Thursday, August 26, 2010

ဆက်နွှယ်မှုတို့ ၏ပဠိပက္ခ။

ဆက်နွှယ်မှုတို့ ၏ပဠိပက္ခ

(၁)
လူဟာ ပြသာနာကောင်
အဲဒါမရှိပဲမနေတတ်တာ
လူ။
(၂)
အားပြိုင်မှုတွေနဲ့
တခုမဟုတ်ခုခုမှာ
ယှဉ်ပြိုင်နေတတ်သူတို့
လွဲမှားသည့်ကျင့်စဉ်တွေနဲ့
အသားကျနေသမျှ
ဒီကာလမှာ
အားနာစရာကောင်းလှတယ်။
(၃)
အကြမ်းဖက်တိုက်ခိုက်မှုကြောင့်
ပြိုကျပျက်စီးသွားသော
နယူးယောက်မြို့
ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦကြီးလို
ပြိုကျပျက်စီးနေကြတဲ့
လူတွေရဲ့စိတ်ထား
လွမ်းစရာတခုမှမတွေ့ ရ။
(၄)
ပန်းချီကားကြီးတချပ်ပါ
စိတ်ကူးဘို့ပဲပေးထားတာ
တကယ်မလုပ်ဘို့တော့
တားမြစ်လိုက်ပါရဲ့။
(၅)
ခင်ဗျားတို့ဆီမှာတော့
စိတ်ပိုင်း၊ရုပ်ပိုင်းဒုက္ခ
ကျုပ်တို့ဆီမှာတော့
ခွဲခွာဝေးကွာခြင်း
လူနေမှုအဆင့်အတန်းအတုတွေနဲ့
ဆိုင်သာဆိုင်သည်မပိုင်ရဆိုသလိုမျိုး။
(၆)
လှောင်အိမ်အကျယ်ကြီးထဲမှာ
ဘ၀တခုကို အရောင်းအ၀ယ်
ကတိတွေပြုထားရင်း
ခေတ်တခုကိုဆုံးရှုံးနေရသည်။


ထူးအံ့

No comments: