဘက်မှ ဖြစ်ကြသည်၊သူတို့ သည် ကျနော်တို့  ကျောင်း သားတပ်မတော်သို့  သံလွင်မြစ်ကြောင်းအတိုင်း သစ်တုံးကြီးများဖြင့် စုန်ဆင်းပြီး တပ်ရင်းရှေ့ သို့ ရောက်လျင် ရေချိုး နေသော ကျနော်တို့ ရဲဘော်တွေထံသို့  -ကယ်တော်မူကြပါဗျို့ -ဟုအော်ခေါ်၍ ရဲဘော်များမှ စက်လှေဖြင့် သွားရောက် ဆယ်ယူပြီး တပ်ရင်း၌ခေတ္တထားပြီး သူတို့ ဆန္ဒအရ အိမ်သို့ ပြန်ချင်သည်ဆို၍ ယခုခရီးထွက်မည့် အဖွဲ့ တွင် လိုက်ပါလာခြင်းဖြစ်သည်၊ကျနော်တို့  အဖွဲ့ သည် ရန်သူလှုပ်ရှားမှုကို နားစွင့်ပြီး လမ်းကြောင်းအတိုင်း မသွားတော့ပဲ တောတိုး၍ တစ်ရွာဝင်။တစ်ရွာထွက် သတင်းထောက် သတင်းမထူးဘူးဆိုမှ ရှေ့ သို့ ခရီး ဆက် ကြရသည်၊အဘယ်ကြောင့်ဆိုသော် စစ်ဆင်ရေးဆိုင်ရာ စစ်ရေးပစ္စည်းများ။ လက်နက်ခဲယမ်း အချို့ ပါရှိ သောကြောင့်ဖြစ်သည်၊ မတော်တဆ လမ်းတွင် ရန်သူနှင့်ပက်ပင်းတိုှးု ရုတ်တရက်တိုက်ပွဲဖြစ်ခဲ့လျင် ဒီပစ္စည်း။ ဒီလူနှင့် ရှောင်ရ တိမ်းရနှင့် မလွယ်သောကြောင့်ဖြစ်သည်၊
ကျနော်တို့ အဖွဲ့ ဗူးသိုတောင်သို့ စတင်တက်နေပါသည်။ လမ်းကြောင်းအတိုင်းတက်တာမဟုတ်၍ အတော်ပင်ပန်းလှပါသည်၊ရဲဘော် တစ်ယောက်ဆိုလျင် တောင်တက်ရာတွင်မတက်နိုင်တော့ပါ၊
မျက်လုံးများ မူးဝေပြီး ခြေထောက်တွေမှာ ချိနေ၍ှု စစ်အီကွန့် မင့် နှင့် ကျောပိုးအိပ်များ မသယ်ဆောင်နိုင်တော့၊ တပ်ရင်းမှ တပ်စိတ်မှုးရဲဘော်ကျော်စိုးနှင့် ရဲဘော်ဒဿတို့ မှ ထိုရဲဘော်၏ပစ္စည်းများကို မျှသယ်၍ ဗူးသိုတောင်ကြောသို့  ဆက်လက်တက်သွားရပါသည်။ကျနော့် မှာတော့ သူတို့ ကို ကူသယ်ပေးဘို့ နေနေသာသာ ကိုယ်ပစ္စည်း နှင့်ကိုယ် ပစ်ချခဲ့ချင်စိတ်က မကြာမကြာပေါ် ပေါက်နေသည်၊ ခရီးသွားရင်း ခရီးထွက်နေရင်း ထိုရဲဘော်မှာ တောင်ကြီး ကိုကြည့်လိုက်။ လွယ်ထားသည့် စစ်ရေဗူးကို အဖုံးဖွင့်ပြီးသောက်လိုက်၊ ကြာတော့ စိတ်ဓါတ် ကျဟန်တူပါသည်၊ ရှေ့ ဆက် ခရီးမထွက်နိုင်တော့၊ ရဲဘော်ဒဿမှ ထိုရဲဘော်ကို ကျောပိုးပြီး ဗူးသိုတောင်ကြီး ပေါ်သို့  မှန်မှန်တက်သွား သည်၊ ထိုရဲဘော်.စိတ်ဓါတ်ကို ကျနော့်စိတ်ထဲ အသိအမှတ်ပြုရင်း လက်တွေ့ ဘဝ၏ ခက်ခဲမှုတွေကို သုံးသပ်ဆင်ခြင်ရင်း ရှေ့ ခရီးအတွက် ဒီပုံစံဖြင့် ဆက်သွားနိုင်ပါ့မလားဟု သံဿယတွေဖြစ်ရင်း။
 ဗူးသိုတောင်ပေါ်မှ စဆင်းပါသည်၊ သို့ သော် ဖာပွန်။ ကျောက်ညှပ်သို့  ဆက်သွယ်ဖောက်လုပ် ထား သော ရန်သူဆက်ရေးထောက်ပို့ လမ်းရှိနေ ၍ခရီးမဆက်နိုင်။ ရှေ့ သို့  နယ်မြေခံတစ်ယောက်မှ သတင်း ကြို တင်ထောက်လှမ်းပြီးမှ ထိုကားလမ်းကိုဖြတ်ရသည်၊ဖာပွန်-ကျောက်ညှပ်ကားလမ်းသည် ရန်သူမှ သံလွင် ကမ်းဘေးတွင် အခြေပြုတပ်ဆွဲထားသော တပ်စခန်းအသီးသီးသို့  ရိက္ခာများ။ ခဲယမ်း မီးကျောက်များကို စစ်ထရပ်ကားများဖြင့် လည်း ကောင်း။ ပေါ်တာအထမ်းသမား များဖြင့်လည်းကောင်း ဒေသခံကရင် တိုင်းရင်း သားများကို အဓမ္မခေါ်ယူ၍ဆက်သွယ်အသုံးပြုနေသော အဓိကလမ်း ကြောင်းဖြစ်သည်၊ တစ်ခါတစ်ရံ နယ်မြေခံ ကရင်တော်လှန်ရေး ပြောက်ကျားများ၏ အလစ် အငိုက်တိုက်ခိုက် ခြေမှုန်းခြင်း ခံရသည်၊ ဗိုလ်ဆေးဖိုးအဖွဲ့ မှ ရဲ ဘော်(၁)ယောက်မှ ဖာပွန်ကား လမ်းဖြတ်ပြီး လမ်းကာကင်းစောင့်ပေးသည်၊ ကားလမ်းသို့ ဖြတ်စဉ် ရဲဘော်များမှာ သေနတ်လုံခြုံရေးခလုတ်ကို ဖွင့်ပြီး တစ်ဦးခြင်းအလျင်အမြန်ကားလမ်း တစ်ဘက်ခြမ်းသို့ ကူးရ ပါသည်၊ထိုကားလမ်း.အကျယ်မှာ ခြောက်ပေသာသာကားလမ်းဖြစ်သည်။ ကားလမ်း တဘက်သို့  အားလုံး အဆင်ပြေစွာကူးပြီး တောင်ကြော အတိုင်း ပြေပြေတက်ရာ လတ်လတ်ဆတ်ဆတ် ရန်သူစခန်းချ သွားသည် များကို နယ်မြေခံရဲဘော်မှ ပြောပြ၍အံ့ သြမှင်သက်စွာဖြင့် အနီးပါတ်ဝန်း ကျင်ကို ဝှေ့ ဝိုက်ကြည့်မိသည်၊ ဝါးဆစ်ဗူးများ ခုတ်ပြီး ရေထည့်ထားသည့် ရေဗူးများ။ သစ်ရွက်သစ်ခက်များ ခင်းပြီး ညအိပ်သွားသည့်နေရာများ။ သုခိတာဆေးလိပ်တိုများ။ ညာသိုဆေးရွက်ကြီး ဆေးလိပ်တိုများ။ ထမင်းလုံးများ စသည်တို့ ကိုတွေ့ ရ၍မနေ့ က စခန်းချသွားသည်မှာ ဤအချက်များက သက်သေပြနေသည်။သတင်းအရ ရန်သူနှင့်ကျနော်တို့ မှာ ရှေ့ ဆင့် နောက်ဆင့်ဖြစ်နေသည်၊ ရန်သူ့ စစ်ကြောင်း မှာ နံနက်မိုးမလင်းခင် (၄)နာရီခန့် ၌စစ်ကြောင်းထွက်ပုံရသည်။
ကျနော်တို့ အဖွဲ့ မှာ ရန်သူ့ စစ်ကြောင်းထွက်သွားပြီးလို့  နာရီဝက်လောက်ခန့်ကြာမှ ရောက်လာသည်ဟု ထို ကားလမ်းဘေး၌ရှိသောရွာသားက ကရင် ဘာသာဖြင့် ပြောသံကြားနေရသည်။
ကျနော်တို့ အဖွဲ့  ယွန်ဆလင်းချောင်းကပ်းစပ်သို့  မွန်းတက်လောက်မှရောက်သည်၊ ယွန်းဆလင်း ချောင်းဘေးတွင် ကရင်ရွာများ တည်ဆောက် ရှိသည်၊ ချောင်ဘေး တစ်လျှောက်တွင် စိမ်းမြသည့် လယ်ကွင်း တွေထဲမှ ပျိုးပင်များမှာ ကတ္တီဘာ အစိမ်းရောင် ထနေသည်။လယ်ကွင်းတွေကြား ထဲတွင် ဝါးတဲငယ် လေးတွေ အတော်လှမ်း လှမ်းမှတွေ့ ရသည်။မျက်စေ့ တစ်ဆုံး၌ အုန်းပင်စိမ်းများအစုလိုက်။ ဝါးရုံပင်ကြီးများအစုလိုက်နှင့် ရွာတစ်ရွာကိုလှမ်းတွေ့  ရသည်၊ ချောင်းဘေး လမ်းကြောင်းအတိုင်း လျှောက်ပြီး တစ်နေရာအရောက်တွင် ယွန်းစလင်းချောင်း ကိုဖြတ်ကျော်ရန် ဝါးတံတားတစ်ခု။ညနေ(၅)နာရီ လောက်မှ ဒီပူးနိုရွာကို ရောက်သည်။ ရောက်လာမည်ကို ကြိုသတင်းရထားသော မဟာမိတ်ရဲဘော်များမှ ကျနော်တို့ အဖွဲ့ ကို ဝမ်းပမ်းတသာ ကြိုဆို၍ အနားယူစေသည်။ ကျနော်တို့ ခရီးထွက် သည့်အုပ်စုတွင် ငှက်ဖျားအပြင်း ဖျား၍ ငမ်းထနေသာ ပေါ်တာ တစ်ဦးပါလာသည်။ထိုသူကို ပုခက်ဖြင့် သွာရောက် ထမ်းပြီး မဟာမိတ်ဆေးမှုးများနှင့် ကျနော်တို့ ဆေးမှုးများမှ ဆေးထိုး။ ဆေးတိုက်ကြသည်၊ မကြာခင် မဟာမိတ်ရဲဘော်များချက်ကျွေးသောဖရုံသီးဟင်းနှင့် ငါးပိရည် ငြုပ်သီးစပ်စပ်ကို ဆာဆာနှင့်လွေးလိုက်ကြသည်။
တော်လှန်ရေးတွင်လက်တွေ့ ကွင်းဆင်းသည့်ကိစ္စများတွင် အတော်မလွယ်ပါ။ စာအုပ်ထဲမှ အနစ်နာ ခံခဲ့သည့်တော်လှန်ရေးသမိုင်းပုံရိပ်တွေကို အားကျ။ မွန်မြတ်သန့်  စင်သည့် လူထုအတွက် ကိုယ်ကျိုးမဖက်ပဲ မိမိအသက်ကိုပဓါဏမထားပဲ အများအကျိုးအတွက် အသက်ကိုပါမချန် ပေးဆပ်ခဲ့ကြ သည့် ခေါင်းဆောင်ကြီး တွေကို ကျိတ်အားကျပြီး လက်တွေ့ တော်လှန်ရေး'ကီး ခရီးတစ်ခုထဲသို့  ကိုယ်တိုင်လျှောက် လှမ်းရပြီဆိုတော့ လူတွေပေါင်းစုံနှင့် ဆက်ဆံလုပ်ကိုင်နေရသည်မှာ ကိုယ်စိတ်တစ်ခုတည်းနှင့်တော့ မလုံလောက်နိုင်။ အများနှင့်လျှောက်လှမ်းရသည့်ခရီးပန်းတိုင်တို့ တွင် အများသဘောတူညီ မှုကိုခံယူပြီး သဘောတူချက် ပန်းတိုင်တွေကို အတူတကွ လျှောက်လှမ်းရသည်။အရာရာတိုင်းတွင် ကိုယ့်စိတ်နှင့် မတွေ့ တာတွေဖြစ်လေ့ ရှိသည်၊ သို့ သော် တော်လှန်ရေးပါလားဟု သတိအကြိမ်ကြိမ်ချပြီး ထစ်ကနဲရှိ ဖြစ်တတ်သည့် မလိုအပ်သည့် ဒေါသတွေကို တဖြည်းဖြည်း ထိမ်းသိမ်းရင်း ရဲဘော်ရဲဘက်စိတ် ဆိုသည့် အေးအတူပူအမျှ နေထိုင်သည့် စိတ်ဓါတ်လေးကိုမွေးမြူတတ်ခဲ့သည်။အရွယ်က တော်လှန်ရေးတွင် ငယ်ရွယ်တက်ကြွသည့်အရွယ်၊ အရာရာကို ကိုယ်ထိလက်ရောက် ဝင်ရောက်လုပ်ကိုင်မှ ကျေနပ်ကြသည့်အချိန် တွေလည်းဖြစ်သည်။ မှန်သည်မှားသည်ဦးစားမပေးပဲ မှန်တယ် ထင်ရာကို ဆုံးဖြတ်ချက်ချ လိုက်တိုင်း မှန်သည့်အခါလည်း ရှိမည်။ မှားသည်အခါ လည်းရှိမည်။ဒီတစ်ခါ ဆုံးဖြတ် မှုကြီးကတော့အကြိမ်ကြိမ်မှားခဲ့သည့်ဆုံးဖြတ်ချက်တွေမှ အကြီးမြတ်ဆုံးဆုံးဖြတ်ချက်။ အမှန်ကန်ဆုံး ဆုံးဖြတ်ချက် ဖြစ်သည်ကိုတော့ ကျေနပ်၍မဆုံးအောင်ဖြစ် နေခဲ့သည်။သေနတ်ကြီးကိုထမ်း။ လူထုအတွက် ရအောင် တိုက်မည့် ဒီမိုကရေစီ နိုင်ငံတော် သစ်ကို ကျနော်တို့ အရွယ်တွေကောင်းသည့်အချိန်မှာ အဖြူစင်ဆုံး ပေးဆပ် ရတာကိုက မွန်မြတ်သန့် စင်သည့်လာခြင်းကောင်းခဲ့ သူလို့ ကျေနပ်နေခဲ့သည်။အသေမြတ်သော လက်တွေ့  လက်နက်ကိုင်တော်လှန် ရေးကြီးတွင် မွန်မြတ်သန့် စင်သည့် စိတ်ဓါတ်တွေ.မေတ္တာတရား တွေကို ခံယူ ထွေး ပိုက် ရင်း ကျနော်တို့ ခရီးကို ကျနော်တို့  စိတ်ကူးတွေ ကိုယ်စီ အတွေး နှော့ရင်း တောတောင်တွေ. အလွမ်း အငွေ့ တောင်တန်းကြီးတွေ။ မီးခိုးတိုင် လျှပ်စစ်မြို့ ပြတွေကို ချန်ထားပစ်ခဲ့ရင်း မိုင်ပေါင်း ရာချီ ဝေးလွန်းလှသည့် တောင်စိမ်းစိမ်း တွေ၏အတွင်း ကျကျ ကမ္ဘာမြေတစ်နေရာ ရာမှာ ခွပ်ဒေါင်း စစ်သည်အချို့  တစ် တောင်ပေါ် တစ် တောင်တက်ပြီး တောင်အမြင့်တွေ ပတ်ချန်ရံ ထားသည့် တောစိမ်းတောင်တန်း ရင်ခွင်ထဲမှာ ကျနော်တို့  တစ်တွေ ဆူးညှောင့် ခလုပ်တွေကို သတိကြီးစွာ ဖြတ်ကျော်ရင်း စိတ်ဓါတ်ခွန်းအားဖြင့် လိုအပ် ချက် ပန်း တိုင် တစ်ခုကို လက်တစ်ကမ်းသာလိုတော့သည့်ရွာမှာ ဒီညအိပ်ဖြစ်တော့မည်။
ကဗျာဆရာယောဟန်အောင်၏-ဗိုလ်ဆာကီးတောင်တန်းက ရေတံခွန်ကြီးရဲ့ ပုံက နဂါးစိမ်းကြီး တစ် ကောင်က သူ့ အမြီး သူပြန်မျိုနေသလိုမျိုး ကဗျာ စာသားလေးကို သဘောကျရင်း ပေါ့ပါး စိမ်းလန်းစွာ ထိုင်ငေးနေမိသည်။ ရွာသားတစ်ယောက် ကျနော်တို့ ထံပြေးလာသည်၊ အရေးကြီးသည့်ပုံ။ကျနော် တို့ အဖွဲ့  နေရာကိုယ်စီ ယူလိုက်ကြသည်၊ အေကေသေနတ် လုံးခြုံရေးခလုပ်ကို ဖွင့်ပြီး ဆေးပစ္စည်း ထမ်း ထား သည့် ဆတ် သားတစ်ယောက်ကို အနောက်တွင် လွတ်လွတ်ထား လိုက်သည်၊ တပ်စိပ်မှုးမှ ရွာသားနှင့် သစ်ပင်အကွယ်တွင် စကားတီးတိုး ပြောနေကြသည်၊မကြာပါ-တပ်စိပ်မှုးမှ-ဗိုလ်ဆာကီးတောင်ထိပ်မှာ ရန်သူ့  ဗျူဟာရုံး စိုက်ထား တယ်လိုသိရတယ်၊ အခုကျနော်တို့ နဲ့  နာရီဝက်သာသာခန့် မှာ အဲဒီတော့ လာလမ်းအတိုင်း နောက် ကိုပြန် ဆုတ်မယ်၊ ခရီးနှောက်နှေးမှုမဖြစ်ရအောင်။
ကျနော်တို့ အဖွဲ့  ဗိုလ်ဆာကီးတောင်ကြောမှဆင်းပြီး ရန်သူနှင့်လမ်းကြောင်းလွဲသည့်နေရာတစ်ခုတွင် ရွာသားမှလိုက်ပြပြီး တပ်မဟာ(၂)နယ် စပ်မှ ကာကွယ်ရေး တပ်များနှင့် သတင်းပေးဆက်သွယ်မှုပြုကြရသည်။ ထိုရွာမှာ ကျနော်တို့ စခန်းချသည်။ယခင်က ဗိုလ်ဆာကီးဂိတ်တွင်အကောက်အခွန်ဂိတ်ထားသည့် ကာကွယ်ရေး တပ်ဖွဲ့ပြန်ဆုတ်ပြီးယခုလိုကျနော်တို့ နှင့် ပြန်လည် ဆုံဆည်းမိခြင်း ဖြစ်သည်၊ ထိုဂိတ်တွင် ဗြိတိသျှ လက်ထက်က တည်းကတော်လှန်ရေးတာဝန်ထမ်းဆောင်ခဲ့ဘူးသည့် ကေအန်ဒီအိုခေါင်းဆောင် ဗိုလ်မှုး ဖူးငယ်တူးကိုတွေ့  သည်၊ အဖူးငယ်ထူးမှာအသက်ကြီးသွားသော်လည်း ယနေ့ အချိန်အထိဥပဓိရုပ်ကောင်းကောင်းနှင့် သန်သန်မာ မာတွေ့ ရသည်။အဖြူရောင် တစ်ဝက် ။ အနက်ရောင်တစ်ဝက်လုနေသည့်သူ။ဆံပင်များကိုသေသပ်စွာ ဖြီးလိမ်း ထားတာတွေ့ ရသည်။သူဝတ်ထားသည့် ပုဆိုးအုန်းသီးခြောက် အရောင်ပေါ်တွင် စစ်ခါးပတ်ကိုပတ်ပြီး သူ၏ရဲ ဘော်များနှင့်တောထဲ တောင်ထဲတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတာဝန်များကို တက်တက်ကြွကြွထမ်း ဆောင်နေတာမြင်ရတော့ ကျနော် အတိုင်းအဆမရှိ လေးစားနေမိသည်။အဖူးက ကျနော်တို့ ကိုကျောင်းသား တပ်မတော်ကမှန်းသိ၍ အစားအသောက်ဆင်း ရဲမှာစိုး၍ လားမသိ။ ကျနော်တို့ ရောက်လျင်ရောက်ခြင်း နွား တစ်ကောင်ပေါ်၍ သူ့  ရဲဘော်တွေကိုလည်း ခွဲတမ်းကျဝေ။ ကျနော်တို့ အဖွဲ့ ကိုလည်း ယခုချက် စားဘို့ ။ လမ်၌့ ရိက္ခာ ခြောက်လုပ် သွားဘို့ မှာပြီးမိဘ သဖွယ်ဆုံးမသြဝါဒ ပေး၏၊ သူ။အိပ်ဟာဘေးတွင်နေရှင်နယ်လေဒီယို အဟောင်းလေးတစ်လုံး။ ဟန်းကော ရေနွေးအိုးတစ်လုံး။ပါးစပ့်အမြဲလိုလို သောက်သည့် ပိတောက်သားရောင် ဆေးတံအိုးကို မကြာခဏ ဆေးတွေခြစ် ထုပ်ပြီး အေးဆေးတည်ငြိမ်စွာ ဖြင့် သူ၏ရှေးဟောင်း နှောင်းဖြစ် လေးတွေကို ရေနွေးသောက်ရင်း ကျနော်တို့ ကို ပြောပြနေသည်။ ရှေ့ ဆက်ခရီးထွက်မည်ပြုတော့ ကျနော်တို့  အဖူး တဲသိုသွားပြီး ဂါဝရပြု နှုတ်ဆက်ထွက်ခွာခဲ့သည်။

ဆက်လက်ဖော်ပြပါဦးမည်။။---

ကျည်ဝေဖြိုး။

Thursday, July 22, 2010

ခေတ်သစ် နိုင်ငံရေး ခွင်သစ်ကို တီထွင်သူများနဲ့ အရေးတော်ပုံကြီး ထာဝရ တည်တံအောင် ကြံဆောင်သူများ အကြောင်း။

ခေတ်သစ် နိုင်ငံရေး ခွင်သစ်ကို တီထွင်သူများနဲ့ အရေးတော်ပုံကြီး ထာဝရ တည်တံအောင် ကြံဆောင်သူများ အကြောင်း။


“ခွင်”အသစ် အကြောင်း ပြောပြချင်လို့ပါ။

“ခွင်”အသစ်က ခု ဗမာပြည်ထဲကို ရောက်သွားပါပြီ။

အမေရိကန်အစိုးရက “နှစ် ၂၀ ရှိပြီ မင်းတို့လို အသုံးမကျတဲ့အတိုက်အခံတွေကို ထောက်
ပံ့နေတာမျိုး ရပ်ပြီ။ ဗမာပြည်ထဲက တကယ်ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို NGO တွေက တဆင့်ဘဲ ကူညီတော့မယ်” ဆိုတဲ့ ပေါ်လစီအသစ်ကြောင့် ၀ါရှင်တန်ဒီစီမှာအဝေးရောက် အစိုးရလည်း ရုံးခန်းမဖွင့်နိုင်တော့လို့ အစိုးရအဖွဲ့ဝင်တွေ ကျောပိုးအိတ်ရုံးခန်းနဲ့ပဲ ရုံးစာရွက် စာတမ်းတွေသယ်လာကြရပြီး ပန်းခြံတွေမှာ ချိန်းတွေ့၊ အစည်းအဝေးလုပ်နေရတဲ့ အဖြစ်ပါ။ ခုမှ တကယ့်ကို အဝေးရောက်ပါ။ နေ့စဉ်ရုံးလုပ်ငန်းအတွက်ကတော့ အင်တာနက်က ကယ် ထားလို့ ကိုယ့်အိမ်မှာကိုယ် လုပ်လို့ ရနေကြသေးတယ်။ အင်တာနက်လစဉ်ကြေး မတတ်နိုင် တဲ့နေ့ရောက်သွားရင်တော့ အဝေးရောက်ပါ ပျောက်သွားမှာပါ။ နအဖလုပ်လို့ မဟုတ်ပါဘူး။ ကိုယ့်စားရိတ်နဲ့ ကိုယ်ပါ။

ထိုင်း-မြန်မာနယ်စပ်က proposal နဲ့ ရပ်တည်နေကြတဲ့ အဖွဲ့အစည်းများစွာဟာလည်း နောက် နှစ်ဆို proposal ရပ် ရိက္ခာပြတ်ကြတော့မယ်ဆိုတာ သိနေလို့ အလွန်လျင်သူတွေ “ခွင်” အသစ်ထဲဝင်ဘို့ စိုင်းပြင်း နေကြပါပြီ။

အမေရိကန်အစိုးရက လာမဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ဗမာပြည်ဒီမိုကရေစီရေးအတွက်
ဒေါ်လာ(၃၈)သန်းသုံးစွဲမယ်ဆိုတာ အတိုက်အခံတွေအတွက် မဟုတ်ပါဘူး။ ဗမာပြည်ထဲမှာ
NGO တွေက တဆင့် သုံးဘို့ပါ။

အဲဒီမှာ “ခွင်”အသစ် ပေါ်ပေါက်လာတာပဲ။ သိတဲ့အတိုင်း ခရီးစားရိတ်တွေ အထူးစားရိတ် တွေမပါ အမေရိကန်နိုင်ငံသား အနိမ့်ဆုံးNGO ၀န်ထမ်းရဲ့လစာက ဒေါ်လာသုံးထောင်က စတယ်။ NGOခေါင်းဆောင်ပိုင်းဆိုရင် လခတွေက ရှစ်ထောင်တစ်သောင်းတွေပါ။ ဒါပေမဲ့ သူတို့က ဒီလစာလောက် လှည့်ကို မကြည့်ဘူး။ “ခွင်”ထဲက ထပ်ဆင့်“ခွင်”တွေမှ အများကြီး။

နအဖကလည်း လျင်သလားမမေးနဲ့။ “ဒေါ်လာခွင်”အသစ်ထဲမှာမှ ကိုယ်ပိုင်”နိုင်ငံရေးခွင်” အသစ် ထပ်ဖွင့်လိုက်တယ်။ နအဖက ဒေါ်လာ(၃၈)သန်းကို သောက်ရေးကို မစိုက်ဘူး။ ဒီ ပိုက်ဆံလောက်က သူတို့ မန်နေဂျာ တေဇ  စင်္ကာပူမှာ တည လာဖြုန်းသလောက်ပဲ ရှိတယ်။ ၀ါရှင်တန်/နယူးယောက်ဗမာသံရုံးတွေကတစ်ဆင့် အတိုက်အခံလောကထဲကို နအဖ ၀င်လိုက် တာ သိပ်လှတယ်။ “အမေရိကန်အစိုးရက ဗမာပြည်ထဲမှာသုံးမဲ့ ဒေါ်လာ(၃၈)သန်းဟာ စီမံခန့် ခွဲမှုအပိုင်းမှာ ခင်ဗျားတို့လို အမေရိကားမှာနေနေတဲ့သူတွေပဲ လာလုပ်မှ အားလုံး အဆင်ပြေ ပြေ ဖြစ်မှာ။ ခင်ဗျားတို့လုပ်ငန်းမှာ ကျနော်တို့ ဘာမှဝင်မရှုပ်ဘူး။ ခုထဲက ဗမာပြည်ထဲဝင်မဲ့ NGOတွေမှာ ၀င်လုပ်ကြပါ။ ဗမာပြည်ထဲမှာရှိပြီးသား တခြားနိုင်ငံတွေက NGOတွေနဲ့  အမေရိ ကန်တွေနဲ့က ဖြစ်မှာ မဟုတ်ဘူး။ ခင်ဗျားတို့နဲ့ မှ ဖြစ်မှာ။ ဗမာ passport မရှိဘူးလား သေနေ လား မပူနဲ့၊ ကျနော်တို့လုပ်ပေးမယ်။ အမေရိကန် passport ကိုင်ထားရင်လည်း ဗမာvisa တစ်နှစ် ထုပေးလိုက်မယ်၊ တစ်နှစ်အတွင်း ဗမာပြည်ကို ကြိုက်သလောက်အ၀င်အထွက်လုပ်။ လောလောဆယ် တစ်ခေါက် နှစ်ခေါက်သွားဘို့လည်း လေယာဉ်လက်မှတ်တို့  နေရေးစားရေး တို့လည်း မပူနဲ့။ ကျနော်တို့ အကုန်စီစဉ်ပေးမယ်”ဆိုတဲ့ အလုံး တစ်လုံးထဲ အတိုက်အခံတွေထဲ ပစ်ထည့်လိုက်တာ ပစ်မှတ်တွေ အများကြီးရဲ့ ဗဟိုတည့်တည့်ကို သွားထိတော့တာပါပဲ။

ခုတော့ သွားကုန်ကြပြီ။ ခွင်အသစ်ထဲကို။ Ph. D ဒေါက်တာလောက်ဆိုရင်၊ ၀ါရှင်တန်နယူး ယောက် ဗမာသံရုံးတွေက အသွားအပြန် J class လေယာဉ်လက်မှတ် ၀ယ်ပေးလိုက်သေး တယ်။ ဥပမာ - ဒေါက်တာစိန်မြင့်။ လန်ဒန်က Ph. D ရခဲ့ပြီး သွားလေသူ ဒေါ်စုခင်ပွန်း ဒေါက်တာမိုက်ကယ်အဲရစ်(စ်)ရဲ့ မိတ်ဆွေကြီးပါဆိုပြီး အမေရိကားက ဗမာ အတိုက်အခံ လောကထဲ ခုန်ဝင်လာခဲ့တဲ့လူ။

လွန်ခဲ့တဲ့ နှစ်(၂၀)က ABSDFတောခိုကျောင်းသား ခုတော့ အမေရိကန်နိုင်ငံသားစက်ရုံ အလုပ်သမားများအတွက်ကတော့ Y class လေယာဉ်လက်မှတ်ပေါ့။

နအဖက ဓါတ်ငွေ့ရောင်းလို့ရတဲ့ပိုက်ဆံကို ညူကလီးယားမှ မဟုတ်ဘူး။ ဒီနေရာမှာလည်း သုံးပြီး ရင်းလိုက်သေးတယ်။။ ငွေပြန်ပေါ်မဲ့ ခွင်က Fort Wayne မြို့မှာ နယူးယောက် ဗမာ သံရုံးလုပ်ထားပြီးသားမို့ပါ။

လွန်ခဲ့တဲ့ နှစ်(၂၀)က ABSDFတောခိုကျောင်းသား ခုတော့ အမေရိကန်နိုင်ငံသားစက်ရုံအလုပ် သမားများ ဆိုတဲ့ အမာခံအတိုက်အခံ ထောင်နဲ့ချီပြီးရှိတဲ့ Fort Wayne မြို့က  ဗမာလောက ဟာလည်း နယူးယောက်ဗမာသံရုံးက ပစ်လိုက်တဲ့ ခုနက အလုံးတစ်လုံး မြို့လည်ခေါင်ကို လာပြီး ကျတာမှာ၊ အုံးအုံးကျက်ကျက်တွေ ဖြစ်သွားတာပါပဲ။ ဖြစ်ချင်တော့  အမေရိကန်စီးပွား ရေးကျလို့ အလုပ်တွေက ပြုတ်နေချိန်ကလည်း ဖြစ်နေသေးတယ်။ အလုပ်တွေ အဆင်ပြေနေ ဆဲ လူတွေကလည်း ဗမာပြည်ပြန်ပြီး ဗမာမိန်းမယူချင်တာနဲ့ မိဘတွေဆီသွားလည်ချင်တယ် ဆိုတဲ့ အိပ်မပျော်သော လက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့စဉ် ညတွေတုံးက မှောင်မှောင် ရီခြယ် ပျံ့လွင့်အတွေးတွေဟာ နအဖကျေးဇူးနဲ့ ခုတော့ လက်တွေ့အကောင်အထည် ပေါ်သွား တော့တာပေါ့။

ဒီထက်လှတဲ့ အကွက်က အင်္ဂလိပ်ဘာသာအရေကျိုသောက်နိုင်တဲ့ ဒေါက်တာခင်မာဦးဆိုတဲ့ ဆရာဝန်မကို နယူးယောက် ဗမာသံရုံးက ဗမာပြည်ကနေ ခေါ်လိုက်ပြီးတော့ Fort Wayne မြို့ကို လွှတ်လိုက်ပါလေရော။ အင်္ဂလိပ်ဘာသာ အခုအထိညံ့ဖျင်းနေကြဆဲ အဲ့ဒီ အမေရိကန် နိင်ငံသားမြန်မာစက်ရုံအလုပ်သမားများ ထောင်ချီရှိရာ Fort Wayne မြို့ကို မြို့ခံ နှစ်(၂၀) သက်တမ်း မြန်မာအမေရိကန်နိုင်ငံသားတွေ မသိသေးတဲ့ ငါးကြင်းဆီနဲ့ငါးကြင်းကျော်တဲ့ “ခွင်” အသစ်ကိုပါ ဒေါက်တာခင်မာဦးကို သင်ပြပေးပြီးမှ နယူးယောက် ဗမာသံရုံးက Fort Wayne မြို့ကို လွှတ်လိုက်တာပါ။ အင်္ဂလိပ်ဘာသာ ဘာမှ အခက်အခဲမရှိတဲ့ ဒေါက်တာခင်မာဦးဟာ သူများနည်းတူပဲ (၂)လ အတွင်း နိုင်ငံရေးခိုလှုံခွင့်ရယူပြီး သကာလ “ခွင်” အသစ်ကို စတင် လိုက်ပါတယ်။ အင်္ဂလိပ်ဘာသာမကျွမ်းကျင်ကြတဲ့ Fort Wayne မြို့ခံ နှစ်(၂၀)သက်တမ်း မြန်မာအမေရိကန်နိုင်ငံသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းproject အမျိုးအမျိုး တွေ အမေရိကန်အစိုးရဆီမှာ တင်လိုက်တာ၊ ခုတော့ ဒေါက်တာခင်မာဦးရဲ့ project ရုံးတွေ မှာ Fort Wayne မြို့ခံ မြန်မာ-အမေရိကန် ABSDFဟောင်းတွေလည်း ၀န်ထမ်းတွေဖြစ်ပြီး အလုပ်ရနေကြပါပြီ။

နယူးယောက် ဗမာသံရုံးက ဗိုလ်မှူးကြီးကျော်စွာမင်းရဲ့ ငါကြင်းဆီစစ်ဆင်ရေး ဒုတိယအဆင့်
အတိုက်အခံတွေ စစ်အစိုးရကိုထောက်ခံ ဘက်ပြောင်းရေးအတွက်လည်း ရှေ့တန်းက ဗျူဟာ မှူး ဒေါက်တာခင်မာဦးဟာ ထိုးစစ်ကို အောင်မြင်စွာ စတင်နေပါပြီ။ ဒီအတိုက်အခံတွေက အင်္ဂလိပ်ဘာသာမကျွမ်းပေမဲ့ နိုင်ငံရေးကိုနားလည်တော့ စာတတ်ပေတတ်ပုဂ္ဂိုလ်တွေနဲ့ ပေါင်း ပြီး ကွန်ဂရက်လွှတ်တော်မှာ သွားသွား ကလိတိုင်း အမေရိကန်နဲ့ ဆက်ဆံရေးကောင်းချင်တဲ့ နအဖအတွက် ဟိုဟာထဲ စမူဆာဝင်ဝင်ပြီး ခုနေသလို ဖြစ်မှာ စိုးရတယ်။ ခုတော့ Fort Wayne မြို့ခံ မြန်မာနိုင်ငံဘွား အမေရိကန်နိုင်ငံသား အတိုက်အခံ(ဟောင်း)များလည်း ဗမာသံရုံးက မေတ္တာလက်ဆောင်ဝယ်ပေးတဲ့ Y class လေယာဉ်လက်မှတ်တွေနဲ့ ဗမာပြည်ကို သွားလိုက် ပြန် လိုက်လုပ်နေကြပါပြီ။ ဗမာပြည်မှာ ရှာလာခဲ့တဲ့ သတို့သမီးလောင်းကို အမေရိကားကိုခေါ် ဘို့အတွက်လည်း I-129F လျှောက်လွှာတွေ အမေရိကန် လ၀က မှာ တင်ထားကြပါပြီ။

မွန်တောခိုကျောင်းသားဟောင်းတွေ ဦးစီးတဲ့ Fort Wayne မြို့ မွန်ယဉ်ကျေးမှုအသင်းတသင်း ဆိုရင်၊ အမေရိကန်အစိုးရက ချပေးတဲ့ ဒေါက်တာခင်မာဦးရဲ့ project တခုက ငွေတွေနဲ့၊ ဗမာ့ ဆိုင်းဝိုင်းကြီး တူရိယာပစ္စည်းအစုံအလင်ကို သင်္ဘောနဲ့မှာယူ ရောက်ရှိလာလို့၊ Fort Wayne မြို့က မွန်မလေးတွေ ဘောင်းဘီဖင်ကြပ်တွေနဲ့ အကတိုက်နေကြတာကိုလည်း၊ ဗီအိုအေက တီဗီအစီအစဉ်မှာ မြင်ကြရပါပြီ။ ရန်ကုန်မြို့က နိုင်ငံတော်ယဉ်ကျေးမှုတက္ကသိုလ်ကတောင်၊ ဒီတီဗီအစီအစဉ်ကိုကြည့်ပြီး Fort Wayne မြို့က ဗမာ့ဆိုင်းဝိုင်းကြီးဟာ သူတို့ ကျောင်းက ဆိုင်းဝိုင်းကြီးထက်တောင် တူရိယာပစ္စည်းတွေ စုံတယ်လို့ ပြောနေပါတယ်။

နယူးယောက်ဗမာသံရုံးက ဗိုလ်မှူးကြီးကျော်စွာမင်းရဲ့ ငါကြင်းဆီစစ်ဆင်ရေးကို ဗျူဟာမှူး ဒေါက်တာခင်မာဦးက အကောင်အထည်ဖေါ် အောင်မြင်လိုက်ပုံကများကတော့ ခုဆို အမေရိ ကန်အစိုးရက ချပေးတဲ့ ငွေတွေနဲ့ Fort Wayne မြို့ကနေ ဗမာလို တီဗီတောင် လွှင့်တော့မှာ ဖြစ်ပါတယ်။ မိုးမခနဲ့ အင်တာဗျူးမှာ ကိုယ့်ဟာကိုယ် သူငယ်ချင်းချင်း စကားစပ်မိပြီး တီဗီလွှင့် ဘို့ လုပ်ဖြစ်သွားတာပါလို့ပြောထားပြီး ဒုက္ခသည်တွေထဲမှာ စာမတတ်သူ အများကြီးပါလို့ တီဗီ ရိုက်ဘို့ စိတ်ကူးပေါ်လာတာပါလို့ ဒေသခံ စာနယ်ဇင်းတွေက ရေးကြတယ်။ ရုပ်သံလိုင်း မရှိ သူတွေ ကြည့်ဘို့ ဒီတီဗီအစီအစဉ်တွေကို DVDနဲ့ဖြန့်မယ်လို့လည်း ပြောပါတယ်။ ဘယ်သူကမှ ဒေါက်တာခင်မာဦးရဲ့ များစွာသော project တွေထဲက တခုပါလို့ အင်တာဗျူးတွေမှာ မပြော ကြဘူး။ မိုးမခတောင် ဒါကို မသိလို့ ဒီဗျူး ခန်းကိုထည့်ပေးတာနေမှာ။
http://moemaka.com/index.php?option=com_content&task=view&id=6753&Itemid=83
ကျားနဲ့ဆင် ဒီ“ခွင်”မှာ တွေ့ကြပါပြီ။ ဒီ“ခွင်”ကို ဆင်ထားတဲ့ မူလ“ခွင်”ပိုင်ရှင်က နယူးယောက် ဗမာသံရုံးက ဗိုလ်မှူးကြီးကျော်စွာမင်း။ သူက “ဆင်” ဆိုရင် အခု ဒီ “ခွင်”ထဲကို ၀င်လာတာက “ကျား” သင်းကိုကို။
Fort Wayne မြို့ကနေ ဗမာလို တီဗီလွှင့်မှာကို တီဗီလုပ်ငန်း နကန်းတလုံးမှမသိတဲ့ မြို့ခံ ဦးသီရိဘကြည် ခေါ် ဦးသီဟ က ရှေ့က နံမည်ခံပြီး နောက်ကနေ သူ့လက်သူ့ခြေ အကုန်လုပ် မဲ့ သင်းကိုကို။
ဗိုလ်မှူးကြီးကျော်စွာမင်းရဲ့ ဗျူဟာမှူး ဒေါက်တာခင်မာဦးလောက်ကို ပိဿာချိန်နဲ့ ရောင်းစား သွားမဲ့ သင်းကိုကို။ မြ၀တီရုပ်သံက ကင်မရာတွေ မပြီး ပြေးသွားသူပါလို့၊ န၀တ က ကြေညာ ခံခဲ့ရဘူးတဲ့ သင်းကိုကို။ DVB ရုပ်သံ စစချင်း DVB အတွက် ရသမျှ မာစီးဒီးဝယ်စီးပြီး အိမ်ဖေါ် တွေ ဘာတွေနဲ့ နော်ဝေ မှာ အကျအန နေခဲ့တဲ့ သင်းကိုကို။ DVB က ခိုးနေတာပေါ်သွားတော့ ကန်အထုတ်ခံရချိန်မှာ DVBက data hard driveကြီးကို ဖျက်ဆီးပြီးမှ နော်ဝေကနေ ထွက် လာခဲ့တဲ့ သင်းကိုကို။ အရင် သူလုပ်ခဲ့တဲ့ ဘန်ကောက် FTUB ရုံးကနေပါ ဦးမောင်မောင်က ကန်ထုတ်လိုက်တဲ့ သင်းကိုကို။ ပြေးစရာ မြေမရှိနဲ့ အမေရိကားရောက်လာရာက  အေးအေး မနေပဲ၊ Fort Wayne မြို့က ဗိုလ်မှူးကြီးကျော်စွာမင်း နဲ့ ဒေါက်တာခင်မာဦးတို့ရဲ့ ငါးကြင်းဆီ စစ်ဆင်ရေးထဲက “ခွင်”ထဲကို ၀င်လာတဲ့ “ကျား” သင်းကိုကို။
ဗိုလ်မှူးကြီးကျော်စွာမင်း ကုလားထိုင်လှုပ် ဒေါက်တာခင်မာဦး Fort Wayne မြို့ကနေ တော ထုတ်ခံရပြီး ငါးကြင်းဆီစစ်ဆင်ရေးထဲက “ခွင်”တခွင်လုံး သင်းကိုကို အုပ်သွားရင်တော့ ကြည့် ကောင်းလိုက်မဲ့ ဖြစ်ချင်း။
နောက်ထပ် “ခွင်”ကတော့ ၀ါရှင်တန်ကနေ ဘန်ကောက်ကို ရွေှ့သွားတဲ့ “ခွင်”ပါ။ အမေရိကန် အစိုးရရဲ့ USAID က ဒေါ်လာသန်းပေါင်းများစွာနဲ့ အမေရိကန် NGOတွေ ဗမာပြည်ထဲ ၀င်ဘို့ လုပ်တဲ့ နေရာမှာ USAIDရှေ့တန်းရုံးကို ဘန်ကောက်မှာ ဖွင့်လိုက်ပါပြီ။ ရှေ့တန်းရုံးကို ဦးစီးဘို့ လူရှာနေတာကြားတဲ့ အဝေးရောက်NCGUBရုံးရဲ့ ညွန်ကြားရေးမှူး ဦးစိုးပိုင်က သိပ်သွက်ပါ တယ်။ အမေရိကန်အမျိုးသားနဲ့ အိမ်ထောင်ပြုထားတဲ့ အမေရိကန်တက္ကသိုလ်ဘွဲ့ရ သူ့သမီး စန္ဒီကို USAIDရှေ့တန်းရုံးရဲ့ ညွန်ကြားရေးမှူးအဖြစ်ခန့်ဘို့ ၀ါရှင်တန်ဗမာသံရုံးရဲ့ နောက်ကွယ် က စီစဉ်ဆက်သွယ်ညှိနှိုင်းပေးမှုနဲ့ အမေရိကန်အစိုးရကိုချဉ်းကပ် အဆိုတင်လိုက်တာ အောင် မြင်သွားခဲ့ပါပြီ။ ခုတော့ ၀ါရှင်တန်NCGUBရုံး ရဲ့ညွန်ကြားရေးမှူးဦးစိုးပိုင်လဲ အဝေးရောက် အစိုးရကို ၀ါရှင်တန်ကပန်းခြံတွေထဲမှာ ပစ်ထားခဲ့ပြီး ညွန်ကြားရေးမှူးစန္ဒီရဲ့ ရှေ့တန်းရုံးရှိရာ ဘန်ကောက်ကို ပြောင်းရွေှ့နေထိုင်နေပါပြီ။
နောက်နှစ်ဆို proposal ရပ် ရိက္ခာပြတ်ကြတော့မယ်ဆိုတာသိတဲ့ အလွန်လျင်တဲ့ ထိုင်း-မြန်မာ နယ်စပ်က တော်လှန်ရေးခေါင်းဆောင်ကြီးငယ် size ပေါင်းစုံဟာလည်း ဗမာပြည်ထဲဝင်ကြ တော့မဲ့ အမေရိကန်NGOတွေထဲမှာ အလုပ်ရဘို့ ဒါမှမဟုတ် ကိုယ်တိုင် NGOတခုကို ဆရာ ကြီး လုပ်နိုင်ဘို့  ဗမာပြည်ထဲက “ခွင်”အသစ်ထဲ ၀င်ပြီး ကိုယ့်အတွက် “ခွင်”ထပ်ရှာကြဘို့  စိုင်းပြင်းနေကြပါပြီ။ ဘန်ကောက်မှာ နောက်ကွယ်ကနေ နအဖက သူတို့လူ ညွန်ကြားရေးမှူး စန္ဒီကတဆင့် ကြိုးကိုင်မဲ့ ဗမာပြည်အတွက်USAIDရှေ့တန်းရုံးမှာ တော်လှန်ရေးခေါင်းဆောင် ကြီးငယ်တွေ သူ့ထက်ငါ တိုးဝှေ့ဦးခိုက်နေကြပါပြီ။ အမေရိကန်အစိုးရကတော့ မသိရှာဘူး။ အိုဘားမားရဲ့ ထိတွေ့ဆက်ဆံရေးပေါ်လစီ အောင်မြင်ပြီး ဗမာပြည်မှာတဖြည်းဖြည်း Change ဖြစ်သွားမယ်လို့ ထင်နေရှာတယ်။ အောင်မြင်တာတော့ အောင်နေပါပြီ။ ရှေ့တန်းရုံဖွင့်ရုံပဲရှိ သေး အမေရိကန် NGOတွေ ဗမာပြည်ထဲခြေမချရသေးခင်မှာကို “ခွင်”ဆရာကြီးဆရာမကြီး တွေ အတွက်ကတော့ အောင်မြင်သွားခဲ့ပါပြီ။
“ခွင်”ဆိုလို့ အမေရိကားထဲက “ခွင်”အသစ်တစ်ခုလည်း ရှိပါသေးတယ်။
ကယ်လီဖိုးနီးယားပြည်နယ်က အမေရိကန်အောက်လွှတ်တော်အမတ် ရိုနာဘာဂါက စစ်မှန်တဲ့ ဗမာ့ဒီမိုကရေစီအရေးအတွက် ဗမာစစ်တပ်ထဲက မျိုးဆက်သစ်စစ်သားတွေက လုပ်မှ ရနိုင် မယ်လို့ ကြေညာချက်တစ်စောင်ထုတ်ခဲ့တယ်။ အဲ့ဒီမှာ၊ ခွေးသေကောင်ပုဒ်ကို ဠင်းတတွေ ၀ိုင်းဆွဲကြသလို၊ ရိုနာဘာဂါဆီကို အပြေးအလွှား သူ့ထက်ငါဦးအောင် proposal တွေ project တွေ ၀ိုင်းတင်ကြတော့တာပဲ။ ကျနော်ကတော့ ပြည်တွင်းက စစ်တပ်ထဲမှာ အဆက်အသွယ် တွေရှိပါတယ်၊ ကျမကတော့ ပြည်တွင်းက စစ်မှုထမ်းဟောင်းတွေကို အိတ်ထဲထည့်ထားနိုင်ပါ တယ်၊ စုံလို့ပဲ။ ရိုနာဘာဂါရဲ့ ၀ါရှင်တန်က အောက်လွှတ်တော်အမတ်ရုံးကို ကုန်းလမ်းရေလမ်း လေလမ်းတွေကနေ ချီတက်လာကြတာ။ ချင်းမိုင်မှာ ဆယ်နှစ်ဆယ်မိုး အရပ်ဘက်စစ်ဘက် ဆက်ဆံရေးပါမောက္ခလိုလို ဘာလိုလိုလုပ်လာခဲ့တဲ့ ဟားဗတ်သုံးလသင်တန်းတက်ဘူးသူတွေ ရဲ့ ဗန္ဒု ဓနု လဥ bahu အဖွဲ့ဝင် အမေရိကန်မ ယောက်ျားတယောက်လည်း မိသားစုနဲ့အတူ အပြေးအလွှားပဲ ၀ါရှင်တန်ကို အပြီး ပြန်ပြောင်းလာပါပြီ။ သို့ကလို ရိုနာဘာဂါရဲ့ ၀ါရှင်တန်က အောက်လွှတ်တော်အမတ်ရုံးနားမှာ ၀ဲနေကြတဲ့ ဠင်းတတွေထဲမှာ၊ စစ်သားဟောင်းဆိုလို့ စစ်ဗိုလ်ဆရာဝန်လုပ်ဘူးတဲ့ အဝေးရောက်အစိုးရကုလသမဂ္ဂတာဝန်ခံ ဒေါက်တာသောင်းထွန်း ပဲ တွေ့ရတယ်။ ဗမာပြည်စစ်တပ်ထဲက ဒီမိုကရေစီလိုလားသူ စစ်သားတွေ ဗမာစစ်အစိုးရရဲ့ စစ်ပြန်အဖွဲ့ထဲက ဒီမိုကရေစီလိုလားသူ စစ်သားဟောင်းတွေနဲ့ ပြည်ပရောက် ဒီမိုကရေစီ လို လားသူ စစ်သားဟောင်းတွေနဲ့ကို ချိတ်ဆက်ပြီးကွန်ယက်ကြီးဖြစ်လာဘို့ သူလုပ်နိုင်တယ် ဆို တဲ့ ဒေါက်တာသောင်းထွန်းရဲ့ နှစ်ရှည်စီမံကိန်းအတွက် ကုန်ကျစားရိတ်အသေးစိတ်နဲ့ တင်ပြ ထားတဲ့ proposal အထူကြီးတအုပ်လဲ၊ ဘုတ်ကနဲ ရိုနာဘာဂါရဲ့ရုံးခန်းထဲ ကျရောက်သွားခဲ့ ပါပြီ။ တစ်ခါမှ ဖုံးမဆက်ဘူးတဲ့ တစ်ကမ္ဘာလုံးက ဗမာစစ်သားဟောင်းတွေဆီကို ဒေါက်တာ သောင်းထွန်း ဖုံးတွေတဂွမ်ဂွမ်ဆက်နေရှာတယ်။ စည်းရုံးတဲ့အထဲမှာ ဗမာပြည်ဒီမိုကရေစီ အကြောင်းပဲပါတယ် တဲ့။ ရိုနာဘာဂါ ကြေညာချက်တို့ ဘာတို့ တခွန်းမှ မဟဘူးတဲ့။ စစ်သား ဟောင်းဆိုတဲ့လူတွေကလည်း ဠင်းတချင်းတူပေမဲ့ ခပ်တုံးတုံးတွေဆိုတော့၊ ရိုနာဘာဂါကြေညာ ချက်ကိုလည်း မသိဘူး။ သိလည်း ဒါဟာ၊ ရပ်ကွက်ထဲကိုရောက်လာတဲ့ အသစ်ကလေးလို့် “ခွင်” ဆရာကြီးဆရာမကြီးတွေလို ရှုမြင် နားလည်သဘောပေါက်ကြမဲ့ ဠင်းတမျိုးတွေ မဟုတ် ပြန်ဘူး။ ဒေါက်တာသောင်းထွန်းရဲ့ “ခွင်” မှာ အသုံးချခံရတော့မယ်ဆိုတာ မသိကြတဲ့ စစ်သားပီပီ ခဲတံချွန်စက်မရှိတဲ့ အရပ်ကလူတွေလိုပါပဲ။
“ခွင်”တွေကတော့ အငြိမ့်တွေရဲ့ အက ရာသီခွင်တွေလိုပါပဲ။ သူ့ရာသီနဲ့သူ ခေတ်မှီမှီ စတိတ်ရှိုး တွေထည့် မင်းသမီးတွေကို အားကစားဇာတ်လမ်းနဲ့ မလုံ့တလုံဝတ်ပြတာတွေ ထည့်နိုင်တဲ့ခွင် တွေက အစ်ကိုကာလသားတွေ တရုန်းရုန်းနဲ့ ပွဲစည်ပြီး အားလုံးလည်း ညကြေးတွေ ပိုပြီးရကြ တွက်ခြေကိုက်ကြတာပေါ့။
သြော် ရပ်ကွက်ထဲက “ခွင်”တွေ အကြောင်း ပြောပါတယ်။

ယူအက်(စ်)အေ ရုက္ခစိုး

Monday, July 19, 2010

ရွေွးးကောက်ပ်ပဥွဲဥွဲ ပဒေများအပေါ် သုံးသပ်ချက်။

ရွေွးးကောက်ပ်ပဥွဲဥွဲ ပဒေများအပေါ် သုံုးံးသပ်ခ်ချက် (နိဂိဂိဂုံုးံုးံး)

(၁၇ - ၇ - ၂၀၁၀)

ပြည်သ်သူ့လူ့လွှတွှတ်ေ်တော်ေ်ရွေွးးကောက်ပ်ပဥွဲဥွဲ ပဒေ ( နအဖ ဥပဒေအမှတှတှတ် ၃/၂၀၁၀ )
ဤဥပဒေသည် ကျန်ဥပဒေနှစ်ရပ်ဖြစ်သည့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ (နအဖ ဥပဒေအမှတ် ၄/၂၀၁၀)နှင့်တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ (နအဖ ဥပဒေအမှတ် ၅/၂၀၁၀) တို့နှင့် ပြဋ္ဌာန်းချက်များမှာအတူတူပင် ဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ် အရေအတွက်သတ်မှတ်ခြင်း၊ မဲဆန္ဒနယ်များ သတ်မှတ်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ အသက်နှင့်နိုင်ငံသားဖြစ်မှုဆိုင်ရာ သတ်မှတ်ချက်တချို့မှလွဲ၍ ကျန်ပြဋ္ဌာန်းချက်များမှာ၏သည်မလွဲအတူတူပင်ဖြစ်သည်သိုပါ၍ပြည်သူလွှတ်တော်ရွေးကောက်ပွဲဥပဒေအပေါ်သုံးသပ်ခြင်းဖြင့် ကျန်ဥပဒေများလည်း အကျုံးဝင်သွားပါလိမ့်မည်။

နအဖ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ နိုင်ငံတော်ကို တိုင်းဒေသကြီး (၇) ခု ပြည်နယ် (၇) ခုနှင့် ပြည်ထောင်စုနယ်မြေများဖြင့် ပိုင်းခြားသတ်မှတ်ပုံမှာ၊အခြေခံအားဖြင့် မဆလ ၁၉၇၄ ဖွဲ့စည်းပုံအတိုင်း ဖြစ်သည်။ တိုင်း/ပြည်နယ် အောက်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု (၆) ခု (နာဂ၊ ဓနု၊ပအိုဝ့်၊ ပလောင်၊ ကိုးကန့်၊ ဝ) ထားရှိသည်ဟု ဆိုသည်။ပြည်ထောင်စုနယ်မြေဆိုသည်မှာ နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ထားရှိသည့် မြို့တော်နေပြည်တော် (ခရိုင်) နှင့်ကာကွယ်ရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးအရ ထူးခြားသည့် နယ်မြေများကို ဥပဒေပြဋ္ဌာန်းပြီး နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှု
အောက်တွင် ထားရှိသည့် နယ်မြေများဟု ဆိုသည် (၂၀၀၈ ပုဒ်မ ၅၀၊ က၊ ခ)။ သို့ဖြင့် နောက်ထပ် ပေါ်ပေါက်လာနိုင်စရာရှိသည့်ပြည်ထောင်စုနယ်မြေဆိုတာ ဘာလဲဆိုသည်မှာ မရှင်းပါ။ မတည်မငြိမ်ဖြစ်နေသည့် နယ်စပ်ဒေသတွေလား၊ ရေနံသိုက် သတ္ထုသိုက်ကျောက်မျက်ရတနာသိုက်တွေလား၊ နျူကလီးယားဒေသလား စသဖြင့် မရှင်းပါ။၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်သုံးရပ်အတွက် ကိုယ်စားလှယ်ပေါင်း (၃၃၀ + ၁၆၈ + ၆၆၀ ခန့် = ၁၁၅၈ ခန့်) ရွေးကောက်ရမှာဖြစ်သည်။ တပြည်လုံးလက္ခဏာဆောင်သော National Chamber ပြည်ထောင်စုလွှတ်တော် (ပြည်သူ့လွှတ်တော် + အမျိုးသားလွှတ်တော်) နှင့်ဒေသလက္ခဏာဆောင်သော Regional Chamber တိုင်း/ပြည်နယ် လွှတ်တော်ဟု ခဲပွါသည်။နအဖ ၏ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံမှာ အခြေခံအားဖြင့်ပင်လျှင် ပြဿနာရှိနေပါသည်။ ဦးစွာအားဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ခွဲခြားပုံမှာ ဒေသန္တရလက္ခဏာအရ ခွဲခြားခြင်းလား အမျိုးသားလက္ခဏာအရ ခွဲခြားခြင်းလား မကွဲပြားပါ။ ပြည်နယ်များကိုအမျိုးသားလက္ခဏာအရ ခွဲခြားတာမှန်ရင် အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်) အတွင်းသဘော ပါရှိရပေမည်။ ၂၀၀၈ဖွဲ့စည်းပုံတွင် တိုင်းနှင့်ပြည်နယ်အလိုက် လွှတ်တော်၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့များ ဖန်တီးထားသော်လည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အနှစ်သာရမပါရှိပါ။(ရွေးကောက်ပွဲဝင်စရာမလိုတဲ့၊ အကွက်ချစီစဉ်ထားတဲ့) စစ်ဗိုလ်လူထွက်သမ္မတ၏ လက်အောက်ခံပြည်နယ်လေးများ အသွင်သာဆောင်နေပါသည်။ဒုတိယအချက်အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးအရ လွှတ်တော်သုံးရပ်စလုံးတွင် စစ်ဗိုလ်တမတ်သား (၂၅%) ပါဝင်နေခြင်းသည်အလွန်ရုပ်ပျက်ဆင်းပျက်နိုင်နေပါသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုဦးစီးအဖွဲ့ဆိုတာမှာပင် စစ်ဗိုလ်တမတ်သား ပါနေသည်။ဤသို့ အမျိုးသားလက္ခဏာနှင့် ဒေသန္တရလက္ခဏာ၊ စစ်အာဏာရှင်အုပ်ချုပ်ရေးနှင့် အရပ်သားဒီမိုကရေစီအုပ်ချုပ်ရေးကို (သဏ္ဌာန်အရ)ကမောက်ကမ ရောမွှေပြီး၊ စစ်ဗျူရိုကရက်အာဏာရှင်စနစ်ကို ထာဝစဉ်တည်တံ့အောင် ကြံဆောင်ခြင်းဖြစ်သဖြင့်၊ ရုပ်ဆင်းပျက်နေရခြင်း
ဖြစ်သည်။ အတုအယောင်အမျိုးသားညီလာခံနှင့် အဓမ္မနာဂစ်ဆန္ဒခံယူပွဲတို့မှ ပေါ်ပေါက်လာသည့် အကျိုးဆက် (ဆိုးမွေ) လည်း ဖြစ်ပါသည်။
နောက်ထပ် ရှက်ဖွယ်ကောင်းသော လုပ်ရပ်မှာ နအဖ စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဤဥပဒေ (ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ၃/၂၀၁၀ ပုဒ်မ ၉၁) ဖြင့် ဖျက်သိမ်းပြီး ၁၉၉၀ လွှတ်တော်ခေါ်ဖို့ ပျက်ကွက်ခြင်း (၁/၉၀ ကို အကောင်အထည်မဖော်ခြင်း) သည်တိုင်ပြည်၏ အချုပ်အခြာအာဏာကို ဗြောင်မထေမဲ့မြင်ပြုရာရောက်ရုံတင်မက ဥပဒေကြောင်းအရ ကတိကဝတ်ချိုးဖောက်ခြင်းလည်း ဖြစ်သဖြင့်
သမိုင်းကြောင်းအရ အမဲစက်ထင်ပေလိမ့်မည်။
ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေတွင် အခန်းပေါင်း ၁၆ ခန်းနှင့် ပုဒ်မပေါင်း ၉၁ ခု ပါဝင်သည်။ နအဖ ၏ အမျိုးသားညီလာခံ၊ ၂၀၀၈ဆန္ဒခံယူပွဲ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေများသည် တိုင်းပြည်၏ အရင်းခံနိုင်ငံရေးပြဿနာများကို ပြေလည်အောင်ဖြေရှင်းခဲ့ခြင်းမရှိဘဲစစ်အစိုးရ၏ နိုင်ငံရေးလောဘနှင့် ထွင်လုံးများဖြစ်သည့် (အရေးသုံးပါး၊ အမျိုးသားနိုင်ငံရေးတွင် တပ်မတော်၏ဦးဆောင်မှု၊စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ) ဆိုသည်ကိုအဓမ္မဖော်ဆောင်ခဲ့ခြင်းဖြစ်သည့်အတွက်ယခုရွေးကောက်ပွဲဥပဒေများတွင်ပြဿနာတွေ
တပုံကြီးထင်ဟပ်လျက် ရှိနေပါသည်။ယခု ပုဒ်မတခုချင်းစီကို သုံးသပ်ကြည့်ကြစို့။

ပုဒ်မ ၆၊ က။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူဟု ဆိုသည်။ ၎င်းတို့သည် ပါတီတည်ထောင်ခွင့်လည်း ရှိသည်(နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၄၊ က)။(သို့ရာတွင်) ရွေးကောက်ခံပိုင်ခွင့် မရှိ (ပုဒ်မ ၁၀၊ဍ)။ ငြိမ်းအဖွဲ့များကို ရည်ညွှန်းဟန် ရှိပါသည်။ပြည်တွင်းစစ်ရပ်စဲပြီးအမျိုးသားညီညွတ်ရေးတည်ဆောက်ရေးအတွက် နိုင်ငံရေးပြဿနာများကို နည်းမှန်လမ်းမှန် ညှိနှိုင်းဖြေရှင်းခြင်း မရှိသည့်အတွက် ယခုလို ကမောက်ကမဖြစ်နေတာပါ။
အခန်း (၅) ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူများနှင့် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိသူများ။ အရှုပ်ထွေးဆုံးနှင့် ပြဿနာအများဆုံးအခန်းဖြစ်သည်။
ပုဒ်မ ၈၊က၊၂။ နိုင်ငံတော်တွင် တဆက်တည်း အနည်းဆုံး ၁၀ နှစ် အခြေချနေထိုင်ခဲ့သူဖြစ်မှ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိသည်။ပြည်ပရောက် အတိုက်အခံများကို ရည်ညွှန်းပုံရပါသည်။ ပြည်ပရောက် ဒီမိုကရေစီ အင်အားစုအများစုက နအဖ ၏ အတုအယောင်ရွေးကောက်ပွဲကို စိတ်ဝင်စားကြခြင်း မရှိသည့်အတွက် ပူစရာမရှိပါ။ NGO အမည်ခံ ပြည်တော်ပြန် တတိယလိုင်း အလံရှူးများကိုယ့်အဆင့်အတန်း ကိုယ်သိဖို့ပဲ ဖြစ်ပါသည်။
ပုဒ်မ ၁၀ ။ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိသူများအဖြစ်ပုဒ်မခွဲ (က) ထောင်ဒဏ်ကျခံနေရသူ။ နအဖ စစ်အစိုးရက ကြိုက်သလို အမှုဆင် ဖမ်းဆီးထောင်ချနေတာ အားလုံးအသိ ဖြစ်ပါသည်။ ချဲထီ၊မူးယစ်ဆေးဝါး၊ ယာဉ်တိုက်မှု၊ ဝတ္တရားနှောင့်ယှက်မှု၊ ကုန်ကုန်ပြောရရင် ဧည့်စာရင်းမတိုင်မှုဖြင့်ပင် ဖမ်းဆီးထောင်ချနိုင်သော အခြေအနေ၊လွတ်လပ်သော တရားရေးစနစ် ကင်းမဲ့နေသော အခြေအနေတွင် ဤပုဒ်မ၏ ထိရောက်မှုကို စဉ်းစားကြည့်နိုင်ပါသည်။ပုဒ်မခွဲ (ခ) လွှတ်တော်ကိုယ်စားလှယ် အရည်အချင်း ပျက်ယွင်းစေသောပြစ်မှု၊ သို့မဟုတ် ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုကျူးလွန်ခြင်း၊ သို့မဟုတ် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်ရန် ပျက်ကွက်ခြင်း (ဝါကျက ရှုပ်ရှုပ်ထွေးထွေးနှင့် အရှည်ကြီးပါ၊
လိုရင်းကိုပဲ ပြန်ရေးပြတာပါ)။ စွဲချက်ကတော့ ကြီးပါသည်။ ဘာတွေဆိုလိုသလဲဆိုတာကတော့ ဥပဒေတခုလုံး အခေါက်ခေါက်ဖတ်ကြည့်တာတောင် မရှင်းလှပါ။ တခုခုနဲ့ငြိစွန်းတယ်လို့ အကြောင်းပြပြီး တားမြစ်နိုင်သည့် ယေဘုယျပြဋ္ဌာန်းချက် ဖြစ်နေသည်။
ပုဒ်မခွဲ (စ) နိုင်ငံခြားအစိုးရ၏ ကျေးဇူးခံ ဩဇာခံ လက်အောက်ခံ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသား။ ပုဒ်မခွဲ (ဆ) အထက်ပါပုဂ္ဂိုလ်တို့၏ခံစားရသော အခွင့်အရေးများ သို့မဟုတ် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ။ ရေးသားထားတာတွေက ဥပဒေစကားလုံး မဟုတ်ဘူး။နိုင်ငံရေးတံဆိပ်ကပ်သော စကားလုံးတွေသာ ဖြစ်ပါသည်။ တပခ်ျုပ်ကြီး၏ နှုတo်ကပါဌ်တော်အတိုင်း လိုက်ရေးထားပုံရပါသည်။ တိုင်းတပါးတို့နယ်ချဲ့ တို့ဆိုတာ ဘိုးတော်ဘုရားခေတ်က အသုံးအနှုန်းတွေပါ။ ဗမာပြည်ဟာ လတ်ွလပ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်နေပြီဲပ။ဲယခုထက်ထိ နိုင်ငံခြားကြောက်သူငယ်နာ မစင်သေးဘူး။ (နိုင်ငံခြားသားအဖြစ် ခံယူထားသူလို့ဆိုရင် ရှင်းပါသည်။)
ပုဒ်မခွဲ (ဇ) နိုင်ငံခြားတိုင်းပြည်တခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့ အစည်း သို့မဟုတ် အခြားအဖွဲ့ အစည်းတခုခု သို့မဟုတ်ပုဂ္ဂိုလ်တဦးဦးထံမှ ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေအထောက်အပံ့ရယူသုံးစွဲသူ သို့မဟုတ် ယင်းသို့အထောက်အပံ့ရယူသုံးစွဲသည့် အဖွဲ့အစည်းဝင်ဖြစ်သူ။ (နိုဘယ်လ်ဆုလိုဟာမျိုးကိုပြောတာလား၊ နိုင်ငံခြားကုမ္ပဏီလခစားကို ပြောတာလား၊ NGO တွေကို ပြောတာလား၊ အားလုံးကို ပြောတာလား)။ ယနေ့လို ကမ္ဘာမှုခေတ်တံခါးဖွင့်စီးပွားရေးနှင့် ဈေးကွက်စီးပွားရေးခေတ်တွင် နိုင်ငံခြားနှင့် ကုးလူးဆက်ဆံခြင်းမှာ အထူးအဆန်း မဟုတ်ပါ။ တည်ဆဲတရားဥပဒေဘောင်ထဲက ဆက်ဆံခြင်းဟာ ပြစ်မှုမဟုတ်ပါ။ အဓိကကျသည့်အချက်မှာ ရွေးကောက်ပွဲဝင်မည့်ပုဂ္ဂိုလ်သည် ထိုအလုပ်များမှ နုတ်ထွက်ပြီးဖြစ်ရမည် အထောက်အပံ့ရယူသူ မဖြစ်ရဟုဆိုလျှင် ရှင်းပါသည်။
ပုဒ်မခွဲ (ဋ) နိုင်ငံ့ဝန်ထမ်း။ ကြံ့ဖွံ့ပါတီခေါင်းဆောင်များသည် နိုင်ငံ့ဝန်ထမ်းမဟုတ် နိုင်ငံရေးခေါင်းဆောင်ဖြစ်သည်ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးသိန်းစိုးက ဆိုသည်။ သို့ဆိုလျှင် ကြံ့ဖွံ့ပါတီသည် လက်ရှိအာဏာရ incumbent နိုင်ငံရေးပါတီလည်းဖြစ်၊ ၂၀၁၀ မှာဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီလည်းဖြစ်သဖြင့်၊ နိုင်ငံတော်ယန္တရားနှင့် နိုင်ငံတော်မှ (ရှင်းအောင်ပြောရလျှင် စစ်အစိုးရထံမှ)
အထောက်အပံ့ကို ရယူသုံးစွဲသူ၊ တနည်းအားဖြင့် ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားပြုသူ အလွဲသုံးစားပြုသည့် အဖွဲ့အစည်းဝင်ဖြစ်သူမဟုတ်ပါလော။ (ဤသို့ မဖွယ်မရာ မဖြစ်အောင် အာဏာသိမ်း စစ်ကောင်စီ နအဖ ဥက္ကဋ္ဌ အနေဖြင့် ဥပဒေ နည်းဥပဒေ လုပ်ထုံးလုပ်နည်းအမိန့်ကြော်ငြာစာ အမိန့် ညွှန်ကြားချက် စသည်ဖြင့် မထုတ်သင့်ပါသလော)
ပုဒ်မခွဲ (ဎ) မတရားသင်း၊ အကြမ်းဖက်အဖွဲ့အစည်း၊ သောင်းကျန်းသူများနှင့် ဆက်သွယ်ကြောင်း ခိုင်လုံသော အထောက်အထားရှိသူ။ဗမာပြည်လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်ဖြစ်ပွားခဲ့သည်။ အမျိုးသားစည်းလုံးညီညွတ်ရေး ပျက်ပြားခဲ့သည်။ ဒီမိုကရေစီ တစတစဆိတ်သုဉ်းခဲ့သည်။ စစ်တပ်က အာဏာသိမ်းခဲ့သည်။ စစ်ဗျူရိုကရက်လူတန်းစား ပေါ်ပေါက်ခဲ့သည်။ လူထုအုံကြမွှုတွေ လူထုတိုက်ပွေဲ တွ
ပေါ်ပေါက်ခဲ့သည်။ တိုင်းပြည်ဟာ အဆင်းရဲဆုံးအဆင့်သို့ လျှောကျခဲ့သည်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အဖက်ဖက်က ကျဆင်းခဲ့သည်။သယံဇာတတွေလျှော့ပါး သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးကြရသည်။ ဤအခြေအနေမှာ နအဖ စစ်အုပ်စုထိပ်သီးများသည် အာဏာကိုအရူးအမူးဖက်တွယ်ပြီး၊ (၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီဖြစ်သည့်) NLD - CRPP က ကမ်းလှမ်းသည့် တွေ့ဆုံဆွေးနွေးရေးကို
ဆင်ခြင်တုံတရားမဲ့စွာ တဖက်သတ်ငြင်းပယ်နေသမျှ ကာလပတ်လုံး၊ တိုင်းပြည်သည် ကမ္ဘာ့အလယ်မှာ တည်ငြိမ်အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတနိုင်ငံဖြစ်ဖို့ မဖြစ်နိုင်ပါ။ စစ်အစိုးရက တံဆိပ်တပ်သည့် (တနည်းအားဖြင့် ဖန်တီးလိုက်သည့်) မတရားသင်းအကြမ်းဖက်အဖွဲ့အစည်း သောင်းကျန်းသူဆိုတာတွေ မရေမတွက်နိုင်အောင် ပေါများကြီးထွားလာဖို့သာ ရှိပါသည်။ ရှေ့လျှောက်လည်းတတိုင်းတပြည်လုံး မတရားသင်း အကြမ်းဖက်အဖွဲ့အစည်း သောင်းကျန်းသူတွေ ဖြစ်လာပါလိမ့်မည်။ ဤပုဒ်မအရ ဗမာပြည်နိုင်ငံရေးပြဿနာဘယ်လောက်နက်ရှိုင်းတယ်၊ တွေ့ဆုံဆွေးနွေး နိုင်ငံရေးနည်းနဲ့ စုပေါင်းအဖြေရှာဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ဖော်ပြနေပါသည်။
ပုဒ်မ (၁၁)။ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေသောအချက်များအဖြစ်၁၂ ချက် (က မှ ဌ အထိ) ဖော်ပြထားသည်။ ပုဒ်မ (၁၀) ပါပြဋ္ဌာန်းချက်များကို ပြန်လည်ဖော်ပြထားခြင်း ဖြစ်သည်။ အကယ်၍အရွေးခံရလျှင်တောင် တခုခုနှင့်ငြိစွန်းသည်ဟု အကြောင်းပြ၍ ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိဟု ပယ်ဖျက်နိုင်စေရန် လုပ်ထားခြင်းဖြစ်ပုံရပါသည်။ ဒီနေရာမှာ အောက်ပါပုဒ်မခွဲနှစ်ခုက ဘာကိုဆိုလိုမှန်း မသဲကွဲရုံမက နိုင်ငံသားဖြစ်မှုလူပုဂ္ဂိုလ်အခွင့်အရေးအပေါ်ပိတ်ပင်ဟန့်တား ထိပါးရာရောက်နေပါသည်။ပုဒ်မ (၁၁) ပုဒ်မခွဲ (င) သက်ဆိုင်ရာဥပဒေအရ နိုင်ငံသားအဖြစ်မှ ရပ်စသွဲားကြောင်း သတ်မှတ်ခံရခြင်း။ ပုဒ်မခွဲ (စ) မွေးဖွားစဉ်ကမိဘတပါးပါးဖြစ်စေ၊ နှစ်ပါးစလုံးဖြစ်စေ နိုင်ငံသား မဟုတ်ကြောင်း သက်ဆိုင်ရာ၏ သတ်မှတ်ခံရခြင်း။ ဗမာပြည်မှာ တိုင်းရင်းသားလူမျိုးတမျိုးမျိုးမှ ပေါက်ဖွားတာ မဟုတ်သော (တရုတ် ကုလား ကပြား စသည်ဖြင့်) ဗမာပြည်ပေါက် နိုင်ငံသားတချို့ ရှိကြပါသည်။ ၎င်းတို့ဟာ
ပဒေသရာဇ်ခေတ် ကိုလိုနီခေတ်ကတည်းက ရှိနေကြတာပါ။ တချို့ဆိုလျှင် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲ လွတ်လပ်ရေးတိုက်ပွဲများမှာပါဝင်အသက်ပေးလှူခဲ့ကြတာပါ။ ၎င်းတို့၏ နိုင်ငံသားဖြစ်မှုကို (လိုတမျိုး မလိုတမျိုး) ရုပ်သိမ်းချင်တာလား။ နိုင်ငံရေးအမြင် ကွဲလွဲသည့်အတွက်(ဥပမာ။ ဒေါက်တာဆလိုင်းထွန်းသန်းကဲ့သို့) နိုင်ငံသားအခွင့်အရေးကိုပိတ်ပင်ချင်တာလားဒီပုဒ်မများသည်လူ့အခွင့်အရေးအရလည်းကောင်းလူမျိုးရေးအရလည်းကောင်း ခွဲခြားဖိနှိပ်နိုင်ရန် ပြဋ္ဌာန်းထားသလို ဖြစ်နေပါသည်။ ရှေ့မှာ ပုဒ်မ (၅) ကဲ့သို့ ဤပုဒ်မ၏ (မတော်မတရား)
အစွန်းထက်ပုံကို မြင်တွေ့ရဖွယ် ရှိနေသည်။
ပုဒ်မ (၁၂)။ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် ရှိမရှိကို ခုံအဖွဲ့ဖွဲ့၍စစ်ဆေးရန် ကော်မရှင်အား အာဏာကုန်ပေးထားခြင်း ဖြစ်ပါသည်။
အခန်း (၈တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ။ပုဒ်မ (၃၃) တမတ်သားစစ်ဗိုလ်ကိုယ်စားလှယ်တွေနှင့် ပတ်သက်လျှင်မူ ကော်မရှင်တွင် ဘာအာဏာမှမရှိ ဖြစ်ရပြန်သည်။ကာကွယ်ရေးဦးစီးချုပ်က ကြိုက်သလို ခန့်၊ ဖြုတ်၊ လဲလှယ်၊ အစားထိုး စတာတွေကိုစောဒကတက်ခွင့်မရှိခိုင်းသည့်အတိုင်းကြေညာချက်ထုတ်ပြန်ပေးရသည့် စာရေးကြီးအဆင့်သို့ လျှောကျသွားသည်ကို ယခုပုဒ်မတွင် တွေ့ရပြန်ပါသည်။
အခန်း (၉) ရွေးကောက်ပွဲကျင်းပခြင်း။ပုဒ်မ (၃၄) ပုဒ်မခွဲ (ဂ)။ ရွေးကောက်ပွဲ ကျင်ပမည့်နေ့ရက်ကို ကြိုတင်၍ သတ်မှတ်ကြေညာရမည်။ ဘယ်လောက်ကြိုတင်စောပြီးကြေညာရမည်ဆိုသည့် ပြဋ္ဌာန်းချက် မပါပါ။ သူတို့ မီးစဉ်ကြည့်ကနိုင်အောင် တမင်ဟထားခြင်း ဖြစ်သည်ဟု ထင်ပါသည်။ ၂၀၁၀ နှစ်ဝက်ကျိုးသွားပြီ။ ယခုထိ ရွေးကောက်ပွဲရက်ကို မသတ်မှတ်နိုင်သေးပါ။ ရွေးကောက်ပွဲဝင်ဖို့ လျှောက်ထားသည့် နိုင်ငံရေးပါတီတချို့လည်း
ယခုထက်တိုင် ခွင့်ပြုချက်မရသေးဟုလည်း ကြားရပါသည်။ဒီနေရာမှာ ကော်မရှင် နှင့် နအဖ ဘယ်သူက ရွေးကောက်ပွဲကို ဦးစီးကျင်းပတာလဲ။ တော်တော် ကမောက်ကမဖြစ်နေပုံ ရပါသည်။ကော်မရှင်ကရွေးကောက်ပွဲကို ဦးစီးကျင်းပပြီး နိုင်ငံရေးပါတီများကို ကြီးကြပ်ဖို့ တာဝန်ရှိသည်ဟု (သဏ္ဌာန်အရ) ပုံဖော်ထားသော်လည်း၊ အာဏာသိမ်း နအဖစစ်အစိုးရက ကြားနေတာ မဟုတ်ပါ (အသွင်ကူးပြောင်းရေး ကြားဖြတ်အစိုးရလည်း မဟုတ်ပါ)။ စစ်ဗိုလ်တမတ်သားက အလိုအလျောက်အမတ်ဖြစ်မည်။လောလောလတ်လတ် ဘောင်းဘီချွတ် စစ်ဗိုလ်လူထွက်များက အာဏာလက်ရှိဘဝနဲ့ (ဝန်ကြီးချုပ်၊ဝန်ကြီးများဘဝနဲ့)ကြံ့ဖွံပါတီဖွဲပြီးရွေးကောက်ပွဲဝင်မည်ကျန်စစ်ခေါင်းဆောင်ထိပ်သီးများက"လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲမှဖြစ်စေ" ဆိုသော၂၀၀ဂ ဖွဲ့စည်းပုံဥပဒေ စာပိုဒ်အရ သမ္မတ ဒုသမ္မတ ဝန်ကြီး ဝန်ကြီးချုပ်များစသည် (အလိုအလျောက်နီးပါး) ဖြစ်မည်။ (သရော်တဲ့သဘောနဲ့ရေးတာမဟုတ်ဘဲ အရှိအတိုင်းပြောရလျှင်) လက်ရှိတပ်ချုပ်ကြီးဖြစ်သည့် ဗိုလ်ချုပ်မoးကြီးသန်းရွှေ ၂၀၁၀ အလွန်မှာ နားမှာလား၊ နိုင်ငံတော်သမ္မတကြီး တက်လုပ်မှာလား။ (ကမ္ဘာ့ဖလား ဘောလုံးပွဲထက် ပိုပြီးစိတ်ဝင်တစား လောင်းကြေးထပ်ဖို့ ကောင်းပါသည်)။ရွေးကောက်ပွဲရက် မကြေညာနိုင်သေးတာဟာစစ်အစိုးရမှာအကျပ်အတည်းရှိနေသေးကြောင်း၊ ကော်မရှင်အနေနဲ့ အထက်အမိန့်မရသေးကြောင်း၊ လွတ်လပ်မှုမရှိကြောင်း ပေါ်လွင်ပါသည်။
ပုဒ်မ (၄၁၊က)။ မဲဆန္ဒနယ်တနယ်တွင် ကိုယ်စားလှယ်လောင်း တဦးတည်းသာရှိလျှင် ထိုပုဂ္ဂိုလ်အား လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကြေညာရမည်။ လွှတ်တော်သုံးရပ်အတွက် ကိုယ်စားလှယ်ပေါင်း ၁၁၅၈ ကို အပြည့်အဝနေရာတိုင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် ပါတီမှာကြံ့ဖွံ့ နှင့် တစည သာ ရှိမည်ထင်ပါသည်။ တစည တောင် နေရာတိုင်း ဝင်ပြိုင်နိုင်မည် မပြိုင်နိုင်မည် မသေချာပါ။ ဝင်ပြိုင်မည့်ကိုယ်စားလှယ်လောင်း တယောက်အနေဖြင့် ပြိုင်ခကျပ်ငါးသိန်း ပေးရမည် ဖြစ်သည်။ နိုင်နိုင်ရှုံးရှုံး ၎င်းငွေ ပြန်မရတော့ပါ။ ရွေးကောက်ပွဲဝင်ရတာ ငွေထုပ်ပိုက်ပြီး လောင်းကစားရတာနှင့် တူနေသည်။ ဤသို့ မဖြစ်သင့်ပါ။ ယှဉ်ပြိုင်သူမရှိလည်း မဲပေးစေသင့်ပါသည်။တကောင်ထည်း ပြေးသူအတွက် သတ်မှတ်နှုန်းတခု ထားသင့်ပါသည်။ (နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်အနိုင်ကျင့်ပြီး ပြိုင်ဘက်မရှိအောင်ညစ်နိုင်ပါသည်)
မဲဆန္ဒရှင်အားလုံး၏ ၅၁ ရာခိုင်နှုန်း မပြည့်လျှင် (မဲမပေးလျှင်) ရွေးကောက်ပွဲ အထမမြောက်ဟုသာ သတ်မှတ်သင့်သည်။ (ပုဒ်မ ၅၀၊ က၊ ခ၊ ဂ)အရ သဘာဝဘေးအန္တရာယ် လုံခြုံရေးအခြေအနေတို့ကြောင့် ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိလျှင်၊ ၎င်းမဲဆန္ဒနယ် ရွေးကောက်ပွဲကိုရွှေ့ဆိုင်းနိုင်သည်။ သို့မဟုတ် လုံခြုံသည့် တနေရာသို့ ပြောင်းရွှေ့ကျင်းပလျှင် မဲဆန္ဒရှင်အားလုံး၏ ၅၁ ရာခိုင်နှုန်းက ဆန္ဒမဲပေးပြီးဖြစ်လျှင်
အထမြောက်သော ရွေးကောက်ပွဲအဖြစ် သတ်မှတ်နိုင်သည် (၅၁ ရာခိုင်နှုန်းမပြည့်လျှင် အထမမြောက်)ဆိုသည့်ပြဋ္ဌာန်းချက်နှင့် အညီသာဖြစ်သင့်ပါသည်။ပုဒ်မ (၅၃)။ ကော်မရှင်၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် (final & conclusive) ဖြစ်စေရမည်။ (ကော်မရှင်အား ဗီတိုအာဏာ အပ်နှင်းခြင်းဖြစ်သည်)
ပုဒ်မ(၅၄)။ ကော်မရှင်သည် လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သလိုဆောင်ရွက်နိုင်သည်။ (ကော်မရှင်အနေနှင့် စစ်အုပ်စုအလိုကျ ရွေးကောက်ပွဲရလဒ် ပေါ်ထွက်အောင် လိုအပ်သလို လိမ်ခွင့်ညစ်ခွင့် ဖန်ခွင့်ပေးထားခြင်း ဖြစ်သည်)
နိဂုံးချုပ်အနေနှင့် တင်ပြလိုသည်မှာ စစ်အစိုးရအနေဖြင့် နာဂစ်ဆန္ဒခံယူပွဲတုန်းက အာဏာပြပြီး ဘယ်နည်းဘယ်ပုံ ၂၀၀၈ ကို အဓမ္မအတည်ပြုခဲ့သလဲ ဆိုသည်ကို အားလုံးအသိ ဖြစ်ပါသည်။ ယခု ၂၀၁၀ ရွေးကောက်ပွဲဥပဒေများတွင် တရားမျှတသည့်အသွင် ပေါ်လွင်အောင်(အပြကောင်းအောင်) ဘယ်နည်းဘယ်ပုံကျင်းပမည် ဆိုသည့်အချက်များ ထည့်သွင်းရေးဆွဲထားသော်လည်း၊ သူတို့အလိုကျ ရလဒ်
မပေါ်ထွက်လျှင် ညစ်ပေလိမ့်ဦးမည်။ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ အကဲခတ်အဖွဲ့များ၏ ကမ်းလှမ်းမှုကိုလည်း ငြင်းပယ်ထားပေသည်။ (ယခုပင်လျှင် တချို့ပါတီများကိုတစ်ထားတာ၊ စည်းရုံးခွင့်ကို ကန့်သတ်တာ၊ ပုံနှိပ်ထုတ်ဝေခွင့်ကို စိစစ်တာ၊ မေဲ ပးခြင်းမပြုဘဲ နေနိုင်သောအခငွ့်အရေးကို ခြိမ်းခြောက်တာစသည်ဖြင့် မြင်တွေ့နေရပြီ ဖြစ်ပါသည်)။ စစ်အစိုးရခွင့်ပြုသည့် တရားဥပဒေဘောင် (တနည်းအားဖြင့် ဒီမိုကရေစီ အခွင့်အရေး) အတွင်းလိုက်လျောညီထွေ နေမည့်အစား၊ မိမိတို့၏ တရားတဲ့အခွင့်အရေးအတွက် တင်ပြတောင်းဆို တိုက်ပွဲဝင်သင့်ပေသည်။
 (ပြီး)


Friday, July 16, 2010

၆၃ကို တိုင်တည်ခြင်း။

၆၃ကို တိုင်တည်ခြင်း။

                               ဥသြဆွဲသံ မေလှမြိုင်လွမ်းချင်း တိတ်ဆိပ်ခြောက်ကပ်။
မကောင်းဆိုးဝါးခေတ်မှာ ---
အာဇာနည်ပုံရိပ်ပင် မမြင် ဦးညွှတ်ဂါရဝ မပြုရ။
ခံစားမှုစာမျက်နှာ ပြန်ဖတ် ---
အတိတ်ဟာ စိတ်နာစရာ မကြေနပ်ချက် အပြည့်။

ဒီအချိန် စစ်ကျွန်ဘဝ ရလိုသူများ -
သိက္ခာသုတ်သင်ပွဲ အိုးမဲအပြန်အလှန်လူး လုဝင်နေ။

မျိုးဆက်ပွင့်သစ် ---
အနာဂတ်တွေ လှပဖို့ 
အာရုံဖြစ်သမျှ ဘယ်တော့မှ မမေ့ မပြေ ရင်ဆိုင် ပုန်ကန်မြဲဟေ့ ။ ။


ဒေါင်းနီဝ၇ - ၁၆ - ၂ဝ၁ဝ

Wednesday, July 14, 2010

July(19)martyrs’ day& History

Azarni day or Martyr’s Day is held on 19th July annually in Burma/Myanmar.It is held to mark the assassination of its founding father and independence leader along with his cabinet on this day in 1947 This year marks the 63th anniversary of this martyrs’ day.
Assassinated cabinet members were General Aung San, Mai PunSaw-Bwar Gyi Sao San Tun, Mann Ba Khaing,Takhin Mya, U Razak, U Ba Win (Elder brother of Aung San), and Dedoke U Ba Cho, Ministry secretary U Ohn Maung and body guard of U Razak, Ye Baw Ko Twe also died at this incident.
                                              Martyrs' Day
Martyr's Day is a Burmese national holiday observed on July 19 to commemorate Gen. Aung San and six other independence leaders who were assassinated on that day in 1947. It is customary for high-ranking government officials to visit the Martyrs' Mausoleum in Yangon in the morning of that day to pay respects.
                                      History
On this day in 1947 at approximately 10:37am, Burma Standard Time, several of Burma's independence leaders were gunned down by a group of armed men in uniform while they were holding a cabinet meeting at what was known as 'The Secretariat' in downtown Yangon. The assassinations were planned by a rival political group, and the leader and alleged master-mind of that group Galon U Saw, together with the perpetrators, were tried and convicted by a special tribunal presided by U Kyaw Myint with two other Barristers-at-law, U Aung Thar Gyaw and U Si Bu. In a judgment given on December 30, 1947 the tribunal sentenced U Saw and a few others to death and the rest were given prison sentences. Appeals to the High Court of Burma by U Saw and his accomplices were rejected on March 8, 1948. In a judgment written by Supreme Court Justice U E Maung (1898-1977) on April 27, 1948 the Supreme Court (the highest court under the 1947 Constitution of the Union of Burma) refused leave to appeal against the original judgment. [All the judgments of the tribunal, the High Court and the Supreme Court were written in English. The judgment of the tribunal can be read in "A Trial in Burma" by Dr Maung Maung (Martinus Njhoff, 1963) and the judgment of the High Court and Supreme Court can be read in the 1948 Burma Law Reports.]
The President of Burma Sao Shwe Thaik refused to pardon or commute the sentences of most of those who were sentenced to death, and U Saw was hanged inside Rangoon's Insein jail on May 8, 1948. A number of perpetrators met the same fate. Others, who had played relatively minor roles and were sentenced to various terms of imprisonment, also spent several years in prison. The assassinated cabinet members were General Aung San, Thakin Mya, Dedoke U Ba Cho, Abdul Razak, U Ba Win (oldest brother of Aung San and father of the leader of the National League for Democracy government-in-exile Dr Sein Win), Mahn Ba Khaing and Saopha of Mong Pawng. Cabinet secretary U Ohn Maung and a bodyguard called Maung Htwe were also killed in the shooting. Many Burmese to this day believe that the British had a hand in the assassination plot one way or another; two British officers were also arrested at the time and one of them charged and convicted for supplying an agent of U Saw with arms and munitions enough to equip a small army, a large part of which was recovered from a lake next to U Saw's house in the immediate aftermath of the shooting.
Soon after the assassinations, Sir Hubert Rance, the British governor of Burma appointed Thakin Nu (later U Nu) to head an interim administration and when Burma became independent on January 4, 1948 Thakin Nu became the first Prime Minister of independent Burma. July 19 was designated a public holiday and to be known as Martyr's Day in Burma/Myanmar.
                                    My father
My father was a child of his times who grew into a man for all time.He combined a traditional upbringing with a British colonial education. Influenced by socialist ideas, he was a student revolutionary who plunged into the anti-imperialist movement which galvanized Asia before World War II. In all this he was no different from thousands of his contemporaries who dreamt of wresting independence for their nations from the mighty British Empire.
By the end of his life he had matured into an astute, thoughtful statesman with a strong abhorrence of fascism and a deeply rooted belief in democratic values. His vision encompassed an “internationalism of creative mutuality” which would bring “abiding peace, universal freedom and progress.” He foresaw that time and space would be conquered and that we would become a world of “immediate, not distant neighbors.” He envisaged a “new Asian order” to build Asian unity and co-operation, and win freedom, security, peace and progress for the world.
My father made it abundtly clear that the army was meant to serve the people, that it should abide by principles of justice and honor, and that unless it could win and keep the trust and respect of the people, its purpose would be vitiated. He never intended the army to meddle in government. A liberal and a democrat, he saw from the fascist Japanese army the dangers of military absolutism. When he decided to work for freedom after the war, the beloved, respected general transferred command to a capable Sandhurst-trained Karen officer.
One of my father’s best-known photographs shows him on Downing Street in a military greatcoat provided by Jawaharlal Nehru during a stopover in Delhi. Appalled by his young friend’s wardrobe, the elegant Indian leader mobilized a team of military tailors. Thus, my father had talks in London attired in warm flannel uniform suits, the smartest clothes he ever had.
In February 1947, my father signed the Panglong accord with the leaders of ethnic nationalities, who agreed to work with the Burmese for Independence.
But for my father the struggle remained unremitting. He had to grapple with the factionalism and envy in Burmese politics. On July 19, 1947, a jealous rival had him and six of his cabinet members gunned down. He was 32. During the last months of his life, he often spoke wistfully of the time he could leave his grinding duties and live quietly with his family. All good things were to come with Independence but it came six months too late for him.
My father’s greatest strengths were the largeness of his spirit and an immense capacity to learn from his experiences. He recognized his faults and worked to remedy them. His life is a lesson in revolutionary politics, the hardness and the heartbreak of it. At the same time, it is an inspiration which proves the simple truth that a good leader who serves honestly will be loved and cherished throughout the history of his nation.
(Quotes from Bogyoke Aung San’s biography written by Daw Suu)

Wednesday, July 7, 2010

ဇူလိုင်(၇)ရက် အရေးတော်ပုံစိတ်ဓါတ်ကိုအတုယူကြ။

ဇူလိုင်(၇)ရက် အရေးတော်ပုံစိတ်ဓါတ်ကိုအတုယူကြ။


စစ်အာဏာရှင်စနစ်၊ စစ်အုပ်စုကိုနည်းမျိုးစုံဖြင့်တိုက်ပွဲဝင်နေကြတဲ့-

ညီအစ်က်ုရဲဘော်အပေါင်းတို့----------

ပထမဦးစွာဇူလိုင်(၇)ရက်အရေးတော်ပုံမှာကျဆုံးသွားကြတဲ့ ကျုပ်တို့ရဲ့ နောင်တော်ကျောင်းသားရဲဘော်အပေါင်းကိုဦးညွှတ်ဂုဏ်ပြုလိုက်ကြပါစို့။

ကျုပ်တို့နောင်တော်ရဲဘော်ကြီးတွေဟာ သေခြင်းတရားနဲ့ကျည်ဆံတွေ ကြားကနေ မတွန့်မဆုတ်စတမ်း ကျုပ်တို့ရဲ့ နီမောင်ရဲကြွတဲ့ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံကိုလွှင့်တင်ခဲ့ကြတာဖြစ်တယ်။

ကျုပ်တို့ကျောင်းသားတွေရဲ့တိုက်ပွဲအားလုံးကိုပြန်ကြည့်။ကျောင်းသားဆိုတာအမှန်တရားရဲ့ ဘက်တော်သားတွေဖြစ်တယ်။
ကျောင်းသားဆိုတာဖိနှိပ်မှုကိုတော်လှန်သူများဖြစ်တယ်သလိုအမှန်တရားနဲ့တရားမျှတမှုကလွဲပြီးဘာကိုမှမတောင်းဆိုသူတွေဖြစ်တယ်။ကိုယ်ကျိုး စွန့်အနစ်နာခ့သူတွေဖြစ်တယ်။ယုံကြည်ချက်အတွက်အသက်စွန့်ရဲသူတွေ လည်းဖြစ်တယ်။
ရန်သူစစ်အုပ်စုဟာ ငြိမ်းချမ်းစွာပညာသင်ကြားနေတဲ့ကျောင်းသားထုကို စစ်တပ်အမိန့်ဆန်တဲ့ကျောင်းစည်းကမ်းတွေနဲ့ချုပ်နှောင်ဘို့ကြိုးစားခဲ့ကြ တယ်။ဒီလုပ်ရပ်ကိုကျောင်းသားထုကဆန့်ကျင်တော့သူပုန်တွေရဲ့ မြေ အောက်ဌာနချုပ်အဖြစ်စွပ်စွဲပြီးကျုပ်တို့ရဲ့သမဂ္ဂအဆောက်အဦကိုဗုံးခွဲ ဖျက်ဆီးခဲ့တယ်။
၁၉၆၂ခုကတည်းက ဖြစ်ခဲ့တဲ့ဒီသမိုင်းအရှိန်ဟာ အခု၂၀၁၀ခုနှစ်အထိ ဖြစ်ရှိနေဆဲဖြစ်တဲ့ မျိုးဆက်တိုင်းအပေါ်မှာသက်ရောက်မှုရှိနေတာကို ရဲဘော်တို့အသိဘဲဖြစ်တယ်။ကျုပ်တို့လက်ထဲကတိုက်ပွဲဝင်ခွပ်ဒေါင်း အလံဟာ ရန်သူစစ်အုပ်စုကို ကျုပ်တို့နောင်တော်အဆက်ဆက် ကျောင်းသားရဲဘော်ကြီးများက တဟုန်ထိုးအသေခံထိုးခွပ်ရင်း လက်ဆင့်ကမ်းခဲ့တဲ့တိုက်ပွဲဝင်အလံဆိုတာမမေ့စေချင်ဘူး။
ကျုပ်တို့ရဲ့သမိုင်းဝင်အဆောက်အဦကို ဗုံးခွဲဖျက်ဆီးနိုင်ခဲ့ပေမယ့်ကျုပ်တို့ရဲ့ သမဂ္ဂစိတ်ဓါတ်ကိုတော့သေအောင်မသတ်နိုင်ခဲ့ပေဘူး။ကမ္ဘာတည်သရွေ့ တော်လှန်ရှင်သန်နေမယ့်မွန်မြတ်တဲ့စိတ်ဓါတ်ဖြစ်တယ်။အဲဒါဟာဆဲဗင်းဂျူလိုင်စိတ်ဓါတ်ဖြစ်တယ်။

ရန်သူစစ်အုပ်စုဟာနက်နက်ရှိုင်းရှိုင်းကောက်ကျစ်ယုတ်မာလာလေ သူ့အတွက်သေတွင်းနက်လာလေပါပဲ။ဒီကနေ့အခြေအနေကိုလေ့လာ ကြည့်။ရန်သူစစ်အုပ်စုဟာဆောက်တည်ရာမရတော့ဘဲအမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်နဲ့ဒေါ်အောင်ဆန်းစုကိုအရူးအမူးအသေအကြေတိုက်ခိုက်နေတာတွေ့ရမယ်။ထောင်ထဲကနှစ်ကြီးရာဇ၀တ်အကျဉ်းသားလူမိုက်တွေကို ခေါ်ပြီးဒေါ်အောင်ဆန်းစုကြည်နဲ့ခေါင်းဆောင်တွေ၊အဖွဲ့ချုပ်စည်းရုံးရေးမူး တွေကိုအသေရိုက်သတ်ခိုင်တဲ့လုပ်ရပ်ဟာကောက်ကျစ်စဉ်းလဲမှုမှာ ကမ်းကုန်နေပါပြီ။

ကျောင်းသာခေါင်းဆောင်ဟောင်း၊တပ်မတော်ကိုစတင်တည်ထောင်သူ၊လွတ်လပ်ရေးဗိသုကာဗိုလ်ချုပ်အောင်ဆန်းကိုဂဠုန်ဦးစောနဲ့အပေါင်းအပါတွေကလုပ်ကြံခဲ့ကြတယ်။မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ နိုဘယ်ငြိမ်းချမ်း ရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်ကိုနအဖဗိုလ်သန်းရွှေတို့လူစုကလုပ်ကြံ သတ်ဖြတ်ဘို့ကြိုးစားခဲ့ကြတယ်။(မေ-၃၀အာဇာနည်တို့ရဲ့သွေးသမိုင်းဟာ မော်ကွန်းတင်ပြီးဖြစ်တယ်)။

၂၀၀၈-ခုနှစ်၊စက်တင်ဘာမှာလူထုကိုးကွယ်ယုံကြည်ရတဲ့ဗုဒ္ဒဘာသာ ရဟန်းတော်တွေကိုအသေရိုက်သတ်ကြတယ်။ဘုရားဌာပနာတွေကို လုယူသွားကြတယ်။သံဃာတော်တွေကိုသင်္ကန်းချွတ်လူဝတ်လဲစေပြီး ထောင်သွင်းအကျဉ်းချတယ်။(၂၀၀၈ခုနှစ်သံဃာ့အာဇာနည်တို့ရဲ့သမိုင်း မော်ကွန်းတင်ပြီးဖြစ်တယ်။)

ဒီအခြေအနေတွေအောက်မှာ-ကျုပ်တို့တွက်ချက်စဉ်းစားမှုမှန်သမျှဟာ ပိုမိုစေ့စပ်ဘို့လိုပါတယ်။စိတ်အားထက်သန်မှုနဲ့ဇွဲနဘဲရှိရှိဒီကနေ့အခြေအ နေကိုလက်တွေ့ကျကျအကဲဖြတ်ဘို့ရဲဘော်တို့ကိုတောင်းဆိုပါတယ်။စိတ် ရှည်ပါ၊သည်းခံပါ၊ရေရှည်အမြင်ရှိပါ၊တိုက်ပွဲဝင်ခွပ်ဒေါင်းအလံကိုမမှိတ်မ သုန်ဆုတ်ကိုင်ပါ။တိုက်ပွဲဝင်စိတ်ဓါကိုမွေးမြူပါ။တော်လှန်တရပ်အောင်မြင်ဘို့ဆိုတာအခြေအနေပေါင်းစုံဘို့လိုအပ်ပါတယ်။-စေ့စပ်ဆွေးနွေးအဖြေရှာ ရေး မျှော်လင့်ချက်တွေအားပျော့မှေးမှိန်လာတဲ့အခြေအနေအောက်မှာ ကျုပ်တို့အဆင်းအရဲ၊အငတ်အပြတ်ခံကိုင်ဆွဲလာတဲ့အတွေးအခေါ်ဟာ မှန်ကန်ကြောင်းပိုမိုထင်ရှားလာတယ်။

ရန်သူစစ်အုပ်စုဟာသူ့ရဲ့ထွက်ပေါက်ကိုဖွဲ့စည်းပုံအတုနဲ့စစ်အာဏာရှင် စစ်အာဏာရှင်သက်ဆိုးရှည်ဘို့ကျားကုတ်ကျားခဲလူမြင်မကောင်းအောင် သိက္ခာမဲ့စွာကြိုးပမ်းနေတာရဲဘော်တို့အသိပဲဖြစ်တယ်။

ကျုပ်တို့အနေနဲ့---

လူသတ်ဂိုဏ်းစစ်အုပ်စုကိုတခုတည်းအင်အားကြီးတဲ့ထုထည်နဲ့တိုက်ပွဲဝင်ရေးလမ်းစဉ်ဖြစ်တယ်။ကျုပ်တို့ရဲ့ဦးတည်ချက်တွေကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်လူသတ်ဂိုဏ်းစစ်အုပ်စုကိုတခုတည်းသော-မဟာဗျူဟာနဲ့အနိုင်တိုက်ရမယ်။

ကျုပ်တို့ဟာ-နယ်ချဲ့ဆန့်ကျင်ရေး၊ဖက်ဆစ်ဆန့်ကျင်ရေး၊အမျိုးသားလွတ်မြောက်ရေး၊ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးအတွက်ခေတ်အဆက်ဆက်အသက်ပေးတိုက်ပွဲဝင်ခဲ့ကြတဲ့ နောင်တော်ကျောင်းသားရဲဘော်ကြီးများရဲ့တိုက်ပွဲဝင်စိတ်ဓါတ်ကို ဦးလည်မသုံဆက်ခံထမ်းရွက်ကြရမယ်။သူတို့လက်ဆင့်ကမ်းပေးအပ်ခဲ့တဲ့ တိုက်ပွဲဝင်ခွပ်ဒေါင်း အလဲကိုမယိမ်းမယိုင်ဆက်လက်ကိုင်ဆွဲတိုက်ပွဲဝင်ကြ ရမယ်။ကျယ်ပြန့်ကြီးမားတဲ့အဖိနှိပ်ခံမြန်မာလူထုကြီးဟာ ကျုပ်တို့ရဲ့တိုက်ပွဲ ၀င်အင်အားတွေဖြစ်တယ်။

ရဲဘော်တို့------

၇-ရက်၊ ၇-လ၊၆၂ကို ဘယ်တော့မှမမေ့ကြနဲ့။

ဆဲဗင်းဂျူလိုင်ကျောင်းသားတွေရဲ့အရိုးတွန်လိမ့်မယ်။

မေ-၃၀လူသတ်ပွဲကအာဇာနည်တို့ရဲ့အရိုးတွန်လိမ့်မယ်။

စက်တင်ဘာသံဃာ့အာဇာနည်တို့အရိုးတွန်လိမ့်မယ်။

ရန်သူစစ်အုပ်စုရဲ့အတုအယောင်ဖွဲ့စည်းပုံနဲ့အတုအယောင်ရွေးကောက်ပွဲကိုခြွင်းချက်မရှိဆန့်ကျင်ကြ။


ဆဲဗင်းဂျူလိုင်-အရေးတော်ပုံစိတ်ဓါတ်အဓွန့်ရှည်ပါစေ။


အရေးတော်ပုံအောင်ရမည်။



တိုက်ပွဲဝင်ရဲဘော်များ။

Saturday, July 3, 2010

သမဂ္ဂအိပ်မက်ကျိန်စာ

သမဂ္ဂ အိပ်မက်ကျိန်စာ

ဆူညံပေါက်ကွဲ ညီးတွား ကျိန်းဝါးသံ လျှံတဲ့နေ့လည်အာဂအိပ်မက်
ဝါဝါရွှေသွေး ဂုဏ်သိက္ခာ ကြီးမြတ်တင့်တယ်မှု အခါသမယ
စိမ်းရွက်ပျိုတွေ လေရိုင်းခလို့ တဝုန်းဝုန်းကြွေ
နီနီရဲရဲ ဖူးသစ်တွေက ပြန်အာခံရင်း တဝေဝေ မွှေးပွင့်
အိုးဝေတေးသံ မိုးလုံးလျှံ၍ နောင်တော်အပေါင်း နိုးထကြ။

ပြိုကျကာလကြာရှည်  နာကျည်းမှုဝေဒနာတွေ
စုစည်းရင့်လာ မာသထက် ကျစ်လစ်ခိုင်တင်း
လင်းလက် စူးရှ အချုပ်အမှောင် ထွင်းဖေါက်ကြ။

ဒီမှာ--
စစ်ဖိနပ် တစ်ချက်ပေါက်တိုင်း
ပြည်သူ့ ရင်ပြင် မီးဟုန်းဟုန်းထတောက်
လူထု ကျောင်းသား ထောင် သေခြင်းတရား မှောက်လှန်နေ။

အတိတ် ဗားကရာချောက် ရင်ခွင်မှ
ဒီနေ့  ကမ္ဘာ့ရိုးမကျောထက်ထိ
ဒဏ်ရာ အမာရွတ်ဗလပွအရေပြား အလံလုပ်
အရိုးတံပိုးတွန်သံ ဆက်ခါမှုတ်
ရာဇဝင်သွေးစာရင်းကျိန်စာ သံပြိုင်သီကြူးကြ။

ဒီကာလ---
အမြင်အကြား ရင်စကားများ သံန္ဓွေတည်စပင် ထိန်းချုပ် ပိတ်လှန့်ခံရ
ဝင်သက် ထွက်သက်တိုင်း နာကျင်မှုလှိုင်း တနင့်နင့်တိုး
ယုံကြည်မှု ဝိညာဉ်တွေနဲ့  ချီတက်မှုအဆုံး ရဲရင့်အောင်မြင်ခြင်းများ
သောင်တင်နေတဲ့ ဖြစ်သင့်တာတွေတွန်းကန်မျှောချ
က ဒေါင်းအိပ်မက်တွေ မျှော်လင့်တမ်းတမှုအပြည့် နဲ့ 
အမေ့အိမ်ဂေဟာ တံခါးဝ သပြေညိုတွေနဲ့ ဝေနေစေ။

ဒီ ဝသုန်မြေလွှာ---
အိမ်တိုင်း မေတ္တာရှင်အမေရှိတယ်
အမေတိုင်း အမှန်တရားချစ်တဲ့ ကျောင်းသားရှိတယ။်
ကျောင်းသားတိုင်းမှာ ရဲရင့်ဖြူစင်တဲ့ အတွေးအခေါ်ရှိတယ်။
အတွေးအခေါ်တိုင်းမှာ ဦးညွတ်စံထားတဲ့ သမဂ္ဂရှိတယ်။
သမဂ္ဂတိုင်းမှာ တောက်ပတဲ့ သွေးမှော်ကွန်းရှိတယ်။
စီးဆင်းသွေးရဲ့ဂုဏ်ရောင်ပြောင်မှုအလီလီကို
ဖြန့် ခင်းချယ်သရင် ကမ္ဘာကုန်ကျယ်သရွေ့  နီမြန်းခနေမယ်။

ဒီ ကျောင်းသားသမိုင်းမှာ---
အာဇာနည်သူရဲကောင်းများ သွန်းလောင်းမွေးဖွား
သခင်စိတ်နဲ့  ယူနီဗာစီတီသပိတ်
အောင်ကျော်၊ ရာကျော်၊ ရာပြည့် အရိပ်
အဓမ္မ လုပ်ကြံခံရတဲ့ သမဂ္ဂ
ဦးသန့် ဈာပန
ရှစ်လေးလုံးကာလ
ကိုးဆယ့်ခြောက် ညနေ
စစ်မိစ္ဆှာနဲ့ ကျောင်းသားသူပုန် ရင်ဆိုင်အလံလု
အဓိပတိနဲ့  ဘွဲ့ နှင်းသဘင် အပူမီးခ မျက်ရည်ကျ
ကံ့ကော်နဲ့ ရေတမာ သောက ဒေါသ ပွင့်ဝေကြ။

သထုံနဲ့ သဟာယ ရာဇဝင်ကြွေးပြန်တူးဆွ
ပြာပုံထဲက အငြိုးမာန သက်ဝင်ရုန်းထ
ခွပ်ဒေါင်းမှန်သမျှ တက်လက်ညီစွာ
စစ်အရေခွံတွေ ခွပ် ခွာ ချွတ် ချေ စီရင်ချက်ချကြ။

ဒီ သစ္စာခရီးကြမ်းရှည်လမ်းထဲ---
တချို့  မြို့ ကန္တာရထဲ နှစ်မြုပ်ပျောက်ကွယ်
တချို့ စုံမြိုင်ဂနိုင်ရိုင်းထဲ ကြွေလွင့်ကျိုးကျေ
တချို့ အလင်းမဲ့နံရံထဲ ပိတ်လှောင်ပျက်စီး
တချို့ လေလွင့် လွင်ပြင်ထဲ ဝေးကွာစီးမျှော
တချို့ ဘဝအာရုဏ် အာဃာတနဲ့ မျက်နှာသစ် တောက်ခေါက်
တချို့ရင်ခုန်သံ ကောက်သင်းကောက် တွဲသီကာ
ကာလရာသီ တရံမလပ် သင်ပုန်းမကြေ မပြေမောဟ
နံရံထက်က သွေးနဲ့ ရေးတဲ့ မမေ့ကြေး ချီမ တစ်သားတည်းကပ်
မရပ်မနား ဥဒါန်းမကြေ သမဂ္ဂတေးနဲ့  ကမ်းဆင့် လှမ်းတက်လာနေကြ။ ။

ဒေါင်းနီ
ဝ၇-ဝ၃-၂ဝ၁ဝ

ဆဲဗင်းဂျူလိုင် အမှတ်တရ တမ်းတမှု

မှတ်ချက် ။  ။ ရာသီစာ ကြွေးကြော်သံရေးဖွဲ့ မှုမဟုတ်၊
               သဲတပွင့်မျှ ပေးဆပ် အလုပ်ကျွေးပြုခြင်းဖြစ်သည်၊

ဆဲဗင်းဂျူလိုင်။သမဂ္ဂစိတ်ဓါတ်ကို အလေးပြု၊ ဦးညွတ်ကြလော့။