Thursday, August 26, 2010

ကြံ့ဖွတ်ပါတီလာချေပြီ။

                               ကြွံဖွတ်ပါတီလာချေပြီ(- ၈ - ၂၀၁၀)


ဥပဒေတွေနဲ့ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေကို လက်ပြန်ကြိုးချည်ပြီးပြီ။ ပါးစပ်ကို ပိတ်ပြီးပြီ။ နိုင်ငံရေး မလုပ်တော့ပါဘူးဆိုသူတွေကလည်း 'အာဏာရပါတီ' အတွက် အမျိုးမျိုး ရှေ့နေလိုက်ပေးပြီးကြပြီ။ နိုင်ငံရေးက ရာသက်ပန် နားပါပြီဆိုတဲ့ ဗိုလ်အောင်ကြီးကတောင် "ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လွယ်လွယ်နဲ့ ပြင်တာဖြည့်တာ လုပ်မရဘူး" တဲ့။ (လွယ်လွယ်နဲ့ ဖျက်လို့တော့ ရတယ်။ '၁၉၄၇အခြေခံဥပဒေ' ကို သူနဲ့ဗိုလ်နေဝင်းတို့ ဖျက်ခဲ့တာပ။ဲ ) 'လက်ရှိတပ်မတော်န့ဲ အပြန်အလှန်ယုံကြည်အားပေးနိုင်တဲ့ ပါတီကပဲ အာဏာရစေရမယ'်တဲ့။ (ကြံ့/ဖွံ့ ပါတီ နိုင်စေရမယ်လို့ပဲ ခပ်ရှင်းရှင်းပြောလိုက်ပါတော့။)'နိုင်ရမယ် ကြုံးဝါးသံနဲ့ ထွက်လာတဲ့ ကြံ့/ဖွံ့ ပါတီ။ဆွေငြိမ်းတို့လို 'ရှုံးရင်လည်း နိုင်ရမယ်' လို့တောင် မပြောဘူး။ 'နိုင်ရမယ်' လို့ပဲပြောပြီး ကြံ့/ဖွံ့ ပါတီက ရွေးကောက်ပွဲဝင်တော့မယ်။'ဆင်နဲ့ဆိတ်ပြိုင်ပွဲ' မှာ ဘယ်သူနိုင်မလဲဆိုတာ တွက်နေစရာမလိုတော့ဘူး။ ကြံ့/ဖွံ့ ပဲ နိုင်မှာပါ။ ယှဉ်ပြိုင်သူ မရှိတဲ့နေရာ တော်တော်များများမှာသူတို့ပဲ နိုင်မှာပါ။ ဘာကြောင့်လဲ။ တခြားပါတီတွေက နောက်ဆုတ်နေကြပြီ။ 'တစည' ကတောင် အပြောလျှော့လာပြီ။ မတရားဘူးလို့ပြောပြီးလုံးလုံးနောက်ဆုတ်တဲ့ ပါတီလည်း ရှိလာမယ်။ အဲဒီလိုလုပ်တာ မှန်တယ်။ ငွေ (၅) သိန်း ဘာကြောင့်အဆုံးခံကြမလဲ။ တခြားရွေးကောက်ပွဲစရိတ်ကလည်း ရှိသေးတယ်။ရပ်တည်မ@ှု ပျက်သူတို့ရဲ့အသံ။NDF ခေါင်းဆောင်တယောက်ကတော့ 'နိုင်ရမယ်' ကြုံးဝါးသံနဲ့ ထွက်လာတဲ့ ကြံ့/ဖွံ့ ကို ဘာမှမပြောဘူး။ NLD က ရွေးကောက်ပွဲသပိတ်မှောက်ရေးလုပ်တာကိုပဲ အပြစ်ပြောတာ ကြားလိုက်ရတယ်။ဒါဟာ ရပ်တည်ချက်ပျက်သူတေရွ့ဲ စဉ်းစားနည်း၊ ပြောနည်း၊ လုပ်နည်းပ။ဲ ရပ်တည်ချက် ပျက်ပြဆီိုရင် ဒီလိုပဲဖြစ်လေ့  ရှိပါတယ်။အလံနီဂိုဏ်းကိုကြည့်။ ဗကပ ထဲ ခဏတဖြုတ် ဖြတ်လျှောက်ဖူးသူတွေကိုလည်းကြည့်။ တဖက်က တင်းနေရင် ကိုယ့်အတွင်းမှာပဲ တရားခံရှာကြတာပဲ။ လက်နက်ချကြတာပဲ။လုပ်စရာတွေ များတယ်။'ရွေးကောက်ပွဲလွန်' ကာလမှာ လုပ်စရာတွေ များပါတယ်။ ရပ်တည်မ@ှုပြHနာမှာတော့ ရွေးစရာက (၂) ခုပဲ ရှိတယ်။ အာဏာပိုင်လုပ်သမျှ ငုံ့ခံမလား၊ ခုခံတွန်းလှန်မလား။ ဒီ (၂) ခု ရွေးစရာ ရှိတယ်။နည်းနာဆိုင်ရာပြHနာမှာတော့ ရွေးစရာတွေက အများကြီးပဲ။ ကိုယ့်အနေအထားအရ ကိုယ်ဘာလုပ်နိုင်မလဲဆိုတာကိုရွေးကြရမှာပါ။ NLD လုပ်နိုင်တာကို ဗကပ မလုပ်နိုင်ပါဘူး။ ဗကပ လုပ်နိုင်တာကိုလည်း NLD မလုပ်နိုင်ပါဘူး။ တခြားပါတီတွေ၊ အင်အားစုတွေလုပ်နိုင်တာလည်း NLD ရော၊ ဗကပ ပါ မလုပ်နိုင်ပါဘူး။ ကိုယ်သန်ရာသန်ရာကိုပဲ ရွေးပြီးလုပ်ကြရမှာပဲ။ ဦးတည်ချက်မှန်နေသမျှတော့ဘာပဲလုပ်လုပ် မှန်တာချည်းပါ။အခြေအနေကောင်းတယ်။ဗိုလ်နေဝင်းတို့က 'ဆန္ဒခံယူပွဲ' လုပ်ပြီး ချက်ချင်းပဲ ရွေးကောက်ပွဲလုပ်ဝံ့တယ်။ ဘာကြောင့်လဲဆိုတော့ တကောင်တည်း ပြိုင်တဲ့မြင်း။သူပဲနိုင်မှာ သေချာလို့ပဲ။ဗိုလ်သန်းရွှေတို့ကတော့ 'ပါတီစုံ' တို့၊ 'ဒီမိုကရေစီ' တို့ ပြောနေရတယ်။ ဒါကြောင့် 'ဆန္ဒခံယူပွဲ' နဲ့ 'ရွေးကောက်ပွဲ' ကို နှစ်တွေအကြာကြီးခြားပြီး လုပ်ရတယ်။ ဆန္ဒခံယူပွဲမှာ နေဝင်းရော၊ သန်းရွှေပါ (၉၀%) ကျော် ထောက်ခံမ@ှုရအောင် လုပ်ခဲ့နိုင်ကြတာပဲ။ ဒါပေမဲ့အခြေအနေချင်းက မတူဘူး။အခြေအနေချင်း မတူတာတွေ။နိုင်ငံတကာ့အခြေအနေ မတူဘူး။ ပြည်တွင်းအခြေအနေ မတူဘူး။ သန်းရွှေ ရင်ဆိုင်နေရတဲ့ အခြေအနေက နေဝင်းတုန်းကနဲ့လုံးဝမတူဘူး။ နိုင်ငံတကာက ဗမာပြည်နိုင်ငံရေးကို မျက်စိဒေါက်ထောက်ပြီး ကြည့်နေကြတာ။ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကလည်း ရှိနေတယ်။ 'ပါဝါအမာ' နဲ့ 'ပါဝါအပျော့' ရဲ့ လွန်ဆွဲပွဲကလည်း ရှိနေတယ်။ပြည်တွင်းအခြေအနေက ပိုပြီးမတူဘူး။ နေဝင်းရဲ့ '၁၉၇၄ အခြေခံဥပဒေ' ကို နယ်စပ်ရောက်နေတဲ့ ဗကပ တခုတည်းကပဲဖွင့်ချဝေဖန်တာ ရှိတယ်။ တခြား ဘယ်သူကမှ အရေးမလုပ်ဘူး။ 'ဆိုရှယ်လစ်စီးပွားရေး' ဆိုတာန့ဲ 'မှောင်ခိုစီးပွားရေး' က ပြိုင်တူတည်ရှိနေတယ်။ 'မှောင်ခိုစီးပွားရေး' ကတောင် အထက်စီးရနေချိန်ပဲ။နိုင်ငံရေးအခြေအနေကျတော့ ပိုတောင်ဆိုးတယ်။ ဗကပ ပျက်တွေနဲ့ ပမညတ တွေက မဆလ 'အခြေခံဥပဒေ' ကို အလုပ်အကျွေးပြုနေကြတယ်။အနုပညာရှင်တွေဟူသမျှကလည်း နေဝင်းတို့ကို ထထကြွကြွပံ့ပိုးပေးနေကြတယ်။အခု သန်းရွှေတို့ကတော့ အဲဒီဟာတွေနဲ့ ဆန့်ကျင်ဘက်အခြေအနေကို ရင်ဆိုင်နေရတာ ဖြစ်တယ်။ စစ်းအစိုးရပိုင်သတင်းစာတွေမှာပြူးတူးပြဲတဲဖော်ပြနေတဲ့ ကြွေးကြော်သံ (ဆောင်ပုဒ်) တွေပဲကြည့်။ အဲဒါဟာ သူတို့တွေ့နေရတဲ့ အကျပ်အတည်းပဲ။လူထုဘယ်တော့မှ လက်ပန်းမကျဘူး။နိုင်ငံရေးသမားတွေပဲ လက်ပန်းကျတတ်တယ်။ လူထုက ဘယ်တော့မှ လက်ပန်းမကျဘူး။ အကောင်းဆုံးနဲ့ အနီးကပ်သာဓကကတော့ '၁၉၇၄ အလုပ်သမားလလှုပ်ရှားမှုပဲ။ 'အခြေခံဥပဒေ' အောင်ပွဲခံနေတဲ့ နေဝင်းတို့ကို ပထမဆုံးအန်တုလိုက်တာဟာ အလုပ်သမားလူတန်းစားပဲ။'၂၀၀၈ အခြေခံဥပဒေ' ကို ဗွေဆော်ဦးအန်တုမှာကလည်း အခြေခံလူတန်းစားတွေပဲ ဖြစ်မှာပါ။ အလုပ်သမားလား။ လယ်သမားလား။မြို့နေဆင်းရဲသားလား။ တခုခုပါပဲ။ဗကပ ဘာလုပ်မလဲ။အနိမ့်ဆုံးဘုံလုပ်ငန်းစဉ် (MCP) အဆိုပြုချက်မှာ တင်ပြပြီးပြီ။ အဲဒီအလုပ်ကိုပဲ ဇောက်ချလုပ်မှာပါ။ မသွေမဖည် ဇွဲနဲ့လုပ်ပါမယ်။www.cpburma.org

No comments: