Friday, August 6, 2010

ထာဝရ ရှစ်ဆယ့်ရှစ်။

ထာဝရ ရှစ်ဆယ့်ရှစ်



အဓိပတိ ရှစ်ဆယ့်ရှစ်ရေ ---

သင်ဟာ -
ရာဇဝင်သက္ကရာဇ်မှာ တစ်ကြိမ်သာ လင်းလက်ပွင့်ဝေ
ရဲရင့် စွန့် လွှတ်ခြင်းတွေ ထာဝရ မွှေးပျံ့ နေ။

သင်ဟာ -
ဖိနှိပ်အုပ်စိုးသူတွေ ဦးခေါင်းကို နင်းချေဖြိုချ
စံပြသူရဲကောင်း အာဇာနည်ပေါင်းများစွာ မွေးခဲ့။

သင်ဟာ -
နေ့ တဓူဝ တစ်ရံမလပ် နိုးဆွ သွန်းလောင်း
ငါတို့ ရဲ့  -
သင်းကွဲအာရုံအပေါင်းကို စီးနင်းဒုန်းစိုင်း
ပုန်ကန်တော်လှန်ခြင်း မျိုးစေ့ ဝေစိုက်ခဲ့။

သင့်ရဲ့  အမည်နာမတော်ဟာ -
ခဏ အသက်တာမှာ အပုတ်နံ့ ဟောင်ထနေတဲ့
ပဉ္စမံနဲ့  ဒေါက်တိုင်တွေကို သွက်သွက်ခါ ကိုင်လှုပ်
ဆွေစဉ်မျိုးဆက် အိပ်မက်ဆိုးတွေနဲ့  သွေးပျက်စေခဲ့။

သင့်ကို -
ခုတုံးလုပ် အမြတ်ထုတ်တဲ့ လောက်ကောင်တွေကို
နေရာအနှံ့  တရားစီရင် တစ်လွှာခြင်း ခွာချ အရေဆုတ်
လမ်းပေါ်ပြခင်း ပြည်သူအပေါင်း နင်းချေ ကခုန်ကြစေ။

အိုဘယ့် ရှစ်ဆယ့်ရှစ် -
သင့်ရဲ့  ခန္ဓြွာတွင်းက တသွင်သွင် စီးဆင်းလျှံကျ
ကြုံးဝါး တောက်ခေါက်သံတွေ ဟီးထလှိုင်ကြွ
မြို့ ပြ ကျေးလက် မကျန် စုစည်း ရှင်ပြန်ထစေခဲ့။

သင်ဟာ -
အဖိနှိပ်ခံတို့ ရဲ့ ဂန္တဝင် ရဲဘော်ကောင်းကြီး
မျိုးဆက်သစ် လျောင်းလျာတို့ ရဲ့  လမ်းပြသခင်
မကျွတ်မလွတ်ကြယ်တွေရဲ့ အလင်းရှင်ဖြစ်ခဲ့။

သင်ဟာ -
အာဃာတဖြေ စစ်ကျွန်ခံတေး လုံးဝမသီ
အတွေးအခေါ် အညံခံ လုပ်ဟန်ဖောက်ပြန်တာမရှိ
ကိုယ့်ရဲဘော်ကို ထိုးကြွေး ချန် ပြေးတာ မရှိ
ရင်ကိုဖွင့်ကာ ကျောကိုလမ်းခင်း တံတားထိုး
လက်ညိုးမိုးပေါက် မျက်လုံးမီး ဒေါက်ထောင့်ဒဏ်
အပေါ်အောက် ရပ်ရှစ်မျက်နှာ မဲ့ရွဲ ခနဲ့ ရိ့ သံကြံကြံခံ
မြေကိုလှန် ရေကိုဆန် အာကာယံ ထိုးဖောက်တက်ခဲ့။

၂၂တဲ့လား
ဝိညာဉ်တော်အပေါင်းရေ-
အသစ်တွေတိုး အဟောင်းထဲက
အကောင်းတွေ ရွေးစီစစ်
တရစ်ရစ်နဲ့  တဖြစ်ဖြစ်
တငွေ့ ငွေ့ ကျွမ်းလောင် ဆင့်ကာပေါက်ကွဲ
နင်းပြားတွေ ရင်ထဲက တားမရတဲ့
ဆန္ဒသောက မီးတောင်ရှင်တွေ။

၂၂ နှစ်ရောက်ပြန်ပြီ
ကိုဖုန်းမော်ရေ-
အပြန်လမ်း ထမ်းပိုးသယ်လာတဲ့
နှောင်ကြိုးမဲ့ တိုက်ငှက်ကောင်းတွေ
နုပျိုလှပမှုတွေ ကျွတ်ကြွေလွင့်ထွက်
ရင့်ကျက် တည်ငြိမ်မှုတွေ ဖွံ့ ဖြိုးတိုးဆက်
ဇာတ်သိမ်းခန်း ပီတိပန်းတွေ လင်းလက်စေ။

နှစ်ဆယ့်နှစ်တဲ့ -
မဝင်းမော်ဦးရေ ---
ရင်တွင်းဒိုင်ယာရီ တစ်မျက်နှာခြင်းဖတ်ဖြေ
မကြေ မပြေ မရှုံး အလံမလဲ သေးဘူး။
၈၈ရေ-
သင်ဟာ -
ဒဏ်ရာဗလပွဝတ်ရုံနဲ့  ရှင်သန်ခြင်းအလံကိုင်
သိက္ခာတော်ရ အောင်ခြင်းမင်္ဂလာ နံနက်ခင်း
သစ္စာလက်တွေကို ဖေးမ တွဲကိုင်ချီတက်
ရန် ငါ ရိတ်သိမ်းပွဲတော် ကျင်းပ ရမှာကို
တိုင်းပြည်ဆန္ဒတည်သရွေ့  စွဲမြဲယုံကြည်ထားတယ်။



ဒေါင်းနီ

ဝ၈-ဝ၁-၂ဝ၁ဝ ခုနှစ်





No comments: