Tuesday, August 17, 2010

နားလည်မှု။

နားလည်မှု-?


ခေတ်တခုက
ခေတ်တခုကို
ထမ်းတင်ထားတဲ့အချိန်။

အဲဒီခေတ်တခုထဲကလူတွေကို
နားလည်ပေးခဲ့ရတယ်။
တခရီးထဲမှာ
ဒီလိုမှမပေါင်းစည်းခဲ့ရင်
ဒီနားလည်ပေးမှုတွေ ဘယ်ရခဲ့မလဲ။

အသေအချာပြန်ကြည့်တော့
ရုပ်တွေသာရှိပြီး
နာမ်မရှိတဲ့ခန္ဒာကိုယ်
ဗိုက်တာမင်တွေလိုအပ်လှ။

ခေတ်တခုထဲမှာပဲ
-သော်လဲထဈေးကိုမတွေ့ ခဲ့
-မဲစရင်းမြို့ကိုမတွေ့ခဲ့
တောကောင်ကြီးဘ၀နဲ့ 
ခုဆို----
မှုတ်ဆိတ်တွေ၊
ပါးသိုင်းမွှေးတွေပေါက်
ငါတကယ်--
အသက်ကြီးသွားပါလား
ခေတ်တခုကိုနားလည်ပေးရင်နဲ့ ပေါ့။

ကျုပ်ရဲ့---
ရင်းနှီးမြုတ်နှံခဲ့ရ
နှိုင်းရတန်ဘိုးတွေကို
ခ၀ါချ
ခေတ်တခုထဲက
လူတစုကို
နားလည်ပေးဆပ်ခဲ့။

တနေ့နေ့
ကျုပ်အပေါ်
ပြန်လည်ပေးဆပ်ခဲ့မယ်ဆိုရင်ပေါ့။

မာဂ

No comments: